ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက်ကြီးလာတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်နဲ့ စိတ်မှာ ဘယ်လိုတွေ ပြောင်းလဲလာသလဲ။ သင့်ကိုယ်သင် ကျန်းမာသန်စွမ်းအောင် ဘယ်လိုနေထိုင်မလဲဆိုတာ သိထားရင် အသက်ကြီးလာမှာကို ကြောက်စရာမလိုပါဘူး။ ဒီနည်းလမ်းတွေကိုတော့ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။ အသက်ကြီးလာပေမယ့် ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ

အသက်အရွယ် ရလာတဲ့အခါ နှလုံး နဲ့ နှလုံးသွေးကြောတွေမှာ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ တော်တော်များများ ပြောင်းလဲမှုတွေက အသက်အရွယ်ကြောင့် ဖြစ်လာတာဆိုပေမယ့် အချို့သောအချက်တွေကြောင့် နှလုံးကျန်းမာရေး အခြေအနေတွေက ပိုဆိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ မကုသဘဲ ထားမယ်ဆိုရင် နှလုံးရောဂါ ဖြစ်လာတော့မှာပါ။ ဒီတစ်ခေါက်တော့ လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ ကို ပြောပြပေးချင်ပါတယ်။ နှလုံး ဘယ်လို အလုပ်လုပ်သလဲ နှလုံးက သန်မာတဲ့ ကြွက်သားဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ဆီကို သွေးတွေညှစ်ထုတ်ပြီး ပေးပို့ပေးနေတဲ့ အစိတ်အပိုင်းပါ။ ပုံမှန်အားဖြင့်တော့ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ နှလုံးဟာ လက်သီးဆုပ်အရွယ်လောက်ပဲ ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် နှလုံးက ကားတစ်စီးရဲ့ အင်ဂျင်လိုပါပဲ။ အင်ဂျင်က ကားရွှေ့လျား မောင်းနှင်နိုင်အောင် လုပ်ဆောင်ပေးသလို နှလုံးက ခန္ဓာကိုယ် လှုပ်ရှားနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ နှလုံးမှာ အပိုင်း […]

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကို ရှာဖွေမည်။

သက်ကြီးရွယ်အို အာဟာရ

သက်ကြီးရွယ်အိုတွေကို နှလုံးကျန်းမာစေနိုင်မယ့် စားသောက်နည်းလမ်းညွှန်

အသက်ကြီးရင့်လာတဲ့သူတိုင်း နှလုံးရောဂါကိုရှောင်လွှဲလို့မရဘူးဆိုတဲ့ လူတော်တော်များများလက်ခံထားတဲ့ အယူအဆကိုငြင်းပယ်ချင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ နှလုံးရောဂါခံစားရနိုင်ခြေက ပိုများလာနေတယ်ဆိုပေမယ့် သက်ကြီးရွယ်အိုတိုင်း နှလုံးရောဂါကြောင့်သေဆုံးကြတာမဟုတ်ပါဘူး။ ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံက အသက်ကြီးတဲ့သူတွေကို နှလုံးကျန်းမာနေစေအောင် အထောက်အကူပြုပေးနိုင်ပါတယ်။   နှလုံးရောဂါရှိနေတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ နှလုံးရောဂါဆိုတာက နှလုံးကို ထိခိုက်စေနိုင်တဲ့ အခြေအနေတွေကိုဆိုလိုချင်တာပါ။ နှလုံးရောဂါကဖြစ်နေတယ်ဆိုရင်တောင် အချိန်တော်တော်ကြာတဲ့ အထိသတိမထားမိဘဲဖြစ်နေနိုင်ပါတယ်။ လူတော်တော်များများက ရုတ်တရက်နှလုံးရပ်သွားတာမျိုး လက္ခဏာတွေခံစားရပြီးတဲ့နောက်မှ သူတို့မှာနှလုံးရောဂါရှိနေတယ်ဆိုတာကို ရိပ်စားမိကြတာပါ။ ရုတ်တရက်နှလုံးရပ်သွားတဲ့ရောဂါရဲ့ သတိပေးလက္ခဏာရပ်တွေကတော့ အားနည်းတာ၊ခေါင်းထဲမှာ မူးဝေဝေဖြစ်နေတာ၊ အသက်ရှုကျပ်တာ၊ မအီမသာဖြစ်တာ၊အော့အန်တာ၊ အစာမကြေတာ၊ ရင်ဘတ်အောင့်တာ၊သွေးတိုးတာ၊ချွေးထွက်တာ၊ ဇက်ကြောထဲက ပုံမှန်မဟုတ်ဘဲ နာကျင်တာ၊ ပခုံးနဲ့လက်မောင်းနာကျင်တာ၊ နှလုံးခုန်မမှန်တာလိုမျိုးတွေပါ။ တကယ်လို့များ အခုဖော်ပြခဲ့တဲ့ လက္ခဏာမျိုးတွေဖြစ်နေပြီဆိုရင်မြန်နိုင်သမျှမြန်မြန်ဆေးကုသမှုခံယူ ဖို့လုပ်ဆောင်ပါ။ တစ်ချိန်တည်းမှာပဲ အခုဖော်ပြပေးမယ့်အချက်လေးတွေအတိုင်း နှလုံးကျန်းမာအောင်ကာကွယ်နိုင်ပါတယ်။   ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပေးပါ အသက်ကြီးတဲ့သူတွေမှာ ကယ်လိုရီက အများကြီးမလိုအပ်ဘူးဆိုပေမယ့် သူတို့ခန္ဓါကိုယ်က အာဟာရဓါတ်များများရဖို့တော့ လိုအပ်ပါသေးတယ်။ အကြံပြုချင်တာကတော့ လူကြီးမိဘတွေကို အရောင်စိုစိုရှိတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ […]


