ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက်ကြီးလာတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်နဲ့ စိတ်မှာ ဘယ်လိုတွေ ပြောင်းလဲလာသလဲ။ သင့်ကိုယ်သင် ကျန်းမာသန်စွမ်းအောင် ဘယ်လိုနေထိုင်မလဲဆိုတာ သိထားရင် အသက်ကြီးလာမှာကို ကြောက်စရာမလိုပါဘူး။ ဒီနည်းလမ်းတွေကိုတော့ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။ အသက်ကြီးလာပေမယ့် ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ

အသက်အရွယ် ရလာတဲ့အခါ နှလုံး နဲ့ နှလုံးသွေးကြောတွေမှာ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ တော်တော်များများ ပြောင်းလဲမှုတွေက အသက်အရွယ်ကြောင့် ဖြစ်လာတာဆိုပေမယ့် အချို့သောအချက်တွေကြောင့် နှလုံးကျန်းမာရေး အခြေအနေတွေက ပိုဆိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ မကုသဘဲ ထားမယ်ဆိုရင် နှလုံးရောဂါ ဖြစ်လာတော့မှာပါ။ ဒီတစ်ခေါက်တော့ လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ ကို ပြောပြပေးချင်ပါတယ်။ နှလုံး ဘယ်လို အလုပ်လုပ်သလဲ နှလုံးက သန်မာတဲ့ ကြွက်သားဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ဆီကို သွေးတွေညှစ်ထုတ်ပြီး ပေးပို့ပေးနေတဲ့ အစိတ်အပိုင်းပါ။ ပုံမှန်အားဖြင့်တော့ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ နှလုံးဟာ လက်သီးဆုပ်အရွယ်လောက်ပဲ ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် နှလုံးက ကားတစ်စီးရဲ့ အင်ဂျင်လိုပါပဲ။ အင်ဂျင်က ကားရွှေ့လျား မောင်းနှင်နိုင်အောင် လုပ်ဆောင်ပေးသလို နှလုံးက ခန္ဓာကိုယ် လှုပ်ရှားနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ နှလုံးမှာ အပိုင်း […]

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကို ရှာဖွေမည်။

တက်ကြွလှုပ်ရှားစွာနေထိုင်ခြင်း

မိဘတွေကိုကြွက်သားသန်မာစေအောင်လုပ်ဆောင်ပေးရာမှာ အထောက်အကူပြုနိုင်မယ့် နည်းလမ်း ၅ သွယ်

အသက်အရွယ်ကြောင့်ဖြစ်တဲ့ကြွက်သားစိုင် ဆုံးရှုံးမှု၊ကြွက်သားအင်အား ယုတ်လျော့လာမှုနဲ့ လုပ်ငန်းဆောင်ရွက် နိုင်စွမ်းလျော့ပါးလာမှု(Sarcopenia)တွေကအသက်အရွယ်ကြီးရင့်လာသူတွေမှာအဓိကတွေ့ကြုံရတဲ့ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဒီဝေဒနာက သက်ကြီးရွယ်အိုတွေကို မသန်မစွမ်းဖြစ်စေနိုင်သလို၊ အဆစ်ရောင်ရမ်း နာ၊ ဆေးရုံမှာတက်ရောက်ကုသခံရတာနဲ့သေဆုံးတာမျိုးတွေအထိဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ အသက်အရွယ် ကြီးရင့်လာတဲ့ အချိန်အထိကြွက်သားကျန်းမာရေးတိုးတက်လာစေနိုင်ပြီး ကျန်းမာသန်စွမ်းစွာနေထိုင်နိုင်မယ့် သဘာဝနည်းလမ်း အချို့ကိုတင်ပြပေးလိုပါတယ်။ သက်ကြီးရွယ်အိုတော်တော်များများဟာ သူတို့ရဲ့အချိန်အများစုကို အထိုင်များတဲ့အလုပ်တွေနဲ့ကုန်ဆုံးနေကြ ပါတယ်။ လှုပ်ရှားမှုမရှိဘဲနေတာက ကြွက်သားတွေကိုသန်စွမ်းမှုအားကျဆင်းစေပါတယ်။ ဘယ်အသက်အရွယ်ပဲ ရောက်ရောက် တက်တက်ကြွကြွကျန်းကျန်းမာမာနေထိုင်လိုတယ်ဆိုရင်တော့ကြွက်သားတွေ တည်ဆောက် ထားမှုကို ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ Sarcopenia (အသက်အရွယ်ကြောင့်ဖြစ်တဲ့ကြွက်သားစိုင် ဆုံးရှုံးမှု၊ကြွက်သားအင်အား ယုတ်လျော့လာမှုနဲ့ လုပ်ငန်းဆောင်ရွက် နိုင်စွမ်းလျော့ပါးလာမှု) ဖြစ်ပေါ်ရတဲ့အရင်းခံအကြောင်းအရင်းများ- ကြွက်သားတွေစတင်လှုပ်ရှားဖို့အတွက်ဦးနှောက်ကနေကြွက်သားတွေဆီကို သတင်းပေးပို့ဖို့တာဝန်ရှိတဲ့ အာရုံကြောဆဲလ်တွေလျော့နည်းလာတာ ကြီးထွားမှုဟော်မုန်း၊ တက်စတိုစတုန်း ဟော်မုန်းနဲ့ အင်ဆူလင်လိုမျိုး ဟော်မုန်းတွေ အပါအဝင် ဟော်မုန်းတွေ ထုတ်လွှတ်မှုနည်းပါးလာတာ ပရိုတင်းကိုစွမ်းအင်အဖြစ်ပြောင်းလဲနိုင်စွမ်းကျဆင်းလာတာ ကြွက်သားစိုင်တွေကိုထိန်းသိမ်းထားနိုင်ဖို့အတွက်နေ့စဉ်စားသုံးတဲ့ပရိုတင်းဓါတ်တွေထဲကနေ ကယ်လိုရီအလုံအလောက်မရရှိတာ   အောက်မှာလူကြီးမိဘတွေကိုသန်မာတဲ့ ကြွက်သားတွေကိုထိန်းသိမ်းရာမှာအထောက်အကူဖြစ်စေနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးထားပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးပါ - လေ့ကျင့်ခန်းလုပ်ဆောင်ပေးခြင်းက […]


ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

သက်ကြီးရွယ်အိုတွေမှာ ကြွက်သားဆုံးရှုံးမှုတွေမဖြစ်ပေါ်အောင်ကာကွယ်ခြင်း

သက်ကြီးရွယ်အိုတွေမှာ ကြွက်သားဆုံးရှုံးမှုတွေမဖြစ်ပေါ်အောင်ကာကွယ်ခြင်း အရွယ်ရောက်ပြီးသူ အများစုဟာ အသက် ၃၀ ကျော်ကာလတွေနဲ့ အသက် ၄၀ အစောပိုင်းကာလတွေမှာ အကောင်းဆုံးသောကြွက်သားဖွံ့ဖြိုးမှုကိုပိုင်ဆိုင်ထားကြပြီး အသက် ၄၀ ကျော်လာတာနဲ့အမျှ ကြွက်သားတွေက တဖြည်းဖြည်းချင်းလျော့ပါးလာပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ကြွက်သားစိုင် ဆုံးရှုံးမှု၊ကြွက်သားအင်အား ယုတ်လျော့လာမှုနဲ့လုပ်ငန်းဆောင်ရွက်နိုင်စွမ်းလျော့ပါးလာမှုတွေကို Sarcopenia လို့ခေါ်ဆိုပြီး ဒီဖြစ်စဉ်က ထင်ထားတာထက်ပိုပြီးမြန်မြန်ဆန်ဆန်ဖြစ်ပေါ်တာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့သူတွေမှာ ကြွက်သား လျော့ပါးမှုဟာ အသက် ၃၀ ကျော်လာတဲ့အခါ ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိရှိလာတာဖြစ်ပါတယ်။ ကာကွယ်ကုစားဖို့လုပ်ဆောင်တာမျိုးမရှိဘူးဆိုရင် ဆယ်နှစ်တာအတွင်း ကြွက်သား ၇ ပေါင်လောက်ဆုံးရှုံးသွားနိုင် ခြေရှိပါတယ်။ ကြွက်သားလျော့ပါးမှုဖြစ်စဉ်ရဲ့အဓိကကျတဲ့အခန်းကဏ္ဍတစ်ရပ်ဖြစ်တဲ့ အရာတစ်ခုက ဘာတွေစားလဲ၊ ဘယ်အချိန်တွေမှာစားလဲဆိုတာနဲ့ ဘယ်လိုလေ့ကျင့်ခန်းမျိုးတွေလုပ်ဆောင်လဲဆိုတဲ့နေ့စဉ်လှုပ်ရှားမှုတွေကို သတိထားစောင့်ကြည့်မှုကလည်းအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ အသက်အရွယ်ရလာတဲ့အခါ ကြွက်သားတွေက အရွယ်အစားနဲ့အင်အားလျော့ကျလာသလို ကြွက်သားတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့စွမ်းရည်ကလည်းကျဆင်းလို့လာပါတယ်။ ကြွက်သားလျော့ပါးလာမှုက ဇီဝတွင်းဖြစ်ပျက်မှု လုပ်ငန်းစဉ်တွေကိုလည်းကျဆင်းစေပါတယ်။ ကြွက်သားတွေရဲ့ဇီဝဗေဒဆိုင်ရာ အခန်းကဏ္ဍကလှုပ်ရှားနိုင် အောင်လုပ်ဆောင်ပေးတယ်ဆိုတဲ့အတိုင်းအတာထက်ပိုပါတယ်။ ကြွက်သားတွေလျော့ပါးမှုမဖြစ်အောင် ထိန်းသိမ်းတာက ဇီဝတွင်းဖြစ်ပျက်မှုနဲ့ဟော်မုန်းကျဆင်းမှု၊အဝလွန်တာ၊ဆီးချိုရောဂါနဲ့နှလုံးသွေးကြောဆိုင်ရာ […]


