ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက်ကြီးလာတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်နဲ့ စိတ်မှာ ဘယ်လိုတွေ ပြောင်းလဲလာသလဲ။ သင့်ကိုယ်သင် ကျန်းမာသန်စွမ်းအောင် ဘယ်လိုနေထိုင်မလဲဆိုတာ သိထားရင် အသက်ကြီးလာမှာကို ကြောက်စရာမလိုပါဘူး။ ဒီနည်းလမ်းတွေကိုတော့ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။ အသက်ကြီးလာပေမယ့် ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ

အသက်အရွယ် ရလာတဲ့အခါ နှလုံး နဲ့ နှလုံးသွေးကြောတွေမှာ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ တော်တော်များများ ပြောင်းလဲမှုတွေက အသက်အရွယ်ကြောင့် ဖြစ်လာတာဆိုပေမယ့် အချို့သောအချက်တွေကြောင့် နှလုံးကျန်းမာရေး အခြေအနေတွေက ပိုဆိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ မကုသဘဲ ထားမယ်ဆိုရင် နှလုံးရောဂါ ဖြစ်လာတော့မှာပါ။ ဒီတစ်ခေါက်တော့ လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ ကို ပြောပြပေးချင်ပါတယ်။ နှလုံး ဘယ်လို အလုပ်လုပ်သလဲ နှလုံးက သန်မာတဲ့ ကြွက်သားဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ဆီကို သွေးတွေညှစ်ထုတ်ပြီး ပေးပို့ပေးနေတဲ့ အစိတ်အပိုင်းပါ။ ပုံမှန်အားဖြင့်တော့ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ နှလုံးဟာ လက်သီးဆုပ်အရွယ်လောက်ပဲ ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် နှလုံးက ကားတစ်စီးရဲ့ အင်ဂျင်လိုပါပဲ။ အင်ဂျင်က ကားရွှေ့လျား မောင်းနှင်နိုင်အောင် လုပ်ဆောင်ပေးသလို နှလုံးက ခန္ဓာကိုယ် လှုပ်ရှားနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ နှလုံးမှာ အပိုင်း […]

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကို ရှာဖွေမည်။

အဖြစ်များသော လူကြီးရောဂါများ

ဘက်တီးရီးယားကာကွယ်ပေးတဲ့ လူကြီးသုံးသေးခံတွေကို ဘာကြောင့်အသုံးပြုသင့်တာလဲ။

ဆီးထွက်ကျတယ်ဆိုတာ ကလေးဘဝတုန်းကတော့ သိပ်ပြဿနာမရှိပေမဲ့ အသက်ကြီးလာရင် တော်တော်လေးကို စိတ်ညစ်ဖို့ ကောင်းတဲ့ ပြဿနာတစ်ခုပါ။ အသက်ကြီးလာလို့၊ ကိုယ်ဝန်ရင့်လာလို့၊ ရောဂါတစ်ခုခုရှိလို့ ဆီးမနိုင်တာဖြစ်နိုင်သလို ကာလကြာရှည်အိပ်ရာထဲလဲနေရတဲ့အတွက် ကိုယ်တိုင်မသွားနိုင်တာကြောင့် ဆီးတွေ ဝမ်းတွေ အိပ်ရာထဲတင်ဖြေရှင်းနေရတဲ့ ပြဿနာတွေလည်းရှိနိုင်ပါတယ်။ ဒီလိုဆီးမနိုင်တဲ့ပြဿနာ ဆီးဝမ်းတွေ အိပ်ရာထဲမှာပဲ ဖြေရှင်းရတဲ့ပြဿနာတွေက ခံစားရတဲ့သူအတွက် ဒုက္ခများသလို ပြုစုစောင့်ရှောက်ပေးရတဲ့သူတွေအတွက်လည်း မသက်သာပါဘူး။ ဘယ်လိုလူတွေမှာ ဆီးမထိန်းနိုင်တဲ့ ပြဿနာ အဖြစ်များလဲ။ ၁။ စိတ်ဖိစီးမှု များတဲ့သူတွေ၊ အဝလွန်သူတွေ ၂။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ပိတ်ဆို့ခြင်း၊ ဆီးနှင့် ပတ်သက်တဲ့ ရောဂါတစ်ခုခု ရှိနေတာ ၃။ ဆီးကျိတ်ကြီးနေတဲ့ အမျိုးသားတွေ၊ ဆီးကျိတ်ကင်ဆာ ဝေဒနာရှင်တွေ ၄။ ဆီးချိုရောဂါ၊ ဦးနှောက်အာရုံကြောရောဂါ၊ ပါကင်ဆန်ရောဂါ ရှိနေသူတွေ ၅။ ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ဆောင်နေစဉ်၊ မီးဖွားပြီးခါစချိန် ၆။ သွေးဆုံးပြီးအမျိုးသမီးတွေနဲ့ သားအိမ်ထုတ် ခွဲစိတ်ထားတဲ့ အမျိုးသမီးတွေ ၇။ ဆေးလိပ်အလွန်အကျွံသောက်တဲ့သူတွေ ၈။ […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

