အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ် လို့ ပြောလိုက်ရင် အသက်ရှူတာထက် ပိုပြီးဘာကိုမှ မတွေးကြပါဘူး။ အဆုတ်က အသက်ရှူရုံတင် အသုံးဝင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဆုတ်က တစ်နေ့တာမှာ အကြိမ်ရေ ၂၅၀၀၀ လောက် အသက်ရှူပါတယ်။ အသက်ရှူတာ တစ်ချက်တိုင်းမှာ အောက်ဆီဂျင်တွေကို ရယူပြီး အဆုတ်ထဲကနေ သွေးကြောတွေဆီ ပို့ဆောင်ပေးပါတယ်။ အသက်ရှင်သန်ဖို့အတွက် နှလုံးက အရေးကြီးသလို အဆုတ်ကလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံ နဲ့ ညစ်ညမ်းမှုတွေ ပိုများလာတဲ့ ပတ်ဝန်းကျင် အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါတယ်။ အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးသူတွေထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါတယ်။ အခုတစ်ခေါက်တော့ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

အဆုတ်သွေးကြော သွေးခဲပိတ်ရောဂါ

အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း ဆိုတာ

အဆုတ်သွေးကြော သွေးခဲပိတ်ခြင်းဆိုတာ ခြေထောက် သွေးပြန်ကြော ဒါမှမဟုတ် တခြားနေရာက သွေးပြန်ကြောတစ်ခုခုမှာ သွေးခဲလေး ပိတ်နေပြီး ဒီသွေးခဲလေးက ပဲ့ထွက်လာခဲ့ရင် သွေးကြောအတိုင်း အဆုတ်ကို ရောက်လာပြီး အဆုတ်သွေးလွှတ်ကြောမှာ သွားပိတ်တတ်ပါတယ်။ ဒီလို ပိတ်တဲ့အတွက် အဆုတ်ကို သွေးရောက်တာနည်းပြီး အောက်စီဂျင်ကျလာပါတယ်။ သွေးပိုရအောင် အဆုတ်သွေးကြောတွေက ဖိညှစ်ရတဲ့ အတွက် သိပ်မကြာခင်မှာ အဆုတ်သွေးကြောမှာ ဖိအားတွေ များလာပါတယ်။ အဆုတ်သွေးကြော သွေးခဲပိတ်တာက အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်ပြီး အချိန်မီ မကုသနိုင်ရင် အသက်ဆုံးရှုံးတတ်ပါတယ်။ ဘာကြောင့် အဆုတ်သွေးကြော သွေးခဲပိတ်ရတာလဲ။ အဓိကကတော့ ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောကနေ သွေးခဲတာက စတာပါ။ deep vein thrombosis (DVT) လို့ ခေါ်ပါတယ်။ ဒီသွေးခဲကနေ အစိတ်အပိုင်းလေး ပြုတ်ထွက်ပြီး အဆုတ်သွေးကြောမှာ လာဆို့တာကြောင့်ပါ။ များသောအားဖြင့် အဆုတ်သွေးကြော တစ်ချောင်းမက ပိတ်ထာကို တွေ့ရတတ်ပါတယ်။ […]


ရာသီတုပ်ကွေး

တုပ်ကွေးရောဂါ နဲ့ပတ်သက်ပြီး သင်ဘယ်လောက် သိသလဲ။

တုပ်ကွေးရောဂါ ဆိုတာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ရောဂါပါ။ ရာသီတုပ်ကွေးဆို နှစ်တိုင်းကို ဖြစ်ပါတယ်။ ဖြစ်တဲ့အခါမှာ အများစုက မပြင်းထန်ဘဲ အလွယ်တကူပျောက်ကင်းပေမယ့် တချို့သူတွေမှာဆိုရင်တော့ အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်ပါတယ်။ တုပ်ကွေးနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲဆိုတာ မျှဝေပေးပါ့မယ်။ တုပ်ကွေးရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းများ တုပ်ကွေးက တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရလို့ ဖြစ်ပါတယ်။ တုပ်ကွေးဗိုင်းရပ်စ် အေ၊ ဘီ၊ စီ၊ ဒီဆိုပြီး ၄မျိုးရှိတဲ့အထဲက အေနဲ့ ဘီအုပ်စုက နှစ်စဉ် ရာသီတုပ်ကွေး ဖြစ်စေတဲ့ အမျိုးအစား ဖြစ်ပါတယ်။ တုပ်ကွေးမှာ ကမ္ဘာ့မြောက်ခြမ်း တုပ်ကွေး (Northern hemisphere flu)နဲ့ ကမ္ဘာ့တောင်ခြမ်း တုပ်ကွေး (Southern hemisphere flu)ဆိုပြီး ရှိပါတယ်။ မြောက်ခြမ်းတုပ်ကွေးက ၁၂လပိုင်းကနေ ၅လပိုင်းမှာ ဖြစ်တတ်ပါတယ်။ ဆောင်းတုပ်ကွေးပေါ့။ တောင်ခြမ်းတုပ်ကွေးကတော့ ၆လပိုင်းကနေ ၁၀လပိုင်းအထိ […]