သက်ကြီးရွယ်အို အာဟာရ

လူကြီးတွေအစာစားချင်စိတ်တိုးလာအောင် ဘယ်လိုလုပ်ပေးမလဲ

အသက်ကြီးလာတဲ့အခါ အစားအသောက်ပျက်လာတာ၊ အကြိုက်တွေပြောင်းလဲလာတာတွေ ဖြစ်လာမှာပါပဲ။ ဇရာဆိုတာရှောင်လွှဲလို့မရတဲ့ သဘာဝပါ။ ဒါပေမယ့် ထိုက်သင့်တဲ့အာဟာရဓါတ်ရရှိဖို့က အသက်အရွယ်အပိုင်းအခြား အားလုံးအတွက်၊ အထူးသဖြင့် သက်ကြီးပိုင်းတွေအတွက် အဓိကအရေးပါတာကြောင့် စောင့်ရှောက်သူတွေအနေနဲ့ လူကြီးတွေကို အစာစားချင်စိတ်ပိုဖြစ်လာအောင် လုပ်ဆောင်ပေးဖို့ အရေးကြီးပါတယ်။   လူကြီးမိဘတွေ ဘာကြောင့် ခံတွင်းပျက်ကြတာလဲ အထက်မှာဖော်ပြခဲ့သလိုပဲ အစာစားချင်စိတ်နည်းလာတာဟာ ဇရာရဲ့သဘာဝတရားကြောင့်ပါ။ ဒါပေမယ့် လူကြီးတွေကို ခံတွင်းပျက်စေတဲ့ တခြားအကြောင်းရင်းတွေလည်းရှိပါတယ် - ရောဂါအခံတချို့ သောက်သုံးနေရတဲ့ဆေးဝါးတချို့ရဲ့ဆိုးကျိုးသက်ရောက်မှု စိတ်ကျရောဂါနဲ့ အထီးကျန်ခြင်းလို စိတ်ခံစားချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။   လူကြီးတွေကိုအစာစားချင်စိတ်တိုးလာစေမယ့်အချက်များ အစားစားချိန်မှာ တစ်ယောက်တည်းမစားခိုင်းပါနဲ့ တစ်ယောက်တည်းအစားစားတာက ဘယ်အသက်အရွယ်အတွက်မဆို စားချင်စိတ်လျော့နည်းစေနိုင်ပါတယ်။ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံဖို့ အရင်လို မလွယ်ကူတော့တဲ့ အသက်ကြီးသူတွေအတွက်ဆို တစ်ယောက်တည်းစားသောက်ရတဲ့အခြေအနေက သက်ရောက်မှုကြီးမားတတ်ပါတယ်။ ၂၀၀၃ ခုနှစ်က "International Psychogeriatrics" ဂျာနယ်မှာဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရ အထီးကျန်မှု၊ အဖော်အပေါင်းတွေနဲ့ဝေးကွာမှုတို့ကြောင့်ဖြစ်လာတဲ့ စိတ်ကျဝေဒနာက အစာစားချင်စိတ်နည်းလာရတဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ တွေ့ရှိရပါတယ်။ ဒါ့ကြောင့် လူကြီးမိဘတွေကို အပေါင်းအသင်းတွေတိုးလာအောင်လုပ်ပေးသင့်သလို […]


