ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဘယ်အသက်အရွယ်အထိ လိင်ဆက်ဆံမှာလဲ

ဘယ်အသက်အရွယ်အထိ လိင်ဆက်ဆံမယ်လို့ တွေးဖူးသလား။ ဘယ်အချိန်ဆိုရင် ရပ်လိုက်မယ်၊ ဘယ်အရွယ်အထိ ဆက်ပြီး လိင်ဆက်ဆံနေဦးမယ်ဆိုတာမျိုးပေါ့။ “အသက်ကြီးမှ နှာဘူးထနေပြန်ပြီ” လို့ ဘယ်သူမှ အပြောအဆို မခံချင်ကြသလို၊ အသက်ကြီးရင့်လာချိန်မှာ လိင်စိတ်ရှိနေသေးတာကို အပြစ်တစ်ခုလို ခံယူလာတတ်ကြတာကလည်း လူ့ သဘာဝပါပဲ။ သိပ္ပံနည်းကျ လေ့လာချက်တွေအရဆိုရင် ဘယ်အရွယ်အထိပဲ လိင်ဆက်ဆံရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးမရှိထားပါဘူး။ ဒါပေမယ့် ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကတော့ ကန့်သတ်မှုတွေ ပြုလုပ်ထားပါတယ်။ လိင်မှုကိစ္စဆိုတာ ငယ်ရွယ်တက်ကြွမှုတွေ၊ ခွန်အားပြည့်ဝမှုတွေ အိမ်ထောင်သားမွေးအမှုကိစ္စတွေနဲ့ ဆက်စပ်နေတဲ့ ကိစ္စတစ်ခုလို့ တံဆိပ်ကပ်ခြင်းခံထားရတယ်မဟုတ်လား။ အသက်ကြီးလာရင် လိင်စိတ်ကုန်ခမ်းသွားလိမ့်မယ်လို့ လူတိုင်းက လွယ်လွယ်တွေးထားကြတယ်။ တကယ်ဟုတ်ပါ့မလား … အသက်ကြီးရင် လိင်စိတ်ကုန်သွားတတ်သလား အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် အသက်အရွယ်ကြီးရင့်လာချိန်မှာ လိင်မှုကိစ္စအတွက် ဆန္ဒအာသီသ နည်းလာတတ်တာ သဘာဝပါပဲ။ ဒါပေမယ့် နည်းပါးသွားတာဟာ ပျောက်ဆုံးသွားတာမဟုတ်ကြောင်း နားလည်ထားဖို့တော့ လိုအပ်ပါတယ်။ Kinsey Institute က ပါမောက္ခ စတက်ဖနီ […]


သားဆက်ခြားခြင်း

အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဘာအကြောင်းကြောင့်မှ အနှောင့်နှေးမခံပါနဲ့

မမျှော်လင့်ထားဘဲ အိမ်ထောင်ကျသွားတယ်၊ ကလေးရသွားတယ်၊ ဘာမှ ပြင်ဆင်မှု မရှိချိန်မှာ ဒီလိုတွေ ဖြစ်လာတော့ စီစဉ်ထားတဲ့ Life Goal တွေ၊ Career Goal တွေ အကုန်လုံး သဲထဲရေသွန်… ခဏလေးပါ။ ပြောပြချင်လို့။ အိမ်‌ထောင်ပြုပြီးသွားတာနဲ့ ဘဝကြီးက တက်လမ်းတွေ မရှိတော့တဲ့ခေတ်က ကုန်ခဲ့တာ ကြာပါပြီ။ ကလေးတစ်ယောက် ရတာနဲ့ စီးပွားရေးနဲ့ မိသားစုရေးကြားထဲမှာ လှောင်ပိတ်နေရတယ်ဆိုတာ Family Planning ကို သေချာ မသုံးဖြစ်ခဲ့လို့ပါ။ အိမ်ထောင်မပြုရသေးတဲ့သူတွေ ဆိုရင် အိမ်ထောင်ကို ဘယ်အချိန်မှာ ပြုမယ်၊ အိမ်ထောင်ကျပြီးသူတွေဆိုရင်လည်း အိမ်ထောင်မပြုခင်ကတည်းက ကိုယ်က ဘယ်အချိန်မှာ ကလေးယူမယ်၊ ကလေးကို ဘယ်နှယောက်ယူမယ် ဆိုတာတွေ အားလုံးကို ကြိုတင်တွေးထားနိုင်မှ တန်ကာကျတဲ့ ခေတ်ကြီးပါ။ အမှတ်တမဲ့ နေရင်း ကလေးရလို့ ယူလိုက်ရတယ်၊ ဘာမှ စီစဉ်ထားတာ […]


