စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့်

လူဆိုတာ မိတ်ဆွေသူငယ်ချင်းတွေ မရှိဘဲ တစ်ယောက်တည်း နေလို့ မရပါဘူး။ ဒီလို မိတ်ဆွေ သူငယ်ချင်းတွေ ထားတဲ့အခါ ကိုယ့်အပေါ်မှာ သူတို့တွေကနေပေးတဲ့ Peer pressureတွေက မသိလိုက်ဘဲကို ရောက်လာတော့တာပါ။ မိတ်ဆွေသူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိပါတယ်။ မိတ်ဆွေကောင်းတွေက ပေးတဲ့ Peer pressureတွေကကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုပေမယ့် ကိုယ့်အပေါ်မှာ သဘောထား မမှန်တဲ့ အပေါင်းအသင်းတွေကပေးတဲ့ Peer pressureတွေကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ Peer pressureတွေကစိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ Peer pressureတွေက စိတ်ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်နေပါလိမ့် Peer pressureဆိုတာက စိတ်ပိုင်းဆိုင်ရာအပေါ် တော်တော်လေး အားပါပါ သက်ရောက်မှု ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် ကိုယ်ပေါင်းတဲ့ […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

စိတ်ညစ်တိုင်း စားနေတော့မှာလား။

အရင်ကတော့ ဗိုက်ဆာရင်ပဲ စားကြတာပါ။ ခုခေတ်ကတော့ အပြိုင်အဆိုင်များတဲ့ ခေတ်ဆိုတော့ စိတ်ဖိစီးမှုတွေ ပြေပျောက်ဖို့ စားလာကြပါတယ်။ အရင်ကတော့ စိတ်ထွက်ပေါက်ရှာမယ်ဆိုရင် ဆေးလိပ်သောက်တယ်၊ အရက်သောက်တယ်၊ မူးယစ်ဆေးသုံးတယ် စသဖြင့်ပေါ့။ ခုတော့ စားပါစားလာကြပြီ။ ရုတ်တရက်ကြည့်ရင်တော့ စိတ်ဖိစီးမှု ဖြေလျှော့တဲ့ နည်းလမ်းတွေထဲမှာ ဒီနည်းက အန္တရာယ်အကင်းဆုံးပဲပေါ့။ ဒါပေမယ့်  ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာကတော့ အမှန်ပါပဲ။ အထူးသဖြင့် ကျန်းမာရေးနဲ့ မညီညွတ်တာတွေကို စားမိမယ်ဆိုရင်ပေါ့။ ကိုယ့်ကိုယ်ကို တစ်ခေါက်လောက် မေးကြည့်ပါလား။ တစ်နေ့ တစ်နေ့ စားနေတာတွေက တကယ်ဆာလို့ စားနေတာလား။ ဒါမှမဟုတ် စိတ်ပြေရာ ပြေကြောင်း စားနေတာလားလို့။ TGIFလည်း စား၊ အသည်းကွဲလည်းစား၊ ပျင်းလည်းစား၊ စိတ်ညစ်လည်းစား၊ နောက်ဆုံး မာလာရှမ်းကောလေး dicountချလို့ တန်တုန်း စားရမယ်ဆိုပြီးစား၊ စားပြီးရင်း စားနေမိတော့တာပဲ။ ဒါကို အဖြေရှာရပါမယ်။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အိပ်ခါနီးမှ သရဲခြောက်ခံရတာလား

