အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ် လို့ ပြောလိုက်ရင် အသက်ရှူတာထက် ပိုပြီးဘာကိုမှ မတွေးကြပါဘူး။ အဆုတ်က အသက်ရှူရုံတင် အသုံးဝင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဆုတ်က တစ်နေ့တာမှာ အကြိမ်ရေ ၂၅၀၀၀ လောက် အသက်ရှူပါတယ်။ အသက်ရှူတာ တစ်ချက်တိုင်းမှာ အောက်ဆီဂျင်တွေကို ရယူပြီး အဆုတ်ထဲကနေ သွေးကြောတွေဆီ ပို့ဆောင်ပေးပါတယ်။ အသက်ရှင်သန်ဖို့အတွက် နှလုံးက အရေးကြီးသလို အဆုတ်ကလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံ နဲ့ ညစ်ညမ်းမှုတွေ ပိုများလာတဲ့ ပတ်ဝန်းကျင် အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါတယ်။ အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးသူတွေထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါတယ်။ အခုတစ်ခေါက်တော့ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

ပန်းနာရင်ကျပ်

အလုပ်သွားတိုင်း ပန်းနာရင်ကြပ် ဖောက်နေပြီဆိုရင်

ပန်းနာရင်ကြပ် အမျိုးအစားတွေထဲမှာ တချို့က ထူးထူးခြားခြား လုပ်ငန်းခွင်က ပစ္စည်းတွေကြောင့် ပန်းနာရင်ကြပ်ထဖောက်တတ်တဲ့သူတွေလည်း ရှိပါတယ်။ ဒါကို occupational asthmaလို့ ခေါ်ပါတယ်။ အလုပ်လုပ်နေသရွေ့ အချိန်မရွေး ပန်းနာရင်ကြပ်ထဖောက်နိုင်တာကြောင့် ဆောင်ရန် ရှောင်ရန်တွေကို သိထားဖို့လိုပါတယ်။ လုပ်ငန်းခွင်ရောက်တိုင်း ဘာကြောင့် ပန်းနာရင်ကြပ် ထဖြစ်တာလဲ။ ဖြစ်နိုင်တဲ့အကြောင်းအရင်း ၃ခုရှိပါတယ်။ ဓာတ်မတည့်တာကြောင့် - ဒါကတော့ ဓာတ်မတည့် ပန်းနာရင်ကြပ်အမျိုးအစားထဲကို ပါသွားမှာပါ။ အလုပ်က ပစ္စည်းတွေနဲ့ ကိုယ်နဲ့ ဓာတ်မတည့်လို့ကို ဖြစ်တာပါ။ လေပြွန်တွေကို ကသိကအောက်ဖြစ်စေတာကြောင့် - ဥပမာ အမှုန်တွေ၊ မီးခိုးငွေ့တွေကြောင့် ခန္ဓာကိုယ်နဲ့ ဓာတ်ပြုတာ - လုပ်ငန်းခွင်က ပစ္စည်းတွေနဲ့ ခန္ဓာကိုယ်နဲ့ ဓာတ်ပြုပြီး ဟစ်တမင်းလို့ခေါ်တဲ့ ဓာတ်ပစ္စည်းတွေ ထွက်စေလို့ ကြပ်တာပဲ ဖြစ်ပါတယ်။ ဘယ်လိုလူမျိုးတွေမှာ အတွေ့ရများသလဲ။ များသောအားဖြင့်တော့ ပေါင်မုန့်ဖုတ်တဲ့သူတွေ ဆေးဝါးစက်ရုံကသူတွေ လယ်သမားတွေ […]


