စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

သဝန်တိုစိတ်ကို ဘယ်လို လျှော့ကြမလဲ

တစ်စုံတစ်ယောက်အပေါ် မနာလိုဖြစ်မိတယ်၊ သဝန်တိုတယ်၊ အဘိဇ္ဈာပွားတယ်၊ မလိုတမာတွေးကြံနေမိတယ်ဆိုတာ ကောင်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ လူတစ်ဖက်သား မသိနိုင်ရင်တောင်မှ ကိုယ့်စိတ်ကိုယ်တော့ သိနေနိုင်တာပဲလေ။ ဒီလိုစိတ်ထားမျိုးဟာ မကောင်းဘူး၊ မရှိသင့်ဘူးလို့ လူတိုင်းပြောတတ်ကြတယ်။ တကယ်တမ်း ကိုယ်တိုင် ဒီလိုခံစားလာရချိန်မှာ ထိမ်းချုပ်နိုင်ဖို့၊ ဖျောက်ဖျက်ပစ်ဖို့ကတော့ ခက်လှပါတယ်။ အထူးသဖြင့် အချစ်ရေးကိစ္စတွေမှာ သဝန်တိုစိတ်ဟာ အမြဲပြဿနာများစေတတ်ပါတယ်။ သဝန်တိုတာကို စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုလို့ စိတ်ပညာမှာတော့ သတ်မှတ်ထားပါတယ်။ Morbid Jealousy ဒါမှမဟုတ် Pathological Jealousy လို့ ခေါ်ပါတယ်။ ရောဂါတစ်ခုသဖွယ် သတ်မှတ်ရတဲ့အခြေအနေမျိုးဆိုရင်တော့ Othello Syndrome သို့ Delusional Jealousy လို့လည်းခေါ်ကြပါသေးတယ်။ စိတ်ရောဂါတစ်မျိုးပေါ့။ များသောအားဖြင့် သမီးရည်းစား၊ ချစ်သူ၊ အိမ်ထောင်ဖက်တွေအကြား သဝန်တိုကြတယ်ဆိုတာ တစ်ခါတစ်ရံတော့ ချစ်စရာ၊ ကြည်နူးစရာ ကိစ္စဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် များလားရင် ပြင်းထန်လာရင်တော့ ပြဿနာဖြစ်သွားတတ်ကြပါတယ်။ ကိုယ့်ချစ်သူက […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အထက်လူကြီးအနေနဲ့ သင့်လက်အောက်ငယ်သားတွေကို ဘယ်လိုစောင့်ရှောက်ပေးမလဲ။

လုပ်ငန်းခွင်ဆိုတာ ဒုတိယအိမ်ပါပဲ။ ဒီနေရာမှာ တစ်နေ့ ၈နာရီထက်မနည်း နေရတာကိုး။ ဒီလိုဆို ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာလည်း ကိုယ့်ရဲ့ ဒုတိယမိသားစုပါပဲ။ တစ်နေ့ တစ်နေ့ သူတို့နဲ့ အတူရှိနေရတဲ့ အချိန်က နည်းမှ မနည်းတာ။ ဒါကြောင့် သူတို့ကို မိသားစုလို သဘောထားပြီး စောင့်ရှောက်ပေးဖို့လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရောပေါ့။ ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်းဆိုတာ အလုပ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတစ်ခုတည်းကိုပဲ ရှေးရှုရတာ မဟုတ်ပါဘူး။ ဒီအလုပ်ကို တိုးတက်အောင် လုပ်ပေးနေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးချင်းစီကိုပါ တန်ဖိုးထားတတ်ရတာပါ။ ဒါမှ သင့်ကို သူများက လေးစားမှာပါ။ ခုလို ကိုဗစ်ကာလဆို ပိုဆိုးပါတယ်။ စိတ်ရော ရုပ်ရော ပင်ပန်းနေတဲ့အချိန်မို့လို့ ပိုပြီးတောင် ဂရုစိုက်ပေးသင့်ပါတယ်။ လက်အောက်ငယ်သားတွေကို ရုပ်ပိုင်းဆိုင်ရာ ဘယ်လိုစောင့်ရှောက်မှု ပေးမလဲ။ လစာ ဟုတ်ပါတယ်။ ဒါအရေးကြီးဆုံးပါပဲ။ လုပ်အားနဲ့ လိုက်ဖက်တဲ့ လစာ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်မလုံခြုံမှု ကင်းဝေးစေဖို့ နည်းလမ်း ၇ ရပ်

