ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက်ကြီးလာတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်နဲ့ စိတ်မှာ ဘယ်လိုတွေ ပြောင်းလဲလာသလဲ။ သင့်ကိုယ်သင် ကျန်းမာသန်စွမ်းအောင် ဘယ်လိုနေထိုင်မလဲဆိုတာ သိထားရင် အသက်ကြီးလာမှာကို ကြောက်စရာမလိုပါဘူး။ ဒီနည်းလမ်းတွေကိုတော့ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။ အသက်ကြီးလာပေမယ့် ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ

အသက်အရွယ် ရလာတဲ့အခါ နှလုံး နဲ့ နှလုံးသွေးကြောတွေမှာ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ တော်တော်များများ ပြောင်းလဲမှုတွေက အသက်အရွယ်ကြောင့် ဖြစ်လာတာဆိုပေမယ့် အချို့သောအချက်တွေကြောင့် နှလုံးကျန်းမာရေး အခြေအနေတွေက ပိုဆိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ မကုသဘဲ ထားမယ်ဆိုရင် နှလုံးရောဂါ ဖြစ်လာတော့မှာပါ။ ဒီတစ်ခေါက်တော့ လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ ကို ပြောပြပေးချင်ပါတယ်။ နှလုံး ဘယ်လို အလုပ်လုပ်သလဲ နှလုံးက သန်မာတဲ့ ကြွက်သားဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ဆီကို သွေးတွေညှစ်ထုတ်ပြီး ပေးပို့ပေးနေတဲ့ အစိတ်အပိုင်းပါ။ ပုံမှန်အားဖြင့်တော့ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ နှလုံးဟာ လက်သီးဆုပ်အရွယ်လောက်ပဲ ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် နှလုံးက ကားတစ်စီးရဲ့ အင်ဂျင်လိုပါပဲ။ အင်ဂျင်က ကားရွှေ့လျား မောင်းနှင်နိုင်အောင် လုပ်ဆောင်ပေးသလို နှလုံးက ခန္ဓာကိုယ် လှုပ်ရှားနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ နှလုံးမှာ အပိုင်း […]

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကို ရှာဖွေမည်။

အဖြစ်များသော လူကြီးရောဂါများ

သက်ကြီးရွယ်အို ကျန်းမာရေးအကြောင်း သိကောင်းစရာ

ဘယ်သူမဆို အသက်အရွယ်ကြီးလာတာနဲ့အမျှ ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ် တဖြည်ဖြည်း အားနည်းလာပြီး ခန္ဓါကိုယ်ဟာလည်း ယိုယွင်းဆုတ်ယုတ်လာမှာ ဓမ္မတာပါပဲ။ ဇရာရဲ့ သဘောတရားအရ သက်ကြီးပိုင်းရောက်လာလေ နာမကျန်းဖြစ်လွယ်လေ၊ ရောဂါရလွယ်လေ ဖြစ်လာကြရပါတယ်။ ဒါကြောင့်လည်း မိမိတို့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ၊ ရှေ့လျှောက်ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ကောင်းစွာသတိပြုမိပြီး ကျန်းမာရေးအသိပညာ အပြည့်အဝရှိအောင် လေ့လာအားထုတ်ခြင်းအားဖြင့် ဘဝရဲ့ တတိယအရွယ်ကို ကျန်းမာပျော်ရွှင်စွာ နေထိုင်ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။   သက်ကြီးပိုင်းရောက်လာတဲ့အခါ ခန္ဓါကိုယ်မှာ ဘာတွေပြောင်းလဲလာသလဲ။ ၁။ နှလုံးနှင့်သွေးကြော အဖွဲ့အစည်း အသက်အရွယ်ကြီးသူတွေမှာ နှလုံးခုန်နှေးခြင်း၊ သွေးကြောများမာလာပြီး နှလုံးကြီးခြင်း ဖြစ်နိုင်ချေ ပိုများပါတယ်။ နောက်ဆက်တွဲရလဒ်အဖြစ် ခန္ဓါကိုယ်အနှံ့ သွေးလှည့်ပတ်စီးဆင်းရာမှာ အခက်အခဲဖြစ်လာပြီး သွေးဖိအားများခြင်း (သွေးတိုးခြင်း) အပါအဝင် နှလုံးနဲ့သွေးကြောဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။   ၂။ အရိုးအဆစ်နှင့်ကြွက်သား အဖွဲ့အစည်း လူ့သက်တမ်း နှစ် ၅၀၊ ၆၀ အထိ အလုပ်လုပ်လာခဲ့ရတဲ့ […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

