ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက်ကြီးလာတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်နဲ့ စိတ်မှာ ဘယ်လိုတွေ ပြောင်းလဲလာသလဲ။ သင့်ကိုယ်သင် ကျန်းမာသန်စွမ်းအောင် ဘယ်လိုနေထိုင်မလဲဆိုတာ သိထားရင် အသက်ကြီးလာမှာကို ကြောက်စရာမလိုပါဘူး။ ဒီနည်းလမ်းတွေကိုတော့ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။ အသက်ကြီးလာပေမယ့် ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ

အသက်အရွယ် ရလာတဲ့အခါ နှလုံး နဲ့ နှလုံးသွေးကြောတွေမှာ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ တော်တော်များများ ပြောင်းလဲမှုတွေက အသက်အရွယ်ကြောင့် ဖြစ်လာတာဆိုပေမယ့် အချို့သောအချက်တွေကြောင့် နှလုံးကျန်းမာရေး အခြေအနေတွေက ပိုဆိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ မကုသဘဲ ထားမယ်ဆိုရင် နှလုံးရောဂါ ဖြစ်လာတော့မှာပါ။ ဒီတစ်ခေါက်တော့ လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ ကို ပြောပြပေးချင်ပါတယ်။ နှလုံး ဘယ်လို အလုပ်လုပ်သလဲ နှလုံးက သန်မာတဲ့ ကြွက်သားဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ဆီကို သွေးတွေညှစ်ထုတ်ပြီး ပေးပို့ပေးနေတဲ့ အစိတ်အပိုင်းပါ။ ပုံမှန်အားဖြင့်တော့ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ နှလုံးဟာ လက်သီးဆုပ်အရွယ်လောက်ပဲ ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် နှလုံးက ကားတစ်စီးရဲ့ အင်ဂျင်လိုပါပဲ။ အင်ဂျင်က ကားရွှေ့လျား မောင်းနှင်နိုင်အောင် လုပ်ဆောင်ပေးသလို နှလုံးက ခန္ဓာကိုယ် လှုပ်ရှားနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ နှလုံးမှာ အပိုင်း […]

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကို ရှာဖွေမည်။

သက်ကြီးရွယ်အို အာဟာရ

အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့ ဖေဖေမေမေတို့အတွက် အကောင်းဆုံး အစားအစာတွေကဘာတွေဖြစ်မလဲ

ငယ်ငယ်က ကိုယ်တွေကိုဖေဖေမေမေတို့ကကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တယ်။ အာဟာရပြည့်အောင်ကျွေးမွေးခဲ့ကြသလို ကျန်းကျန်းမာမာကြီးပြင်းလာအောင်လည်း အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်ခဲ့ကြပါတယ်။ အရွယ်ရောက်လာပြီဆိုတော့ တစ်ပြန်တစ်လှည့်ကိုယ်တွေကစောင့်ရှောက်ရတော့မပေါ့။ ဒီလိုစောင့်ရှောက်ပေးတဲ့နေရာမှာဖေဖေမေမေတို့ အင်အားပြည့်ဝပြီး ကျန်းမာနေစေဖို့အတွက်ဘာတွေကျွေးရမလဲဆိုတာကို သိချင်ရင်တော့ ဒီဆောင်းပါးလေးက အကောင်းဆုံးအဖြေထုတ်ပေးနိုင်မှာပါ။ ဖေဖေမေမေတို့ကျန်းမာစေဖို့ ဘာတွေကျွေးမလဲ အာဟာရဓါတ်ကို အရွယ် သုံးပါးစလုံး လိုအပ်တယ်ဆိုပေမယ့် အသက်အရွယ်ကြီးရင့်လာတဲ့ဖေဖေမေမေတို့က လှုပ်ရှားသွက်လက်ဆဲဖြစ်တဲ့ ကိုယ်တွေထက်တော့ ပိုမိုလိုအပ်မှာ အမှန်ပါ။ဖေဖေမေမေတို့ကျန်းမာစေဖို့နေ့စဉ်စားသုံးမှုမှာ ဒါတွေကို ပါဝင်အောင်ပြင်ဆင်ပေးသင့်ပါတယ်။ ပန်းဂေါ်ဖီစိမ်း အရွယ်မရွေးစားသုံးပေးသင့်တဲ့ အသီးအနှံတစ်မျိုးပါ။ အစိမ်းစားလို့ရသလို ချက်စားလို့လည်းရပါတယ်။ ပန်းဂေါ်ဖီစိမ်းက ဗီတာမင် C နဲ့ ဗီတာမင် E တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အရိုးတွေကိုသန်မာစေပြီးသွေးအားနည်းတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ထောပတ်သီး ထောပတ်သီးမှာရောင်ရမ်းမှုကိုလျော့ကျစေနိုင်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးတဲ့omega-3 fatty acids ကြွယ်ဝစွာပါဝင်နေတာကြောင့်ဖေဖေမေမေတို့ကို နာကျင်ရောင်ရမ်းမှုကျစေနိုင်ပြီးသွေးတိုးရောဂါ၊သွေးတွင်းကိုလက်စထရောများတာနဲ့ နှလုံးရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ အရွယ်တင်နုပျိုစေဖို့အတွက်လည်းထောပတ်သီးက အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ စတော်ဘယ်ရီသီး စတော်ဘယ်ရီသီးက အရွယ်တင်နုပျိုစေနိုင်သလို ဗီတာမင် C နဲ့ အမျှင်ဓါတ်ကြွယ်ဝတာကြောင့် ကိုယ်ခံအားကောင်းစေပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း