ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက်ကြီးလာတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်နဲ့ စိတ်မှာ ဘယ်လိုတွေ ပြောင်းလဲလာသလဲ။ သင့်ကိုယ်သင် ကျန်းမာသန်စွမ်းအောင် ဘယ်လိုနေထိုင်မလဲဆိုတာ သိထားရင် အသက်ကြီးလာမှာကို ကြောက်စရာမလိုပါဘူး။ ဒီနည်းလမ်းတွေကိုတော့ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။ အသက်ကြီးလာပေမယ့် ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ

အသက်အရွယ် ရလာတဲ့အခါ နှလုံး နဲ့ နှလုံးသွေးကြောတွေမှာ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ တော်တော်များများ ပြောင်းလဲမှုတွေက အသက်အရွယ်ကြောင့် ဖြစ်လာတာဆိုပေမယ့် အချို့သောအချက်တွေကြောင့် နှလုံးကျန်းမာရေး အခြေအနေတွေက ပိုဆိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ မကုသဘဲ ထားမယ်ဆိုရင် နှလုံးရောဂါ ဖြစ်လာတော့မှာပါ။ ဒီတစ်ခေါက်တော့ လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ ကို ပြောပြပေးချင်ပါတယ်။ နှလုံး ဘယ်လို အလုပ်လုပ်သလဲ နှလုံးက သန်မာတဲ့ ကြွက်သားဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ဆီကို သွေးတွေညှစ်ထုတ်ပြီး ပေးပို့ပေးနေတဲ့ အစိတ်အပိုင်းပါ။ ပုံမှန်အားဖြင့်တော့ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ နှလုံးဟာ လက်သီးဆုပ်အရွယ်လောက်ပဲ ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် နှလုံးက ကားတစ်စီးရဲ့ အင်ဂျင်လိုပါပဲ။ အင်ဂျင်က ကားရွှေ့လျား မောင်းနှင်နိုင်အောင် လုပ်ဆောင်ပေးသလို နှလုံးက ခန္ဓာကိုယ် လှုပ်ရှားနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ နှလုံးမှာ အပိုင်း […]

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကို ရှာဖွေမည်။

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

သက်ကြီးရွယ်အိုများတွင် ကြုံတွေ့နေရသော ကျန်းမာရေးပြသနာများ

လူတို့သည် အသက်ကြီးလာသည်နှင့်အမျှ အမျိုးမျိုးသောကျန်းမာရေးပြသနာများနှင့်ရင်ဆိုင်လာကြရပါသည်။ ထို့ကြောင့် လူရောစိတ်ပါ ကျန်းမာနေစေရန် ရောဂါမဖြစ်မီကကာကွယ်မှုများစနစ်တကျပြုလုပ်ထားလျှင် ကျန်းမာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်ပါလိမ့်မည်။ ၁။ အဆစ်များရောင်ရမ်းခြင်း အသက်အရွယ်ကြီးသောသူများတွင် အဆစ်များထိန်းမရအောင်နာကျင်ခြင်း၊ တောင့်တင်းခြင်းနှင့် ရောင်ရမ်းခြင်းတို့ဖြစ်တတ်ပါသည်။ ထိုသို့ဖြစ်လာပါက လမ်းလျှောက်ခြင်း၊ အကွေးအဆန့်ပြုလုပ်ခြင်း၊ လှေကားတက်ခြင်းစသည့်နေ့စဉ်အလုပ်များအရင်လိုမလုပ်နိုင်တော့ရုံသာမကအခြားလူမှုလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း အခက်အခဲရှိလာနိုင်ပါသည်။ ၂။ နှလုံးရောဂါ အမေရိကန်နိုင်ငံဗဟိုရောဂါထိန်းသိမ်းရေးဌာန၏ အဆိုအရ ၂၀၁၄ ခုနှစ်တွင် သေဆုံးသူ ၄၈၉.၇၇၂ အနက် ၆၅ယောက်သည် နှလုံးရောဂါကြောင့်ဖြစ်သည်ဟုဆိုသည်။ အကယ်၍ သင့်သွေးထဲတွင် သကြားဓါတ်နှင့် အဆီပမာဏမြင့်တက်နေပါက သင်သည် နှလုံးရောဂါဖြစ်နိုင်ခြေနှင့် လေဖြတ်နိုင်ခြေများပေသည်။ ၃။ ကင်ဆာရောဂါ ကင်ဆာရောဂါသည် အသက် ၆၅ နှစ်ကျော်သူများတွင် ဒုတိယသေဆုံးမှုအများဆုံးဖြစ်စေသောရောဂါဖြစ်သည်။ အကယ်၍ရင်သားဓါတ်မှန်ရိုက်ခြင်း၊ အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းနှင့် အရေပြားတို့ကိုစစ်ဆေးခြင်းတို့ဖြင့် စောသိနိုင်ခဲ့သော် ကင်ဆာအတော်များများကို ကုသနိုင်မည်ဖြစ်သည်။ ၄။ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ အချို့သောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများသည် သာမာန်အအေးမိခြင်းမျိုးဖြစ်ပြီး အလိုလိုပျောက်ကင်းနိုင်သော်လည်း အဆုတ်ရောင် နမိုးနီးယား၊ အဆုတ်သွေးကြောပိတ်ခြင်း၊ ပန်းနာရင်ကျပ်ဆိုးလာခြင်းနှင့် အဆုတ်ကင်ဆာတို့စသည်တို့ဖြစ်ပါက အသက်အန္တရာယ်စိုးရိမ်ရပါသည်။ ထို့ကြောင့်လူကြီးများသည် […]


ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက်အရွယ်ကြီးရင့်သူများတွင်ဖြစ်သော စိတ်ဓါတ်ကျသောရောဂါလက္ခဏာများ

စိတ်ကျရောဂါသည် အသက်ကြီးသူများတွင် အဖြစ်များပြီးကုသ၍ရသောရောဂါဖြစ်သည်။ ဠင်းသည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဟုပစ်မထားသင့်သောရောဂါဖြစ်သည်။ စိတ်ကျရောဂါဖြစ်လျှင် ဝမ်းနည်းခြင်း၊ မောပန်းလွယ်ခြင်းတို့သာမက ၎င်းတို့ထက်ပိုဆိုးသော အခြေအနေများအထိဖြစ်နိုင်သောကြောင့် လူတစ်ယောက် ဝမ်းနည်းနေပြီဆိုလျှင် လစ်လျူမရှုသင့်ဘဲစိတ်ကျရောဂါကိုသံသယရှိသင့်သည်။ စိတ်ကျရောဂါရှိသူများသည် ဝမ်းနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ကိုရက်သတ္တပတ်အတော်ကြာခံစားတတ်ပြီးမကုသဘဲထားပါက လ၊ နှစ်အတန်ကြာမြင့်သွားနိုင်ကာအခြေအနေပိုဆိုးလာပြီးမိမိကိုယ်ကိုအဆုံးစီရင်သည်အထိဖြစ်လာနိုင်သည်။ အသက်ကြီးသူများတွင် ဖြစ်သောစိတ်ကျရောဂါသည် အသက်ငယ်သူများတွင်ဖြစ်သောစိတ်ကျရောဂါနှင့် ကွာခြားမှုရှိပါသလား။ စိတ်ကျရောဂါသည် အသက်ကြီးသူများနှင့် အသက်ငယ်သူများတွင် သက်ရောက်မှုခြင်းမတူညီပါ။ တခါတရံတွင် ရောဂါဖိစီးခြင်းကြောင့် စိတ်ဓါတ်ကျခြင်းဖြစ်နိုင်ပါသည်။ အသက်ကြီးသူများတွင်မူစိတ်ကျရောဂါဖြစ်လျှင် နှလုံးရောဂါဖြစ်နိုင်ခြေများပြီးရုတ်တရက်နှလုံးဖောက်ပြီးသေဆုံးသည်အထိဖြစ်နိုင်ပါသည်။ ထို့ကြောင့် အသက်ကြီးသူများတွင် ဖြစ်သောစိတ်ကျရောဂါလက္ခဏာများကိုသိရှိထားရမည်ဖြစ်သည်။ အသက်ကြီးသူများတွင် ဖြစ်သော စိတ်ကျရောဂါလက္ခဏာများ • မျှော်လင့်ချက်ကင်းမဲ့သလိုခံစားရခြင်းနှင့် အဆိုးမြင်ခြင်း • မိမိကိုယ်ကိုအပြစ်ရှိသည် တန်ဖိုးမဲ့သည် ခိုကိုးရာကင်းမဲ့သည် ဟူသောအတွေးများဝင်ခြင်း • အာရုံစူးစိုက်ရန် နှင့် ဆုံးဖြတ်ချက်များချရန် ခက်ခဲခြင်း • အိပ်ပျော်ရန် ခက်ခဲခြင်း၊ မနက်စောစီးစွာနိုးနေခြင်းသို့မဟုတ် အလွန်တရာအိပ်စက်ခြင်း • အစားအသောက်ပုံစံမူမမှန်မှုကြောင့် ပိန်လွန်း၊ ဝလွန်းလာခြင်း • မိမိ၏ဝါဿနာနှင့် နေ့စဉ်ဘဝတွင် စိတ်ဝင်စားမှုလျော့နည်းလာခြင်း • မိမိကိုယ်ကို သေကြောင်းကြံစည်ရန်အတွေးများဝင်လာခြင်း • […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