လူကြီးသုံးသေးခံ ရွေးချယ်မယ်ဆိုရင် ဘောင်းဘီက အကောင်းဆုံးဆိုတာ ဘာကြောင့်လဲ။

ဇရာထောင်းရင် အကုန်ပြောင်းတယ်တဲ့။ ဟုတ်တယ်နော်။ ရုပ်ရည်သွင်ပြင်၊ ကျန်းမာရေး၊ ကိုယ်ခန္ဓါ ကြံ့ခိုင်မှု အားလုံး အားလုံး လူလတ်ပိုင်းတစ်ယောက်နဲ့မတူတော့ပါဘူး။ ဒီ ဇရာထောင်းလို့ ပြောင်းသွားတဲ့ ကိစ္စတွေမှာ ဘိုးဘိုးဘွားဘွားတိုင်း စိတ်ညစ်ရတဲ့ ကိစ္စတစ်ခုရှိပါတယ်။ ပြင်းထန်တဲ့ရောဂါတော့မဟုတ်ပေမယ့် သူတို့ရဲ့ လူနေမှု ဘဝကို ထိခိုက်စေတဲ့ ဆီးမထိန်းနိုင်တဲ့ ပြဿနာပဲဖြစ်ပါတယ်။ ညညအိပ်ရာထဲမှာ ဆီးသွားမိတာပဲ ဖြစ်ဖြစ် ၊ ဆီးသွားချင်တာနဲ့ ဆီးပေါက်ချမိတာပဲဖြစ်ဖြစ် ဆီးမထိန်းနိုင်တဲ့ ပြဿနာကို အသက်ကြီးလာတဲ့ ဘိုးဘိုးဘွားဘွားတိုင်း ခံစားရလေ့ရှိပါတယ်။ ရောဂါရဲ့ သက်ရောက်မှုကြောင့်ဖြစ်နိုင်သလို အသက်အရွယ်ကြောင့် ကြွက်သားတွေ အားနည်းလာလို့ ဆီးမထိန်းနိုင်တာတွေဖြစ်နိုင်ပါတယ်။ ဘယ်သူကတော့ ဆီးထွက်ကျတာ၊ ဆီးမထိန်းနိုင်တာတွေ ဖြစ်ချင်မလဲနော်။ ရှက်စရာလည်းကောင်းတယ်၊ စိတ်လည်းညစ်ရတယ်လေ။ ပြဿနာရှိရင် ဖြေရှင်းဖို့နည်းလမ်းဆိုတာ ရှိစမြဲဖြစ်တာကြောင့် ဆီးမထိန်းနိုင်လို့ ၊ ဆီးပေါက်ချမိလို့ စိတ်ညစ်နေရတဲ့ လူကြီးတွေအတွက် လူကြီးသုံးသေးခံ တွေ […]


