ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံပြီး ရင် ဒီလိုခံစားရတာ ပုံမှန်ပါ။

လိင်ဆက်ဆံပြီး ရင် တစ်ခါတလေမှာ ထူးခြားတဲ့ လက္ခဏာလေးတွေ ခံစားရတတ်ပါတယ်။ လိင်ကိစ္စ မို့လို့ တစ်ယောက်နဲ့ တစ်ယောက် ပြောဆိုဆွေးနွေးတာမျိုးတွေ မရှိတာကြောင့် ဒါတွေက ကိုယ်တစ်ယောက်တည်းမှာများ ဖြစ်နေတာလားဆိုပြီး စဉ်းစားနေမိရင် ဒီအချက်တွေကို စစ်ဆေးကြည့်လိုက်ပါ။ လိင်ဆက်ဆံပြီး ရင် ဒါတွေ ခံစားရတတ်ပါတယ်။  အဖော်ကို ပိုပြီး ခင်တွယ်လာတယ်။ ပြီးမြောက်သွားတဲ့အခါ မိမိအဖော်ကို ပိုပြီးခင်တွယ်လာတာ သဘာဝပါ။ ဒီလို ဖြစ်ရတာ Love hormoneလို့ ခေါ်တဲ့ အောက်စီတိုစင် ထွက်လာလို့ပါ။ ဒီဟော်မုန်းက အဖော်တွေကြားမှာ ခင်တွယ်မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးအေးနေပြီဆိုရင် အတူမနေဖြစ်တာ ကြာလို့များလားဆိုတာ စဉ်းစားကြည့်ပါ။ မိန်းမကိုယ်ကနေ သုက်ရည်ဆင်းနိုင်ပါတယ်။ ကွန်ဒုံးမသုံးထားဘူးဆိုရင်တော့ လိင်ဆက်ဆံပြီးရင် မိန်းမကိုယ်ကနေ သုက်ရည်အနည်းငယ် ဆင်းနိုင်ပါတယ်။ ခန္ဓာကိုယ်ကနေ သုက်ရည်ကို မစုပ်ယူတဲ့အတွက် အပြင်ကို ဆင်းလာရုံအပြင် တခြားနည်းလမ်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကွန်ဒုံး မကာကွယ်ပေးနိုင်တဲ့ လိင်ကတဆင့်ကူးစက်ရောဂါ များ

ကွန်ဒုံးသုံးတယ်ဆိုတာ ရည်ရွယ်ချက် နှစ်ခုနဲ့ပါ။ ကိုယ်ဝန်တားချင်တာရယ်၊ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေရယ်က ကာကွယ်ဖို့ပါ။ ဒါပေမယ့် ဘယ်အရာကမှ ပြီးပြည့်စုံတယ်လို့ မရှိပါဘူး။ ကွန်ဒုံးက လိင်ကတဆင့်ကူးစက်ရောဂါ တွေကို ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် အကုန်လုံးတော့ မဟုတ်ပါဘူး။ သူကာကွယ်မပေးနိုင်တဲ့ တချို့ရောဂါလေးတွေ ရှိနေပါသေးတယ်။ ကွန်ဒုံး မကာကွယ်ပေးနိုင်တဲ့ လိင်ကတဆင့်ကူးစက်ရောဂါ များ ရေယုန် ရေယုန်က အရေပြားချင်း ထိတွေ့ရာကနေ ကူးစက်တတ်ပါတယ်။ လိင်အင်္ဂါရေယုန်တွေဆိုရင် ပေါင်ခြံတို့၊ ဆီးခုံတို့မှာ ပေါက်လေ့ရှိပါတယ်။ ဒီလိုနေရာတွေကျ ကွန်ဒုံးစွပ်လို့ မရတဲ့အတွက် အတူနေလို့ အရေပြားချင်း ထိတွေ့တဲ့အခါ ကူးနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် လတ်တလောမှာ လိင်အင်္ဂါရေယုန် ပေါက်နေရင် အတူနေတာကို ရှောင်သင့်ပါတယ်။ HPV ဗိုင်းရပ်စ် HPV ဗိုင်းရပ်စ်တွေက လိင်အင်္ဂါကြွက်နို့နဲ့ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်တယ်ဆိုပြီး လူသိများကြပါတယ်။ ဗိုင်းရပ်စ် အမျိုးပေါင်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကွန်ဒုံးဝယ် နည်း လမ်းညွှန်

