ကလေးမွေးဖွားခြင်း

ကိုးလလွယ် ဆယ်လဖွားရမယ့် ဘေဘီလေးကို မွေးဖွားရတော့မယ် အချိန် နီးကပ်နေပြီလား။ ဒါဆိုရင် ဘေဘီလေးကို လွယ်လွယ်ကူကူနဲ့ ဘေးကင်းချောမွေ့စွာ မွေးဖွားနိုင်စေဖို့အတွက် ဘာတွေများ လုပ်ဆောင်ရမလဲလို့ သိချင်နေပြီလား။ ဒီကဏ္ဍလေးမှာ ဖတ်ရှု့နိုင်ပါတယ်။ ဘေဘီလေးက မေမေ့မျက်နှာကို ​ကြည့်ဖို့ မကြာခင် လူ့လောကကြီးထဲကို ရောက်လာတော့မှာပါ။

ကျန်းမာရေးဗဟုသုတ

ကလေးမွေးဖွားခြင်း

ခွဲမွေးပြီးရင် ရိုးရိုးပြန်မွေး လို့ ရမရ

ခွဲမွေးထားတဲ့ မေမေတွေအနေနဲ့ နောက်တစ်ခါကိုယ်ဝန်ဆောင်တဲ့အခါ ဘယ်လိုမွေးရင် ကောင်းမလဲဆိုတာ ကြိုတင်ပြင်ဆင်ထားရမှာပါ။ ရှေ့တစ်ခေါက်က အကြောင်းအမျိုးမျိုးကြောင့် ခွဲမွေးလိုက်ရပေမယ့် ဒီတစ်ခေါက်မှာ ရိုးရိုးပြန်မွေး ရင် အဆင်ပြေမလားဆိုတာက တစ်ယောက်ချင်းစီအပေါ်မှာ မူတည်ပါတယ်။ သားအိမ်မှာ အမာရွတ်တစ်ခုရှိပြီးသား ဖြစ်တဲ့အတွက် နောက်တစ်ခါမွေးရင် ဒီအမာရွတ်ကိုပါ ထည့်စဉ်းစားရတော့မှာပါ။ ရိုးရိုးပြန်မွေး ရန်  စမ်းသပ်ခြင်း အရင်ကတော့ ခွဲမွေးပြီး ရိုးရိုးပြန်မွေး တာကို Vaginal birth after cesaren (VBAC)လို့ ခေါ်ပါတယ်။ နောက်ပိုင်းကျတော့ ဒီတိုင်း မွေးတာမဟုတ်တော့ဘဲ စမ်းပြီး မွေးကြည့်တာဖြစ်တဲ့အတွက် Trial of labor after cesarean (TOLAC) လို့ ခေါ်ကြပါတယ်။ ဆိုလိုတာက ရိုးရိုးမွေးကြည့်ပြီး မရဘူး။ အခြေအနေတစ်ခုခု ပေါ်လာတယ်ဆိုရင် အရေးပေါ် ခွဲမွေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါကို ပစ္စည်းကိရိယာ […]

ကလေးမွေးဖွားခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးမွေးဖွားခြင်း ကို ရှာဖွေမည်။

ကြိုတင်ပြင်ဆင်ခြင်း

ကလေးမီးဖွားရလွယ်ကူစေမယ့် နည်းလမ်းများ

ကလေးမီးဖွားရလွယ်ကူစေမယ့် နည်းလမ်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။ ကိုယ်ဝန်ဆောင်ချိန် ရက်သတ္တပတ် ၄၀မှာ ကလေးမွေးဖွားနိုင်တယ်လို့ တွက်ချက်ကြတာကို ကျွန်တော်တို့အားလုံးသိပြီးသားပါ။ တကယ်လို့ ရက်သတ္တပတ်ပေါင်း ၄၀ကျော်လာတဲ့အချိန်ထိမမွေးသေးရင် သင်က မသက်မသာဖြစ်တာတွေ၊စိတ်မရှည်တာတွေနဲ့ မွေးဖွားမယ့်လုပ်ငန်းစဉ်စဖို့ စိတ်လှုပ်ရှားနေတာတွေဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် မွေးဖွားရက်က နီးလာပြီး ကလေးက လက္ခဏာမပြသေးရင် သင်က အနည်းငယ်တော့ တွန်းအားပေးရပါလိမ့်မယ်။ ဆေးဘက်ဆိုင်ရာအကူအညီတွေအပြင် အိမ်မှာစမ်းကြည့်နိုင်တဲ့ ကလေးစတင်မွေးဖွားနိုင်မယ့် သဘာဝနည်းလမ်းတွေလည်း ရှိပါတယ်။ သင်က သဘာဝအတိုင်း မွေးဖွားဖို့အဆင်ပြေနေပေမယ့်အချို့သော အခြေအနေတွေမှာ အကူအညီ အနည်းငယ်တော့ လိုအပ်ပါလိမ့်မယ်။ တကယ်လို့ သင့်ရဲ့ကျန်းမာရေးအကြံပေးက သင်နဲ့သင့်ကလေးဟာ နောက်မှမွေးတာထက် မကြာခင်မွေးလိုက်တာက ပိုပြီးကောင်းကျိုးရှိမယ်လို့ ဆုံးဖြတ်လိုက်ရင် သူက Inducing labor ကိုအကြံပြုနိုင်ပါတယ်။ Induce labor အတွက် ပထမနည်းလမ်းက ဆေးဘက်ဆိုင်ရာအကူအညီယူဖို့ဖြစ်ပြီး နောက်တစ်နည်းကတော့ အိမ်မှာပဲ များပြားလှစွာသောအချက်တွေကိုလိုက်လုပ်ပြီးမွေးဖွားဖို့ဖြစ်ပါတယ်။ ကလေးမီးဖွားရလွယ်ကူစေမယ့် နည်းလမ်းများ Medical induction အတွက် […]