သက်ကြီးပိုင်းတွေ ကားမောင်းတဲ့အခါ သိသင့်တဲ့အချက်များ

ကျွန်တော်တို့တွေ သက်ကြီးပိုင်းရောက်လာတာနဲ့အမျှ ကားမောင်းရတာလဲ တဖြည်းဖြည်း ခက်ခဲလာနိုင်ပါတယ်။ အသက်ကြီးလာရင် အမြင်အာရုံနဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေ ကျဆင်းလာတဲ့အလျောက် ကားကို ငယ်ရွယ်စဉ်တုန်းကလောက် ချောချောမွေ့မွေ့ ကောင်းကောင်းမွန်မွန် မောင်းနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီဆောင်းပါးမှာ သက်ကြီးပိုင်းအရွယ်တွေ လုံခြုံစိတ်ချစွာ ကားမောင်းနိုင်ဖို့ လိုက်နာသင့်တဲ့ အချက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။   ကားမမောင်းသင့်တဲ့ နေရာတွေကို ရှောင်ပါ သက်ကြီးပိုင်းရောက်လာတဲ့အခါ ခန္ဓါကိုယ် တောင့်တင်းသန်မာမှုနဲ့ အလိုက်သင့်လှုပ်ရှားနိုင်မှု အားနည်းလာတာ သဘာဝပါပဲ။ ဒီအကြောင်းကြောင့်ပဲ လမ်းပေါ်မှာ ရုတ်တရက်ကြုံတွေ့ရမယ့် အခြေအနေတွေကို ရင်ဆိုင်ကျော်လွှားဖို့ ခဲယဉ်းသွားတတ်ပါတယ်။ သက်ကြီးပိုင်းတွေအနေနဲ့ အန္တရာယ်ဖြစ်နိုင်မယ့် နေရာတွေမှာ ကားမမောင်းတာ အကောင်းဆုံးပါပဲ။ ဥပမာ အဝေးပြေးလမ်း၊ အရှိန်နဲ့ မောင်းနှင်ရတဲ့လမ်း၊ အကွေ့အကောက်များတဲ့လမ်းတွေမှာ ကားမောင်းနှင်ခြင်းမပြုဘဲ လမ်းဖြောင့်ပြီးကျယ်တဲ့ နေရာတွေမှာသာ မောင်းနှင်သင့်ပါတယ်။ ရာသီဥတု မကောင်းတဲ့အချိန် (မိုးရွာ၊ နှင်းကျ၊ […]