တုန်လှုပ်ချောက်ချားတာမျိုး၊ စိတ်မလုံခြုံတာမျိုးကို စိတ်လှုပ်ရှားချိန်၊ ကြောက်ရွံ့ချိန်တွေမှာ လူတိုင်းနီးပါး ခံစားရတတ်တယ်။ အနည်းအများနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုအပေါ်တော့ မူတည်မပေါ့။ ဒါပေမယ့် စိတ်ပူပင်တာ၊ စိတ်မလုံခြုံတာမျိုးတွေဟာ လူသားတိုင်းတစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ ကြုံဆုံခံစားရတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုပါ။ ဆရာမက စာမေးချိန် မရတာကနေစလို့ မကောင်းတာတစ်ခုခုလုပ်ထားမိလို့၊ အမှားအယွင်းတစ်ခုခုကျူးလွန်မိထားလို့ စသဖြင့် အမျိုးမျိုးသော အကြောင်းတရားတွေကြောင့်စိတ်မလုံခြုံမှုကို ခံစားရနိုင်ပါတယ်။ တစ်ဖက်သားက “မကြောက်ပါနဲ့ အဆင်ပြေသွားမှာပါ” လို့ အားပေးစကားပြောပေးရင် အားတက်လာတတ်ပေမယ့် တကယ့်အရင်းခံအကြောင်းတရားကို ပျောက်သွားစေချင်ရင်တော့ ကိုယ်တိုင်လုပ်ဖို့လိုအပ်မှာပါ။ မလုံခြုံတဲ့စိတ်ခံစားချက်ဟာ တစ်ခါတရံမှာ သာမန်အတွေးစိတ်လေးတစ်ခုလိုပါပဲ။ ဒါပေမယ့် ဖွဲမီးလိုတငွေ့ငွေ့နဲ့သင့်ရဲ့ စိတ်အလျှင်ကို ထိပါးလာပါလိမ့်မယ်။ ဒါကြောင့် ဒီစိတ်ကိုတွန်းလှန်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အကောင်းဆုံး အကြံဉာဏ် ၇ ချက်ကို ပြောပြပေးပါရစေ။ ၁။ မိမိရဲ့ အကောင်းဘက်ခြမ်းကို လက်ခံယုံကြည်ပါ ကိုယ့်ကိုယ်ကို ယုံကြည်ပါဆိုတဲ့သဘောပါပဲ။ ကိုယ့်ရဲ့ ကောင်းမွန်တဲ့ စိတ်နေသဘောထား၊ အပြုအမူနဲ့ အစိတ်အပိုင်းတွေ၊ […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