အသက်ရွယ်ကြီးလာသူတွေ လျစ်လျူရှုမထားသင့်တဲ့ လက္ခဏာများ။

လူတို့သည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ကျန်းမာရေးပြဿနာများကြုံလာရပါသည်။ ၎င်းပြဿနာများကို ဆွေမျိုးများနှင့် အိမ်သားများကအသက်ကြီးသောကြောင့် သဘာဝအလျောက်ဖြစ်တတ်ခြင်းဟုထင်မှတ်ကာလျစ်လျူရှုမိတတ်ကြပါသည်။ သို့သော် ၎င်းတို့သည် ဂရုမပြုဘဲထားလျှင် ပိုဆိုးလာနိုင်ကြောင်းသိသင့်သည်။ အောက်ဖော်ပြပါ လက္ခဏာများသည် ဂရုပြုသင့်သောလက္ခဏာများဖြစ်ပေသည်။   (၁) မကြာခဏမောပန်းလွယ်ခြင်းနှင့် နှုံးခြင်း အသက်ကြီးသူများသည် လူငယ်များလောက်မလှုပ်ရှားနိုင်သော်လည်းပုံမှန်ထက် လွန်ကဲစွာမောပန်းနွမ်းလျနေခြင်းဖြစ်နေလျှင် ဗီတာမင်နှင့် သတ္တုဓါတ်နည်းခြင်း ၊ သွေးအားနည်းခြင်းနှင့် နှလုံးရောဂါများဖြစ်နေနိုင်ကြောင်းဂရုပြုရပေမည်။ အထူးသဖြင့် အမောမခံနိုင်ခြင်းများဖြစ်နေလျှင် နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများဖြစ်နိုင်ခြေများပေသည်။   (၂) မှတ်ဉာဏ်ချွတ်ယွင်းခြင်း အသက်ကြီးလာသည်နှင့်အမျှ မှတ်ဉာဏ်စွမ်းရည်များလည်းကျဆင်းလာသည်ဖြစ်ရာအရာဝတ္ထုပစ္စည်းများကိုသိသော်လည်းပြောမထွက်ခြင်း၊ မိမိပြုလုပ်ခဲ့သည်များကိုမေ့လျော့ခြင်း ၊ မိမိနှင့် သိကျွမ်းသူများ၏နံမည်များကိုမမှတ်မိတော့ခြင်းမှတ်ဉာဏ်ချွတ်ယွင်းမှုကြောင့်ဖြစ်သောအယ်လ်ဇိုင်းမားရောဂါ ၏ကနဦးလက္ခဏာများကိုခံစားလာကြရပါသည်။   (၃) စိတ်ခံစားမှုများပြောင်းလဲလာခြင်း အမြဲတမ်း ဝမ်းနည်းနေခြင်း၊ စိုးရိမ်လွန်နေခြင်း၊ ခံတွင်းပျက်ခြင်း၊ နေ့စဉ်လုပ်ငန်းများတွင် စိတ်အားတက်ကြွမှုမရှိခြင်း၊ အိပ်မပျော်ခြင်းစသည်တို့ ခံစားရသောသူများသည် စိတ်ကျရောဂါဖြစ်နိုင်ချေများကြောင်းတွေ့ရသည်။ ထိုအရာများသည် အထီးကျန်ခြင်းကြောင့်ြုဖစ်လာရခြင်းဖြစ်သည်။   (၄) ဝမ်းမမှန်ခြင်း ဝမ်းချုပ်ခြင်းသည် သက်ကြီးရွယ်အိုများတွင်ဖြစ်လေ့ရှိသောပြဿနာဖြစ်သည်။ ထိုသို့ အချိန်ကာလကြာရှည်စွာ ဝမ်းမကြာခဏချုပ်နေပါကလိပ်ခေါင်းရောဂါဖြစ်ခြင်းနှင့် အစာအိမ်နှင့် အူလမ်းကြောင်းတွင် အလုံးအကြိတ်များဖြစ်ခြင်းတို့ဖြစ်လာနိုင်ပါသည်။ ထို့အပြင်ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ဝမ်းမထိန်းနိုင်ခြင်းစသည်တို့ကိုဖြစ်စေသော ဝမ်းမမှန်သောရောဂါစုတမျိုးကို […]


ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

သက်ကြီးရွယ်အိုတု့ိရဲ့ အဲလ်ဇိုင်းမားရောဂါအကြောင်းသိထားသင့်သည်များ

Alzheimer’s disease ဟာ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ပြုလုပ်နိုင်တဲ့ စွမ်းအင်နဲ့ မှတ်ဉာဏ်၊ တွေးတောနိုင်စွမ်းတွေကို ဖြည်းညင်းစွာ ယိုယွင်းစေတဲ့ dementia လို့လည်း ခေါ်တဲ့ ဦးနှောက် လုပ်ငန်းဆောင်တာ ပျက်စီးတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါဟာ ပျော့ပျော့ကနေ ပြင်းထန်တဲ့ အခြေအနေ အထိဖြစ်နိုင်ပါတယ်။ ပျော့တဲ့ ရောဂါကိုတော့ စစချင်းမှာ ဖြစ်ကာ လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်ပြီး ပြင်းထန်တဲ့ အဆင့်မှာတော့ လူနာဟာ သူ့ကို ပြုစုဖို့ အခြားသူတွေပေါ်ကို လုံးလုံးမှီခိုရမှာ ဖြစ်ပါတယ်။ ယခုအချိန်ထိ ဒီရောဂါဟာ ကုသပျောက်ကင်းနိုင်ခြင်း မရှိသေးပါဘူး။ Alzheimer’s disease ဖြစ်ပွားတဲ့ အကြောင်းရင်း Alzheimer’s disease ဖြစ်ပွားတဲ့ အကြောင်းရင်းကို သေချာ သိရှိခြင်းမရှိပဲ အသက်ကြီးခြင်းဟာ ဒီရောဂါဖြစ်ပွားခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ လူအတော်များများဟာ […]


ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက်ရွယ်ကြီးသူတွေမှာအဖြစ်အများဆုံး အရိုးရောဂါနှစ်ခုနဲ့ပတ်သက်လို့ သင်သိသင့်သမျှ