အိပ်ပျော်မလို ဖြစ်ပြီးမှ ရုတ်တရက် အနားမှာ ကျယ်ကျယ်လောင်လောင် အသံတစ်ခုခု ကြားလိုက်ရတယ်ဆိုရင်။ ဒါကလည်း သင်တစ်ယောက်တည်း ကြားလိုက်ရတယ်ဆိုရင်။ ဒါကို ဆေးပညာအရတော့ exploding head syndromeလို့ ခေါ်ပါတယ်။ တိုက်ရိုက်ဘာသာပြန်ရရင် ဦးခေါင်းပေါက်ကွဲထွက်ခြင်း ရောဂါစုပေါ့။ တကယ်တော့ ဘာသာပြန်ထားသလို ခေါင်းကြီး ပေါက်ထွက်သွားတာ မဟုတ်ပါဘူး။ ထူးထူးဆန်းဆန်း အသံတွေပဲ ကြားရတာပါ။ အသံတွေကလည်း ဗျောက်အိုးဖောက်သံ၊ မိုးကြိုးပစ်တဲ့အသံ၊ ဗုံးပေါက်တဲ့အသံစတဲ့ ကျယ်ကျယ်လောင်လောင် အသံတွေပါပဲတဲ့။ အိပ်ပျော်ခါနီး ဖြစ်တတ်သလို နိုးနေရင်းလည်း ဖြစ်ပါသတဲ့။ ဘာကြောင့် ဒီလိုဖြစ်တာလဲ။ ခုထက်ထိတော့ ဘာကြောင့်ရယ်လို့ တိတိပပ မပြောနိုင်ကြပါဘူး။ ထင်မြင်ချက်တွေကတော့ ဦးနှောက်အစိတ်အပိုင်းတွေမှာ အသေးစား အတက်ရောဂါ ရှိနေတာလား။ နားအလယ်ပိုင်းက အစိတ်အပိုင်းသေးသေးလေးတွေ လှုပ်ခတ်သွားလို့လား။ စိတ်ဖိစီးမှုတွေကြောင့်လားဆိုပြီး အမျိုးမျိုး ပြောကြပါတယ်။ တစ်ခါတလေတော့လည်း ခုနကပြောတဲ့ ရောဂါကြောင့် မဟုတ်ဘဲ အိပ်စက်ခြင်း ရောဂါတစ်ခုခုရှိနေတာ […]


စွဲလမ်းမှုပြဿနာများ

စွမ်းအားဖြည့်အချိုရည် (Energy Drinks) တွေ မသောက်ရမနေနိုင်ဖြစ်နေသလား

စွမ်းအားဖြည့်အချိုရည်များအား စွမ်းအင်ကို မြှင့်တင်ပေးနိုင်ခြင်း၊ နိုးကြားစေခြင်း၊ အာရုံစူးစိုက်နိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ဖြစ်စေတယ်ဆိုပြီး နာမည်ကျော်ပါတယ်။ ကဖိန်း၊ သကြားဓာတ်၊ ဗီတာမင် B၊ ဆေးဘက်ဝင်အပင်များမှ ပစ္စည်းများ၊ အမိုင်နိုအက်ဆစ် စတာတွေပါဝင်တတ်ပြီး စိတ်ပိုင်းရော ရုပ်ပိုင်းပါ စွမ်းအားဖြည့်ပေးမယ့် ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ စွမ်းအားဖြည့်အချိုရည်များဟာ စွမ်းအင်မြှင့်တင်ပေးပြီး လူကိုလန်းဆန်းစေပေမယ့် ကဖိန်းနဲ့ သကြားဓာတ် အများအပြားပါဝင်တာကြောင့် ကျန်းမာရေး ဆိုင်ရာ ပြဿနာအချို့ဖြစ်စေနိုင်ပါတယ်။ အဓိကကတော့ စွမ်းအားဖြည့်အချိုရည်ကို စွဲလမ်းလာခြင်း ဖြစ်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ စွမ်းအားဖြည့်အချိုရည်တွေ စွဲလမ်းလာရင် ကြုံလာမယ့်ပြဿနာတွေနဲ့ ဘယ်လိုကာကွယ်သင့်သလဲ ဆိုတာပါပဲ။ စွမ်းအားဖြည့်အချိုရည် စွဲလမ်းခြင်းဆိုတာ ဘယ်လိုမျိုးလဲ အရာဝတ္တုတစ်ခုခုကို သုံးစွဲပြီးရင် နောက်ဆက်တွဲဆိုးကျိုးကြုံတွေ့သည့်တိုင် မသုံးရရင် မနေနိုင်တဲ့ ပြဿနာမျိုး ဖြစ်ပါတယ်။ အချိုရည်ကိုလည်း မသောက်ရင် မနေနိုင်ခြင်းမျိုး ဖြစ်လာပါတယ်။ မသောက်ဘဲ နေလိုက်ရင် မလန်းဆန်းတာမျိုး၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ခေါင်းတွေပူပြီး အိုင်ဒီယာအသစ်တွေ ထွက်မလာတော့ဘူးလား

