အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ် လို့ ပြောလိုက်ရင် အသက်ရှူတာထက် ပိုပြီးဘာကိုမှ မတွေးကြပါဘူး။ အဆုတ်က အသက်ရှူရုံတင် အသုံးဝင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဆုတ်က တစ်နေ့တာမှာ အကြိမ်ရေ ၂၅၀၀၀ လောက် အသက်ရှူပါတယ်။ အသက်ရှူတာ တစ်ချက်တိုင်းမှာ အောက်ဆီဂျင်တွေကို ရယူပြီး အဆုတ်ထဲကနေ သွေးကြောတွေဆီ ပို့ဆောင်ပေးပါတယ်။ အသက်ရှင်သန်ဖို့အတွက် နှလုံးက အရေးကြီးသလို အဆုတ်ကလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံ နဲ့ ညစ်ညမ်းမှုတွေ ပိုများလာတဲ့ ပတ်ဝန်းကျင် အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါတယ်။ အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးသူတွေထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါတယ်။ အခုတစ်ခေါက်တော့ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

ရာသီတုပ်ကွေး

တုပ်ကွေးမမိအောင် ကာကွယ်ပေးမယ့် အလေ့အထများ

ရာသီဥတုကအေးလာသလို မိုးကလည်း တစ်ပြိုက်နှစ်ပြိုက်မကတော့ပဲ အားနဲ့ အင်နဲ့ ရွာလာနေပြီမို့ တုပ်ကွေး၊ ဖျားနာဝေဒနာသည်တွေ စပြီး တွေ့မြင်လာရပါပြီ။ ထုံးစံအတိုင်း ရာသီတုပ်ကွေးရာသီစတင်ပြီလို့ ဆိုရမှာပါ။ တုပ်ကွေး၊ ဖျားနာဖြစ်လာပြီဆိုရင် အလုပ်ပျက် အကိုင်ပျက်နဲ့ ကူးစက်ကလည်း လွယ်လေးတယ်ဆိုတော့ ကိုယ်ဖြစ်ရင် မိသားစုဝင်တွေဆီ ကူးစက်သွားမှာကိုလည်း စိုးရိမ်ပူပန်ရပါသေးတယ်။ ဒီတော့ ဒီလိုမိုးတွင်းကာလမှာ တုပ်ကွေးရန်က ကင်းဝေးစေဖို့ဆိုရင် လိုက်နာသင့်တဲ့ အလေ့အထလေးတွေကို သတိထားလိုက်နာပြီး ရောဂါရန်ကို ကာကွယ်လို့ရပါတယ်။ ခုဖော်ပြမယ့် နည်းလမ်းတွေကို ဂရုတစိုက်နဲ့ စနစ်တကျလိုက်နာမယ်ဆိုရင် တုပ်ကွေးဝေဒနာကို ကာကွယ်နိုင်မယ့် အခွင့်အရေးအလွန်ကို များပြားနေမှာဖြစ်ပါတယ်။ လက်သန့် ဆေးရည်သုံးပါ Hand Sanitizer သုံးစွဲတာဟာ ရောဂါပိုးမွှားတွေလက်ကို မကပ်ငြိအောင် ကာကွယ်နိုင်တာမို့ အလေ့အကျင့်တစ်ခုအနေနဲ့ ပြုလုပ်သင့်တဲ့အရာပါ။ တုပ်ကွေးတင်မက ကိုဗစ်လိုကူးစက်ရောဂါတွေကို ကာကွယ်ရေးမှာလည်း အသုံးတည့်နိုင်ပါတယ်။ အနည်းဆုံး အယ်လ်ကိုဟော ၆၀% ပါတဲ့ Sanitizer မျိုးကို […]