လေပြွန်ပြည်တည်နာ

လေပြွန်များ ပျက်စီးခြင်း (Bronchiectasis)

လေပြွန်များ ပျက်စီးခြင်း ဆိုတာ ဘာလဲ။ အသက်ရှူလိုက်တယ်ဆိုရင် လေတွေက လေပြွန်တွေဖြတ်ပြီး အဆုတ်ထဲကို ရောက်လာပါတယ်။ လေပြွန်တွေ ပျက်စီးခြင်း ဆိုတာကတော့ လေပြွန်ရဲ့ နံရံတွေ ပြုပြင်မရအောင် ပျက်စီးပြီး ထူထဲလာတာပဲ ဖြစ်ပါတယ်။ ဒီလို ထူလာတာနဲ့အမျှ လေပြွန်ထဲက အချွဲတွေကို ကောင်းကောင်း မဖယ်ရှားနိုင်တော့တဲ့အတွက် တဖြည်းဖြည်းစုပုံလာပြီး ပိုးမွှားတွေ ပေါက်ဖွားလာပါတယ်။ ပိုးမွှားတွေ ပေါက်တဲ့အတွက် လေပြွန်တွေ ရောင်ရမ်းတယ်။ ကျဉ်းလာတယ်။ ကျဉ်းလာတဲ့အတွက် အချွဲတွေ ပြည့်လာတယ်။ ပိုးတွေ ထပ်ပေါက်တယ်။ ဒီလိုနဲ့ သံသရာလည်ပြီး နောက်ဆုံးမှာ လေပြွန်များ ပျက်စီးပြီး အဆုတ်စွမ်းဆောင်ရည်ပါ ကျလာပါတယ်။ ဒီလို ပျက်စီးတာက လေပြွန်တစ်ခု၊ နှစ်ခုပဲ ဖြစ်နိုင်သလို လေပြွန်အများကြီးလည်း ဖြစ်နိုင်ပါတယ်။ ပျက်စီးတဲ့ လေပြွန်များလေလေ ရောဂါက ပိုပြင်းထန်လေလေပါပဲ။ ဘာကြောင့် လေပြွန်များ ပျက်စီးခြင်း […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ရောဂါ အကြောင်း သိကောင်းစရာ

ပန်းနာရင်ကျပ်ရောဂါ က မြန်မာနိုင်ငံရဲ့ အဖြစ်အများဆုံး အသက်ရှူလမ်းကြောင်းရောဂါတွေထဲမှာ နံပါတ် ၆ချိတ်ပါတယ်။ မျိုးရိုးလည်း လိုက်တတ်တာကြောင့် အဖြစ်များတဲ့ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ပန်းနာရင်ကျပ်နဲ့ ပတ်သက်ပြီး ဘယ်လိုအချက်အလက်တွေက သိထားသင့်သလဲဆိုတာ မျှဝေပေးလိုပါတယ်။ ပန်းနာရင်ကျပ်ရောဂါ ဆိုတာ ပန်းနာရင်ကျပ်ဆိုတာ လေပြွန်တွေ ရောင်ရမ်းတဲ့ရောဂါပါ။ လေပြွန်တွေ ရောင်ရမ်းတဲ့အတွက်ကြောင့် ကျဉ်းမြောင်းလာပြီး ချွဲတွေနဲ့ ပြည့်လာတာကြောင့် အသက်ရှူရကျပ်လာပြီး တရွှီရွှီနဲ့ မောလာပါတယ်။ နာတာရှည်ရောဂါဖြစ်ပြီး အမြစ်ပြတ်ကုသဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာရင်တော့ လူကောင်းအတိုင်း နေသွားနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါ ဘာကြောင့်ဖြစ်တာလဲ။ ပန်းနာရင်ကြပ် ဘာကြောင့် ဖြစ်တာလဲဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ မျိုးဗီဇနဲ့ ပတ်ဝန်းကျင်က အချက်အလက်တွေကြောင့်လို့ပဲ ယူဆထားကြပါတယ်။ ဒါပေမယ့် ပန်းနာရင်ကျပ်သမားတွေမှာ ရင်ကျပ်ထစေတဲ့ ပစ္စည်းလေးတွေ ရှိပါတယ်။ ဒါကို triggersလို့ ခေါ်ပါတယ်။ ဥပမာ […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ရောဂါကို ဘယ်လိုကုသနိုင်သလဲ။

