အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ် လို့ ပြောလိုက်ရင် အသက်ရှူတာထက် ပိုပြီးဘာကိုမှ မတွေးကြပါဘူး။ အဆုတ်က အသက်ရှူရုံတင် အသုံးဝင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဆုတ်က တစ်နေ့တာမှာ အကြိမ်ရေ ၂၅၀၀၀ လောက် အသက်ရှူပါတယ်။ အသက်ရှူတာ တစ်ချက်တိုင်းမှာ အောက်ဆီဂျင်တွေကို ရယူပြီး အဆုတ်ထဲကနေ သွေးကြောတွေဆီ ပို့ဆောင်ပေးပါတယ်။ အသက်ရှင်သန်ဖို့အတွက် နှလုံးက အရေးကြီးသလို အဆုတ်ကလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံ နဲ့ ညစ်ညမ်းမှုတွေ ပိုများလာတဲ့ ပတ်ဝန်းကျင် အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါတယ်။ အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးသူတွေထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါတယ်။ အခုတစ်ခေါက်တော့ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းဆိုးနေပြီ ဘာကြောင့်လဲ

ဒီလို COVID-19 ရောဂါအန္တရာယ်ကို လူတိုင်း စိုးရိမ်နေရတဲ့ကာလမျိုးမှာ ချောင်းလေး တစ်ဟွတ်ဟွတ်များဆိုးလာရင် ဘာလို့ပါလိမ့်မယ်ဆိုပြီး တွေးရတောရပူကြရပါတယ်။ တကယ်တော့ ချောင်းဆိုးတာ အကြောင်းအမျိုးမျိုးရှိပါတယ်။ ချောင်းဆိုးနေပြီ ဘာကြောင့်လဲ။ ဘယ်လိုချောင်းဆိုးနေတာလဲဆိုတာကိုသိထားရင် တချို့ကိစ္စတွေအတွက် အလွန်အကျွံစိုးရိမ်နေစရာ မလိုတော့ဘူးပေါ့။ တကယ်တော့ ချောင်းဆိုးတယ်ဆိုတာက အမျိုးအစားအမျိုးမျိုးရှိပြီးတော့ ခုလိုချောင်းဆိုးစေရတဲ့ နောက်ကွယ်ကအကြောင်းတရားကလည်း အမျိုးမျိုးပါပဲ။ တချို့ချောင်းဆိုးဝေဒနာတွေဟာ မစိုးရိမ်ရပေမယ့် တချို့နောက်ကွယ်က အကြောင်းတရားတွေကတော့ စိုးရိမ်စရာတွေလို့ ဆိုရမှာပါ။ ဒါကြောင့် မိမိချောင်းဆိုးလာပြီဆိုရင် ဘယ်လိုဆိုးတာလဲဆိုတာကို အရင်လေ့လာပြီး ဘာကြောင့်ဆိုးတာဖြစ်နိုင်လဲဆိုတာကို သိနားလည်အောင်လုပ်နိုင်ဖို့လိုအပ်ပါတယ်။ ဒါမှ ကာကွယ်ကုသရာမှာလည်း တိတိကျကျကုသနိုင်မှာပေါ့။ ကဲ ကိုယ်ဘယ်လိုချောင်းဆိုးနေတာလဲဆိုတာကို လေ့လာကြည့်ရအောင်။ ချောင်းဆိုးနေပြီ ဘာကြောင့်လဲ ချောင်းခြောက်ဆိုးခြင်း ချောင်းခြောက်ဆိုးတာက အသက်ရှူလမ်းကြောင်းဆိုရင်ရာ ပြဿနာတွေကြောင့်ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ်လဲ တုပ်ကွေး၊ အအေးမိတာတွေကြောင့်ပေါ့။ ချောင်းခြောက်ဆိုးတဲ့အခါမှာ ချွဲလုံးဝမပါတာ ဒါမှမဟုတ် အနည်းငယ်သာပါတာမျိုးတွေဖြစ်တတ်ပါတယ်။ ချောင်းခြောက်ဆိုးတာဟာ ပြင်းထန်တဲ့ နာတာရှည်ရောဂါတစ်ချို့နဲ့လည်း ဆက်စပ်နေပါတယ်။ ဒါတွေကတော့ ရင်ကြပ်ဝေဒနာ၊ အစာအိမ်အက်ဆစ် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ်ထဲ ပိုက်ထည့်ထားရင် ဘာတွေ ဂရုစိုက်ရမလဲ။