ရာသီတုပ်ကွေး

တုပ်ကွေး ကို ဘယ်လို ကာကွယ်ကြမယ်

မိုးကလေး တဖြိုက်နှစ်ဖြိုက်ကျလာပြီဆိုတော့ နှာစေး၊ ချောင်းဆိုးလေးကတော့ ဝင်လာတတ်ပါပြီ။ တော်ရုံ ကိုယ်ခံအား မကောင်းတဲ့လူတွေဆို တုပ်ကွေးမိဖို့ အတော်နီးစပ်တဲ့ကာလလို့ ဆိုရမှာပါ။ မြန်မာပြည်လို မုတ်သုံတိုင်းပြည်တစ်ခုအတွက်တော့ မိုးလေးကျလာပြီဆိုရင် ရာသီတုပ်ကွေး အန္တရာယ်ကို တွေးပူရတတ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အဆိုအရလည်း ရာသီတုပ်ကွေး ကူးစက်ခံထားရသူ တချို့စမ်းသပ်တွေ့ရှိထားတယ်လို့ ဆိုထားပါတယ်။ ခုမှ မိုးရာသီရဲ့ အစောပိုင်းကာလမို့ တုပ်ကွေးကူးစက်ခံရသူတွေ ဒီထက်ပိုတိုးပွားလာနိုင်ပါသေးတယ်။ ဒီတော့ ကိုယ့်မှာ ရာသီတုပ်ကွေးကူးစက်မခံရဖို့ အရေးကြီးလာပါပြီ။ တုပ်ကွေးနဲ့ အဝေးမှာနေနိုင်ဖို့၊ တုပ်ကွေးကူးစက်မခံရဖို့ နည်းလမ်းတွေတော့ သိထားရမှာပေါ့။ ကာကွယ်ဆေးထိုးပါ တုပ်ကွေးကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကာကွယ်ဆေးထိုးနှံတာပါပဲ။ ကာကွယ်ဆေးကို တတ်နိုင်မျှ စောစောထိုးနှံထားတာက အကောင်းဆုံးနည်းလမ်းပါပဲ။ ကာကွယ်ဆေးတွေက ခန္ဓာကိုယ်အတွင်းကို အဖြစ်များတဲ့ တုပ်ကွေးရောဂါပိုးတွေ ဝင်မလာအောင် တိုက်ထုတ်ဖို့ စီမံထားပါတယ်။ တချို့ဆေးတွေဟာ တုပ်ကွေးပိုး ၃ မျိုးလောက်ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ တစ်ခုရှိတာက ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ထိုးနှံမယ့် ဆေးအမျိုးအစားတွေကိုလည်း […]


အအေးမိဖျားနာခြင်း

အအေးမိ ဖျားနာ နာလန်ထမြန်စေမယ့် အာဟာရ (၆) မျိုး

ဟတ်ချိုး…ရာသီဥတုက ကိုယ့်ဘက်မှာပါနော်။ မိုးလေး အေးလာတာနဲ့ လူက နှာတချေချေ ဖြစ်ရတဲ့အထဲ ကားထဲရောက်လည်း အဲကွန်း၊ ရုံးရောက်လည်း အဲကွန်းနဲ့ တွေ့တဲ့အခါ ဖျားပြီလေ။ လူကလည်း နေမကောင်းဖြစ်၊ အလုပ်လည်း ပျက်လို့ မဖြစ်တဲ့ အနေအထားမှာ ဘယ်လို အနားယူရပါ့မလဲ။ စဉ်းစားရခက်နေပြီလား။ နေမြန်မြန်ကောင်းဖို့ အသည်းအသန် ထိုင်ဆုတောင်းနေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ပါဘူးနော်။ ကိုယ်ခံအားပြန်ကောင်းပြီး အအေးမိဝေဒနာကို ခုခံနိုင်ဖို့က အစာအာဟာရ ပြည့်ဝဖို့ အရေးကြီးပါတယ်။ နေမကောင်းချိန် စားသင့်တဲ့ စူပါ အစားအသောက် (၆) မျိုး (၁) ကြက်စွပ်ပြုတ် ကြက်စွပ်ပြုတ်ကို အအေးမိဝေဒနာ အတွက်ဆေးတစ်လက် အဖြစ် ဟိုးအရင်တည်းက လက်ခံထားကြပါတယ်။ ကြက်သားမှာ ပါတဲ့ amino acid cysteine ကြောင့် ဒီလို အစွမ်းသတ္တိရှိတာလည်း ဖြစ်ပါတယ်။ N-acetyl-cysteine ဟာ ချွဲသလိပ်ကို ကြေစေပြီး […]