ကလေးမွေးဖွားခြင်းအကြောင်း

မွေးဖွားရန်ဗိုက်နာခြင်းနှင့် သာမန်အနာပြခြင်းကို ဘယ်လိုခွဲမလဲ

ကလေးမီးဖွားဖို့အချိန်မရောက်ခင်မှာ အမှန်မဟုတ်တဲ့ ဗိုက်နာမှုလေးတွေရတတ်တယ်။ ဒါကို “အနာပြတယ်” လို့လည်းခေါ်တတ်ကြတယ်။ ဒါဟာ ကလေးမွေးဖွားရန် သင့်ခန္တာကိုယ်ရဲ့ ပြင်ဆင်မှုတွေဖြစ်သည်။ ၎င်းသည် မွေးဖွားမှုစတင်နေတဲ့ လက္ခဏာတစ်ခု မဟုတ်ပါဘူး။ စတင်ဖို့ အဆင်သင့်ဖြစ်အောင်ပြင်ဆင်မှု တစ်ခုသာဖြစ်ပါတယ်။ ကိုယ်ဝန်အနာပြခြင်းဟာဘယ်လိုခံစားရသလဲ တချို့အမျိုးသမီးတွေက ကိုယ်ဝန်အနာပြတာဟာ ဝမ်းဗိုက်မှာတင်းကြပ်တဲ့ခံစားမှုမျိုးဖြစ်ပေါ်လာပြီး ပျောက်သွားတာလို့ဆိုကြပါတယ်။ အမျိုးသမီးအများစုကတော့ အနာပြခြင်းဟာ ဓမ္မတာလာစဉ်ခံစားရတတ်တဲ့ ဗိုက်အောင့်မှု၊ နာကျင်မှုလိုမျိုးလို့ဆိုကြပါတယ်။ ကိုယ်ဝန်အနာပြခြင်းဟာ သက်တောင့်သက်သာတော့မရှိနိုင်ပေမယ့် ဒါဟာ ကလေးမီးဖွားဖို့၊ သားအိမ်ပွင့်ဖို့ဆီ ဦးတည်နေတာမျိုးတော့လည်းမဟုတ်ပါဘူး။ ကလေးမွေးဖွားဖို့နာကျင်တာမျိုးနဲ့မတူဘဲ ကိုယ်ဝန်အနာပြတာဟာ… ပုံမှန်အားဖြင့်တကယ်နာကျင်မှုမခံစားရခြင်း နာချိန်တစ်ချိန် နဲ့ တစ်ချိန်ကြား ကွာခြားချက်ပုံမှန်မဟုတ်ခြင်း တစ်ကြိမ်နှင့်တစ်ကြိမ် အချိန်နီးကပ်လာမှုမရှိခြင်း လှုပ်ရှားမှု၊ နေထိုင်မှုပုံစံပြောင်းလဲလိုက်ပါက ပျောက်သွားတတ်ခြင်း ဆက်လက်ဖြစ်ပေါ်နေတတ်သော်လည်း အချိန်ကြာမြင့်လာမှုမရှိခြင်း တစ်ကြိမ်နှင့် တစ်ကြိမ် ပိုမိုနာကျင်လာမှုမရှိခြင်း ကိုယ်ဝန်အနာပြတာကို ကိုယ်ဝန်ဆောင်ကာလရဲ့ တတိယသုံးလပိုင်း သို့မဟုတ် အစောဆုံးအနေနဲ့ ကိုယ်ဝန်ဒုတိယသုံးလပိုင်းလောက်မှာ စတင်ခံစားရတတ်ပြီး ပုံမှန်အဖြစ်အပျက်ဖြစ်သောကြောင့် စိုးရိမ်စရာမရှိပါဘူး။ ဒါကြောင့် […]


ကလေးမွေးဖွားခြင်းအကြောင်း

ကလေးမီးဖွားနေစဉ် ကာမအာရုံခံစားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား

အမျိုးသမီးတွေ ကလေးမီးဖွားနေစဉ်မှာ ကာမအာရုံခံစားလို့ရကြောင်း လေ့လာမှုတွေက သက်သေပြထားပါတယ်။ နာကျင်ခံစားနေရတဲ့ ဒီလိုအချိန်မှာ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ကလေးမီးဖွားရခြင်းဟာ အပြစ်ဒဏ်လိုနာကျင်မှုတစ်ခုဖြစ်တာ မှန်ပေမယ့် တချို့အမျိုးသမီးတွေက တကယ်ပဲ ကာမသာယာမှုနဲ့ မီးဖွားမှုခြင်းမျိုးရှိပါတယ်။ ခန္တာဗေဒအရဆိုရလျှင် မီးဖွားစဉ်ကာမအာရုံခံစားခြင်းဟာ ဖြစ်နိုင်ပါတယ်။ ကာမအာရုံခံစားခြင်းကြောင့်ဖြစ်စေ၊ မွေးလမ်းကြောင်းကို ဆက်တိုက်လှုံ့ဆော်မှုတစ်မျိုးက ကလေးမွေးဖွားခြင်းရဲ့ နာကျင်မှုကို တားဆီးသက်သာစေပါလိမ့်မယ်။ ဒါပေမယ့် လူတွေက မီးဖွားနေစဉ်မှာ သာယာမှုခံစားတာနဲ့ပတ်သက်လို့ သိပ်တော့စိတ်သက်တောင့်သက်သာရှိကြမှာမဟုတ်ပါဘူး။ ကလေးမွေးဖွားနေစဉ်မှာ ကာမဆန္ဒရှိခြင်းဟာ လက်ခံနိုင်စရာမဟုတ်ဘူးလို့ တချို့ကတွေးကြလို့ပါ။   ကလေးမီးဖွားနေစဉ်ကာမဆက်ဆံဖို့ဖြစ်နိုင်သလား မွေးဖွားစဉ်မှာ ကလေးဟာ မွေးလမ်းကြောင်းနံရံတစ်လျှောက် ဆင်းလာပြီးမွေးလမ်းကြောင်းထဲဝင်လာတဲ့အခါမှာ တခြားအချိန်တုန်းက သာယာမှုပေးနိုင်ခဲ့တဲ့ နေရာတိုင်းကိုပွတ်တိုက်မိပါတယ်။ မီးဖွားမှုက မတူညီတဲ့အခြေအနေတစ်ခုပေမယ့်ပေါ့… ဒါကြောင့် ထိုမီးဖွားခြင်းရဲ့နာကျင်မှုကိုခံစားနေရတဲ့အချိန်မှာ အမျိုးသမီးတစ်ယောက် ကာမခံစားနိုင်မယ်ဆိုတာ တွေးကြည့်ဖို့ခက်လှတဲ့အရာပါ။ ပြင်းထန်တဲ့နာကျင်မှုတွေခံစားနေရချိန်မို့ ထိုအချိန်မှာ ကာမခံစားမှုဆိုတာ ဖြစ်နိုင်ချေမရှိဆုံးအရာဟု ထင်ကြပါလိမ့်မယ်။ ၂၀၀၉ ခုနှစ်မှာ “သိမ်းဆည်းအထားသင့်ဆုံးလျှို့ဝှက်ချက် : ကာမရသနှင့်ကလေးမွေးဖွားခြင်း” […]


ကလေးမွေးဖွားခြင်းအကြောင်း

ကလေးမွေးဖွားစဉ် ယောနိကွဲထွက်ခြင်းမပြင်းထန်အောင် ဘယ်လိုနေထိုင်ဆင်ခြင်မလဲ

ကလေးမွေးဖွားမယ့်ရက်နီးလာတာနဲ့အမျှ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကလေးအတွက် စိတ်လှုပ်ရှားနေတဲ့ခံစားမှုအစား ကလေးဘယ်လိုမွေးဖွားလာမလဲ ကလေးမွေးဖွားချိန်မှာဘာတွေဖြစ်နိုင်သလဲ ဆိုတာကို စိတ်ပူကြောက်ရွံ့ကြတဲ့ ခံစားမှုတွေ အစားထိုးလာတာမျိုး ဖြစ်လေ့ရှိပါတယ်။ နာကျင်မှုနဲ့ ကိုယ်ဝန်ပြဿနာတစ်ခုခုကြောင့် အန္တရာယ်ဖြစ်နိုင်တာတွေနဲ့စာရင် အမျိုးသမီးတွေရဲ့ အကြီးမားဆုံးစိုးရိမ်ပူပန်မှုကတော့ ယောနိစုတ်ပြဲခြင်းဖြစ်မှာကိုပါပဲ။ ကံကောင်းတာက ဒါဟာ ကာကွယ်နိုင်တဲ့အခြေအနေတစ်ခုဖြစ်ပြိး မိခင်လောင်းတွေဟာအောက်ပါနည်းလမ်းတွေကိုလိုက်နာမယ်ဆိုရင် ယောနိစုတ်ပြဲခြင်းအန္တရာယ်ဖြစ်နိုင်ချေကို သိသိသာသာကို လျှော့ချပေးနိုင်မှာပါ။ (၁)ကျန်းမာစွာနေထိုင်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တာတွေကိုစားပါ။ ဆိုလိုတာက အရည်ပြား တစ်သျှူးတွေကို သန်မာပြီး ကြုံ့ဆန့်နိုင်အောင်ကူညီထောက်ပံ့ပေးနိုင်မယ့် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေလုံလောက်စွာပါဝင်တာမျိုးကို စားသုံးပါ။ နှလုံးသွေးကြောနဲ့ ကြွက်သားစနစ်တွေ သန်မာစေနိုင်မယ့် လေ့ကျင့်ခန်းတွေကိုပုံမှန်လုပ်တာက ကလေးမွေးဖွားစဉ် ညှစ်တဲ့အချိန်မှာ ပိုပြီးသန်မာစေပြီးသက်လုံလည်းပိုကောင်းစေပါတယ်။ ယောဂ၊ Kegel လေ့ကျင့်ခန်း နဲ့လမ်းလျှောက်တာစတဲ့ လေ့ကျင့်ခန်းတွေကိုလုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။ မိခင်တွေဟာ မွေးဖွားစဉ်မှာ ပြင်းထန်တဲ့စိတ်ဖိစီးမှုတွေမဖြစ်စေဖို့ ကာကွယ်နိုင်ရန်အတွက် အသက်ရှူနည်းစနစ်ကိုလည်း လေ့လာသင်ယူထားသင့်ပါတယ်။ ကိုယ်ဝန်မဆောင်ခင်ရောဆောင်ပြီးချိန်မှာပါ ခန္ဓါကိုယ်အလေးချိန်ကိုထိန်းသင့်ပါတယ်။ ကိုယ်အလေးချိန်တိုးခြင်းနဲ့ အဝလွန်ခြင်းတွေဟာ ယောနိနဲ့စအိုကြားမျက်နှာပြင် […]