အဖြစ်များသော လူကြီးရောဂါများ

သက်ကြီးရွယ်အိုတွေမှာ အရိုးပွဝေဒနာခံစားရခြင်းကိုဘယ်လိုကာကွယ်မလဲ

သက်ကြီးရွယ်အိုတွေမှာ အရိုးပွဝေဒနာခံစားရခြင်းကိုဘယ်လိုကာကွယ်မလဲ အရွယ်သုံးပါးစလုံးအတွက်အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့က အရေးကြီးလှပါတယ်။ အရိုးပွရောဂါကို ကုသဖို့နဲ့ ကာကွယ်နိုင်ဖို့အတွက် လေ့ကျင့်ခန်းလုပ်ဆောင်မှုက အရေးပါလှပါတယ်။ လေ့ကျင့်ခန်းလုပ်ဆောင်တာက အရိုးတွေကို ကျန်းမာသန်စွမ်းစေရုံသာမက ကြွက်သားတွေကျန်းမာသန်စွမ်းမှု၊ ဟန်ချက်ညီညီလှုပ်ရှားနိုင်မှုတွေကို တိုးတက်ကောင်းမွန်စေနိုင်သလိုလဲကျတာနဲ့အခြားသောအကြောင်းအရင်းများကြောင့်အရိုးကျိုးအက်တာမျိုးတွေ အပါအဝင် ကျန်းမာရေးကိုပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီး ၈ သန်းနဲ့ အမျိုးသား ၂ သန်းလောက်ကအရိုးပွရောဂါကိုခံစားနေရပါတယ်။ ကြွက်သားတွေလိုပဲအရိုးတွေဟာလည်း ရှင်သန်ကြီးထွားနေတဲ့ တစ်သျှူးတွေနဲ့ဖွဲ့စည်းထားတာဖြစ်တာကြောင့် လေ့ကျင့်ခန်းလုပ်ဆောင်တာက အရိုးတွေကိုကြံ့ခိုင်သန်စွမ်းလာစေပါတယ်။ လူအများစုဟာ အသက် ၃၀ အရွယ် ရောက်လာတဲ့အခါအရိုးတွေရဲ့ သိပ်သည်းဆကအကောင်းဆုံးသောအနေအထားကိုရောက်ရှိလာပြီဖြစ်ပြီး အသက် ၃၀ နောက်ပိုင်းမှာတော့ အရိုးသိပ်သည်းမှုတွေစတင်လျော့ပါးဆုံးရှုံးလာပြီဖြစ်ပါတယ်။ အသက် ၂၀ ကျော် အမျိုးသား၊ အမျိုးသမီးတွေအနေနဲ့ နေ့စဉ်လေ့ကျင့်ခန်းလုပ်ဆောင်ပေးခြင်းဖြင့် အရိုးသိပ်သည်းဆလျော့ပါးလာမှုကို ကာကွယ်ရာမှာအထောက်အပံ့ရရှိစေမှာဖြစ်ပါတယ်။ အရိုးပွရောဂါခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးသင့်ပါတယ်။   အရိုးကျန်းမာသန်စွမ်းစေမယ့်အကောင်းဆုံးသောလေ့ကျင့်ခန်း အရိုးတွေကြံ့ခိုင်သန်စွမ်းစေဖို့လုပ်ဆောင်ပေးသင့်တဲ့အကောင်းဆုံးသောနည်းလမ်းတွေကတော့ အလေးမခြင်း၊ လမ်းလျှောက်ခြင်း၊တောင်တက်ခြင်း၊ရွရွကလေးပြေးခြင်း၊လှေကားတက်ခြင်း၊တင်းနစ်ကစားခြင်း၊ ကခြင်း၊ ရေကူးခြင်းနဲ့စက်ဘီးစီးခြင်းတို့ပဲဖြစ်ပါတယ်။ ဒီလိုမျိုးလေ့ကျင့်ခန်းတွေလုပ်ဆောင်တာက ကြွက်သားတွေကို […]