ကွန်ဒုံးသုံးပါ။ ကွန်ဒုံးတွေက ကိုယ်ဝန်လည်း တားပေးနိုင်တယ်။ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေလည်း ကာကွယ်နိုင်တယ်ဆိုပေမယ့် ကွန်ဒုံးကို သုံးတဲ့သူက များများစားစား မရှိကြပါဘူး။ အကြောင်းအရင်းတွေ အများကြီး ရှိပေမယ့် အများစုပြောကြတာက ဘာ ကွန်ဒုံးဝယ် ရမလဲ မသိလို့ပါတဲ့။ ဒါလည်း ဟုတ်ပါတယ်။ ကွန်ဒုံးအမျိုးအစားတွေက အများကြီး ဖြစ်နေပြန်တော့ ဘာကို ရွေးရမလဲဆိုတာ ခက်နေမှာပါ။ မှားဝယ်လာပြန်ရင်လည်း သုံးမရဘဲ ငွေကုန်တာပဲ ရှိတာကြောင့် နောက်တစ်ခေါက်ဝယ်ဖို့ လက်တွန့်နေမှာ အမှန်ပါပဲ။ ဒါထက်ပိုဆိုးတာက မဝယ်မတော်ရင် အတူနေတဲ့အခါ အဆင်မပြေဖြစ်ပြီး ကွန်ဒုံးကြီးက မမိုက်ပါဘူးကွာဆိုပြီး နောက်ကို သုံးတော့မှာ မဟုတ်ပါဘူး။ ဒီတော့ ကွန်ဒုံးဝယ်နည်း လမ်းညွှန်ကို ပြောပြပေးပါ့မယ်။ ကွန်ဒုံးဝယ် တဲ့အခါ ဘယ်အချက်တွေကို သတိထားသင့်သလဲ။ အရွယ်အစား ဒါက အရေးကြီးဆုံးပါပဲ။ ကြီးလွန်းရင်လည်း ချောင်ပြီး အတူနေတဲ့အခါ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကွန်ဒုံးတွေ မှာ အရသာပါနေတာ ဘာကြောင့်လဲ။

ငယ်ငယ်က စဉ်းစားဖူးတာရှိတယ်။ ကွန်ဒုံးတွေ က လိင်ဆက်ဆံရုံပဲ မဟုတ်လား။ ပြီးရင်လည်း လွှင့်ပစ်မှာပဲဟာကို။ ဘာကိစ္စ အရသာတွေနဲ့ ထုတ်နေရတာလဲလို့ပေါ့။ နောက်ပိုင်း ကွန်ဒုံးကြောငြာတွေကြည့်၊ စာတွေဖတ်ကြည့်တဲ့အခါကျမှ 'အော် ဒါကြောင့်ကိုး' လို့ သိသွားတာပါ။ စားလို့မရတဲ့ ကွန်ဒုံးတွေကို ဘာကြောင့် အရသာတွေ ထည့်ထားရတာလဲဆိုတာ အတူတူလေ့လာကြည့်ရအောင်။ အရသာပါဝင်တဲ့ ကွန်ဒုံးတွေ ကွန်ဒုံးကို လက်ရှိအချိန်မှာ အရသာ မျိုးစုံနဲ့ ထုတ်ထားတာများ မသိရင် ကွန်ဒုံးတန်းက ပီကေတန်းနဲ့ မှားစရာပါ။ သစ်သီးအရသာတွေ ဖြစ်တဲ့ ငှက်ပျောသီး၊ စတော်ဘယ်ရီ၊ လိမ္မော်သီးကစလို့ ဗနီလာ၊ hot coffee၊ ချောကလက် စသဖြင့် အစားစား ထုတ်လာကြပါတယ်။ (ဘယ်တော့များ မာလာရှမ်းကောတို့၊ ပီဇာတို့ ထုတ်မလဲတို့ စောင့်ကြည့်ရအောင်) စျေးကွက်လိုအပ်ချက်အရ ကာစတန်မာတွေနဲ့ တောင်းဆိုချက်နဲ့အညီ အပြိုင်အဆိုင် ထုတ်လုပ်လာကြတာကလည်း စိတ်ဝင်စားစရာပါပဲ။ ကွန်ဒုံးတွေမှာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်လွှတ်ဖို့ကြာ နေတာ ဘာကြောင့်လဲ