ဖြစ်တတ်ပါတယ်။ ဦးနှောက်စားရတာ များလာတဲ့အခါ လူက မနားရဘဲ ခေါင်းတွေ ထူပူလာတယ်၊ အိုင်ဒီယာအသစ်တွေ ထွက်လာဖို့ အတော်ကြိုးစားရုန်းကန်ရတဲ့ အခိုက်အတန့်မျိုး။ Creativity တွေ ကျနေပြီလား အသစ်အဆန်းတွေ မတွေးမိတော့ဘူး၊ အတွေးသစ်တွေ မနည်းညှစ်ထုတ်နေရတဲ့အချိန်မှာ အရင်ကထက် ပိုပင်ပန်းရပါတယ်။ ဒီလို Creativity တွေ ကျဆင်းနေပြီဆိုရင် အချိန်မီ အမြန်ကုစားသင့်ပါတယ်။ မဟုတ်ရင် ကိုယ့်ရဲ့ လုပ်နိုင်စွမ်း (productivity) တွေပါ ထိုးကျသွားပါလိမ့်မယ်။ ဖိစီးမှုတွေ လက်ထဲကနေ ကိုယ့်ကိုယ်ကို ကယ်တင်နိုင်ဖို့ဆို - (၁) အတွေးတွေကို ဆန်းစစ်ပါ ပထမဆုံး ကိုယ့်ခေါင်းထဲ ပေါ်ပေါ်လာတဲ့ အတွေးတွေကို တစ်ချက်ပြန်ဆန်းစစ်ပါ။ လူဆိုတာ အကျင့်ပါတတ်တဲ့ အမျိုးမို့ အဆိုးမြင်တာ၊ အပြစ်တင်တာ၊ ကြိုတွေးပူတာတွေလို ကိုယ့်စိတ်မှာ အဆိပ်ဖြစ်စေမယ့် အတွေးတွေ ဖြစ်လာတယ်ဆို အကျင့်မပါပါစေနဲ့။ အကောင်းမြင်ဘက်က အတွေးတွေကို မွေးမြူပါ။ စိတ်ဖိစီးတာ၊ ပူပန်တာတွေကြောင့် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

