အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ် လို့ ပြောလိုက်ရင် အသက်ရှူတာထက် ပိုပြီးဘာကိုမှ မတွေးကြပါဘူး။ အဆုတ်က အသက်ရှူရုံတင် အသုံးဝင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဆုတ်က တစ်နေ့တာမှာ အကြိမ်ရေ ၂၅၀၀၀ လောက် အသက်ရှူပါတယ်။ အသက်ရှူတာ တစ်ချက်တိုင်းမှာ အောက်ဆီဂျင်တွေကို ရယူပြီး အဆုတ်ထဲကနေ သွေးကြောတွေဆီ ပို့ဆောင်ပေးပါတယ်။ အသက်ရှင်သန်ဖို့အတွက် နှလုံးက အရေးကြီးသလို အဆုတ်ကလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံ နဲ့ ညစ်ညမ်းမှုတွေ ပိုများလာတဲ့ ပတ်ဝန်းကျင် အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါတယ်။ အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးသူတွေထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါတယ်။ အခုတစ်ခေါက်တော့ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

အအေးမိဖျားနာခြင်း

အအေးမိ ဖျားနာတာကို ကြက်သွန်ဖြူက သက်သာစေနိုင်သလား။

ရာသီဥတုလေးကလည်း ဆောင်းဝင်လာတော့ ဆောင်းပီပီ အေးလာပါပြီ။ ဒီလို အအေးပိုလာတာနဲ့အတူ အအေးမိ ဖျားနာ တာတွေကလည်း စလာပါပြီ။ ဒီလို အအေးမိဖျားနာတဲ့အခါ သာမန် ဖျားနာမှုလေးတွေပဲဆိုရင်တော့ အိမ်တွင်းကုထုံးလေးတွေကို သုံးပြီး သက်သာအောင် လုပ်ပေးလို့ ရပါတယ်။ အခုတစ်ခေါက်တော့ အိမ်တိုင်းမှာ အလွယ်တကူရနိုင်ပြီး အခုလို အအေးပိုတဲ့ ရာသီတွေမှာ အအေးမိဖျားနာတာတွေ သက်သာအောင် လုပ်ဆောင်ပေးနိုင်မယ့် အရာလေးတစ်ခုအကြောင်း နဲ့ အအေးမိ ဖျားနာတဲ့အခါ သက်သာအောင် လုပ်ဆောင်လို့ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ အအေးမိ ဖျားနာဘာကြောင့်ဖြစ် တော်တော်များများက အအေးမိ ဖျားနာဖြစ်တဲ့အခါ ရာသီဥတု အေးလို့ အအေးခံလို့ ရေချိုးမှားလို့ဆိုပြီး အမျိုးမျိုး ပြောကြပါတယ်။ တကယ်ကတော့ အအေးမိ ဖျားနာ ဖြစ်ရတာက ရာသီဥတု အေးတဲ့ အချိန်မှာ ပြင်ပလေထုထဲမှာ အချိန်ကြာကြာ ရှင်သန်နိုင်ပြီး အအေးမိ […]


အအေးမိဖျားနာခြင်း

ဆောင်းတွင်းမှာ အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း များ

ဆောင်းတွင်းမှာ သာမန်အချိန်ထက် ပိုပြီးဖျားနာလွယ်ကြပါတယ်။ လူကြီးရော ကလေးပါ မကြာခဏဆိုသလို နှာစေး၊ ချောင်းဆိုးတာ၊ ဖျားနာတာ ဖြစ်ကြပါတယ်။ အဓိကကတော့ အသက်ရှူလမ်းကြောင်း ကို ပိုးဝင်တာကြောင့်ပါ။ ဆောင်းတွင်းမှာ ဘာကြောင့် အသက်ရှူလမ်းကြောင်းပိုးဝင်တာ အဖြစ်များရတာလဲ။ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း ကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေကတော့ အိမ်ထဲမှာ အနေများတာ အေးတဲ့အတွက် အိမ်မှာပဲ အနေများကြပါတယ်။ လူချင်း ထိတွေ့မှု များတဲ့အတွက် တစ်ယောက်မှာ ရောဂါပိုး တစ်ခုခုရှိနေရင် နောက်တစ်ယောက်ကို အလွယ်တကူ ကူးနိုင်ပါတယ်။ လေထုခြောက်သွေ့တာ အေးမြတဲ့ ရာသီဥတုဖြစ်တဲ့အတွက် လေထုခြောက်သွေ့ပါတယ်။ ဒီလို အနအထားက ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ နှစ်သက်တဲ့ အခြေအနေပါ။ ပြောင်းပြန်အားဖြင့်တော့ အေးမြခြောက်သွေ့တဲ့ လေထုက အသက်ရှူလမ်းကြောင်းကို အချွဲတွေ ထွက်စေပါတယ်။ ဒီအခြေအနေတစ်ခု တိုက်ဆိုင်သွားတဲ့အခါ ပိုးဝင်လွယ်ပြီး ဖျားနာနိုင်ပါတယ်။ ဗီတာမင် ဒီရရှိမှု […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အအေးမိတာလား ....... Sinus Infection လား .......

