ကလေးမွေးဖွားခြင်း

ကိုးလလွယ် ဆယ်လဖွားရမယ့် ဘေဘီလေးကို မွေးဖွားရတော့မယ် အချိန် နီးကပ်နေပြီလား။ ဒါဆိုရင် ဘေဘီလေးကို လွယ်လွယ်ကူကူနဲ့ ဘေးကင်းချောမွေ့စွာ မွေးဖွားနိုင်စေဖို့အတွက် ဘာတွေများ လုပ်ဆောင်ရမလဲလို့ သိချင်နေပြီလား။ ဒီကဏ္ဍလေးမှာ ဖတ်ရှု့နိုင်ပါတယ်။ ဘေဘီလေးက မေမေ့မျက်နှာကို ​ကြည့်ဖို့ မကြာခင် လူ့လောကကြီးထဲကို ရောက်လာတော့မှာပါ။

ကျန်းမာရေးဗဟုသုတ

ကလေးမွေးဖွားခြင်း

ခွဲမွေးပြီးရင် ရိုးရိုးပြန်မွေး လို့ ရမရ

ခွဲမွေးထားတဲ့ မေမေတွေအနေနဲ့ နောက်တစ်ခါကိုယ်ဝန်ဆောင်တဲ့အခါ ဘယ်လိုမွေးရင် ကောင်းမလဲဆိုတာ ကြိုတင်ပြင်ဆင်ထားရမှာပါ။ ရှေ့တစ်ခေါက်က အကြောင်းအမျိုးမျိုးကြောင့် ခွဲမွေးလိုက်ရပေမယ့် ဒီတစ်ခေါက်မှာ ရိုးရိုးပြန်မွေး ရင် အဆင်ပြေမလားဆိုတာက တစ်ယောက်ချင်းစီအပေါ်မှာ မူတည်ပါတယ်။ သားအိမ်မှာ အမာရွတ်တစ်ခုရှိပြီးသား ဖြစ်တဲ့အတွက် နောက်တစ်ခါမွေးရင် ဒီအမာရွတ်ကိုပါ ထည့်စဉ်းစားရတော့မှာပါ။ ရိုးရိုးပြန်မွေး ရန်  စမ်းသပ်ခြင်း အရင်ကတော့ ခွဲမွေးပြီး ရိုးရိုးပြန်မွေး တာကို Vaginal birth after cesaren (VBAC)လို့ ခေါ်ပါတယ်။ နောက်ပိုင်းကျတော့ ဒီတိုင်း မွေးတာမဟုတ်တော့ဘဲ စမ်းပြီး မွေးကြည့်တာဖြစ်တဲ့အတွက် Trial of labor after cesarean (TOLAC) လို့ ခေါ်ကြပါတယ်။ ဆိုလိုတာက ရိုးရိုးမွေးကြည့်ပြီး မရဘူး။ အခြေအနေတစ်ခုခု ပေါ်လာတယ်ဆိုရင် အရေးပေါ် ခွဲမွေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါကို ပစ္စည်းကိရိယာ […]

ကလေးမွေးဖွားခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးမွေးဖွားခြင်း ကို ရှာဖွေမည်။

ကလေးမွေးဖွားခြင်းအကြောင်း

ခါးထုံဆေးသုံး မီးဖွားခြင်း၏ အကျိုးကျေးဇူးနှင့် အန္တရာယ်များ

ကိုယ်ဝန်ရှိနေတဲ့ မိခင်တစ်ယောက်အတွက် ကလေးမွေးစဉ်မှာ နာကျင်မှုသက်သာစေတဲ့ နည်းလမ်းတွေ အမြောက်အမြား ရှိကြပါတယ်။ အခုခေတ်မှာ အများဆုံးအသုံးပြုကြတဲ့နည်းလမ်းကတော့ အစွမ်းထက်ပြီး လူသက်သာတဲ့ epidural anaesthesia (ခါးထုံဆေး) ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆေးကို လူတိုင်းမှာ အသုံးမပြုနိုင်ပါဘူး။ ဒါကြောင့် မိခင်တိုင်းဟာ ဒီနည်းလမ်းရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို သိရှိနားလည်ဖို့ အရေးကြီးပါတယ်။ ခါးထုံဆေး (epidural) ဆိုတာဘာလဲ။ ခါးထုံဆေး ဟာ ကလေးမွေးစဉ်မှာ မိခင်ရဲ့ ကျောရိုးမှာရှိတဲ့ epidural space (ကျောရိုးဆစ်အာရုံကြောကို ဖုံးအုပ်ထားသောအလွှာ dura mater နှင့် ကျောရိုးဆစ် ကြားနေရာ ) အတွင်းကို ထိုးဆေးရတဲ့ ထုံဆေးဖြစ်ပြီး နာကျင်မှုကို သက်သာစေဖု့ိ သုံးတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။ ခါးထုံဆေးဟာ ကိုကိန်း က ထုတ်ထားတဲ့ […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