အဖြစ်များသော လူကြီးရောဂါများ

နေပူဒဏ်ကို အဖိုးအဖွားတွေ ကျော်လွှားနိုင်အောင် ကူညီစောင့်ရှောက်ပေးရအောင်

ဒီလိုရာသီဥတုပူနေတဲ့အချိန်မှာ ကျန်းမာရေးဒေါင်ဒေါင်မြည်နေတဲ့ လူငယ်တွေတောင် မခံနိုင်တာ၊ အသက်ကြီးတဲ့ အိမ်ကအဖေအမေနဲ့ အဖိုးအဖွားတွေဆို ပိုပြီးနွမ်းနယ်ရပါတယ်။ အထူးသဖြင့် အသက် ၆၅ နှစ်အထက်အရွယ်တွေဆို ပိုပြီးထိခိုက်လွယ်ပါတယ်။ လူကြီးတွေဟာ အပူချိန်ရုတ်တရက်ပြောင်းလဲမှုတွေမှာ လူငယ်တွေလို လိုက်မထိန်းညှိနိုင်ဘူး။ သူတို့မှာ အပူဒဏ်အပေါ် ခန္ဓါကိုယ်ရဲ့တုံ့ပြန်နိုင်စွမ်းကို ပြောင်းလဲစေနိုင်တဲ့ ရောဂါအခံတွေ၊ နာတာရှည်ကျန်းမာရေးပြဿနာအခံတွေရှိနေတတ်တယ်လေ။ ဒါ့အပြင် သူတို့က ခန္ဓါကိုယ်ရဲ့ အပူချိန်ထိန်းညှိနိုင်စွမ်းကို ပျက်ယွင်းစေနိုင် ဒါမှမဟုတ်ချွေးမထွက်စေနိုင်တဲ့ဘေးထွက်ဆိုးကျိုးရှိတဲ့ဆေးတွေသောက်နေရတာများပါတယ်။ ခန္ဓါကိုယ်က အလိုအလျောက်အေးမြစေပြီး အပူချိန်ထိန်းညှိမပေးနိုင်တဲ့အခါ အပူဒဏ်ဖိစီးမှုခံစားရတတ်ပါတယ်။ ပြင်ပအပူချိန်မြင့်တက်လာတဲ့အခါ လူ့ခန္ဓါကိုယ်ကချွေးတွေထွက်ပြီး အလိုအလျောက်အေးမြစေတာဖြစ်ပါတယ်။ ဒါပေမယ့်ချွေးလည်းပုံမှန်မထွက်ဘူး၊ ခန္ဓါကိုယ်အပူချိန်မြင့်နေတယ်ဆိုhyperthermia လို့ခေါ်တဲ့အခြေအနေကိုဖြစ်စေပါတယ်။ လူကြီးမိဘတွေမှာ အပူချိန်ပြင်းတဲ့ရာသီဥတုကြောင့် ဘယ်လိုနေရမှန်းမသိ၊ ဘာဖြစ်မှန်းမသိ၊နေရခက်တာ၊ ပူအိုက်တာ၊ စားမကောင်းတာတွေ လုံးချာလည်ရိုက်နေမှာပါ။ ဒါကိုဘေးကမိသားစုက သို့မဟုတ် စောင့်ရှောက်တဲ့သူက သတိထားမိပြီး ပြုစုစောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ ဒီလက္ခဏာတွေ တွေ့ရတတ်တယ် သေချာသတိထားကြည့်ပါနော်။ ကိုယ့်ရဲ့လူကြီးမိဘတွေမှာ ဒီလက္ခဏာတွေတွေ့ရတယ်ဆို ဂရုစိုက်ပါ။ ချွေးအရမ်းထွက်တာ ဖြူဖတ်ဖြူရော်ဖြစ်နေတာ […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

