ကလေးမွေးဖွားခြင်း

ကိုးလလွယ် ဆယ်လဖွားရမယ့် ဘေဘီလေးကို မွေးဖွားရတော့မယ် အချိန် နီးကပ်နေပြီလား။ ဒါဆိုရင် ဘေဘီလေးကို လွယ်လွယ်ကူကူနဲ့ ဘေးကင်းချောမွေ့စွာ မွေးဖွားနိုင်စေဖို့အတွက် ဘာတွေများ လုပ်ဆောင်ရမလဲလို့ သိချင်နေပြီလား။ ဒီကဏ္ဍလေးမှာ ဖတ်ရှု့နိုင်ပါတယ်။ ဘေဘီလေးက မေမေ့မျက်နှာကို ​ကြည့်ဖို့ မကြာခင် လူ့လောကကြီးထဲကို ရောက်လာတော့မှာပါ။

ကျန်းမာရေးဗဟုသုတ

ကလေးမွေးဖွားခြင်း

ခွဲမွေးပြီးရင် ရိုးရိုးပြန်မွေး လို့ ရမရ

ခွဲမွေးထားတဲ့ မေမေတွေအနေနဲ့ နောက်တစ်ခါကိုယ်ဝန်ဆောင်တဲ့အခါ ဘယ်လိုမွေးရင် ကောင်းမလဲဆိုတာ ကြိုတင်ပြင်ဆင်ထားရမှာပါ။ ရှေ့တစ်ခေါက်က အကြောင်းအမျိုးမျိုးကြောင့် ခွဲမွေးလိုက်ရပေမယ့် ဒီတစ်ခေါက်မှာ ရိုးရိုးပြန်မွေး ရင် အဆင်ပြေမလားဆိုတာက တစ်ယောက်ချင်းစီအပေါ်မှာ မူတည်ပါတယ်။ သားအိမ်မှာ အမာရွတ်တစ်ခုရှိပြီးသား ဖြစ်တဲ့အတွက် နောက်တစ်ခါမွေးရင် ဒီအမာရွတ်ကိုပါ ထည့်စဉ်းစားရတော့မှာပါ။ ရိုးရိုးပြန်မွေး ရန်  စမ်းသပ်ခြင်း အရင်ကတော့ ခွဲမွေးပြီး ရိုးရိုးပြန်မွေး တာကို Vaginal birth after cesaren (VBAC)လို့ ခေါ်ပါတယ်။ နောက်ပိုင်းကျတော့ ဒီတိုင်း မွေးတာမဟုတ်တော့ဘဲ စမ်းပြီး မွေးကြည့်တာဖြစ်တဲ့အတွက် Trial of labor after cesarean (TOLAC) လို့ ခေါ်ကြပါတယ်။ ဆိုလိုတာက ရိုးရိုးမွေးကြည့်ပြီး မရဘူး။ အခြေအနေတစ်ခုခု ပေါ်လာတယ်ဆိုရင် အရေးပေါ် ခွဲမွေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါကို ပစ္စည်းကိရိယာ […]

ကလေးမွေးဖွားခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးမွေးဖွားခြင်း ကို ရှာဖွေမည်။