ပန်းနာရင်ကျပ်

ဓာတ်မတည့်တာ မရှိဘဲ ပန်းနာရင်ကြပ် ထဖောက်နိုင်ပါသလား။

ပန်းနာရင်ကြပ် လူနာတစ်ယောက် ရောဂါဖောက်ပြီဆိုရင် သူတော့ မတည့်တာရှူမိပြီ။ ထိမိပြီလို့ ထင်တတ်ကြပါတယ်။ ပန်းနာရင်ကြပ်ရှိသူတွေရဲ့ ၆၀ရာခိုင်နှုန်းလောက်က ဓာတ်မတည့်ပန်းနာရင်ကြပ်အမျိုးအစား ဖြစ်တာကြောင့် ဒီလိုထင်တာ ဆန်းတော့ မဆန်းပါဘူး။ ဒါပေမယ့် ပန်းတာရင်ကြပ်လို့ဆိုတိုင်း ဓာတ်မတည့် ပစ္စည်းတစ်ခုခု ရှိရမယ်လို့ မဆိုလိုပါဘူး။ တချို့က ဓာတ်မတည့်တဲ့ ပစ္စည်းမရှိပေမယ့်လည်း ထကြပ်တတ်ပါတယ်။ ကံကောင်းတာက ဒါက လူနည်းစုပါပဲ။ ဓာတ်မတည့်တာကြောင့် မဟုတ်တဲ့ ပန်းနာရင်ကြပ်ဆိုတာ (Non allergic asthma) ဒီအမျိုးအစားက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အသက်ကြီးတဲ့သူတွေမှာ အတွေ့ရများပါတယ်။ ဓာတ်မတည့်အမျိုးအစားထက် ပိုပြင်းထန်ပါတယ်။ ဓာတ်မတည့်ပန်းနာရင်ကြပ်နဲ့ ဘာကွာသလဲဆိုတော့ ဓာတ်မတည့်ပန်းနာရင်ကြပ်က သူနဲ့ မတည့်တဲ့ အလာဂျင်ဝင်လာပြီဆိုရင် ခုခံအားက အလွန်အကျွံတုံ့ပြန်တာကြောင့် တစ်ကိုယ်လုံးမှာ IgEလို့ ခေါ်တဲ့ ခုခံအားပစ္စည်းတွေ ထွက်လာပြီး ပန်းနာရင်ကြပ်ထဖောက်ပါတယ်။ ဓာတ်မတည့်တာကြောင့် မဟုတ်တဲ့ ပန်းနာရင်ကြပ်အမျိုးအစားမှာတော့ IgEက လေပြွန်အတွင်းထဲမှာပဲ […]


ပန်းနာရင်ကျပ်

ဓာတ်မတည့် ပန်းနာရင်ကြပ်

ပန်းနာရင်ကြပ် ရောဂါနဲ့ ပတ်သတ်ရင် လူတော်တော်များများက သူနဲ့ မတည့်တာကို ရှူမိတာကြောင့် ထင်တတ်ကြပါတယ်။ တကယ်တမ်းကြတော့ ဒီလိုမတည့်တာကြောင့် ပန်းနာရင်ကြပ်ထတာက ပန်းနာရင်ကြပ်အမျိုးအစားတွေထဲက တစ်ခုပါပဲ။ တခြားအမျိုးအစားတွေ အများကြီး ရှိပါသေးတယ်။ ဓာတ်မတည့် အလာဂျီရှိတဲ့ သူတိုင်းက ပန်းနာရင်ကြပ်ရောဂါ မရှိကြပါဘူး။ ဒီလိုပဲ ပန်းနာရင်ကြပ်သမားတိုင်းမှာလည်း ဓာတ်မတည့် ပြဿနာ ရှိချင်မှရှိတာပါ။ ဓာတ်မတည့်တာနဲ့ ပန်းနာရင်ကြပ်က ဆက်စပ်မှုရှိပေမယ့် တစ်ခုရှိရင် နောက်တစ်ခုပါ လိုက်ရှိရမယ်လို့ ပုံသေသတ်မှတ်ထားတာမျိုး မဟုတ်ပါဘူး။ ဓာတ်မတည့်ဆိုတာ ဓာတ်မတည့်စေတဲ့ ပစ္စည်းကို အလာဂျင်လို့ခေါ်ပါတယ်။ ဓာတ်မတည့်ရောဂါကတော့ အလာဂျီပေါ့။ ဒီဓာတ်မတည့်စေတဲ့ ပစ္စည်းတွေက ရှူမိရာက၊ စားမိရာက၊ ထိတွေ့မိရာက ကိုယ်ထဲကို ရောက်ရှိပြီး ဓာတ်မတည့် ဖြစ်စဉ်ကို ဖြစ်စေပါတယ်။ ပန်းနာရင်ကြပ် ဆိုတာ ဘာကြောင့်ပဲ ကြပ်ကြပ် ပန်းနာရင်ကြပ်ရဲ့ သဘောတရားကတော့ အတူတူပါပဲ။ လေပြွန်တွေ အလွန်အကျွံတုံ့ပြန်တာကြောင့် လေပြွန်တွေကျဉ်းပြီး […]