နှာစေး လာပြီဆိုရင် တွေးမိတာက အအေးမိပြီလို့ပေါ့။ အခုကာလဆိုရင်တော့ နှာစေး ပြီဆိုရင် ထည့်စဉ်းစားစရာ တစ်ခု ရှိလာပါတယ်။ ဒါကတော့ ကိုဗစ် ဖြစ်နေတာလားပေါ့။ တကယ်ကတော့ နှာစေး လာပြီဆိုရင် အအေးမိတာ အပြင် ကိုဗစ်ကို ထည့်မတွက်ခင် နောက်ထပ်ဖြစ်နိုင်ခြေ တစ်ခု ရှိပါတယ်။ ဒါကတော့ Sinus Infection လား ဆိုတာပါ။ ဒီတစ်ခေါက်တော့ နှာစေးတဲ့အခါ အအေးမိတာလား ....... Sinus Infection လား ....... ဆိုတာကို သဲသဲ ကွဲကွဲ သိရှိနိုင်အောင် ပြောပြပေးသွားပါမယ်။ အအေးမိ တယ်ဆိုတာ အအေးမိတယ်ဆိုတာ အသက်ရှူ လမ်းကြောင်း အထက်ပိုင်း ပိုးဝင်ကူးစက်တာပါ။ အသက်ရှူ လမ်းကြောင်း အထက်ပိုင်းကို ဝင်ရောက် ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တွေက rhinoviruses၊ respiratory syncytial virus (RSV)၊ […]


အအေးမိဖျားနာခြင်း

ဖျားနေချိန် ဒါတွေ မလုပ်ပါနဲ့

ကိုယ်လက်တွေ ကိုက်ခဲနေတယ်။ အသက်ရှူလိုက်တိုင်း လေတွေက ပူနေသလိုပဲ။ ရေတွေလည်း ဆာတယ်။ အိပ်လည်း အရမ်းငိုက်နေတယ်လို့များ ခံစားနေရပြီလား ....... ဒါဆိုရင် သေချာပါတယ်။ သင်ဖျားနေတာပါ မိတ်ဆွေ။ ဖျားနေချိန် သတိထားရမယ့် အချက်လေးတွေ ရှိပါတယ်။ ဖျားနေတဲ့အခါ အတောင့်တဆုံး အရာက အမြန်ဆုံး ပြန်သက်သာဖို့ဟုတ်။ ဒါဆို ဖျားနေတာကို သက်သာစေဖို့ အဖျားရှိနေချိန်မှာ ရှောင်ရမယ့် အချက်လေးတွေကို ပြောပြပေးသွားပါမယ်။ ဖျားနေချိန် ဒါတွေ မလုပ်ပါနဲ့  ဖျားနာတယ်ဆိုတာက ခန္ဓာကိုယ်က အနားယူဖို့ လိုအပ်နေတဲ့ အချက်ပြမှု တစ်ခုဆို မမှားပါဘူး။  ဒီလို ဖျားနာနေတဲ့အခါ အမြန်ဆုံး သက်သာလာစေဖို့ဆိုရင် ကဖင်း ပါတာတွေ ရှောင်ပါ ဖျားနေချိန် မှာ ကော်ဖီ ပူပူလေး လက်ဖက်ရည် ပူပူလေး သောက်ချင်တယ်ဆိုတဲ့ ဆန္ဒမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မသောက်ပါနဲ့။ ဒီလီု […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းခြောက်ဆိုးရင် ဘာတွေ စားပေးရမလဲ......

