ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဖြည်းဖြည်းဆေးဆေးလုပ်ကြမယ်

မြန်မြန်ပြီးတိုင်းကောင်းတာမဟုတ်တဲ့ကိစ္စတွေထဲမှာ ကိုယ်လက်နှီးနှောခြင်းလည်းအပါအဝင်ပေါ့။ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုအကြောင်းပြောပြပေးထားပါတယ်။ ဘာလုပ်လုပ်မြန်မြန်ပြီးတိုင်းကောင်းတာမဟုတ်ပါဘူး။ တချို့အရာတွေကအဆင်ပြေဖို့ အချိန်ယူရပါတယ်။ မိန်းကလေးနဲ့ယောင်္ကျားလေးကိုယ်လက်နှီးနှောတဲ့ကိစ္စဆိုလည်း ဒီလိုပါပဲ။စိတ်တအားတက်ကြွလာလို့ ဆက်ဆံလိုက်ပေမဲ့ မိနစ်ပိုင်းနဲ့တင် ဆန္ဒပြီးမြောက်သွားရင် လိင်ဆန္ဒကိုအပြည့်အဝမခံစားလိုက်ရဘဲ ဖြစ်နေမှာပေါ့။ ဒီလိုအခြေအနေကို ကိုယ့်ဖာသာကုသနိုင်တဲ့ နည်းလမ်းတစ်ခုအကြောင်းပြောပြရင် စိတ်ဝင်စားကြမယ်ထင်ပါတယ်။ ကုသနိုင်တဲ့နည်းဆိုလို့ ခက်ခက်ခဲခဲတွေမထင်လိုက်ပါနဲ့။ သိပ်ကိုရိုးရှင်းပြီးလွယ်ကူပါတယ်။ Edging လို့ခေါ်တဲ့ ဒီနည်းလမ်းက တကယ်တော့ ဆန္ဒပြီးမြောက်ခါနီးမှာ လိင်ဆက်ဆံတာ (ဒါမှမဟုတ်) အာသာဖြေတာကို ရပ်ပစ်ပြီးမပြီးသွားအောင် ထိန်းချုပ်လိုက်တာပါပဲ။ ကိုယ့်ဖာသာအာသာဖြေချိန်ပဲဖြစ်ဖြစ် လိင်ဆက်ဆံချိန်မှာပဲဖြစ်ဖြစ် အသုံးပြုနိုင်တယ်။ နောက်ပြီး ဒီနည်းကိုယောင်္ကျားလေးတွေတင်မဟုတ်ဘဲ မိန်းကလေးတွေလည်း လုပ်လို့ရပါတယ်။ ဘယ်လိုလုပ်ရမလဲ ယောင်္ကျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် လိင်ဆန္ဒအထွတ်အထိပ်ကိုရောက်ခါနီးမှာ ဆက်ဆံမှု (ဒါမှမဟုတ်) အာသာဖြေတာကိုရပ်လိုက်ပြီး မိနစ်ပိုင်းလောက်စောင့်လိုက်ပါ။ ဆန္ဒမပြီးမြောက်တော့ဘဲရပ်သွားပါလိမ့်မယ်။ ယောင်္ကျားလေးတွေဆို သုက်လွှတ်ချင်စိတ်ပျောက်သွားပါလိမ့်မယ်။ ဒီတော့မှနောက်တစ်ကြိမ်ထပ်ပြီး ဆက်ဆံပါ/အာသာဖြေတာကိုပြန်လုပ်ပါ။ ဖြည်းဖြည်းနဲ့မှန်မှန်ပဲလုပ်ပါ။ ဆန္ဒအထွတ်အထိပ်ရောက်ခါနီးဖြစ်ရင် ပြန်ရပ်လိုက်ပါ။ ပြီးရင်ပြန်လုပ်ပါ။ ဒီလိုထပ်ခါထပ်ခါလေ့ကျင့်ရင် လိင်ဆက်ဆံမှုကို အချိန်ကြာအောင် တဖြည်းဖြည်းထိန်းချုပ်လာနိုင်တာကိုတွေ့ရမှာပါ။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒ ကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ

အစားအသောက်နဲ့ လိင်စိတ်ဆန္ဒ ဆိုတာ အမြဲတစေ ဆက်နွယ်နေတတ်ပါတယ်။ ဘယ်လိုအစားအစာတွေကိုစားသောက်ရင် လိင်ကိစ္စမှာ စွမ်းဆောင်ရည်ကောင်းတယ်၊ လိင်စိတ်ကို နှိုးဆွနိုင်တယ်ဆိုတဲ့ ပြောစကားတွေကို အမြဲတမ်းကြားခဲ့ကြဖူးမယ်ထင်ပါတယ်။ အမျိုးသားတွေသာမက အမျိုးသမီးတွေမှာလည်း လိင်စိတ်ခံစားချက်က အတိုင်းအတာတစ်ခုအထိရှိနေတာမို့ သူတို့ရဲ့ စိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေဟာလည်း သဘာဝလောကထဲမှာ ရှိနေပါတယ်။ အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒဟာ အမျိုးသားတွေလောက် ရိုးရှင်းလေ့မရှိပါဘူး။ ရာသီစက်ဝန်း၊ စိတ်ဖိစီးမှုအခြေအနေနဲ့ တခြားသော ပတ်ဝန်းကျင်အခြေအနေတွေရဲ့သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ ပွင့်လင်းတဲ့ဆန္ဒကို ထင်ထင်သာသာမြင်တွေ့ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် တချို့သောအစားအစာတွေကတော့ အမျိုးသမီးတွေရဲ့ အတွင်းစိတ်ထဲက ခံစားချက်ကို ပိုပြီးခိုင်မာအားကောင်းလာအောင် တွန်းအားပေးနိုင်ပါတယ်။ ဘယ်လိုအစားအစာမျိုးတွေက အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တာလဲဆိုတာကို လေ့လာကြည့်ရအောင်။ အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒ ကို စေ့ဆော်ပေးနိုင်တဲ့ အစားအစာများ ဂင်ကိုရွက် (Ginkgo) - ဂင်ကိုပင်က လွန်ခဲ့တဲ့ […]


ရေယုန်

လိင်အင်္ဂါရေယုန်နဲ့ ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

ပါးစပ်မှာ ရေယုန်ပေါက်သလို၊ လိင်အင်္ဂါမှာလည်း ရေယုန်ပေါက်တတ်ပါတယ်။ လိင်အင်္ဂါရေယုန်ကတော့ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သင်က လိင်အင်္ဂါရေယုန်ဖြစ်ဖူးသလား။ ဒါဆိုရင် ဘာတွေ ဆောင်လို့၊ ဘာတွေ ရှောင်သင့်သလဲဆိုတာ ကြည့်ကြရအောင်။ လိင်အင်္ဂါရေယုန် ဘယ်ကစဖြစ်တာလဲ။ လိင်အင်္ဂါရေယုန်က လိင်ကတဆင့် ကူးစက်တာများပါတယ်။ ရေယုန်ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ရေယုန်ဗိုင်းရပ်စ်က တံတွေး၊ မိန်းမကိုယ်အရည်၊ သုက်ရည်တွေထဲမှာ ရှိတတ်ပါတယ်။ ဒီဗိုင်းရပ်စ်က အမြှေးပါးတွေ (ပါးစပ်၊ လိင်အင်္ဂါ)ကတဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး အောင်းနေတတ်ပါတယ်။ ဆေးကုလည်း အပြင်က လက္ခဏာတွေပဲ သက်သာပါတယ်။ သူကတော့ ကိုယ်ထဲက (လိင်အင်္ဂါရေယုန်ဆို တင်ပဆုံထဲက) အာရုံကြောတွေမှာ အောင်းနေပြီး အခါအခွင့်သင့်တဲ့အခါ ပြန်ထွက်လာပါတယ်။ ရေယုန်ဗိုင်းရပ်စ်က နှစ်မျိုး နှစ်စားရှိပါတယ်။ HSV 1 (ရေယုန်ဗိုင်းရပ်စ် အမျိုးအစား ၁) - များသောအားဖြင့် ပါးစပ်တစ်ဝိုက်မှာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံတဲ့အခါတိုင်း ချောဆီကို မဖြစ်မနေသုံးပါ