ကြိုတင်ပြင်ဆင်ခြင်း

ကလေးမွေးဖွားချိန်ကြောက်ရွံ့မှုတွေကို ဘယ်လိုဖယ်ရှားမလဲ

ဇာတ်လမ်းတွေထဲမှာတွေ့ရတတ်တယ်၊ ကလေးမွေးခါနီးကိုယ်ဝန်ဆောင်မိခင်ဟာတက္ကစီကားနောက်ခန်းထဲမှာအော်ဟစ်ပြီးလိုက်သွားတာမျိုးပေါ့~ အဲ့ဒါတွေကကိုယ်ဝန်ဆောင်မိခင်တွေကိုဆေးရုံအချိန်မီမရောက်မှာကိုတွေးပြီးထိတ်လန့်လာစေပါတယ်။ ပိုဆိုးတာက... သူမရင်ဆိုင်ရမယ့် ကြောက်စရာတွေကဒါတစ်ခုထဲမဟုတ်သေးဘူးလေ……..   သိထားသင့်တဲ့တချို့သောကြောက်ရမယ့်ကိစ္စလေးတွေ အမျိုသမီးတချို့ဟာအချိန်မမီတော့တာကြောင့် အငှားကားပေါ်မှာပဲကလေးမွေးမိသွားမှာမျိုးကိုကြောက်နေတတ်ပါတယ်။ တကယ်တော့ အမျိုးသမီးအများစုမှာမီးဖွားတဲ့ဖြစ်စဉ်ဟာအဲ့လောက်ထိမမြန်ပါဘူး။ ကလေးမွေးဖွားဖူးထားသောကိုယ်ဝန်သည်တွေမှာမီးဖွားနှုန်းမြန်တတ်တယ်ဆိုပေမယ် ဒါဟာလည်းအဲ့လောက်စိတ်ပူရလောက်အောင် မဟုတ်သေးပါဘူး။ မီးဖွားတော့မယ့် လက္ခဏာတွေကိုဆရာဝန်နဲ့ ကြိုဆွေးနွေးကြည့်ထားပါလား၊ ဒါဆိုရင် မီးဖွားတော့မယ်ဆိုတာကိုသတိပြုနိုင်ပြီး ကြိုတင်ပြင်ဆင်နိုင်တာပေါ့။ လိုအပ်မယ့်ပစ္စည်းတွေကိုလည်း ကြိုတင်ထုတ်ပိုးထားပြီးနေ့အချိန်ရောညအချိန်မှာရောဆေးရုံကိုဘယ်လိုသွားမလဲဆိုတာကို ကြိုတွေးထားသင့်ပါတယ်။   နာမှာကိုကြောက်တယ် ဒီကြောက်ရွံမှုကတော့ ကိုယ်ဝန်သည်အမျိုးသမီးတိုင်းမှာရှိမှာပါ။ တကယ်လို့ အဲ့ဒါကိုပဲတွေးမိနေပြီးကြောက်နေတယ်ဆိုရင်တော့ ဆရာဝန်ကိုပြောပြပြီးအကြံဉာဏ်တောင်းကြည့်ပါ။ အနာသက်သာစေမယ့် ဆေးဝါးတွေအကြောင်းမေးကြည့်တာမျိုးပေါ့။ တချို့က ကလေးကိုထိခိုက်သွားမှာစိုးရိမ်ကြပေမယ့် ကျွမ်းကျင်သူတွေကသက်ရောက်မှုကသေးငယ်ပါတယ် လို့ပြောကြပါတယ် တခါတရံကလေးကိုအိပ်ချင်စေရုံလောက်ပဲရှိမှာပါ။ ဒါ့အပြင် ကလေးအပေါ် ဆေးသက်ရောက်မှုကိုနည်းသထက်နည်းအောင် ဆရာဝန်ကဆေးကိုလျှော့ပြီးထိန်းပေးနိုင်ပါလိမ့်မယ်။ ဒီကြောက်ရွံမှုကိုလျှော့ချနိုင်ဖို့အတွက် မီးဖွားရန်ရက်သတ္တပတ်အနည်းငယ်အလိုမှာမီးဖွားစဉ်အသက်ရှူနည်းကိုလေ့ကျင့်ထားသင့်ပါတယ်။ ထိုအသက်ရှူနည်းကနာကျင်မှုကိုသက်သာစေပါလိမ့်မယ်။ ဒါမှမဟုတ် လက်သည်၊ သူနာပြု၊ မိမိဆွေမျိုးတို့လို့ မိမိမွေးဖွားစဉ်မှာကူညီအားပေးမယ့်သူတွေကိုယုံကြည်လိုက်ပါ။ အမျိုးသမီးအများစုဟာတခြားလူဆီက နှစ်သိမ့်မှုတွေရတဲ့အခါ စိတ်ပိုငြိမ်တတ်ပါတယ်။   ခါးအောက်ပိုင်းထုံဆေးထိုးရမှာကိုကြောက်ခြင်း ခါးအောက်ပိုင်းကိုထုံဆေးထိုးလိုက်ခြင်းဟာနာကျင်မှုကိုသက်သာစေသော်လည်းကိုယ်ဝန်သည်တွေကဆေးထိုးခြင်းကိုသို့မဟုတ် ဆေးရဲ့ဆိုးကျိုးတွေကိုကြောက်တတ်ကြပါသေးတယ်။ ဒါကြောင့်တချို့ကမထိုးကြတာပါ။ ဒါပေမယ့် သတင်းကောင်းကသူ့ဆိုးကျိုးတွေကနည်းပါတယ်။ တခါတရံမှာခေါင်းကိုက်တာလောက်ရရှိတတ်ပြီးကုသလို့ရပါတယ်။ အချိန်ကြာမယ့် နာတာရှည်ရောဂါမျိုးတွေဆိုပိုလို့မဖြစ်နိုင်ပါဘူး။   ဗိုက်ခွဲမွေးရမည်ကိုကြောက်ခြင်း ဗိုက်ခွဲမွေးတာဟာယနေ့ခေတ်တွေမှာတွင်ကျယ်လာတဲ့အရာတစ်ခုပါ။ ဒါပေမယ့် တချို့အမျိုးသမီးတွေကကြောက်နေကြတုန်းပါပဲ ပြီးတဲ့အခါရရှိမယ့်နာကျင်မှု၊ […]