သုက်လွှတ်တာနဲ့ ပတ်သက်ပြီး သုက်လွှတ်မြန်တာကိုတော့ တော်တော်များများ ကြားဖူးကြမှာပါ။ အတူနေတာမှ မကြာသေးဘူး သုက်ထိန်းမရဘဲ ထွက်သွားတယ်ပေါ့။ ခုပြောမှာကတော့ သူနဲ့ ပြောင်းပြန် သုက်လွှတ်ဖို့ကြာ နေတာပါ။ ကြာနေတာ မကောင်းဘူးလားလို့ မေးစရာရှိပါတယ်။ ကြာနေတာကလည်း မကောင်းပါဘူး။ နောက်ပိုင်းကျရင် အတူနေတဲ့သူနဲ့ ပြဿနာတက်နိုင်ပါတယ်။ သုက်လွှတ်ဖို့ကြာ နေတယ်လို့ ဘယ်အခါမှာ သတ်မှတ်မှာလဲ အမျိုးသားတစ်ယောက်က လိင်တံလည်း ထောင်မတ်တယ်။ လိင်စိတ်လည်း ရှိတယ်။ အတူလည်း နေနိုင်ပါလျက်နဲ့ သုက်လွှတ်ဖို့ ကြာနေရင် ဒါကို ဆေးပညာအရ delayed ejaculation လို့ ခေါ်ပါတယ်။ အချိန်သတ်မှတ်ချက်တော့ အတိအကျ မရှိပါဘူး။ အကြမ်းဖျင်းအားဖြင့် ထိုးသွင်းဆက်ဆံပြီး နာရီဝက်၊ ၄၅မိနစ်လောက်ကြာတဲ့အထိ မထွက်သေးဘူးဆိုရင်တော့ သုက်လွှတ်ဖို့ ကြာနေတယ်လို့ ပြောလို့ရပါတယ်။ ဒါက သုက်မလွှတ်အောင် စိတ်နဲ့ ထိန်းထားတာမျိုး မဟုတ်ပါဘူး။ သူ့အလိုလိုကို […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အမျိုးသားတွေ ဘာလို့ ကွန်ဒုံးသုံး ဖို့ ငြင်းကြတာလဲ။

အိမ်ထောင်သည်တွေ ကိုယ်ဝန်တားမယ်ဆိုရင်လည်း အမျိုးသမီးတွေပဲ တားဆေးတွေ ထိုးလိုက်၊ သောက်လိုက် လုပ်လေ့ရှိသလို လက်မထပ်ရသေးဘဲ အတူနေတဲ့ အခါမှာလည်း ကိစ္စပြီးသွားတဲ့အခါမှာ အမျိုးသမီးတွေကပဲ အရေးပေါ် တားဆေး သောက်ရလေ့ ရှိပါတယ်။ တကယ်တော့ ကိုယ်ဝန်တားတာ၊  လိင်ကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်တာက နှစ်ဦး နှစ်ယောက်လုံးနဲ့ ဆိုင်တဲ့ ကိစ္စပါ။ ဒါပေမယ့် အမျိုးသားထုတွေကြားမှာ ကွန်ဒုံးသုံး တဲ့ အလေ့အထက နည်းနေတုန်းပါပဲ။ အမျိုးသားများ ကွန်ဒုံး မသုံးရတဲ့ အကြောင်းရင်း ဒါကြောင့် ဘာလို့ အမျိုးသားတွေရဲ့ ကွန်ဒုံးသုံး တဲ့ အလေ့အကျင့်နည်းနေရသလဲဆိုတာကို လေ့လာကြည့်တဲ့အခါ အောက်ပါအချက်တွေကို တွေ့ရပါတယ်။ အလွှာခြားလို့ ဒါကတော့ ကွန်ဒုံး မသုံးရခြင်းရဲ့ ထိပ်တန်း အကြောင်းပြချက်ပါ။ ကွန်ဒုံးသုံးတာက လိင်စိတ်ခံစားမှု လျော့နည်းစေလိမ့်မယ်ဆိုတာကို ခုထက်ထိ ယုံကြည်နေကြဆဲပါပဲ။ ဒါပေမယ့် လက်တွေ့မှာ […]