သက်ကြီးရွယ်အို အာဟာရ

လူကြီးတွေ အာဟာရမချို့တဲ့အောင် ကာကွယ်နိုင်ဖို့

လူကြီးတွေ အာဟာရမချို့တဲ့အောင် ကာကွယ်နိုင်ဖို့ အာဟာရချို့တဲ့တယ်ဆိုတာ ကိုယ်စားလိုက်တဲ့အစားအစာတွေကနေ အာဟာရဓါတ်အပြည့်အဝမရရှိတာ ဖြစ်ပါတယ်။ အာဟာရဓါတ်တွေဆိုတာ ခန္ဓါကိုယ်ကို အားဖြစ်စေမယ့် အဆီဓါတ်၊ ကာဗိုဟိုက်ဒရိတ်၊ပရိုတင်း၊ ဗီတာမင်တွေနဲ့သတ္ထုဓါတ်တွေ ပါဝင်ပါတယ်။ ဒီဓါတ်တွေက ခန္ဓါကိုယ်ကိုကြီးထွားစေ၊ တစ်ရှူးတွေပြန်လည် ကောင်းမွန်စေပြီး အသက်ရှူနှုန်း၊နှလုံးခုန်နှုန်းတို့လို လုပ်ငန်းစဉ်တွေကို ပုံမှန်ဖြစ်အောင်ထိန်းညှိပေးပါတယ်။ အာဟာရချို့တဲ့ခြင်းဟာ သက်ကြီးပိုင်းအရွယ်တွေအတွက် ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတစ်ခု ဖြစ်တာကြောင့် ကိုယ်ချစ်ခင်ရတဲ့မိဘတွေကို အာဟာချို့တဲ့သူမဖြစ်ရအောင် ကာကွယ်ပေးဖို့အတွက် အာဟာရချို့တဲ့မှုလက္ခဏာတွေကိုသိထားသင့်ပါတယ်။   အာဟာရချို့တဲ့လာစေတဲ့အကြောင်းရင်း အာဟာရချို့တဲ့မှုရဲ့အကြောင်းရင်းတွေကအမျိုးမျိုးရှိနိုင်ပါ တယ်။ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်ပေါင်းစုပြီးတော့လည်း ဖြစ်စေတတ်ပါတယ်။ ဥပမာ-   ရောဂါအတွက်စိတ်ပူနေရတဲ့အခါမျိုး - လူကြီးတွေဟာ မှတ်ဉာဏ်ပြဿနာ၊ သွားကျန်းမာရေးပြဿနာတို့လို အကြောင်းအရာတွေကြောင့် အစာစားချင်စိတ်နည်းတာတွေဖြစ်လာတတ်ပါတယ်။ နာတာရှည်ရောဂါများ၊ သောက်သုံးနေရတဲ့ဆေးဝါးများ၊ မျိုချရခက်ခဲတာ၊ အာဟာရဓါတ်မစုပ်ယူနိုင်တာ၊ မကြာသေးခင်ကမှ ဆေးရုံတက်ထားတာ၊ အနံ့ခံနိုင်စွမ်း အာရုံခံနိုင်စွမ်းအားနည်းတာစတဲ့တခြားအချက်တွေလည်းပါဝင်ပါတယ်။   စားသောက်တဲ့အာဟာရကိုကန့်သတ်ဆင်ခြင်တာ - ဆား၊အဆီ၊ ပရိုတင်း ဒါမှမဟုတ် သကြားတို့ိလို […]


တက်ကြွလှုပ်ရှားစွာနေထိုင်ခြင်း

လူကြီးတွေ ကျန်းမာသန်စွမ်းမှုနဲ့ သက်လုံကောင်းစေဖို့ ဘယ်လိုနေထိုင်ရမလဲ

အသက်အရွယ်လေးရလာတာနဲ့အမျှ ခန္ဓါကိုယ်က တစတစယိုယွင်းလာပြီး အရိုးတွေကြွပ်ဆတ်လာ၊ ကြွက်သားတွေကျုံ့လာတာ၊ အရွတ်တွေနဲ့တခြားအစိတ်အပိုင်းတချို့ ထိခိုက်ဒဏ်ရာရပြီးရင်ပြန်ကောင်းနိုင်ဖို့နှေးလာတာတွေဖြစ်လာပါတယ်။ ဒီဝေဒနာတွေရဲ့ တချို့တဝက်က ဇရာရဲ့ပြယုဂ်တွေဖြစ်တယ်ဆိုပေမယ့် အသက်ကြီးရင့်မှုရဲ့ရလဒ်တွေကိုရင်ဆိုင်တွန်းလှန်နိုင်မယ့်နည်းလမ်းတွေအများကြီးရှိပါတယ်။ အသက် ၅၀/၆၀ နားကပ်လာပြီဆို ဆယ်ကျော်သက်၊ နှစ်ဆယ်ကျော်သက်အရွယ်ကလောက် ခွန်အားရှိနေဦးမယ်လို့ ဘယ်သူမှမျှော်လင့်မထားကြပါဘူး။ အသက်အရွယ်ကြောင့် တဖြည်းဖြည်းနဲ့အရာရာနှေးကွေးကျဆင်းလာတာက ပုံမှန်ပါပဲ။ ဒါပေမယ့် တာရှည်နေတဲ့ အပြင်းအထန်မောပန်းအားနည်းတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ အားအင်ပြည့်ဖြိုးဖို့နဲ့ကျန်းမာသန်စွမ်းဖို့က ဘဝအတွက်အရေးကြီးတဲ့အချက်တွေဖြစ်တာကြောင့် လူကြီးအရွယ်တွေမှာ ခွန်အားမြှင့်တင်ပြီးအလုံးစုံကျန်းမာရေးကိုကောင်းမွန်စွာထိန်းသိမ်းနိုင်ဖို့လိုပါတယ်။   လှုပ်လှုပ်ရှားရှား နေထိုင်ပါ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို သတ်သတ်မှတ်မှတ်လုပ်ဆောင်ပေးတာက အကောင်းဆုံးဖြစ်တယ်လို့National Institute on Aging အရ သိရပါတယ်။ ဒါပေမယ့် အားကစားခန်းမ သွားပြီး ပင်ပင်ပန်းပန်းကြိုးစားစရာမလိုပါဘူး။ အတော်အသင့်ကနေ အားစိုက်ရတဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုကို နာရီဝက်လောက်လုပ်ပေးရုံနဲ့လုံလောက်တယ်လို့ ဆိုပါတယ်။ သွက်သွက်လျှောက်ခြင်း၊ ဥယျာဉ်စိုက်ခြင်း၊ ကခြင်း၊ စက်ဘီးစီးခြင်း၊မြေးငယ်တွေနဲ့ကစားခြင်းတို့ကို လုပ်ပေးတာလည်း အကျိုးရှိမှာပါ။ အရင်တည်းက အငြိမ်သမားဖြစ်ခဲ့ရင်တော့ စစချင်းမှာ […]