လူတွေဘာကြောင့် သတ်သေကြတာလဲ။

လူတစ်ယောက်ဟာ အကြောင်းအရာ အသေးအဖွဲလေးကြောင့်နဲ့တော့ ကိုယ့်အသက်ကိုကိုယ် ရန်ရှာ အဆုံးစီရင်တာမျိုး မဖြစ်နိုင်ပါဘူး။ ရပ်ကွက်ထဲမှာ ဒါမှမဟုတ် အနီးဝန်းကျင်မှာ လူတစ်ယောက် သတ်သေသွားတဲ့အခါ ပိုက်ဆံလေး ၃ သောင်းလောက်ကို ပြန်မပေးနိုင်လို့၊ ရည်းစားနဲ့ ပြတ်လို့၊ မိဘက ဆူလို့ဆိုတာတွေကိုကြားရင် ဘာမဟုတ်တဲ့ အကြောင်းအရာလေးနဲ့ သတ်သေကြတယ် ကိုယ့်အသက်ကိုယ် မနှောမြောဘူးလားလို့ ပြောစရာရှိနိုင်ပါတယ်။ ဒီတော့ လူတွေဘာကြောင့် သတ်သေကြတာလဲ။ ဆိုတာကို ကြည့်လိုက်ရအောင်လား ...... လူတွေဘာကြောင့် သတ်သေကြတာလဲ။ လူတွေဘာကြောင့် သတ်သေကြတာလဲ။ တကယ်ကတော့ လူတစ်ယောက်ဟာ အလွယ်တကူနဲ့တော့ ကိုယ့်အသက်ကိုယ် ရန်မရှာကြပါဘူး။ လူဆိုတာက သေမှာ ကြောက်တဲ့ အမျိုးပါ။ ဘယ်လောက်ပဲ သေမှာ မကြောက်ပါဘူးပြောပြော လူဆိုရယ်လို့ဖြစ်လာရင် ရှင်သန်ချင်တဲ့ ဆန္ဒရှိသလို ထိခိုက်နာကျင်ရမှာကို စိုးထိတ်ကြသူချည်းပါပဲ။ ဒီတော့ လူတစ်ယောက် သူ့ကိုယ်သူ အဆုံးစီရင်ရတဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုက သင့်ကို ဘာဆိုးကျိုးတွေပေးသလဲ

စိတ်ဖိစီးမှုဆိုတာ လူသားတို့ နေ့စဉ်ဘဝမှာ မဖြစ်မနေကြုံတွေ့ရတဲ့ အခြေအနေဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်ဖို့တွန်းအားပေးတာကြောင့် လူတိုင်းအတွက် လိုအပ်တဲ့ အခြေအနေ တစ်ခုတော့ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုကို ကာလရှည်ကြာ ခံစားလာရမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဖော်ပြပေးမှာကတော့ စိတ်ဖိစီးမှုက သင့်ကို ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေသလဲ ဆိုတာပါပဲ။ စိတ်ဖိစီးမှုက သင့်ကို ဘာဆိုးကျိုးတွေပေးသလဲ စိတ်ဖိစီးမှုက သင့်ကို ဘာဆိုးကျိုးတွေပေးသလဲ ဆိုတော့ ၁။ စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ခြင်း သင့်မှာ စိတ်ဖိစီးမှု များလာရင် စိတ်ခံစားချက်တွေကို ကောင်းကောင်း မထိန်းချုပ်နိုင်တော့ပါဘူး။ ထိခိုက်ခံစားလွယ်လာပါတယ်။ ဒေါသထွက်လွယ်၊ ဝမ်းနည်းလွယ်၊ ပေါက်ကွဲလွယ်ပါတယ်။ အာရုံကြောသိပ္ပံပညာရှင်များရဲ့ အဆိုအရ စိတ်ဖိစီးမှုပမာဏ အနည်းငယ်လောက်နဲ့တင် စိတ်ခံစားမှုတွေကို မထိန်းချုပ်နိုင်ဘဲ လွတ်ထွက်တတ်ကြောင်း သိရပါတယ်။ တစ်ခါတရံမှာ အကြောင်းမယ်မယ်ရရမရှိဘဲ ဒေါသကြီးသွားတာ၊ ဝမ်းနည်းအော်ဟစ်ငိုယိုမိတာ စိတ်ဖိစီးမှုအခံတစ်ခုခု ရှိနေတာကြောင့်လို့ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အချစ်က လှပစေတယ်