ဆေးရုံတွေ သွားရင် ဘေးနံရိုးမှာ ပိုက်တန်းလန်းနဲ့ အောက်က ဘူးလေးနဲ့ ကိုင်ထားတဲ့သူတွေကို မြင်ဖူးကြမှာပါ။ ဒါက အဆုတ်ထဲကို ပိုက်ထည့်ထားတာပါ။ ရုတ်တရက်ကြည့်လိုက်ရင် အသည်းယားစရာကောင်းတယ်လို့ ထင်ပေမယ့် ဒါဟာလည်း ကုသနည်းတစ်ခုပါပဲ။ သူတို့တွေ ဘာကြောင့် ပိုက်တန်းလန်းနဲ့ နေရတာလဲ။ ပိုက်ထည့်ထားတဲ့ လူနာတွေကို ဘာဂရုစိုက်ပေးရမလဲဆိုတာ ဆက်ပြောပြပါမယ်။ အဆုတ်ထဲကို ဘာလို့ ပိုက်ထည့်ရတာလဲ။ အဆုတ်ထဲလို့ ပြောပေမယ့် တကယ်တော့ လူတွေ သိဖူး၊ မြင်ဖူးတဲ့ အဆုတ်ထဲကို ထည့်တာမဟုတ်ပါဘူး။ အဆုတ်ရဲ့ အပြင်ဘက်မှာ အမြှေးပါးလေး နှစ်ခုရှိပါတယ်။ အဆုတ်မှာ ဒဏ်ရာရလို့ ဖြစ်ဖြစ်၊ ရောဂါရလို့ဖြစ်ဖြစ် လေတွေ၊ သွေးတွေ၊ အရည်တွေက ဒီအမြှေးပါးလေး နှစ်လွှာ ကြားထဲကို ရောက်သွားပါတယ်။ ဒါတွေကို အပြင်ထုတ်ဖို့ ဒီအမြှေးပါး နှစ်လွှာကြားထဲကို ပိုက်ထည့်တာပါ။ ဒီလို မထည့်ရင် […]