ပန်းနာရင်ကျပ် ရောဂါကို ကုသတာက တခြားရောဂါတွေနဲ့ သိပ်မတူပါဘူး။ လူနာတစ်ယောက်နဲ့ တစ်ယောက် ခံစားရတာခြင်း မတူတာရော၊ တစ်ယောက်တည်းမှာတောင် တစ်ခေါက်နဲ့ တစ်ခေါက် ပြင်းထန်ပုံခြင်း မတူတာကြောင့် ကုသမှုကို လက္ခဏာအလိုက် စနစ်တကျ သတ်မှတ်ထားပါတယ်။ ဒါကို Stepwise managementလို့ ခေါ်ပါတယ်။ လက္ခဏာပေါ်၊ ပြင်းထန်မှုပေါ်လိုက်ပြီး အတိုးအလျော့ လုပ်ပြီး ကုသတာပါ။  ပန်းနာရင်ကျပ်နဲ့ ပတ်သက်ပြီး guidelinesတွေ အများကြီးရှိပါတယ်။ တစ်ခုနဲ့ တစ်ခု အနည်းငယ်ဆီကွဲပြားပေမယ့် အခြေခံအချက်တွေကတော့ အတူတူပဲ ဖြစ်ပါတယ်။ ခုမှီငြမ်းထားတာကတော့ ၂၀၁၆က ထွက်ထားတဲ့ American Family Physician guidelines ပဲ ဖြစ်ပါတယ်။ ပန်းနာရင်ကျပ် ပြင်းထန်ပုံ အဆင့်ဆင့် ကုသနည်းတွေကို မပြောခင် ပြင်းထန်ပုံအဆင့်ဆင့်ကို အရင်သိထားရပါမယ်။ ရောဂါအဆင့်ကို လိုက်ပြီး ကုသမှုတွေ ပေးရတာကြောင့်ပါ။ မွေးစက […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ရောင်ရမ်းခြင်းရဲ့ လက္ခဏာများ

နာတာရှည် လေပြွန်ရောင်ရမ်းခြင်းဆိုတာ နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းရောဂါ (COPD)ရဲ့ ရောဂါအခွဲတစ်ခုပါပဲ။ ဆေးလိပ်သောက်တဲ့သူတွေမှာ အဖြစ်များပါတယ်။ အဆုတ်အားနည်းနေတာကြောင့် မကြာခဏလည်း ပိုးဝင်လွယ်ပါတယ်။ နာတာရှည်ရောဂါဆိုပေမယ့် တစ်ချက် တစ်ချက် ထဖောက်တာမျိုးလည်း ရှိတတ်ပါတယ်။ နာတာရှည် လေပြွန်ရောင်ရမ်းခြင်းရဲ့ လက္ခဏာများ ကလည်း သိသာပါတယ်။ နာတာရှည် လေပြွန်ရောင် ရောဂါလို့ သတ်မှတ်ဖို့ဆိုရင် တစ်နှစ်ကို အနည်းဆုံး ၃လလောက် ချောင်းဆိုး ချွဲကြပ်ဖြစ်ရပါမယ်။ နှစ်နှစ် ဆက်တိုက်ဖြစ်ရပါမယ်။ ဒီလိုချောင်းဆိုးတာကလည်း တီဘီတို့ တခြားအဆုတ်ရောဂါတို့ကြောင့် မဖြစ်ရပါဘူး။ နာတာရှည် လေပြွန်ရောင်ရမ်းခြင်းရဲ့ လက္ခဏာများ ခဏခဏ လေပြွန်ကို ထိခိုက်ပြီး ရောင်ရမ်းစေတဲ့အတွက် ကြာလာတဲ့ လေပြွန်ပျက်စီးပြီး အောက်ကလက္ခဏာတွေ ပေါ်လာပါတယ်။ ချောင်းဆိုး ချွဲကြပ်တာ အတွေ့ရအများဆုံး လက္ခဏာပါပဲ။ နေ့တိုင်းနီးပါးနဲ့ ၃လလောက် ဆိုးနိုင်ပါတယ်။ ဘယ်လောက်ဆိုးမှာလဲ။ ချွဲဘယ်လောက်ထွက်မှာလဲကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ရောဂါ ရှိမှန်း ဘယ်လိုသိနိုင်မလဲ။