အဖြစ်များသော လူကြီးရောဂါများ

လူကြီးပိုင်းတွေမှာ ဖြစ်တတ်တဲ့ ဆီးပြဿနာကို ဘယ်လိုကူညီဖြေရှင်းကြမလဲ

သင့်အိမ်မှာ သက်ကြီးရွယ်အို အဘိုးအဘွား လူကြီးမိဘတွေ ရှိမယ်ဆိုရင် သူတို့မှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာအချို့အကြောင်း တီးမိခေါက်မိပြီး ဖြစ်ပါလိမ့်မယ်။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓါကိုယ်က ကြွက်သားတွေ အားနည်းလျော့ရဲလာတဲ့အလျောက် ကြွက်သားများနဲ့ ပြုလုပ်တည်ဆောက်ထားတဲ့ ဆီးအိမ်နံရံဟာလည်း အလုပ်လုပ်နိုင်စွမ်း ကျဆင်းလာပြီး ဆီးသွားခြင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာရပါတယ်။ ဒီဆောင်းပါးမှာတော့ ဆီးပြဿနာရှိသူ အဘိုးအဘွား လူကြီးမိဘတွေကို အကူအညီပေးနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။   ဆရာဝန်နှင့် သွားရောက်ပြသပေးပါ ပထမဦးဆုံး လုပ်သင့်တာကတော့ ဆီးပြဿနာရှိတဲ့ သင့်အဘိုးအဘွား လူကြီးမိဘတွေကို ဆရာဝန်နဲ့ သွားရောက်ပြသခြင်းပါပဲ။ သင့်အနေနဲ့ လူကြီးမှာဖြစ်နေတဲ့ လက္ခဏာတွေကို သိနိုင်ပေမယ့် ဘာကြောင့်ဒီလက္ခဏာတွေ ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကိုလည်း တိတိကျကျသိဖို့ လိုပါလိမ့်မယ်။ လူကြီးပိုင်းတွေမှာ ဆီးလမ်းကြောင်းပိုးဝင်တတ်သလို ဆီးပြွန်ပတ်ပတ်လည်က ကြွက်သားတွေကို မထိန်းချုပ်နိုင်ဘဲ သူ့အလိုလို ဆီးထွက်ကျတာမျိုးလည်း ဖြစ်တတ်ပါတယ်။ သက်ဆိုင်ရာဆရာဝန်အနေနဲ့ လူနာရဲ့ ကျန်းမာရေးရာဇဝင်ကို […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

ပင်စင်နာကို ဘယ်လိုကုစားမလဲ(၂)

ပင်စင်နာကို ဘယ်လိုကုစားမလဲ(၂) (၃) ခရီးထွက်ပါ။ ဒီအချက်ကတော့ နည်းနည်းပြောရခက်ပါတယ်။ ခရီးထွက်ဖို့ဆိုရင် အချိန်ရယ်၊ငွေရယ်၊ကျန်းမာရေးရယ် ဒီသုံးခုပြည့်စုံဖို့ လိုအပ်တဲ့အတွက်ပါ။ နံပါတ်တစ် အချိန်ကတော့ သင့်မှာ အကြွယ်ဝဆုံးမို့ အထူးဆိုစရာ မရှိပါဘူး။ နံပါတ် နှစ်ကလည်း သင့်ရဲ့ အတိတ်ကာလ လုပ်ဆောင်ခဲ့မှုတွေအပေါ် မူတည်ပြီး ဒီအချိန်မှာ ကောင်းကျိုး၊ဆိုးကျိုးနှစ်ထွေကို ပြန်လည်ခံစားရပါမယ်။ နံပါတ် သုံး ကျန်းမာရေးကတော့ အရေးကြီးဆုံးနဲ့ အရှားပါးဆုံး ဖြစ်လာမှာပါ။ တကယ်လို့ သင်ဟာ ကံကောင်းထောက်မလို့ ဒီအချက်သုံးချက်လုံး ရာနှုန်းပြည့်မဟုတ်ရင်တောင် ရာခိုင်နှုန်းအတော်များများ ပြည့်စုံနေမယ်ဆိုရင် အကြံပေးလိုတာကတော့ ခရီးထွက်ပါ။ ဖြစ်နိုင်ရင် ပြည်ပခရီးထွက်ပါ၊ခရီးဝေးထွက်ပါ။ မဖြစ်နိုင်ရင် နေ့ချင်းပြန်ပဲဖြစ်ဖြစ် ခရီးထွက်ပါ။ ဒီလို ခရီးထွက်ခြင်းအားဖြင့် အာရုံအပြောင်းအလဲ ဖြစ်စေနိုင်တဲ့အပြင် အိမ်မှာပဲ ထိုင်ပြီး စိတ်ဓါတ်ကျနေတာနဲ့စာရင်တော့ သင့်ကျန်းမာရေးကို အများကြီးအထောက်အကူပြုပါလိမ့်မယ်။ လိုရင်းပြောရရင်တော့ သင့်ရဲ့ စိတ်ရောကိုယ်ပါ […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

ပင်စင်နာကို ဘယ်လိုကုစားမလဲ (၁)