အချစ်နဲ့တွေ့ရင် မြင်သမျှ တွေ့သမျှတင် လှနေတာ မဟုတ်ပါဘူး။ ကိုယ်တိုင်မှာလည်း အလှတိုး လာပါတယ်နော်။ အချစ်က သင့်ကို လှပစေတဲ့ ကုထုံး တစ်ခုဆိုရင် ထူးဆန်း နေမလား.................. အချစ်က သင့်ကို အလှတိုးစေတဲ့ အရာပါ။ ပျော်ရွှင်စရာကောင်းတဲ့ ချစ်ခြင်းမျိုး ဖြစ်ဖို့တော့ လိုမှာပေါ့။ လူတစ်ယောက်ကို ချစ်နေရင်ဖြစ်ဖြစ်၊ ကိုယ်တိုင်က အချစ်ခံရတဲ့ အခါမျိုးမှာဖြစ်ဖြစ် အသားအရေတွေက ပြောင်းလဲလာပြီး အလှတွေလည်း တိုးလာပါတယ်။ စွဲစွဲမြဲမြဲ ချစ်တတ်ခြင်းရဲ့ ကောင်းကျိုးလို့ပဲ ဆိုရမလား။ ချစ်ခြင်းအားဖြင့် လှပစေတယ်။ လူတစ်ယောက်ကို စွဲစွဲမြဲမြဲ ချစ်တဲ့အခါ အခုလို အလှအပဆိုင်ရာ ပြောင်းလဲမှုလေးတွေ ဖြစ်လာနိုင်ပါသတဲ့။ စိတ်ဖိစီးမှု ကင်းစေတယ် ချစ်ခြင်းက စိတ်ဖိစီးမှုတွေကို ပြေလျော့ စေနိုင်ပါတယ်။ အကြောင်းကတော့ ချစ်ခြင်းအားဖြင့် တစ်ဦး နဲ့ တစ်ဦး ဂရုစိုက် ကြင်နာမှုတွေက အချစ်ဟော်မုန်းလို့ခေါ်တဲ့ အောက်စီတိုစင် ဟော်မုန်းတွေကို ထွက်ရှိစေပြီး […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓာတ်ကျနေသူတစ်ဦးကို နှစ်သိမ့်အားပေးနည်း

စိတ်ကျရောဂါ (Depression) ဆိုတာ အတွေ့အများဆုံးသော စိတ်ကျန်းမာရေးပြဿနာတစ်ခုပါ။ လူတိုင်းက လောကဓံ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့အတွက် နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်နိုင်ပါတယ်။ ချမ်းသာတဲ့သူမို့ စိတ်ကျရောဂါ မဖြစ်နိုင်ဘူး၊ အသက်ငယ်သေးလို့ စိတ်ကျရောဂါ မဖြစ်နိုင်ဘူး၊ ဘာအလုပ်မှ မလုပ်တဲ့သူက စိတ်ကျရောဂါ မဖြစ်နိုင်ဘူးဆိုပြီးတော့ တရားသေ တွက်ဆလို့မရပါဘူး။ စိတ်ကျရောဂါ ခံစားနေရသူတွေမှာ ကိုယ့်ရဲ့ ဝေဒနာတွေ၊ အခက်အခဲတွေကို တခြားသူကို ဖွင့်ပြတာမျိုးလည်း ရှိသလို ကိုယ့်ဘာသာမျိုသိပ်ခံစားရင်း၊ အဆင်ပြေအောင် ကြိုးစားရင်းကနေ ပိုကောင်းလာတဲ့သူ သို့မဟုတ် ပိုဆိုးလာတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ၊ ကိုယ့်ပတ်ဝန်းကျင်က လူတိုင်းမှာ စိတ်ဓာတ်ကျစေနိုင်လောက်တဲ့ ကိစ္စတွေသည် အနည်းဆုံးတစ်ခုလောက်တော့ ရှိနေနိုင်တယ်ဆိုတာကို ကိုယ်က သိထားဖို့ လိုပါတယ်။ ဒါဆို သူတို့ကို ဘယ်လိုအားပေးမလဲ။ နှစ်သိမ့်အားပေးနည်းက အရမ်းအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံကလူအများစုသည် စိတ်ရောဂါနဲ့ ပတ်သက်ပြီး နားမလည်ကြသလို […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ကျဝေဒနာ အကြိမ်ကြိမ် ပြန်ဖြစ်ရခြင်း အကြောင်း