ကလေးမွေးဖွားခြင်းအကြောင်း

မွေးခန်းတွင်းမှာရှိတဲ့ ပစ္စည်းကိရိယာများ

မိခင်တစ်ယောက်အဖြစ် ရောက်ရှိခြင်းဟာ အဖိုးမဖြတ်နိုင်ပါဘူး။ မီးဖွားရမယ့်ရက်ကို နီးကပ်လာချိန်မှာ စိတ်ပူပင်စရာ၊ စိတ်လှုပ်ရှားစရာတွေ အများအပြား ခံစားရမှာပါ။ သင်မီးဖွားမယ့်နေရာအတွက် သေချာပြင်ဆင်တဲ့အခါ ကူညီနိုင်ဖို့ ဒီဆောင်းပါးက သင့်အတွက် မွေးခန်းထဲမှာ ဘယ်လိုကိရိယာတွေ လိုအပ်မလဲ၊ ဘယ်လိုနေရာချထားမလဲ ဆိုတာတွေကို ဖော်ပြပေးသွားမှာပါ။   Fetal Monitor ကိုယ်ဝန်လွယ်ထားစဉ်နဲ့ မီးဖွားတဲ့ အချိန်မှာ ကလေးငယ်ရဲ့ နှလုံးခုန်နှုန်းကို သေချာသိရှိအောင်လုပ်ခြင်းဖြင့် စိတ်ဖိအားကို တိုင်းတာဖို့ Fetal Monitor ကို အသုံးပြုပါတယ်။ အသုံးများတဲ့ အမျိုးအစား ၄ မျိုးကတော့ Doppler Fetal Monitor: Ultrasound နဲ့ တွဲဖက် အသုံးပြုပါတယ်။ A Fetal Stethoscope: ခရာပုံသဏ္ဍာန်ရှိပြီး ဝမ်းဗိုက်ပေါ် တိုက်ရိုက်ထားပြီး အသုံးပြုပါတယ်။ A Telemetry Monitor: Transmitter တွေကို အသုံးပြုခြင်းဖြင့် […]


ကလေးမွေးဖွားခြင်းအကြောင်း

မွေးလမ်းကြောင်းချဲ့ခြင်းနှင့် ပတ်သက်ပြီး အမေမသိသောအရာ

မီးဖွားရလွယ်စေဖို့ မွေးလမ်းကြောင်းကို ခွဲစိတ်ဖြတ်တောက်ခြင်းကို Episiotomyလို့ခေါ်ပါတယ်။ ကလေးမွေးဖွားရ ပိုမိုလွယ်ကူစေပါတယ်။ အရင်က နည်းလမ်းများ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက သုံးခဲ့ကြပါတယ်။ ဒီနည်းလမ်းကို သုံးရတာက အကြောင်းပြချက်ကောင်းတွေရှိပါတယ်။ အရင်တုန်းက ဒီနည်းလမ်းဟာ ကလေးမွေးချိန်မှာ မအင်္ဂါပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ဖို့ ကူညီပေးပါတယ်။ သဘာဝအတိုင်းမွေးတာထက် ပိုသက်သာနိုင်ပါတယ် ။ ပညာရှင်တွေက ဒီနည်းလမ်းနဲ့မွေးပြီးနောက်ပိုင်း လိင်ကိစ္စတွေမှာ နာကျင်မှုတွေ ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်မှုတွေကို လျှော့ချပေးနိုင်တယ်ဆိုပါတယ်။ ဒီနည်းလမ်းက သဘာဝအတိုင်းမွေးတာထက်ပိုကောင်းတယ် ဆိုကြပါတယ်။   Episotomyနည်းလမ်းများ လေ့လာချက်တွေအရ နည်းနည်းတော့ မွေးလမ်းကြောင်းချဲ့ပေးရပါတယ်။ သဘာဝအတိုင်းမွေးရင်တောင်မှပေါ့။ ပုံမှန်အတိုင်းနာကျင်မှုတွေက စအိုကြွက်သား၊ အတွင်းနံရံ စတာတွေကို ထိန်းချုပ်ရာမှာ ပြဿနာရှိနိုင်ပါမယ်။ episotomyနည်းလမ်းနှစ်ခုကတော့ ကန်လန့်ဖြတ်တောက်ခြင်းနဲ့ ပုံမှန်ဖြတ်တောက်ခြင်းဖြစ်ပါတယ်။ ကန့်လန့်ဖြတ်တောက်ခြင်းဟာ ပွင့်နေတဲ့မအင်္ဂါအလယ်ပိုင်းမှ အောက်တည့်တည့်စအိုဝဆီ ခွဲစိတ်ဖြတ်တောက်တာဖြစ်ပါတယ်။ အမေရိကန်နဲ့ ကနေဒါမှာ အများဆုံးသုံးပါတယ်။ သူ့ရဲ့အားသာချက်က ပြန်ကောင်းတာမြန်ပြီး ကုသရာမှာအဆင်ပြေပါတယ်။ နာကျင်မှုကိုလျော့နည်းစေပြီး ရေရှည်ပြဿနာတွေကို လျော့နည်းစေပါတယ်။ ဆိုးကျိုးကတော့ ထိခိုက်လွယ်ပြီး စအိုကြွက်သားတစ်လျှောက်နဲ့ အတွင်းပိုင်းနေရာ ပိုကျယ်လာတတ်ပါတယ်။ […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