ပင်စင်နာကို ဘယ်လိုကုစားမလဲ (၁) "လမ်းထဲက ဦးဘယ်သူလေ အရင်က အမြဲတမ်း တက်တက်ကြွကြွနဲ့ အခု ချက်ချင်းကြီး ဆွဲချသလို အိုစာသွားလိုက်တာဟယ်" "ဪ.... ဦးဘယ်ဝါရော ဘာထူးလဲ။ ငါတို့ ငယ်ငယ်လေးကတည်းက ရုံးသွား၊ရုံးပြန်တိုင်း ငါတို့ အိမ်ရှေ့ကဖြတ်သွားရင် ငါ့ကို ခေါင်းလေးပုတ်ပုတ်ပြီး နှုတ်ဆက်သွားနေကျ၊အခု ပင်စင်လည်း ယူပြီးရော နှစ်လလောက်ပဲ ရှိသေးတယ်။ အဖိုးကြီးအိုလုံးလုံး ဖြစ်ပါလေရော။ ဟိုနေ့က လမ်းမှာတွေ့တာတောင် ငါ့ကို နှုတ်မဆက်ဘူး" "အင်း.... ဒေါ်ဘယ်ဒင်းကတော့ တမျိုးဟဲ့။ အရင် ဘဏ်မှာလုပ်တုန်းကလည်း ပြင်လို့ဆင်လို့ လှလို့ ပလို့ အခုပင်စင်ယူပြီးတော့လည်း သမီးတွေ၊မြေးတွေနဲ့ အပြိုင်လှနေ၊ခန့်နေထည်နေတုန်းပဲ" ဒီလို စကားလေးတွေကို သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ အသက်ခြောက်ဆယ်ပြည့်လို့ ပင်စင်ယူလိုက်ပြီဆိုတာနဲ့ တသက်လုံး သွက်သွက်လက်လက် ထက်ထက်မြက်မြက်ကြီး လှုပ်ရှားခဲ့တဲ့ လူတယောက်က ဘာလို့များ ရုတ်ချည်း […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

"ဖိုးဖိုးဖွားဖွား သူငယ်ပြန်သလား"

"ဖိုးဖိုးဖွားဖွား သူငယ်ပြန်သလား" သူငယ်ပြန်တယ်ဆိုတာကို လူအတော်များများ သိရှိပြီးဖြစ်ကြမှာပါ။ ဆေးပညာအခေါ်အဝေါ်နဲ့ အယ်လ်ဇိုင်းမားရောဂါလို့ ခေါ်တဲ့ ဒီရောဂါဟာ အသက်ကြီးတဲ့ ဖိုးဖိုးဖွားဖွားတွေကို ပြဿနာတွေပေးတဲ့ ရောဂါပေါ့။ ဒီဆောင်းပါးလေးမှာတော့ သူငယ်ပြန်ခြင်းနဲ့ ပတ်သက်လို့ သိသင့်သိထိုက်တဲ့ အချက်လေးတွေကို ဖော်ပြပေးသွားပါမယ်။ သက်ကြီးရွယ်အိုတွေနဲ့ အနီးကပ်နေထိုင်သူတွေအတွက် အထူးရည်ရွယ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါရဲ့ ကနဦးလက္ခဏာတွေကတော့ သိပ်မသိသာလှပါဘူး(မသိသာဆို အသက်ကြီးလို့ သတိမေ့တတ်တာကလည်း အထူးအဆန်းမှ မဟုတ်တာကိုး)။ ဒီတော့ အသက်အရွယ်ကြောင့် ရိုးရိုးတန်းတန်း မေ့တတ်လာတာလား ဒါမှမဟုတ် အယ်လ်ဇိုင်းမားရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေလား ဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီး သိဖို့ လိုအပ်လာပါပြီ။ ထူးခြားတာတခုက အယ်လ်ဇိုင်းမားဖြစ်စပြုနေတဲ့ ဖိုးဖိုးဖွားဖွားတွေ မေ့တတ်တာဟာ လတ်တလောကိစ္စတွေကိုပဲဖြစ်ပြီး ဟိုးအရင် စစ်တွင်းကအကြောင်းအရာတွေ၊ဂျပန်ခေတ်တို့ဘာတို့ဆိုသလို သူတို့ငယ်ငယ်က အကြောင်းအရာတွေကိုတော့ အောချရလောက်အောင် မှတ်မိနေပြီး စကားတွေ ဖောင်ဖွဲ့ပြောနေပါလိမ့်မယ်။ ဂျပန်ခေတ်က အကြောင်းတွေ မှတ်မိသေးတယ်ဆိုပေမယ့် မနက်က ကော်ဖီသောက်လား၊မုန့်ဟင်းခါးစားတာလားဆိုတာကိုတော့ […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

သူငယ်ပြန်နေတဲ့ ဖိုးဖိုးဖွားဖွားတို့ကို ဘယ်လိုစောင့်ရှောက်ကြမလဲ?