သက်ကြီးရွယ်အို အာဟာရ

မိဘများအတွက် အစာကြေလွယ်ပြီး အာဟာရဖြစ်စေတဲ့အစားအသောက်များ

အသက်အရွယ်ကြီးရင့်လာတဲ့ မိဘတွေကအစားအစာတွေကိုစားဖို့ အကြောင်းအမျိုးမျိုးပြပြီးငြင်းပယ်တတ်ကြပါတယ်။ အဲ့လိုမျိုး အစားအသောက်တွေစားဖို့ငြင်းပယ်တာကနေ တစ်ခါတလေမှာ အစာချေစနစ်က ပုံမှန်အလုပ်လုပ်မလုပ်နိုင်တာမျိုးကိုဖြစ်သွားစေနိုင်ပါတယ်။ ပထမဆုံးစဉ်းစားရမယ့်အချက်က မိဘတွေမှာရောဂါအခံတစ်ခုခုရှိနေတာလား၊သောက်သုံးနေတဲ့ဆေးဝါးတွေရဲ့ ဆိုးကျိုးတစ်ခုခုခံစားနေရတာလားဆိုတာနဲ့ ခံတွင်းနဲ့သွားမှာပြဿနာတစ်ခုခုရှိနေတာလားဆိုတာပါ။ သင့်မိဘတွေအနေနဲ့ အစာကြေချက်နိုင်မှုအားနည်းရတာက အပေါ်မှာဖော်ပြခဲ့တဲ့ အကြောင်းရင်းတွေကြောင့်မဟုတ်ဘူးလို့သိရပြီဆိုရင် သင့်အနေနဲ့ သင့်မိဘတွေကို အစာကြေလွယ်စေဖို့အတွက် အထောက်အကူပြုပေးနိုင်မယ့် နည်းလမ်းအမျိုးမျိုးကို စတင်စမ်းသပ်ကြည့်ရပါမယ်။   နည်းနည်းစားရုံနဲ့ အာဟာရများများရနိုင်မယ့်အစားအသောက်တွေကိုပြင်ဆင်ပေးပါ အချို့လူကြီးတွေက သူတို့ကို အစားအသောက်တွေအများကြီးပြင်ဆင်ပေးထားရင် စိတ်ဖိစီးပြီး စားချင်စိတ်မရှိတာမျိုးတွေဖြစ်တတ်ပါတယ်။ မိဘတွေကို ပန်းကန်အကြီးကြီးတွေ၊ပန်းကန်လုံးအကြီးကြီးတွေနဲ့ပြင်ဆင်ပေးတာမျိုးကိုမလုပ်ပါနဲ့။ ပန်းကန်သေးသေးလေးတွေနဲ့ စားနိုင်ရုံပမာဏလောက်မျိုးပဲပြင်ဆင်ပေးပါ။ ပန်းကန်အကြီးကြီးနဲ့ ၃ ပွဲစာပြင်ပေးမယ့်အစား ပန်းကန်သေးသေးလေးနဲ့ ၆ ပွဲစာပြင်ဆင်ပေး လိုက်ပါ။ တစ်ကြိမ်ကို အစားအသောက်နည်းနည်းစီပဲစားပေးတာက အစာမကြေတာမျိုးဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်သလို လေပွတာ၊ စားချဉ့်ပြန်တာလိုမျိုး အစာချေစနစ်နဲ့ပတ်သက်တဲ့ပြဿနာတွေခံစားရနိုင်ခြေကိုလည်းလျော့ကျစေနိုင်ပါတယ်။ စားချင်စိတ်ဖြစ်လာစေမယ့် အစားအစာတွေကိုလည်းပြင်ဆင်ပေးပါ။ သင့်အနေနဲ့ လူကြီးမိဘတွေမှာ အစားနည်းနည်းပဲစားတာကြောင့် အာဟာရလုံလုံလောက်လောက်မရမှာကို စိုးရိမ်နေတယ်ဆိုရင်တော့ အစားအသောက်ပြင်ဆင်ပေးတဲ့အခါထောပတ်သီး၊သေသေချာချာနုတ်နုတ်စဉ်းထားတဲ့ အသား၊ ချိစ်၊ဥအမျိုးမျိုး၊ သံလွင်ဆီ၊မြေပဲထောပတ် (သို့မဟုတ်) […]