ကြိုတင်ပြင်ဆင်ခြင်း

ဆုံပိုင်းပြင်ခြင်းဆိုတာ ဘာလဲ။

ဆုံပိုင်းပြင်ခြင်းဆိုတာ ဘာလဲ။ သေသေချာချာ သိရှိနိုင်စေဖို့ အတူတူ ကြည့်လိုက်ရအောင်နော်။ ဆုံပိုင်းပြင်ခြင်းဆိုတာ ဘာလဲ။ ဆုံပိုင်းပြင်ခြင်းဆိုတာ ဘာလဲ။ ဆိုတော့ ဆုံပိုင်းပြင်ခြင်း ဆိုတာ ဗိုက်ထဲက သန္ဓေသားလေးကို မူမမှန်ပုံစံကနေ သင့်တော်တဲ့ပုံစံဖြစ်အောင် အပြင်က လှည့်ပေးတာကို ခေါ်ပါတယ်။ ဒီလို လှည့်ပေးလိုက်ခြင်းအားဖြင့် ရိုးရိုးမွေးရတာ ပိုပြီးလွယ်ကူသွားမှာ ဖြစ်ပါတယ်။ ချောမွေ့စွာ မီးဖွားနိုင်ဖို့အတွက် တင်ပဆုံပိုင်း ဖြစ်နေတဲ့ ဒါမှမဟုတ် ကန့်လန့်ဖြစ်နေတဲ့ သန္ဓေသားလေးကို ပုံမှန်ဖြစ်တဲ့ ခေါင်းပိုင်းဖြစ်သွားအောင် လုပ်ပေးရပါတယ်။ ဒီလို ဆုံပိုင်းပြင်တာကို နေ့စေ့လစေ့မတိုင်ခင် (အများအားဖြင့် ကိုယ်ဝန်၃၇ပတ်လောက်မှာ) လုပ်လေ့ရှိကြသလို မွေးနေရင်းအချိန်(ရေမြွာမပေါက်ခင်လေးမှာ)မှာလည်း လုပ်တဲ့အခြေအနေတွေ ရှိပါတယ်။ တခုရှိတာက တင်ပဆုံပိုင်းဖြစ်နေလို့ လှည့်လိုက်တဲ့အခါ မအောင်မြင်ဖူးဆိုရင်တော့ ဒီတိုင်းဆုံပိုင်းမွေးရင်မွေး ဒါမှမဟုတ် လိုအပ်ရင် ဗိုက်ခွဲပြီး မွေးရတတ်ပါတယ်။ ဘာတွေကို စောင့်ကြည့်နေရမလဲ။ ဆုံပိုင်းပြင်တဲ့အခါ မေမေ့ဗိုက်ထဲက သန္ဓေသားလေးရဲ့ အခြေအနေကို တောက်လျှောက်သတိထားပြီး […]