အဆုတ်ပွရောဂါ

နမိုးနီးယားလို့ ခေါ်တဲ့ အဆုတ်ရောင်ရောဂါကို အမျိုးအစား ခွဲကြည့်ကြတဲ့အခါ

နမိုးနီးယား (Pneumonia) လို့ ခေါ်တဲ့ အဆုတ်ရောင်ရောဂါကို လူတိုင်း ကြားဖူးကြမယ်ထင်ပါတယ်။ အဆုတ်ကို ရောဂါပိုး ကူးစက်ခံရပြီး အအေးမိ၊ ကိုယ်လက်ကိုက်ခဲပြီး ဖျားနာတဲ့ ဝေဒနာတစ်မျိုးပေါ့။ ရာသီဥတုအပြောင်းအလဲကာလတွေမှာ အဖြစ်များပေမယ့် တကယ်တမ်းအားဖြင့်တော့ အဆုတ်ကို ပိုးဝင်ခြင်းတစ်မျိုးပါ။ အဆုတ် ဘယ်ခြမ်း (သို့) ညာခြမ်း (သို့) နှစ်ခုစလုံးကိုပိုးဝင်ပြီး ရုတ်တရတ်ပြင်းထန် ပိုးကူးစက်ခြင်းတစ်မျိုးလို့ သတ်မှတ်ထားကြပါတယ်။ နမိုးနီးယားဖြစ်စေတဲ့ ရောဂါပိုးတွေက အများကြီးရှိပါတယ်။ ဘက်တီးရီးယားတွေရော ဗိုင်းရပ်စ်တွေရောပါ။ အဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပြီးတော့ လူတိုင်းနီးပါး ဒီဝေဒနာကို ခံစားဖူးကြပါတယ်။ ကလေးတွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ အဆုတ်ပွ၊ ပန်းနာရင်ကျပ်စတဲ့ နာတာရှည်အဆုတ်ရောဂါတစ်မျိုးမျိုးရှိသူတွေမှာ ပိုအဖြစ်များပါတယ်။ နမိုးနီးယား ဘယ်နှစ်မျိုးရှိသလဲ အကြမ်းဖျဉ်းအားဖြင့် နမိုးနီးယားလို့ ခြုံငုံပြောဆိုနေပေမယ့် နမိုးနီးယားမှာ အမျိုးအစား အများအပြားရှိပါတယ်။ နမိုးနီးယားရောဂါကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားထားပါတယ်။ Infectious pneumonia - ဘက်တီးရီးယား၊ […]


ရာသီတုပ်ကွေး

အအေးမိတုပ်ကွေးနှင့် ဗီတာမင် စီ

ဖျားနာပြီ၊ နေမကောင်းဖြစ်ပြီ၊ အအေးမိလာပြီဆိုရင် လူတွေ အများစု လုပ်တတ်ကြတာက ဗီတာမင်စီ အားဆေးတွေ၊ ဖြည့်စွက်စာတွေကို အလွန်အကျွံသောက်တဲ့ ကိစ္စပါ။ ၁၉၇၀ ခုနှစ်ဝန်းကျင်မှာ အအေးမိတုပ်ကွေး ပျောက်ကင်းအောင် ကုသဖို့ ဗီတာမင် စီ အားဆေးတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။ ဒီဘက်ခေတ်မှာ သိပ္ပံပညာရှင်တွေ လေ့လာဆန်းစစ်ကြည့်တဲ့အခါ ဗီတာမင် စီဓာတ် ဟာ အအေးမိတုပ်ကွေးရောဂါကို ကာကွယ်ပေးရန်အတွက်ရော ကုသတဲ့ နေရာမှာပါ သိပ်ပြီးထိရောက်မှု မရှိနိုင်ဘူးဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဗီတာမင် စီ အကြောင်း တစ်စေ့တစ်စောင်း ဗီတာမင် စီ ဆိုတာ အလွယ်ပြောရမယ်ဆိုရင် သစ်သီးတွေမှာ တွေ့ရတဲ့ အချဉ်ဓာတ်အက်စစ်ပါပဲ။ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို ကောင်းမွန်စေပြီး ကျန်းမာစေတဲ့အပြင် သံဓာတ်ကို ကောင်းစွာစုပ်ယူပေးလို့ အရိုးနဲ့ ကြွက်သားကို ကြံ့ခိုင်သန်စွမ်းစေတယ်။ အသားအရေကိုလည်း လှပစေတယ်။ […]