အအေးမိဖျားနာခြင်း

ဆေးခန်းမသွားချင်တဲ့ အအေးမိ နေသူတွေအတွက် နည်းလမ်းကောင်းတချို့

ရာသီဥတု အကူးအပြောင်းတွေမှာ အအေးမိ နဲ့ တုပ်ကွေး အဖြစ်များကြပါတယ်။ ဒါပေမယ့် ထစ်ခနဲဆို ဆေးခန်းပြေးဖို့ မလွယ်တဲ့ အနေအထားတွေ၊ ဆေးခန်းမသွားချင်သူတွေ အတွက် ကံကောင်းတဲ့အချက်က အအေးမိဗိုင်းရပ်စ်ဟာ သူ့အချိန်အတိုင်းအတာ တစ်ခု အတွင်းမှာ ပြန်လည်ပျောက်ကင်းနိုင်တယ်ဆိုတာပါပဲ။ မြန်မြန်သက်သာဖို့ကတော့ ဒီအတောအတွင်းမှာ ကိုယ်ခံအားနဲ့ ဘယ်လောက် ခုခံနိုင်မလဲဆိုတာကို မူတည်နေပါတယ်။ နေပြန်ကောင်းတယ် ဆိုတာ အအေးမိ တုပ်ကွေးဗိုင်းရပ်စ်တွေကို ကိုယ်ခံအားစနစ်က ခုခံတိုက်ထုတ်နိုင်တဲ့အနေအထားဖြစ်ပါတယ်။ ဒီလိုခုခံနေတဲ့ကာလအတွင်းမှာ နေမကောင်းလို့ ဆိုပြီး ကွေးနေရုံနဲ့ ရောဂါလက္ခဏာတွေကို ကျော်လွှားနိုင်မှာ မဟုတ်ဘူးနော်။ရောဂါပိုးတွေကို ခုခံပေးမယ့် ခန္ဓာကိုယ်ကိုစောင့်ရှောက်အားဖြည့်ပေးဖို့လည်းလိုပါတယ်။ ဒါ့ကြောင့် ကိုယ်ခံအား နဲ့ ခုခံမယ်ဆိုရင် - အနားယူပါ နေမကောင်း ဖြစ်နေတဲ့အချိန်မှာဆို ရောဂါပိုးဗိုင်းရပ်စ်တွေကို ခုခံဖို့ ခန္ဓာကိုယ်ကပင်ပန်းနေမှာဖြစ်လို့ ပုံမှန်ထက် ပိုပြီးအားကုန်ပါတယ်။ ဒါ့ကြောင့် ဘာကြောင့်ပဲနေမကောင်းဖြစ်ဖြစ် အနားယူဖို့ တတ်နိုင်သလောက်ဦးစားပေးပါ။ကျောင်းတွေ၊အလုပ်တွေကိုဖြစ်နိုင်ရင် ခွင့်ယူလိုက်တာက ကိုယ့်အတွက်အနားယူဖြစ်တဲ့အပြင် […]


