ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက်ကြီးလာတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်နဲ့ စိတ်မှာ ဘယ်လိုတွေ ပြောင်းလဲလာသလဲ။ သင့်ကိုယ်သင် ကျန်းမာသန်စွမ်းအောင် ဘယ်လိုနေထိုင်မလဲဆိုတာ သိထားရင် အသက်ကြီးလာမှာကို ကြောက်စရာမလိုပါဘူး။ ဒီနည်းလမ်းတွေကိုတော့ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။ အသက်ကြီးလာပေမယ့် ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ

အသက်အရွယ် ရလာတဲ့အခါ နှလုံး နဲ့ နှလုံးသွေးကြောတွေမှာ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ တော်တော်များများ ပြောင်းလဲမှုတွေက အသက်အရွယ်ကြောင့် ဖြစ်လာတာဆိုပေမယ့် အချို့သောအချက်တွေကြောင့် နှလုံးကျန်းမာရေး အခြေအနေတွေက ပိုဆိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ မကုသဘဲ ထားမယ်ဆိုရင် နှလုံးရောဂါ ဖြစ်လာတော့မှာပါ။ ဒီတစ်ခေါက်တော့ လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ ကို ပြောပြပေးချင်ပါတယ်။ နှလုံး ဘယ်လို အလုပ်လုပ်သလဲ နှလုံးက သန်မာတဲ့ ကြွက်သားဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ဆီကို သွေးတွေညှစ်ထုတ်ပြီး ပေးပို့ပေးနေတဲ့ အစိတ်အပိုင်းပါ။ ပုံမှန်အားဖြင့်တော့ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ နှလုံးဟာ လက်သီးဆုပ်အရွယ်လောက်ပဲ ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် နှလုံးက ကားတစ်စီးရဲ့ အင်ဂျင်လိုပါပဲ။ အင်ဂျင်က ကားရွှေ့လျား မောင်းနှင်နိုင်အောင် လုပ်ဆောင်ပေးသလို နှလုံးက ခန္ဓာကိုယ် လှုပ်ရှားနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ နှလုံးမှာ အပိုင်း […]

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကို ရှာဖွေမည်။

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက်ရွယ်ကြီးသူတွေအတွက် အကျိုးများနိုင်မယ့် ဦးနှောက်လေ့ကျင့်ခန်း (၃)မျိုး

လေ့ကျင့်ခန်းတွေဟာ သင့်ကိုယ်ခန္ဓါအတွက်သာမက အသက်ကြီးရင့်တဲ့ ဦးနှောက်တွေအတွက်ပါ အကျိုးရှိတယ်ဆိုတာ သင်သိပြီးဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် အသက်ကြီးလို့ဖြစ်တဲ့ ဦးနှောက်ရောဂါတွေကို ရှောင်ကျဉ်နိုင်ပါသလား၊ အဖြေကတော့ မှန်ပါတယ်။ အောက်ဖေါ်ပြပါ လေ့ကျင့်ခန်းသုံးခုဟာ သင်သိသင့်တဲ့ ဦးနှောက်အတွက်ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေက အသက်ကြီးရင့်တဲ့ ဦးနှောက်ကို ကူညီနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ မှတ်ဉာဏ်မကောင်းခြင်းနဲ့ Alzheimer’s ရောဂါတွေကို ကာကွယ်ပေးပါတယ်။ လေ့ကျင့်ခန်းဟာ insulin resistance၊ ရောင်ရမ်းခြင်း တွေကို လျော့ကျစေပြီး ဦးနှောက်မှာ ရှိတဲ့ ဆဲလ်တွေရဲ့ ဖွံ့ဖြိုးမှုကို လှုံဆော်ပေးကာ ဦးနှောက်ဆဲလ်အသစ် ဖြစ်ပေါ်မှုကို အားပေးပါတယ်။ ဦးနှောက်မှာ ဆဲလ်အသစ် ဖြစ်တာနည်းလေလေ အသက်ကြီးလာတဲ့အခါ သွေးကြောတွေ ဒုက္ခရောက်လေလေ ဖြစ်တာကြောင့် ဒါဟာ အရေးကြီးပါတယ်။ လေ့လာမှုတွေက လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ကို ကောင်းကောင်းအိပ်ပျော်စေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးလည်း ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ […]


ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အရေပြားပြဿနာတွေကို သက်ကြီးရွယ်အိုတွေအနေနဲ့ ဘယ်လိုစီမံမလဲ

အချိန်နဲ့ အမျှသင်အသက်ကြီးလာတဲ့အခါ အသားအရည်ဟာလည်း အိုမင်းလာပါလိမ့်မယ်။ အရေပြားရဲ့ ပုံသဏ္ဍန်နဲ့ တည်ဆောက်ပုံတွေလည်းပြောင်းလဲနိုင်ပြီး အရေးအကြောင်းတွေ၊ အသားခြောက်ခြင်းတွေ၊ အစက်အပြောက်တွေ ဖြစ်လာနိုင်ပါတယ်။ ကင်ဆာဖြစ်နှုန်းလည်း များလာနိုင်ပါတယ်။ ဒါပေမယ့် ဒီပြောင်းလဲမှုတွေကို ထိန်းချုပ်ပြီး အရေပြားကို ကာကွယ်နိုင်မယ့် အဆင့်တွေ ရှိပါတယ်။ အရေပြား ခြောက်ခြင်း အရေပြားခြောက်လာပါလိမ့်မယ်။ သင်အသက်ကြီးလာချိန်မှာ အရေပြားဟာ ရေဓါတ်ခမ်းခြောက်လာတာမို့ ခြောက်သွေ့လာနိုင်ပါတယ်။ အသားခြောက်နိုင်တဲ့ နေရာတွေကတော့ တံတောင်ဆစ်၊ ခြေထောက်အောက်ပိုင်း၊ လက်မောင်းအောက်ပိုင်းတွေပဲ ဖြစ်ပါတယ်။ သင့်အရေပြားပါ ကြမ်းတမ်းပြီး အရေခွံကွာတာကိုလည်း ခံစားရနိုင်ပါတယ်။ အောက်ပါအချက်တွေဟာ အရေပြားခြောက်သွေ့ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ရေ (သို့) အခြားအရည်တွေ လုံလောက်အောင် မသောက်ခြင်းကြောင့် ကိုယ်ခန္ဓါက ရေဓါတ် လျော့နည်းခြင်း နေရောင်အောက်မှာ အချိန်အများအပြား ကုန်ဆုံးခြင်း ခြောက်သွေ့တဲ့လေနဲ့ ထိတွေ့မှုများခြင်း (ဥပမာ အဲကွန်းခန်းထဲမှာ အလုပ်လုပ်ခြင်း၊ နေခြင်း) ဆေးလိပ်သောက်ခြင်း ချွေးထွက်ခြင်း၊ အဆီထွက်ခြင်း […]


တက်ကြွလှုပ်ရှားစွာနေထိုင်ခြင်း

သင်သိထားသင့်သည့် သက်ကြီးရွယ်အိုများအတွက် ဟန်ချက်ထိန်းလေ့ကျင့်ခန်း ၅ မျိုး

သင်အသက်ကြီးလာတဲ့အချိန်မှာ ချော်လဲနိုင်ပါတယ်။ ချော်လဲခြင်းနဲ့ ချော်လဲခြင်းကြောင့်ရတဲ့ ဒဏ်ရာတွေဖြစ်တဲ့ အရိုးကျိုးခြင်းတွေဟာ သင့်ရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်နိုင်ပါတယ်။ ညီမျှမှု လေ့ကျင့်ခန်းတွေဟာ သင့်လှုပ်ရှားမှုတွေနဲ့ ကိုယ်ခန္ဓါပုံစံတွေကို ထိန်းချုပ်မှုရရှိစေပါတယ်။ ဒါကြောင့် သူတို့က ချော်လဲခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ရိုးရှင်းတဲ့ လေ့ကျင့်ခန်း ငါးမျိုး သင့်ရဲ့ညီမျှမှုကို တိုးတက်စေတဲ့ ရိုးစင်းတဲ့ လေ့ကျင့်ခန်း ငါးမျိုးရှိပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို သင်လုပ်နိုင်မလုပ်နိုင်နဲ့ သင့်ကျန်းမာရေးအခြေအနေနဲ့ လုပ်ဖို့ သင့်မသင့်ဆိုတာ သိရှိဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ခြေထောက်တစ်ဖက်နဲ့ မတ်တပ်ရပ်ပါ။ နံရံနဲ့ မျက်နှာခြင်းဆိုင် (သို့) ခုံရဲ့ နောက်ဘက်မှာ ရပ်သင့်ပါတယ်။ လက်ကို ဆန့်ထုတ်ပြီး နံရံ (သို့) ထိုင်ခုံကို ထိထားသင့်ပါတယ်။ ခြေထောက်တစ်ဖက်ကို ဒူးကွေးပြီးကမကာ တင်ပါးဆုံ မျက်နှာပြင်လောက်ရောက်အောင် မြှောက်ထားသင့်ပါတယ်။ ခြေထောက်ကို ကြမ်းပြင်ပေါ်ကို ဖြည်းညင်းစွာ ပြန်ချပါ။ ဒီပုံစံကို […]