သက်ကြီးရွယ်အို အာဟာရ

အသက်ကြီးလာချိန်ကြုံတွေ့ရတဲ့အာဟာရဆိုင်ရာပြဿနာများ

လူတွေဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အာဟာရဓါတ်ရရှိမှုနဲ့ပတ်သက်တဲ့ပြဿနာများစွာနဲ့ရင်ဆိုင်လာကြရပါတယ်။ အဲ့ဒီကနေမှ ကိုယ်ခံအားစနစ်ချို့ယွင်းလာတာ၊ အားနည်းလာတာ၊ အမျိုးအစား၂ ဆီးချိုရောဂါ၊သွေးတိုးရောဂါနဲ့ နှလုံးရောဂါတို့လို ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ပါတယ်။   လူကြီးတွေမှာအဖြစ်များတဲ့ အာဟာရဆိုင်ရာပြဿနာများ ကိုယ်အလေးချိန်ထိန်းခြင်း သက်ကြီးပိုင်းအတော်များများက ကိုယ်အလေးချိန်ကို ပုံသေထိန်းထားနိုင်ဖို့မလွယ်လှပါဘူး။ ခန္ဓါကိုယ်က အိုမင်းလာတာနဲ့အမျှ ဇီဝကမ္မဖြစ်စဉ်က တဖြည်းဖြည်းလုပ်ဆောင်ချက်နည်းလာပါတယ်။ ဒါဟာ ခန္ဓါကိုယ်က အရင်ကထက် ကယ်လိုရီလောင်ကျွမ်းမှုနည်းလာတာပဲဖြစ်ပါတယ်။ အသက်ကကြီးလာတော့ ကိုယ်လက်လှုပ်ရှားမှုကလည်းနည်းလာပါတယ်။ ဒီနှစ်ချက်ပေါင်းသွားတဲ့အခါ အဝလွန်ခြင်းဘက်ကို ဦးတည်လာစေပါတယ်။ တဖက်မှာလည်း တချို့လူကြီးတွေမှာ အစာစားချင်စိတ်မရှိတာတွေ၊ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားလာရတာအပြင် အစာဝင်တာနည်းလာခြင်း၊ အာဟာရချို့တဲ့ခြင်းနဲ့ကိုယ်အလေးချိန်ကျဆင်းခြင်းတို့ဖြစ်နိုင်ခြေပိုများစေပါတယ်။   အရသာခံနိုင်စွမ်း လူကြီးတွေမှာ အဖြစ်များတဲ့ပြဿနာက အငန်နဲ့အချိုကို အရသာခံနိုင်စွမ်းအားနည်းလာတာပဲဖြစ်ပါတယ်။ ချိုနေမှန်းမသိ၊ ငန်နေမှန်းမသိတဲ့အခါ အစားအစာထဲမှာ အငန်ပိုထည့်မိလာပြီး ကြာလာရင်သွေးတိုးရောဂါဖြစ်လာနိုင်ပါတယ်။ အလားတူပဲ ချိုတဲ့အစားအစာတွေကို စားချင်စိတ်ပိုဖြစ်လာပြီး အချိုရည်တွေပိုသောက်မိနိုင်ပါတယ်။   ရေဓါတ်ဆုံးရှုံးခြင်း အသက်ကြီးရင့်လာတာနဲ့အမျှ ခန္ဓါကိုယ်ကရေဓါတ်ထိန်းသိမ်းနိုင်စွမ်းမရှိတော့ဘဲရေဆာနေတာကိုလည်း သတိမထားမိကြတဲ့အခါရေသောက်နည်းလာပါတယ်။ တချို့ကဆို ကိုယ့်ခန္ဓါကိုယ်မှာရေဓါတ်ဆုံးရှုံးရင်ဘာဖြစ်လာနိုင်မလဲဆိုတာသေချာမသိဘဲ ဆီးအိမ်မှာ လုပ်ဆောင်ချက်လွန်ကဲလာမှာကို စိုးရိမ်ပြီးရေသိပ်မသောက်ဖို့တောင်သေချာသတိထားကြတာရှိပါတယ်။ရေသောက်နည်းခြင်းရဲ့နောက်ဆက်တွဲပြဿနာတွေကတော့ ဝမ်းချုပ်ခြင်း၊ခေါင်းကိုက်ခြင်း၊ခေါင်းမူးခြင်း၊သွေးဖိအားကျခြင်း၊ နှလုံးခုန်မြန်ခြင်းကနေ တက်ခြင်း၊ကျောက်ကပ်ပျက်စီးခြင်း၊ ဦးနှောက်ရောင်ခြင်းနဲ့ […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

စိတ်ကျရောဂါခံစားနေရတဲ့ မိဘတွကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