Postpartum Haemorrhage (မီးဖွားပြီးနောက်သွေးသွန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Postpartum Haemorrhage (မီးဖွားပြီးနောက်သွေးသွန်ခြင်း) ကဘာလဲ။ မီးဖွားပြီးနောက်သွေးသွန်ခြင်း (Postpartum haem orrhage – PPH) ဆိုသည်မှာ ကလေးမွေးဖွားပြီးစတွင် သွေးအလွန်ယိုစီးခြင်းဖြစ်ပြီး မိခင်သေနိုင်သည်အထိ ဖြစ်နိုင်ပါသည်။ မူလ မီးဖွားပြီးနောက်သွေးသွန်ခြင်းဆိုသည်မှာ မီးဖွားပြီး ၂၄ နာရီအတွင်း သွေးပမာဏ ၅၀၀ မီလီလီတာ (တစ်ပိုင့်) အထက် ဆုံရှုံးခြင်းကိုခေါ်သည်။ ၎င်းသည် အဖြစ်များပြီး အမျိုးသမီး ၁၀၀ လျှင် ၅ ယောက်ထိ ဖြစ်နိုင်ပါသည်။ အလွန်များစွာ သွေးယိုခြင်း (သွေး ၂ လီတာ သို့မဟုတ် ၄ ပိုင့်) ကတော့ သိပ်မဖြစ်တတ်ပါ။ အမျိုးသမီး ၁၀၀၀ မှ ၆ ယောက်လောက်သာ ဖြစ်တတ်ပါသည်။ တစ်ဆင့်ခံ မီးဖွားပြီးနောက်သွေးသွန်ခြင်းသည် မီးဖွားပြီး ၂၄ နာရီနောက်မှ ၁၂ ပတ်အတွင်း မိန်းမကိုယ်မှ မူမမှန်ပဲသွေးထွက်ခြင်း […]


ကလေးမွေးဖွားခြင်းအကြောင်း

မီးဖွားစဉ်နာကျင်မှုကို သက်သာစေသောနည်းများ

မီးဖွားစဉ် နာကျင်မှုသက်သာစေမည့် နည်းလမ်းများ Entonox Entonox ဟာ ကလေးမွေးခြင်း အပါအဝင် မြောက်မြားစွာသော ခဏတာနာကျင်မှု သက်သာစေမယ့် အခြေအနေတွေအတွက် တွင်ကျယ်စွာ အသုံးပြုတဲ့ နာကျင်မှုသက်သာဆေးပဲ ဖြစ်ပါတယ်။ ဒီထုတ်ကုန်ဟာ nitrogen နဲ့ oxygen ရောစပ်ပါဝင်တဲ့ အလွယ်တကူ အသုံးပြုနိုင်တဲ့ မျက်နှာအုပ်အသွင်နဲ့ လာတာ ဖြစ်ပါတယ်။ nitrous ရဲ့ ဂုဏ်သတ္တိဟာ လူနာရဲ့ နာကျင်မှုကို သက်သာစေပြီး oxygen ကတော့ သတိမေ့ခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။ Entonox ဟာ သူ့ရဲ့ အလွယ်တကူ အသုံးဝင်မှု၊ စိတ်ချရမှုနဲ့ အာနိသင် ပြမှု လျင်မြန်ခြင်းတွေကြောင့် လူသိများပါတယ်။ ဒါပေမယ့် Entonox ကို ရေရှည်အသုံးပြုခြင်းဟာ လူနာတွေမှာ ခေါင်းမူးခြင်းနဲ့ ပါးစပ်ခြောက်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ Entonox ဟာ ပုံမှန်အားဖြင့် ၂ […]


