brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

နမိုးနီးယားလို့ ခေါ်တဲ့ အဆုတ်ရောင်ရောဂါကို အမျိုးအစား ခွဲကြည့်ကြတဲ့အခါ

နမိုးနီးယား (Pneumonia) လို့ ခေါ်တဲ့ အဆုတ်ရောင်ရောဂါကို လူတိုင်း ကြားဖူးကြမယ်ထင်ပါတယ်။ အဆုတ်ကို ရောဂါပိုး ကူးစက်ခံရပြီး အအေးမိ၊ ကိုယ်လက်ကိုက်ခဲပြီး ဖျားနာတဲ့ ဝေဒနာတစ်မျိုးပေါ့။

နမိုးနီးယားလို့ ခေါ်တဲ့ အဆုတ်ရောင်ရောဂါကို အမျိုးအစား ခွဲကြည့်ကြတဲ့အခါ

ရာသီဥတုအပြောင်းအလဲကာလတွေမှာ အဖြစ်များပေမယ့် တကယ်တမ်းအားဖြင့်တော့ အဆုတ်ကို ပိုးဝင်ခြင်းတစ်မျိုးပါ။ အဆုတ် ဘယ်ခြမ်း (သို့) ညာခြမ်း (သို့) နှစ်ခုစလုံးကိုပိုးဝင်ပြီး ရုတ်တရတ်ပြင်းထန် ပိုးကူးစက်ခြင်းတစ်မျိုးလို့ သတ်မှတ်ထားကြပါတယ်။

နမိုးနီးယားဖြစ်စေတဲ့ ရောဂါပိုးတွေက အများကြီးရှိပါတယ်။ ဘက်တီးရီးယားတွေရော ဗိုင်းရပ်စ်တွေရောပါ။ အဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပြီးတော့ လူတိုင်းနီးပါး ဒီဝေဒနာကို ခံစားဖူးကြပါတယ်။ ကလေးတွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ အဆုတ်ပွ၊ ပန်းနာရင်ကျပ်စတဲ့ နာတာရှည်အဆုတ်ရောဂါတစ်မျိုးမျိုးရှိသူတွေမှာ ပိုအဖြစ်များပါတယ်။

နမိုးနီးယား ဘယ်နှစ်မျိုးရှိသလဲ

အကြမ်းဖျဉ်းအားဖြင့် နမိုးနီးယားလို့ ခြုံငုံပြောဆိုနေပေမယ့် နမိုးနီးယားမှာ အမျိုးအစား အများအပြားရှိပါတယ်။ နမိုးနီးယားရောဂါကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားထားပါတယ်။

  • Infectious pneumonia – ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို၊ ကပ်ပါးပိုးစတာတွေ ကူးစက်မှုကြောင့်ဖြစ်တဲ့ နမိုးနီးယား အမျိုးအစားပါ။ အဖြစ်များအမျိုးအစားလို့ ဆိုရပါမယ်။
  • Chemical pneumonia – ကလိုရင်း၊ ဓာတ်ဆီစတာတွေကို ရှူရှိူက်မိတာကြောင့် ခံစားရတဲ့ နမိုးနီးယားအမျိုးအစားပါ။ ဒီနမိုးနီးယားအမျိုးအစားက ပိုးကူးစက်မှုကြောင့်မဟုတ်ပါဘူး။
  • Traumatic pneumonia – ရင်ဘတ်၊ အရှိုက်၊ အဆုတ်စတဲ့နေရာတွေကို ပြင်းထန်စွာထိခိုက်မိတာကြောင့်ဖြစ်တဲ့ နမိုးနီးယားရောဂါဖြစ်ပါတယ်။
  • Walking pneumonia – သာမန်နမိုးနီးယားလို့ ခေါ်ပါတယ်။ Walking pneumonia လို့ ပြောကြတာက မပြင်းထန်လို့ လူနာက ဆရာဝန်ဆီလမ်းလျှောက်သွားနိုင်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ Atypical pneumonia လို့လည်း ခေါ်ကြပါတယ်။
  • Double pneumonia – နှစ်ဆပိုဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ အဆုတ်ရဲ့ဘယ်ဘက်ခြမ်းမှာရော ညာဘက်ခြမ်းမှာပါ ဖြစ်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ပြင်းထန်တဲ့ နမိုးနီးယားတစ်မျိုးဖြစ်ပြီးတော့ COVID-19 ဝေဒနာပျောက်ကင်းသွားသူတချို့ဟာ ကိုဗစ်ပိုးကင်းစင်သွားပြီးနောက်မှာ Double pneumonia ဝေဒနာ ခံစားရလေ့ရှိပါတယ်။
  • Lobar pneumonia – အဆုတ်အတွင်းက Lobe မှာဖြစ်ပေါ်တဲ့ နမိုးနီးယားပါ။ ပြင်းထန်တဲ့အမျိုးအစားဖြစ်ပါတယ်။
  • Aspiration pneumonia – ဒီနမိုးနီးယား အမျိုးအစားကတော့ အော့အန်တာ၊ တံတွေး ဒါမှမဟုတ် ဂတ်စ်များတဲ့အစာတွေကို စားမိတာတွေကြောင့်ဖြစ်တဲ့ အမျိုးအစားပါ။ ဓာတုပစ္စည်းတွေနဲ့ ရောဂါပိုးကူးစက်မှုတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

အဖြစ်များတဲ့ နမိုးနီးယားကို ကာကွယ်နိုင်သလား

လူတိုင်း နမိုးနီးယားဖြစ်နိုင်ပါတယ်။ အသက်အရွယ်မရွေး အခြေအနေမရွေးပါ။ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဆိုးကြီးဖြစ်တဲ့ COVID-19 သောင်းကျန်းနေတဲ့ ခုလိုအချိန်မှာ အဆုတ်ရောင်ရောဂါ နမိုးနီးယားကိုလည်း သတိထားဖို့ လိုအပ်ပါတယ်။

နမိုးနီးယားရောဂါဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး ဖြစ်လည်းဖြစ်လွယ်တာမို့ မဖြစ်ခင်ကတည်းက ကာကွယ်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် သိထားရမှာက နမိုးနီးယားဟာ ကာကွယ်ဆေးမရှိဘူးဆိုတာပါပဲ။ ဒါကြောင့်ဖြစ်နိုင်ခြေနည်းအောင် ကာကွယ်လို့ပဲရမှာပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Ye Zon Aung · 10/01/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။