စိတ်ကျဝေဒနာက အရွယ်သုံးပါးမရွေးခံစားရနိုင်ပါတယ်။ သူတို့တွေရဲ့နောက်ခံအကြောင်းအရာတွေ၊အောင်မြင်မှုတွေနဲ့မသက်ဆိုင်ပါဘူး။ စိတ်ကျဝေဒနာက ကုသပျောက်ကင်းနိုင်တဲ့ရောဂါတစ်ခုပါ။ ဒါပေမယ့် စိတ်ကျဝေဒနာခံစားနေရသူက သက်ကြီးပိုင်းဖြစ်မယ်ဆိုရင်တော့ ခံစားရသူကိုယ်တိုင်မှာရော သူ့ကိုပြုစုစောင့်ရှောက်ပေးရသူတွေမှာပါ အပြောင်းအလဲတွေ၊စိန်ခေါ်မှုတွေ များစွာကိုတွေ့ကြုံရနိုင်ပါတယ်။   လူကြီးတွေမှာ ခံစားရတဲ့ စိတ်ကျဝေဒနာကို သိရှိအောင်လုပ်ဆောင်ခြင်း လူကြီးတွေမှာခံစားရတဲ့ စိတ်ကျရောဂါက လူငယ်တွေမှာဖြစ်ပေါ်ခံစားရတဲ့ စိတ်ကျဝေဒနာတွေနဲ့တော်တော်လေးကွာခြားပါတယ်။ လူကြီးတွေမှာ စိတ်ကျဝေဒနာခံစားနေရတာကို အခြားရောဂါတွေဖြစ်တဲ့အခါမျိုးမှတွေ့ရတာမျိုးရှိသလို အချိန်တော်တော်ကြာမှ သိရတာမျိုးလည်းရှိပါတယ်။ လူကြီးတွေမှာ စိတ်ကျဝေဒနာခံစားရတဲ့အခါ နှလုံးရောဂါခံစားရနိုင်ခြေပိုများလာသလို ရုတ်တရက်နှလုံးရပ်တာမျိုးတွေဖြစ်နိုင်ခြေလည်းများပါတယ်။ ဒါကြောင့်လူကြီးတွေမှာ စိတ်ကျဝေဒနာခံစားနေရတဲ့ လက္ခဏာတွေတွေ့ရတဲ့အခါ အချိန်မီ မှန်ကန်တဲ့ကုသမှုခံယူနိုင်အောင်လုပ်ဆောင်ပေးဖို့လိုပါတယ်။   လူကြီးတွေမှာ စိတ်ကျရောဂါခံစားနေရတာကိုသိနိုင်တဲ့ လက္ခဏာတွေ မျှော်လင့်ချက်မဲ့သလိုဖြစ်နေပြီး၊ အဆိုးမြင်မှုတွေများနေတာ သူ့ကိုယ်သူ အပြစ်ရှိတယ်၊ အသုံးမကျဘူး၊ ကိုယ်ဘာသာ ဘာမှမလုပ်နိုင်တော့ဘူးလို့ထင်နေတာ အာရုံစိုက်ရခက်တာ၊ တစ်ခုခုကိုအလွယ်တကူနဲ့မမှတ်မိတာ၊ ဆုံးဖြတ်ချက်ချဖို့ခက်ခဲတာ ညဘက်ဆို အိပ်ပျော်ဖို့ခက်ပြီး မနက်ခင်းဆို မထနိုင်တာ ဒါမှမဟုတ် အအိပ်များလွန်းနေတာ ဝါသနာပါတာနဲ့ လုပ်နေကျ လုပ်ဆောင်မှုတွေအပေါ်မှာ စိတ်ပါဝင်စားမှုလျော့နည်းလာတာ၊ အရင်လိုမျိုး […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