အသက်ရလာပြီဖြစ်တဲ့ မေမေဖေဖေတို့နဲ့ ခရီးအတူသွားရင်အသုံးတည့်မယ့် နည်းလမ်းလေးများ

ငယ်ငယ်က ကိုယ်သွားချင်တဲ့နေရာတိုင်းကိုမေမေဖေဖေတို့ကလိုက်ပို့ပေးတယ်။ အရွယ်ရောက်လာတော့ သူငယ်ချင်းတွေနဲ့အတူသွားကြတာရှိပါတယ်။ ဒီလိုကနေတော်တော်လေးအရွယ်ရလာတော့ မိဘတွေကလည်း အသက်ရလာပြီဖြစ်တဲ့အတွက် သူတို့သွားချင်တဲ့နေရာကို ကိုယ်တွေကတစ်ခါပြန်ပို့ပေးရမယ့်အနေအထားကိုရောက်လာပြီနော်။ ဒါကိုက ဘဝရဲ့ လည်ပတ်မှုပဲမလား။ ဒီလိုမျိုး တစ်ပြန်တလှည့်ကိုယ်ကမေမေဖေဖေတို့သွားချင်တဲ့ရောတွေကို မိသားစုနဲ့အတူတူသွားရောက်လည်ပတ်နိုင်ဖို့ လိုက်ပို့ရတဲ့အခါ အဆင်ပြေတဲ့ ခရီးစဉ်လေးဖြစ်စေဖို့ ဘာတွေပြင်ဆင်ဖို့လိုမလဲ စဉ်းစားရခက်နေမယ်ဆိုရင် ဒီဆောင်းပါးလေးဖတ်ကြည့်နော်။ အသက်ရလာပြီဖြစ်တဲ့မေမေဖေဖေတို့နဲ့ခရီးသွားတော့မယ်ဆိုရင် ကျွန်မတို့ မဖြစ်မနေသိထားရမှာက ကျွန်မတို့တွေအရွယ်ရောက်လာလေမေမေဖေဖေတို့ကလည်း အသက်အရွယ်ကြီးရင့်လာလေလေပါ။ ငယ်ရွယ်စဉ်ကလောက် မပေါ့ပါးတော့သလို စိတ်သွားတိုင်းလည်း ကိုယ်မပါကြတော့ပါဘူး။မေမေဖေဖေတို့ကရောဂါကြီးကြီးမားမားခံစားနေရတာမဟုတ်ရင်တောင် အိုမင်းလာကြပြီဆိုတာကိုတော့ သိထားဖို့ လိုပါမယ်။ ဒီတော့မေမေဖေဖေတို့အတွက် အဆင်ပြေဆုံးဖြစ်အောင် ခရီးစဉ်တစ်ခုကို စီစဉ်ပေးတော့မယ်ဆိုရင် ဒီအချက်လေးတွေကိုမေ့ထားလို့မဖြစ်ပါဘူး။ (၁) ခရီးစဉ်ကိုသေချာလေးရွေးချယ်ပါ မသွားခင်ကပြင်ဆင်ရမယ့်အချက်တစ်ခုပေါ့။ အရွယ်ရလာတဲ့မိဘတွေက ခရီးပန်းတဲ့ဒဏ်ကို အရမ်းမခံနိုင်တော့ပါဘူး။ ဒီတော့ အရမ်းဝေးတဲ့ခရီးစဉ်တွေကိုမစီစဉ်ပါနဲ့။ အပန်းမပြေဘဲ ပိုပင်ပန်းသွားနိုင်တာကြောင့်ပါ။ပေါ့ပေါ့ပါးပါးသွားနိုင်မယ့် ခရီးစဉ်ကိုသေချာလေးရွေးချယ်ပေးပါ။ (၂) အဝတ်အစားတွေသေချာလေးရွေးချယ်ပါ သွားရမယ့်နေရာနဲ့လိုက်ဖက်မယ့် အဝတ်အစားအသုံးအဆောင်တွေကိုသေချာလေးရွေးချယ်ပေးပါ။ အပူပိုင်းသွားတဲ့အခါ ချည်သားလက်ရှည်အေးအေးလေးတွေနဲ့ချွေးစုပ်မယ့်အဝတ်အစားမျိုး၊အေးတဲ့နေရာကိုသွားမယ်ဆိုရင်နွေးနွေထွေးထွေးဖြစ်စေမယ့်အဝတ်အထည်မျိုးကိုသေချာလေးရွေးထည့်ပေးပါ။ (၃) အလွယ်တကူစားလို့ရမယ့် အစားအစာလေးတွေထည့်ပါ လူကြီးတွေကလည်း ကလေးလေးတွေလိုပါပဲ။ ခရီးသွားနေရင်း ဗိုက်ဆာတာမျိုးဖြစ်နိုင်ပါတယ်။ ဆီးချိုလိုမျိုးရောဂါတစ်ခုခုခံစားနေရမယ်ဆိုရင်တော့သွေးချိုကျသွားတာမျိုးဖြစ်နိုင်တာကြောင့် […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

