စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာတွေကို ဒီလိုကာကွယ်ပါ

လူစုံတက်စုံရှိပြီး တစ်နေ့ကို အနည်းဆုံး ၆ နာရီနဲ့အထက် နေရတဲ့ အလုပ်ခွင်မှာ ရောဂါ အမျိုးမျိုး ကူးစက်နိုင်ပါတယ်။ ရောဂါပိုးတွေ ကူးစက်မှုနဲ့အတူ အလုပ်ခွင်ဖိအား။ နေထိုင်မှု ပုံစံတွေကြောင့်လည်း ကျန်းမာရေး ပြဿနာ အမျိုးမျိုး ခံစားရနိုင်ပါတယ်။ ကိုယ်တိုင်မှာရော လုပ်ဖော်ကိုင်ဖက်တွေမှာပါ ရောဂါကူးစက်မှု ကင်းစေဖို့ဆိုရင် ရုံးတွင်းမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ကိုယ်တိုင်ကစပြီး ကာကွယ်ဖို့လိုပါမယ်။ ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်နော်။ အလုပ်ခွင်မှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာများ အလုပ်ခွင်မှာ အခုလို ရောဂါတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ တုပ်ကွေး Stomach Flu ဓာတ်မတည့်မှု ခေါင်းကိုက် ခါးနာ အစာမကြေတာမျိုး ခံစားရနိုင်ပါတယ်။ အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာကို ဒီလို ကာကွယ်ပါ အလုပ်လည်း ကောင်းကောင်း လုပ်နိုင်ပြီး ကျန်းမာနေစေဖို့ဆိုရင် ဒီအချက်လေးတွေကို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကိုယ့်ကိုယ်ကို တစ်ဝကြီး ချစ်လိုက်စမ်းပါ။

အချစ်ခံချင်လို့တို့၊ ချစ်ရမယ့်သူ မရှိဘူးလို့ ဆိုပြီး ဝမ်းနည်းမနေပါပဲ။ ဘယ်သူမှ မရှိလည်း ကိုယ်ကိုယ်တိုင်တော့ ရှိပါသေးတယ်။ ကိုယ့်ကိုယ်ကို ချစ်ပါ။ ကိုယ့်ကိုယ်ကို စောင့်ရှောက်ပါ။ ကိုယ့်ကိုယ်ကို ချစ်ပါဆိုတာကို ဒီဘက်ခေတ်မှာ တော်တော်အသုံးများလာကြပါပြီ။ အဓိကကတော့ လူတွေက ပြိုင်ဆိုင်မှုတွေ ကြားထဲမှာ ပင်ပန်းလာကြတယ်။ ရုပ်ပင်ပန်းတာထက်စာရင် စိတ်ပင်ပန်းတာက ပိုများလာကြတယ်။ ဒါပေမယ့်လည်း ရပ်တန့်လို့မရဘူး။ကိုယ်ကိုယ်တိုင် မဟုတ်ရင်တောင် ကိုယ့်ကို မှီခိုနေတဲ့ မိသားစုရှိသေးတာကိုး။ ဒါကြောင့် ဒီဘက်ခေတ် စိတ်ပညာရှင်တွေ၊ motivational speakerတွေက ကိုယ့်ကိုယ်ကို ချစ်ပါ။ တိုးတက်အောင် ကြိုးစားပါလို့ ပြောလာကြတာပါပဲ။ ဒီနေရာမှာ လူတွေ အထင်မှားနေကြတာက တချို့က အရာအားလုံးကို လက်လျှော့လိုက်တာက ကိုယ့်ကိုယ်ကို ချစ်တာလို့ မြင်တယ်။ တချို့ကလည်း ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုတာ အတ္တဆန်တဲ့ စိတ်ပဲ။ ကိုယ်က လွဲရင် ဘာမှမသိတဲ့သူလို့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