အသက်ကြီးသူတွေမှာ အရိုးအဆစ်နာဖြစ်လာရတဲ့အကြောင်းရင်းများ

ဒူးခေါင်း၊ တင်ပါးဆုံရိုးနဲ့ ခြေမျက်စိတို့မှာ တကျွတ်ကျွတ်မြည်လာတာက အသက်ကြီးလာတာနဲ့အမျှ ကြုံတွေ့လာရမယ့် အဆစ်ရောင်နာတွေကြောင့် ဖြစ်နေနိုင်ပါတယ်။ အသက် ၄၀ ကျော်သူတွေမှာ အဆစ်ရောင်ဝေဒနာတွေ ဖြစ်လာတာက အသက်အရွယ်ကြီးရင့်မှုနဲ့ ဆက်နွှယ်နေသလို သဘာဝအလျောက် ယိုယွင်းလာမှုဖြစ်စဉ်မှာ အရိုးကျန်းမာရေးလည်းပါဝင်လာပါတယ်။ အသက်ကြီးသူတွေမှာ အရိုးအဆစ်နာဖြစ်လာရတဲ့အကြောင်းရင်းများ အသက်ကြီးလာတာနဲ့အမျှ အဆစ်အမြစ်နာကျင်ကိုက်ခဲမှုတွေ ပုံမှန်ခံစားလာရပါတယ်။ ဇရာကို ရှောင်လွှဲလို့မရနိုင်ပေမယ့် လျော့ပါးသက်သာစေဖို့တော့ကြိုးစားကြည့်နိုင်ပါတယ်။ လူကြီးတွေမှာ တဖြည်းဖြည်း ပိုဆိုးရွားလာတဲ့ အဆစ်အမြစ်နာကျင်မှုဟာ အဆစ်ရောင်နာ osteoarthritis လက္ခဏာဖြစ်နေနိင်ပါတယ်။ ဒီတော့ အသက်ကြီးသူတွေမှာ အရိုးအဆစ်နာဖြစ်လာရတဲ့အကြောင်းရင်းများ ကို အတူတူ ဆက်လေ့လာရအောင်လား ....... သက်ကြီးပိုင်းတွေမှာ အဖြစ်များတဲ့ နာကျင်ကိုက်ခဲမှုဝေဒနာများ Osteoarthritis–အရိုးအဆစ်မှာရှိတဲ့ အကာအကွယ်အရိုးနု ပျက်စီးသွားတဲ့အခါ လက်၊ ဒူးခေါင်းနဲ့ တင်ပါးတို့မှာ နာကျင်ကိုက်ခဲစေတဲ့ဝေဒနာဖြစ်ပါတယ်။ အကြောတင်ခြင်း၊ အဆစ်လွဲခြင်း ခါးအောက်ပိုင်းနာကျင်ခြင်း အဆစ်ရောင်နာမဟုတ်တဲ့ အဆစ်အမြစ်နာကျင်မှု ဇက်နာခြင်း ဒူးနာခြင်း အရိုးနုပျက်စီးခြင်း […]


တက်ကြွလှုပ်ရှားစွာနေထိုင်ခြင်း

အသက်အရွယ်ကြီးရင့်လာတဲ့ မိဘများနဲ့အတူ လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးလေ့ကျင့်ခန်းများ

ကျွန်မတို့ချစ်ခင်ရတဲ့သူတွေကို စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာနဲ့လူမှုဆက်ဆံရေးတွေကိုကောင်းမွန်အောင် လုပ်ဆောင်ပေးခြင်းဖြင့် ကျန်းမာသန်စွမ်းနေအောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်သလိုလူကြီးတွေကို စိတ်ဖိစီး တာတွေနဲ့အထီးကျန်တာတွေကနေကင်းဝေးစေမှာဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့ မိဘတွေကို ကျန်းမာသန်စွမ်းစေဖို့အတွက် မိဘတွေနဲ့အတူလုပ်ဆောင်လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့ မိဘများနဲ့အတူ လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးလေ့ကျင့်ခန်းများ ကျွန်မတို့အနေနဲ့ အသက်အရွယ်ကြီးရင့်လာတဲ့ မိဘတွေနဲ့အတူ ရက်သတ္တပတ် တစ်ပတ်ကို မိနစ် ၁၅၀ လောက် လမ်းလျှောက်တာ၊ရေကူးတာ၊ စက်ဘီးစီးတာလိုမျိုးကိုယ်လက်လှုပ်ရှားမှုတွေလုပ်ဆောင်ပေးသင့်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးတာကြောင့် လူကြီးမိဘတွေကို ခွန်အားတိုးတက်စေမှာဖြစ်သလိုကိုယ်ခန္ဓါကိုလည်းဟန်ချက်ညီစေမှာဖြစ်ပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေသန်စွမ်းစေဖို့အတွက် အသက်ကိုပြင်းပြင်းရှုသွင်းပြီး ဝမ်းဗိုက်ကြွက်သားတွေကို တောင့်တင်းနေအောင်လုပ်ဆောင်လိုက်ပါ။ အသက်အောင့်တဲ့လေ့ကျင့်မှုကို ၃ ကြိမ်လုပ်ဆောင်ပေးပါ၊ အဲ့နောက်မှာကြွက်သားတွေကိုပြန်လည်လျှော့ချပေးလိုက်ပါ။ နံရံတွန်းတဲ့လေ့ကျင့်ခန်း - ရင်ဘတ်နဲ့ပခုံးမှာအင်အားတွေတိုးလာစေဖို့အတွက် နံရံတွန်းတဲ့လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးနိုင်ပါတယ်။ နံရံနဲ့ ၃ ပေအကွာမှာနံရံဘက်ကိုမျက်နှာမူပြီးမတ်မတ်ရပ်ပါ၊ ပခုံးကိုခြေထောက် ခွဲရပ်ထားတဲ့အကွာအဝေးအတိုင်းထားပါ။ လက်တွေကိုနံရံပေါ်မှာပခုံးနဲ့တညီတည်းတင်ထားပါ။ ခန္ဓါကိုယ်ကို ကျောရိုးနဲ့တညီတည်းမတ်မတ်ထားရပါမယ်။ ကိုင်းမနေရပါဘူး။ အဲ့နောက် ခန္ဓါကိုယ်ကိုနံရံဆီကို လက်တွေ ကွေးညွတ်ပြီးကပ်ချရပါမယ်။ ပြီးတဲ့နောက် ကိုယ်ကိုပြန်မတ်ရပါမယ်။ Pelvic Tilts လေကျင့်ခန်း […]