ချောဆီဆိုတာ လိင်ဆက်ဆံတဲ့အခါမှာ ထိခိုက်ပွန်းပဲ့မှုနည်းစေဖို့၊ အဝင်အထွက်ချောစေဖို့အတွက် မဖြစ်မနေ အသုံးပြုပေးရပါတယ်။ အမျိုးသမီးတွေမှာ ဟော်မုန်းအပြောင်းအလဲကြောင့် သဘာဝချောဆီ နည်းသွားပြီး မိန်းမကိုယ်ခြောက်သွေ့တာမျိုး ဖြစ်နိုင်တဲ့အတွက် ချောဆီမသုံးဘဲ လိင်ဆက်ဆံရင် အနာတရဖြစ်မိပြီး လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဝင်ရောက်နိုင်ပါတယ်။ တံတွေးကို ချောဆီအဖြစ်နဲ့ သုံးလို့ရလား။ တံတွေးဟာ ကနဦးထိုးသွင်းကာစမှာ အဝင်အထွက်ကို ချောမွေ့စေပေမယ့် အချိန်ကြာလာတာနဲ့အမျှ ခြောက်သွားတတ်ပါတယ်။ ဒါ့အပြင် ထိုးသွင်းဆက်ဆံတဲ့ အမျိုးသားရဲ့ ပါးစပ်မှာ အနာဖြစ်နေရင်၊ ရေယုန်ပေါက်နေရင်၊ ခံတွင်းသန့်ရှင်းမှုမရှိရင် ပါးစပ်ထဲက ရောဂါပိုးတွေဟာ တံတွေးကနေတစ်ဆင့် မိန်းမကိုယ်ထဲကို ဝင်သွားပြီး ရောဂါကူးစက်ခံရနိုင်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေ တံတွေးကို ချောဆီအဖြစ် သုံးရတော့မယ်ဆိုရင် ထိုးသွင်းဆက်ဆံခံရသူအနေနဲ့ မိမိရဲ့ ကိုယ်ပိုင်တံတွေးကိုသာ အသုံးပြုသင့်ပါတယ်။ ကွန်ဒုံးသုံးရင် ချောဆီသုံးသင့်လား။ တချို့သော ကွန်ဒုံးအမျိုးအစားတွေမှာ ချောဆီအနည်းငယ် ပါပြီးသားဆိုပေမယ့် လိင်ဆက်ဆံနေစဉ် လွယ်ကူချောမွေ့စေဖို့အတွက် အပြင်ကနေ ချောဆီအကူ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဘာကြောင့် မနက်ခင်းစောစောမှာ လိင်ဆက်ဆံ သင့်တာလဲ