သူငယ်ပြန်နေတဲ့ ဖိုးဖိုးဖွားဖွားတို့ကို ဘယ်လိုစောင့်ရှောက်ကြမလဲ? အယ်လ်ဇိုင်းမားရောဂါလို့ စာသံပေသံနဲ့ ခေါ်တဲ့ သူငယ်ပြန်ခြင်းဟာ အသက်အရွယ် အိုမင်းတဲ့ ဖိုးဖိုးဖွားဖွားတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ဝေဒနာတမျိုးပါ။ ဒီရောဂါ ခံစားရပြီဆိုရင် သတိတွေမေ့၊ မသွားတတ် မလာတတ်တွေဖြစ်၊ အမူအကျင့်တွေ ပြောင်းလဲကုန်၊ ရိုးရိုးစာလုံးလေးတွေတောင် မပြောတတ်တော့ စတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ရင်ဆိုင်ရတတ်တာမို့ သူငယ်ပြန်နေတဲ့ ဖိုးဖိုးဖွားဖွား တွေအနေနဲ့ တစ်ဦးတည်း အထီးတည်း နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့သလောက်ပါပဲ။ ဒါကြောင့်မို့ ကိုယ့်ရဲ့ မိဘပဲဖြစ်ဖြစ်၊ အဖိုးအဖွားပဲဖြစ်ဖြစ်၊ အတူနေဆွေမျိုးသားချင်းပဲဖြစ်ဖြစ် အယ်လ်ဇိုင်းမားရောဂါကို ခံစားရပြီ၊ သူငယ်ပြန်ပြီဆိုရင် ကြွေးဟောင်းဆပ်တဲ့အနေနဲ့ ဘယ်လိုမျိုးလေးတွေ ကူညီစောင့်ရှောက်လုပ်ကိုင်ပေးသင့်သလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ဖော်ပြသွားမှာပဲ ဖြစ်ပါတယ်။ သူငယ်ပြန်နေတဲ့ ဖိုးဖိုးဖွားဖွားတို့ကို ဘယ်လိုစောင့်ရှောက်ကြမလဲ? သူငယ်ပြန်နေတဲ့ ဖိုးဖိုးဖွားဖွားတို့ကို ဘယ်လိုစောင့်ရှောက်ကြမလဲ? ဆိုတော့ ပထမဆုံး သင်လုပ်ရမယ့် အလုပ်ကတော့ သူငယ်ပြန်နေတဲ့ ဖိုးဖိုးဖွားဖွားတို့ကို သင့်မျက်စိအောက်က အပျောက်မခံဖို့ပဲ ဖြစ်ပါတယ်။ တယောက်တည်း […]


