စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓာတ်ကျနေ သလား၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ

စိတ်ဓာတ်ကျနေ ချိန်မှာ သင့်အနေနဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်ကိစ္စရပ်တွေကို မလုပ်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ဆိုရင် ဝေလာဝေးပါပဲ။ ဒါပေမယ့် သုတေသီများဟာ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းအားဖြင့် စိတ်ကျခြင်းကို သက်သာစေနိုင်တယ်လို့ဆိုကြပါတယ်။ စိတ်ကျန်းမာရေး ပညာရှင်များကလည်း စိတ်ကျနေသူများကို တတ်နိုင်သလောက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းကြပါတယ်။ တကယ်တော့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာကိုပါ အထောက်အကူပြုပါတယ်။ စိတ်ဓာတ်ကျချိန်မှာ တုံ့ပြန်မှုကောင်းကောင်းမရှိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းအချို့ကို လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် လှုံ့ဆော်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နေရထိုင်ရတာ သက်သောင့်သက်သာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေ ဦးနှောက်မှ ထွက်ပေါ်စေတယ်လို့ သိရပါတယ်။ ဒါကြောင့် သင်လတ်တလောရင်ဆိုင်နေရတဲ့ သောကတွေ၊ စိုးရိမ်ပူပန်မှုတွေကနေ အာရုံပြောင်းစေပြီး မိမိကိုယ်ကိုယုံကြည်စိတ် ဖြစ်ပေါ်စေပါတယ်။ လေ့ကျင့်ခန်းနှင့် ဦးနှောက်ကြား ဆက်စပ်မှု မိမိလုပ်နေကြအလုပ်ကို စိတ်မပါလက်မပါဖြစ်ခြင်း၊ ဝမ်းနည်းခြင်း စတာတွေဟာ မကြာခဏ ကြုံရနိုင်တဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

ကိုယ့်ကိုယ်ကို အဆုံးစီရင်မိအောင် တွန်းအားအပေးနေဆုံးကိစ္စက ဘာလဲ

သာမန်အချိန်မှာ သာမန်လူတစ်ယောက်အနေနဲ့ တွေးကြည့်မယ်ဆိုရင် မိမိကိုယ်ကိုအဆုံးစီရင်ဖို့ ဆိုတာ အတော်လေးကို ဖြစ်နိုင်ခြေနည်းပါးတဲ့ကိစ္စတစ်ခုပါ။ ဒါပေမယ့် ပြင်းထန်တဲ့ စိတ်ဖိစီးမှု၊ ပတ်ဝန်းကျင်ဖိအားနဲ့ စိတ်အားငယ်မှုစတာတွေကို ခံစားနေရသူတစ်ယောက်အတွက်ဆိုရင်တော့ ဒီအချက်ဟာ ဖြစ်မလာနိုင်ဘူးလို့ ဆိုဖို့ခက်ခဲပါတယ်။ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုနဲ့ စိတ်ပင်ပန်းမှုဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားနေရသူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ပါတယ်။ ဒီလိုဖြစ်လာအောင်တွန်းအားပေးနေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိနေပြီးတော့ အဓိကအကျဆုံးတွန်းအားက စားဝတ်နေရေး ဒါမှမဟုတ် ငွေကြေးဥစ္စာနဲ့ဆက်နွယ်တဲ့ကိစ္စတွေ ဖြစ်တယ်လို့ လေ့လာချက်တွေက ဆိုထားကြတာပါ။ ဘာကြောင့် ငွေကြေးက လူကို သတ်သေချင်စိတ်ပေါက်စေတာလဲ နေ့စဉ်လူနေမှုဘဝမှာ စိတ်ဖိစီးမှုတွေ၊ လူမှုဘဝအခက်အခဲတွေ၊ မိသားစုအဆင်မပြေမှုတွေနဲ့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးပြဿနာတွေဟာ ကြုံတွေ့ရနေကြ လောကဓံတရားတွေဖြစ်ပါတယ်။ ဒီလိုရုံးကန်လှုပ်ရှားနေရတဲ့ဘဝထဲမှာ ပင်ပန်းဆင်းရဲမှုဒဏ်တွေ၊ နာမကျန်းမှု ဝေဒနာတွေနဲ့ ပြင်းထန်လှတဲ့ စိတ်ဖိစီးမှုတွေကို မတွန်းလှန်နိုင်ကြတော့တဲ့သူတွေဟာ ရှိနေတဲ့ လူ့ဘဝကို စွန့်ခွာပြီး ကိုယ်လွတ်ရုံးဖို့ ကြိုးစားကြလေ့ရှိပါတယ်။ WHO ရဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ဆိုရှယ်မီဒီယာကနေ detoxလုပ်ရအောင်

