အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ် လို့ ပြောလိုက်ရင် အသက်ရှူတာထက် ပိုပြီးဘာကိုမှ မတွေးကြပါဘူး။ အဆုတ်က အသက်ရှူရုံတင် အသုံးဝင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဆုတ်က တစ်နေ့တာမှာ အကြိမ်ရေ ၂၅၀၀၀ လောက် အသက်ရှူပါတယ်။ အသက်ရှူတာ တစ်ချက်တိုင်းမှာ အောက်ဆီဂျင်တွေကို ရယူပြီး အဆုတ်ထဲကနေ သွေးကြောတွေဆီ ပို့ဆောင်ပေးပါတယ်။ အသက်ရှင်သန်ဖို့အတွက် နှလုံးက အရေးကြီးသလို အဆုတ်ကလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံ နဲ့ ညစ်ညမ်းမှုတွေ ပိုများလာတဲ့ ပတ်ဝန်းကျင် အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါတယ်။ အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးသူတွေထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါတယ်။ အခုတစ်ခေါက်တော့ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ကျန်းမာတဲ့ အသက်ရှူလမ်းကြောင်းစနစ် ဆိုတာ

နေ့စဉ်နဲ့ အမျှ အသက်ရှူနေရတဲ့အတွက် အသက်ရှူလမ်းကြောင်းလေး ကျန်းမာနေဖို့ဆိုတာ အရေးကြီးပါတယ်။ ကျန်းမာတဲ့ အသက်ရှူလမ်းကြောင်းစနစ် လေး ဖြစ်ဖို့ ဘယ်လိုတွေ ထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတာ မျှဝေပေးလိုပါတယ်။ အသက်ရှူလမ်းကြောင်း က ဘာတာဝန်တွေ လုပ်ပေးလဲ။ အသက်ရှူလမ်းကြောင်းစနစ် က လေထဲက အောက်ဆီဂျင်ကို ရှူပြီး သွေးထဲကို ထည့်ပေးတယ်။ သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှားပြီး လေထုထဲကို ပြန်စွန့်ထုတ်ပေးတယ်။ ဒါကြောင့် အသက်ရှင်နေနိုင်တာပါ။ ကိုယ်ထဲကို ဝင်လာမယ့် ပိုးမွှားတွေ၊ ဖုန်တွေ၊ အမှုန်တွေကို ချောင်းဆိုး၊ နှာချေပြီး ရှင်းထုတ်ပေးတယ်။ ချွဲတွေနဲ့ ကပ်ပြီး ရှင်းလင်းပေးတယ်။ ရှူလိုက်တဲ့ လေကို ခန္ဓာကိုယ်နဲ့ သဟဇာတဖြစ်အောင် ပူနွေးစွတ်စိုစေတယ်။ အသက်ရှူလမ်းကြောင်းလေး နေမကောင်းဖြစ်တဲ့အခါ ဒီလို တာဝန်တွေကို ထမ်းရွက်နေတဲ့အတွက် အသက်ရှူလမ်းကြောင်းစနစ် နေမကောင်းဖြစ်တဲ့အခါ ပြင်ပက ရောဂါပိုးတွေ ဝင်လာမှာပါ။ သာမန် နှာစေး၊ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အသက်ရှူလမ်းကြောင်း စနစ်ရဲ့ အရေးပေါ်လက္ခဏာများ