မိမိကိုယ်ကို အလွန်အကြူး ချစ်မြတ်နိုးခြင်း (သို့) Narcissism

လူတစ်ယောက်ဟာ သူ့ကိုယ်သူ ချစ်သင့်တာထက် ပိုပြီး ချစ်နေတယ်။ သူပြောတာ၊ သူလုပ်တာမှ အမှန်။ သူ့ကိုပဲ အမြဲ ဂရုစိုက်နေရမယ်ဆိုတာမျိုးတွေ ဖြစ်လာရင် သူဟာ Narcissist (နာစစ်ဆစ်) လား၊ တစ်နည်းအားဖြင့် ပုံမှန်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ချစ်လွန်းသူလားဆိုတာ ဆန်းစစ်ရပါတော့မယ်။ ကိုယ်တိုင် Narcissist ဖြစ်နေလားဆိုတာ ဘယ်လို အချက်တွေကနေ သိနိုင်သလဲ။ ဤဇဗ္ဗူမှာ ငါလိုလူ မရှိ၊ ငါသာလျှင် အတော်ဆုံးလို့ ထင်နေပြီဆိုရင် လူတိုင်းပေါ်မှာ မကြာမကြာ စိတ်ပျက်၊ စိတ်ဆိုးနေရင် Relationship တစ်ခုကို ကြာရှည်တည်မြဲဖို့ အတော်ကြိုးစားနေရပြီဆိုရင် ကိုယ့်ဖို့ပဲ အမြဲ ဦးစားပေးနေတတ်တယ်ဆိုရင် ကိုယ် လုပ်တာသာ အမှန်လို့ ထင်နေတတ်ရင် ကိုယ့်အကြောင်းပဲ အမြဲတမ်း တွေးနေလေ့ရှိပြီး ကိုယ့်အကြောင်း (ကောင်းကြောင်း) ပဲ အမြဲတမ်း […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ငိုကြွေးခြင်းရဲ့ ကောင်းကျိုးများ

“ယောက်ျားလေး ဖြစ်ပြီး မငိုရဘူး” “ငိုရင် ကိုယ်အရှုံးပဲ။ မငိုနဲ့” “ငိုတယ်ဆိုတာ ပျော့ညံ့ခြင်းပဲ” မေ့လိုက်ပါ။ ဒီစကားတွေ အကုန်လုံးကို မေ့လိုက်ပါ။ ခံစားချက်တွေကို ဖွင့်ထုတ်ပါ။ ပျော်စရာရှိရင် ရယ်ကြသေးတာပဲ။ ဝမ်းနည်းစရာ ရှိရင် ကျွန်တော်တို့ ဘာလို့ မငိုရမှာလဲ။ တကယ်တော့ ငိုကြွေးခြင်းက ပေးနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီး ရှိပါတယ်။ ၁။ မျက်ရည်က ခန္ဓာကိုယ်ကို အဆိပ်အတောက် ကင်းစေပါတယ်။ မျက်ရည်ကို (၃) မျိုးခွဲလို့ ရပါတယ်။ အလိုအလျောက် တုံ့ပြန်တဲ့ မျက်ရည် အလိုလို ရှိနေတဲ့ မျက်ရည် နဲ့ ခံစားချက်ကြောင့် ကျတဲ့ မျက်ရည်တွေပါ။ အလိုအလျောက် တုံ့ပြန်တဲ့ မျက်ရည်ဟာ ဖုန်တွေ၊ မီးခိုးတွေကြောင့် ကျလာတဲ့ မျက်ရည်တွေဖြစ်ပြီး မျက်လုံးကို ရှင်းစေပါတယ်။ အလိုလို ရှိနေတဲ့ မျက်ရည်တွေကတော့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အကောင်းမြင်စိတ်ကြောင့် အသက်ပိုရှည်စေခြင်း အကြောင်းရင်း (၃) ချက်

“တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်မှာပါ”လို့ ကျွန်တော်တို့ ငယ်ငယ်က ဂျောက်ဂျက် ကာတွန်းတွေထဲ ဖတ်ခဲ့ရပါတယ်။ ရှေးဆိုရိုးတွေကလည်း “ပျော်ပျော်နေ သေခဲ” လို့ ပြောကြတယ်။ ဆိုတော့ ပျော်ပျော်နေရင် တကယ် အသက်ရှည်တာလား။ လေ့လာမှုတွေအရတော့ အကောင်းမြင်ဝါဒီသမားတွေက အသက်ရှည်ရှည် ပိုနေနိုင်ကြတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲ။ ၁။ အကောင်းမြင် ဝါဒီတွေက ကျန်းမာရေး ပိုကောင်းကြပါတယ်။ အကောင်းမြင်တတ်တဲ့သူတွေက နှလုံးရောဂါ ဖြစ်နိုင်ခြေ ၅၀% လျော့နည်းပြီး ကင်ဆာရောဂါ ဖြစ်နေချိန်မှာတောင် အသက်ရှင်နိုင်ခြေ ပိုများပါတယ်လို့ သုတေသနတွေက ဆိုကြပါတယ်။ နောက်ပြီးတော့ ကောင်းမွန်တဲ့ စိတ်ခံစားမှုတွေက Immunoglobulin A (အင်မျူနို ဂလိုဘျူလင် အေ) ဆိုတဲ့ ပဋိပစ္စည်းကို ထုတ်ပေးပြီး ဒါက ဖျားနာမှုတွေကို ရှေ့တန်းက တိုက်ထုတ်ပေးနေတဲ့ ပဋိဇီဝပစ္စည်းပါ။ ဒါကြောင့်လည်း အကောင်းမြင်တတ်သူတွေက ကျန်းမာရေး ပိုကောင်းတယ်လို့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