လူတွေဟာ စိတ်ဓာတ်ခဏခဏကျနိုင်ပေမယ့် စိတ်ကျရောဂါကတော့ တစ်သက်မှာ တစ်ကြိမ်သာဖြစ်တတ်ကြတာများပါတယ်။ ဒါပေမယ့် တချို့လူတွေမှာတော့ အခြေအနေက အဲ့လိုမရိုးရှင်းတတ်ပါဘူး။ တစ်ကြိမ်ကုသပြီးချိန်မှာတောင်မှ နောက်ထပ်တစ်ကြိမ် စိတ်ကျဝေဒနာပြန်ခံစားရတာမျိုးဖြစ်လာနိုင်ပါတယ်။ များသောအားဖြင့် ဒီဝေဒနာကို ဆေးဝါး၊ စိတ်ပိုင်းဆိုင် ဒါမှမဟုတ် လျှပ်စစ်ရှော့ခ်ရိုက်ပြီး လိုက်ကြတာများပါတယ်။ ဆေးဝါးနဲ့ကုသတဲ့နည်းလမ်းကတော့ အသုံးများပြီးတော့ ဘေးထွက်ဆိုးကျိုးလည်းရှိပါတယ်။ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ကိုယ်အလေးချိန်တက်တာ၊ လိင်ဆက်ဆံရာတွင် အဆင်မပြေဖြစ်တာနဲ့ ပျို့အန်တာတွေပါပဲ။ ဒီလိုစနစ်တကျကုသမှုတွေ ခံယူပြီး ပျောက်ကင်းသွားချိန်မှာ ရောဂါလက္ခဏာတွေပြန်ပြပြီး စိတ်ကျဝေဒနာ ထပ်ပြီးခံစားရတာမျိုးဖြစ်လာနိုင်ပါတယ်။ ပျောက်ကင်းပြီးမှ ထပ်ကျော့စိတ်ဓာတ်ကျတာမျိုးပေါ့။ ဘာလို့ စိတ်ကျဝေဒနာ ပြန်ဖြစ်တာလဲ ဒီလိုဖြစ်လာစေတဲ့အကြောင်းအရင်းအမျိုးမျိုးရှိပါတယ်။ အလွန်စိတ်ဖိစီးစရာ စိတ်ပင်ပန်းစရာ အဖြစ်အပျက်မျိုးကို ပြင်းထန်စွာကြုံတွေ့လိုက်ရချိန်တွေမှာ ခုလိုထပ်ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ချစ်သူခင်သူတစ်ဦးဦးကို ဆုံးရှုံးလိုက်ရတာ နာကျင်ဖွယ်၊ စိတ်ညစ်ညူးဖွယ် ဘဝအတွေ့အကြုံမျိုး၊ အမှားအယွင်းမျိုး ကျူးလွန်မိခဲ့တာ ပြင်းထန်တဲ့ စိတ်ဖိစီးမှုဝေဒနာ ခံစားရတာ မိသားစုအတွင်း သိသာထင်ရှားတဲ့အပြောင်းအလဲတွေကို ရင်ဆိုင်လိုက်ရတာ ဟော်မုန်းပြောင်းလဲတာ ကိုယ်ဝန်ရတာ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