မနက်ခင်းစောစောမှာ လိင်ဆက်ဆံ တာက ညပိုင်းတွေမှာဆက်ဆံတာထက်ပိုပြီး အကျိုးရှိတယ်ဆိုတာကို သင်သိပြီးပြီလား။ လိင်ဆက်ဆံတာဟာ လူတိုင်းနဲ့ ကင်းကွာဖို့ မလွယ်တဲ့ကိစ္စတစ်ခုပါ။ မျိုးဆက်ပွားဖို့အတွက်ပဲဖြစ်ဖြစ်၊ စိတ်ကျေနပ်မှုအတွက်ပဲဖြစ်ဖြစ် လိင်ဆက်ဆံဖြစ်ကြတယ်မဟုတ်လား။ ဒီလိုဆက်ဆံကြရာမှာ အများစုကတော့ ညဘက်တွေမှာ ဆက်ဆံဖြစ်ကြတာများပါတယ်။ ဒါပေမယ့် သိပ္ပံနည်းကျလေ့လာမှုတွေအရဆိုရင်တော့ မနက်ခင်းပိုင်းမှာ လိင်ဆက်ဆံတာက ပိုပြီး အကျိုးကျေးဇူးဖြစ်ထွန်းစေတယ်လို့ဆိုထားပါတယ်။ အိပ်ရာက နိုးထခါစအချိန်တွေမှာ လိင်ဆက်ဆံဖြစ်တာက ခန္ဓာကိုယ်ထဲက အကျိုးဖြစ်ထွန်းစေတဲ့ ဟော်မုန်းတွေ၊ ဓာတုပစ္စည်းတွေကို ပိုမိုများပြားစွာထုတ်လုပ်စေနိုင်တာမို့ အကျိုးတွေအများကြီးဖြစ်စေပါတယ်။ မနက်ခင်းစောစောမှာ လိင်မှုကိစ္စပြုလုပ်တာဟာ တကယ်ကို မယုံကြည်နိုင်စရာ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ ၉ ချက်တောင်မှာပါ။ ဒါတွေကတော့ ၁။ သင့်ရဲ့ ခန္ဓာကိုယ်က အကောင်းဆုံးအချိန်ဖြစ်နေတာ သင့်ခန္ဓာကိုယ်က အိပ်ရာကနေ နိုးထလာချိန်မှာ အင်အားပြည့်ဝပြီး အကောင်းဆုံးအခြေအနေကို ပိုင်ဆိုင်နေမှာပါ။ တကယ်လို့ သင်သာ အိပ်ရေးဝဝအိပ်ခဲ့မယ်ဆိုရင်ပေါ့။ ၂၀၁၃ ခုနှစ်ကလေ့လာချက်တွေအရ ဒီအချိန်မျိုးမှာ သင့်ရဲ့ ခန္ဓာကိုယ်က လိင်စွမ်းဆောင်ရည်မြင့်စေမယ့် […]


သားဆက်ခြားခြင်း

ကိုယ်ဝန်ရခြင်းနှင့်သက်ဆိုင်သော ယုံတမ်းအမှားများ

မလိုလားအပ်ပဲ ကိုယ်ဝန်မရစေဖို့ ပဋိသန္ဓေတားခြင်းနည်းလမ်းတွေကို အသုံးပြုရပါတယ်။ တစ်ခါတစ်လေမှာတော့ ကိုယ်သိထားတဲ့ ပဋိသန္ဓေတားခြင်းဆိုင်ရာ ယုံတမ်းအမှားတွေကြောင့် ကျန်းမာရေးအတွက်သာမက ဘဝရှင်သန်ရပ်တည်မှုမှာပါ လမ်းကြောင်းအတိမ်းအစောင်း ဖြစ်သွားစေတတ်ပါတယ်။ ဒါပေမယ့်လည်း လူအများစုကတော့ ကိုယ်ဝန်ရ/ကလေးရယူခြင်းနဲ့ ပတ်သက်ပြီး ယုံတမ်းအမှားတွေ အသိအမှားတွေကြားမှာ လွဲမှားစွာ ပြုမူမိနေကြဆဲဖြစ်ပါတယ်။ တကယ်တော့ မှားယွင်းတဲ့အသိတရားတွေကြောင့် မလိုလားအပ်ပဲ ကိုယ်ဝန်ရတာတွေ ပိုပြီးဖြစ်နိုင်ခြေရှိနေတာကို သိထားဖို့ လိုအပ်ပါတယ်။ ခုဖော်ပြပေးချင်တာကတော့ ကိုယ်ဝန်ရခြင်းနဲ့ပတ်သက်ပြီး လူတွေမှားယွင်း သိမှတ်ထားတဲ့အချက်အလက်တွေရဲ့ တကယ့်အမှန်တရားကို ရှင်းလင်းဖွင့်ဆိုပြထားတာဖြစ်ပါတယ်။ မပြီးခင်ကြိုထွက်တဲ့ သုက်ကြောင့် ကိုယ်ဝန်မရနိုင်ဘူး - မှားယွင်းတဲ့ အချက်အလက်တစ်ခုပါ။ မပြီးခင် စိတ်လှုပ်ရှားမှုကြောင့် ထွက်တဲ့ သုက်မှာလည်း သုက်ပိုးလေးတွေ ပါဝင်နေတာကြောင့် ကိုယ်ဝန်ရနိုင်ပါတယ်။ အမျိုးသား ၄၀% လောက်ဟာ လိင်အင်္ဂါစတင်တောင်မတ်စဉ် ဒါမှမဟုတ် လိင်ဆက်ဆံနေစဉ်မှာ pre-ejaculate ဖြစ်တတ်ပါတယ်။ ရာသီသွေးဆင်းနေစဉ်မှာ လိင်ဆက်ဆံရင် ကိုယ်ဝန်မရဘူး […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကွန်ဒုံးလည်းသုံးမယ်၊ စိတ်ကျေနပ်မှုကိုလည်း တစ်ပြားမှမလျှော့နိုင်ပါဘူး ဆိုတဲ့ အမျိုးသားတွေအတွက်