သီချင်းနားထောင်ခြင်းရဲ့ အကျိုးကျေးဇူး (၅) ချက်

သီချင်းနားထောင်ခြင်းက စိတ်ကို ချမ်းမြေ့စေတယ်၊ အာရုံစူးစိုက်မှု ပိုကောင်းစေတယ်ဆိုတာကိုတော့ အားလုံးသိပြီးသား ဖြစ်မှာပါ။ ဒီတစ်ခါမှာတော့ သီချင်းနားထောင်ခြင်းရဲ့ အကျိုးကျေးဇူးတွေ ဘယ်လို ရှိတယ်ဆိုတဲ့အကြောင်း သိပ္ပံနည်းကျ စမ်းသပ်ထားတဲ့ အချက်တွေကို အတူတူ လေ့လာကြည့်ကြရအောင်။ ၁။ မှတ်ဉာဏ် ပိုပြီး ထက်မြက်လာစေပါတယ်။ သီချင်းနားထောင်ခြင်းက ဦးနှောက်ကို ပိုပြီး လှုံ့ဆော်ပေးနိုင်ပါတယ်။ MRI scan ဖတ်လိုက်ရင် သီချင်းနားထောင်နေချိန်မှာ ဦးနှောက်ရဲ့ အသက်ဝင်လှုပ်ရှားနေတဲ့ ဧရိယာတွေ ပိုများလာတာကို တွေ့ရမှာပါ။ ဒီကနေပြီး ကောက်ချက်ချလို့ရတာက သီချင်းနားထောင်ခြင်းဟာ လူတွေရဲ့ မှတ်ဉာဏ်ပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေတယ်ဆိုတာပါပဲ။ ဂီတသံစဉ်တွေနဲ့ ကာရံတွေက မှတ်ဉာဏ်တိုးတက်စေတဲ့ လှုပ်ရှားမှုစနစ်တွေကို တိုးတက်စေပါတယ်။ သီချင်းနားထောင်ခြင်းဟာ လေဖြတ်နေတဲ့ လူနာတွေအတွက်တောင် စကားပြော မှတ်ဉာဏ်တွေကို ပိုတိုးတက်လာစေပြီး တွေဝေနေတာ၊ ဝေဝါးနေတာမျိုးတွေ လျော့နည်းစေတဲ့အပြင် အာရုံစူးစိုက်မှုကိုပါ ပိုကောင်းလာစေပါသတဲ့။ ၂။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Narcissist (ကိုယ့်ကိုယ်ကို အချစ်လွန်၊ အတ္တကြီးလွန်းသူ) များနှင့် အချစ်ရေး

Narcissist တွေဟာ ဘယ်လို လူမျိုးတွေ ဖြစ်တယ်ဆိုတာကို ရှေ့က ဆောင်းပါးမှာ ဖော်ပြပေးခဲ့ပြီးပါပြီ။ ဒီတစ်ခါမှာတော့ Narcissit တွေနဲ့ ချစ်သူဖြစ်လျက်သား ဖြစ်နေတဲ့အခါ သူတို့နဲ့ ဘယ်လို ဆက်ဆံကြမလဲဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ Narcissist တစ်ယောက်နဲ့ ချစ်သူ ဖြစ်တဲ့အခါမှာ ပထမ ထင်မိမှာက ဟာ.. သူ အရမ်း မိုက်တယ်။ အရမ်းတော်တယ်။ အရမ်းလည်း ကြိုးစားတယ်။ အရမ်းလည်း ဂရုစိုက်ပေးတယ်ပေါ့။ Narcissist တွေက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေ အဖြစ်များတာကိုး။ ဒါပေမဲ့ နည်းနည်း ကြာလာတဲ့အခါမှာတော့ သူတို့တွေဟာ အေးစက်တယ်။ ကိုယ့်ကို သိမ်းသွင်းတယ်။ ပြီးတော့ သွေးအေးရက်စက်တယ်ဆိုတာကို သဘောပေါက်လာပါတော့တယ်။ ဒါတင်ပဲလားဆိုတော့ သူတို့တွေက သစ္စာမရှိဘဲ အမြဲတမ်း ဒီ့ထက် ပိုကောင်းမယ့်၊ သူနဲ့ပိုပြီး လိုက်ဖက်နိုင်မယ့် လက်တွဲဖော်ကို ရှာနေတတ်ပါတယ်။ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှု ကို အများဆုံးဖြစ်စေတဲ့ ဖြစ်ရပ် ၁၀ မျိုး