ရာသီတုပ်ကွေး

မိသားစုဝင်အချင်းချင်း အဖျားမကူးစက် အောင် ဘယ်လိုကာကွယ်ကြမလဲ

ခုချိန်က မိုးကာလမို့ ဖျားတာ၊ နာတာ၊ တုပ်ကွေးမိ၊ အအေးပတ်တာမျိုးက မကြာခဏဖြစ်တတ်တဲ့ အချိန်ကာလပါ။ ပုံမှန်ဖျားတာနာတာမို့ ပျောက်သွားမှာပါလို့ အလွယ်တကူတွေးတတ်ကြပေမယ့် ခေတ်ကာလအခြေအနေကြောင့် သတိထားရဖို့ လိုနေတဲ့အချိန်မျိုးပါ။ ဒီတော့ ကိုယ့်မှာပဲဖြစ်ဖြစ်၊ မိသားစုဝင်တစ်စုံတစ်ယောက်မှာပဲဖြစ်ဖြစ် ဖျားတာနာတာဖြစ်လာပြီဆိုရင် တစ်ယောက်နေ တစ်မိသားစုလုံးကို အဖျားမကူးစက် စေဖို့ အထူးအရေးကြီးလာပါပြီ။ ဒီလိုဆိုရင် တစ်ယောက်ကနေ တစ်ယောက်ကို ရောဂါပိုးမကူးစက်လာအောင် ဘယ်လိုတားဆီးကြမလဲ။ အောက်ပါနည်းလမ်းလေးတွေကို လိုက်နာနိုင်ပါတယ်နော်။ မိသားစုအချင်းချင်း အဖျားမကူးစက် စေဖို့ လက်ဆေးပါ လက်ကို ပုံမှန်နဲ့ စနစ်တကျဆေးခြင်းဟာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေ ကူးစက်နိုင်ခြေနဲ့ ပြန့်နှံ့နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ CDC ရဲ့ အဆိုအရဆိုရင် လက်ဆေးတာဟာ ကာကွယ်ဆေးထိုးထားတာနဲ့ အတူတူပဲလို့ ဆိုပါတယ်။ သတိထားဖို့က ဆပ်ပြာနဲ့ ရေနဲ့ စက္ကန့် ၂၀ ကြာအောင် ဆေးဖို့ပါ။ စက္ကန့် ၂၀ […]


အအေးမိဖျားနာခြင်း

ကျွန်တော်တို့ သေချာမသိသေးတဲ့ ကိုယ်ခံအားစနစ်ရဲ့ အံ့အားသင့်စရာအချက်များ

ဘယ်အရာက ကျွန်တော်တို့ကို ကျန်းမာနေစေတာလဲလို့ မေးခွန်းတစ်ခုမေးလိုက်ရင် ထိပ်ဆုံးမှာရှိနေမှာက ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်ပါပဲ။ ဒီကိုယ်ခံအားစနစ်အကြောင်း သေချာသိရှိပြီး ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်သွားခြင်းက ကျွန်တော်တို့ကို ပိုကျန်းမာအသက်ရှည်စေမှာမို့ သေချာလေ့လာကြည့်ကြရအောင်။ ကိုယ်ခံအားစနစ်ဆိုတာ ဘာလဲ။ ကိုယ်ခံအားစနစ်ဆိုတာ လူ့ခန္ဓာကိုယ်ကို ရောဂါပိုးတွေ ရန်ကနေ ကာကွယ်ပေးဖို့ ထားရှိတဲ့ ခံစစ်တစ်ခုပါ။ အပြင်လေထုကနေ ဘက်တီးရီးယားပိုးတွေ၊ ကပ်ပါးပိုးကောင်တွေ၊ ဗိုင်းရပ်စ်တွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့အခါ ဖျားနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ကိုယ်တွင်းအင်္ဂါများကို တိုက်ခိုက်ခြင်း၊ ရောဂါဖြစ်ခြင်း၊ အသက်အန္တရာယ်ထိခိုက်စေခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကို ကာကွယ်ပေးဖို့အတွက် ကိုယ်ခံအားစနစ်က တာဝန်ယူပေးရပါတယ်။ ခန္ဓာကိုယ် နေရာအနှံ့မှာ ရှိတဲ့ ကိုယ်ခံအားစနစ်တွင်းက ဆဲလ်များ၊ တစ်ရှူးများဟာ ခန္ဓာကိုယ်ထဲကို ဝင်လာသမျှ ရောဂါပိုးတွေကို ခုခံပေးတယ်၊ ရောဂါပိုးတွေ ထပ်ပြီး ပွားများခြင်းမရှိအောင် မျိုးပွားစနစ်ကို ထိန်းချုပ်တယ်၊ ရောဂါပိုးတွေရဲ့ […]