သားဆက်ခြားခြင်း

Depo ရပ်ပြီး ဘယ်လောက်ကြာရင် ကိုယ်ဝန်ပြန်ရနိုင်သလဲ။

မေ့တတ်တဲ့ သူတွေ၊ ဆေးသောက်ရတာကို အလုပ်ရှုပ်တယ်လို့ ယူဆတဲ့ သူတွေအတွက် ၃လခံတားဆေး Depo က လက်စွဲပါပဲ။ ၃လလောက်နေမှ တစ်ခါလောက် ဆေးထိုးပြီး လွတ်လွတ်လပ်လပ်နေလို့ရတဲ့အတွက် အလုပ်လုပ်တဲ့ အိမ်ထောင်သည်တွေအတွက် တော်တော်အဆင်ပြေပါတယ်။ ဒါပေမယ့် သူ့ရဲ့ အားနည်းချက်က ကလေးရဖို့ စောင့်ရတာပါ။ အလုပ်ရှုပ်သက်သာလို့ ဆေးထိုးချင်ပေမယ့် ကလေးပြန်ရဖို့ ကြာတဲ့အတွက် သုံးသင့် မသုံးသင့် စဉ်းစားစရာ ဖြစ်လာပါတယ်။ ဆေးခန်းမှာ အမေးများဆုံးကလည်း ဆေးရပ်ပြီး ဘယ်လောက်ကြာရင် ကိုယ်ဝန်ရမလဲဆိုတာပါ။ ဒါကို မပြောခင် Depo ဘယ်လို အလုပ်လုပ်သလဲဆိုတာကို အရင်သိထားသင့်ပါတယ်။ Depo သုံးလခံတားဆေး သူ့နာမည်အပြည့်အစုံက Depo-Provera ပါ။ ပါတာက depot medroxyprogesterone acetate လို့ခေါ်တဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်းပါ။ ဒီဟော်မုန်းက အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာလည်း သဘာဝအတိုင်း ရှိပါတယ်။ […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ လိင်မှုဘဝ ရစေဖို့

လိင်ကိစ္စဆိုတာ လူတိုင်း သိချင်ကြပေမယ့် ဘယ်သူမှ ပေါ်ပေါ်ထင်ထင် ဖွင့်မပြောတဲ့ ကိစ္စပါ။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရရင်လည်း ရေငုံနှုတ်ပိတ်နေကြသလို၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ခံစားရရင်လည်း ဆေးကုသမှု ခံယူဖို့ လက်တွန့်တတ်ကြပါတယ်။ ဒါပေမယ့်လည်း လိင်မှုဘဝ ဆိုတာ အများစု ကြုံတွေ့ရမယ့် အတွေ့အကြုံတစ်ခုပါပဲ။ ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ လိင်မှုဘဝ ဆိုတာ World Health Organization ရဲ့ အဆိုအရတော့ ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ လိင်မှုဘဝဆိုတာ ရုပ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးမှာ အဆင်ပြေပြီး သက်သောင့်သက်သာ ဖြစ်တာကို ဆိုလိုတာပါ။ ရောဂါကင်းစင်ရုံ၊ အိပ်ရာပေါ်မှာ စွမ်းနိုင်ရုံ၊ အိမ်ထောင်ပြုထားရုံနဲ့ ပျော်ရွှင်တဲ့ လိင်မှုဘဝရှိထားတယ်လို့ ပြောလို့မရပါဘူး။ လိင်မှုဘဝ ကျန်းမာရေးက ကိုယ်ရော စိတ်ပါ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ သဘာဝကိုက အဲ့ဒီအတိုင်း ဖြစ်နေတာပါ။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အိမ်ထောင်ရှင်မ တို့ရဲ့ ရာသီလာစဉ် ကိုက်ခဲမှုကို ချက်ချင်းသက်သာစေမယ့်အရာ