အအေးမိဖျားနာခြင်း

မိုးမိလို့ ဖျားတယ်ဆိုတာ တကယ်လား၊ ဂျင်းသက်သက်လား

ကျွန်တော်တို့ ငယ်ငယ်တုန်းက မိုးရေထဲထွက်ဆော့ရင် အအေးမိဖျားနာ ဖြစ်လိမ့်မယ်ဆိုပြီး လူကြီးမိဘတွေ ပြောဆိုခဲ့တာ မှတ်မိမယ်ထင်ပါတယ်။ ပြောစကားနားမထောင်ပဲ မိုးရေထဲ ထွက်ဆော့မိလို့ ဖျားပြီဆိုရင် စကားနားမထောင်ရကောင်းလား ဆိုပြီး ဆူခံထိတာလည်း ခဏခဏပါပဲ။ အဲ့လိုနဲ့ပဲ အအေးမိဖျားနာတာဟာ မိုးမိတာရဲ့ သက်ရောက်မှုဆိုပြီး လူတွေက ထင်လာကြပါတယ်။ ဒါဆိုရင် တချို့သူတွေက မိုးမိလျက်နဲ့ ဘာလို့ မဖျားနာတာလဲလို့ မေးစရာ ဖြစ်လာပါတယ်။ မိုးမိလို့ အအေးမိဖျားနာ ဖြစ်နိုင်လား။ လူအများစု ယုံကြည်ထားကြတဲ့ မိုးမိလို့ အအေးမိဖျားနာ ဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး။ သာမန် အအေးမိခြင်းဟာ Rhinovirus လို့ ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးအပြင် တခြားသော ပိုးပေါင်း ၂၀၀ကျော်ကနေ တစ်ဆင့် ကူးဆက်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ အလွန်အမင်း မောပန်းနေတဲ့အချိန်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတဲ့အချိန်မှာ ကိုယ်ခံအားကျဆင်းနေတဲ့အတွက် ပိုးဟာ […]


ပန်းနာရင်ကျပ်

လူကြီး ပန်းနာရင်ကြပ် အကြောင်း

ပန်းနာရင်ကြပ် ဆိုတာ ကလေးဘဝတည်းက စဖြစ်တယ်လို့ လူအများ သိထားကြပါတယ်။ ကလေးဘဝတည်းက ဂေါက်လေး တရှူရှူနဲ့ပေါ့။ တကယ်တော့ ပန်းနာရင်ကြပ်မှာ အမျိုးအစားတွေ အများကြီး ရှိပါတယ်။ ဒီထဲမှာ ကလေးဘဝမှာ ဘာမှမဖြစ်ဘဲ လူကြီးဖြစ်တော့မှ (ကြီးကောင်ဝင်တော့မှ) ပန်းနာရင်ကြပ်ထဖြစ်ကြတာတွေလည်း ရှိပါတယ်။ အလွယ်ပြောရင် လူကြီးပန်းနာရင်ကြပ်ပေါ့။ လူကြီးပန်းနာရင်ကြပ် ဘာလို့ ဖြစ်တာလဲ။ ငယ်ငယ်တုန်းက အကောင်း ကြီးမှ ဘာကြောင့် ပန်းနာရင်ကြပ်ထဖြစ်တာလဲဆိုတာ ခုထိ မသိကြသေးပါဘူး။ အသက် ၂၀လောက်မှာ စဖြစ်တတ်ကြပါတယ်။ အများစုက ဓာတ်မတည့်တာနဲ့ ဆက်စပ်နေတာပါတယ်။ လူကြီးပန်းနာရင်ကြပ်ရဲ့ ၃၀ရာခိုင်နှုန်းလောက်က ဓာတ်မတည့်တာကြောင့်ပါတဲ့။ ALAအဆိုအရတော့ ၆လောက်မှာ ၁ယောက်လောက်က ပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်က ပစ္စည်းတွေကြောင့် ဖြစ်တာပါတဲ့။ ဒါကြောင့် အသက် ၄၅နှစ်နဲ့ ၆၄နှစ်အရွယ်တွေမှာ အများဆုံး တွေ့ရပါတယ်။ တချို့ကလည်း ငယ်ငယ်တုန်းက ဒီလို ဓာတ်မတည့်တဲ့ […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကြပ် အမျိုးအစားများ