ကလေးမွေးဖွားခြင်းအကြောင်း

ကလေးမွေးဖွားဖို့ ပြင်ဆင်ရန် လုပ်သင့်သောလေ့ကျင့်ခန်းများ

ကိုယ်ဝန်ဆောင်နေစဉ် လေ့ကျင့်ခန်းလုပ်ဖို့ပြင်ဆင်တဲ့အခါ ဘယ်လို လေ့ကျင့်ခန်းပုံစံမျိုးက သင့်လျော်မလဲဆိုပြီး စိတ်ပူနေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအဝင် လေ့ကျင့်သူအားလုံးအတွက် ကာယလေ့ကျင့်ခန်းတွေက ကိုယ်ကာယသန်မာတိုးတက်စေတာ ကျွန်တော်တို့အားလုံးသိပြီးသားပါ။ ကလေးကို ကောင်းကောင်းမွန်မွန်မွေးဖွားနိုင်ဖို့အတွက် သင်ရဲ့ခန္ဓာကိုယ်ကို ပြင်ဆင်တဲ့နေရာမှာ kegel ကီဂယ်လေ့ကျင့်ခန်းတွေ၊ ထိုင်ထလေ့ကျင့်ခန်းတွေနဲ့ နောက်ကျောဆန့်ခြင်း စတဲ့လေ့ကျင့်ခန်းတွေက အထောက်အကူဖြစ်ပါလိမ့်မယ်။ ကီဂယ်လေ့ကျင့်ခန်း (kegel exercise) ကီဂယ် လေ့ကျင့်ခန်း ဆိုတာ တင်ပါးဆုံ အောက်ခြေကြွက်သားတွေကို လေ့ကျင့်ပေးတဲ့ပုံစံတစ်မျိုးဖြစ်ပြီး ယောနိအပြင် သားအိမ်၊ ဆီးအိမ်နဲ့ အူလမ်းကြောင်းကြွက်သားတွေ ကိုပါသန်မာစေပါတယ်။ သင့်ရဲ့ တင်ပါးဆုံအောက်ခြေကြွက်သားတွေကို သန်မာစေခြင်းဟာ ဖော်ပြပါအင်္ဂါတွေကို အထောက်အပံ့ပေးနိုင်ပြီး ဆီးမထိန်းနိုင်ခြင်းကို ကာကွယ်/ကုသပေးနိုင်ပါတယ်။ လက်တွေ့ဖြစ်ရပ်တွေနဲ့ လေ့လာမှုတွေအရ တင်ပါးဆုံအောက်ခြေကြွက်သား တွေကို ကောင်းကောင်းထိန်းချုပ်နိုင်ခြင်းဟာ မွေးဖွားစဉ်မှာ ညှစ်ထုတ်ရတဲ့အဆင့်အတွက်လည်း အကူအညီဖြစ်စေပါတယ်။ တကယ်လို့သင်က ဒီကြွက်သားတွေကို ဖြေလျော့ပေးနိုင်မယ်ဆိုရင် ကလေးမွေးဖွားဖို့အတွက် ပိုပြီးလွယ်ကူနိုင်ပါတယ်။ ကီဂယ်ဟာ လုပ်ရတာလွယ်ကူတဲ့လေ့ကျင့်ခန်းပါ။ […]