မှိုကြိုက်တတ်တဲ့ လူကြီးတွေ မှတ်ဉာဏ်ကျဆင်းနိုင်ခြေပိုနည်း

မှိုကို တစ်ပတ် နှစ်ကြိမ်ထက်ပိုပြီး စားသုံးတဲ့လူကြီးတွေမှာ ဦးနှောက်မှတ်ဉာဏ်ကျဆင်းမှုဖြစ်လာနိုင်ခြေပိုနည်းစေနိုင်တယ်လို့ သုတေသနကတွေ့ရှိခဲ့ပါတယ်။ သုတေသနမှာ အသက် ၆၀ကျော် တရုတ်လူမျိုးသက်ကြီးပိုင်းအရွယ် အယောက် ၆၀၀ ကိုလေ့လာခဲ့တာဖြစ်ပါတယ်။ တစ်ကြိမ်စားသုံးမှုကို ချက်ပြုတ်ပြီးသား မှိုပမာဏ ပျမ်းမျှ ၁၅၀ ဂရမ် နဲ့သတ်မှတ်ထားပြီး နှစ်ကြိမ်စာဟာ မှိုဟင်းတစ်ပန်းကန်ရဲ့တဝက်နဲ့ညီမျှပါတယ်။ "သုတေသနလမ်းညွှန်ချက်အရသာ ပမာဏတိုင်းတာမှုနဲ့ပြောထားပေမယ့် တစ်ပတ်ကို မှိုဟင်းတစ်ကြိမ်လောက်စားရုံနဲ့လည်း ဦးနှောက်ဉာဏ်စွမ်းရည်ကျဆင်းမှုဖြစ်နိုင်ခြေ ပိုနည်းစေနိုင်ပါတယ်" လို့National University of Singapore (NUS) ရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒီရလဒ်ဟာ မှိုမှာပါတဲ့ergothioneine ဓါတ်တိုးဆန့်ကျင်ပစ္စည်းရဲ့ အစွမ်းအာနိသင်ကြောင့် ဖြစ်တယ်လို့NUS မှ သုတေသီDr Irwin Cheah ကပြောပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်းပြုလုပ်ခဲ့တဲ့လေ့လာမှုမှာ စင်ကာပူနိုင်ငံအတွင်း လူကြိုက်များဆုံးမှိုအမျိုးအစား ၆ မျိုးကို စားသုံးမှုအပေါ်လေ့လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပါဝင်သူတွေကိုတွေ့ဆုံမေးမြန်းတာတွေ၊ စမ်းသပ်စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ကြပြီး သူတို့ရဲ့ ကိုယ်ရေးအချက်အလက်နဲ့နေထိုင်မှုအနေအထား၊ဆေးမှတ်တမ်း၊ စိတ်ကျန်းမာရေးအခြေအနေ၊ စားသောက်ပုံအမူအကျင့်၊ […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

အကောင်းဆုံး လူကြီးသုံးသေးခံ ကို ဘယ်အချက်တွေနဲ့ ကြည့်ပြီး ရွေးချယ်ရမလဲ ။ ။

ညညဘက် အိပ်ရာထဲ ဆီးသွားတဲ့ ဖိုးဖိုးဖွားဖွားတွေ၊ ဆီးမထိန်းနိုင်တဲ့ ဖိုးဖိုးဖွားဖွားတွေ အိမ်မှာရှိပါသလား။ အသက်အရွယ်ကြောင့် ဆီးထိန်းကြွက်သားတွေ အားလျော့သွားလို့ ဆီးကိုမထိန်းနိုင်တာ၊ ရောဂါအခံတွေ ကြောင့် ဆီးမထိန်းနိုင်တဲ့ကိစ္စတွေ ပတ်ဝန်းကျင်မှာ ကြားဖူးနေကြကိစ္စတွေပါ။ ဒါဆို ကိုယ့်အိမ်က ဖိုးဖိုးဖွားဖွားတွေမှာ ဒီလို ဆီးမထိန်းနိုင်တဲ့ ပြဿနာရှိနေပြီဆိုရင် သူတို့အတွက် ဘယ်လို ဖြေရှင်းပေးကြမလဲ။ စိတ်မပူပါနဲ့။ ခုနောက်ပိုင်းမှာ ဆီးမထိန်းနိုင်တဲ့ လူကြီးတွေအတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ လူကြီးသေးခံတွေရှိပါတယ်။ လူကြီးသေးခံဆိုလို့ တချို့က ဝယ်ရမှာ ၊ဝတ်ရမှာ ရှက်တတ်ကြပါတယ်။ ဒါဟာ ရှက်စရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ဆီးမထိန်းနိုင်လို့ ဆီးထွက်ကျရင်သာ ရှက်စရာနဲ့ စိတ်ညစ်စရာကောင်းတာမို့ ဒါတွေကို ကာကွယ်ပေးတဲ့ လူကြီးသေးခံကို ဝတ်ရမှာ၊ ဝယ်ရမှာ မရှက်သင့်ပါဘူး။ ဝတ်ထားတဲ့အခါမှာလည်း အများထင်သလို ဖုဖုဖောင်းဖောင်းကြီးနဲ့ သိသာနေတာမဟုတ်ဘဲ သက်တောင့်သက်သာနဲ့ […]