ဝေဒနာတစ်ခုခံစားရတဲ့အခါ တချို့သောလက္ခဏာတွေက ခဏစောင့်ကြည့်လို့ရတယ်။ ဆေးသိပ်ကုစရာမလိုဘဲ သူ့ဟာသူသက်သာသွားတာတွေ ရှိတယ်။ တချို့လက္ခဏာတွေကျတော့ အိမ်တွင်းနည်းလမ်းတွေနဲ့ ပျောက်ကင်းသွားတာရှိတယ်။ တချို့လက္ခဏာတွေကျတော့ မြန်နိုင်သမျှ မြန်မြန်ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူမှ နောက်ဆက်တွဲတွေ မခံစားရဘဲ သက်သာလာနိုင်တာတွေ ရှိတယ်။ ဒီလိုလက္ခဏာတွေက ခန္ဓာကိုယ်ရဲ့ စနစ်တိုင်း စနစ်တိုင်းမှာ ရှိပါတယ်။ အရေးကြီးလက္ခဏာတွေလို့ ခေါ်ပါတယ်။ ခုပြောမှာက အသက်ရှူလမ်းကြောင်းရဲ့ အရေးကြီးလက္ခဏာတွေပါ။ ဒီလက္ခဏာတွေရှိနေရင် ဆရာဝန်နဲ့ ပြသဖို့ ဝန်မလေးပါနဲ့။ အသက်ရှူလမ်းကြောင်းစနစ်ရဲ့ အရေးပေါ်လက္ခဏာများ နာတာရှည်ချောင်းဆိုး ချောင်းဆိုးတာက ရက်ပိုင်းလောက် မဟုတ်ဘဲ လနဲ့ချီနေပြီဆိုရင် ဒါဟာ နာတာရှည်ချောင်းဆိုးလို့ သတ်မှတ်ပါတယ်။ ၈ပတ်နဲ့အထက် ဆိုးတဲ့ ချောင်းတွေပေါ့။ ဒါဆိုရင်တော့ သလိပ်ပါပါ မပါပါ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ သင့်အသက်ရှူလမ်းကြောင်းမှာ ရောဂါတစ်ခုခုရှိနေပါပြီ။ မောတာ လေ့ကျင့်ခန်းလုပ်လို့၊ အထပ်မြင့်တွေ တက်လို့ မောတာက သာမန်ပါပဲ။ ဒီလိုမဟုတ်ဘဲ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ဒီလက္ခဏာတွေ ရှိနေရင် သင့်အသက်ရှူလမ်းကြောင်းမှာ ပြဿနာရှိနေပါပြီ

လူနာတွေကို ကုသတဲ့ နေရာမှာ ဆရာဝန်တွေ အနေနဲ့ တိကျတဲ့ ရောဂါကို အဖြေထုတ်နိုင်ဖို့အတွက် ရောဂါရာဇဝင်မေးမြန်န်းတာ၊ စမ်းသပ်တာ၊ လိုအပ်တဲ့ ဆေးစစ်ချက်တွေ ပြုလုပ်ရပါတယ်။ ဒါကြောင့် လူနာပြောတဲ့ ရောဂါရာဇဝင်ဟာ သိပ်ကို အရေးကြီးပါတယ်။လူနာပြောတဲ့အပေါ်မူတည်ပြီး ရောဂါက ဘယ်နားမှာ ဖြစ်နိုင်မလဲဆိုတာ ခန့်မှန်းရတာပါ။ ခုလည်း ဒီလိုပါပဲ။ လူနာက ဒီလက္ခဏာတွေ ခံစားရပါတယ်လို့ ပြောလာပြီဆိုရင် ယေဘုယျအားဖြင့် အသက်ရှူလမ်းကြောင်း မှာ ရောဂါတစ်ခုခုရှိနေတာ ဖြစ်နိုင်တယ်ဆိုပြီး ကောက်ချက်ချရပါတယ်။ ဒီလက္ခဏာတွေ ရှိနေရင် သင့်အသက်ရှူလမ်းကြောင်းမှာ ပြဿနာရှိနေပါပြီ မောတာ မောတာဆိုတာရဲ့ ရင်းမြစ်က အောက်ဆီဂျင်မလုံလောက်လို့ပါပဲ။ အသက်ရှူမဝတာကြောင့်ပေါ့။ အသက်ရှူလမ်းကြောင်းမှာ ရောဂါရှိနေတဲ့ လူနာတော်တော်များများဟာ ဒီပြဿနာနဲ့ လာတတ်ပါတယ်။ မောတယ်ဆိုတာ အသက်ရှူလမ်းကြောင်းရောဂါတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ နှလုံးကြောင့်လည်း မောနိုင်တယ်၊ ရင်ဘတ်ကြွက်သားတွေ နာနေလို့ အသက်မရှူနိုင်ဘဲ မောတာရှိမယ်။ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး အသက်ရှူလမ်းကြောင်းရောဂါ များ