သက်ကြီးရွယ်အို အာဟာရ

လူကြီးတွေအတွက် အသင့်တော်ဆုံး အားဆေးရွေးချယ်ခြင်း

အားဆေးလို့ပြောလိုက်တာနဲ့ ဗီတာမင်နဲ့သတ္ထုဓါတ်တွေကိုပဲ စဉ်းစားမိကြလေ့ရှိပါတယ်။ ဒါပေမယ့် ယနေ့ခေတ် ဆေးဝါးလောကမှာတော့ ဗီတာမင်၊ သတ္ထုဓါတ်၊အမျှင်ဓါတ်၊ အမိုင်နိုအက်စစ်၊ သဘာဝဆေးပင်၊ဟော်မုန်းတွေပါ ဝင်တဲ့ ဓါတ်စာအားဆေးအမျိုးမျိုးကို ဖော်စပ်ထုတ်လုပ်နေကြပါပြီ။ အားဆေးတွေကို သောက်ဆေး၊ ဆေးတောင့်၊ အမှုန့်၊ဂျယ်လ်ဆေးပြား၊အဆီ သို့မဟုတ် ဆေးရည်အသွင်တို့နဲ့ရရှိနိုင်သလို တခါတရံ အသင့်သောက်သုံးနိုင်တဲ့ အားဖြည့်အာဟာရဘူး သို့မဟုတ် အချောင်းပုံစံနဲ့လည်းရရှိနိုင်ပါတယ်။   ဘယ်သူတွေမှာ အားဆေးသောက်ဖို့လိုအပ်သလဲ အားဆေးကြော်ငြာတွေကတော့ ပိုကျန်းမာစေမယ်၊ နေမကောင်းမဖြစ်အောင်ကာကွယ်ပေးမယ်၊ အသက်တောင်ပိုရှည်စေမယ်လို့ ကတိတွေပေးနေပါတယ်။ အမှန်တကယ်တော့ တန်ဆေးလွန်ဘေးဆိုသလို တချို့အားဆေးတွေက လူကိုထိခိုက်စေနိုင်ပါတယ်။ တချို့ကျတော့ ကျန်းမာရေးအကျိုးကျေးဇူးမပေးနိုင်တာ ကြောင့် ငွေဖြုန်းတီးသလိုဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်မိဘက အားဆေးသောက်ဖို့လိုအပ်နေသလားဆိုတာ သိရဖို့ ဆရာဝန်နဲ့ပြသဆွေးနွေးပါ။ မိတ်ဆွေ၊ အပေါင်းအသင်း၊ အိမ်နီးချင်း၊ ဒါမှမဟုတ် စီးပွားရေးသမား တစ်ယောက်ရဲ့အကြံပြုချက်စကားနဲ့ပဲ ကိုယ့်ရဲ့ လူကြီးမိဘတွေကို အားဆေးမတိုက်သင့်ပါဘူး။   ကိုယ့်မိဘကအားဆေးသောက်ဖို့လိုနေပြီလား၊ သောက်ရင်ဘေးကင်းပါ့မလား၊ ဘယ်လောက်သောက်ဖို့ လိုအပ်သလဲ ဗီတာမင်နဲ့သတ္ထုဓါတ်တွေကတော့ အစားအစာတွေထဲမှာသဘာဝအတိုင်းပါရှိတဲ့ အာဟာရတွေပါ။ […]