လတ်တလောမှာ လူတွေရဲ့ စိတ်က ထိလွယ်ရှလွယ်အနေအထားကို ရောက်နေပါပြီ။ အိမ်ထဲမှာ နေနေရတာလဲကြာပြီ၊ ဒီကပ်ကြီး ဘယ်တော့ပြီးမှာလဲ မသေချာ၊ အလုပ်သွားတဲ့သူတွေကလည်း ဘယ်တော့များ အကူးခံရမလဲဆိုပြီး ထိတ်တလန့်လန့်နဲ့ စိုးရိမ်နေကြရပါတယ်။ ထုတ်သာ မပြောတာ တစ်ယောက်ဆီမှာ တစ်မျိုးစီ စိတ်ဖိစီးမှုတွေနဲ့ရယ်ပါ။ ဒီကြားထဲမှာ ဒီပူပင်သောကတွေကို ပိုဆိုးအောင် လုပ်နေတာက ဆိုရှယ်မီဒီယာပါပဲ။ မြန်မာနိုင်ငံအနေနဲ့ဆိုရင် အဓိက သုံးကြတာတော့ ဖေ့ဘွတ်ပေါ့။ တစ်နေ့ တစ်နေ့ လုပ်စရာ ထူးထူးခြားခြားလည်း မရှိ၊ ပျင်းလည်း ပျင်းလာတဲ့အခါ ဒါကိုပဲ လက်က မချနိုင် သုံးမိလာပါတယ်။ ဒါရဲ့ နောက်ဆက်တွဲကတော့ . . . ဆိုရှယ်မီဒီယာတွေ အသုံးလွန်တဲ့အခါ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်တတ်လာတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်များများက အဆင်ပြေတာပဲ တင်ပါတယ်။ လက်တွေ့မှာ အဆင်မပြေတာကို သိပ်မတင်ကြပါဘူး။ ဘယ်လိုဆိုင်ကြီးမှာတော့ ဒီနေ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လောက ပျော်ရွှင်မှုကို ရှာပုံတော်ဖွင့်ရာဝယ်…

လောကမှာ ဘယ်သူမဆို ပျော်ပျော်ရွှင်ရွှင်နေလိုကြတယ်၊ အေးချမ်းချင်ကြတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ပျော်ရွှင်မှုဆိုတာ ကောက်ရိုးပုံမှာ အပ်ပျောက်ရှာနေသလိုပဲ၊ ရှာဖွေတွေ့ရှိနိုင်ဖို့ ခက်ခဲကြတယ်။ ကျွန်တော့်အနေနဲ့ ပြောလို့ရတာကတော့ လူတိုင်း ၂၄ နာရီ အချိန်ပြည့် ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး၊ ဒါဟာ အကြောင်းအကျိုး၊ အကောင်းအဆိုး အမြဲဒွန်တွဲနေတဲ့ လူ့သဘာဝပါပဲ။ ဒါပေမယ့် ကျွန်တော်တို့တွေရဲ့ တချို့သော တွေးခေါ်မှုပုံစံတွေ၊ ဘဝနေထိုင်မှုပုံစံတွေကို ပြောင်းလဲလိုက်မယ်ဆိုရင်တော့ အရင်ကထက် ပိုပြီး ပျော်ရွှင်လာနိုင်တယ်ဆိုတာ အာမခံလို့ ရပါတယ်။ ဘာတွေမှားယွင်းနေလဲ၊ ဘာတွေ ပြင်ဆင်ကြမလဲ။ ၁။ ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင် လုပ်ယူရတဲ့အရာပါ။ တချို့လူတွေက တခြားတစ်ယောက်က ကိုယ့်ကို ပျော်ရွှင်အောင်လုပ်ပေးမှ ပျော်နိုင်မယ်လို့ ထင်ထားကြတယ်။ တကယ်တော့ ပျော်ရွှင်မှုဆိုတာ ကိုယ့်ရဲ့ ရင်တွင်းကနေ လာတာပါ။ ကိုယ်သည်သာ ကိုယ့်ကို ပျော်ရွှင်အောင် ဖန်တီးပေးနိုင်တာပါ။ တခြားတစ်ယောက်ကြောင့် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေခြင်း။ ။ အတွင်းရော၊ အပြင်ပါ အစွမ်းကုန် လှပနေတဲ့ ဥယျာဉ်အဖြစ် ပျိုးထောင်ခြင်း