သက်ကြီးရွယ်အို အာဟာရ

မိဘသက်ကြီးရွယ်အိုတို့အတွက် အစာကြေလွယ် စေမယ့်အစားအသောက်တွေ ဘယ်လိုပြင်ဆင်ပေးမလဲ

အသက်ရလာပြီဖြစ်တဲ့ မိဘတွေအတွက်အစာကြေလွယ် အောင် အစားအသောက်တွေကိုဘယ်လိုပြင်ဆင်ပေးမလဲ အသက်အရွယ်ကြီးရင့်လာတဲ့အခါ စားသောက်မှုမှာအခက်အခဲကြုံတွေ့ရတာမျိုးတွေရှိလာတတ်ပါတယ်။ မိမိရဲ့မိဘတွေအတွက် အစာကြေလွယ် ပြီး စားသောက်ရလွယ်ကူတဲ့အစားအသောက်လေးတွေပြင်ဆင်နိုင်ဖို့ သိထားရင်အကျိုးရှိနိုင်မယ့်နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ ဝါးရခက်ခဲတဲ့အခါ - သက်ကြီးရွယ်အိုတွေမှာ ဝါးရခက်ခဲတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ထိုကဲ့သို့ ဝါးရခက်ခဲတာမျိုးကြောင့် စားသောက်ရာမှာ အခက်ကြုံနေတဲ့ မိမိရဲ့မိဘတွေအတွက် လတ်ဆတ်တဲ့သစ်သီးတွေ၊ ဒိန်ချဉ်တွေနဲ့ ပရိုတင်းအမှုန့်တွေ ရောစပ်ပြီး သစ်သီးဖျော်ရည်တွေဖျော်ပေးတာမျိုးလုပ်ဆောင်ပေးနိုင်သလို ပြုတ်ထားတဲ့ဟင်းသီးဟင်းရွက်တွေနဲ့ ဆန်ကို ခပ်ပျော့ပျော့ချက်ထားတာကို တွဲဖက်စားသုံးစေနိုင်ပါတယ်။ ဒိန်ချဉ်နဲ့ စွပ်ပြုတ်ရည်တွေကလည်း သက်ကြီးရွယ်အိုတွေအတွက် ကောင်းမွန်တဲ့စားသောက်ဖွယ်ရာတွေဖြစ်ပါတယ်။ ပါးစပ်ခြောက်တာကို ခံစားရတဲ့အခါ - အသက်ရလာတာနဲ့အမျှ ရေသောက်နည်းလာတတ်တာကြောင့် လူကြီးတွေမှာ ပါးစပ်ခြောက်တာမျိုးတွေ တွေ့ကြုံခံစားရနိုင်ပါတယ်။ လူကြီးမိဘတွေကို နေ့စဉ်ရေ ၈ ခွက်ကနေ ၁၀ ခွက်ထက် မနည်းသောက်သုံးမိစေဖို့ ဂရုစိုက်ပေးပါ။ သူတို့တွေရဲ့ ခန္ဓာကိုယ်ထဲမှာရေဓာတ်ရရှိနေစေဖို့ စားသုံးမယ့်အစားအစာတွေထဲမှာ ထည့်သွင်းပြင်ဆင်ပေးပါ။ အစားတစ်ခုခုစားပြီးတိုင်း ရေတိုက်ဖို့မမေ့ပါနဲ့။ […]