ရာသီတုပ်ကွေး

ဒါတွေလုပ်နေသရွေ့ တုပ်ကွေး ပျောက်မှာ မဟုတ်ပါဘူး။

မိုးရာသီရောက်ပြီဆိုတော့ နည်းနည်းလေးမိုးမိတာနဲ့ နှာစေးတာတွေ၊ ချောင်းဆိုးတာတွေ၊ ဖျားနာတာတွေ၊ ကိုယ်လက်ကိုက်တဲ့ အသံတွေ ကြားရတော့မှာပါ။ ရာသီတုပ်ကွေး အပါအဝင်ပေါ့။  ဒါမျိုးဖြစ်လာပြီဆိုရင် အားလုံးက မြန်မြန်ပြန်သက်သာချင်ကြပါတယ်။ ဒါပေမယ့် ကိုယ်လုပ်လိုက်တဲ့ နည်းလမ်းအမှားတွေကြောင့် မလိုအပ်ဘဲ အဖျားတာရှည်တတ်ပါတယ်။ ကိုယ်ဘာတွေ လွဲလွဲမှားမှား လုပ်နေမိလဲ။ ကြည့်ကြည့်ရအောင်။ တုပ်ကွေး မပျောက်တာ ဒါတွေကြောင့်ပါ။ အိမ်မှာ မနားတာ တုပ်ကွေး ဖြစ်တဲ့အချိန်မှာ အလုပ်မသွားဘဲ အိမ်မှာ နားတာ အကောင်းဆုံးပါပဲ။ ခွင့်ယူဖို့အခက်အခဲရှိရင် အိမ်ကနေ အလုပ်လုပ်ဖို့ ညှိုနှိုင်းပါ။  CDCရဲ့ အဆိုအရဆိုရင် အဖျားကျဆေးတွေ မသောက်ဘဲ အဖျားပျောက်တာ တစ်ရက်နေမှ ရုံးပြန်တက်ပါတဲ့။ မဖျားဘဲ တုပ်ကွေးနေတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ သူတို့တွေကတော့ အနည်းဆုံး အိမ်မှာ ၃၊ ၄ ရက် နားပါ။  ဒီလို အနားယူလိုက်တာက အဖျား ပြန်ပြန် […]


ရာသီတုပ်ကွေး

တုပ်ကွေးဖြစ် နေချိန်မှာ ရုံးတက်ရတဲ့အခါ

တဖြည်းဖြည်းနဲ့ မိုးရာသီကို ရောက်လာပြီမို့လို့ မိုးရာသီရောဂါတွေကို ဂရုစိုက်ရတော့မှာပါ။ အဓိကကတော့ ရာသီတုပ်ကွေးပေါ့။ ခုချိန်မှာ ရုံးတွေကလည်း ပြန်တက်နေရပြီ။ မိုးတွင်းမှာ မတော်တဆများ တုပ်ကွေးဖြစ် ခဲ့ရင် ဘယ်လိုလုပ်လုပ်မလဲ။ အလုပ်ဆက်လုပ်ရမလား၊ နားရမလား။ အလုပ်ဆက်လုပ်ရမယ်ဆိုရင် ဆောင်ရန် ရှောင်ရန်တွေ ဘာရှိမလဲ ဆိုတာ ပြောပြပေးပါ့မယ်။ ရုံးတက်ချိန်မှာ တုပ်ကွေးဖြစ် ခဲ့သော် ရုံးတက်မှာလား၊ မတက်ဘူးလား ဆိုတာ အရင်စဉ်းစားရမှာပါ။ အလုပ်တွေကပုံနေတယ်၊ ခွင့်ကိစ္စကလည်း မလွယ်ဘူး၊ ကိုယ်ပြန်လာရင် လုပ်ရမယ့် အလုပ်တွေကလည်း ပုံနေမှာမို့လို့ ဆေးသောက်ပြီး တက်ချင်တယ်ဆိုတဲ့ သူတွေလည်း ရှိမှာပါ။ ဒါပေမယ့် အကြံပေးချင်တာကတော့ တုပ်ကွေးဖြစ် ရင် အကောင်းဆုံးက အိမ်မှာ နားတာပါပဲ။ အိမ်မှာနားတော့ ကောင်းကျိုး ၂ခု ရှိပါတယ်။ ပထမ တစ်ခုက မြန်မြန် သက်သာတာပါ။ အိမ်မှာ သေသေချာချာ […]