ကျွန်တော်တို့အားလုံးရဲ့ ခေါင်းထဲမှာ ခံစားချက်အမျိုးမျိုး၊ အတွေးအမျိုးမျိုး ရှိကြတာပါပဲ။ ပျော်ရွှင်မှုတွေ၊ နားလည်မှုတွေ၊ ကြောက်ရွံ့မှုတွေ၊ မျှော်လင့်ချက်တွေ၊ မလုံခြုံမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ နဲ့ ယူဆချက် အမျိုးမျိုးပေါ့လေ။ အဲဒါတွေကပဲ ကျွန်တော်တို့ကို တစ်မူထူးခြားအောင် လုပ်ပေးနေတာ မဟုတ်လား။ ဒါဖြင့် ဒီလို တွေးကြည့်ကြရအောင်။ ဒီ မတူညီတဲ့ အရာတွေအားလုံးကို ဥယျာဉ်ကြီးလို့ ဆိုကြပါစို့။ ဒီ ဥယျာဉ်ကြီးထဲမှာ လှပတဲ့ ပန်းလေးတွေ အစွမ်းကုန် ဖူးပွင့်ဝေဆာစေဖို့အတွက် မကောင်းတဲ့ အတွေး၊ စိတ်ဓာတ်ကျဆင်းခြင်းနဲ့ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေ စတဲ့ ပေါင်းပင်တွေကို ရှင်းထုတ်ပစ်ရမယ် မဟုတ်လား။ ဒါကပဲ ကျွန်တော်တို့ ရှင်သန်ဖြစ်တည်ရခြင်းပဲလေ… အစွမ်းကုန် လှပပျော်ရွှင်နေဖို့ အတွက်လုပ်ဆောင်နေရတာ မဟုတ်ဘူးလား။ ဒီလိုဖြစ်မလာခဲ့ရင်လည်း ကျွန်တော်တို့တွေ တစ်ယောက်ထဲ ဒီလိုဖြစ်နေတာတော့ မဟုတ်ပါဘူး။ များသောအားဖြင့် ကျွန်တော်တို့ဟာ စိတ်ပိုင်းဆိုင်ရာ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုဟာ သင့်ဥပဓိရုပ်ကို ဘယ်လိုထိခိုက်စေသလဲ