သက်ကြီးရွယ်အို အာဟာရ

လူကြီးတွေ အစာစားချင်စိတ်တိုးလာအောင် ဘယ်လိုလုပ်မလဲ

လူကြီးမိဘတွေကို အစာစားချင်စိတ်တိုးလာအောင် ဘယ်လိုလုပ်ဆောင်ပေးမလဲ အသက်ကြီးလာတာနဲ့ အမျှ ငယ်ရွယ်စဉ်အခါကလောက် စားချင်သောက်ချင်စိတ်တွေ ကုန်ခမ်းလာတတ်ပါတယ်။ သောက်သုံးမှီဝဲနေရတဲ့ဆေးဝါးတွေကြောင့်လည်း အစာစားချင်စိတ်မရှိဘဲ ဖြစ်နေနိုင်ပါတယ်။ စိတ်ဓါတ်ကျတာ၊စိတ်ဖိစီးတာတွေကြောင့်လည်း အစာစားချင်စိတ်မရှိသလို ခံစားနေရတတ်ပါတယ်။ အရသာမကောင်းဘူးလို့ခံစားမိတာမျိုးတွေကြောင့်လည်း အစာစားချင်စိတ်လျှော့နည်းနေတတ်ပါတယ်။ နေ့စဉ်လုံလောက်တဲ့ အာဟာရဓါတ်တွေပြည့်ဝအောင်စားသုံးမှုက ကျန်းမာရေးအတွက် သိသာတဲ့ပြောင်းလဲမှုတွေကိုရရှိခံစားနိုင်စေမှာဖြစ်ပါတယ်။ ဒါကြောင့် လူကြီးမိဘတွေကို အစာစားချင်စိတ်တိုးလာအောင်လုပ်ဆောင်ရာမှာ အထောက်အကူဖြစ်စေနိုင်မယ့် နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်။   (၁) အာဟာရပြည့်ဝတဲ့အစားအစာတွေ စားသုံးဖြစ်အောင်ဂရုပြုပါ။ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေထဲမှာ အာဟာရပြည့်ဝစွာပါဝင်မှုမရှိတဲ့အစားအသောက်တွေကို စားသုံးနေတယ်ဆိုတာကို ဂရုစိုက်မိဖို့လိုပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓါကိုယ်က ကယ်လိုရီလိုအပ်မှုနည်းပါးလာပြီး အာဟာရဓါတ်လိုအပ်မှုတွေများလာပါတယ်။ ခန္ဓါကိုယ်က လိုအပ်တဲ့အာဟာရဓါတ်တွေပြည့်ဝဖို့ သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေ၊ကောက်နှံတွေ၊အဆီပါဝင်မှုနည်းတဲ့ပရိုတင်းတွေကို ပိုမိုစားသုံးပေးပြီး အဆီနဲ့သကြားပါဝင်မှုများတဲ့အစားအစာတွေကိုတော့လျှေ့စားရမှာဖြစ်ပါတယ်။ သက်ကြီးရွယ်အိုတွေက အစားအသောက်တွေကိုပြင်ဆင်စားသောက်ရမှာကို မနှစ်သက်တာကြောင့် အသင့်စားနဲ့အမြန်စား အစားအသောက်တွေကိုသာ ပိုမိုစားသုံးလေ့ရှိကြပါတယ်။ လူကြီးမိဘတွေကို အာဟာရပြည့်ဝစွာစားသုံးဖြစ်အောင် ကလေးတွေက အစားအစာတွေပြင်ဆင်ရာမှာ ဝိုင်းဝန်းကူညီပေးနိုင်ပါတယ်။ လူကြီးမိဘတွေအတွက် ဟင်းရည်လိုမျိုး စားသောက်ရတာလွယ်ကူစေမယ့် ဟင်းလျာတွေဖွယ်ဖွယ်ရာရာ ပါတဲ့ညစာမျိုးပြင်ဆင်ပေးပါ။   (၂) အစားအသောက်တွေကို နည်းနည်းနဲ့အကြိမ်ရေများများစားသုံးအောင်လုပ်ဆောင်ပေးပါ။ အစားစားတဲ့အခါ […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