ပန်းနာရင်ကြပ် လို့ ဆိုလိုက်ရင် သူ့မှာ အမျိုးအစားတွေ အများကြီး ရှိနေတဲ့အတွက် ကိုယ်က ဘယ်အမျိုးအစားလဲဆိုတာ သိထားတာ ပိုကောင်းပါတယ်။ ဒါမှ ကိုယ့်ရဲ့ ကုသမှုမှာ အများကြီး အထောက်အကူဖြစ်နိုင်ပါတယ်။ ဒါ့ပြင် ဆောင်ရန် ရှောင်ရန်တွေကို သေချာသိထားတာကြောင့် ထပ်ခါထပ်ခါ ရောဂါဖောက်မလာအောင်လည်း ကာကွယ်နိုင်မှာပါ။ ပန်းနာရင်ကြပ် ဆိုတာ အမျိုးအစားတွေ အရင်မပြောခင် ရောဂါအကြောင်း အကြမ်းဖျင်း ပြောပြချင်ပါတယ်။ ပန်းနာရင်ကြပ်ဆိုတာ နာတာရှည် ရောဂါဖြစ်ပြီး လေပြွန်တွေ ရောင်ရမ်းပြီး ကျဉ်းမြောင်းတဲ့ ရောဂါဖြစ်ပါတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ လေပြွန်ကျဉ်းတာကြောင့် အသက်ရှူရင် တရွှီရွှီမြည်တာ၊ မောတာ၊ ချောင်းဆိုးတာ၊ ရင်ဘတ်အောင့်တာတွေပဲ ဖြစ်ပါတယ်။ အမြစ်ပြတ်အောင် ကုလို့မရတဲ့အတွက် မတည့်တာတွေကို ရှောင်တာကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ ပန်းနာရင်ကြပ် အမျိုးအစားများ ကလေးပန်းနာရင်ကြပ် ဖြစ်ရတဲ့ အကြောင်းရင်းကို သေချာမသိသေးပေမယ့် မိဘမျိုးရိုးရှိတဲ့သူတွေ၊ […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ကျဉ်းရောဂါရဲ့ နောက်ဆက်တွဲ ရောဂါများ

နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)မှာ နာတာရှည် လေပြွန်ရောင်တာနဲ့ အဆုတ်လေအိတ်တွေ ပျက်စီးတာ နှစ်မျိုးရှိပါတယ်။ တချို့လူတွေမှာ တစ်ယောက်တည်းမှာပဲ နှစ်မျိုးတွဲနေတာ ဖြစ်တတ်ပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါမှာ အဆုတ်လေအိတ်နဲ့ လေပြွန်တွေ ပျက်စီးကုန်တာ ဖြစ်လို့ ပြန်ကောင်းဖို့ မလွယ်ပါဘူး။ ဒါဆို နာတာရှည် လေပြွန်ကျဉ်းရောဂါကို ဘာကြောင့် ကုနေရသလဲဆို လက်ရှိအခြေအနေထက် ပိုမဆိုးဖို့ရယ်၊ ခံစားရတဲ့ ဝေဒနာတွေ သက်သာအောင်ရယ်၊ သက်သောင့်သက်သာ လှုပ်ရှားသွားလာနိုင်အောင်ရယ်၊ နောက်ဆက်တွဲရောဂါတွေကို တတ်နိုင်သမျှ ကာကွယ်ဖို့ရယ်ပါ။ နာတာရှည် အဆုတ်ရောင်ရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေက ရောဂါကြီးတွေဖြစ်တာကြောင့် တတ်နိုင်သမျှ မဖြစ်အောင် ကာကွယ်ထားတာက ပိုကောင်းပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါရဲ့ နောက်ဆက်တွဲ ရောဂါများ နာတာရှည် လေပြွန်ကျဉ်းရောဂါရဲ့ နောက်ဆက်တွဲ ရောဂါများ ကတော့ အဆုတ်ပိုးဝင်တာ နဂိုတည်းက ပျက်စီးနေတဲ့ အဆုတ်ဖြစ်တာကြောင့် ပိုးဝင်ဖို့ လွယ်ကူပါတယ်။ ပိုးဝင်တဲ့အခါမှာလည်း […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ကျဉ်း ရောဂါအတွက် ကုသနည်းများ