အမျိုးသားတွေဟာ အများအားဖြင့် လိင်ဆက်ဆံရာမှာကွန်ဒုံးမသုံးချင်ကြပါဘူး။ စိတ်ကျေနပ်မှု အပြည့်အဝမရရှိနိုင်တာကြောင့်လို့ ဆိုတတ်ကြပါတယ်။  မိမိရဲ့အိမ်သူသက်ထား ဇနီးမယားနဲ့ချစ်ကြိုးသွယ်မယ်ဆိုရင်တော့ ပြဿနာမရှိနိုင်ပေမဲ့ ချစ်သူရည်းစား (သို့မဟုတ်) တစ်ညတာပျော်ပါးမှုတွေမှာတော့ ကွန်ဒုံးဟာမသုံးမဖြစ် သုံးရမယ့်အရာပါ။ ကွန်ဒုံးသုံးခြင်းကြောင့် မလိုလားအပ်တဲ့ ကိုယ်ဝန်ကို တားဆီးပေးနိုင်သလို လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးပြီးသား ဖြစ်သွားမှာပါ။ လိင်တူအမျိုးသားတွေမှာလည်း လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါကူးစက်နှုန်း မြန်တာကြောင့် ပိုလို့တောင် ဂရုတစိုက် သုံးသင့်ပါသေးတယ်။ ဒါပေမယ့် ပြဿနာကဘာလဲဆိုတော့ ကွန်ဒုံးအသုံးပြုပြီး ဆက်ဆံတဲ့အခါ သဘာဝအတိုင်း လိင်ဆက်ဆံတာလောက် စိတ်ကျေနပ်မှုမရဘူးလို့ ဆိုလာကြပါတယ်။ မှန်ပါတယ်။ သို့သော် ဒီလိုစိတ်အစွဲကြီးနဲ့ပဲ ကွန်ဒုံးသုံးနေမဲ့အစား ကွန်ဒုံးလည်းသုံးရင်း စိတ်ကျေနပ်မှုကိုလည်း အပြည့်အဝရရှိနိုင်မယ့် လျှို့ဝှက်ချက်လေးတွေကို ပြောပြပေးပါမယ်။ ဒီနည်းလမ်းတွေကို လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးရှုထောင့်အမြင်နဲ့သာ ဖတ်ရှုပေးဖို့ တိုက်တွန်းလိုပါတယ်။ (၁) ချောဆီ (Lubricant) ကိုကွန်ဒုံးရဲ့အတွင်းဘက်ထဲသို့အစက်ချပါ။ ဒီနည်းလမ်းကိုအရင်ကတော့ကြားဖူးမယ်မထင်ပါဘူးနော်။ ဒါပေမယ့်ကွန်ဒုံးကို […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံမှုတစ်ခု အတွက် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ

ကျား မဆက်ဆံကြတဲ့ လိင်ကွဲဆက်ဆံမှုဖြစ်စေ၊ Gay၊ Lesbian စတဲ့ လိင်တူဆက်ဆံခြင်းမျိုးဖြစ်စေ ဘယ်လိုဆက်ဆံပုံမျိုးမှာမဆို  လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေ ခံစားရနိုင်ပါတယ်။ မလိုလားအပ်တဲ့ ကိုယ်ဝန်ပြဿနာတွေ ဖြစ်လာနိုင်တာကိုလည်း ကြိုတင်စဉ်းစားစရာပါပဲ။  မဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးဆေးဝါးပါပဲ။ လိင်ဆက်ဆံမှုတစ်ခု ရဲ့ နောက်ကွယ်က ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို အောက်ဖော်ပြပါနည်းလမ်းတွေနဲ့ အတတ်နိုင်ဆုံးလျှော့ချလိုက်ပါ။ လိင်ဆက်ဆံမှုတစ်ခု ကနေတဆင့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မလာစေဖို့ (၁) ကာကွယ်ဆေးထိုးပါ။ အထူးသဖြင့် အသည်းရောင်အသားဝါအေ ကာကွယ်ဆေး အသည်းရောင်အသားဝါဘီ ကာကွယ်ဆေး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အသည်းရောင်အသားဝါအေ ဗိုင်းရပ်စ်ပိုးဟာ အစာလမ်းကြောင်းမှ တစ်ဆင့် ကူးစက်ပါတယ်။ လိင်ကနေလည်း ကူးစက်ပါတယ်။ အထူးသဖြင့် စအိုနဲ့ ဆက်ဆံတဲ့အခါမှာပါ။ အသည်းရောင်အသားဝါအေ ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာတော့ တွင်တွင်ကျယ်ကျယ် မထိုးကြသေးပေမယ့် ထိုးနိုင်ရင်ကောင်းပါတယ်။ သွေးအပါအဝင် ခန္ဓာကိုယ်ကထွက်လာတဲ့ အရည်တွေကတစ်ဆင့် ကူးစက်နိုင်တာကတော့ အသည်းရောင်အသားဝါဘီရောဂါပါ။ မြန်မာနိုင်ငံရဲ့ တိုးချဲ့ ကာကွယ်ဆေးလုပ်ငန်းစဉ်မှာလည်း […]


HIV နှင့် AIDS ရောဂါ

HIV ပိုးကို သဘာဝအရထိန်းချုပ်နိုင်သူများ

ဒီနေ့အချိန်ထိ HIV ရောဂါပိုးကို လုံးဝပျောက်ကင်းအောင် မကုသနိုင်သေးပေမဲ့ ဗိုင်းရပ်စ်ပိုးပမာဏ ကိုထိန်းချုပ်ပေးတဲ့ ART ဆေးတွေမှန်မှန်သောက်သုံးပြီး သက်တမ်းစေ့နေနိုင်နေပါပြီ။ ဒီဆေးကိုနေ့စဉ်မှန်မှန် သောက်သုံးခဲ့ရင် HIV ပိုးပမာဏကစစ်ဆေးလို့မရလောက်တဲ့ပမာဏအထိလျော့နည်းသွားပြီး တခြားသူကိုရောဂါထပ်မကူးစက်အောင်တောင် ထိန်းချုပ်သွားနိုင်ပါတယ်။ ဒီလိုအခြေအနေထိ ရောက်သွားရင်ဒါကို HIV control ရတယ် (ထိန်းချုပ်နိုင်သွားတယ်) လို့ခေါ်ဆိုနိုင်ပါပြီ။ သိပ်မကြာသေးခင်က အမေရိကန်နိုင်ငံ၊ ရာဂွန်တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာတော့ ထူးခြားချက်တစ်ချက်ကို တွေ့ရှိခဲ့ပါတယ်။ ဒီသုတေသနအရ တချို့သော HIV ပိုးကူးစက်ခံထားရသူဟာ ART ဆေးသောက်စရာမလိုဘဲ သဘာဝအရကို ၎င်းတို့ ခန္ဓာကိုယ် ထဲမှာ HIV ပိုးကိုထိန်းချုပ်ထားနိုင်တာကိုတွေ့ရှိခဲ့ပါတယ်။ HIV ဗိုင်းရပ်စ်က ရောဂါကူးစက်ခံရတဲ့သူ ခန္ဓာကိုယ်ထဲရောက်တာနဲ့ သူ့ရဲ့ဗီဇကို ပုံစံပြောင်းပြီး လူရဲ့ဆဲလ်တွေနဲ့ပေါင်းစပ်လိုက်ပါတယ်။ ပေါင်းစပ်လိုက်တဲ့ဆဲလ်ကိုအသုံးပြုပြီး နောက်ထပ် HIV ဗိုင်းရပ်စ်တွေ ထပ်ထုတ်လုပ်ပါတယ်။ အခုလက်ရှိ HIV ဝေဒနာရှင်တွေသောက်သုံးနေရတဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်များများဆက်ဆံရင် Heart Attack ကို ကာကွယ်နိုင်မယ်