အအေးမိဖျားနာခြင်း

ကောင်းမွန်သောအာဟာရ နှင့် ကောင်းမွန်သောခုခံအားစနစ်၏ ဆက်စပ်မှု

ဒီအချိန်မှာ ကျန်းမာဖို့အတွက် ဘာအရေးကြီးလဲလို့ မေးရင် ခုခံအားကောင်းနေဖို့ပါပဲ။ အချင်းချင်းလည်း တွေ့လို့ နှုတ်ဆက်ရင် နေကောင်းအောင်နေနော်၊ အားရှိအောင်နေနော် လို့ပြောကြပါတယ်။ ကာကွယ်ဆေးရော ကုသဆေးပါ မရှိသေးတဲ့ ကူးစက်ရောဂါအသစ်အဆန်းတွေ အတွက်ရော သိပ်မကြာခင် ဖြစ်လာတော့မယ့် ရာသီတုပ်ကွေး သွေးလွန်တုပ်ကွေးရောဂါတွေကို ကာကွယ်ဖို့အတွက်ပါ ခုခံအား ကောင်းနေဖို့ လိုပါတယ်။ ခုခံအား ကောင်းနေမှသာ အပြင်က ရောဂါတွေ ဝင်မလာနိုင်မှာပါ။ မတော်တဆ ဖျားနာခဲ့ရင်တောင် ခုခံအားကောင်းတဲ့သူက ခံနိုင်ရည်ပိုရှိပါတယ်။ ပိုပြီး နာလန်ထ မြန်ပါတယ်။ ဒါကြောင့် ခုခံအားကို မြှင့်တင်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ ခုခံအား ကောင်းစေမယ့် နည်းလမ်းများ အာဟာရပြည့်အောင်စားတာ အိပ်ရေးဝဝအိပ်တာ ဆေးလိပ်၊ အရက်ရှောင်တာ လက်ဆေးတာ လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးတာ လေ့ကျင့်ခန်းလုပ်တာ စတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဒီထဲမှာ […]


ပန်းနာရင်ကျပ်

မိုးရာသီနဲ့ ရင်ကျပ်ဝေဒနာ

ရာသီဥတုလေး ပြောင်းလဲလာပြီဆိုရင် ရင်ကျပ်ဝေဒနာ ရှိတဲ့သူတွေအတွက်တော့ အခက်ကြုံရတတ်ပါတယ်။ အသက်ရှူရခက်တာ၊ ဓာတ်မတည့်တာတွေကြောင့် ရင်ကျပ်ဝေဒနာ ပိုပိုဆိုးသွားတတ်တယ်လေ။ ခုရာသီလို စိုထိုင်းဆမြင့်မားပြီး မကြာခဏမိုးတွေရွာနေတတ်တဲ့ မိုးရွာသီမျိုးမှာဆိုရင် ရင်ကျပ်ဝေဒနာရှင်တွေ ပိုပြီး အခက်တွေ့ရနိုင်ပါတယ်။ ရင်ကျပ်ရောဂါဆိုတာ ဘာလဲ ရင်ကျပ်ဝေဒနာ  ဖြစ်ပေါ်တယ်ဆိုတာက လေကိုရှူသွင်းလိုက်ချိန်မှာ အဆုတ်ကို သွားတဲ့ အသက်ရှူလမ်းကြောင်းထဲမှာ ချွဲသလိပ်တွေတွေ ပြည့်ပြီး ကျဉ်းမြောင်းသွားတာမျိုးကို ဆိုလိုတာပါ။ ရင်ကျပ်ဝေဒနာရှင်အများစုဟာ ငယ်ရွယ်စဉ်ကတည်းက ရောဂါစတင်ဖြစ်ပေါ်လေ့ရှိပါတယ်။ များသောအားဖြင့် ဓာတ်မတည့်တာ၊ မျိုးရိုးလိုက်တာတွေနဲ့ သက်ဆိုင်တတ်ပါတယ်။ ဓာတ်မတည့်တတ်သူတွေဆိုရင် ပုံမှန်မဟုတ်တဲ့ အနံ့ထူးထူးဆန်းဆန်းတွေ၊ အမွှေးနံ့၊ အနံ့ဆိုး၊ ဆေးလိပ်ငွေ့၊ အမွှေးတိုင်အနံ့၊ ခြင်ဆေးခွေ ခြင်ဖြန်းဆေးတွေက ထွက်ရှိတဲ့ အငွေ့တွေ အနံ့တွေ၊ စက်ရုံအလုပ်ရုံတွေက ထွက်ရှိတဲ့ မီးခိုးငွေ့နဲ့ အနံ့တွေ၊ လေထုထဲက အမှုန်အမွှားတွေ၊ ပန်းဝတ်မှုန်တွေနဲ့ တိရစ္ဆာန်အမွေးအမျှင်တွေကို ထိတွေ့ရှူရှိူက်မိတဲ့အခါမျိုးတွေမှာ ရင်ကျပ်ခြင်းဝေဒနာ ပိုမိုဆိုးရွားသွားတတ်ပါတယ်။ တစ်ခုရှိတာက လူတစ်ယောက်နဲ့ တစ်ယောက် […]