တီဘီရောဂါ

တီဘီရောဂါ ခံစားနေရတယ်။ ဘာတွေ စားရမလဲ။

တီဘီဆိုတာက Mycobacterium tuberculosis လို့ ခေါ်တဲ့ ဘက်တီးရီးယား တစ်မျိုးကြောင့် ဖြစ်တဲ့ ရောဂါပါ။ လေထဲကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါဆိုရင်လည်း မမှားပါဘူး။ ရောဂါပိုးရှိသူက နှာချေတာ၊ ချောင်းဆိုးတာကနေတဆင့် လေထဲမှာ ရောဂါပိုးတွေ ရောက်ရှိသွားပြီး ကူးစက်နိုင်ပါတယ်။ တီဘီရောဂါက သေချာ ကုသမှုခံယူမယ်၊ အာဟာရ ပြည့်ဝအောင် စားမယ်ဆိုရင် ကုသပျောက်ကင်းတဲ့ ရောဂါတစ်ခုပါ။  တီဘီရောဂါ ခံစားနေရပြီလား တီဘီရောဂါ ကူးစက်ခံရတဲ့အခါ အကြောင်းအရင်း မရှိဘဲ ကိုယ်အလေးချိန် ကျလာမယ် အားနည်းမယ် ညဘက်မှာ ချွေးတွေ ထွက်မယ် အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်း ဖြစ်မယ် အစားအသောက်ပျက်မယ် ညနေတိုင်းမှာ အဖျားတက်မယ်စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ တီဘီရောဂါ ဖြစ်နေတဲ့သူ အာဟာရပြည့်စေဖို့ ဘာတွေစားရမလဲ တီဘီရောဂါဖြစ်တဲ့အခါ ပျောက်ကင်းကျန်းမာဖို့ဆိုရင် ဆေးကုသမှု သေချာ ခံယူဖို့ လိုသလို […]


ရာသီတုပ်ကွေး

တုပ်ကွေးကာကွယ်ဖို့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်စို့

မိုးလေးအေးပြီး တုပ်ကွေးဖြစ်လွယ် ဖျားနာလွယ်တဲ့ မုတ်သုံကာလကို ရောက်လာပြီနော်။ မုတ်သုံရောက်ပြီဆိုရင် အအေးမိ တုပ်ကွေး ဖြစ်နိုင်ခြေက အခြား ရာသီတွေထက် ပိုများနေပါတယ်။ ဒီကာလမှာ မဖြစ်မနေ တုပ်ကွေးဖြစ်မှာလားဆိုတော့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် ဂရုစိုက် စောင့်ရှောက်နိုင်လဲ ဆိုတာကလည်း လိုပါသေးတယ်။ ဒီတော့ တုပ်ကွေး အဖြစ်များတဲ့ မုတ်သုံမှာ တုပ်ကွေးကာကွယ်ဖို့ လိုက်နာသင့်တဲ့ အရာတစ်ခုအကြောင်း ပြောပြပေးပါရစေ။ တုပ်ကွေး မဖြစ်စေဖို့ လိုက်နာသင့်တဲ့ အရာတစ်ခု တုပ်ကွေးကလည်း အခြားရောဂါတွေလိုပါပဲ။ မဖြစ်ခင်က ကြိုတင် ကာကွယ်တာ အကောင်းဆုံးပါ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် တုပ်ကွေးရောဂါကနေ ကာကွယ်ဖို့ဆိုရင် မဖြစ်မနေ လိုက်နာဖို့ လိုမှာက တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ဖို့ပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်တာက တုပ်ကွေးကိုတင် မဟုတ်ဘဲ တခြားအသက်ရှူလမ်းကြောင်း ကူးစက်ရောဂါတွေကိုလည်း ကာကွယ်ရာ​ရောက်ပါတယ်။ ဒီတော့ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ်လေး တွေကို ကျန်းမာအောင်၊ သန့်စင်အောင် ကူညီကြမယ်