နေ့စဉ်ဘဝထဲက ပြဿနာတွေနဲ့ စိတ်ဖိစီးမှုများစွာကို ဘယ်လို ကျော်လွှားမလဲ

လူတိုင်းကတော့ အခက်အခဲတွေကို ရင်ဆိုင်နေကြရပါတယ်။ နေ့စဉ်ဘဝရဲ့ အပြောင်းအလဲတွေ၊ အတားအဆီးတွေ၊ အခက်အခဲတွေ၊ စိတ်ဖိစီးမှုဆိုတာတွေဟာ လူရယ်လို့ဖြစ်လာရင် ကြုံဆုံကြရတဲ့ ဒုက္ခဆင်းရဲတွေပဲ မဟုတ်လား။ အခက်အခဲတွေ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်လာရချိန်တိုင်းမှာ လက်လျှော့ အရှုံးပေးတော့မှာလား။ အညံ့ခံဒူးထောက်လိုက်မှာလား။ ဒါမှမဟုတ် “ဘဝဆိုတာ တိုက်ပွဲ” ဆိုတာကို ယုံကြည်ပြီး ဒီအခက်အခဲအတားအဆီးတွေကို ကျော်ဖြတ်ပြီး အောင်ပွဲတွေ ဆွတ်ယူကြမလား။ ကြုံဆုံလာရမယ့် အခက်အခဲတွေ၊ စိတ်ပင်ပန်းစရာတွေကို ဘယ်လိုတွန်းလှန်ကြမလဲ။ ဒီမေးခွန်းတွေကို အဖြေပေးနိုင်မဲ့ နည်းလမ်းတချို့တော့ရှိပါသေးတယ်။ ဒါတွေကတော့ မျှဝေခံစားပေးမဲ့ အသိုင်းအဝိုင်းတစ်ခုကို ရှာဖွေပါ - နေ့စဉ်ဘဝမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲ အတားအဆီးတွေ၊ စိတ်ပင်ပန်းဆင်းရဲမှုတွေကို ကျော်ဖြတ်သန်းဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းတစ်ခုက ကိုယ်နဲ့ရင်ဘတ်ချင်းနီးစပ်သူတွေနဲ့ မျှဝေတာပါပဲ။မိသားစု၊ ချစ်သူ၊ အိမ်ထောင်ဘက်၊ အချစ်ဆုံးသူငယ်ချင်း စတာတွေရဲ့ အကြံဉာဏ်ကူညီဖေးမမှုတွေက ပြဿနာတွေကို ကျော်ဖြတ်နိုင်စေဖို့ ကူညီနိုင်မှာဖြစ်သလို၊ ဒီလူတွေနဲ့ ကိုယ်နဲ့အကြား […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ချစ်ရမှာ စာမလိပ်တဲ့အခါ

ဒါကတော့ သားဖွားမီးယပ်ဆရာဝန်ကြီး ဒေါက်တာစိုးလွင်ရဲ့ အသုံးလေးပါ။ ' ချစ်ရမှာ စာမလိပ်'တဲ့။ လင်ရယ် မယားရယ် ဖြစ်လာပြီဆိုရင် အတူနေခြင်းဆိုတဲ့ လိင်ကိစ္စက နောက်ကနေ ပါလာတာပါပဲ။ ဒါက လူသားမျိုးဆက်ပြန့်ပွားရေးဆိုတဲ့ တာဝန်ကို သဘာဝကနေ တူတူလုပ်ကြဟဲ့လို့ ပေးအပ်လိုက်တာပါ။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ်နဲ့ စိတ်နဲ့ ထပ်တူမကျ၊ သူက တော်တော်ဖြစ်နေသလောက် ကိုယ်က စာမလိပ် စိတ်မလာဖြစ်နေတဲ့အခါ လင်မယားကြားမှာ အက်ကြောင်းလေးတွေ ဖြစ်လာတတ်ပါတယ်။ အိပ်ရာပေါ်က ကိစ္စတွေက လင်ရယ် မယားရယ် နှစ်ဦးနှစ်ဖက် အပေးအယူမျှမှ စိတ်ကျေနပ်စရာ ကောင်းတာပါ။ အများထင်သလို လိင်တံအရွယ်အစားတို့၊ မိန်းမမှာ မျှော့ပါမှတို့ဆိုတာ သံယောဇဉ်တွေ၊ ချစ်မေတ္တာတွေ၊ နားလည်မှုတွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်တော့ပါဘူး။ အပြင်လူမှုဘဝမှာ တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုရှိရသလို အိပ်ရာပေါ်မှာလည်း ကိုယ့်ရဲ့ ပါတနာကို လေးစားမှုပြရပါတယ်။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ပြစ်တင်ဝေဖန်မှု ဒဏ် ဉာဏ်ရှိရှိနဲ့ တုံ့ပြန်ရအောင်