အသက်ကြီးသူတွေမှာ အရိုးရောဂါအဖြစ်များပြီး ပြင်းထန်တတ်ကာ နာကျင်မှု၊ အရိုးကျိုးခြင်းနဲ့ အရိုးကင်ဆာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ အရိုးသိပ်သည်းဆ ကျဆင်းလာပြီး အရိုးရောဂါနဲ့ အရိုးကျိုးခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ အောက်ပါအချက်တွေကတော့ အသက်ကြီးသူတွေမှာ အဖြစ်များတဲ့ ရောဂါနှစ်ခုဖြစ်ပါတယ်။ အရိုးပွခြင်း အရိုးပွခြင်းဟာ အသက်ကြီးသူတွေမှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ လက်တင်စကားဖြစ်တဲ့ “porous bones” ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ကျန်းမာတဲ့ အရိုးတစ်ခုမှာ သေးငယ်တဲ့ ပျားအုံလို သေးငယ်တဲ့ ကွက်လပ်လေးတွေပါဝင်ပြီး အရိုးပွတဲ့ အရိုးမှာတော့ ဒီကွက်လပ်တွေနဲ့ နေရာကျယ်လာပြီး အရိုးဟာ စွမ်းအားနဲ့ သိပ်သည်းဆ ကျဆင်းလာကာ အပြင်ပန်းကြည့်ရင် အရိုးက အားပျော့လာပြီး ပါးလာတာ ဖြစ်ပါတယ်။ သူ့ကို လူကြီးအတော်များများက သတိမထားမိပဲ အရိုးကျိုးချိန်မှသိကြတဲ့အတွက် တိတ်ဆိတ်တဲ့ ရောဂါတစ်ခုလို့ ဆိုကြပါတယ်။ Calcium နဲ့ vitamin D ပေးခြင်းဟာ အရိုးပွခြင်းကို […]


အဖြစ်များသော လူကြီးရောဂါများ

အသက်ရွယ်ကြီးသူတွေရဲ့ ဆီးအိမ်ကျန်းမာရေးနဲ့ပတ်သက်လို့ သင်သိသင့်သမျှ

ဆီးအိမ်ကင်ဆာဟာ အမေရိကမှာ အသက်ကြီးတဲ့သူတွေအကြား အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး နှစ်စဉ်လူပေါင်း ၁၆၀၀၀ လောက်သေဆုံးနေကြတယ်ဆိုတာ သင်သိပါသလား၊ လူတွေဟာ ဆီးအိမ်ကို တစ်နေ့မှာ အကြိမ်ပေါင်းများစွာ အသုံးပြုပေမယ့် သူ့ကျန်းမာရေးအကြောင်းကိုတော့ ပြောခဲလှပါတယ်။ ဒါကြောင့် မေးခွန်းကတော့ ဆီးအိမ်ကို ကျန်းမာအောင် ဘယ်လိုလုပ်ရမလဲဆိုတာပဲ ဖြစ်ပါတယ်။ ဆီးအိမ်ဆိုတာဘာလဲ။ ဆီးအိမ်ဟာ အခေါင်းပေါက်ပါတဲ့ အင်္ဂါတစ်ခုဖြစ်ပြီး ဘောလုံးနဲ့ ဆင်တူကာ ဆီးတွေကို ထိန်းသိမ်းပေးပါတယ်။ တင်ပါးဆုံ အောက်ခြေ ကြွက်သားတွေက ဆီးအိမ်အတွင်းမှာ ဆီးတွေကို သိမ်းဆည်းပေးပါတယ်။ ဆီးအိမ်ဟာ ဝမ်းဗိုက်အောက်ပိုင်းမှာ တည်ရှိပြီး ကျောက်ကပ်၊ ဆီးပြွန်တွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ဆီးသွားစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဆီးမရှိချိန်မှာ ဆီးအိမ်နံရံ ကြွက်သားတွေဟာ ထူလာပြီး ဆီးအိမ်ဟာ မာလာတတ်ပါတယ်။ ဆီးပြွန်တွေကတော့ နှစ်ခုရှိပြီး ကျောက်ကပ်က ထွက်လာတဲ့ ဆီးတွေကို ဆီးအိမ်ကို သယ်သွားပေးပြီး ဖြည့်ပေးပါတယ်။ ဒီအချိန်မှာ […]