ချောင်းဆိုးတယ်၊ မောတယ်၊ အသက်ရှူရင် တရွှီရွှီမြည်တယ် စတဲ့ လက္ခဏာတွေ ရှိရုံနဲ့ ပန်းနာရင်ကျပ်ရောဂါ ပါလို့ တန်းပြီး သတ်မှတ်လို့ မရပါဘူး။ ဒီလက္ခဏာတွေက တခြား အသက်ရှူလမ်းကြောင်းရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။ ပန်းနာရင်ကျပ် ဟုတ်မဟုတ် သေချာချင်တယ်ဆိုရင် ကျွမ်းကျင်တဲ့ အဆုတ်နဲ့ ရင်ခေါင်းအထူးကုဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေတာ အကောင်းဆုံးပါပဲ။ ဒါမှ ရောဂါအမှန်ကို သိရပြီး ကုသမှု လမ်းမလွဲမှာ ဖြစ်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါ ရှိမှန်း ဘယ်လိုသိနိုင်မလဲ။ ပန်းနာရင်ကျပ်လို့ သတ်မှတ်ဖို့ ဆိုရင် ဆေးပညာမှာ ရောဂါတစ်ခု ရှာဖွေမယ်ဆိုရင် အဆင့် ၃ဆင့် လိုပါတယ်။ လူနာကို ရောဂါရာဇဝင်မေးမြန်းတာရယ်၊ စမ်းသပ်တာရယ်၊ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်တာရယ်ပါ။ ဒါမှလည်း ရောဂါအဖြေမှန်ကို ရနိုင်ပါတယ်။ ရောဂါရာဇဝင်မေးမြန်းခြင်း လူနာက ပြောတဲ့ ရောဂါရာဇဝင်က ရောဂါရှာဖွေတဲ့ နေရာမှာ သိပ်ကို […]


ပန်းနာရင်ကျပ်

ပန်းနာ ရင်ကျပ်ရောဂါ ဘာကြောင့် ဖြစ်ရသလဲ။

ပန်းနာ ရင်ကျပ်ရောဂါ က မြန်မာနိုင်ငံမှာ အဖြစ်များဆုံး အသက်ရှူလမ်းကြောင်းရောဂါတွေထဲမှာ နံပါတ် ၇ချိတ်ပါတယ်။ ကလေးမှာရော လူကြီးမှာရော ဖြစ်နိုင်ပါတယ်။ ပန်းနာရင်ကျပ်က ဘာကြောင့် ဖြစ်ရတာလဲ။ ဘယ်သူတွေ ပိုဖြစ်နိုင်လဲဆိုတာ သိထားရင် လက္ခဏာတစ်ခုခု ခံစားရတဲ့အခါ ပန်းနာရင်ကျပ်များလားလို့ တွေးမိနိုင်ပါတယ်။ ဒါဆိုရင် စောစောကုသမှု ခံယူနိုင်မှာပါ။ ပန်းနာ ရင်ကျပ်ရောဂါ ဘာကြောင့် ဖြစ်တာလဲ။ ပန်းနာရင်ကျပ် ဘာကြောင့် ဖြစ်တာလဲဆိုတာ တိတိကျကျ ပြောလို့ မရသေးပါဘူး။ ဒါပေမယ့် ဒီရောဂါက မျိုးရိုးလိုက်ပြီး ပတ်ဝန်းကျင်က အချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေတွေကတော့ မျိုးရိုး ပန်းနာရင်ကျပ်က မျိုးရိုးလိုက်တတ်ပါတယ်။ မိဘနှစ်ပါးက တစ်ယောက်ယောက်မှာ ရှိရင်ကို သားသမီးမှာ ဖြစ်နိုင်ခြေရှိပါတယ်။ မောင်နှမထဲမှာ ရှိရင်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်မတည့်ရောဂါ ဓာတ်မတည့်ရောဂါရှိတဲ့ သူတွေက သာမန်လူတွေနဲ့စာရင် ပန်းနာရင်ကျပ် ပိုဖြစ်နိုင်ပါတယ်။ လေ့လာချက်တွေအရ […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကြပ်ရောဂါ ပြင်းထန်မှုအလိုက် လက္ခဏာများ