သက်ကြီးရွယ်အို အာဟာရ

ဖေဖေမေမေနဲ့ ဖိုးဖိုးဖွားဖွားတွေကျန်းမာစေဖို့

အာဟာရြပည့်ဝမှုက သက်ရှိတိုင်းနဲ့ဆိုင်တဲ့ ကိစ္စရပ်တစ်ခုပါနော်။ ကလေးတွေမှအာဟာရပြည့်ဝဖို့လိုတာမဟုတ်ပါဘူး။ လူကြီးတွေလည်း အာဟာရပြည့်ဝဖို့လိုပါမယ်။ များသောအားဖြင့် ဂရုစိုက်မိတတ်ကြတာက ကလေးလေးတွေ အာဟာရပြည့်ဝဖို့ကိုပဲ အာရုံစိုက်နေမိတတ်ကြတာပါ။ တကယ်တော့မေမေဖေဖေ၊ဖိုးဖိုးဖွားဖွားတို့လည်း အာဟာရပြည့်ဝဖို့လိုပါမယ်။ ဒါမှလည်း ကျန်းမာပြီး အသက်ရှည်စေမှာပါ။ ချစ်ရတဲ့မေမေဖေဖေ၊ဖိုးဖိုးဖွားဖွားတို့ကျန်းမာစေဖို့ အသက်ရှည်ရှည်နဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်စေဖို့ အာဟာရပြည့်ဝစေရေးအတွက်သေချာလေးဂရုစိုက်ပေးဖို့ပြောပါရစေ။ မဖြစ်မနေသိထားရမယ့်အချက်တစ်ခုက ကိုယ့်ကမွေးတဲ့ရင်သွေးတွေမှာ အရေးကြီးတာမဟုတ်ပါဘူး။ ကိုယ့်ကိုမွေးဖွားစောင့်ရှောက်ပေးခဲ့တဲ့မေမေဖေဖေဖိုးဖိုးဖွားဖွားတို့ကျန်းမာအာဟာရပြည့်ဝဖို့ကလည်း အရေးကြီးပါတယ်နော်။ အရွယ်ရလာတာနဲ့အမျှ အာဟာရလိုအပ်ချက်မြင့်လာသလား အရွယ်ရောက်လာတာနဲ့အမျှ မဖြစ်ချင်ပေမယ့်လည်း အရိုးတွေရဲ့ သိပ်သည်းဆက ကျလာသလို ကြွက်သားတွေလည်း ဆုံးရှုံးစပြုလာပါပြီ။ မလိုအပ်ဘဲ ကြွက်သားနဲ့ အရိုးတွေဆုံးရှုံးမှုက လူကြီးတွေမှာ သွားလာရခက်ခဲစေနိုင်သလို ထိခိုက်ဒဏ်ရာရနိုင်ခြေကိုလည်း ပုံမှန်ထက်ပိုများစေနိုင်ပါတယ်။ ဒါ့အပြင်နောက်တစ်ခုက အရွယ်ရလာတာနဲ့အမျှ လူကြီးတွေက အသားအပါအဝင် အာဟာရရစေနိုင်တဲ့ အစားအသောက်အရင်းအမြစ်တွေကို စားသုံးမှုနည်းလာကြတာပါ။ ဒါကြောင့်ဆုံးရှုံးမှုကိုဖြည့်တင်းဖို့ အာဟာရလိုအပ်ချက်ကမြင့်လာနိုင်ပါတယ်။ ဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲ ဒါကတော့ လွယ်ပါတယ်။ အာဟာရပြည့်ဝအောင်ကျွေးရုံပေါ့။လေ့လာမှုအသစ်တစ်ရပ်အရ အရွယ်ရလာတဲ့မေမေဖေဖေ၊ဖိုးဖိုးဖွားဖွားတို့ကို ပရိုတင်းကြွယ်ဝပြီး ကယ်လ်လိုရီနည်းတဲ့ အစားအသောက်တွေကိုပြင်ဆင်ပေးတာက အသက်ကြီးမှ အဝလွန်တာကို […]