စိတ်ဖိစီးမှု ဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာဖြစ်ပေမယ့် ရုပ်ပိုင်းဆိုင်ရာပြဿနာတွေကိုပါ သယ်ဆောင်လာတတ်ပါတယ်။ စိတ်ဖိစီးမှုဝေဒနာကို ခံစားနေရတဲ့ လူတိုင်းအတွက် ပုံမှန်သူတို့ကို ပျော်ရွှင်စေတဲ့ အရာတွေကတောင် ပျော်ရွှင်တယ်လို့ မခံစားရတော့ပါဘူး။ ပျော်ရွှင်မှုကင်းမဲ့လာတာနဲ့အမျှ စိတ်အားတက်ကြွမှုလည်း နည်းပါးလာတတ်ပါတယ်။ အရာရာဟာ သူတို့အတွက် ခက်ခဲနေတတ်ပြီးတော့ စိတ်ဖိစီးနေသူတွေ၊ စိတ်အားငယ်နေတာမို့ ဆုံးဖြတ်ချက်မှားတွေ၊ အပြုအမူမှားတွေလည်း ကျူးလွန်မိတတ်ကြပါသေးတယ်။ ပုံမှန်လူတစ်ယောက်ဟာ တစ်နာရီမှာ ဆုံးဖြတ်ချက် ၄ ခုကနေ ၅ ခုလောက်အထိ ချမှတ်နိုင်ကြပေမယ့် စိတ်ဖိစီးနေသူတစ်ယောက်ဟာ သေးငယ်တဲ့ ဆုံးဖြတ်ချက်တစ်ခုချမှတ်နိုင်ဖို့အတွက်ကိုတောင်မှ ခက်ခဲနေတတ်ပါတယ်။ ကိုယ့်ရဲ့ တန်ဖိုး၊ ကိုယ့်ရဲ့ အရည်အသွေးကို သံသယဝင်လာပြီး မိမိကိုယ်ကို တန်ဖိုးထားမှုကင်းမဲ့လာတာ၊ သံသယဝင်လာတာ၊ အဆိုးမြင်လာတာ၊ အပြစ်ရှိသလို ခံစားလာတာ၊ စိတ်ဆိုးဒေါသထွက်လွယ်လာတာ၊ ပူပင်သောကများလာတာတွေကလည်း စိတ်ဖိစီးမှုရဲ့ ဝေဒနာ လက္ခဏာတွေဖြစ်ပါတယ်။ ဒီလိုဆိုးရွားတာတွေဖြစ်ပေါ်စေတဲ့ စိတ်ဖိစီးမှုဖြစ်လာစေဖို့ ဘယ်အရာတွေက တွန်းအားပေးနေတတ်ပါသလဲ။ လေ့လာချက်တွေအရဆိုရင်တော့ စိတ်ဖိစီးမှုကို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ရယ်မောခြင်းက တကယ်ပဲ အသက်ကို ရှည်စေပါတယ်