တက်ကြွလှုပ်ရှားစွာနေထိုင်ခြင်း

အသက်ရွယ်ကြီးသူတွေ ချော်မလဲအောင် အကူအညီပေးနိုင်တဲ့အချက် (၅)ချက်

ချော်လဲခြင်းဟာ အရိုးကျိုးခြင်းအပါအဝင် ပြင်းထန်တဲ့ ပြဿနာ အတော်များများကို ဖြစ်စေနိုင်ပါတယ်။ အရိုးကျိုးခြင်းဟာ နာကျင်မှုနဲ့ လှုပ်ရှားမှု လျော့နည်းခြင်းတွေကို ဖြစ်စေပါတယ်။ သင်အသက်ကြီးလာရင် ကိုယ်ခန္ဓါ ညီမျှမှုကို မထိန်းနိုင်တော့တာကြောင့် ချော်လဲဖို့ ရာနှုန်းများပါတယ်။ ကိုယ်ခန္ဓါကလည်း အရိုးသိပ်သည်းဆ နည်းပါးတာကြောင့် ပြင်းထန်တဲ့ အရိုးကျိုးခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အောက်ပါအချက်တွေကို သေချာစွာ လိုက်နာရင် ချော်လဲခြင်းကနေ သင့်ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။   ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ သင့်ကိုယ်သင်အရင်ချစ်သင့်ပါတယ်။ သန်စွမ်းတဲ့ ကိုယ်ခန္ဓါဟာ ရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အမြင်အာရုံ၊ အကြားအာရုံတွေကို ပုံမှန်စစ်ဆေးပါ။ ပြီးရင်တော့ သင့်မှာ အခြားပြဿနာရှိမရှိ ဆရာဝန်နဲ့ စကားပြောသင့်ပါတယ်။ သင်နဲ့ သင့်ဆရာဝန်ဟာ သင့်လျော်တဲ့ကုသမှုတွေ အကြောင်းကို ဆွေးနွေးသင့်ပါတယ်။ ဒီပြဿနာတွေကို မကုသပဲထားမယ်ဆိုရင် အရာဝတ္ထုတွေကို မရှောင်နိုင်ပဲ ချော်လဲနိုင်ပါတယ်။ […]


အဖြစ်များသော လူကြီးရောဂါများ

သက်ကြီးရွယ်အိုများအတွက် နှလုံးကျန်းမာရေးနည်းလမ်း ၅ သွယ်

အချိန်ကြာလာတာနဲ့အမျှ နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေဟာ ကျဆင်းလာနိုင်ပါတယ်။ သင်အရင်တုန်းကလိုမျိုး အလုပ်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အောက်မှာပြောထားတဲ့ အချက်တွေကတော့ သင်အသက်ကြီးလာတဲ့အခါ နှလုံးကျန်းမာဖို့ လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုများအတွက် နှလုံးကျန်းမာရေးနည်းလမ်း တွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ သက်ကြီးရွယ်အိုများအတွက် နှလုံးကျန်းမာရေးနည်းလမ်း ၅ သွယ် သက်ကြီးရွယ်အိုများအတွက် နှလုံးကျန်းမာရေးနည်းလမ်း တွေကတော့ (၁) ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ သင်အသက်ကြီးလာတာနဲ့ အမျှ ကိုယ်ခန္ဓာလဲ ပြောင်းလဲလာနိုင်ပါတယ်။ ကြွက်သားတွေ နည်းပါးလာနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်တောင် ကိုယ်ခန္ဓာက ကယ်လိုရီအနည်းငယ်ကို အသုံးပြုတာကြောင့် လုပ်သလောက် ဝိတ်မကျတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ငယ်ငယ်တုန်းကနဲ့ ယှဉ်ရင် ပိုပြီး ကယ်လိုရီ နည်းတဲ့ အစားအသောက်တွေကိုသာ လိုအပ်လာပါလိမ့်မယ်။ ဒါပေမယ့် သင့်ကိုယ်ခန္ဓာကတော့ စွမ်းအင်ကို လိုအပ်နေဆဲဖြစ်တာကြောင့် အာဟာရဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသုံးသင့်ပါတယ်။ ဒီ့အတွက် သင့်တော်တဲ့ ကိုယ်အလေးချိန်ရဖို့ […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