စိတ်ကျဝေဒနာခံစားနေရတဲ့ မိဘတွေကို ဘယ်လိုကူညီပေးမလဲ

အထီးကျန်ခြင်းနဲ့ စိတ်ကျဝေဒနာဟာ လူငယ်တွေနဲ့ သက်ကြီးပိုင်းတွေမှုာ သက်ရောက်မှုချင်း ကွာခြားပါတယ်။ အသက်ကြီးသူတွေမှာ စိတ်ကျဝေဒနာဟာ ကျန်းမာရေးပြဿနာတွေရှိလာတာ၊ လုပ်ဆောင်နိုင်စွမ်းနည်းလာတာတွေနဲ့အတူ ခံစားလာရတတ်ပြီး လက္ခဏာ တာရှည်တတ်ပါတယ်။ လူကြီးမိဘတွေမှာ စိတ်ဓာတ်ကျခြင်းကြောင့် လုပ်ဆောင်နိုင်စွမ်းတွေလျော့ကျလာစေနိုင်ပြီး ရှိရင်းစွဲရောဂါတွေကိုပိုဆိုးစေပြီး အသက်ဆုံးရှုံးရနိုင်တဲ့အန္တရာယ်ကို တိုးစေနိုင်တယ်လို့လေ့လာတွေ့ရှိချက်ကတွေကဖော်ပြကြပါတယ်။ လူကြီးတွေမှာ စိတ်ဓာတ်ကျခြင်းကို ဂရုတစိုက် မကုသပေးနိုင်ရင် ရုတ်တရက်နှလုံးဖောက်ခြင်းဖြစ်လာရာကနေ အသက်ဆုံးရှုံးရတဲ့အထိဖြစ်စေနိုင်ပါတယ်။ မိဘတွေဟာ အသက်ကြီးလာတာနဲ့အမျှမောင်နှမသားချင်း၊ဇနီး/ခင်ပွန်း ကွယ်လွန်သွားလို့၊ ဒါမှမဟုတ် အလုပ်ကနေအငြိမ်းစားယူ လိုက်ရလို့၊ အိုးအိမ်နေရာပြောင်းရွှေ့လိုက်ရလို့ စသည်ဖြင့် လူမှုဘဝမှာဆုံးရှုံးမှုတွေကြုံလာရပါတယ်။ ဒီလိုအပြောင်းအလဲတွေရယ်၊ အသက်ကြီးသူတွေက အရာရာနှေးကွေးကျဆင်းလာတယ်ဆိုတဲ့အချက်ရယ်ကြောင့် သူတို့မှာဖြစ်လာတဲ့ စိတ်ကျဝေဒနာလက္ခဏာတွေကိုဘေးလူတွေက သတိမထားမိလိုက်ဘဲ ရှိတတ်ပါတယ်။ ကိုယ်ချစ်ခင်ရတဲ့မိဘတွေမှာ စိတ်ကျရောဂါလက္ခဏာတွေရှိမရှိ စောစောသိထားမှသာလျှင် ရေရှည်မခံစားရမီ ထိန်းသိမ်းကူညီနိုင်မှာပါ။ တွေ့ရများတဲ့ ရောဂါလက္ခဏာတွေကတော့ - ပုံမှန်မဟုတ်ဘဲ မောပန်းအားကုန်ခြင်း ကြိုက်နှစ်သက်လေ့ရှိတဲ့ အလုပ်တွေကို စိတ်မဝင်စားတော့ခြင်း လူမှုရေးကိစ္စတွေကိုရှောင်ဖယ်နေခြင်း အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း အိပ်စက်ပုံအမူအကျင့်တွေပြောင်းလဲလာခြင်း […]


အဖြစ်များသော လူကြီးရောဂါများ

သက်ကြီးပိုင်းအရွယ် နှလုံးကျန်းမာအောင် ဘယ်လိုဆင်ခြင်ထိန်းသိမ်းမလဲ

သက်ကြီးပိုင်းအရွယ် နှလုံးကျန်းမာအောင် ဘယ်လိုဆင်ခြင်ထိန်းသိမ်းမလဲ ဆိုတာကို ဗဟုသုတရနိုင်စေဖို့ မျှဝေပေးလိုပါတယ်။ နှလုံးရောဂါဟာ လူကြီးတွေရဲ့ကျန်းမာရေးအတွက် ကြီးမားတဲ့အန္တရာယ်တစ်ခု ဖြစ်ပါတယ်။ အသက် ၆၅ နှစ်အထက်ရှိသူတွေမှာ နှလုံးရောဂါနဲ့ သေဆုံးသူ ၈၄ ရာခိုင်နှုန်းရှိပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေက အသက်အရွယ်နဲ့လိုက်ပြီး တိုးလာတာဖြစ်ပေမယ့် အသက်ကြီးတိုင်းမလွဲမသွေ နှလုံးရောဂါဖြစ်လာမှာတော့ မဟုတ်ပါဘူး။ မှန်ကန်တဲ့ နေထိုင်မှုအမူအကျင့်တွေနဲ့ နှလုံးကျန်းမာစေမယ့် ဓာတ်စာအာဟာရတွေက နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အဖြစ်များဆုံးနှလုံးရောဂါအမျိုးအစားကတော့ နှလုံးသွေးကြောကျဉ်းရောဂါ (coronary artery disease (CAD)) ဖြစ်ပါတယ်။ CAD ဟာ နှလုံးဖောက်ပြန်ခြင်း၊ နှလုံးရပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မမှန်ခြင်း တို့လို ပြင်းထန်တဲ့နှလုံးဝေဒနာတွေရဲ့ အကြောင်းရင်းခံဖြစ်နေတတ်ပါတယ်။ သက်ကြီးပိုင်းအရွယ် နှလုံးကျန်းမာအောင် ဘယ်လိုဆင်ခြင်ထိန်းသိမ်းမလဲ သက်ကြီးပိုင်းအရွယ် နှလုံးကျန်းမာအောင် ဘယ်လိုဆင်ခြင်ထိန်းသိမ်းမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ နှလုံးရောဂါလက္ခဏာ ဘယ်လိုသိနိုင်မလဲ နှလုံးရောဂါရဲ့ အန္တရာယ်လက္ခဏာတွေဟာ နှလုံးဖောက်ပြန်ခြင်း (heart attack) […]