အရင်တုန်းကတော့ “ပျော်ပျော်နေ သေခဲ” လို့ စကားပုံအဖြစ် ပြောခဲ့ကြပေမဲ့ ဒီနေ့ခေတ်မှာတော့ ရယ်မောခြင်းရဲ့ လက်တွေ့ကောင်းကျိုးတွေကို သိပ္ပံနည်းစနစ်ကျကျ ဖော်ထုတ်နိုင်ခဲ့ပါပြီ။ ရယ်မောခြင်းက ကျန်းမာရေးကို ဘယ်လိုတွေ အကျိုးပြုနေတာလဲ။ ၁။ သွေးဖိအားကို လျော့နည်းစေပါတယ် စိတ်ဆိုးရင် သွေးတိုးတယ်ဆိုတာ သိပြီးသားဟုတ်။ ဒီလိုပဲပေါ့။ ရယ်မောခြင်းက သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းထားပေးနိုင်ပါတယ်။ သွေးတိုးဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေရဲ့ အစမို့ အန္တရာယ်များတဲ့ ရောဂါစာရင်းထဲ ပါနေတာ အားလုံးသိမှာပါ။ ဒါပေမဲ့ လွတ်လပ်ပေါ့ပါးစွာ ရယ်မောနေတဲ့ အချိန်မှာ စိတ်ဖိစီးမှု ဖြစ်ဖို့က အတော်လေး ခဲယဉ်းပါတယ်။ ဒီလိုဆို သွေးတိုးဖို့လည်း ဝေးပြီပေါ့။ စမ်းသပ်မှုတွေအရ ရယ်မောပြီးတဲ့နောက် သွေးဖိအားကို 7mmHg ထိ လျှော့ချပေးနိုင်ပြီး ဂီတကုထုံးတောင်မှ 6mmHg ထိပဲ လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။ ၂။ နေလို့ကောင်းစေတဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လမ်းပိတ်ဆို့ မှုကြောင့် မလွှဲမရှောင်သာ ရင်ဆိုင်နေကြရတဲ့ ကျန်းမာရေးပြဿနာများ

နေ့စဉ်နေ့တိုင်း လုပ်ငန်းခွင်ရှိရာဆီကို မော်တော်ယာဉ်တွေ ဘတ်စ်ကားတွေစီးပြီး ခရီးသွားနေရသူ ခရီးသည်တစ်ယောက်အတွက် စိတ်ညစ်စရာအကောင်းဆုံးကိစ္စက လမ်းပိတ်ဆို့ တာပါပဲ။ ရန်ကုန်မြို့ရဲ့ အရေးပါတဲ့နေရာအတော်များများမှာ လမ်းပိတ်ဆို့မှုတွေက အမြဲလိုလိုရှိနေတတ်တယ်မဟုတ်လား။ ဒီလိုယာဉ်ကျောတွေကြပ်တည်းပြီး ပိတ်ဆို့နေချိန်တွေမှာ ဘတ်စ်ကားပေါ် မတ်တပ်ရပ်ပြီး လိုက်ပါစီးနင်းနေရသူတစ်ယောက်အတွက်ဆိုရင် ဘယ်လောက်တောင်များ ပင်ပန်းလိုက်မလဲ။ မတ်တပ်ရပ်နေရလို့ ပင်ပန်းတယ်လို့ မထင်ပါနဲ့။ ဘတ်စ်ကားပေါ်ထိုင်ခုံနေရာရလို့ ထိုင်စီးနေရသူတွေ၊ ကိုယ်ပိုင်မော်တော်ယာဉ်နဲ့ သွားလာနေသူတွေလည်း မော်တော်ယာဉ်ပေါ်မှာ အချိန်ကြာမြင့်စွာထိုင်ပြီး စီးကြရတာကြောင့် သူ့နည်းသူ့ဟန်နဲ့သူတော့ ပင်ပန်းကြတာပါပဲ။ ခုလို မိုးတွင်းကာလမျိုးဆိုရင် ကားကကျပ်၊ လမ်းကပိတ် မိုးကရွာလို့ မိုးကစိုနဲ့ အင်မတန် စိတ်ပင်ပန်းဆင်းရဲစရာကောင်းလှတယ်မဟုတ်လား။ ဒီလိုမျိုးနေ့စဉ်နဲ့အမျှ မော်တော်ယာဉ်ပေါ်၊ ဘက်စ်ကားပေါ်မှာ နာရီနဲ့ချီပြီး ပိတ်မိနေတာက သင့်ရဲ့ စိတ်ကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ပိုတိုလာမယ်၊ စိတ်ပိုပင်ပန်းလာမယ်၊ ပူပင်သောကတွေပိုများလာမယ်၊ ဖန်တီးနိုင်စွမ်းလည်း လျော့လာမယ်။ ဒီတော့ လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်ကျဆင်းသွားပါလေရော။ မနက်ခင်းတိုင်း နာရီပေါင်းများစွာ အချိန်ကုန်ခံပြီး ဘတ်စ်ကားကို ပင်ပန်းဆင်းရဲစွာစီးနင်းကာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း