ပြုစုစောင့်ရှောက်သူလမ်းညွှန် - သက်ကြီးရွယ်အို ပြုစုနည်းများ

အသက်ကြီးသူတွေကို စောင့်ရှောက်သူတွေဟာ အတွေ့များပေမယ့် ဘယ်လိုစောင့်ရှောက်ရမလဲဆိုတာကတော့ စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ အသက်ကြီးသူတွေကို ဘယ်လိုသေချာစောင့်ရှောက်ရမလဲဆိုတာ ဖေါ်ပြသွားမှာဖြစ်ပါတယ်။ အသက်ကြီးသူတွေအကြောင်း ပထမဦးစွာ အသက်ကြီးသူတွေနဲ့ ပတ်သက်တဲ့ အသုံးဝင်တဲ့ အချက်အလက်တွေကို သိထားသင့်ပါတယ်။ ဥပမာ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ အခြားမိသားဝင်တွေရဲ့ လိပ်စာ၊ ဖုံးနံပတ်တွေကို သိထားသင့်ပါတယ်။ အသက်ကြီးသူတွေကို စောင့်ရှောက်ဖို့ အစီအစဉ်မဆွဲခင် သူတို့ရဲ့ အခြေအနေကို သိထားဖို့ အရေးကြီးပါတယ် သင်ဘာလုပ်ပေးနိုင်မလဲ ဆိုတာနဲ့ ပြဿနာ ဖြစ်လာခဲ့ရင် ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြိုတင်တွေးထားဖို့ လိုအပ်ပါတယ်။ အသက်ကြီးသူတွေရဲ့ အဓိက အချက်အလက်တွေကို မေးထားသင့်ပါတယ်။ ဒီအချက်အလက်တွေကတော့ အသက်ကြီးသူတွေရဲ့ မွေးနေ့ အသက်အာမခံ အချက်အလက်၊ အသက်အာမခံ နံပတ် သောက်နေတဲ့ ဆေး ဆရာဝန်၊ ဆရာမ၊ ဆေးရုံ၊ ကုသမှုခံယူနေတဲ့ ဆေးခန်းတွေရဲ့ ဖုံးနံပါတ် ဒီအချက်အလက်တွေက မှန်ကန်သင့်ပြီး နောက်ဆုံးရ အချက်အလက်တွေ […]


ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

သက်ကြီးရွယ်အိုညှင်းပန်းနှိပ်စက်မှု

အသက် ၆၀ နဲ့ ၆၀ အထက် သက်ကြီးရွယ်အိုတစ်ဦးကို မိသားစုဝင်တစ်ဦးဦးကပဲဖြစ်ဖြစ် အခကြေးငွေနဲ့ငှားရမ်းထားတဲ့ သူတစ်ဦးကပဲဖြစ်ဖြစ် မညှာမတာဆက်ဆံမိတဲ့အခါ သက်ကြီးရွယ်အိုညှင်းပန်းနှိပ်စက်မှုတစ်ရပ်ဖြစ် ပေါ်လာရပါတယ်။ သက်ကြီးရွယ်အိုညှင်းပန်းနှိပ်စက်မှုတွေက အောက်ဖော်ပြပါ ပုံစံအမျိုးမျိုးနဲ့ ဖြစ်နိုင်ပါတယ်။ ၁။ ရုပ်ပိုင်းဆိုင်ရာနှိပ်စက်မှု သက်ကြီးရွယ်အိုတွေကို ရိုက်နှက်တာ၊ ထိုးကြိတ်တာနဲ့ အပူလောင်တာမျိုးတွေဖြစ်နိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေကို မအိပ်ချင်ဘဲ အိပ်ရာထဲ လှဲနေခိုင်းတာ၊ ဘီးတပ်ကုလားထိုင်မှာ မထိုင်ချင်လည်း ထိုင်နေရတာနဲ့ အခန်းထဲမှာ သူတို့မနေချင်တာကို အခန်းတံခါးပိတ်ပြီး ထားတာကလည်း ရုပ်ပိုင်းဆိုင်ရာအရညှင်းပန်း နှိပ်စက်တာပဲဖြစ်ပါတယ်။ သည်လိုမျိုး ညှင်းပန်းနှိပ်စက်မှုမျိုးကို သက်ကြီးရွယ်အိုရဲ့ခန္ဓါကိုယ်မှာ ပုံမှန်မဟုတ်တဲ့ ထိခိုက်ဒဏ်ရာရမှုတွေကနေတဆင့်သိရှိနိုင်ပါတယ်။   ၂။ လိင်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှု သက်ကြီးရွယ်အိုတွေကို အဝတ်မပါဘဲ နေခိုင်းတာ၊ လိင်အသားပေးပုံတွေရိုက်ခိုင်းတာ၊ မလျော်ကန်တဲ့ အထိအတွေ့မျိုးတွေလိုမျိုး လိင်ပိုင်းဆိုင်ရာအရ အတင်းအကျပ်စေခိုင်းခံရတဲ့ အပြုအမူမျိုးတွေနဲ့ တွေ့ကြုံခံစားရတတ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့အခါ တွေ့ရတတ်တဲ့လက္ခဏာရပ်တွေ- • အဝတ်အစားတွေနဲ့ အတွင်းဝတ်အဝတ်တွေမှာ သွေးတွေပေနေတာ။ • လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ။ • […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

ပင်စင်ယူပြီးရင် ဘာလုပ်ကြမလဲ

ပျော်ရွှင်မှုဟာဘဝရဲ့ ရည်မှန်းချက်လို့ ကျွန်မတို့အားလုံးယူဆကြပါတယ်။ လူတွေဟာနေ့စဉ်နေ့တိုင်းသူတို့ရဲ့ဘဝကိုပျော်ပျော်သာနေလိုကြပါတယ်။ ပင်စင်ယူပြီးသွားရင် သူတို့တွေမှာအလုပ်လုပ်ဖို့ မလိုတော့တဲ့အတွက် အချိန်ပိုရပါလာတော့တယ်။ တခြားသူတွေကလည်းသူတို့ထိုင်စားပြီးလုပ်ချင်တာလုပ်နေတော့မယ်လို့ ထင်မြင်ယူဆကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကပြဿနာမဟုတ်သေးပါဘူး။ ပင်စင်ယူပြီးဘာလုပ်မယ်လို့ ရည်ရွယ်ထားတဲ့ ရည်မှန်းချက် မရှိဘူးဆိုရင် သင့်ဘဝဟာပျင်းခြောက်ခြောက် ဖြစ်လာမှာပါ။ ဒါ့ကြောင့် အချိန်ကိုဘယ်လိုပိုမိုတန်ဖိုးရှိပြီးစိတ်ဝင်စားစရာကောင်းအောင် အသုံးချမလဲ။ ကျန်ရှိနေသေးတဲ့ သင့်ဘဝကိုပျော်ရွှင်ဖွယ်ဖြစ်အောင် ကြိုတင် ကြံဆကြပါစို့။ အလုပ်တစ်ခုရှာပါ အချိန်ပိုင်းလုပ်ရတဲ့ အလုပ်ဆိုအဆင်ပြေပါတယ်။ ပေါ့ပေါ့ပါးပါးအလုပ်လေးတွေလုပ်ရင်းနဲ့ လူအသစ်တွေနဲ့ တွေ့ဆုံရတာဟာအိမ်မှာနေရတာထက် ပိုမိုသာလွန်ပါတယ်။ အလုပ်ရှိခြင်းဟာဝင်ငွေအနည်းငယ် ရရှိစေနိုင်ပြီးလူ့အဖွဲ့အစည်းအတွက် အကျိုးပြုတဲ့သူလို့ ကိုယ့်ကိုကိုယ် ခံစားရမှာပါ။ ဒါဟာလူအများစုရှာဖွေနေတဲ့ လွတ်လပ်ပြီးစိတ်ချမ်းသာစရာကောင်းတဲ့အလုပ်ပါပဲ။ သင့်ကြွက်သားတွေ အလုပ်လုပ်ရတဲ့အတွက် သင့်ကျန်းမာရေးကိုလည်းပိုမိုကောင်းမွန်စေပါတယ်။   စေတနာ့ဝန်ထမ်းအလုပ်တွေမှာပါဝင်ဆောင်ရွက်ပါ ဒါဟာပင်စင်စားလူအများစုလုပ်ရကျိုးနပ်တယ်လို့ ယူဆကြတဲ့ သိသာထင်ရှားတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ အခွင့်အရေးတွေ မရေမတွက်နိုင်အောင် ရှိနေပါတယ်။ အကူအညီလိုအပ်နေတဲ့လူတွေကိုကူညီတာတွေ၊ ဆေးရုံ၊ စာကြည့်တိုက်တွေမှာကူညီပေးတာတွေကစလို့ ဒေသခံလူတွေဖွဲ့စည်းထားတဲ့ စေတနာ့ ဝန်ထမ်းအုပ်စုတွေမှာအကူအညီပေးတာ၊ ဘုရားကျောင်းတွေမှာဝေယျာဝစ္စလုပ်ကူတာနဲ့ မိဘမဲ့ဂေဟာတွေမှာကလေးတွေကိုကူညီစောင့်ရှောက်ပေးတာအထိအမျိုးမျိုးရှိနေပါတယ်။ […]


ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက် ၄၀ ပြည့်သောအခါလေ့ကျင့်ခန်းပြုလုပ်ခြင်းကိုမဖြစ်မနေစတင်သင့်ပုံ

အသက်(၄၀)ဟူသောဘဝမှတ်တိုင်သည် များစွာသောကျန်းမာရေးပြဿနာများဖြစ်နိုင်ချေရှိလာခြင်းကိုပြသနေသည်။ ကျွမ်ကျင်သူများက( ၄၀)ပြည့်နှစ်မွေးနေ့သည် သင့်ကျန်းမာရေးကို ကိုယ်တိုင်စစ်ဆေး အကဲဖြတ်ရန်အကောင်းဆုံးအချိန်ဟုဆိုကြသည်။ လူများစွာတို့ သည်များပြားသောအလုပ်တာဝန်များ၊အသက်အရွယ်ရလာသောမိဘများ၊ရင်သွေးငယ်များစသည်တို့နှင့် မအားလပ်နိုင်ကြသည့်အတွက်ကျန်းမာရေးကိုဘေးချန်ထားမိတတ်ကြသည်။ သို့သော်အသက် (၄၀)ဟူသောကာလသည်သင်နေထိုင်ကောင်းမှုကိုဆန်းစစ်ရန်နှင့်ရေရှည်အတွက်အစီအစဉ်ဆွဲရန်ကာလတစ်ခုဖြစ်ပါသည်။ အမြင်အာရုံနှင့်ပတ်သက်သောပြဿနာများအတွက်သတိရှိပါ အသက်(၄၀)အရွယ်တွင် အမြင်အာရုံပိုင်းအားနည်းစပြုလာသည့်အတွက်သင်၏မျက်လုံးကိုစစ်ဆေးရန်လိုအပ်လာသည်။ သင့်အနေနှင့်ဆေးပုလင်းများနှင့် အခြားသောအရာများပေါ်တွင်ရေးသားထားသောအညွှန်းများကို ဖတ်နိုင်ရမည်။ သင့်မှာစာကြည့်မျက်မှန်လည်းမရှိ၊စာလုံးသေးသေးလေးများကိုလည်းမမြင်နိုင်ဟုဆိုလျှင်အရေးကြီးသောအချက်များကိုသင်မသိလိုက်ဘဲဖြစ်သွားနိုင်သည်။ သက်ကြီးရွယ်အိုများတွင် မျက်စိကွယ်ရခြင်း၏အဓိက အကြောင်းရင်းတစ်ရပ်မှာMacular Degeneration ဟုခေါ်သောမြင်လွှာနောက်ခံသားပျက်စီးသည့်ရောဂါဖြစ်ပါသည်။ အသက်(၄၀) ကျော်ပြီးသူများ၏၉.၁သန်းခန့်တွင်ထိုရောဂါခံစားနေရသည်ဟုဆိုသည်။ နေကာမျက်မှန်တပ်ခြင်းကလည်း ကာကွယ်မှုထပ်မံရရှိနိုင်သည်။ နေရောင်ခြည်ကိုထိတွေ့မှုများလျှင် အတွင်းတိမ်ရောဂါဖြစ်စေနိုင်သည့်အတွက်နေကာမျက်မှန် တပ်ခြင်းသည်ကောင်းသောစိတ်ကူးဖြစ်သည်။ ထိုမျက်မှန်ကို ရွေးချယ်သည့်အခါခရမ်းလွန်ရောင်ခြည်အေနှင့်ဘီကိုကာကွယ်နိုင်သောအမျိုးအစားကိုရွေးပါ။ သင်နှင့်ပတ်သက်သောကိန်းဂဏန်းတန်ဖိုးတချို့ကိုသိအောင်လုပ်ပါ အသက်(၄၀) အရွယ်တွင်သင်၏သွေးပေါင်ချိန်၊သွေးတွင်း