လူတိုင်းဟာ စိတ်ဖိစီးမှုကို နေ့စဉ်မှာ အနည်းနဲ့အများ ရင်ဆိုင်နေရပါတယ်။ သာမန်စိတ်ဖိစီးမှုများဟာ ပြီးပြီးပျောက်ပျောက်ဖြစ်သွားနိုင်ပေမယ့် အချိန်နဲ့အမျှ စိတ်ဖိစီးမှုကို ကြုံနေရရင်တော့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုများကြောင့် စိတ်ကျရောဂါဝင်လာနိုင်ပါတယ်။ ကိုယ်ခံစွမ်းအားကို ကျဆင်းစေခြင်း၊ နှလုံးရောဂါဖြစ်ခြင်း စတာတွေလည်း ကြုံနိုင်ပါတယ်။ စိတ်ဖိစီးမှုဟာ သင့်မျက်နှာကိုလည်း ထိခိုက်စေပါတယ်။ အသားအရေခြောက်ခြင်း၊ အရေးအကြောင်းများ အတွန့်အခေါက်များ ဝက်ခြံများ ပေါ်ထွက်လာခြင်း စတဲ့ပြဿနာတွေ ပေးပါတယ်။ အဓိကအားဖြင့် စိတ်ဖိစီးမှုဟာ ဟော်မုန်းများကို အပြောင်းအလဲဖြစ်စေပါတယ်။ အဆိုပါ အပြောင်းအလဲများကြောင့် သင့်မျက်နှာအသားအရေမှာ မလိုလားအပ်တဲ့ အရာတွေပေါ်လာပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှု ဖြစ်နေချိန်မှာ မိမိကိုယ်ကို ဂရုမစိုက်ဘဲ ပစ်ထားတတ်ကြပါတယ်။ ဒီအချက်ကြောင့်လည်း အသားအရေကို ထိခိုက်စေပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ စိတ်ဖိစီးခြင်းကြောင့် သင့်မျက်နှာပေါ်မှာ ဘယ်လိုထိခိုက်မှုတွေ ဖြစ်စေသလဲ ဆိုတာပါပဲ။ ဝက်ခြံ စိတ်ဖိစီးချိန်မှာ ကော်တီဆောဟော်မုန်း ပိုမိုထွက်ပါတယ်။ ကော်တီဆောကနေ ဟိုက်ပိုသဲလမတ်ဆိုတဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ကာလကြာရှည် စိတ်ဖိစီးခြင်းဟာ သင့်ကိုယ်ခန္ဓာအပေါ် ဘယ်လိုသက်ရောက်သလဲ

သင့်အနေနဲ့ အစည်းအဝေးတက်ဖို့ နောက်ကျနေခြင်း၊ အလုပ်တွေအချိန်မီ မပြီးနိုင်ခြင်း စတာမျိုးတွေ ကြုံလာရရင် သင့်ဦးနှောက်အောက်ခြေမှာရှိတဲ့ ဟိုက်ပိုသဲလမတ်ဆိုတဲ့ အစိတ်အပိုင်းဟာ ဟော်မုန်းတချို့ကို ထုတ်လုပ်ပေးလိုက်ပါတယ်။ အဆိုပါ ဟော်မုန်းများဟာ အန္တရာယ်တခုခုကို ကြုံကြိုက်ချိန်မှာ ရင်ဆိုင်မလား၊ ထွက်ပြေးမလားဆိုတဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးပါတယ်။ တစ်နည်းပြောရရင် သင့်ကို စိတ်ဖိစီးမှုဖြစ်စေခြင်းပါပဲ။ အဲဒီအချိန်မှာ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ကြွက်သားများကိုလည်း တစ်စုံတရာ တုံ့ပြန်နိုင်အောင် အသင့်အနေအထားပြင်ဆင်ထားပါတယ်။ တစ်နည်းအားဖြင့် စိတ်ဖိစီးမှုဆိုတာဟာ သင်မလိုလားတဲ့ အခြေအနေတစ်ခုခုကို တုံ့ပြန်နိုင်အောင် တွန်းအားပေးခြင်းပါပဲ။ ရေတိုကာလမှာ စိတ်ဖိစီးမှုဟာ သင့်အတွက် အကျိုးဖြစ်စေပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုကို ကာလရှည်ကြာ ကြုံတွေ့လာရမယ်ဆိုရင်တော့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ နာတာရှည်စိတ်ဖိစီးမှုကြောင့် - စိတ်မရှည်ခြင်း၊ သည်းမခံခြင်း - စိတ်ပူပန်သောကဖြစ်ခြင်း - စိတ်ဓာတ်ကျခြင်း - ခေါင်းကိုက်ခြင်း - ဇက်ကြောတက်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုကြောင့် ပိုမိုဆိုးရွားနိုင်သည့် ရောဂါဝေဒနာများ