ရာသီတုပ်ကွေး

တုပ်ကွေးကာကွယ်ဖို့ ဒါလေးတွေလိုက်နာပါ

ဝသန်ကာလ မိုးကျလာတော့ သဘာဝပတ်ဝန်းကျင်ကြီးက လှပလို့ အရာရာက စိမ်းစိုနေပါတယ်။ မျက်စိ ပသာဒရမှုနဲ့အတူ သင့်ဆီကို မဖိတ်ခေါ်ဘဲ ရောက်လာမှာက တုပ်ကွေးပါ။ ရာသီတုအေးတဲ့အခါ တုပ်ကွေးဖြစ်လွယ်သလို ရောဂါပိုးတွေကလည်း အချိန်တော်တော်ကြာတဲ့အထိ ရှင်သန်နေနိုင်ပါတယ်။ ဒီတော့ မကြာခင်မှာ ရောက်လာတော့မယ် မိုးရာသီမှာ ကိုယ်ကိုယ်ကိုယ် တုပ်ကွေးကာကွယ်ဖို့ ဂရုစိုက်သင့်တဲ့ အချက်လေးတွေကို မျှဝေပေးပါရစေလား........... တုပ်ကွေးရာသီမှာ တုပ်ကွေးမဖြစ်စေဖို့ တုပ်ကွေးကို ကာကွယ်တာက ကုသတာထက် ပိုထိရောက်မှုရှိပါတယ်။ တုပ်ကွေးကို ကာကွယ်ဖို့ဆိုရင် အထိရောက်ဆုံးဖြစ်အောင် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။ ကာကွယ်ဆေး ထိုးပါ နှစ်စ​ဉ် မိုးကျစမှာ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးတာက တစ်နှစ်ပတ်လုံး တုပ်ကွေး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။ ဒါကြောင့် တုပ်ကွေး မဖြစ်အောင် ကာကွယ်ချင်တယ်ဆိုရင် တုပ်ကွေးရာသီ မစတင်ခင်မှာကတည်းက ကာကွယ်ဆေး ထိုးထားပါ။ လူစုလူဝေးဖြစ်မယ့် နေရာတွေကို ရှောင်ပါ လူစုလူဝေးဖြစ်မယ့် […]


ရောဂါလက္ခဏာများ

တငွေ့ငွေ့ အဖျား နဲ့ နေမကောင်း ဖြစ်နေတာလား

ခန္ဓာကိုယ်က နွေးစပ်စပ်နဲ့ နေလို့ မကောင်းဘူး။ သိသိသာသာ ဖျားနေတာလည်း မဟုတ်၊ အိပ်ရာထဲ လဲနေတာလည်း မဟုတ်၊ ဒါပေမယ့် အဖျားလည်း ပျောက်လည်း မပျောက်ဘူး။ ဒီအတိုင်းပဲ ရှိနေတာ ကြာလာတာမျိုး။ ပုံမှန်ကိုယ်အပူချိန်ဖြစ်တဲ့ 98.6°F ထက်ကျော်ပြီး အဖျား 100.4°F ဝန်းကျင်ရှိနေတာ ၂၄ နာရီထက် ကျော်နေတာကို တငွေ့ငွေ့အဖျားရှိနေတာ လို့ သတ်မှတ်ပါတယ်။ တစ်ခါတလေ 102.2°F လောက်လည်း ရှိနေနိုင်ပါတယ်။ ရက်နဲ့ သီတင်းပတ်နဲ့ချီပြီး အဖျားရှိနေရင်တော့ ဆရာဝန်ပြပြီး အဖျားတာရှည်ရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ အရေးကြီးပါတယ်။ ဘာတွေကြောင့် ဖြစ်နိုင်လဲ တငွေ့ငွေ့နဲ့ အဖျားတာရှည်စေတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ အအေးမိတာလိုမျိုး ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါတွေကြောင့် အဖြစ်များဆုံး ဆိုပေမယ့် တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ (၁)အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း ရောဂါပိုးကို ခန္ဓာကိုယ်က ခုခံတိုက်ထုတ်တဲ့အခါ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း