သက်ကြီးရွယ်အို အာဟာရ

အသက်ကြီးသူတွေ အာဟာရပြည့်ဝနေစေဖို့ ဘယ်လိုလုပ်ပေးမလဲ

လူငယ်ဘဝမှာ စားကောင်းတာလေး၊ ကိုယ်ကြိုက်တဲ့အစားအစာလေးတွေဆိုရင် ငယ်တုန်းမို့စားရတာ လို့ပြောပြောပြီး များများစားလိုက်ရမှ။ တကယ်လည်းဟုတ်ပါတယ်။ ငယ်ရွယ်တုန်းမှာ ဘာစားစား အားပြည့်နေတာပဲ၊ သွားလည်းကောင်းတာကိုး။ အသက်ကြီးလာတဲ့အခါ သွားမကောင်းတာရယ်၊ရောဂါကြောင့် မတည့်တာရှောင်ရတာတွေရယ်၊ အစားစားချင်စိတ်က မတူတော့တာရယ်ကြောင့် သိပ်မစားနိုင်တော့ပါဘူး။ ငါကတော့ ဟင်းသိပ်မစားနိုင်ဘူး၊ ခံတွင်းတွေ့မယ့်ဟင်းတစ်မျိုးဆိုရပြီလို့ လူကြီးမိဘတွေပြောတတ်ကြတယ်။ အစားနည်းလာတယ်၊ အစာကြေဖို့ သိပ်မလွယ်တော့ဘူးဆိုတော့ တစ်နေ့တာလိုအပ်တဲ့အာဟာရတွေပြည့်နိုင်ပါ့မလား။ ဆီးချိုရှိတဲ့လူကြီးတွေဆို ပိုဆိုးပါတယ်။ စားချင်စိတ်ရှိတာတောင် အချိုဓါတ်မလွန်ကဲစေဖို့ရှောင်ကြရင်း အစားအသောက်ဘက်မှာဘောင်ကျဉ်းလာတဲ့အခါ အားဖြည့်အာဟာရတွေ၊ အားဆေးတွေကို အားကိုးလာရပါတယ်။ ခန္ဓါကိုယ်မှာရှိသင့်တဲ့ အာဟာရဓါတ်တွေချို့တဲ့လာတဲ့အခါ လူကြီးတွေရဲ့ကျန်းမာရေးမှာ စိုးရိမ်စရာတွေရှိလာနိုင်ပါတယ် - ကိုယ်ခံအားနည်းလာလို့ရောဂါပိုးတွေကူးစက်ခံရလွယ်နိုင်တယ်။ အနာဖြစ်ရင်တော်တော်နဲ့ပြန်မကျက်ဘူး။ ကြွက်သားတွေအားနည်းလာတယ်၊ အရိုးပွလာနိုင်တယ်။ အဲဒီကနေချော်လဲတာ၊အရိုးကျိုးအက်တာတွေဖြစ်လာနိုင်တယ်။ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းလာတယ်။ လုံးဝအားမရှိသလို ပင်ပန်းနွမ်းလျခြင်း၊ အားကုန်မောပန်းခြင်း ခံစားရနိုင်တယ်။ စိတ်သွားတိုင်းခန္ဓါကိုယ်ကမလှုပ်ရှားနိုင်တော့ စိတ်ဓါတ်ကျလာတယ်။ သွေးအားနည်းလာတယ်။ မှတ်ဉာဏ်လျော့နည်းလာတယ်။ ဒါတွေက အာဟာရချို့တဲ့ခြင်းရဲ့အဖြစ်များတဲ့လက္ခဏာနဲ့ဖြစ်နိုင်ခြေတွေပါ။ ဒါတွေအပြင် အစားစားဖို့ငြင်းဆန်လာတာ၊ အစာစားချင်စိတ်မရှိတာတွေအထိဖြစ်လာခဲ့ရင် […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

Aging (အိုမင်းရင့်ရော်ခြင်းဆိုတာ ဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Aging (အိုမင်းရင့်ရော်ခြင်းဆိုတာ ဘာလဲ) ကဘာလဲ။ အိုမင်းရင့်ရော်ခြင်းသည် နှေးကွေးသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ သင်၏ ဇီဝကမ္မဖြစ်စဉ်သည် တဖြည်းဖြည်း နှေးလာပါလိမ့်မည်။ အအိပ်နည်းလာလိမ့်မည်။ စာဖတ်ရန် မျက်မှန်လိုလာမည်။ အချို့လူများသည် အကြားအာရုံ ဆုံးရှုံး ခြင်း ဖြစ်နိုင်သည်။ အသက် ၅၀ ရောက်ပါက သင့်အရိုးများ လည်း အိုမင်းလာပြီး လိင်ပိုင်းဆိုင်ရာ တုံ့ပြန်မှုလည်း မတူ တော့ပါ။ နှေးလာပါသည်။ အရေးကြီးသော ကိုယ်တွင်းအင်္ဂါ များသည် စွမ်းဆောင်ရည် ကျလာသည်။   လက္ခဏာများAging (အိုမင်းရင့်ရော်ခြင်းဆိုတာ ဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ သင်သတိပြုနိုင်သော အိုမင်းရင့်ရော်ခြင်း၏ လက္ခဏာ အချို့မှာ ဇီဝကမ္မဖြစ်စဉ် နှေးလာမည် အကြားအာရုံ ဆုံးရှုံးခြင်း အရိုးများသည် နာကျင်ခြင်း၊ ကိုက်ခဲခြင်း စသော ပြဿနာများ ဖြစ်လာသည်။ ကိုလက်စထရော များခြင်း၊ သွေးတိုးခြင်း စသော ရောဂါများ အလွယ်တကူရသည်။ အထက်တွင် ဖော်ပြ မထားသော […]


