ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

HIV နှင့် AIDS ရောဂါ

ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

ဒီရောဂါနဲ့ အသက်ရှင်ဖို့ဆိုတာက လွယ်တာတော့ မဟုတ်ပါဘူး။ လူကောင်းလို ဟန်မပျက် သွားလာလှုပ်ရှားနိုင်ပေမယ့် စိတ်ထင့်ရတဲ့ အချိန်တွေ ရှိခဲ့တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ကောင်းတာက ဆရာကောင်း သမားကောင်း၊ ဆေးဝါးကောင်းတွေကြောင့် ခုချိန်ထိ ဟန်မပျက်နေနိုင်ခဲ့တာပါ။ ကလေးယူကြရအောင်လေလို့ သူစပြောတုန်းက စိတ်ထဲမှာ အတွေးတွေ ဆက်တိုက်ဝင်လာခဲ့တယ်။ ကျွန်မ ဘယ်လိုလူမျိုးဆိုတာ သူမသိတာလည်း မဟုတ်။ ဘာကြောင့်များ ဒီလိုပြောထွက်လေသလဲလို့တော့ စိတ်ခုမိပါသေးတယ်။ ကျွန်မက ကျွန်မအတွက် စိတ်ပူတာမဟုတ်ဘူး။ ဘာပူစရာရှိမှာလဲ။ ဒီဆေးတွေသောက်လာရတာ နှစ်တွေ နည်းတာမှမဟုတ်တာ။ ဒီလိုသောက်ခဲ့လို့လည်း ကျွန်မကိုယ်ထဲမှာ ပိုးတွေကို ထိန်းချုပ်နိုင်နေပြီး စက်က စစ်ဆေးလို့ မတွေ့နိုင်တဲ့ပမာဏကိုတောင် ရောက်နေပြီပဲ။ ကိုယ့်ဆီကနေလည်း တခြားသူဆီကိုလည်း မကူးနိုင်တော့ဘူး။ ဒါကြောင့်လည်း အမျိုးသားက ကလေးယူရအောင်လို့ ပြောတာနေမှာ။ ဒါပေမဲ့ ရလာမယ့်ကလေးအတွက် ကျွန်မ စိတ်မချဖြစ်မိပါတယ်။ ။ ဒီပိုးက ကိုယ်ဝန်ဆောင်တဲ့အချိန်မှာရော၊ […]


HIV နှင့် AIDS ရောဂါ

HIV ဆိုတာ ကြောက်ဖို့ ကောင်းနေသေးတာလား

ဟိုနားက စားပွဲနှစ်လုံးမှာ ဆီးချိုရှိတဲ့သူက တစ်ယောက်၊ ဟိုဘက်မှာ HIV ရှိတဲ့သူက တစ်ယောက်။ သင်ဘယ်သူနဲ့ ထိုင်မလဲ၊ မှန်မှန်ဖြေပါ။ ဆီးချိုရှိတဲ့သူဆီကို နည်းနည်းလေး အလေးသာချင်တယ်မလား။ ဒါထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ ဘယ်လိုပဲ ခေတ်ကြီးက တိုးတက်လာလို့ အရင်လို ခွဲခြားဆက်ဆံတာတွေ မလုပ်တော့ပါဘူးပြောပြော အသံကြားရင် နည်းနည်းတော့ တွန့်ခနဲ ဖြစ်သွားတယ်မလား။ တကယ်တော့ ဆီးချိုနဲ့ HIVနဲ့ ဘာကွာလို့လဲ။ ဆီးချိုကရော ဒီတစ်သက်ပျောက်ဦးမှာလား။ မပျောက်လို့ပဲ နေ့တိုင်း အစားနဲ့၊ ဆေးနဲ့ ချိန်ချိန်ပြီး စားနေရတယ်ဟုတ်။ HIV ကရော။ HIV လည်း မပျောက်ပါဘူး။ မပျောက်ဘူးဆိုပေမယ့် ခုခေတ်ဆေးတွေက စွမ်းလွန်းလို့ ပိုးကောင်ရေကို စစ်ကြည့်ရင်တောင် တိုင်းမရတော့တဲ့အထိ ထိန်းချုပ်လျှော့ချထားနိုင်တယ်တဲ့။ ဆီးချိုလည်း သေချာမထိန်းရင် နောက်ဆက်တွဲ ဝင်တာပါပဲ။ HIV လည်း သေချာမကုဘူးဆိုရင် အသက်အန္တရာယ် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကမ္ဘာအဝှမ်းသတ်မှတ်ထားသည့် ထူးခြားလိင်စိတ်မျိုးကွဲ (၄၆) မျိုး