ရာသီလာစဉ်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေက အတော်လေး သည်းခံရခက်သလို နေ့စဉ် လုပ်ငန်းတာဝန်တွေပေါ်မှာပါ ထိခိုက်လာတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒီဝေဒနာကို သက်သာစေဖို့ အိမ်တွင်းကုထုံးတွေနဲ့ ကုသတာတွေ ရှိသလို အကိုက်အခဲ ပျောက်ဆေးတွေ သောက်တာမျိုးလည်း ရှိပါတယ်။ ဒီနည်းလမ်းတွေက အချိန်အတိုင်းအတာ တစ်ခုကို စောင့်ပြီးမှ လေဒီလေးတို့ရဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေတာပါ။ အခုတစ်ခေါက်တော့ အိမ်ထောင်ရှင်မ တွေအနေနဲ့ ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်မှုကို အချိန်တိုတိုအတွင်းမှာ ထိထိရောက်ရောက် သက်သာစေမယ့် နည်းလမ်းလေး တစ်ရပ် ပြောပြပေးချင်ပါတယ်။ ဒါကတော့ ......... လေ့လာမှု ရလဒ်တွေအရ သိရတဲ့ အိမ်ထောင်ရှင်မ တို့ရဲ့ ရာသီလာစဉ် ကိုက်ခဲမှုကို ချက်ချင်းသက်သာစေမယ့်အရာ အိမ်ထောင်ရှင် အမျိုးသမီးတွေကို ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲမှုကို သက်သာစေမယ့် နည်းလမ်းတစ်ခုက လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း (orgasm) ပါ။ ဒီခံစားမှုက […]


သားဆက်ခြားခြင်း

အရေးပေါ်ကာလ သားဆက်ခြား နည်းလမ်းများ

သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ပြီဆိုရင် သားဆက်ခြား ကျန်းမာရေးကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ သဘာဝဘေးအန္တရာယ်တွေ ပြီးသွားလို့ ပြန်လည်ထူထောင်ရေး လုပ်နေတဲ့အချိန်အတွင်းမှာတောင် ဆေးရုံဆေးခန်း သွားဖို့ မလွယ်တာကြောင့် မတော်တဆ ကိုယ်ဝန်ရလာခဲ့ရင် ဒီကိုယ်ဝန်ကို ကောင်းကောင်းစောင့်ရှောက်နိုင်မလားဆိုတာ မသေချာပါဘူး။ အထူးဂရုစိုက်ဖို့ လိုတဲ့ လနုချိန်မှာ ဒီကိုယ်ဝန်ကို ကောင်းကောင်း မစောင့်ရှောက်နိုင်ဘူးဆိုရင် အမေရော ကလေးရော အန္တရာယ်ရှိပါတယ်။ ဒါကြောင့် သဘာဝဘေးနဲ့ ကြုံနေရချိန်မှာ ကိုယ်ဝန်ယူဖို့ ခဏလောက် နောက်ဆုတ်ထားစေချင်ပါတယ်။ ဒီလို နောက်ဆုတ်ထားမယ်ဆိုရင် သားဆက်ခြားနည်းလမ်းတွေက အရေးပါလာပါပြီ။ တချို့ကလည်း နဂိုတည်းက ကိုယ်ဝန်မလိုချင်သေးလို့ သားဆက်ခြားပြီးသားတွေ ရှိပါတယ်။ သူတို့တွေရော သဘာဝဘေးကာလမှာ ဘယ်လိုဆက်ပြီး သားဆက်ခြားမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ သားဆက်ခြား နည်းရွေးချယ်ကြမယ် လူသုံးများတဲ့ သားဆက်ခြားနည်းလမ်းတွေနဲ့ ဒါတွေကို ဘယ်လို ဆက်လုပ်သင့်လဲဆိုတာ အကြံပေးရရင် တားဆေးကတ် ဟော်မုန်းပါ သောက်ဆေးကတ်တွေပါ။ ဟော်မုန်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း