အဆီဓါတ်ကိုလက်စထရော၊သွေးတွင်းသကြားဓါတ်နှင့် ကိုယ်အလေးချိန်စသည်တို့၏တန်ဖိုးကိုသင်ကိုယ်တိုင်သိအောင်လုပ်ရမည်။ မိမိ၏ကိုလက်စထရောပမာဏကိုသိရှိနေရန်လိုအပ်ပြီးယခင်က မစစ်ဆေးဖူးပါကအသက်(၄၀)အရွယ်တွင်စစ်ဆေးမှုပြုလုပ်သင့်ပါသည်။ နီးစပ်ရာဆေးခန်းတွင် သွေးပေါင်ချိန်တိုင်းခြင်း၊ဆရာဝန်နှင့်တိုင်ပင်၍သွေးတွင်း သကြားဓါတ်(ဆီးချိုရောဂါရှိ/မရှိ)တို့ကိုစစ်ဆေးသင့်သည်။ ထို တန်ဖိုးများကိုသိရှိခြင်းဖြင့်သင်ရောသင့်ဆရာဝန်ကပါတိမ်မြုပ်နေသောရောဂါတစ်ခုခုကိုတွေ့ရှိနိုင်သည်။ ကြွက်သားလေ့ကျင့်ခန်းများပြုလုပ်ပါ အသက်(၄၀)အရွယ်မှစ၍၊၁နှစ်လျှင် ကြွက်သား၁%ခန့်ဆုံးရှုံးသွားသည်။ ထို့ကြောင့်အလေးမသောလေ့ကျင့်ခန်းများကိုနှလုံးကျန်းမာရေးဆိုင်ရာ ကာဒီယိုလေ့ကျင့်ခန်းများနှင့်တွဲဖက်၍တစ်ပတ်စာလေ့ကျင့်မှုအစီအစဉ်ဆွဲ၍အားထုတ်မည်ဆိုလျှင် အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ အသက်အရွယ်ရလာလေလေ ကိုယ်ခန္ဓါ၏ပျော့ပြောင်းမှုလည်းနည်းပါးလာလေဖြစ်သည်။ သင်နေ့စဉ်လေ့ကျင့်ခန်းများတွင်ယောဂကျင့်စဉ်နှင့် ခန္ဓါကိုယ်ဟန်ချက်လေ့ကျင့်ခန်းများ(Pilates)တို့ကိုပါ ထည့်သွင်းပြုလုပ်ပါ။ ထိုလေ့ကျင့်မှုများကသင့်ကိုယ်ခန္ဓါ၏ ကွေးဆန့်စွမ်းရည်၊ကိုယ်ခန္ဓါအတွင်းပိုင်းစွမ်းအား၊ဟန်ချက်ညီမှုနှင့်လှုပ်ရှားနိုင်မှုတို့ကိုတိုးတက်ကောင်းမွန်စေသည်။ အမျှင်ဓါတ်များများစားပါ အစားအများကြီး စားသော်လည်းကိုယ်အလေးချိန်မတက်သောနေ့ရက်များကကုန်ဆုံးသွားပြီဖြစ်ပါသည်။ အသက်(၄၀)အရွယ်တွင်သင်ခန္ဓါကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များကနှေးကွေးလာသည့်အတွက် ကယ်လိုရီနည်းနည်းစားမှသာကျန်းမာရေးနှင့်ညီညွှတ်နိုင်သည်။ သို့သော်လည်းလုံလောက်သော အမျှင်ဓါတ်ပမာဏကိုစားသုံးပေးဖို့နှင့်ရေများများသောက်ဖို့သတိရပါ။ ထိခိုက်ဒဏ်ရာနှင့်အဆစ်အမြစ်နာကျင်မှုများမဖြစ်အောင်ဂရုစိုက်ပါ အသက်အရွယ်ရလာသောအခါ ကျွန်ုပ်တို့၏ကြွက်သားများနှင့်တွယ်ဆက်ထားသောအရွတ်များတောင့်တင်းလာသည့်အတွက်ဒဏ်ရာရရန်ပို၍လွယ်ကူလာသည်။ […]