မွေးကင်းစကလေးထွားခြင်းက တကယ်ပဲ ပိုကောင်းတာလား

ကြီးမားတဲ့ (ကိုယ်အလေးချိန်များတဲ့) ကလေးမွေးနှုန်းဟာ မကြာသေးမီ နှစ်များအတွင်းက လျင်မြန်စွာ မြင့်တက်ခဲ့ပါတယ်။ မျိုးရိုးဗီဇ၊ ကိုယ်ဝန်ဆောင်စဉ် အသက်၊ မိခင်ကျန်းမာရေးအခြေအနေ တွေနဲ့အတူ ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်က အကြောင်းရင်းတွေက ကလေးရဲ့ကိုယ်အလေးချိန်များခြင်းက ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရှိတယ်ဆိုတဲ့ ယုံကြည်ချက်ထက် မပိုပါဘူး။ ဒါပေမယ့် ကြီးမားတဲ့ ကလေးတွေဟာ တကယ်ပဲ ကောင်းမွန်ပါသလား။ ကြီးမားတဲ့ကလေးတွေရဲ့ အကျိုးကျေးဇူးများ ရောဂါဖြစ်ပွားနှုန်းနိမ့်ခြင်း မိခင်ရဲ့ သားအိမ်အခြေအနေ၊ ကလေးရဲ့ မွေးကင်းစ ကိုယ်အလေးချိန်နဲ့ နောက်ပိုင်းဖြစ်နိုင်တဲ့ နာမကျန်းမှုတွေ ဆက်စပ်မှုကို ရှာဖွေတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တဲ့ Cambridge Univerisity ရဲ့ သုတေသန တစ်ခုမှာတော့ မွေးကင်းစမှာ ကိုယ်အလေးချိန်များတဲ့ ကလေးတွေဟာ ကိုယ်အလေးချိန်နည်းတဲ့ ကလေးတွေနဲ့ ယှဉ်ရင် ရောဂါတိုက်ဖျက်နိုင်တဲ့ DNA patterns တွေ ပါရှိတယ်လို့ ဆိုပါတယ်။ Dr. […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

ခွဲမွေးပြီးနောက် ဆက်လက်ခွဲမွေးခြင်းက ရိုးရိုးမွေးခြင်းထက် ပိုစိတ်ချရသလား

အချို့အမျိုးသမီးများသည် ကျန်းမာရေးကြောင့်ဖြစ်စေ၊ ရိုးရိုးမွေးခြင်းကိုကြောက်၍ဖြစ်စေ ခွဲမွေးခြင်းကိုရွေးချယ်ကြသည်။ သို့သော်ဒီနည်းဟာ ရိုးရိုးမွေးခြင်းလောက်အန္တရာယ်ကင်းနိုင်သလား? Australia လေ့လာချက်အရ ပထမအကြိမ်တွင်ခွဲမွေးပြီး နောက်အကြိမ်တွင်လည်း ခွဲမွေးခြင်းက ရိုးရိုးမွေးသူများထက်ပို၍ရလဒ်ကောင်းတတ်ပါသည်။   ခွဲမွေးပြီး ရိုးရိုးမွေးခြင်းအတွက် လေ့လာချက်များ အမေရိကန်နိုင်ငံတွင် ကလေး၃ယောက်တွင် ၁ယောက်ကခွဲမွေးကြသည်။ မွေးနည်းတိုင်းသည် သူ့အတိုင်းနဲ့သူ ဆိုးကျိုးရှိနိုင်သည်။   လေ့လာချက်အဖြေ Australiaလေ့လာချက်အရ ၂၃၄၅ ကိုယ်ဝန်ဆောင်တွင် ခွဲမွေးပြီးရိုးရိုးမွေးရန် အတွက် သင့်တော်သည့်အမျိုးသမီးများအဖြစ် သတ်မှတ်ခဲ့ကြသည်။ ထိုထဲမှ ၁၁၀၈ယောက်မှာ ခွဲမွေးရန်ပြင်ဆင်ကြပြီး ၁၂၃၇အမျိုးသမီးများမှာ ရိုးရိုးမွေးရန်ပြင်ဆင်ကြသည်။ သို့သော်လည်း ရိုးရိုးမွေးရန်ပြင်ဆင်ထားသူများအနက် တစ်ဝက်အောက်သာ ရိုးရိုးမွေးပြီး ကျန်သူများမှာ ခွဲမွေးကြရသည်။ သတိပြုရန်မှာ ရိုးရိုးမွေးသောကလေးများတွင် နှစ်ယောက်မှာ အကြောင်းပြချက်အသေအချာမရှိဘဲ အသေမွေးခဲ့ပြီး ခွဲမွေးသူများတွင် သေဆုံးခြင်းမရှိသည်ကိုတွေ့ရသည်။ ရိုးရိုးမွေးသူများတွင် ကလေးသေမွေးခြင်း သို့မဟုတ် မွေးကင်းစတွင်သေဆုံးခြင်း သို့မဟုတ် ပြင်းထန်သောကျန်းမာရေးဆိုးကျိုးများဖြစ်ပေါ်ခြင်းတို့သည် ၂.၄ရာခိုင်နှုန်းရှိပြီး ကြိုတင်စီစဉ်ခွဲမွေးသူများတွင် ဝ.၉ရာခိုင်နှုန်းသာရှိပါသည်။ သုံးသပ်ချက်အနေဖြင့် ခွဲစိတ်မွေးဖွားခဲ့ကြပြီး နောက်တစ်ခေါက်ထပ်မံခွဲစိတ်မွေးဖွားခြင်းသည် မိခင်ရော ကလေးရောအတွက် […]

ad iconကြော်ငြာ
ad iconကြော်ငြာ





ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း