လိင်ဆက်ဆံတာဟာ မျိုးဆက်ပွားကျန်းမာရေးကိစ္စတစ်ခု သက်သက်မဟုတ်သလို စိတ်ဆန္ဒအာသီသဖြေဖျောက်ဖို့ ပြုမူရတဲ့ အပြုအမူတစ်ခုလို့ချည်း သတ်မှတ်ထားလို့မရတော့ပါဘူး။ ဒီကနေ့ခေတ်မှာ သိပ္ပံနည်းကျလေ့လာမှုတွေကြောင့် လိင်ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေကို ပိုပြီးသိနားလည်လာရသလို လိင်ဆက်ဆံခြင်းဟာ ကျန်းမာရေးကို အကျိုးပြုနိုင်တယ်ဆိုတဲ့ သက်သေပြချက်တွေဟာလည်း အလျှိုအလျှိုထွက်ပေါ်လာနေပါပြီ။ ဥပမာအားဖြင့်ပြောရရင် လိင်ဆက်ဆံခြင်းဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်ဆိုတာမျိုးပေါ့။ ဒါကြောင့်လည်း ကိုဗစ်ကာလမှာ လိင်ဆက်ဆံပြီး ကိုယ်ခံအားမြှင့်တင်ဖို့ တိုက်တွန်းမှုတွေလည်း ရှိလာခဲ့တာပါ။ ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်တဲ့အချက်တစ်ခုနဲ့တင် ကင်ဆာကိုကာကွယ်နိုင်တာ၊ ကယ်လိုရီတွေကို လျှော့ချနိုင်တာ၊ စိတ်ဖိစီးမှုလျော့ကျတာနဲ့ ကောင်းမွန်စွာအိပ်စက်နိုင်တာလိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်တယ်မဟုတ်လား။ ခုချိန်မှာလည်း နောက်ထပ်သက်သေပြချက်တွေအရ လိင်ဆက်ဆံခြင်းဟာ နှလုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်တယ်ဆိုတာကို လေ့လာချက်တွေက ဖော်ထုတ်လာခဲ့ပါတယ်။ လိင်ဆက်ဆံမှုနဲ့ နှလုံးကျန်းမာရေး Heart Attack (ခေါ်) နှလုံးထိခိုက်ခြင်းဆိုတာက နှလုံးသွေးကြောထဲ သွေးလျှောက်တာ နည်းသွားပြီး နှလုံးကြွက်သားသွေးငတ်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ နှလုံးကြွက်သားတွေဟာ သွေးလုံလောက်စွာ မရရင် ပျက်စီးသွားတတ်ပါတယ်။ အဲဒီလို သွေးပြတ်တောက်ချိန်မှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း