ကလေးမွေးဖွားခြင်းအကြောင်း

ကလေးမီးဖွားတော့မှာလား

ကိုးလကျော် ကိုယ်ဝန်ဆောင်အပြီးမှာ သင်အမျှော်လင့်ဆုံးနေ့ကတော့ ကလေးမွေးဖွားမယ့် နေ့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကလေးဘယ်နေ့မှာ မွေးမယ်ဆိုတာ သေချာ မသိနိုင်ပါဘူး။ ကလေးမမွေးဖူးတဲ့ မိခင်တွေဟာ ကလေးမွေးရမယ့် နေ့ရက်နီးလာရင် ကလေးမွေးမယ့် အရိပ်အယောင်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်ဝင်လာကြပါတယ်။ ဘယ်တော့ ဖြစ်လာမှာလဲ။ ဘယ်လိုခံစားရမှာလဲ။ လက္ခဏာတွေက ဘာတွေလဲ။ ဒါဟာ အချိန်ကျပြီလို့ ဘယ်လိုသိမှာလဲ။ မိခင်တစ်ဦးနဲ့တစ်ဦး မတူညီတာကြောင့် ပထမ မေးခွန်းနှစ်ခုကို ဖြေဖို့ခက်ခဲပေမယ့် မိခင်မြောက်မြားစွာ ဝေမျှခဲ့ကြတဲ့ ကလေးမွေးမယ့်အရိပ်အယောင်တွေ အကြောင်းကို ဒီဆောင်းပါးမှာ ဝေမျှပေးမှာဖြစ်ပါတယ်။   ကလေးမမွေးခင် တစ်ပတ်ကနေ လေးပတ် ကလေးခေါင်းဆင်းခြင်း ကလေးမမွေးခင် ရက်သတ္တပတ်ပေါင်းများစွာအလိုမှာ သင့်ဗိုက်ဟာ ရင်ခေါင်းဆောင့်ပြီး ပြန်ကျတာကို ခံစားမိမှာပါ။ ဒီအခြေအနေမှာ သင့်ကလေးဟာ ထွက်လာဖို့ပြင်ဆင်တဲ့အနေနဲ့ တင်ပါးဆုံအတွင်းပိုင်းကို ဆင်းလာမှာဖြစ်ပြီး မွေးတဲ့အခါ လွယ်အောင် လှုပ်ရှားမှု ပြုမှာဖြစ်ပါတယ်။ ကလေးခေါင်းဟာ အောက်ကိုဆင်းလာပြီး နေရာယူမှာ ဖြစ်ပါတယ်။ သင့်ကလေးဟာ […]


ကလေးမွေးဖွားခြင်းအကြောင်း

ရိုးရိုးမွေးရန် ပြင်ဆင်ခြင်း

သင့်ဘဝထဲသို့ ကလေးလေး ရောက်မလာခင် မိခင် အများစုသည် ကလေးမမွေးခင် ဘာလုပ်ရမည်၊ ဘာကို မလုပ်ရမည်ကို စဉ်းစားပြီး စိုးရိမ်တတ်ကြသည်။ သဘာဝအတိုင်း မွေးဖွားရန် ပြင်ဆင်ချိန်တွင် မိခင်တိုင်း စဉ်းစားရမည့် အချက်များစွာရှိသည်။ ဤဆောင်းပါးသည် သင်မွေးဖွားရန်အတွက် အရေးကြီးသော လမ်းညွှန်ချက်များကို ဖော်ပြထားပါသည်။   မွေးဖွားသည့် အဆင့်များကို သိထားခြင်း အမျိုးသမီးတိုင်းတွင် ကလေးမွေးသည့်အခါ ခံစားရသည်များ မတူညီကြပေ။ သင်မွေးဖွားလျှင် မည်သို့ ဖြစ်မည်ကို မည်သူမျှ ကြိုတင်မခန့်မှန်းနိုင်ပေ။ သို့သော် ကလေး မွေးဖွားရာတွင် အောက်ပါ အဆင့်သုံးဆင့်ကို သင်ကြုံတွေ့ရမည်ဖြစ်သည်။ ပထမအဆင့်တွင် သင့်သားအိမ်သည် စတင်၍ တင်းလာပြီး ကျုံ့ခြင်း၊ ပြေလျော့ခြင်းကို တလှည့်စီ ဖြစ်စေမည်။ ထိုအခါ သားအိမ်ခေါင်းသည် ပါးပြီးကျယ်လာသည့် အတွက် ကလေးသည် မွေးလမ်းကြောင်း မှတဆင့် တိုးထွက်လာနိုင်သည်။ ဤအစောဆုံး အဆင့်သည် […]