သက်ကြီးရွယ်အို အာဟာရ

သက်ကြီးရွယ်အိုတွေကို နွေရာသီမှာ ဘယ်လိုစောင့်ရှောက်ပေးမလဲ

နွေရာသီက လူအများစုအတွက်ပျော်ရွှင်စရာကောင်းသလို အပန်းဖြေလို့လည်းကောင်းတဲ့ ရာသီတစ်ခုပါ။ ဒါပေမယ့် လူကြီးတွေအတွက်တော့ ဒီလိုမဟုတ်ပါဘူး။နွေရာသီရဲ့ အပူရှိန်က အမှုမဲ့အမှတ်မဲ့နေလိုက်မယ်ဆိုရင် အန္တရာယ်များတဲ့ အခြေအနေတွေတောင်ဖြစ်နိုင်ပါတယ်။ နွေရာသီမှာ အပူရှိန်ပြင်းထန်တာကြောင့် ဖျားနာတာတွေတော်တော်လေးဖြစ်နိုင်ပါတယ်။ လူကြီးတွေကနွေရာသီရဲ့ အပူဒဏ်ကို ခံနိုင်ရည်မရှိကြပါဘူး။ အပူရှိန်အရမ်းပြင်းတာက အရွယ်သုံးပါးစလုံးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ လူကြီးတွေဘာလို့ အပူဒဏ်ကိုမခံနိုင်ကြတာလဲ အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓါကိုယ်ရဲ့ စနစ်တွေက ပုံမှန်အလုပ်မလုပ်နိုင်တော့ပါဘူး။ တဖြည်းဖြည်းချင်းနှေးလာနေပါတယ်။ချွေးဂလင်းတွေနဲ့ကိုယ်တွင်းသွေးလည်ပတ်မှုတွေကနေတဆင့် ခန္ဓါကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်စွမ်းကျဆင်းသွားတာက လူကြီးတွေ အပူဒဏ်ကိုမခံနိုင်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ ခန္ဓါကိုယ်မှာ ကိုယ်ခံအားနည်းလာတာ၊ နှလုံးရောဂါခံစားနေရတာ၊သောက်သုံးနေရတဲ့ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် အပူဒဏ်ကိုခံနိုင်စွမ်းနည်းရတာမျိုးလည်းရှိပါတယ်။ သက်ကြီးရွယ်အိုတွေကို နွေရာသီမှာ ဘယ်လိုစောင့်ရှောက်ပေးမလဲ သက်ကြီးရွယ်အိုတွေကို နွေရာသီမှာ ဘယ်လိုစောင့်ရှောက်ပေးမလဲ .......... ပူပြင်းတဲ့နွေရာသီမှာ ကိုယ်ချစ်ရတဲ့ လူကြီးမိဘတွေကို ကျန်းမာစေဖို့အတွက် ဂရုစိုက်ပေးလို့ရတဲ့ နည်းလမ်းတွေကိုပြောပြပေးပါရစေ။ အိမ်ထဲမှာအေးနေအောင်ထားပါ - တကယ်လို့ အိမ်မှာ လေအေးပေးစက်ရှိတယ်ဆိုရင်နွေရာသီရက်တွေမှာလေအေးပေးစက်ကို အချိန်ပြည့်ဖွင့်ထားပေးပါ။လေအေးပေးစက်မရှိဘူးဆိုရင်နေ့ခင်းဘက် အိမ်ထဲကိုနေရောင်တိုက်ရိုက်မဝင်နိုင်အောင်ပြတင်းပေါက်မှန်တွေကို ကာထားပေးပြီး အိမ်ထဲမှာအေးနေအောင်ထားပေးပါ။ ညဘက်မှပြတင်းတံခါးကိုဖွင့်ပြီးလေကောင်းလေသန့်ရအောင်လုပ်ပါ။ မျက်နှာကျက်မှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း