သားဆက်ခြားခြင်း

တားဆေး ရပ်လိုက်ရင် ဒီ ၇ ချက်ကြုံရနိုင်တယ်နော်

ကိုယ်ဝန်ရချင်လို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းတစ်ခုခုရှိလို့ပဲဖြစ်ဖြစ် နေ့စဉ်သောက် တားဆေး ကို ရပ်လိုက်တဲ့အခါ ကြုံရနိုင်တဲ့အခြေအနေတွေကို ပြောပြပေးသွားပါ့မယ်။ တားဆေး ရပ်လိုက်ရင် ဒီ ၇ ချက်ကြုံရနိုင်တယ်နော် နေ့စဉ်သောက် တားဆေးတွေက ဟော်မုန်းတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ ပျိုမေတို့ အတော်များများ သိပြီး ဖြစ်မှာပါ။ ခန္ဓာကိုယ်ရဲ့ ပုံမှန် ဖြစ်စဉ်တွေ အားလုံးနီးပါး အပေါ်ကို ဟော်မုန်းဓာတ်တွေ သက်ရောက်မှု ရှိတာကြောင့် ဟော်မုန်းပါတဲ့ တားဆေးတွေ ရပ်လိုက်တဲ့အချိန်မှာလည်း ကိုယ်တွင်းပြောင်းလဲမှုတွေ ဖြစ်လာမှာ သေချာပါတယ်။ နေ့စဉ်သောက် တားဆေး သောက်သုံးမှုကို ရပ်လိုက်ရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတော့ တားဆေး ရပ်လိုက်ရင် ဒီ ၇ ချက်ကြုံရနိုင်တယ်နော်။ ၁ - ကိုယ်ဝန်ရသွားနိုင်ပါတယ် နောက်နေတာ မဟုတ်ပါဘူး။ တကယ်ဖြစ်ပါတယ်။ တားဆေး ဆက်မသောက်တော့တာနဲ့ ရက်ပိုင်းအတွင်းမှာပဲ ဟော်မုန်းတွေကို ခန္ဓာကိုယ်ထဲကစွန့်ထုတ်လိုက်ပြီး သားဥပြန်ကြွေနိုင်ပါတယ်။ သားဥကြွေပြီဆိုတာနဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

စိတ်ချရတယ်ဆိုပြီး မီးနီဖြတ် မလို့လား။ ခဏလေး နေပါဦး

ရာသီလာနေတုန်း လိင်ဆက်ဆံရင် ကိုယ်ဝန်မရဘူးတဲ့။ ကျိန်းသေပြီလား။ ဒီစကားကို ယုံစားမိလို့ ဒုက္ခရောက်ခဲ့ကြသူတွေ ရေတွက်လို့မှ မကုန်နိုင်။ ဘာကြောင့်လဲဆိုတော့ မီးနီဖြတ် ရင် ကိုယ်ဝန်ရနိုင်ခြေ နည်းတယ်ဆိုပေမဲ့ လုံးဝမရနိုင်တာမျိုးတော့ မဟုတ်ဘူးလေ။ ဒါဖြင့် မီးနီဖြတ်လိုက်ရင် ကိုယ်ဝန်ရနိုင်ခြေ ဘယ်လောက်များသတဲ့လဲ။ စိတ်ချရတယ်ဆိုပြီး မီးနီဖြတ် မလို့လား။ ယေဘုယျအားဖြင့် အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ဝန်ရနိုင်ခြေဟာ မမျိုးဥကြွေချိန် စက်ဝန်းပေါ်မူတည်ပါတယ်။ များသောအားဖြင့် အမျိုးသမီးတွေရဲ့ ဓမ္မတာစက်ဝန်းဟာ ၂၉ရက် ရှိတတ်ပြီး ရက် ၂၀ ကနေ ၃၅ ထိလည်း ရှိတတ်ပါတယ်။ ဒီထက်ကြာတာတောင် ရှိပါသေးတယ်။ ယေဘုယျအားဖြင့်တော့ နောက်ရာသီလာမယ့်ရက်မတိုင်ခင် ၁၄ရက်အလိုမှာ မမျိုးဥကြွေတတ်ပါတယ်။ကျန်းမာသန်စွမ်းတဲ့ သုက်ပိုးဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ၇၂ နာရီ နေနိုင်တာမို့ ဒီသုက်ပိုးဟာ မမျိုးဥကြွေတာနဲ့ တွေ့သွားလိုက်မယ်ဆိုရင် ကိုယ်ဝန်ရဖို့ ရာနှုန်းတစ်ခု ရှိသွားပါပြီ။ နောက်တစ်ခါ တချို့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ခံတွင်းအကာ (Dental Dam) အကြောင်း သိသင့်သမျှ