ကလေးမွေးဖွားခြင်းအကြောင်း

သင့်အမေ မသိခဲ့တဲ့ မွေးလမ်းကြောင်းချဲ့ခြင်းအကြောင်း

မွေးလမ်းကြောင်းချဲ့တယ်ဆိုတာမိန်းမကိုယ်နဲ့စအိုကြားနေရာကိုမီးဖွားနေစဉ်အချိန်မှာကတ်ကြေးနဲ့ညှပ်ပြီးချဲ့တာကိုခေါ်တာပဲ ဖြစ်ပါတယ်။ ဒီနေရာဟာကြွက်သားတွေအများစုရှိတဲ့နေရာဖြစ်ပါတယ်။ ကလေးမမွေးမီအချိန်လေးမှာအဆိုပါနေရာကိုသင့်ဆရာဝန်ကညှပ်ပြီးမွေးလမ်းကြောင်းကိုကျယ်အောင်လုပ်ပါလိမ့်မယ်။ ရှေးခေတ်ကမွေးလမ်းကြောင်းချဲ့ခြင်း လွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာကတည်းကမွေးလမ်းကြောင်းချဲ့ခြင်းကိုရည်ရွယ်ချက်ကောင်းကောင်းနဲ့ ပြုလုပ်ခဲ့ကြပါတယ်။ မီးဖွားတဲ့အချိန်မှာမိန်းမကိုယ်ပြင်းထန်စွာစုတ်ပြဲတာကိုကာကွယ်နိုင်ဖို့အတွက်မွေးလမ်းကြောင်းချဲ့ခြင်းကိုလုပ်ခဲ့ကြတာပါ။ ဒါ့အပြင်ဒီလိုမွေးလမ်းကြောင်းကြိုချဲ့ထားတာဟာပုံမှန်သဘာဝအတိုင်းပြဲသွားတာထက်အနာပိုကျက်ဖို့လွယ်တယ်လို့လည်းယုံကြည်ခဲ့ကြပါတယ်။ ကလေးမွေးပြီးနောက်ပိုင်းကြုံတွေ့ရတတ်တဲ့ ပြဿနာတွေဖြစ်တဲ့ဆီးထွက်ကျတတ်တာ၊လိင်ဆက်ဆံရင်နာကျင်တာစတဲ့ ပြဿနာတွေကိုလည်းလျော့နည်းစေတယ်လို့ကျွမ်းကျင်သူတွေကယူဆကြတဲ့အပြင်ဒီလိုညှပ်လိုက်တာဟာသဘာဝအတိုင်းစုတ်ပြဲတာထက်ကောင်းတယ်လို့လည်းလက်ခံထားကြပါတယ်။ အမျိုးအစားတွေ လေ့လာချက်တချို့ရဲ့အဆိုအရ၈၅%သောအမျိုးသမီးတွေဟာမီးဖွားချိန်မှာ (နည်းနည်းပဲဖြစ်ဖြစ်) မွေးလမ်းကြောင်းစုတ်ပြဲလေ့ရှိကြပါတယ်လို့ဆိုပါတယ်။ သဘာဝအတိုင်းစုတ်ပြဲတာ (နဲ့မွေးလမ်းကြောင်းချဲ့တာ)မှာအနည်းငယ်စုတ်ပြဲတာကနေအကြီးအကျယ်စုတ်ပြဲတာဆိုပြီးအမျိုးမျိုးရှိနိုင်ပါတယ်(ဆရာဝန်တွေကတော့အဆင့်လေးဆင့်ခွဲပြီးသတ်မှတ်ပါတယ်)။ အဆိုးဆုံးအခြေအနေတွေမှာစအိုကြွက်သားတွေနဲ့စအိုနားတဝိုက်စုတ်ပြဲထိခိုက်ပြီးဝမ်းသွားတဲ့အခါ ပြဿနာတွေတက်စေပါတယ်။ အတွေ့ရအများဆုံးမွေးလမ်းကြောင်းချဲ့တဲ့ပုံစံတွေကအလယ်ညှပ်တဲ့ပုံစံနဲ့ဘေးတစောင်းညှပ်တဲ့ပုံစံပဲဖြစ်ပါတယ်။ နှစ်မျိုးလုံးဟာသူ့ဟာနဲ့သူကောင်းကျိုးဆိုးပြစ်တွေရှိကြပါတယ်။ အလယ်ညှပ်တဲ့ပုံစံမှာမိန်းမကိုယ်(ယောနိ)ရဲ့အောက်အလယ်တည့်တည့်ကနေစအိုနားအထိညှပ်ပါတယ်။ အမေရိကနဲ့ကနေဒါနိုင်ငံတွေမှာဒါမျိုးအညှပ်များပါတယ်။ သူ့ရဲ့ကောင်းတဲ့အချက်က ပြန်ချုပ်ရလွယ်တယ်၊အနာကျက်မြန်ပါတယ်။ ဒါ့အပြင်သိပ်လည်းမနာသလိုနောက်ပိုင်းကာလတွေမှာနာကျင်နေတာမျိုးနဲ့လိင်ဆက်ဆံတဲ့အချိန်မှာနာကျင်တာတွေလည်းအဖြစ်နည်းပါတယ်။ အလယ်ညှပ်တာဟာသွေးလည်းအထွက်နည်းပါတယ်။ မကောင်းတဲ့အဓိကအချက်ကတော့စအိုကြွက်သားတွေပါစုတ်ပြဲထိခိုက်ဖို့ရာခိုင်နှုန်းများတာပါပဲ။ ဒီလိုဖြစ်သွားပြီဆိုရင်ဝမ်းတွေထွက်ကျတာ၊ဝမ်းမထိန်းနိုင်တာစတဲ့ ပြဿနာတွေကိုရေရှည်မှာရင်ဆိုင်ရနိုင်ပါတယ်။ တစောင်းညှပ်ရင်လည်းမိန်းမကိုယ်ရဲ့အောက်အလယ်ကနေစပါတယ်။ ဒါပေမယ့်သူကအောက်တည့်တည့်စအိုဆီမညှပ်ဘဲတင်ပါးဖက်ကို၄၅ဒီဂရီလောက်တစောင်းလေးညှပ်ချရပါတယ်။ ဒီလိုညှပ်နည်းမျိုးကိုခုနကနှစ်နိုင်ငံမှတပါးကမ္ဘာအနှံ့ကတခြားသောနိုင်ငံတွေမှာသုံးကြပါတယ်။ တစောင်းညှပ်ခြင်းရဲ့အဓိကကောင်းတဲ့အချက်ကစအိုကြွက်သားတွေကိုထိခိုက်နိုင်ချေအင်မတန်နည်းတာပါပဲ။ ဒါပေမယ့်မကောင်းတဲ့အချက်လေးတွေတော့ပိုများပါတယ်။ သွေးထွက်များမယ်။ ပိုနာမယ်။ ချုပ်ရခက်မယ်။ နောက်ပိုင်းပြဿနာတွေရှိမယ် (အထူးသဖြင့်လိင်ဆက်ဆံတဲ့အခါနာကျင်တာမျိုး)။ မွေးလမ်းကြောင်းချဲ့တာနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘာတွေသိထားလဲ။ မကြာသေးမီကသုတေသန ပြုချက်တွေအရမွေးလမ်းကြောင်းချဲ့ခြင်းဟာအကျိုးထက်အပြစ်တွေကိုပိုဖြစ်စေတယ်လို့သိရပါတယ်။ ကူးစက်ပိုးဝင်တာအပြင်တခြားသောနောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်စေတယ်လို့ဆိုပါတယ်။ မွေးလမ်းကြောင်းချဲ့ခြင်းဟာသဘာဝအတိုင်းစုတ်ပြဲတာထက်ပိုပြီးဒါဏ်ရာကြီးသွားတတ်တဲ့အတွက်စအိုကြွက်သားတွေကိုပါထိခိုက်စေနိုင်ပါတယ်။ ဒီလိုစအိုကြွက်သားတွေထိခိုက်ဒါဏ်ရာရသွားပြီဆိုရင် ပြန်ကောင်းဖို့အချိန်ကြာမှာ ဖြစ်သလိုနေရထိုင်ရတာလည်းအတော်လေးကသိကအောင့်ဖြစ်စေပါတယ်။ ဒီလိုအချက်တွေရှိတာမို့မွေးလမ်းကြောင်းချဲ့တာကိုတော်တန်ရုံပြုလုပ်လေ့မရှိပေမယ့်တချို့လူနာတွေမှာတော့မွေးလမ်းကြောင်းချဲ့တာကို ပြုလုပ်ဖို့လိုကောင်းလိုပါလိမ့်မယ်။ အောက်ပါအချက်တွေရှိရင်မွေးလမ်းကြောင်းချဲ့တာကို ပြုလုပ်ပါလိမ့်မယ်။ မီးဖွားတဲ့အခါမိန်းမကိုယ် ပြင်းထန်စွာစုတ်ပြဲနိုင်ချေများရင်။ ကလေးအနေအထားမမှန်ရင်။ ကလေးကပုံမှန်ထက်ပိုကြီးနေရင်။ ကလေးကိုဗိုက်ထဲကစောစောထုတ်ဖို့လိုရင်။ တကယ်လို့မွေးလမ်းကြောင်းချဲ့ရမယ်ဆိုရင်ဒီကိစ္စနဲ့ပတ်သက်ပြီးဆရာဝန်ကိုအသေအချာမေးမြန်းပါ။ ဘာလို့မွေးလမ်းကြောင်းချဲ့ဖို့လိုအပ်တာလဲ။ ဒီလိုချဲ့လိုက်လို့ဘာတွေပိုပြီးကောင်းသွားမလဲ၊အကျိုးရှိသွားမလဲဆိုတာတိတိကျကျသိရအောင်မေးရပါမယ်။ Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