မြန်မာနိုင်ငံမှာ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုတွေ၊ အိမ်တွင်းလေထုညစ်ညမ်းမှုတွေ၊ ဆေးလိပ်သောက်သူတွေ များတဲ့အတွက် အသက်ရှူလမ်းကြောင်းရောဂါ တွေလည်း အဖြစ်များပါတယ်။ CDCရဲ့ အဆိုအရဆိုရင် မြန်မာနိုင်ငံရဲ့ အဖြစ်အများဆုံး ရောဂါ ၁၀ခုမှာ နာတာရှည် လေပြွန်ကျဉ်းရောဂါက ထိပ်ဆုံးမှာ ရှိနေပြီး အသက်ရှူလမ်းကြောင်း အောက်ပိုင်း ရောင်ရမ်းတာက နံပါတ် ၆၊ ပန်းနာရင်ကြပ်က နံပါတ် ၇နဲ့ တီဘီက နံပါတ် ၉နေရာမှာ ရှိနေပါတယ်။ ဒီရောဂါတွေနဲ့ ပတ်သက်လို့ လူအများသိထားသင့်တာလေးတွေကို နည်းနည်းစီ မျှဝေပေးပါ့မယ်။ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး အသက်ရှူလမ်းကြောင်းရောဂါ များ နာတာရှည် လေပြွန်ကျဉ်းရောဂါ  Chronic obstructive pulmonary disease အတိုကောက် COPDလို့ ခေါ်တဲ့ ဒီရောဂါ မြန်မာနိုင်ငံရဲ့ ထိပ်သီးရောဂါပါတဲ့။ သူ့မှာ နာတာရှည် လေပြွန်ရောင်တာ (chronic bronchitis)ရယ်၊ လေအိတ်ကျယ်တာ (emphysema)ရယ်ဆိုပြီး […]


အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းရဲ့ လုပ်ငန်းတာဝန်များ

နေ့စဉ်အသက်ရှင်ဖို့အတွက် မဖြစ်မနေလုပ်ရတဲ့ အလုပ်တွေထဲမှာ အသက်ရှူတာလည်း ပါပါတယ်။ လုပ်ရတယ်လို့ ပြောပေမယ့် တကယ်တော့ သူ့ဟာသူ အလိုအလျောက် လုပ်နေတာပါ။ ဒီလိုအလိုအလျောက် အသက်ရှူနိုင်ဖို့ အသက်ရှူတဲ့ လုပ်ငန်းစဥ်ကို ဦးနှောက်က ထိန်းချုပ်ထားရပါတယ်။ အသက်ရှူတယ်ဆိုတာ အောက်စီဂျင်ကို ရှူပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူထုတ်တာကို အလွယ်နားလည်ကြပါတယ်။ ဒါပေမယ့် အသက်ရှူလမ်းကြောင်းက ဒါတစ်ခုတည်း လုပ်တာ မဟုတ်ပါဘူး။ ဒါ့ပြင် လေက နှာခေါင်းပေါက်ကနေပြီး အဆုတ်ထဲရောက်သွားတဲ့ လမ်းတစ်လျှောက်မှာ ဘာတွေ ဖြစ်သွားလဲဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းတာကြောင့် အတူတူ လေ့လာကြည့်ရအောင်။ အသက်ရှူလမ်းကြောင်းရဲ့ လုပ်ငန်းများ အသက်ရှူလမ်းကြောင်းက အသက်ရှူတာထက်ကို ပိုပါတယ်။ စကားပြောလို့ရအောင် လုပ်ပေးတယ်။ ရှူသွင်းလို့ ဝင်လာတဲ့ လေကြောင့် အသံအိုးမှာ ရှိတဲ့ အသံကြိုးတွေ တုန်ခါပြီး အသံထွက်လာတာပါ။ အနံ့ခံလို့ရစေတယ်။ နှာခေါင်းထဲမှာ ရှိတဲ့ အနံ့ခံဆဲလ်တွေ၊ အာရုံခံဆဲလ်တွေကြောင့် အနံ့တွေကို […]


အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းက ဘယ်ကစ ဘယ်မှာဆုံး

တစ်နေ့ တစ်နေ့ အသက်ရှင်ဖို့ အောက်ဆီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ထုတ်ပေးနေတဲ့ အသက်ရှူလမ်းကြောင်းဆိုတာ ဘယ်လိုများပါလိမ့်။ ရှူလိုက်တဲ့ လေတွေဟာ ဘယ်နေရာတွေကို ဖြတ်သွားပြီး ကိုယ်ထဲမှာ ဘာလုပ်ပစ်လိုက်လဲဆိုတာ မသိချင်ကြဘူးလား။ အသက်ရှူလမ်းကြောင်းရဲ့ အလုပ်လုပ်ပုံကိုတော့ နောက်ဆောင်းပါးမှာ ပြောပြပါ့မယ်။ ဒီ့မတိုင်ခင်မှာတော့ အသက်ရှူလမ်းကြောင်းမှာရှိတဲ့ အင်္ဂါရပ်တွေ အကြောင်းကို အရင်သိထားဖို့ လိုပါမယ်။ အသက်ရှူလမ်းကြောင်းကို အပေါ်ပိုင်းနဲ့ အောက်ပိုင်းရယ်ဆိုပြီး နှစ်ခုခွဲထားပါတယ်။ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း အပေါ်ပိုင်းက နှာခေါင်းကနေ အသံအိုးအထိပါ။ နှာခေါင်း နှာခေါင်းက အသက်ရှူလမ်းကြောင်းရဲ့ ဝင်ပေါက်ပါပဲ။ ဒီကနေ လေစဝင်မှာပါ။ နှာခေါင်းမှာ နှာခေါင်းမွေးတွေနဲ့ အချွဲတွေ ရှိပါတယ်။ ဒါတွေက ပြင်ပလာဝင်လာတဲ့ အမှုန်တွေ၊ ဖုန်တွေ၊ ဓာတ်မတည့်ဖြစ်စေနိုင်တဲ့ အရာတွေကို အဆုတ်ထဲ ရောက်မသွားအောင် စီးပြီး ဖယ်ရှားပစ်ပါတယ်။ ဒါ့ပြင် ရှူလိုက်တဲ့ လေကိုလည်း စိုထိုင်းစများပြီး […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကြပ် ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ပန်းနာရင်ကြပ် သမားတွေရဲ့ ၃၀ရာနှုန်းကနေ ၇၀ရာနှုန်းလောက်ဟာ နေ့ဘက်ထက် ညဘက်မှာ ပိုပြီးရင်ကျပ်တတ်ကြပါတယ်။ ညဘက်မှာ ရင်ကြပ်ခြင်း၊ အမောထဖောက်ခြင်းတို့ဟာ နေ့ဘက်ထက်စာရင် ပိုပြီးကသိကအောက်ဖြစ်စေမယ့်အပြင် တချို့လူတွေအတွက်ဆို ချက်ချင်းကုသမှုခံယူဖို့လိုအပ်စေပါတယ်။ ညဘက်မှာ ပန်းနာရင်ကြပ်ထဖောက်ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းများကတော့ (၁) ဓာတ်မတည့်မှုဖြစ်စေသောအရာများနှင့် ထိတွေ့မှုများခြင်း ဓာတ်မတည့်စေသောအရာဟာ အိပ်ရာပေါ်က ကြမ်းပိုးဖြစ်နိုင်သလို အခန်းထဲမှာရှိနေတဲ့ ဖုန်မှုန့်နှင့် ကြောင်အမွေးတွေလည်း ဖြစ်နိုင်ပါတယ်။ သင့်အနေနှင့် ညအိပ်ချိန်မှာ အနည်းဆုံး၇နာရီလောက်တော့ အခန်းထဲမှာ နေဖြစ်နေတဲ့အတွက် မိမိအခန်းထဲမှာ ခုနကလို ဓာတ်မတည့်စေတဲ့အရာတွေရှိနေရင်တော့ သင်အိပ်ပျော်ဖို့ကြိုးစားချိန်မှာပဲ အသက်ရှူကျပ်ခြင်းနှင့် အသက်ရှူစဉ် တရွီရွီအသံများမြည်လာခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။ (၂) ပက်လက်အိပ်စက်ပုံကြောင့် အစာအိမ်အက်ဆစ်များအထက်သို့ ဆန်တက်ခြင်း ပက်လက်အိပ်တဲ့အခါမှာ အစာအိမ်တွင်းရှိ အက်ဆစ်တွေဟာ အစာရေမျိုကနေတဆင့်အထက်သို့ဆန်တက်ပြီးနောက် အသက်ရှူလမ်းကြောင်းတွင်းသို့ ဝင်မိပြီး ချောင်းဆိုးစေပါတယ်။ ဒီလို အစာအိမ်အက်ဆစ်တွေဟာ လေပြွန်တွေကို ကျုံ့စေပြီး အသက်ရှူကျပ်စေပါသေးတယ်။ (၃) နှာခေါင်းအနောက်ဖက်ကနေ နှာရည်ကျခြင်း သင်လဲလျောင်းစဉ်မှာ နှာခေါင်းအတွင်းရှိနှာရည်တွေဟာ လည်ချောင်းတွေထဲ စီးဆင်းစေပြီး […]