ပန်းနာရင်ကြပ် ရောဂါဆိုတာ လေပြွန်တွေ ရောင်ရမ်းလာတာကြောင့် ကျဉ်းပြီး ရောဂါလက္ခဏာတွေ ခံစားရတာပါ။ ကျဉ်းတဲ့အပြင် အချွဲတွေပါ ထွက်လာပါသေးတယ်။ ပန်းနာရင်ကြပ်က အမျိုးအစား အများကြီး ရှိပေမယ့် လက္ခဏာတွေကတော့ အတူတူပဲ ဖြစ်ပါတယ်။ လူနာအခြေအနေ၊ ရောဂါအခြေအနေကိုလိုက်ပြီး လက္ခဏာတွေက ပြင်းထန်ပုံကွာခြားပါတယ်။ တချို့ဆို ရင်ကြပ်ရှိလို့ ရှိမှန်းတောင် မသိပါဘူး။ ဒါကြောင့် ရောဂါပြင်းထန်ပုံအလိုက် ပန်းနာရင်ကြပ်ရဲ့ လက္ခဏာတွေကို သိထားသင့်ပါတယ်။ အတွေ့ရများတဲ့ ပန်းနာရင်ကြပ်လက္ခဏာတွေ အတွေ့ရများတဲ့ ပန်းနာရင်ကြပ်လက္ခဏာတွေကတော့ ချောင်းဆိုးတာ (အထူးသဖြင့် ညဘက်တွေ၊ မနက်ဝေလီဝေလင်းအချိန်မှာ) အသက်ရှူရင် တရွှီရွှီမြည်တာ မောတာ ရင်ဘတ်ထဲမှာ တင်းကြပ်ကြပ်ဖြစ်နေတာ စတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ လူတိုင်း ဒီလက္ခဏာတွေ ဖြစ်မယ်လို့တော့ ယတိပြတ်မပြောနိုင်ပါဘူး။ လက္ခဏာအကုန်လုံးကိုလည်း ခံစားရချင်မှ ရမှာပါ။ တချို့က ချောင်းဆိုးရုံနဲ့ ပြီးသွားတယ်။ တချို့ကျတော့လည်း တရွှီရွှီနဲ့ ကြပ်နေတတ်ပါတယ်။ […]


ပန်းနာရင်ကျပ်

အက်စပရင်ကြောင့် ပန်းနာရင်ကြပ် ထတတ်သလား။

ဓာတ်မတည့်တဲ့ ပစ္စည်းတွေနဲ့ ထိတွေ့မိရင်၊ ရှူမိရင် ပန်းနာရင်ကြပ် ထဖောက်တတ်တယ်ဆိုတာ တော်တော်များများ သိပြီးသား ကိစ္စပါ။ ဒီထဲမှာ ထူးထူးဆန်းဆန်း အက်စပရင်ကြောင့် ပန်းနာရင်ကြပ် ပိုဆိုးလာတဲ့သူတွေလည်း ရှိပါတယ်။ သူက ပန်းနာရင်ကြပ် အမျိုးအစားတွေထဲက တစ်ခုပါပဲ။ အက်စပရင်ဆိုတာ အက်စပရင်ဆိုတာ အကိုက်အခဲပျောက်ဆေးအနေနဲ့ရော သွေးကျဲဆေးအနေနဲ့ရော သုံးပါတယ်။ အစွမ်းထက်တဲ့ ဆေးတစ်မျိုးပါပဲ။ သွေးကျဲဆေး အနေနဲ့ဆိုရင် သွေးခဲပြီး လေဖြတ်တာကို ကာကွယ်ဖို့ ရေရှည်တောင် သောက်ရပါတယ်။ အက်စပရင်ကြောင့် ပန်းနာရင်ကြပ်ဖြစ်တယ်ဆိုတာ ပန်းနာရင်ကြပ်က အက်စပရင်သောက်လိုက်လို့ ပိုဆိုးလာတယ်လို့ ပြောဖို့ဆိုရင် ၃ချက်ရှိရပါတယ်။ ပန်းနာရင်ကြပ် ရောဂါအခံရှိရပါမယ်။ နှာခေါင်းအသားပို ရှိရပါမယ်။ (ဒီအသားပိုကလည်း ခွဲပြီးတာတောင် မပျောက်ဘဲ ပြန်ပြန်ဖြစ်တဲ့ အမျိုးအစား ဖြစ်ရပါမယ်။) အက်စပရင် ဒါမှမဟုတ် NSAIDs အုပ်စုဝင် အကိုက်အခဲပျောက်ဆေး (ဥပမာ အိုင်ဗျူပရိုဖန်) သောက်ပြီးတဲ့အခါ ပန်းနာရင်ကြပ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း