Oral Sex ကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ခံတွင်းအကာ (Dental Dam)နဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။ ခံတွင်းအကာ (Dental Dam) ဆိုတာဘာလဲ ခံတွင်းအကာ (Dental Dam) ဆိုတာ ပျော့ပျောင်းပြီး ကျုံ့နိုင်ဆန့်နိုင်တဲ့ အလွှာပါးအချပ်လေးတွေဖြစ်ပါတယ်။ ကြက်ပေါင်စေးကနေ လုပ်တာရှိသလို polyurethane ကနေ လုပ်တာလည်းရှိပါတယ်။ အစကတော့ သွားကုသမှုလုပ်တဲ့အချိန်မှာ သွားနဲ့ခံတွင်းကြားကို ခြားပေးထားဖို့အသုံးပြုခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ Oral sex လုပ်တဲ့အချိန်မှာပါ လိင်ကနေတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို ကာကွယ်ဖို့ပါအသုံးပြုလာကြ တာပဲဖြစ်ပါတယ်။ ခံတွင်းအကာ (Dental Dam) တွေက ဘာတွေကိုကာကွယ်ပေးသလဲ ကွန်ဒုံးလိုပဲ ခံတွင်းအကာ (Dental Dam)တွေကလည်းရောဂါကူးစက်မှုကို လျှော့ချပေးပေမဲ့ လူအတော်များများက ခံတွင်းအကာ (Dental Dam) ကို သုံးဖို့နေနေသာသာ ကြားဖူးတဲ့သူတောင် ခပ်ရှားရှားပါ။ ဘာ့ကြောင့်လဲဆိုတော့ လိင်ကနေတစ်ဆင့်ရောဂါကူးစက်မှုကိုကာကွယ်ဖို့နည်းလမ်းအတော်များများက penetrative […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ငယ်ရွယ်စဉ် အပြာရုပ်ရှင်ကြည့်မိတဲ့ ကလေးများရဲ့ အနာဂတ်

အရွယ်ရောက်ပြီးတဲ့သူတိုင်း ကျား၊ မ မရွေး အပြာရုပ်ရှင် ကြည့်တတ်တဲ့ အလေ့အကျင့် ရှိတတ်ကြပါတယ်။ ပုံမှန်အားဖြင့်တော့ အပြာရုပ်ရှင်ဟာ လိင်စိတ် အာသာဖြေရုံသက်သက် ရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် အရွယ်ရောက်ပြီးသားသူတွေ ကြည့်လို့ သိပ်ပြဿနာမရှိနိုင်ဘူးဆိုပေမဲ့ အသက် အရမ်းငယ်သေးတဲ့ ကလေးတွေ မတော်တဆ ကြည့်မိလိုက်တဲ့အခါ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အရင်တုန်းကဆိုရင် အပြာရုပ်ရှင်ကို ခွေချပ်တွေနဲ့ အိမ်မှာ သိမ်းထားတတ်ကြတယ်။ အဲဒီအခါ ကလေးတွေက ကာတွန်းကားအဖြစ်နဲ့ မှားပြီး ကြည့်တတ်တာမျိုးတွေ ရှိပါတယ်။ ယခုခေတ် စမတ်ဖုန်းတွေ တွင်တွင်ကျယ်ကျယ် သုံးလာတဲ့အခါ ဖုန်းတိုင်းလိုလိုမှာ အပြာရုပ်ရှင်တွေကို သိမ်းထားတတ်ကြတယ်။ ကလေးတွေက လူကြီးတွေရဲ့ဖုန်းကို ဂိမ်းဆော့ဖို့အတွက် ဖွင့်ကြည့်ရင်းကနေ မြင်သွားတတ်တာမျိုးတွေလည်း တွေ့ရတယ်။ ဖြစ်နိုင်ခြေက အစုံပဲပေါ့။ ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အပြာရုပ်ရှင် ကြည့်မိရင် ဘာတွေ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စမှာ စိတ်ကျေနပ်အားရမှုမရှိရင် လေ့ကျင့်ခန်းများများလုပ်ကြည့်ပါ