ကလေးမွေးဖွားခြင်းအကြောင်း

ရေမြွှာပေါက်ရင်ဘာလုပ်ရမလဲ။

သင့်ကလေးကို မွေးဖွားဖို့အဆင်သင့်ဖြစ်ပြီဆိုရင် ရေမြွာပေါက်ပါလိမ့်မယ်။ သင်ရေမြွှာပေါက်ပြီဆိုရင် ဘာတွေဖြစ်လာမယ်လို့ တွေးထားပါသလဲ။ တကယ်လို့ သင်ဈေးဝယ်ထွက်နေတဲ့အချိန်မှာ ရေမြွှာပေါက်ရင် ဘယ်လိုလုပ်မလဲ။ စိတ်မပူပါနဲ့။ ဒါဟာ သင်ကြည့်နေကျ ရုပ်ရှင်တွေထဲကလို ဇာတ်လမ်းမဆန်လှပါဘူး။ ရေမြွှာပေါက်ရင် ဘာတွေဖြစ်လာနိုင်သလဲ။ သင့်ရဲ့ကလေးငယ်ကို ရေမြွှာရည်တွေပြည့်နေတဲ့ အမြှေးပါးအိတ်နဲ့ ကာကွယ်ထားတာပါ။ ဒီအမြှေးပါးပေါက်သွားပြီဆိုရင် သင့်ရဲ့မိန်းမကိုယ်နဲ့သားအိမ်ခေါင်းကနေ အရည်တွေစိမ့်ထွက်လာပါလိမ့်မယ်။ သင့်ရဲ့ ရေမြွှာပေါက်ခြင်းဟာ မွေးဖွားဖို့အတွက် လက္ခဏာတစ်ရပ်ဖြစ်နိုင်သော်လည်း မွေးမယ့်နေ့မရောက်ခင်ကတည်းက ရေမြွှာပေါက်တာလည်းဖြစ်နိုင်ပါတယ်။ ဘယ်လို ခံစားရမလဲ။ ခံစားရတာကတော့ တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ အဲ့ဒါက ဖောက်ဆို ပေါက်သွားတဲ့ခံစားမှုမျိုးလား။ အရည်တွေက ဝေါကနဲဆင်းလာမှာလား ။ ဒါမှမဟုတ် ဖြည်းဖြည်းချင်းစိမ့်ထွက်လာမှာလား။ ပြောရမယ်ဆိုရင်တော့ အထက်ပါအချက်တွေအားလုံး ခံစားရနိုင်ပါတယ်။ အချို့အတွက်ကတော့ ဒါဟာ အပေါ့စွန့်နေသလို ခံစားချက်မျိုး တဖြည်းဖြည်းချင်း စီးကျနေသလိုထွက်လာတာပါပဲ။ အချို့အတွက်ကတော့ ပိုပြီး ဒရာမာဆန်သွားပါပြီ။ ဒါပေမယ့် များသောအားဖြင့် ရေမြွှာအိတ်ပေါက်ပြီဆိုရင် လူတွေဟာ ဖိအားကိုအရင်ခံစားရမယ်။ […]