ထူးခြားလိင်စိတ် (Sexual Fetish) တွေဆိုတာ လူတစ်ယောက်မှာရှိတဲ့ လိင်စိတ်ဆန္ဒကို ဖြစ်စေတဲ့ သို့မဟုတ် နှိုးဆွပေးနိုင်တဲ့ စိတ်ဆန္ဒကို ဆိုလိုပါတယ်။ လိင်အင်္ဂါ သို့မဟုတ် လိင်အင်္ဂါမဟုတ်တဲ့ အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို နှစ်ခြိုက်ပြီး လိင်စိတ်ဖြစ်ပေါ်တာ သို့မဟုတ် ရုပ်ဝတ္ထု၊ အရာဝတ္ထု၊ အတွေးပုံရိပ်တစ်ခုခုပေါ် အခြေခံ၍ လိင်စိတ်ဆန္ဒဖြစ်ပေါ်လာခြင်း စတာတွေသည် ထူးခြားလိင်စိတ်မျိုးပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ခေတ်လူငယ်တွေရော၊ လူကြီးတွေပါ ဗဟုသုတအနေနဲ့ မှတ်ထားသင့်တဲ့ ထူးခြားလိင်စိတ်မျိုးကွဲ (Fetish) ၄၆ မျိုးကို ဆိုလိုရင်းနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။ ထူးခြားလိင်စိတ်များနှင့် ပတ်သက်ပြီး လက်ရှိအချိန်ထိ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းက ရှက်ရွံ့စရာကောင်းတယ်၊ စိတ်ဖောက်လွဲဖောက်ပြန် ဖြစ်နေတာဆိုပြီး သတ်မှတ်ထားကြဆဲပါ။ အထူးသဖြင့် အခုပြောပြမယ့် ထူးခြားလိင်စိတ်များထဲတွင် ပုံမှန်တွေ့နေကျဖြစ်သော လိင်စိတ်များ၊ လူပျို၊ အပျိုဖြစ်စဉ်က စပ်စုလိုစိတ်ဖြစ်ခဲ့မိသည်များ၊ လူမှုပတ်ဝန်းကျင်က ရှုံ့ချထားသည်များ၊ တရားဥပဒေအရ […]


သားဆက်ခြားခြင်း

သားအိမ်ထဲပစ္စည်းထည့်ထားရင် လိင်ဆက်ဆံလို့ရပါ့မလား။

သားဆက်ခြားတဲ့ နည်းလမ်းတွေအများကြီးရှိတဲ့ထဲကမှ သားအိမ်ထဲကို ပစ္စည်းထည့်တာကလည်း ရွေးချယ်စရာ တစ်ခုပါပဲ။ ရေရှည်ခံတယ်၊ သန္ဓေတားနှုန်း မြင့်တယ်၊ ထုတ်လိုက်တာနဲ့ ကလေးချက်ချင်းတန်းရနိုင်တယ်၊ ဟော်မုန်းမပါတာလည်း ရှိတဲ့အတွက် ဟော်မုန်းအပြောင်းအလဲဒဏ်လည်း ခံစရာမလိုဘူးဆိုတဲ့ အချက်ကြောင့် ရွေးချယ်လာကြတာပါ။ ဒါပေမယ့် ထူးထူးဆန်းဆန်း သားအိမ်ထဲပစ္စည်းထည့်ပြီးမှ လိင်ဆက်ဆံလို့ရပါ့မလားလို့ မေးလာကြတဲ့အခါ . . . . . ရသလား မရဘူးလား။ ရိုးရိုးလေးပဲ စဉ်းစားကြည့်ရအောင်။ သန္ဓေတားတယ်ဆိုတာ အတူနေလို့ ကိုယ်ဝန်မရအောင် တားတာဟုတ်။ ဒါဆို တားတဲ့ပစ္စည်းထည့်ပြီးရင်လည်း စိတ်ချလက်ချ အတူနေလို့ရရမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ ဘာလို့ ထည့်ထားဦးမလဲ။ ထည့်လည်း အတူမနေရ၊ မထည့်လည်း ကိုယ်ဝန်ရမှာကြောက်လို့ အတူမနေရဆိုရင်။ ဟုတ်တယ်ဟုတ်။ ဒီတော့ တစ်ခွန်းတည်းပြောရရင် အတူနေလို့ရပါတယ်။ အန္တရာယ် မရှိပါဘူး။ ဒါပေမယ့် လူနာ (client)ကို အဲ့ဒီလို တုံးတိကြီး […]