လေ့ကျင့်ခန်းသည် ခန္ဓာကိုယ် အလှအပနဲ့ ကျန်းမာရေးအတွက်သာမက လိင်မှုကိစ္စ သာယာရေးအတွက်ပါ အကျိုးထူးများစွာ ပေးနိုင်တယ်ဆိုရင် မယုံမရှိလိုက်ပါနဲ့။ လေ့ကျင့်ခန်းကို ပုံမှန်လိုက်စားသူတွေ အများစုဟာ စိတ်နဲ့ ခန္ဓာ ကျန်းမာပျော်ရွှင်တဲ့အပြင် တခြားသူတွေထက်လည်း လိင်မှုကိစ္စမှာ စိတ်ကျေနပ်အားရမှု ရတယ်လို့ စစ်တမ်းကောက်ယူချက်များအရ တွေ့ရပါတယ်။ လိင်စိတ်လုံးဝ မရှိသူ (Asexual) တွေကလွဲလို့ ကျန်တဲ့လူသား အားလုံးရဲ့ တစ်နေ့တာမှာ အိပ်၊ စား၊ ကာမ သုံးမျိုးလုံး စိတ်တိုင်းကျပါမှ နေ့ရက်တိုင်းနဲ့ မနက်ဖြန်တိုင်းကို အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်မှာပါ။ ဘာကြောင့် လေ့ကျင့်ခန်းလုပ်ခြင်းဟာ လိင်မှုကိစ္စအပေါ် အကျိုးသက်ရောက်မှု ဖြစ်စေတာလဲ။ ၁။ လိင်ဟော်မုန်း ထုတ်လုပ်နှုန်းကို မြင့်တက်စေခြင်း လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဟာ ကျွန်တော်တို့ လူခန္ဓာကိုယ်တွင်းမှာ ဟော်မုန်းတွေ ပုံမှန်ထုတ်လုပ်ပေးနှုန်းကို မြန်စေပါတယ်။ ဒီဟော်မုန်းတွေထဲမှာ လိင်စိတ်ဆန္ဒကို မြင့်တက်စေတဲ့ ဟော်မုန်းတွေ ဖြစ်တဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကပ်ဘေးကာလ စိုးရိမ်မှုတွေကြောင့် လိင်စိတ်ပျောက်ဆုံးသွားခြင်း

လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် စိုးရိမ်စိတ်တွေ၊ စိတ်ဖိစီးမှုတွေက တကယ့် အကြီးမားဆုံး ရန်သူတွေပါပဲ။ စိတ်ညစ်နေတဲ့အချိန်ဆိုရင် လူတိုင်းက ဘာမှ လုပ်ချင်ကိုင်ချင်စိတ်တွေ မရှိတော့ဘဲ၊ အိပ်ရာထဲမှာပဲ ခွေခွေလေးနေပြီး ဘဝကြီးကို စိတ်ကုန်နေတတ်တာ သဘာဝပါ။ အထူးသဖြင့် ခုလိုမျိုး ကပ်ဘေးကာလမှာ လူတိုင်းက ရောဂါပိုးကူးစက်ခံရမှာ ကြောက်တဲ့စိတ်တွေ၊ မိသားစုအတွက် ပူပန်ရတဲ့ စိုးရိမ်စိတ်တွေ၊ အလုပ်အကိုင်ပျက်၊ ဝင်ငွေမရှိတော့လို့ ညစ်နေတဲ့ စိတ်တွေဟာ လိင်ဆက်ဆံဖို့ စိတ်ပျောက်ဆုံးသွားလောက်တဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ လိင်စိတ် ပျောက်ဆုံးသွားတာမျိုးပေါ့။ ကပ်ဘေးကာလ စိုးရိမ်မှုတွေကြောင့် လိင်စိတ်ပျောက်ဆုံးသွားခြင်း တစ်ကိုယ်တည်းနေပြီး ချစ်သူရည်းစား၊ အိမ်ထောင်ဖက် မရှိတဲ့ ယောက်ျားလေး အများစုကတော့ ဒါကို လက်ခံချင်မှ လက်ခံပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေရဲ့ သဘာဝက လုပ်စရာမရှိ၊ ကိုယ့်အခန်းထဲမှာပဲ တစ်ယောက်တည်း ဖြစ်နေတဲ့အချိန် လိင်စိတ်ပိုထန်တတ်တာ သဘာဝပဲကိုး။ လူငယ်တွေ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