ချောင်းတွေ တအားဆိုးနေတယ်။ ချွဲကျတော့လည်း မထွက်ဘူး။ ချောင်းခြောက်ဆိုးတာ ဖြစ်မယ်။ ချောင်းခြောက်ဆိုးတာကြောင့် ညဘက်တွေဆို အိပ်မရသလို လူကြားထဲမှာ ချောင်းဆိုးသံကြောင့် လူအများက ဝိုင်းကြည့်ခံနေရလို့ စိတ်ညစ်နေသူလေးတွေ ရှိလား ...... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ချောင်းခြောက်ဆိုးလို့ စိတ်ညစ်နေတာတွေကို ပြေလျော့စေဖို့ ကူညီပေးနိုင်မှာပါ။ ဒီတော့ ချောင်းခြောက်ဆိုးတဲ့အခါ သက်သာအောင် ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ချောင်းခြောက်ဆိုးတယ်ဆိုတာ ချောင်းဆိုးတယ်လို့ လွယ်လွယ်ပြောလိုက်​ကြပေမယ့် ချောင်းဆိုးတယ်ဆိုတဲ့နေရာမှာ ချောင်းခြောက်ဆိုးတာနဲ့ ချောင်းအစို ဆိုးတာဆိုပြီး ၂ မျိုး ခွဲကြပါတယ်။ သူတို့ ၂ မျိုး ဘာကွာသလဲဆိုတော့ ချောင်းအစို ဆိုးတာက ချောင်းဆိုးတယ်။ ချောင်းဆိုးတဲ့အခါ ချွဲသလိပ်တွေ ထွက်ပါတယ်။ ချောင်းခြောက်ဆိုးတာက ချောင်းဆိုးသံ ပိုကျယ်ပြီး ချွဲသလိပ်တွေ မထွက်ပါဘူး။ လည်ချောင်းယားတာ၊ ရင်ဘတ်အောင့်တာတွေပါ ခံစားရနိုင်ပါတယ်။ ချောင်းခြောက်ဆိုးရင် ဘာတွေ စားပေးရမလဲ...... ချောင်းခြောက်ဆိုးရင် သက်သာစေဖို့ […]


ရာသီတုပ်ကွေး

တုပ်ကွေး လား ကိုဗစ်လား မသေချာရင် ဘာလုပ်ကြမလဲ။

ခုတလော တော်တော်များများ ဖျားကြပါတယ်။ အများစုကတော့ ရာသီတုပ်ကွေး ပါ။ ဒါပေမယ့် ကိုဗစ်ကလည်း မပြီးသေးတဲ့အတွက် ဖျားပြီ၊ ချောင်းဆိုးပြီဆို တုပ်ကွေးလား၊ ကိုဗစ်လား ဆိုတာ ခွဲရခက်ပါတယ်။ တုပ်ကွေးအများစုက တစ်ပတ်လောက်နေရင် သက်သာသွားပေမယ့် ကိုဗစ်က အသက်သေဆုံးနိုင်တဲ့အထိ ပြင်းထန်နိုင်တာကြောင့် လက္ခဏာ တစ်ခုခု ခံစားရတဲ့အခါ ကိုဗစ်လား၊ တုပ်ကွေး လားဆိုတာကို ကွဲကွဲပြားပြား သိဖို့ လိုပါတယ်။ ကိုဗစ်လား တုပ်ကွေးလားဆိုတာကို လက္ခဏာနဲ့ ခွဲလို့ရနိုင်လား လက္ခဏာတွေကတော့ တူတူပဲလို့ ပြောလို့ရလောက်တဲ့အထိပါ။ နှစ်ခုလုံးက ရောဂါကူးခံရပြီး လက္ခဏာမပြတာ ဖြစ်နိုင်သလို ပြင်းထန်တဲ့ လက္ခဏာလည်း ဖြစ်သွားနိုင်ပါတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ ဖျားတာ (ချမ်းတုန်နိုင်ပါတယ်) ချောင်းဆိုးတာ မောတာ နုံးတာ လည်ပင်းနာတာ နှာစေးတာ ကိုယ်လက်ကိုက်တာ ခေါင်းကိုက်တာ ပျို့အန်တာ စတာတွေ […]