နာတာရှည် လေပြွန်ကျဉ်း ရောဂါ (COPD)မှာ အဆုတ်တွေပျက်စီးလာတဲ့အတွက် ပြန်ကောင်းဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် ဒီတိုင်းထားရင် အခြေအနေပိုဆိုးလာရုံပဲ ရှိတာကြောင့် တတ်နိုင်သလောက် ကုသမှုတွေ လုပ်ပေးကြပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါကို ကုသရခြင်း ရည်ရွယ်ချက်ကတော့ ဒီထက် ပိုဆိုးမလာအောင်ရယ် ခံစားရတဲ့ ဝေဒနာ သက်သာအောင်ရယ် သာမန်လူလို လှုပ်ရှားသွားလာနိုင်ဖို့ရယ် နောက်ဆက်တွဲ ရောဂါတွေ ဝင်မလာဘဲ ကျန်းမာနေစေဖို့ရယ် ရောဂါထမဖောက်ဖို့ရယ် သက်တမ်းစေ့နေနိုင်ဖို့ရယ် ရည်ရွယ်ပါတယ်။ ဒါကြောင့် COPD လူနာတွေကို ကုသပေးရတာပါ။ ဆေးပညာတွေ တိုးတက်လာတာနဲ့အမျှ ဆေးကောင်း ဝါးကောင်းတွေ ပေါ်ထွက်လာတာကြောင့် COPDကို ကုသဖို့ နည်းလမ်းတွေ အများကြီး ရှိနေပါပြီ။ နာတာရှည် လေပြွန်ကျဉ်း ရောဂါအတွက် ကုသနည်းများ နာတာရှည် လေပြွန်ကျဉ်း ရောဂါအတွက် ကုသနည်းများ ကို အကြမ်းအားဖြင့်တော့ ဆေးဝါးများ အဆုတ်ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်း […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ကျဉ်းရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ

နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)ဟာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး အဆုတ်ရောဂါ ၁၀ခုထဲမှာ ပါပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါမှာ နာတာရှည် လေပြွန်ရောင်တာနဲ့ အဆုတ်လေအိတ်ငယ်များ ပျက်စီးတဲ့ ရောဂါဆိုပြီး နှစ်ခုရှိပါတယ်။ တချို့တွေမှာတော့ တစ်ယောက်တည်းမှာပဲ နှစ်ခုလုံး ဖြစ်နေတတ်ပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါက နာတာရှည်ရောဂါဖြစ်တဲ့အပြင် အပြီးပျောက်အောင် ကုသလို့ မရပါဘူး။ လေပြွန်တွေ၊ အဆုတ်တွေ ပျက်စီးကုန်တာကြောင့်ပါ။ ရေရှည်မှာ လူနာခံစားရတဲ့ ဝေဒနာတွေ သက်သာဖို့၊ ပိုဆိုးမလာဖို့၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်မလာဖို့၊ သာမန်လူလို သွားလာလှုပ်ရှားနိုင်ဖို့ ကုသပေးရပါတယ်။ ဒါကြောင့် နာတာရှည် လေပြွန်ကျဉ်းရောဂါဖြစ်မလာအောင် ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံး နည်းလမ်းပါပဲ။ ကံကောင်းတာက ရောဂါ ဖြစ်စေတဲ့ အချက်တွေ တော်တော်များများက ကြိုတင်ကာကွယ်လို့ ရနေတာပါပဲ။ ဒီတော့ နာတာရှည် လေပြွန်ကျဉ်းရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုကုသလို့ရသလဲ။

အသက်ရှူလမ်းကြောင်းတလျှောက်မှာ ရောဂါမျိုးစုံဖြစ်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါတစ်ခုခု ခံစားနေရပြီဆိုရင် “ငါ ကုလို့ ရပါ့မလား။ ဘယ်အလောက်ကြာအောင် ကုရမှာလဲ။ သောက်ဆေးလား။ ထိုးဆေးလား။ ခွဲရ စိတ်ရမှာလား “ စသဖြင့် စိုးရိမ်တတ်ပါတယ်။ ဒီဆောင်းပါးမှာ အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပြဿနာတွေနဲ့ သူတို့ရဲ့ ကုသနည်း အကြမ်းဖျင်းကို ပြောပြပေးပါ့မယ်။ အသက်ရှူလမ်းကြောင်း ရောဂါများ အသက်ရှူလမ်းကြောင်းရောဂါတွေကို အကြမ်းဖျင်း ၃မျိုးခွဲလိုက်လို့ ရပါတယ်။ လေပြွန်ကျဉ်း/ ပိတ်တဲ့ရောဂါ (Obstructive conditions) COPDလို့ ခေါ်တဲ့ နာတာရှည် လေပြွန်ကျဉ်းရောဂါ ပန်းနာရင်ကြပ်ရောဂါ လေပြွန်တွေကျယ်ပြီး ပြည်တွေနဲ့ ပြည့်နေတဲ့ ရောဂါ (Bronchiectasis) အဆုတ်က လေကောင်းကောင်း လက်မခံနိုင်တဲ့ ရောဂါ (Restrictive conditions) အဆုတ်ကင်ဆာ အဆုတ်အမာရွတ်တွယ်တာ (pulmonary fibrosis) ပိုးဝင်တာ အဆုတ်ရောင် တီဘီ ဒါတွေက မြန်မာနိုင်ငံမှာ အတွေ့ရများတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း