အအေးမိဖျားနာခြင်း

ဖျားနေရင် အမြန်ဆုံး သက်သာစေဖို့

ခုကာလ နေထိုင်မကောင်းရင်တောင် နေမကောင်းဘူးလို့ ကျယ်ကျယ် မညည်းတွားရဲဘူး။ အကြောင်းကတော့ ဖျားနာနိုင်တဲ့ အကြောင်းအရင်း အမျိုးမျိုး ရှိပေမယ့် ဖျားတယ်ဆိုရင် လူအများ သတ်မှတ်လိုက်တာက ကိုဗစ်လေလားဆိုတဲ့ ခန့်မှန်းမှုကိုး။ ဒီလိုဆိုတော့ ဖျားနေရင်တောင် အသံမထွက်ရဲဘူးလေ။ ကိုယ်တိုင်လည်း ငါ ကိုဗစ်များ အကူးခံရတာလားဆိုပြီး စိုးရိမ်နေတော့တာပေါ့။ တကယ်က အဖျားရှိတာ၊ နေမကောင်းတာက ကိုဗစ်ကြောင့် မဟုတ်တဲ့ အခြား အကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီကာလမှာဆိုရင် ရာသီတုပ်ကွေး ရှိနိုင်သလို သာမန်ဖျားနာတာမျိုးလည်း ရှိနိုင်ပါတယ်။ ဖျားတိုင်း ကိုဗစ်မဟုတ်ပါဘူး။ ဒီတော့ ဖျားနာတဲ့အခါ ကိုဗစ်သံသယလူနာရယ်လို့ အထင်မှား မခံရစေဖို့ ဘယ်လိုအချက်လေးတွေကို လိုက်နာရမလဲဆိုတာ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားမယ်နော်။ ဖျားနေပြီဆို မြန်မြန် သက်သာစေဖို့ လူတစ်ယောက်ကို ဖျားစေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးပါ။ ကိုဗစ်ကြောင့် ဖျားနိုင်သလို စိတ်ဖိစီးတာ၊ ပင်ပန်းမှုဒဏ်၊ ရာသီတုပ်ကွေးဗိုင်းရပ်စတာတွေကြောင့်လည်း […]