တစ်ကိုယ်ရည် အာသာဖြေရင် ဝိတ်ကျနိုင်သလား

တစ်ကိုယ်ရည် အာသာဖြေတယ် (Masturbation) ဆိုတာဟာ အမျိုးသားတွေရော အမျိုးသမီးတွေပါ တစ်ကိုယ်တည်းရှိနေပြီး လိင်စိတ်ဆန္ဒ ရှိနေချိန်မျိုးမှာ ပြုမူတတ်ကြတဲ့ လိင်အပြုမူတစ်မျိုးပါ။ လူတိုင်းနီးပါး အာသာဖြေခြင်းကို အသက်အရွယ်တစ်ခု ရောက်ရင်လုပ်တတ်ကြပါတယ်။ အာသာဖြေတာနဲ့ ပတ်သက်ပြီး အယူအဆ အမှား၊ အမှန်တွေ အမျိုးမျိုးရှိကြပေမယ့် တကယ့်အဖြစ်မှန်ကတော့ တစ်ကိုယ်ရည် အာသာဖြေတယ်ဆိုတာဟာ လူ့ဖြစ်စဉ်တစ်ခုထဲက ပုံမှန်ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။ လိင်ကျန်းမာရေးဆိုင်ရာ အသိပညာနည်းပါးတဲ့ မြန်မာပြည်မှာတော့ တစ်ကိုယ်ရည် အာသာဖြေတာကို အပြစ်ကြီးတစ်ခုလို ရှုမြင်တတ်တဲ့ အယူအဆမျိုးရှိကြသလို မကောင်းတဲ့ ကိစ္စတစ်ခုကျူးလွန်သလို ရှုမြင်ကတာမျိုးလည်း ရှိနေကြဆဲပါတယ်။ ဒါပေမယ့် အာသာဖြေတာကို ရှောင်လွှဲပြီးနေထိုင်ကြတဲ့လူတွေရယ်လို့ မရှိသလောက်ပါပဲ။ အထူးသဖြင့် အမျိုးသားတွေမှာပေါ့။ Masturbation လုပ်တာနဲ့ ပတ်သက်တဲ့ ထင်မြင်ချက်တွေ၊ အယူအဆတွေထဲမှာ အာသာဖြေတာက ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်တယ်ဆိုတဲ့ အယူအဆလည်း ရှိနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သုံးသပ်ချက်အမျိုးမျိုးရှိထားပေမယ့် ဆေးသိပ္ပံနည်းနည်းနဲ့ […]


သားဆက်ခြားခြင်း

အမျိုးသမီးများ သားကြောဖြတ် ခြင်း

သားကြောဖြတ် တယ်ဆိုတာ သားဆက်ခြားနည်းတွေထဲက တစ်ခုပါ။ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးက ကိုယ်ဝန်ထပ်ဆောင်ဖို့ အဆင်မပြေတော့ရင် ဒါမှမဟုတ် ဇနီးမောင်နှံက ဆန္ဒလည်းရှိတယ်၊ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် သားကြောဖြတ်လို့ရပါတယ်။ သားကြောဖြတ်တာက သားဆက်ခြားနည်းတွေထဲမှာ အလုပ်အရှုပ်ဆုံးလို့ ပြောလို့ရပါတယ်။ ကိုယ်က သားကြောဖြတ်ချင်ပေမယ့် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရပါတယ်။ ကိုက်ညီတာတောင်မှ သက်ဆိုင်ရာ ဘုတ်အဖွဲ့ရဲ့ ခွင့်ပြုချက်လိုပါတယ်။  သားကြောဖြတ်တာရဲ့ လုပ်ငန်းစဉ်က သာမန်လူတွေနဲ့ သိပ်မရင်းနှီးပါဘူး။ ဒါကြောင့် ဗဟုသုတအနေနဲ့ ကျန်းမာရေးနဲ့ ဝန်ကြီးဌာနက ၂၀၁၉က ထုတ်ပြန်ထားတဲ့ သားကြောဖြတ်လုပ်ငန်းစဉ်ကို ပြောပြပေးချင်ပါတယ်။ အမျိုးသမီး သားကြောဖြတ် ခြင်း ဆိုသည်မှာ  သားကြောဖြတ်တာက အမျိုးသမီးရဲ့ သားဥပြွန်နှစ်ဖက်ကို ဖြတ်တောက်တဲ့ အသေးစား ခွဲစိတ်မှုပဲ ဖြစ်ပါတယ်။ ထိရောက်ပြီး စိတ်ချရပါတယ်။ သားကြောဖြတ်တဲ့ အမျိုးသမီး ၂၀၀မှာ ၁ယောက်လောက်ပဲ ကိုယ်ဝန်ပြန်ရနိုင်ချေ ရှိပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း