သားဆက်ခြားခြင်း

အရေးပေါ်တားဆေးနဲ့ ပတ်သက်ပြီး သတင်းအမှားများ

အမျိုးသမီးတော်တော်များများက ကိုယ်ဝန်မတားတတ်ကြဘူးလို့ ပြောရင် မယုံမရှိပါနဲ့။ ရည်းစားနဲ့ အတူနေမိလို့ပဲဖြစ်ဖြစ်၊ အိမ်ထောင်ကျပြီးလို့ပဲ ဖြစ်ဖြစ် သူတို့ ကိုယ်ဝန်မရအောင် မတားတတ်ကြပါဘူး။ အတူနေခြင်း မနေခြင်းဟာ ကိုယ်ပိုင်ဆန္ဒဖြစ်သလို မလိုချင်ဘဲ ကိုယ်ဝန်မရသွားအောင်လည်း အပြည့်အဝ တားပိုင်ခွင့်ရှိပါတယ်။ ဒီနေရာမှာ အရေးပေါ်တားဆေးက စကားပြောလာပါပြီ။ ခုခေတ်မှာ နည်းနည်းပါးပါး နားလည်လာကြတော့ အတူနေပြီးလို့ ကိုယ်ဝန်မလိုချင်ရင် ဆေးသောက်ရမယ်ဆိုတာလောက်တော့ နားလည်လာကြပါပြီ။ ဒီမှာ ဆေးသွားဝယ်တဲ့အခါကျတော့ ဘာအခက်အခဲတွေ ကြုံရသလဲဆိုတော့ လူကို နှိမ်သလိုလို ကြည့်တာပါပဲ။ ဆေးလာဝယ်တဲ့သူတွေထဲမှာ လက်မထပ်ခင် နှစ်ဦးသဘောတူ အတူနေတာလည်း ပါမယ်။ ပုံမှန် သုံးနေကြ တားဆေးသောက်ဖို့ မေ့သွားလို့ ဒါမှမဟုတ် ကွန်ဒုံးပေါက်သွားလို့ အရေးပေါ်တားဆေး လိုတဲ့သူလည်း ပါမယ်။ ဆိုလိုတာက အရေးပေါ်တားဆေးလာဝယ်တဲ့သူကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်နေတဲ့အတွက် ဝယ်ရပြုရ အဆင်ပြေမှာ မဟုတ်ပါဘူး။ အရေးပေါ်တားဆေးရဲ့ လိုရင်းက […]


သားဆက်ခြားခြင်း

ကျဉ်းထဲကျပ်ထဲမှာ ကိုယ်ဝန် မရချင်သူတွေအတွက် နည်းလမ်း ၄ရပ်

ကိုယ်ဝန် ပဋိသန္ဓေ တားဆီးနိုင်တဲ့ နည်းလမ်းတွေက အမျိုးအမည်ပေါင်း များစွာ ရှိပါတယ်။ ကွန်ဒုံး အသုံးပြုတာ၊ သန္ဓေတားကပ်ခွာ အသုံးပြုတာ၊ တားဆေး အသုံးပြုတာ၊ IUD (သားအိမ်တွင်းထည့် ပစ္စည်း) အသုံးပြုတာ စတာတွေပေါ့။ ခုခေတ်ကြီးမှာက တိုးတက်လာတာနဲ့အမျှ လူငယ် အများစုက လိင်မှုကိစ္စတွေကို စမ်းသပ်ပြုလုပ်လာတတ်ကြပါတယ်။ ဒီလို လိင်မှု ကိစ္စတွေကို လုပ်တဲ့ အခါမှာလည်း လူငယ်အများစု ကတော့ ကွန်ဒုံးနဲ့ အရေးပေါ် သန္ဓေတားဆေးတွေကိုသာ အများဆုံး သုံးစွဲဖြစ်ကြပါတယ်။ အရေးပေါ် သန္ဓေတားဆေးတွေက ပုံမှန်သောက်နေကျ တားဆေးတွေလောက် သန္ဓေတားနှုန်း မကောင်းတဲ့အတွက် ရေရှည်မသုံးစွဲသင့်ပါဘူး။ ကွန်ဒုံးအသုံးပြုတာကတော့ နည်းလမ်းကောင်းဖြစ်ပေမယ့် တစ်ခါတရံမှာ ပေါက်ပြဲတာတွေ သင့်လျော်တဲ့အမျိုးအစားကို မှန်ကန်စွာ အသုံးမပြုတာကြောင့် ကျွတ်ထွက်တာတွေဖြစ်နိုင်တာကိုလည်း မမေ့သင့်ပါဘူး။ အမှတ်မထင် ကြုံဆုံလာရတဲ့ မတော်တဆမှုလေးတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘဖြစ်လာရတဲ့ လူငယ်တွေရှိလာနေသလို ကလေးယူဖို့ အဆင်သင့်မဖြစ်သေးပဲ မိဘဖြစ်လာတဲ့ […]