သင် ဘယ်လို စိတ်ဓာတ်ကျနေတာလဲ

စိတ်ဓာတ်ကျတယ် ဆိုတဲ့စကားလေးကို လူတိုင်းနီးပါး ပြောဖြစ်တတ်ကြတယ်။ အကြောင်းအမျိုးမျိုးကြောင့်နဲ့ပေါ့။ တကယ်ကြီး စိတ်ကျရောဂါ (Depression) ခံစားနေရမှမဟုတ်ပါဘူး။ သာမန်အချိန်တွေမှာလဲ ဒီလိုပြောဖြစ်တတ်ကြတဲ့စကားလေးပါ။ နေ့စဉ်လူနေမှုဘဝမှာ စိတ်ဖိစီးမှုတွေ၊ အခက်အခဲတွေ၊ အဆင်မပြေမှုတွေနဲ့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးပြဿနာတွေကြောင့် လူတိုင်း စိတ်ဓာတ်ကျနိုင်ပါတယ်။ ရုံးကန်လှုပ်ရှားနေရတဲ့ လူ့ဘဝထဲမှာ ပင်ပန်းဆင်းရဲမှုဒဏ်တွေ၊ အတားအဆီး၊ အခက်အခဲနဲ့ နာကျင်ခံစားရမှုဝေဒနာတွေကြောင့်သက်ရောက်လာတဲ့ စိတ်ကျဝေဒနာဟာ သင့်ကို အသက်ဘေးကြုံတဲ့အထိ ဒုက္ခပေးနိုင်တဲ့ စိတ်ကျန်းမာရေးပြဿနာတစ်မျိုးလို့ ဆိုရပါမယ်။ WHO ရဲ့ အချက်အလက်တွေအရ ဒီကနေ့ ကမ္ဘာပေါ်မှာ စိတ်ကျရောဂါခံစားနေရသူပေါင်း ၂၆၄ သန်းလောက်ရှိပါတယ်တဲ့။ အများစုကတော့ အမျိုးသမီးတွေပါ။ များသောအားဖြင့် ဝေဒနာခံစားနေရသူတစ်ချို့ဟာ သူတို့မှာ စိတ်ကျဝေဒနာရှိနေတယ်ဆိုတာကို သိနားလည်ထားခြင်းမရှိကြပါဘူး။ သိနေရင်တောင်မှ ဘယ်လိုအကြောင်းတရားကြောင်း ဒါမှမဟုတ် ဘယ်လိုစိတ်ကျဝေဒနာမျိုးဖြစ်နေတယ်ဆိုတာမျိုးကို မသိကြပါဘူး။ ဒီအချက်ဟာ ကိုယ်ခံစားနေရတဲ့ စိတ်ကျဝေဒနာကို ဖယ်ရှားကုသဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုစိတ်ကျဝေဒနာကို […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

မိမိကိုယ်ကို အဆုံးစီရင်ခြင်းနှင့် သိထားသင့်တဲ့ အမေးအဖြေများ

ဒီကိစ္စနဲ့ပတ်သက်ပြီး လူမှုနယ်ပယ်မှာ အဖြေရှာမရတဲ့ ပဟေဠိတစ်ခုလို ဖြစ်နေကြဆဲပါပဲ။ အကောင်းအတိုင်းပဲ ရှိနေတဲ့သူတစ်ယောက်က ဘာလို့ သတ်သေသွားရတာလဲ၊ သူ့မှာ ဘယ်လိုစိတ်ညစ်စရာတွေ ရှိလို့များ လူ့လောကကို လွယ်လွယ်နဲ့ ကျောခိုင်းဖို့ ကြိုးစားကြတာလဲ၊ သူ့မိသားစုတွေကရော ဒီလိုဖြစ်နေတာကို မသိဘူးလား အစရှိသဖြင့် ပတ်ဝန်းကျင်က မေးထားတဲ့ မေးခွန်းတွေကတော့ အစုံပဲပေါ့ဗျာ။ တကယ်တမ်းမှာ သေကြောင်းကြံစည်တယ်ဆိုတာ လူတွေ ထင်ထားသလောက်တော့ မရိုးရှင်းဘူးဗျ။ လူမှုနယ်ပယ်ဆိုတာ အမြဲတမ်း ကောင်းတဲ့သူတွေ၊ ကောင်းတဲ့အရာတွေနဲ့ပဲ ကြုံဆုံနေရတာ မဟုတ်သလို လူ့ဘဝဆိုတာလည်း ပန်းခင်းတဲ့လမ်းလို အမြဲတမ်း သာယာဖြောင့်ဖြူးနေတာတော့ မဟုတ်ပါဘူး။ ၁။ လူတွေ ဘာကြောင့် သေကြောင်းကြံစည်ကြတာလဲ။ နာကျင်မှုတွေ တူညီခဲ့ရင်တောင် တစ်ယောက်နဲ့ တစ်ယောက် ခံစားရတဲ့ ပမာဏ၊ တွေးခေါ်နိုင်စွမ်း၊ ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက် ကြုံတွေ့လာခဲ့ရတဲ့ အရာတွေ မတူညီပါဘူး။ ဒီအတွက် တချို့သော […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း