အဖြစ်များသော လူကြီးရောဂါများ

သင်သိရမည့် အဖြစ်များသော သက်ကြီးအရေပြားရောဂါ ၅ မျိုး

လူတွေအသက်ကြီးလာလေလေ သူတို့ရဲ့ အရေပြားပြောင်းလဲမှုကြောင့် အဖြစ်များတဲ့ရောဂါတွေ ဖြစ်လာလေလေပဲဖြစ်ပါတယ်။ အချို့ အရေပြား အခြေအနေတွေကတော့ အသက်ကြီးခြင်းကြောင့် ဖြစ်လာတဲ့ ပုံမှန်အခြေအနေတွေဖြစ်ပြီး အချို့ကတော့ အခံရှိတဲ့ ကျန်းမာရေး ပြဿနာတွေကြောင့် ဖြစ်ပါတယ်။ အောက်ဖေါ်ပြပါ ရောဂါတွေကတော့ အသက်ကြီးသူတွေမှာ အဖြစ်အများဆုံး အရေပြား ရောဂါ ငါးမျိုးဖြစ်ပါတယ်။ အသားခြောက်ခြင်း အသားခြောက်ခြင်းဟာ ပြင်းထန်တဲ့ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကို မကုသရင် သက်တောင့်သက်သာ မရှိခြင်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးသူအများစုဟာ တံတောင်ဆစ်၊ လက်ဖျံနဲ့ ခြေထောက်တွေမှာ အသားခြောက်ခြင်း ဖြစ်တတ်ပါတယ်။ အသားတွေဟာ ကြမ်းတမ်းလာပြီး အရေခွံလန်ကာ ယားယံနိုင်ပါတယ်။ အသားခြောက်ခြင်းကို ဖြစ်စေတဲ့ အခြားအချက်တွေ အများကြီး ရှိသော်လည်း (ဥပမာ ရေဓါတ်ခန်းခြောက်ခြင်း၊ စိတ်ဖိစီးခြင်း) လူတွေဟာ အသက်ကြီးလာတာနဲ့ အမျှ အဆီရော ချွေးဂလင်းတွေပါ […]


သက်ကြီးရွယ်အို အာဟာရ

သက်ကြီးရွယ်အိုများအတွက် မှတ်ဉာဏ်ကောင်းစေသော အစားအသောက်များ

ကိုယ်ခန္ဓါကို အာဟာရပေးခြင်း၊ အနားယူခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းတွေကို ညီမျှစွာပြုလုပ်ရင် အသက်ကြီးသူတွေရဲ့ ကိုယ်ခန္ဓါနဲ့ ဦးနှောက်ကို သန်မာစေပါတယ်။ အသက်ကြီးသူတွေမှာ အာဟာရလုံလောက်တဲ့ အစားအသောက်တွေစားသုံးခြင်းဟာ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အစားအသောက်စားစဉ်မှာ အသက်ကြီးတဲ့ ဦးနှောက်အတွက် ကောင်းမွန်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်ဖို့ အရေးကြီးပါတယ်။ ငါး ဆယ်မွန်ငါးနဲ့ ဆာဒင်းငါး အစရှိတဲ့ ငါးတွေမှာ ကိုယ်ခန္ဓါနဲ့ ဦးနှောက်အတွက် ကောင်းမွန်နဲ့ omega 3 ပါဝင်ပါတယ်။ Omega 3 ဟာ ဦးနှောက်ဆဲလ်တွေအတွက် ကောင်းမွန်တဲ့ အဆီကိုပေးပြီး သူတို့ကို ဦးနှောက်အတွင်းပိုမိုလွယ်ကူစွာ ဝင်ရောက်စေပါတယ်။ ဦးနှောက်ကို အောက်စီဂျင်ပိုပေးတာမို့ အချက်အလက်အဟောင်းတွေကို ထိန်းသိမ်းပေးပြီး အချက်အလက် အသစ်တွေကို ပိုမိုလွယ်ကူစွာ ရရှိစေနိုင်ပါတယ်။ ဒါကြောင့် အသက်ကြီးသူတွေမှာ ဖြစ်တဲ့ Alzheimer’s ရောဂါ ဖြစ်ပွားနှုန်း သိသာစွာ ကျဆင်းစေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်အစိမ်း ဟင်းသီးဟင်းရွက်အစိမ်းတွေဖြစ်တဲ့ […]