သက်ကြီးရွယ်အို အာဟာရ

ဖေဖေမေမေတို့အတွက် ကျန်းမာရေးလက်ဆောင်နဲ့ ဂါရဝပြုကြမယ်

ဝါလကင်းလွတ်တဲ့မြန်မာ့သီတင်းကျွတ်ကာလမှာ ချစ်ဖို့ကောင်းတဲ့ ဓလေ့ထုံးတမ်းတစ်ခုက ဘာဖြစ်မလဲ။ ကိုယ်တွေငယ်ငယ်တုန်းကမျှော်ခဲ့ရ၊ပျော်ခဲ့ရတဲ့အချိန်ပါနော်။ ကိုယ့်မိဘတင်မကဆွေမျိုးထဲက သက်ကြီးဝါကြီးတွေကို ချစ်ခင်လေးစားစိတ်နဲ့ ကန်တော့လက်ဆောင်ပေးကြတဲ့ဓလေ့ပါပဲ။ ကိုယ့်အိမ်က လူကြီးတွေကို အမျိုးတွေ လာကန်တော့ကြရင် ကိုယ်တွေမုန့်စားရသလို ကိုယ်တွေက သွားကန်တော့ကြရင် မုန့်ဖိုးတွေရတယ်လေ။ ဆီမီးတွေလင်းထိန်နေတဲ့ ညဘက်တွေမှာဆော့ရတယ်၊ သီတင်းကျွတ်ပွဲဈေးလျှောက်ဖို့ မိဘတွေကိုပူဆာရတာလည်းပျော်စရာ။ ဘာကြောင့်ပဲဆိုဆို လူကြီးမိဘတွေကို ကန်တော့လက်ဆောင်ပေးကြတဲ့ သီတင်းကျွတ်ရဲ့အစဉ်အလာက မိသားစုရဲ့အဓိပ္ပါယ်ပေါ်လွင်စေတဲ့ဓလေ့လေးဖြစ်ပါတယ်။ ကိုယ်တွေကြီးပြင်းလာတဲ့အခါကျတော့ရော ကလေးဘဝကလို ဒီပျော်စရာ၊ ချစ်စရာတွေမရှိတော့ဘူးလား။ပြန်တွေးကြည့်နော်။ ကိုယ်တိုင်ရှာတဲ့ငွေနဲ့ လူကြီးမိဘတွေအတွက် လိုအပ်မယ့်၊ အသုံးဝင်မယ့်ပစ္စည်းတွေဝယ်ပြီး အကောင်းဆုံးဖြည့်ဆည်းကန်တော့ရတာ အရင်ကထက် ပိုပျော်ဖို့ကောင်းမယ်ထင်တာပဲ။ ကလေးတုန်းကလို ကိုယ်မုန့်ဖိုးရဖို့ပဲတွေးမိမှာမဟုတ်ပါဘူး။ ကိုယ့်ကိုအရာရာဂရုစိုက်ဖြည့်ဆည်းပေးခဲ့တဲ့ဖေဖေမေမေတို့အတွက် အကောင်းဆုံးကျန်းမာရေးလက်ဆောင်ကိုပြင်ဆင်ကန်တော့နိုင်တဲ့ ပီတိက ဘာနဲ့မှလဲမရပါဘူး။ အားလုံးမတတ်နိုင်ရင်တောင်မေမေတို့ရဲ့ကျန်းမာရေးအတွက် တစ်စုံတစ်ရာအထောက်အကူပေးမယ့်တစ်ခုခုကို ကန်တော့နိုင်မယ်ဆိုလည်း ဝမ်းသာစရာပါပဲ။ ဘာလေးတွေနဲ့ ကန်တော့ရကောင်းမလဲ တွေးရခက်နေတယ်ဆိုရင် ဒါလေးတွေရှိတယ်ဆိုတဲ့အကြောင်း Hello ဆရာဝန်က မေတ္တာနဲ့ အကြံပေးလိုက်ပါမယ်နော်- အာဟာရဖြည့်စွက်စာ အသက်ကြီးလာတာနဲ့အမျှ အစားစားနိုင်စွမ်းနည်းလာတယ်၊ […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