ကလေးမွေးဖွားခြင်းအကြောင်း

ကလေးခွဲမွေးမယ်ဆိုရင် ဘာတွေလိုအပ်သလဲ

Caesarean section လို့ ခေါ်တဲ့ C-section ဟာ ခွဲစိတ်ပြီး ကလေးမွေးဖွားခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ C-section ဟာ ပုံမှန်အတိုင်း မမွေးနိုင်တဲ့ မိခင်တွေ (သို့) ကလေးနဲ့ မိခင်ကို အန္တရာယ်ကျရောက်နိုင်တဲ့ အခြေအနေမျိုးတွေမှာ အသုံးပြုလေ့ရှိပါတယ်။ မိခင်က ရိုးရိုးမမွေးချင်ဘူးဆိုရင်လည်း C-section ကို အစီအစဉ်ဆွဲပြီး ပြုလုပ်နိုင်ပါတယ်။   C-section လုပ်ရင် ဘာတွေဖြစ်လာလဲ။ သင့်ကလေးကို လုံခြုံစိတ်ချရစွာ မွေးနိုင်မှာဖြစ်သော်လည်း ရိုးရိုးမွေးတာထက် နေပြန်ကောင်းဖို့ အချိန်ပိုယူရနိုင်ပါတယ်။ ဒါကြောင့် အောက်ဖေါ်ပြပါ အကြံပေးချက်တွေကို လိုက်နာပြီး သင့်ကိုယ်ခန္ဓါကို ဂရုစိုက်သင့်ပါတယ်။   ပြင်ဆင်ခြင်း တကယ်လို့ သင်ရော သင့်ဆရာဝန်ရောက C-section လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ခွဲစိတ်မှုကို အစီအစဉ်ဆွဲသင့်ပါတယ်။ သင့်ဆရာဝန်က ခွဲစိတ်မှုနဲ့ ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကိုပါ ဆွေးနွေးပေးပါလိမ့်မယ်။ ဆရာဝန်ကို မေးခွန်းမေးဖို့ မမေ့သင့်ပဲ သင့်ရဲ့ […]


ကလေးမွေးဖွားခြင်းအကြောင်း

ရိုးရိုးမွေးခြင်း နဲ့ ခွဲမွေးခြင်း အားသာချက်နှင့် အားနည်းချက်

ကိုယ်ဝန်ဆောင်မိခင်များသည် ပုံမှန်အားဖြင့် နည်းလမ်း ၂ မျိုး( ရိုးရိုးမွေးခြင်း၊ ဗိုက်ခွဲ၍မွေးခြင်း) ဖြင့် ကလေး မီးဖွားလေ့ရှိပါသည်။ နည်းလမ်း ၂ မျိုးစလုံးတွင် အားနည်းချက် အားသာချက်ရှိပါသည်။ ရိုးရိုးမွေးခြင်း နဲ့ ခွဲမွေးခြင်း အားသာချက်နှင့် အားနည်းချက် တွေက ဘာတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်။ ရိုးရိုးမွေးခြင်း နဲ့ ခွဲမွေးခြင်း အားသာချက်နှင့် အားနည်းချက် ရိုးရိုးမွေးခြင်း နဲ့ ခွဲမွေးခြင်း အားသာချက်နှင့် အားနည်းချက် တွေကတော့ ရိုးရိုးမွေးခြင်း မည်သည့်ဆေးအကူမှမယူဘဲ သဘာဝမွေးလမ်းကြောင်း အတိုင်းမွေးခြင်းကို ဆိုလိုပါသည်။ အားသာချက် မိခင်အနေဖြင့် သဘာဝ မွေးလမ်းကြောင်းအတိုင်း မွေးနိုင်သည့်အတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှု အားတက်မှု ဖြစ်လာခြင်း ကလေးမွေးပြီး ဆေးရုံတွင် ၂၄ နာရီ မှ ၄၈ နာရီအတွင်းသာ နေရခြင်း နေပြန်ကောင်းချိန်မြန်ပြီး မီးတွင်းအနာမြန်မြန်သက်သာခြင်း ကလေးတွင်လည်း အဆုတ်သွေးလွှတ်ကြောများကျဉ်းမြောင်းရာမှ […]


