ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

ချစ်မှုရေးရာကိစ္စတွေမှာ စိတ်ကျေနပ်ပျော်ရွှင်မှုနဲ့ အဆုံးသတ်နိုင်ဖို့က သိပ်ကို အရေးကြီးပါတယ်။ ဘာလို့ အိပ်ယာပေါ်က ကိစ္စကို အလေးအနက်ထားတိုက်တွန်းနေကြတာလဲဆိုရင် လိင်မှုကိစ္စဟာ သင့်ကျန်းမာရေးနဲ့လည်း တိုက်ရိုက်ဆက်နွယ်နေတာကြောင့်ပါ။ ချစ်မဝတဲ့လိင်မှုဘဝ မျိုးကို မပိုင်ဆိုင်ဘူးဆိုရင် သင့်အတွက် ထိခိုက်နစ်နာစရာတွေ များလှတယ်ဆိုတာကို မမေ့ပါနဲ့နော်။ လိင်ဆက်ဆံတာပဲ ပြီးမြောက်မှုက အဓိကပဲပေါ့လို့ မတွေးလိုက်ပါနဲ့။ တကယ်တော့ လိင်မှုရေးရာ နှီးနှောမှုတွေဟာ ဒီထက်ပိုပါတယ်။ စိတ်ခံစားချက်ကောင်းမွန်စွာနဲ့ ပြီးမြောက်နိုင်မယ်ဆိုရင် Oxytocin လို့ခေါ်တဲ့ အချစ်ဟော်မုန်းတွေ အမြောက်အများထွက်ရှိလာမှာဖြစ်ပြီးတော့ ဒီဟော်မုန်းတွေက နှလုံးရောဂါကို ကာကွယ်ပေးတာ၊ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းကို လျော့ကျစေတာ၊ ကိုယ်ခံအားစနစ်ကို တိုးတက်စေတာနဲ့ ကောင်းမွန်စွာ အိပ်စက်နိုင်အောင် ကူညီပေးတာလိုမျိုး အကျိုးကျေးဇူးတွေ ပေးပါတယ်။ ဒါကြောင့် ချစ်မဝတဲ့လိင်မှုဘဝ မျိုးကို ဖန်တီးထားနိုင်သူတွေဟာ ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာတဲ့ အကျိုးကျေးဇူးတွေအပြင် လက်တွဲဖော်၊ ဆက်ဆံဖော်ရဲ့ မေတ္တာကိုလည်း ပြည့်ပြည့်ဝဝပိုင်ဆိုင်နိုင်မှာပေါ့။ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

ချစ်မှုရေးရာ လိင်ဆက်ဆံမှုကိစ္စရပ်တွေက အမြဲတမ်းသာယာချမ်းမြေ့မှုကိုချည်းပေးတာတော့မဟုတ်ပါဘူး။ အချစ်ကပေးတဲ့ဒါဏ်ရာ ဒါမှမဟုတ် ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ ဆိုပါတော့။ အချစ်ကပေးတဲ့ဒါဏ်ရာ လို့ ဆိုပေမယ့် တကယ်တမ်းမှာတော့ တချို့ဝေဒနာတွေကဆိုးရွားပြင်းထန်ပါတယ်။ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့အထိ ပြင်းထန်စေတဲ့ ကျန်းမာရေးပြဿနာတွေလည်း ပါဝင်နေတာကို သိနားလည်ထားဖို့တော့လိုအပ်ပါလိ့မယ်။ ပုံမှန်အားဖြင့်တော့ ချစ်တင်းနှောတယ်ဆိုတာက လူနှစ်ဦးအကြား စိတ်ကျေနပ်သာယာစေဖို့ပါ။ တခါတလေမှာတော့ ဆန်းဆန်းပြားပြား ဆက်ဆံတာမျိုးတွေ၊ ဒါမှမဟုတ် တခြားသော မမျှော်လင့်ထားတဲ့ အခြေအနေမျိုးတွေကြောင့် နာကျင်မှုဝေဒနာတွေ၊ ထိခိုက်ဒါဏ်ရာရတာတွေ၊ ကျန်းမာရေးထိခိုက်စေတာတွေလည်း ဖြစ်တတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ လိင်ဆက်ဆံနေချိန်မှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ထိခိုက်ဒါဏ်ရာတွေအကြောင်းကို ပြောပြပေးသွားပါမယ်။ အချစ်ကပေးတဲ့ဒါဏ်ရာ များ ၁။ မျက်ရည်ကျအောင် နာကျင်ခြင်း မိန်းမကိုယ် ဒါမှဟုတ် စအိုဝကို ပြင်းပြင်းထန်ထန် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရတာမျိုး၊ လိင်အင်္ဂါမဟုတ်တဲ့ အရာဝတ္ထု သို့ Toy နဲ့ ဆက်ဆံမိတာမျိုးတွေကြောင့် ပြင်းထန်စွာနာကျင်ခံစားရတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ဆိုရင် ချောဆီအသုံးပြုဖို့ လိုအပ်ပါတယ်။   ၂။ […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ချစ်တင်းမနှောခင် စားစေချင်