အိမ်က ဘိုးဘိုးဘွားဘွားတွေမှာ ဖြစ်တတ်တဲ့ မှတ်ဉာဏ်ပျောက်ဆုံးခြင်း ရောဂါ တစ်မျိုး ။ ။

Long Term Memory loss ( ကိုယ့်ငယ်စဉ်က အမှတ်တရ တော်တော်များများကို မေ့သွားခြင်း) အတိတ်မေ့တယ်၊ သတိမေ့သွားတယ်။ ကိုယ်နဲ့ အရင်းအနှီးဆုံးသူတွေ၊ နဲ့ ကိုယ့်ငယ်ဘဝကိုတောင် မမှတ်မိတော့တဲ့ ပြဿနာက အယ်ဇိုင်းမား ရောဂါတစ်ခုတည်းရှိတာ မဟုတ်ပါဘူး။ Long term memory loss ကလည်း ဒီပြဿနာတွေကို ဖြစ်စေတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုပါပဲ။ Long term memory ( ငယ်စဉ်ကာလ တည်းက သိမ်းထားတဲ့ ကာလကြာ မှတ်ဉာဏ်ဆိုတာဘာလဲ) Long term memory ဆိုတာ ငယ်စဉ်တည်းက အဖြစ်အပျက်တော်တော်များများရဲ့ အချက်အလက်တွေကို ဦးနှောက်ရဲ့ တစ်နေရာမှာ သိမ်းဆည်းထားတဲ့ မှတ်ဉာဏ်ဖြစ်ပါတယ်။ ဒီထဲမှာဆို အချက်အလက်တွေ၊ ရင်းနှီးမှုတွေနဲ့ အိမ်ကို ဘယ်လမ်းကပြန်ရမလဲဆိုတာကို မှတ်ထားတဲ့ မှတ်ဉာဏ်တွေပါပါတယ်။ Long term memory loss […]


သက်ကြီးရွယ်အို အာဟာရ

အသက်ကြီးတဲ့သူတွေ အဖြစ်များတဲ့ အသားဓါတ် လိုအပ်ချက်ကို ဘယ်လိုဖြေရှင်းမလဲ

အသားဓါတ် ဆိုတာ ကိုယ်ခန္ဓါ အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်မျိုး။ ကိုယ်ခန္ဓါကြီးထွားဖို့ ၊ သန်စွမ်းဖို့၊ အရိုးသန်မာဖို့အတွက် ပရိုတင်းဓါတ်တွေက မရှိမဖြစ်ပါ။ ပရိုတင်းဓါတ်ဆိုတာကလည်း တကူးတက လိုက်ရှာနေစရာ မလို။ နေ့စဉ် စားလိုက်တဲ့ အသားတွေကနေ ပရိုတင်းဓါတ်ရနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ amino acid တွေက ခုခံအားေကာင်းအောင်၊ အရိုးသန်မာအောင် ၊ ကြွက်သားတွေ သန်မာကျစ်လစ်အောင် လုပ်ဆောင်ပေးပါတယ်။ အသက်ကြီးတဲ့ သူတွေနဲ့ လူငယ်တွေမှာ စားလိုက်တဲ့ အစားအသောက်တွေထဲက ပရိုတင်းကို စုပ်ယူတာခြင်း မတူပါဘူး။ ဒါကြောင့် ကိုယ်ခန္ဓါ အတွက် လိုအပ်တဲ့ ပရိုတင်း ပမာဏကလည်း အသက်အရွယ်နဲ့ လိုက်ပြီး ကွဲသွားပါတယ်။ ပြီးတော့အသက်ကြီးတဲ့လူတွေက လူငယ်တွေထက် ပရိုတင်းရဖို့ ပိုလိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတာကြည့်ရအောင်။ အသက်ကြီးလာရင် ပရိုတင်းတွေ ဘာကြောင့် နည်းလာရတာလဲ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း