အားလုံးသိတဲ့အတိုင်း lungs လို့ခေါ်တဲ့ အဆုတ်လေး တွေဟာ အသက်ရှူလမ်းကြောင်းအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းလေးတွေ ဖြစ်ပါတယ်။ သူတို့ဟာ လူသားတွေ နေ့စဉ်ရှူလိုက်တဲ့ လေတွေ၊ ဖုန်တွေ နဲ့ မသန့်စင်တဲ့ အညစ်အကြေးတွေကအစ ခန္ဓာကိုယ်အတွက် မကောင်းဘဲ ရှုမိလိုက်တဲ့ ဆေးလိပ်ငွေ့၊ ဓာတ်ငွေ့တွေအဆုံး အားလုံးကို အတတ်နိုင်ဆုံးသန့်စင်ပေးတဲ့ တာဝန်ကိုလည်း ယူနေကြပါတယ်။ သူတို့ဟာ မကောင်းတဲ့ အငွေ့တွေကိုလည်း သန့်စင်ပေးတယ်ဆိုပေမယ့် ကြာလာတဲ့အခါမှာ ပင်ပန်းနွမ်းနယ်လာနိုင်ပြီး ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့အနေနဲ့လည်း အဆုတ်လေးတွေ အကောင်းဆုံးအလုပ်လုပ်နိုင်ဖို့၊ ရောဂါတွေ အလွယ်တကူဖြစ်မလာဖို့ သန့်စင်အောင်၊ ကျန်းမာအောင် ကူညီပေးဖို့လိုအပ်ပါတယ်။ အဲလို ကူညီနိုင်ဖို့ အတွက် လွယ်ကူတဲ့ နည်းလမ်းလေးတွေကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးသွားမှာပါ။ အဆုတ်လေး ကျန်းမာဖို့ ၁။ လေကောင်းလေသန့်ကို ရှူပါ။ သစ်ပင်တွေများပြီး လေကောင်းလေသန့်ရနိုင်မယ့် နေရာမျိုးက […]


အအေးမိဖျားနာခြင်း

အဖျား ပိုမဆိုးအောင် ဆင်ခြင်သင့်တဲ့ အချက်များ

အအေးမိ၊ တုပ်ကွေးရာသီ လို့တောင် ခေါ်ကြတဲ့ မိုးရာသီမှာ ကိုယ်ခံအားနည်းသူတွေ အဖို့ နှာစေး၊ ‌ချောင်းဆိုးနဲ့ မကင်းနိုင်ရှာပါဘူး။ ထစ်ခနဲဆို ဟက်ချိုး ပဲ။ အဲဒီမှာ ပြဿနာ စတော့တာ မဟုတ်လား။ အအေးမိ၊ တုပ်ကွေး ဗိုင်းရပ်စ်တွေ ရဲ့ လက္ခဏာ အတိမ်အနက်နဲ့ ဘယ်အချိန် သက်သာ ပျောက်ကင်းမလဲ ဆိုတာက ကာယကံရှင်ရဲ့ ကိုယ်ခံအားစနစ်မှာ အဓိက မူတည်နေတာပါ။ ဥပမာ တချို့ဆို ဖျားတဲ့အဆင့်ထိ မရောက်ဘဲ နှာစေးတဲ့ အဆင့် မှာတင် ပြန်သက်သာသွားတာမျိုး၊ တချို့ကျ နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ ကိုယ်ပူတာ အတော်ကြာကြာ ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် ရောဂါတွေကို ကာကွယ်နိုင်စွမ်း၊ ခုခံနိုင်စွမ်း သူများထက် ပိုကောင်းချင်တယ်ဆို ကိုယ်ခံအားစနစ် ကို အကောင်းဆုံး ဂရုစိုက်ပြုစုထားဖို့ အရေးကြီးပါတယ်။ ဘာတွေ ဆင်ခြင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း