လိင်ဆက်ဆံချိန်မှာ အင်အားပြည့်ဖြိုးပြီး စွမ်းဆောင်ရည်ကောင်းစေမယ့် အစားအစာတွေနဲ့ ဆေးဝါးတွေကို လူတွေရှာဖွေလာခဲ့တာ ထောင်စုနှစ်ပေါင်းမြောက်များစွာ ကြာမြင့်နေပါပြီ။ ဒါကြောင့်  ချစ်တင်းမနှောခင် မှာ သင့်လျော်တဲ့ အစားအစာတွေကို အစားအစာတွေ မှီဝဲပေးနိုင်ရင် အကောင်းဆုံးပေါ့။ ချစ်တင်းမနှောခင် အိပ်ယာပေါ်မှာ စွမ်းဆောင်ရည်ကောင်းဖို့ စိတ်ကျေနပ်မှုကောင်းဖို့ လိုသလိုပြီးမြောက်နိုင်ဖို့အတွက် ဆေးမြီးတိုတွေ ဓာတ်စာတွေကို အမျိုးမျိုးအသုံးချခဲ့ကြပါတယ်။ အဆင်ပြေတာလည်းရှိသလို ချင်း(ဂျင်း)တွေလည်း ပါနေတယ်မဟုတ်လား။ တကယ်တော့ လူသားတွေရဲ့ လိင်ဆက်ဆံခြင်းအမှုမှာ အကောင်းဆုံး စွမ်းအားတွေကို ပေးအပ်နိုင်တဲ့အရာတွေက သဘာဝတရားက ဖန်တီးပေးထားတဲ့ အရာတွေပါပဲ။ ဘယ်ဆေးတွေ၊ ဘယ်လိုဓာတ်စာတွေ ကောင်းတယ်ဆိုဆို သဘာဝတရားက ဖန်တီးပေးထားတဲ့အရာတွေထက်တော့ ပိုသာပြီး မကောင်းနိုင်ပါဘူး။ တကယ်လို့သင်က ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ချင်နေတယ်၊ ပိုပြီးကျေနပ်ကောင်းမွန်တဲ့ စိတ်ခံစားချက်မျိုးကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ခုဖော်ပြပေးမယ့် အစားအစာတွေကို မှီဝဲကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ ခုဖော်ပြပေးမယ့် အစားအစာတွေက သင့်ရဲ့ ချစ်တင်းနှောနိုင်စွမ်းကို သိသိသာသာပြောင်းလဲသွားစေပါလိမ့်မယ်။ ချစ်တင်းမနှောခင် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား

အမျိုးသားတိုင်းမှာ စွမ်းဆောင်ရည်ပြည့်ဝပြီး အရွယ်အစားလည်း မသေးငယ်လှတဲ့ လိင်အင်္ဂါမျိုးကို ပိုင်ဆိုင်လိုကြတဲ့ ဆန္ဒအာသီသ ရှိတတ်ကြပါတယ်။ အိပ်ယာပေါ်မှာ စွမ်းဆောင်ရည်ကောင်းတာ၊ စွဲမက်ဖွယ်လို့ သူတို့ဟာ သူတို့ ထင်မြင်ယူဆကြတဲ့ ကျားအင်္ဂါမျိုးကို ပိုင်ဆိုင်ထားတာမျိုးကို သိပ်ကို ဂုဏ်ယူတတ်ကြသူတွေဆိုပါတော့။ ဒီတော့ သူတို့ရဲ့ ဖွားဘက်တော်လေးကို ရှိနေတဲ့အခြေအနေထက် ပိုပြီးကြီးထွားအောင် အချိန်ကြာကြာစွမ်းဆောင်နိုင်စေအောင် ကူညီပေးနိုင်မယ့် နည်းလမ်းမျိုးတွေဆိုရင် အမြဲစိတ်ဝင်စားတတ်ကြပါတယ်။ ဒီလိုဖြစ်အောင် လုပ်ပေးနိုင်တယ်ဆိုတဲ့ ဆေးဝါးတွေ ဓာတ်စာတွေ ဆေးမြီးတိုတွေကလည်း ဒီခေတ်မှာ ပေါ်ပေါက်လာကြတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ သမိုင်းဦးခေတ်တွေကတည်းက ဒီလို နည်းလမ်းတွေ ရှိခဲ့ကြတာပါ။ ဒီကနေ့ခေတ် ခေတ်မှီဆေးဝါးတွေ ပေါ်ထွက်လာတဲ့ ခေတ်မှာလည်း အမျိုးသားအင်္ဂါကြီးဆေးတွေ၊ ကြာဆေးတွေက အမျိုးမျိုး ပေါ်ထွက်လာနေဆဲပါပဲ။ ရောင်းအားတွေလည်း ကောင်းနေဆဲပါပဲ။ နည်းလမ်းပေါင်းမြောက်များစွာထဲမှာ ဒီဘက်ပိုင်းနှစ်အနည်းငယ်အတွင်းမှာ လူသိများလာပြီး အသုံးလည်းများလာတာက P-Shot လို့ခေါ်တဲ့ ဆေးထိုးတဲ့ နည်းလမ်းဖြစ်ပါတယ်။ P-Shot […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံတဲ့အခါ Sex Toy တွေကို အသုံးပြုရင် ဘာကောင်းကျိုးရနိုင်လဲ

Sex Toy ဆိုတာ လိင်ဆက်ဆံတဲ့ နေရာမှာဖြစ်စေ၊ လိင်အာသာဖြေတဲ့နေရာမှာ ဆန္ဒအထွတ်အထိပ် ရောက်စေရန် ကူညီပေးနိုင်တဲ့ အရုပ်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Sex Toyအသုံးပြုသူတွေ နည်းနေသေးတယ်ဆိုပေမယ့် လုံးဝအစိမ်းသက်သက် ဖြစ်နေမယ့် အရာတော့ မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာတော့ Sex Toyတွေ အသုံးပြုခြင်းက လိင်မှုဘဝကို ဘယ်လိုသက်ရောက်စေလဲ၊ ကောင်းသော ပြောင်းလဲခြင်းလား ဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။ Sex Toy အသုံးပြုရခြင်းရဲ့ ကောင်းကျိုး ခုပြောပြပေးမယ့် အချက်တွေက Sex Toyအသုံးပြုသူ စုံတွဲများကို စစ်တမ်းကောက်ယူပြီး ထွက်လာတဲ့ ရလဒ်တွေနဲ့ သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုများကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ ၁။ လိင်ဆန္ဒအထွတ်အထိပ် ရောက်တာမြန်စေတယ်။ ယောက်ျားလေးတွေအတွက် ဒါက ပြဿနာတစ်ခုမဟုတ်ပေမယ့် မိန်းကလေးတော်တော်များများ လိင်ဆန္ဒအထွတ်အထိပ် (Orgasm) ရဖို့ ကြန့်ကြာတတ်တာမျိုး ရှိပါတယ်။ အကြောင်းရင်းက Clitoris […]