အအေးမိဖျားနာခြင်း

ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ

ကိုယ်ခံအားစနစ်ဆိုတာ ဘာလဲ။ ပြင်ပကနေ အကြောင်းအမျိုးမျိုးနဲ့ ဘက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေ၊ ကပ်ပါးပိုးကောင်တွေ၊ ဗိုင်းရပ်စ်တွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတတ်ပါတယ်။ ဒီပိုးတွေဟာ ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ပြီး ဖျားနာစေနိုင်တယ်၊ အားအင်ကုန်ခမ်းစေတယ်၊ အလုပ်တာဝန်တွေ ပျက်ယွင်းစေတယ်၊ ရောဂါတွေ ဖြစ်စေတယ်၊ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်နှုန်းကိုလည်း နှေးကွေးစေတယ်၊ ဒါ့အပြင် စောစောစီးစီး သေဆုံးနိုင်သည်အထိ ဒုက္ခပေးနိုင်ပါတယ်။ ဒီလို မဖြစ်ရအောင် ကာကွယ်ပေးဖို့အတွက် ကိုယ်ခံအားစနစ်က ကြံ့ခိုင်နေဖို့လိုပါတယ်။ ခန္ဓာကိုယ် နေရာအနှံ့မှာ ရှိတဲ့ ကိုယ်ခံအားစနစ်တွင်းက ဆဲလ်များ၊ တစ်ရှူးများဟာ ခန္ဓာကိုယ်ထဲကို ဝင်လာသမျှ ရောဂါပိုးတွေကို ခုခံပေးတယ်၊ ရောဂါပိုးတွေ ထပ်ပြီး ပွားများခြင်းမရှိအောင် ထိန်းချုပ်တယ်၊ ရောဂါပိုးတွေရဲ့ ဆဲလ်နံရံတွေကို ဖျက်ဆီးပြီး အားလျော့စေပါတယ်။ ဒီအတွက် ကိုယ်ခံအားစနစ်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် အခန်းကဏ္ဍကနေ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းဆိုးတာကို အိမ်မှာပဲ သက်သာအောင် လုပ်ချင်တယ်ဆိုရင်

မိုးရွာတာ စိပ်ပြီး ရာသီဥတုလေးလည်း အေးလာတဲ့အခါကျတော့ ခန္ဓာကိုယ်က အပရိက နာဖျားမှုလေးတွေ ဖြစ်လာတာပေါ့။ ဒီထဲမှာ ချောင်းဆိုးတာလည်း တစ်ခုအပါအဝင်ပါပဲ။ ချောင်းခြောက်ဆိုးတဲ့သူလည်း ရှိသလို ချွဲထတဲ့သူလည်း ရှိတာပေါ့။ ဒီလိုအချိန်မှာ ဆေးရုံ ဆေးခန်း မသွားချင်သေးဘူးဆိုရင် အိမ်မှာတင် သက်သာအောင် ဘယ်လိုလုပ်နိုင်မလဲ။ နည်းလမ်းကောင်းလေးတွေ မျှဝေပေးလိုပါတယ်။ ချောင်းဆိုးခြင်းအတွက် အိမ်တွင်းနည်းလမ်းများ ပျားရည် ပျားရည်စစ်စစ် တစ်ဇွန်း၊ နှစ်ဇွန်းလောက် သောက်ပေးတာက ပိုးတွေကို သေစေပြီး ချောင်းဆိုးတာကို သက်သာစေပါတယ်။ ဒါပေမယ့် တစ်နှစ်အောက် ကလေးတွေကိုတော့ ပျားရည်မတိုက်ပါနဲ့။ အခန့်မသင့်ရင် အဆိပ်သင့်တတ်ပါတယ်။ အရည်ပူပူလေးတွေ သောက်ပေးပါ။ ရေနွေးကြမ်းတွေ၊ စွပ်ပြုတ်ပူပူလေးတွေ နှစ်သက်ရာ သောက်ပေးနိုင်ပါတယ်။ ဘာမှမရှိရင်တောင် ရေနွေးအဖြူကို ပူပူလေး သောက်ပေးပါ။ တစ်နေကုန် တစိမ့်စိမ့်သောက်နေတာက လည်ချောင်းထဲက ချွဲတွေပျော်စေသလို ချောင်းဆိုးရလွန်းလို့ လည်ချောင်းနာတာကိုလည်း သက်သာစေပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း