ရာသီတုပ်ကွေး

အိမ်ထဲမှာ တုပ်ကွေး ကူးစက်မှု နည်းစေဖို့

ခုဆိုရင် တုပ်ကွေး ရောဂါတွေက တော်တော်များများ ဖြစ်လာကြပါတယ်။ တစ်ယောက်ဖြစ် တစ်အိမ်လုံး ဖြစ်လို့ ပြောရအောင်ကို ကူးစက်တာလည်း မြန်ပါတယ်။ ဒီလို ကူးစက်တဲ့အခါကျတော့ သာမန်လူအနေနဲ့ ပြဿနာမရှိပေမယ့် ရောဂါအခံရှိသူတွေ၊ မကြာသေးခင်ကမှ ကိုဗစ်ဖြစ်ပြီး နာလန်ထတဲ့ လူနာတွေအတွက်က အရေးကြီးပါတယ်။ နဂိုတည်းက ခုခံအား နည်းနေတဲ့အတွက် တုပ်ကွေးပါ ထပ်ကူးခံရရင် သူတို့အတွက် မလွယ်ပါဘူး။ ဒါကြောင့် သူများတွေဆီကနေ တုပ်ကွေးကူးမလာအောင်၊ အိမ်မှာ တစ်ယောက်ဖြစ်ရင် ကျန်တဲ့သူတွေ မကူးအောင် စနစ်တကျ ကာကွယ်ထားသင့်ပါတယ်။ တုပ်ကွေး ဖြစ်နေပြီလား။ တုပ်ကွေးက နှစ်တိုင်း အချိန်ရောက်ရင်ဖြစ်နေကျပါ။ တချို့နှစ်တွေမှာ သိပ်မပြင်းထန်ဘဲ လူနည်းနည်းလောက်ပဲ ဖြစ်သွားတာ ရှိသလို ခုလိုမျိုး လူတွေ အများကြီး အကူးခံရတာမျိုးလည်း ရှိပါတယ်။ ရာသီတုပ်ကွေးက influenza ဗိုင်းရပ်စ် type A ဒါမှမဟုတ် B […]


အအေးမိဖျားနာခြင်း

ဆံပင်စိုလို့ ဖျားတာလား.........

ရေစိုကြီးနဲ့ မနေနဲ့။ ဆံပင်တွေ စိုရင် ဖျားဦးမယ် ခေါင်းကို သေချာ လုံအောင်ဆောင်းထား။ ခေါင်းရေစိုကြီးနဲ့ အပြင်မထွက်နဲ့ ဖျားမယ်လေဆိုတဲ့ စကားတွေကို ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းတဝင်ဖြစ်ခဲ့ဖူးမယ် ထင်ပါတယ်။ ဒါတွေက တကယ်ပဲ ဖျားစေတာလားလို့ တွေးမိဖူးပါတယ်။ စာဖတ်ပရိသတ်ကြီးလည်း တွေးမိဖူးတယ်ဟုတ်။ ဒါဆိုရင်တော့ ဆံပင်စိုလို့ ဖျားတာလားဆိုတာကို သေချာသိရအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်စို့နော်။ ဆံပင်စိုလို့ ဖျားတာလား......... မိုးရေထဲ ထွက်ခါနီးရင် ခေါင်းကို သေချာလုံအောင် ခေါင်းစွပ်စွပ်ပါ။ ခေါင်းရေစိုပြီး တော်ကြာ ဖျားဦးမယ်ဆိုတော့ ခေါင်းရေမစိုရင် မဖျားတော့ဘူးလားလို့ သိချင်မိမယ် ထင်ပါတယ်။ တကယ်ကတော့ အအေးမိတာ၊ ဖျားတာ၊ တုပ်ကွေးဖြစ်တာက ခေါင်းရေစိုလို့ ဖြစ်တာ မဟုတ်ပါဘူး။ ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာပါ။ ဆံပင်ရေစိုနဲ့ အပြင်ထွက်ရင် လေတိုက်ခံရလို့ ဖျားတာလည်း မဟုတ်ပါဘူး။ ဆံပင်စိုနဲ့ အပြင်ထွက်တာကြောင့် ဖျားစေတဲ့ ဗိုင်းရပ်စ်က […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းဆိုးပျောက်ဆေး တွေက တကယ်အိပ်ငိုက်စေတာလား