လူမှုကွန်ရက်တွေရဲ့ သက်ရောက်မှုအင်အား ကြီးမားလာတဲ့ ဒီဘက်ခေတ်မှာ ချီးကျူး ၇ ရက်၊ ကဲ့ရဲ့ ၇ ရက် လို့ ဆိုပြီး ပစ်ထားလိုက်လို့ မရတော့ပါဘူး။ ပြစ်တင်ဝေဖန်မှုတွေကို စိတ်ရှိသလိုလည်း ခွန်းတုံ့ပြန်လို့ မဖြစ်ပြန်ဘူး။ ဒီအချိန်မှာ ဉာဏ်ရှိရှိနဲ့ တုံ့ပြန်ဖြေရှင်းနိုင်ဖို့က ပညာပါပဲ။ ခုနေချိန် အွန်လိုင်းပေါ်မှာ လူပြောများတဲ့ အကြောင်းအရာဆိုတာလည်း တစ်နေ့နဲ့ တစ်နေ့ မရိုးရသလို လူအများရဲ့ ပြစ်တင်ဝေဖန်ခံရသူကလည်း တစ်ယောက်မဟုတ် တစ်ယောက် အမြဲရှိနေတယ် မဟုတ်လား။ ကိုယ့်ကို ပြစ်တင်ဝေဖန်ခံနေရပြီ ဆိုရင် ချီးကျူးလေးစားတဲ့ မှတ်ချက်စကားတွေကသာ ပလူပျံနေချိန် ဘာပြန်ပြောပြော ချစ်နေကြတာပါ ၊ ပြစ်တင်ဝေဖန်ခံရချိန်မှာတော့ ဘာကိုမှ အမှားမခံ ထိရှလွယ်အခြေအနေ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ တုံ့ပြန်မိတဲ့ စကား မပြောနဲ့၊ စတစ်ကာပုံလေးနဲ့တောင် အခြေအနေ ပိုဆိုးသွားစေနိုင်ပါတယ်။ လူမှုကွန်ရက်ရဲ့ ထိုးနှက်မှုကို ကိုင်တွယ်မဖြေရှင်းနိုင်တဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

မီးညောင်လေးတွေရဲ့ ပိုင်ရှင်တွေသာ ရနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူး

တမြောင်မြောင်နဲ့ အော်ပြီး လက်ကို ဖက်ဖက် ကိုက်တတ်တဲ့ မီးညောင်လေးတွေကို အသည်းစွဲ ချစ်တတ်သူလား။ အမြီးလေး တထောင်ထောင်နဲ့ ပွတ်သီးပွတ်သပ်ချွဲတိုင်း စားချင်တာကို ချကျွေးနေရတဲ့ ချစ်မဝလေးတွေက အမောပြေစေရုံ၊ ချစ်မဝစရာ ကောင်းရုံတင် မဟုတ်ဘဲ သူတို့ကို ချစ်တဲ့ သင့်ကို ကျန်းမာရေး ကောင်းစေဖို့လည်း ထောက်ပံ့ပေးပါသတဲ့နော်။ မီးညောင်လေး ရှိသူတွေသာ ရနိုင်မယ့် ကျန်းမာရေး အသည်းစွဲ ချစ်ရတဲ့ အိမ်မွေး တိရစ္ဆာန်လေးက မီးညောင်လေးပါ ဆိုရင်တော့ စိတ်ဖိစီးမှု ပြေလျော့စေပြီး စိတ်ခံစားမှု ကောင်းစေတယ် တစ်နေ့ကို ၁၅ မိနစ် ကနေ နာရီဝက်လောက် ကြောင်လေးတွေနဲ့ ကစားပေးတာက စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး စိတ်ခံစားမှုကို ကောင်းစေပါတယ်။ ကြောင်လေးတွေနဲ့ အချိန်ဖြုန်းတာက စီရိုတိုနင် ဟော်မုန်းကို မြင့်တက်စေပြီး စိတ်ဖိစီးမှု ဖြစ်စေတဲ့ ကော်တီစော ဟော်မုန်းကို ကျဆင်းစေနိုင်လို့ပါ။ ကျန်းမာစေတယ် ယုံချင်ယုံ မယုံချင်နေပါ။ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုများတဲ့ Office life မှာ အဆင်ပြေပျော်ရွှင်နေအောင် ဘယ်လိုဖန်တီးယူကြမလဲ။