တက်ကြွလှုပ်ရှားစွာနေထိုင်ခြင်း

သက်ကြီးရွယ်အိုများအတွက် လေ့ကျင့်ခန်းနည်းလမ်းများ

အထူးသဖြင့် အသက်ကြီးလာရင် လှုပ်လှုပ်ရှားရှားနေဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် မစတင်ခင်မှာ အောက်ပါအချက်တွေကို လေ့လာကြည့်သင့်ပြီး ဒီအချက်တွေက သင့်ကို လေ့ကျင့်ခန်း ဘယ်လို ထိရောက်စွာ လုပ်ရတယ်ဆိုတာကို ပြောပြထားတာဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေအကြောင်း စဉ်းစားပါ။ သင်စဉ်းစားသင့်တဲ့ အဓိက လေ့ကျင့်ခန်း သုံးမျိုး ရှိပါတယ်။ သူတို့ကတော့ အဆုတ်နဲ့ နှလုံးအတွက် ကောင်းမွန်တဲ့ အေရိုးဗစ်လေ့ကျင့်ခန်း၊ အရိုးနဲ့ ကြွက်သားတွေအတွက် ကောင်းမွန်တဲ့ သန်မာစေတဲ့ လေ့ကျင့်ခန်းနဲ့ ညီမျှမှုကို ထိန်းပေးပြီး ချော်လဲမှုကို ကာကွယ်ပေးတဲ့ ညီမျှစေတဲ့ လေ့ကျင့်ခန်းတွေပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို ဘဝရဲ့ ဘယ်အချိန်မှာမဆို စလုပ်နိုင်ပေမယ့် စောစောလုပ်လေလေ အကျိုးရှိလေလေဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေက သင့်ကို ထိခိုက်မှာ ကို စိတ်မပူသင့်ပါဘူး။ လေ့ကျင့်ခန်းတွေကို သင့်လျော်စွာ လုပ်ရင် အချို့ရောဂါတွေအတွက် ထိရောက်တဲ့ ကုသမှုတစ်ခု ဖြစ်နိုင်ပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းများ အေရိုးဗစ်လေ့ကျင့်ခန်းတွေနဲ့ စတင်ကြရအောင်။ ဒီလေ့ကျင့်ခန်းတွေဟာ […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

သက်ကြီးရွယ်အိုများအတွက် ဆေးဝါးစီမံခန့်ခွဲမှု ၇ ချက်

ရောဂါတွေအတွက် ဆေးသောက်ခြင်းနဲ့ ဆေးတွေကို ထိန်းသိမ်းခြင်းဟာ အလွန်အရေးကြီးပါတယ်။ ဒါပေမယ့် သင်ဟာ အသက်ကြီးရင့်ပြီး ကိုယ့်ဆေးတွေကို ကိုယ်သေချာ မစီစဉ် မထိန်းသိမ်းနိုင်တော့ဘူးဆိုရင်တော့ အောက်ဖေါ်ပြပါ အချက်တွေကို ဖတ်ရှုပြီး အဖြေရှာနိုင်ပါတယ်။ ဘာဆေးတွေသောက်နေလဲဆိုတာကို သိရှိပါ။ Checklist ပြုလုပ်ထားနိုင်ပါတယ်။ ဘယ်ဆေးတွေကတော့ ဆရာဝန်ညွှန်ကြားချက်နဲ့မှ ဝယ်လို့ရပြီး ဘယ်ဆေးတွေကတော့ ဆေးဆိုင်က အလွယ်တကူ ဝယ်လို့ရတယ်ဆိုတာ မှတ်ထားနိုင်ပါတယ်။ ဆေးတစ်မျိုးစီမှာ သောက်ရမယ့်ပမာဏ၊ သောက်ရမယ့်အချိန်ကို ရေးထားနိုင်ပါတယ်။ တကယ်လို့ အစာနဲ့ သောက်ရမယ့် ဆေးဆိုလည်းသေချာ မှတ်ထားသင့်ပါတယ်။ ဒီလို Checklist ကို မိတ္တူ အနည်းဆုံးနှစ်စုံ ဆွဲထားသင့်ပါတယ်။ ဒီဇယားကို စားပွဲ၊ ရေခဲသေတ္တာ၊ တံခါးတွေမှာ ကပ်ထားခြင်း (သို့) ပိုက်ဆံအိတ်၊ လွယ်အိတ်ထဲ ထည့်ထားခြင်းလည်း ပြုလုပ်နိုင်ပါတယ်။ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းထဲလည်း ထည့်ထားနိုင်ပါတယ်။ သေချာမှတ်ပါ။ ဆရာဝန်နဲ့ တွေ့ရမယ့်အချိန်တိုင်းကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း