သားဆက်ခြားခြင်း

ကိုယ်တိုင်ထိုးလို့ရတဲ့ သန္ဓေတားဆေးရှိတယ်လား

သန္ဓေတား နည်းလမ်းတွေထဲမှာ သောက်ဆေး၊ ထိုးဆေး၊ သားအိမ်ထဲ ပစ္စည်းထည့်တာ၊ လက်မောင်းအောက် ပစ္စည်းထည့်တာ စသဖြင့် အမျိုးစုံရှိပေမယ့် ကိုယ့်ဟာကိုယ် လုပ်နိုင်တာဆိုရင် သောက်ဆေး သောက်တာတစ်မျိုးပဲ ရှိပါတယ်။ ကျန်တာတွေက ဆရာဝန် ဒါမှမဟုတ် ကျန်းမာရေး ဝန်ထမ်းရဲ့ အကူအညီရဲ့ လုပ်ရတာတွေပါပဲ။ ခုဆိုရင်တော့ နောက်ထပ် ကိုယ့်ဟာကိုယ် လုပ်လို့ရပြီး အလွယ်တကူသန္ဓေတားနိုင်တဲ့ နည်းလမ်းတစ်ခုပေါ်လာပါပြီ။ ဒါကို DMPA-SC လို့ ခေါ်ပါတယ်။ DMPA-SC ဆိုတာ DMPA-SCဆိုတာ depot medroxyprogesterone acetate - subcutaneous injectionပါ။ ပရိုဂျက်စတုန်း တစ်မျိုးတည်းပါတဲ့ တားဆေးပါ။ အများသိထားကြတဲ့ သုံးလခံထိုးဆေး depoနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဆေးပမာဏရယ်၊ ထိုးရတဲ့ နည်းလမ်းရယ်ပဲ ကွာတာပါ။ DMPA-SC ဆိုတာ မြင်အောင် ပြောရရင် ဆေးအရည်အိတ် သေးသေးလေး […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မဆက်ဆံပဲ အချိန်အကြာကြီး နေမိမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ

အချိန်အကြာကြီး လိင်မဆက်ဆံပဲနေမယ်ဆိုရင် ခန္ဓာကိုယ်ကြီးမှာ ဘာတွေဖြစ်လာမလဲ။ ကောင်းတာတွေလား ဆိုးတာတွေလား။ လိင်ဆက်ဆံခြင်းဟာ မျိုးဆက်ပွားများနိုင်ဖို့ ကိစ္စကို အသာဖယ်ထားမယ်ဆိုရင် စိတ်ကိုပျော်ရွှင်စေပြီး ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ ကိစ္စတစ်ခုပါ။ လူတိုင်းမှာ လိင်စိတ်ခံစားချက်၊ စိတ်ဆန္ဒရှိနိုင်ပေမယ့် လိင်ဆက်ဆံဖို့ အခွင့်အရေးကတော့ ဆတူညီတူရကြမှာမဟုတ်ပါဘူး။ အမျိုးသမီးတွေဟာ များသောအားဖြင့် လိင်ဆက်ဆံခြင်းကို ပွင့်လင်းစွာလက်ခံလိုက်ဖို့ ခက်ခဲတတ်ကြပါတယ်။ တချို့က မဆက်ဆံချင်လို့ ငြင်းပယ်ကြတာဖြစ်နိုင်သလို၊ တချို့ကတော့ အခွင့်အလမ်းမသာလို့ ဆက်ဆံခွင့်မရကြတာမျိုးဖြစ်နိုင်ပါတယ်။ ဘာသာရေး၊ လူမှုရေးနဲ့ တခြားအကြောင်းအမျိုးမျိုးကြောင့် တစ်သက်တာလုံး မေထုံအမှုကို ရှောင်ကျဉ်ကြသူတွေလည်း ရှိကြပါတယ်။ ဒါတောင်မှ ဒီနေ့ခေတ်ဟာ ယခင်ခေတ်ကာလတွေထက်ပိုပြီး ပွင့်လင်းမြင်သာလာတာမို့ လိင်မှုကိစ္စအပေါ် အတင်းအကျပ်ထိမ်းချုပ်မှုတွေ ယခင်ကထက်တော့ နည်းပါးလာနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ အမျိုးသမီးတစ်ယောက် အချိန်အကြာကြီး လိင်မဆက်ဆံပဲ နေထိုင်နေမိမယ်ဆိုရင် ခန္ဓာကိုယ်မှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ၊ လက္ခဏာတွေပြသလာတတ်တယ်ဆိုတာကိုတော့ သိနားလည်ထားဖို့ လိုမှာပါ။ အထူးသဖြင့်တော့ ခုလို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အမျိုးသမီးတွေသိထားသင့်တဲ့ ကန့်လန့်ကာနောက်က သုက်ရည်အကြောင်း