စိတ်ဖိစီးမှုဆိုတာဟာ ထိတ်လန့်ပြီး စိတ်မသက်မသာဖြစ်ရမယ့် အခြေအနေတခုခုကို သင့်ကိုယ်ခန္ဓာကနေ တုံ့ပြန်ခြင်းတမျိုးပဲ ဖြစ်ပါတယ်။ ဥပမာ အလုပ်ပြုတ်မှာ စိုးရိမ်တဲ့ စိတ်ဖိစီးခြင်းကြောင့် သင့်အလုပ်ကို သေချာအာရုံစိုက်လုပ်မိပါလိမ့်မယ်။ မြွေကိုက်မှာစိုးရိမ်စိတ်ကြောင့် ဂရုတစိုက် ကြည့်ရှုသွားလာမိပါလိမ့်မယ်။ ဒါကြောင့် ယေဘုယျအားဖြင့် စိတ်ဖိစီးတဲ့အခြေအနေဟာ သင့်အတွက် တခုခုကို တွန်းအားပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးခြင်းပမာဏဟာ များပြားလွန်းရင်တော့ ကျန်းမာရေးကိုပါ ထိခိုက်လာစေပါလိမ့်မယ်။ အထူးသဖြင့် ကိုယ်ခံအားစနစ် ကျဆင်းပြီး ရောဂါဘယဖြစ်ရင် ပိုမိုထိခိုက်ခံစားရပါတယ်။ စိတ်ဖိစီးမှုကြောင့် ရောဂါလက္ခဏာတွေပေါ်လာတတ်ပါတယ်။ စိတ်ဖိစီးလေ ဝေဒနာပိုဆိုးလေ ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးခြင်းကြောင့် ပေါ်လာတတ်တဲ့ လက္ခဏာတွေကတော့ - နှလုံးခုန်မြန်ခြင်း - သွေးတိုးခြင်း - အသက်ရှူမြန်ခြင်း - ကြွက်သားများတောင့်တင်းခြင်း - ပျို့အန်ခြင်း - ခေါင်းကိုက်ခြင်း - မူးဝေခြင်း စတာတွေ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုဆက်တိုက်မြင့်မားနေရင် အထက်ပါလက္ခဏာတွေ တွေ့လာရတတ်တဲ့အပြင် ကျန်းမာရေးကို ထိခိုက်လာပါတယ်။ အထူးသဖြင့် အောက်ပါအခြေအနေတွေ ဖြစ်ပါတယ်။ အဖျားတက်ခြင်း စိတ်ဖိစီးမှုကို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ဘာလို့ သင့်ကိုလူတွေ မခင်ကြတော့တာလဲ