ချောင်းဆိုးပျောက်ဆေး တွေသောက်ပြီးရင် အိပ်ငိုက်တတ်တယ်ဆိုတာကို တော်တော်များများသိကြပါတယ်။ တချို့ကလည်း ဒီလိုငိုက်တာကို မကြိုက်လို့ ချောင်းဆိုးတာကို သည်းခံပြီး မသောက်ကြတာ ရှိပါတယ်။ ချောင်းဆိုးပျောက်ဆေးတွေက ဘာကြောင့် ငိုက်တာလဲ။ ဒီလို ငိုက်တာက အန္တရာယ်ရှိလားဆိုတာ ပြောပြပေးပါ့မယ်။ ချောင်းဆိုးပျောက်ဆေးလား၊ ချွဲပျော်ဆေးလား ချောင်းဆိုးလို့ ဆေးသောက်မယ်ဆိုရင် ချောင်းခြောက်လား၊ ချောင်းစိုလားဆိုတာ အရင်ခွဲရပါတယ်။ ပေးရတဲ့ဆေး မတူသလို အာနိသင်ကလည်း မတူလို့ပါ။ ချောင်းခြောက်ဆိုရင် ချောင်းဆိုးပျောက်ဆေး ပေးရပါတယ်။ ဘူးမှာ Cough suppressant, Antitussives တို့ ရေးထားတတ်ပါတယ်။ ချွဲထွက်တဲ့ ချောင်းဆိုရင်တော့ ချွဲပျော်ဆေး ပေးရပါတယ်။ ဘူးမှာ  Expectorantတို့ Mucolyticတို့ ရေးထားတတ်ပါတယ်။ ဒီနှစ်ခုက အလုပ်ပုံခြင်း မတူတာကြောင့် မှားသောက်မိလို့ မရပါဘူး။ ချောင်းဆိုးပျောက်ဆေး အမျိုးအစားများ တစ်ခါ ချောင်းခြောက်ဆိုးလို့ သောက်ရတဲ့ ချောင်းဆိုးပျောက်ဆေး တွေမှာမှ နှစ်မျိုး ထပ်ခွဲထားပါတယ်။ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

စိုးရိမ်ရတဲ့ ချောင်းခြောက်ဆိုးခြင်း ဆိုတာ

ချောင်းဆိုးတယ် ဆိုတာ လည်ချောင်းနဲ့ အဆုတ်က အမှုန်အမွှားတွေ၊ ပိုးတွေကို အပြင်ထွက်စေတဲ့ သဘာဝနည်းလမ်းတစ်ခုပါ။ သာမန် တစ်ချက်၊ နှစ်ချက်လောက် ချောင်းခြောက် ထဆိုးတာ၊ သလိပ်လည်း မထွက်ဘူးဆိုရင် စိုးရိမ်စရာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆက်တိုက်ဆိုးနေမယ်ဆိုရင်တော့ နောက်ကွယ်မှာ ရောဂါတစ်ခုခု ရှိနေနိုင်ပါတယ်။ ချောင်းခြောက်ဆိုးရတဲ့ အကြောင်းရင်းများ ချောင်းခြောက်ဆိုးရတဲ့ အကြောင်းရင်းတွေကတော့ ခုလိုကာလမှာဆိုရင် ကိုဗစ် ပန်းနာရင်ကျပ် လေပြွန်ရောင်တာ အဆုတ်ပိုးဝင်တာ တီဘီရောဂါ စားချဉ့်ပြန်ရောဂါ စတာတွေမှာ ဖြစ်နိုင်ပါတယ်။ အဆုတ်ရောဂါ တော်တော်များများမှာ ချောင်းဆိုးတာက တွဲနေတတ်ပါတယ်။ အဆုတ်နဲ့ မဆိုင်ဘဲ တခြားရောဂါ (ဥပမာ ဓာတ်မတည့်တာ၊ နှလုံးပျက်စီးတာ) တွေနဲ့ ဆေးဝါးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ချောင်းခြောက်ဆိုးတတ်ပါသေးတယ်။ စိုးရိမ်စရာ ကောင်းတဲ့ ချောင်းခြောက်ဆိုးခြင်း များ ချောင်းခြောက်ဆိုးတာက သာမန်အားဖြင့်တော့ စိုးရိမ်စရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရက်ရှည် ချောင်းဆိုးနေရင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း