ကလေးမွေးဖွားခြင်းအကြောင်း

ရေထဲတွင်မီးဖွားခြင်း

ရေထဲ၌မီးဖွားခြင်းဆိုတာ ရေနွေးနွေးထည့်ထားတဲ့ ရေချိုးကန်ထဲမှာ ကလေးမီးဖွားတာပါ။ တချို့အမျိုးသမီးတွေက ရေထဲမှာမီးဖွားချင်ကြပါတယ်။ ဒီနည်းလမ်းကိုအသုံးပြုလာရခြင်းကတော့ ကလေးဟာ မိခင်ဗိုက်ထဲတွင်ရှိစဉ်ကလည်း ရေမြွှာထဲမှအရည်များဝန်းရံပြီးနေတာဖြစ်တာကြောင့် မွေးလာကာစမှာ ၎င်းကဲ့သို့ဆင်တူတဲ့ပတ်ဝန်းကျင်က ကလေးအတွက်ပို၍သိမ်မွေ့သလို မိခင်အတွက်လည်းပိုသက်တောင့်သက်သာရှိစေလို့ပါ။   မိခင်အတွက်ဘယ်လိုအကျိုးရမလဲ ရေနွေးနွေးလေးက သက်သောင့်သက်သာရှိစေပါတယ် မီးဖွားမှုနောက်ဆုံးအဆင့်မှာ ရေဟာမိခင်အတွက် အားအင်တွေထောက်ပံ့ပေးနိုင်ပါတယ်။ ရေရဲ့ပစ္စည်းတွေကိုဖော့ပေးနိုင်သောတဲ့သတ္တိက မိခင်ရဲ့ကိုယ်အလေးချိန်ကိုလျော့သွားစေပြီး ပိုလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်၊ ပုံစံတွေပြောင်းရလွယ်ကူစေနိုင်ပါတယ်။ ထို့အပြင် ထိုဖော့နိုင်သောသတ္တိက သားအိမ်ကျုံ့ခြင်းကိုပိုကောင်းစေပြီး သွေးလည်ပတ်မှုလည်းကောင်းစေတာကြောင့် သားအိမ်ကြွက်သားတွေဆီ အောက်စီဂျင်များများရောက်ကာ မိခင်ကိုအနာသာစေ၍ ကလေးကိုအောက်စီဂျင်များများပေးနိုင်ပါလိမ့်မယ်။ ရေထဲတွက်စိမ်လိုက်ခြင်းက တခါတရံမှာ စိုးရိမ်စိတ်ကြောင့် သွေးပေါင်ကျသွားခြင်းကိုလည်း ကူညီပေးနိုင်တတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့်ထွက်လာတတ်တဲ့ ဟောမုန်းတွေကိုလျှော့ကျစေပြီး မိခင်ကိုနာကျင်မှုလျော့ကျစေမယ့် အန်ဒေါ်ဖင်းလို့ခေါ်တဲ့ ဟော်မုန်းများလည်းထွက်စေပါတယ်။ ရေဟာမွေးလမ်းကြောင်းအဝကိုလည်း ပိုမိုဆန့်နိုင်ကျုံ့နိုင်အားကောင်းစေပြီး ဖြေလျော့ပေးနိုင်မှုကြောင့် စုတ်ပြဲခြင်းကိုလျှော့ချနိုင်ကာ မွေးလမ်းကြောင်းချဲ့ရခြင်းနှင့်ပြန်ချုပ်ရခြင်းတို့ကိုလည်း ရှောင်ရှားစေနိုင်ပါတယ်။ မီးဖွားနေတဲ့မိခင်ဟာ သက်တောင့်သက်သာနေနိုင်တဲ့အခါ စိတ်ပိုင်းဆိုင်ရာပါ သက်သက်သာသာရှိပြီး မွေးဖွားမှုဖြစ်စဉ်မှာပဲ ပိုအာရုံစိုက်နိုင်ပါလိမ့်မယ်။ ရေဟာ မိခင်ကိုပိုမိုစိတ်ချလုံခြုံမှုပေးနိုင်သောကြောင့် စိုးရိမ်ကြောင့်ကြမှုတွေ […]

ad iconကြော်ငြာ
ad iconကြော်ငြာ





ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း