HIV နှင့် AIDS ရောဂါ

ကျွန်မနဲ့ သွေးထဲကနတ်ဆိုးများ

ဒီရောဂါရှိမှန်း စသိရတုန်းကဆို ဘယ်သူမှနဲ့တောင် မတွေ့ချင်တော့ပါဘူး။ ပါးစပ်ကနေ ထုတ်ပြောဖို့တောင် မရဲခဲ့တဲ့ ရောဂါပေါ့။ တရှောင်ရှောင်ဖြစ်နေလို့ ဆရာက မသင်္ကာတာနဲ့ ဆေးစစ်ကြည့်လိုက်တော့ သူတဲ့လား။ ကျွန်မသိတယ်။ ဒီနတ်ဆိုးက မကြာခင် ကျွန်မဆီကို ကံမကောင်းခြင်းတွေပဲ သယ်လာတော့မယ်ဆိုတာ။ ဒီရောဂါက ဘယ်လောက်များ ဖုံးဖိထားနိုင်မှာမို့လို့လဲ။ မကြာခင်ဘဲ ကျွန်မ ဒီထက်ပိုဆိုးလာပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်လာတော့မယ်လေ။ လုံးပါးပါးပြီး သေရုံအပြင် ဘာရှိမှာလဲ။ ဒီပတ်ဝန်းကျင်မှာလည်း မနေချင်တော့ဘူး။ ကျွန်မသိတယ်။ သူတို့ ကျွန်မကို ခွဲခြားဆက်ဆံတော့မယ်ဆိုတာကို။ ကျွန်မကို မကောင်းတဲ့ မိန်းမတစ်ယောက်လို မြင်ကြတော့မယ်ဆိုတာကို။ မိသားစုနဲ့ အမျိုးသားကိုလည်း မပြောချင်ဘူး။ ကျွန်မကြောင့် သူတို့အရှက်ရမှာကို မလိုချင်ဘူးလေ။ ဒါပေမယ့် သူတို့ကို မပြောထားဘူးဆိုရင် တစ်ချိန်ချိန်မှာ ကျွန်မဆီက ပိုးတွေ သူတို့ဆီရောက်သွားနိုင်တယ်။ အထူးသဖြင့် ကျွန်မ အမျိုးသားပေါ့။ ဒါကြောင့် ခက်ခဲတဲ့ […]


HIV နှင့် AIDS ရောဂါ

HIVပိုး ကူးစက်မှုကို လျှော့ချနိုင်ဖို့

HIV ပိုး ကူးစက်ခံထားရပြီ ဆိုတာနဲ့ ဘဝကြီးတစ်ခုလုံး ဆုံရှုံးသွားသလို မခံစားလိုက်ပါနဲ့။ HIV ပိုး ကူးစက်ခံလိုက်ရပေမယ့်လည်း ဆေးကို သေချာ သောက်မယ်။ ဘဝနေထိုင်မှုပုံစံကို ဂရုစိုက်မယ်ဆိုရင် ကိုယ့်ဆီကနေ အခြားသူကို ကူးစက်နိုင်ခြေ လျှော့ချနိုင်မှာဖြစ်သလို ကိုယ်တိုင်လည်း ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့နေနိုင်မှာပါ။ HIV ဆိုတာ ဘာလဲ။ ဒီစကားလုံးကို ကြားတော့ ကြားဖူးနေပေမယ့် သေချာမသိတာမျိုး ဖြစ်နိုင်ပါတယ်။ HIV ဆိုတာက ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) ကို ဖြစ်စေတဲ့ ရောဂါပိုးပါ။ များသောအားဖြင့်ကတော့ သုက်၊ သွေး၊ နို့ရည်ကနေတတဆင့် ကူးစက်နိုင်ပါတယ်။ HIV ပိုးအဓိက ကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ  ဆေးထိုးအပ်တွေကို မျှဝေသုံးစွဲတာ  ပိုးရှိမိခင်ကနေ ကလေးဆီကို ကူးစက်တာ စတာတွေပဲ ဖြစ်ပါတယ်။ HIV ပိုး ကူးစက်မှုကို အကောင်းဆုံး […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဂျင်းထည့်နေတဲ့ လိင်တံကြီး နည်းလမ်းများ