သုက်ပိုးလို့ ပြောလိုက်ရင် အမျိုးသမီး တော်တော်များများက တွန့်ဆုတ်သွားလိမ့်မယ်ဆိုတာ သေချာပါတယ်။ အိပ်ရာပေါ်မှာတောင် မပြောဖြစ်တဲ့အကြောင်းအရာ တစ်ခုပေါ့။ တကယ်တော့ သက်ပိုးဟာ သုက်ရည် အတွင်းမှာ ပါဝင်နေတဲ့ သက်ရှိတစ်မျိုးပါ။ ဘယ်လို အခြေအနေမှာမဆို အမျိုးသမီးတွေရော အမျိုးသားတွေပါ သုက်ရည်နဲ့ သုက်ပိုးကောင်တွေအကြောင်းကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ပဋိသန္ဓေတည်ခြင်းရဲ့ နောက်ကွယ်က အဓိကလက်သည်ဖြစ်တာကြောင့်ပါပဲ။ ဒါကြောင့် သုက်ပိုးနဲ့ သုက်ရည်အကြောင်းကို ဂဃနဏနားလည်ထားမယ်ဆိုရင် မျိုးဆက်ပွားကျန်းမာရေး၊ ပဋိသန္ဓေတားခြင်းနဲ့ လိင်မှုကိစ္စတွေမှာ အကျိုးဖြစ်ထွန်းစေနိုင်တာမို့ သိသင့်သိထိုက်တာလေးတွေကို ရှင်းပြပေးသွားမှာပါ။ သုက်ရည်ကို ဘယ်လို ဖွဲ့စည်းထားသလဲ အမျိုးသား လိင်အင်္ဂါကနေထွက်ရှိလာတဲ့ သုက်ရည် (Semen) မှာ သုက်ပိုးကောင် (Sperm) နဲ့ အရည် (Seminal Plasma) တို့ ပါဝင်ပါတယ်။ သုက်ရည်မှာ ပါဝင်တဲ့ သုက်ပိုးကောင်တွေဟာ မျိုးပွားစနစ်အတွက် မရှိမဖြစ်အရေးပါပြီး ပဋိသန္ဓေတည်ခြင်း ဖြစ်စေတဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အသက် ၄၅ နှစ်အထက်တွေမှာ လိင်ကူးစက်ရောဂါတွေ ဖြစ်နိုင်ခြေပိုများ