သင့်ဘဝသက်တမ်းရဲ့ ဘယ်လောက်ကို အလုပ်ထဲမှာ နှစ်မြုပ်ထားလဲဆိုတာ တွေးဖူးပါသလား။ အလုပ်ချိန်က မနက်၉နာရီကနေ ညနေ၅နာရီ အထိဆိုပါစို့။ တစ်နေ့ကို ၈နာရီ အလုပ်လုပ်ရပါတယ်။ ဒါဟာ တစ်နေ့တာရဲ့ ၃ပုံ ၁ပုံပါ။ ဒီအတိုင်းတွက်မယ်ဆိုရင် အသက် ၆၀ ရှိတဲ့လူတစ်ယောက်ရဲ့ နှစ်၂၀ အချိန်က လုပ်ငန်းခွင်ထဲမှာ ရှိနေတာပါ။ တစ်နေ့မှာ ၈နာရီက အလုပ်လုပ်တယ်။ ၈နာရီအိပ်တယ်။ ကျန်တဲ့၈နာရီက ကိုယ်ရေးကိုယ်တာကိစ္စလေးတွေ လုပ်တယ်ပေါ့။ ခုခေတ်လိုမျိုးဆိုရင် ရုံးသွားလို့ ကားကြပ်ရင် ၁နာရီကျော်၊ ရုံးပြန်ကားကြပ်ရင် ၁နာရီကျော် ကုန်သွားပြီဖြစ်တဲ့အတွက် ကိုယ့်အတွက် ဘာမှမကျန်တော့ပါဘူး။ စျေးစကားနဲ့ပြောရင် အရှုံးပေါ်တော့မှာပါ။ ဒီကြားထဲမှာ အဆစ်ပါလာတာကတော့ လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေ ပြဿနာနဲ့ အဆင်မပြေတာတွေပါ။ အလုပ်လုပ်ရမယ်ဆိုတာမှန်ပေမယ့် အလုပ်လုပ်ဖို့ တစ်ခုတည်းအတွက်တော့ လူဖြစ်လာတာမဟုတ်ဘူးလေ။ ဒီခေတ်စကားနဲ့ဆိုရင် quality of life ရှိရမယ်။ Work-Life balance […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Ambivert တွေရဲ့ ထူးခြားတဲ့ ဝိသေသ

ပေါင်းသင်းဆက်ဆံနေရတဲ့ ပတ်ဝန်းကျင်မှာ လူအမျိုးမျိုး အထွေထွေရှိနိုင်ပါတယ်။ ဒီလို လူပေါင်းစုံကို အကောင်းဆုံး ပေါင်းသင်းဆက်ဆံနိုင်ဖို့ဆိုရင် သူတို့က ဘယ်လိုလူ အမျိုးအစားလဲ ဆိုတာကို သိထားဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတွေထဲက Ambivert လေးတွေရဲ့ သူမတူတဲ့ ဝိသေသလေးတွေကို ပြောပြပေးချင်ပါတယ်။ ဘာလဲဟဲ့ Ambivert Ambivert ဆိုတာက လူတစ်ယောက်မှာ ရှိနေတဲ့ ကိုယ်ရည်ကိုယ်သွေးတွေထဲက တစ်ခုပါ။ သူတို့က introversion ရော extroversion ကိုပါ မျှတစွာ ပိုင်ဆိုင်ထားတာပါ။ အခြေအနေ၊ အကြောင်းအရာ၊ အဖြစ်အပျက် နဲ့ ရည်မှန်းချက်တွေ ကွာခြားမှုအပေါ် မူတည်ပြီး သူတို့ရဲ့ ပုံစံကို ပြောင်းလဲ တတ်ကြသူတွေပါ။ အခြေအနေ အချိန်အခါ အလိုက် ပြုမူနေထိုင်တတ်သူတွေပေါ့။ ပွင့်လင်းဖို့လိုရင် ပွင့်လင်းမယ်။ ဆိတ်ဆိတ်နေဖို့ လိုရင် ဆိတ်ဆိတ်နေမယ်။ ရောက်ရှိသွားတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း