အမျိုးသားတွေဟာ အနည်းနဲ့ အများတော့ လိင်တံကြီး ဖို့၊ ရှည်ဖို့ကို စိတ်ဝင်စားကြပါတယ်။ အခုအပြင်မှာ ရေပန်းစားနေတဲ့  နည်းလမ်းတွေက အန္တရာယ်ရှိတယ်လို့ ဆရာဝန်တွေ ဝိုင်းတားလို့သာ သိပ်မလုပ်ကြတာပါ။ ဒါတောင် လုပ်လာကြပြီး ဒုက္ခရောက်လို့ ဆေးရုံရောက်လာကြသူတွေလည်း အများသားပါ။ ဂျင်းထည့်နေတဲ့ လိင်တံကြီး နည်းလမ်းများ ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ဆောင်းပါးကို အရင်ဖတ်ပါ။ ဂျင်းထည့်နေတဲ့ လိင်တံကြီး နည်းလမ်းများ အမျိုးသားတွေ လိင်တံကြီးချင်၊ ရှည်ချင်ရတဲ့အကြောင်းရင်းကတော့ ဆက်ဆံဖော်က အထင်ကြီးတာကို လိုချင်တာကြောင့်ရယ်၊ စွမ်းဆောင်နိုင်တယ်ဆိုတာ သက်သေပြချင်လို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး အပြာကားထဲက အမျိုးသားတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကို မလုံလို့ ကြီးချင်တာလည်း ပါတာပေါ့။ ၂၁ရာစုထဲမှာတော့ ဒီအတွေးအခေါ်တွေကို မေ့ထားလိုက်ပါတော့။ အတူနေတဲ့နေရာမှာ လိင်တံအရွယ်အစားထက် အပေးအယူမျှမျှနဲ့ နားလည်မှုကသာ ပိုအရေးကြောင်း ပညာရှင်တွေက အခေါက်ပေါင်းများစွာ သက်သေပြပြီးပါပြီ။ အပြာကားထဲက […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အိမ်ထောင်သက်တမ်း ကြာလာလေ၊ လိင်မှုဘဝ ရိုးအီလာလေ ဖြစ်နေပြီလား

အခုတစ်လော အိမ်ထောင်ဖက်တွေ၊ အတူနေ ချစ်သူစုံတွေ မကြာခဏ ရင်ဖွင့်တိုင်ပင်ကြလို့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရေးလိုက်ရတာပါ။ သူတို့ရဲ့ အဓိက ပြဿနာက ချစ်သူ၊ အိမ်ထောင်သက်တမ်း ကြာလာလို့ ချစ်ရသူက လိင်ဆက်ဆံရမှာကို စိတ်မပါတော့သလို၊ ပျင်းနေသလိုကြီး ဖြစ်နေတဲ့ ပြဿနာပါ။ တကယ်တော့ လူတော်တော်များများမှာ လိင်စိတ်ကို လုံးဝခံစားလို့ မရနိုင်တဲ့အချိန်တွေ အများကြီး ရှိပါတယ်။ မွေးကတည်းက လိင်စိတ်ကို ခံစားလို့မရတဲ့ Asexual တွေကို ဆိုလိုခြင်း မဟုတ်ပါဘူး။ လူရယ်လို့ ဖြစ်လာရင် နေ့စဉ် အလုပ်ခွင်၊ မိသားစုရေးရာ၊ လူမှုရေးရာ အဖြာဖြာကနေ စိတ်ဖိစီးမှု ပေါင်းစုံ ဝင်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ လူတွေရဲ့ လိင်စိတ်ကို လုံးဝ ငြိမ်ကျသွားစေလောက်တဲ့အထိ ဒုက္ခပေးနိုင်တဲ့ အရာပါ။ အိမ်ထောင်သက် ကြာလာတဲ့ စုံတွဲတွေမှာ မိသားစု စားဝတ်နေရေး၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း