လူရယ်လိုဖြစ်လာရင် ဘယ်အသက်အရွယ် အပိုင်းအခြားမှာမဆို လိင်မှုကိစ္စတွေနဲ့ ကင်းကွာဖို့ဆိုတာ မဖြစ်နိုင်တဲ့အခြေအနေပါ။ လိင်ကိစ္စဟာ လူ့သက်တမ်းတစ်လျှောက်လုံးမှာ အချိန်တော်တော်များများ ပါဝင်ပတ်သက်နေတဲ့ ကိစ္စတစ်ခုလို့တောင်ဆိုနိုင်ပါတယ်။ ဒီလိုပါဝင်ပတ်သက်နေရတဲ့အကြောင်းအရင်းတွေထဲမှာ လိင်ဆက်ဆံခြင်းတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ ရောဂါကူးစက်ခံရမှုအခြေအနေတစ်ခုခုကြောင့်လည်းဖြစ်နေတတ်ပါတယ်။ ဒါကိုတော့ လိင်မှတဆင့် ရောဂါပိုးကူးစက်ခြင်း (Sexually-transmitted Infections - STIs) ဒါမှမဟုတ် လိင်မှတင်ဆင့်ကူးစက်တတ်သောရောဂါတွေ (Sexually-transmitted Diseases – STDs) လို့ ခေါ်ပါတယ်။ လူတိုင်းဟာ လိင်မှုကိစ္စအကြောင်းကို သိနားလည်ထားဖို့ လိုအပ်သလို ဒီရောဂါတွေအကြောင်းကိုလည်း မဖြစ်မနေ သိနားလည်ထားဖို့ လိုအပ်ပါတယ်။ အကြောင်းကတော့ STDs ရောဂါတွေဟာ လူတွေနဲ့ အရမ်းနီးစပ်တဲ့ ရောဂါတွေဖြစ်ကြပြီး ကူးစက်နိုင်ခြေလည်း မြင့်မားလွန်းတဲ့ ရောဂါတွေဖြစ်နေတာကြောင့်ပါပဲ။ STDs ဆိုတာက လိင်ဆက်ဆံခြင်းကနေတဆင့် အများဆုံးကူးစက်နိုင်တဲ့ ကူးစက်ရောဂါအမျိုးအစားတွေကို ဆိုလိုတာပါ။ STDs အမျိုးအစား ၂၀ ကျော်ရှိပြီးတော့ အဖြစ်များတာတွေကတော့ […]


သားဆက်ခြားခြင်း

သဘာဝအလျောက် သန္ဓေတားနည်းလမ်းများ

အမျိုးသမီးတို့အနေနဲ့ သန္ဓေတားရာမှာ ဆေးကတ်တွေသောက်ခြင်း၊ သုံးလထိုးဆေး ထိုးခြင်း၊ သားအိမ်အတွင်းသန္ဓေတားပစ္စည်းထည့်ခြင်း၊ လက်မောင်းတွင်းပစ္စည်းထည့်ခြင်း နဲ့ သားကြောဖြတ်ခြင်းစတဲ့ နည်းလမ်းတွေကို အသုံးပြုကြပါတယ်။ မိမိနဲ့ကိုက်ညီမယ့် သားဆက်ခြားနည်းလမ်းကို တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ကာ ရွေးချယ်သုံးကြပါတယ်။ အထက်ပါနည်းလမ်းတွေ အပြင်လူသိနည်းပြီး ဆေးဝါးအကူအညီမပါဝင်တဲ့ သဘာဝ သန္ဓေတားနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပထမဦးစွာ ဥကြွေချိန်နဲ့ ပတ်သက်တဲ့ ရက်ရှောင်နည်းလမ်းတွေကို‌ ဖော်ပြပေးပါမယ်။ အမျိုးသမီးတွေဟာ ရာသီသွေးမပေါ်ခင် (၇) ရက်နဲ့ ရာသီစလာချိန် ကစလို့ (၇) ရက်မှာ သန္ဓေမအောင်နိုင်ဘူးလို့ ယေဘုယျ သတ်မှတ်ပါတယ်။ ၁။ ရက်ရှောင်နည်းများ (၁) စံရက်စွဲတွက်ချက်နည်းလမ်း ရာသီစက်ဝန်း တစ်ခုနဲ့တစ်ခုကြားမှာ ရက်ပေါင်း ၂၆ ရက် ကနေ ၃၂ ရက်အထိ ရှိတတ်တဲ့ အမျိုးသမီးတွေ ဒီနည်းလမ်းကို သုံးနိုင်ပါတယ်။ ရာသီသွေးပေါ်ချိန် တစ်ခုနဲ့တစ်ခု ကြားအချိန်ဟာ  ၂၆ ရက်ထက်တိုခြင်း ဒါမှမဟုတ် ၃၂ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း