သက်ကြီးရွယ်အို အာဟာရ

လူကြီးမိဘတွေသက်လုံကောင်းစေဖို့နဲ့ခွန်အားပြည့်ဝစေဖို့ ဘာတွေလုပ်ပေးရမလဲ

လူတစ်ယောက်ရဲ့ဘဝသက်တမ်းတလျှောက်မှာ သားသမီးတွေရှိခဲ့နိုင်တယ်၊ ခွဲစိတ်မှုတွေခံယူခဲ့ဖူးနိုင်တယ်၊ ဝခဲ့ဖူးမယ်၊ ပိန်ခဲ့ဖူးနိုင်တယ်၊ ထိခိုက်ဒဏ်ရာတွေခံစားရဖူးနိုင်တယ် ဒါမှမဟုတ် အသက်အန္တရာယ်ကြုံခဲ့ရတဲ့ရောဂါတွေ ရင်ဆိုင်ခဲ့ရနိုင်တယ်။ အသက်ကြီးလာတဲ့အခါကျရင်တော့ ဟော်မုန်းတွေအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ခန္ဓါကိုယ်မှာ ဖြစ်လာတဲ့ပြောင်းလဲမှုအမျိုးမျိုးကို မလွှဲမရှောင်သာ လက်ခံပေးရမှာပါ။ ဒါ့ကြောင့် ကျန်းကျန်းမာမာနဲ့ ခွန်အားပြည့်ဝစွာနေနိုင်ဖို့ လျှို့ဝှက်ချက်ကို လူကြီးမိဘတွေနဲ့ သူတို့ရဲ့စောင့်ရှောက်သူတွေက လိုလားတောင့်တနေကြတာဖြစ်ပါတယ်။ ဒီအကြံပြုချက်လေးတွေကို ဖတ်ကြည့်ပါ၊ အထောက်အကူဖြစ်စေပါလိမ့်မယ်။   အိပ်ရေးဝဝအိပ်ပါ တိုးတက်နေတဲ့ ဒီနေ့ခေတ်မှာ နည်းပညာပစ္စည်းတွေသုံးစွဲမှုများလာပြီး မိုဘိုင်းဖုန်း၊ တီဗီ၊ ကွန်ပျူတာတွေမရှိတဲ့ အိမ်ဆိုတာ မရှိသလာက်ပါပဲ။ ဒါ့အပြင် တီဗီကြိုက်တဲ့ လူကြီးမိဘတွေဆိုရင်တော့ အိပ်ရေးဝဝအိပ်နိုင်ဖို့ သိပ်မဖြစ်နိုင်ပါဘူး။ အိပ်ရေးပျက်ထားတဲ့လူဟာနောက်တစ်နေ့မှာခေါင်းမူးနေမယ်၊ အာရုံပျံ့လွင့်လွယ်တယ်၊တစ်နေ့တာလုံး အားနည်းသလို နုံးသလိုခံစားနေရတတ်ပါတယ်။ အသက်ကြီးသူတွေမှာဆို ဒီအခြေအနေတွေက ပိုဆိုးနိုင်ပါတယ်။ အသက်ကြီးလာပြီဆိုရင် ခန္ဓါကိုယ်က အရင်ကလို ဒူပေနာပေခံနိုင်တော့မှာမဟုတ်ဘဲ အိပ်ရေးလေးပျက်ရုံနဲ့ ဆီးချိုရောဂါ၊ ကိုယ်ခံအားနည်းခြင်း၊ကြွက်သားအားလျော့ခြင်း၊ ခံနိုင်ရည်လျော့ကျခြင်း၊နဲ့ အရေးပါတဲ့ကိုယ်တွင်းအင်္ဂါတွေမှာ ယိုယွင်းပျက်စီးလာခြင်းတို့လို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း