တစ်ခါတစ်လေကျရင် ကိုယ့်ကို ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်း နည်းပါးနေတယ်လို့ ခံစားမိတာမျိုးရှိလား။ ကိုယ့်ပတ်ဝန်းကျင်မှာ ခင်မင်ရင်းနှီးရသူတွေ ရှိမနေဘူးလို့ ခံစားလာရပြီလား။ လူရယ်လို့ဖြစ်လာရင် အပေါင်းအသင်းမိတ်ဆွေဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ မိသားစုပြီးရင် ကိုယ်နဲ့ အရင်းနှီးဆုံး ပတ်ဝန်းကျင်တစ်ခုလို့ တင်စားကြပါရဲ့။ ဒါပေမယ့် ကိုယ့်မှာတော့ ပတ်ဝန်းကျင်မှာ ဘာသူငယ်ချင်း ဘယ်လိုမိတ်ဆွေမှ မရှိနေဘူးဆိုရင် သင့်ရဲ့ အခြေအနေကို သင်ကိုယ်တိုင် ပြန်လည်စဉ်းစားဖို့ လိုအပ်လာပါပြီ။ သင်ဘာတွေ အားနည်းနေလဲ။ ဘယ်လို အကျင့်စရိုက်တွေရှိနေလို့ သင့်ကို လူတွေက မခင်မင်ကြတော့တာလဲဆိုတာကိုပေါ့။ အောက်မှာဖော်ပြထားတဲ့အချက်တွေထဲက ဘယ်အချက်တွေနဲ့များ ကိုက်ညီနေလို့ သင့်ကို မိတ်ဆွေတွေက မခင်ကြတော့တာလဲဆိုတာကို ဆန်းစစ်ကြည့်ပါဦး။ ၁။ ပေါင်းသင်းဆက်ဆံရခက်ခဲလို့ - သူငယ်ချင်းတွေက သင်နဲ့ ခင်ခင်မင်မင် ပြောဆိုဆက်ဆံချင်ကြတယ်။ သွားလာလည်ပတ် စားသောက်ချင်ကြတယ်။ ဒါပေမယ့် သင်ကိုယ်တိုင်က ဒီလိုအခြေအနေမျိုးတွေဆိုရင် ရှောင်လွှဲနေတာမျိုး၊ ခဏခဏပျက်ကွက်နေတာမျိုးတွေ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လမ်းခွဲခြင်းကြောင့်ဖြစ်လာတဲ့ စိတ်နာကျင်မှုတွေကို ဘယ်လိုမေ့ပစ်ကြမလဲ

လမ်းခွဲပြတ်စဲကြတဲ့အခါ စိတ်ပင်ပန်းဆင်းရဲကြရတာ၊ နာကျင်ခံစားရတာက သဘာဝပါပဲ။ ပြတ်စဲလိုက်တဲ့ အဆက်ဟောင်းကို မေ့ပစ်ဖို့ဆိုတာ ပြောသလောက်တော့ မလွယ်တတ်ဘူးလေ။ ပြီးဆုံးသွားတဲ့ ဇာတ်လမ်းဟောင်းကြောင့် စိတ်ညစ်ညူးမှု၊ စိတ်ဖိစီးမှုတွေ အဖြစ်မခံနေပါနဲ့။ ရှေ့ဆက်ရမယ့်ဘဝအတွက် ကြိုးစားရမှာတွေ အများကြီးရှိနေသေးတယ်မဟုတ်လား။ နောက်ထပ် လှမ်းလျှောက်ရမယ့်ခြေလှမ်းသစ်တွေအတွက် အားအင်တွေ ခွန်အားတွေ စုစည်းနေရမယ့်အချိန်မှာ ဘာလို့ ဝမ်းနည်းကြေကွဲနေမှာလဲ။ ဘာလို့ အတိတ်တွေကို ပြန်အောင့်မေ့ပြီး နာကျင်ခံစားနေမှာလဲ။ ပြောမယ့်သာပြောရတယ် တချို့တွေအတွက် လမ်းခွဲရတာက လွယ်ကူပေမယ့် တချို့တွေအတွက်တော့ ခက်ခဲတတ်ကြတယ်။ ဒါကြောင့်လည်း ပြီးဆုံးသွားတဲ့ အချစ်ဇာတ်လမ်းတစ်ခုကို မေ့ပစ်ဖို့ ခက်ခဲနေတယ်ဆိုရင် အကူအညီဖြစ်နိုင်မယ့် နည်းလမ်းတွေကို အကြံပေးချင်ရဲ့။ ၁။ ကိုယ့်ကိုယ်ကို အချိန်ပေးပါ - နာကျင်မှုတွေကိုဖြေဖျောက်ဖို့ ကိုယ့်ကိုယ်ကို အချိန်တစ်ခုလောက်ပေးပြီး တည်ငြိမ်အောင်လုပ်ပါ။ ဒီလိုအချိန်မျိုးမှာ လူတွေအမှားတတ်ကြဆုံးက ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်စေတဲ့ အပြုအမူတွေကို အတင်းကာရောလုပ်မိတတ်ကြတာပါပဲ။ အဲ့ဒီအစား အချိန်တစ်ခုယူပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း