သက်ကြီးရွယ်အို အာဟာရ

သက်ကြီးရွယ်အိုတွေကိုတက်တက်ကြွကြွဖြစ်စေအောင်အထောက်အကူပြုပေးမယ့် အာဟာရများ

အသက်ကြီးလာတာနဲ့အမျှ လုံလောက်တဲ့အာဟာရရရှိမှုက စိန်ခေါ်မှုတစ်ရပ်ဖြစ်လို့လာပါတယ်။ အသက်အရွယ်ရ လာမှုနဲ့အတူ ခန္ဓာကိုယ်ရဲ့ကယ်လိုရီပမာဏက စတင်ကျဆင်းလာပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ ခန္ဓာကိုယ်က အရေးပါတဲ့အာဟာရဓာတ်တွေကိုစုပ်ယူနိုင်စွမ်းလျော့ကျသွားပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ တက်တက်ကြွကြွရှိနေစေဖို့အတွက် အောက်မှာဖော်ပြထားတဲ့အာဟာရဓာတ်တွေကို သင့်တင့်မျှတစွာစားသုံးပေးစေလိုပါတယ်။   ဗီတာမင် B 12 – B 12 က သွေးနီဥဆဲလ်တွေနဲ့ ဒီအန်အေတွေဖြစ်တည်မှုအတွက်အရေးပါသလို ကျန်းမာတဲ့ အာရုံကြောလုပ်ဆောင်မှုတွေကို ထိန်းသိမ်းရာမှာလည်း အရေးပါပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့သူတွေ အတွက် ဗီတာမင် ဘီတွဲ အလုံအလောက်ရရှိနိုင်ဖို့ဆိုတာက မလွယ်ကူလှပါဘူး။ သက်ကြီးရွယ်အိုတွေရဲ့ ခန္ဓာကိုယ်က လူငယ်တွေလိုမျိုး အစားအသောက်တွေကနေ အာဟာရဓာတ်တွေကိုမစုပ်ယူနိုင်တော့ပါဘူး။   Folate (ဖောလစ်အက်ဆစ်) – ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် ဘီ တစ်မျိုးဖြစ်တဲ့ ဖောလစ်အက်ဆစ် ရရှိမှုနည်းပါးတဲ့အခါ သွေးအားနည်းရောဂါခံစားရနိုင်သလို ကိုယ်ဝန်ဆောင်အမျိုးသမီး တွေမှာလည်း ဖောလစ်အက်ဆစ်အားနည်းတဲ့အခါ မွေးလာတဲ့ကလေးငယ်မှာ အာရုံကြောပြွန်ချို့ယွင်းချက်ရှိတာ (neural tube defect NTD) […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

လူကြီးမိဘတွေရဲ့ မှတ်ဉာဏ်စွမ်းရည်၊ ဉာဏ်စွမ်းရည် လျော့ကျမသွားရအောင် ဘယ်လိုကူညီပေးမလဲ

သက်ကြီးပိုင်းအရွယ်ရောက်တဲ့အခါ လူတစ်ယောက်ရဲ့ ဦးနှောက်၊ မှတ်ဉာဏ်၊ တွေးခေါ်နိုင်စွမ်းတို့က ကျဆင်းသွားပြီလို့ ကာလရှည်ကြာ လက်ခံထားကြပါတယ်။ ဒါ့ကြောင့် လူကြီးတွေဟာ တီဗီပဲ အဆက်မပြတ် ထိုင်ကြည့်နေတာ၊ ကျန်းမာရေးနဲ့မညီတာတွေစားတာ၊ ပွစိပွစိပိုပြောလာတာ၊ စိတ်ဖိစီးမှုတွေတိုးလာတာ တွေနဲ့ပဲ နေ့စဉ်ဘဝကို ဖြတ်သန်းလာကြပြီး အနာဂတ်အတွက် စိတ်ကူးတွေ၊ ဦးတည်ချက်တွေကို စွန့်ပစ်လိုက်ကြပါတယ်။   အစာအာဟာရ လူကြီးတွေအတွက်က အားဆေးတွေထက် အစားအစာကရတဲ့အာဟာရတွေကို ပိုဦးစားပေးဖို့ ဆရာဝန်တွေက ညွှန်းပါတယ်။ ဦးနှောက်ကျန်းမာရေးအတွက် ဓါတ်စာတွေက ဦးနှောက်ဆီကို သွေးလည်ပတ်မှုကောင်းစေပြီး အဆီနဲ့ကိုလက်စထရောနည်းပါးတဲ့အပြင် ဗီတာမင်တွေ၊ omega-3s နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်မှု မြင့်မားတာကြောင့် နှလုံးကျန်းမာရေးအတွက်လည်း အကျိုးအာနိသင်တူတူပါပဲ။ ဦးနှောက်ကျန်းမာရေးအတွက် - စွပ်ပြုတ်၊ အသားပေါင်းတွေ၊ ပဲအမျိုးမျိုး၊ အသီးအရွက်တွေရောစပ်ထားတဲ့ ဆော့စ်အချဉ်၊ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ၊ ဘယ်ရီသီးတွေ၊ ထောပတ်သီး၊ လက်ဖက်ရည်ကြမ်းတို့အပြင် ဆော်လမွန်ငါး၊ သစ်ကြားသီး၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း