သက်ကြီးရွယ်အို အာဟာရ

သက်ကြီးရွယ်အိုတွေမှာ ကြုံတွေ့ရတတ်တဲ့ အာဟာရပြဿနာများ နဲ့ သတိထားဆင်ခြင်ရမယ့်နည်းလမ်းများ

သက်ကြီးရွယ်အိုတွေမှာ ကြုံတွေ့ရတတ်တဲ့ အာဟာရပြဿနာများ နဲ့ သတိထားဆင်ခြင်ရမယ့်နည်းလမ်းများ အာဟာရဆိုင်ရာ ပြဿနာရပ်တွေက သက်ကြီးရွယ်အိုတွေမှာ ကိုယ်ခံအားစနစ်အားနည်းတာ၊အားအင်ကုန်ခမ်း တာနဲ့ အမျိုးအစား-၂ ဆီးချိုးရောဂါ၊သွေးတိုးတာ၊နှလုံးရောဂါ၊လေဖြတ်တာ၊ အရိုးအတက်ထွက်နာလိုမျိုး နာတာရှည်ဝေဒနာတွေအပါအဝင်နောက်ဆက်တွဲရောဂါတွေကိုဖြစ်ပေါ်ခံစားရနိုင်စေပါတယ်။ နေ့စဉ်စားသုံးနေကျ အစားအစာတွေထဲမှာ အာဟာရပြည့်ဝအောင်စားသုံးပေးတာက သက်ကြီးရွယ်အိုတွေကို အာဟာရချို့တဲ့ မှုမဖြစ်အောင်ကာကွယ်ရာမှာအထောက်အကူဖြစ်စေပါလိမ့်မယ်။ အာဟာရမျှတအောင်စားသုံးမှုက ကျန်းမာကြံ့ခိုင်မှုတွေအတွက်အရေးပါပါတယ်။ အာဟာရမပြည့်ဝမှုက သက်ကြီးရွယ်အိုတွေမှာ ကျန်းမာရေးထိခိုက်မှုကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ အာဟာရချို့တဲ့မှုလက္ခဏာတွေကို သိရှိပြီး လူကြီးမိဘတွေကို အာဟာရပြည့်ဝအောင်ကျွေးမွေးစောင့်ရှောက်နိုင်မယ့်နည်းလမ်းလေးတွေဖော်ပြပေး လိုက်ပါတယ်။   အာဟာရချို့တဲ့ရင်ဘာတွေခံစားရမလဲ။ သက်ကြီးရွယ်အိုတွေမှာ အာဟာရချို့တဲ့ တဲ့အခါ - ကိုယ်ခံအားစနစ်အားနည်းသွားပြီး ကူးစက်ရောဂါတွေအလွယ်တကူခံစားရနိုင်ခြင်း အနာကျက်နှေးခြင်း ကြွက်သားတွေအားနည်းပြီး ချော်လဲတာနဲ့အရိုးကျိုးအက်တာတွေကို ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အာဟာရချို့တဲ့မှုက လူကြီးတွေကိုအစားစားဖို့စိတ်မဝင်စားတော့ဘဲ အစားစားချင်စိတ်ပျောက်သွားတာမျိုး အထိဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။   သတိပြုရမယ့်အချက်များ ကိုယ်အလေးချိန်- ကိုယ်အလေးချိန်တက်လာတာရော ကိုယ်အလေးချိန်ကျသွားတာရောက လူကြီးတွေမှာဖြစ်တတ်တဲ့အာဟာရ ချို့တဲ့မှုနဲ့ဆက်စပ်နေတတ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ အသက် ၄၀ အရွယ်မတိုင်ခင်ကလောက် ခန္ဓါကိုယ်က ကယ်လိုရီတွေကိုမလောင်ကျွမ်းစေနိုင်တော့ပါဘူး။ သက်ကြီးရွယ်အိုတွေ အထူးသဖြင့် နာတာရှည် ရောဂါအတွက်ဆေးကုသမှုခံယူနေရသူတွေမှာ အားမရှိတာလိုမျိုးတွေခံစားရတတ်ပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း