ကလေးမွေးဖွားခြင်းအကြောင်း

အချင်းသွေး/ချက်ကြိုးသွေး သိမ်းဆည်းခြင်း

နည်းပညာတိုးတက်လာတာနဲ့အမျှ ဒီနေ့ခေတ်ရဲ့မိဘတွေဟာ သူတို့ရဲ့ ကလေးငယ်တွေ အနာဂတ်မှာ သုံးစွဲနိုင်ဖို့အတွက် အချင်းသွေး/ချက်ကြိုးသွေး သိမ်းဆည်းခြင်း( cord blood banking) ကို ကျန်းမာရေးအာမခံအစီအစဉ်အဖြစ် ရွေးချယ်လာနိုင်ကြပါပြီ။ အချင်းသွေးသိမ်းဆည်းခြင်းရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။ ချက်ကြိုးသွေး (အချင်းသွေး) ဟာ အသက်ကယ်နိုင်ပါတယ်။ အချင်းသွေးတွေမှာ ပင်မဆဲလ်တွေ များပြားစွာပါဝင်ပြီး သွေးဆဲလ်တွေအဖြစ်ပြောင်းလဲနိုင်တဲ့စွမ်းရည်ရှိပါတယ်။ ဒါက အမျိုးမျိုးသောရောဂါတွေကိုကုသတဲ့အခါမှာ အသုံးပြုလို့ရနိုင်ပါတယ်။ အတိအကျဆိုရင်တော့ အချင်းသွေး ဟာ သွေးနဲ့ ခုခံအားစနစ်တွေမှာဖြစ်တတ်တဲ့ရောဂါတွေ ဥပမာ သွေးကင်ဆာ ၊ကင်ဆာတွေ၊ သွေးနီဥပုံစံမမှန်မှုကြောင့်ဖြစ်သော သွေးအားနည်းရောဂါ နဲ့အခြားသော ဇီဝဖြစ်စဉ်ကမောက်ကမဖြစ်တာတွေကို ကုသနိုင်ဖို့ လုံလောက်ပါတယ်။ ဆရာဝန်တွေကတော့ ချက်ကြိုး၊ အချင်း၊ ရိုးတွင်းချဉ်ဆီ (သို့) သွေးလမ်းကြောင်းစသည့်တို့မှတစ်ဆင့် နည်းမျိုးစုံ ကိုသုံးပြီးတော့ သွေးဆဲလ်တွေကိုရယူနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချင်းသွေး ဟာ လူတစ်ဦးတစ်ယောက်ချင်းစီမှာလိုအပ်တဲ့အရာတွေအားလုံးနဲ့ ထပ်တူကျဖို့ ပိုပြီးလွယ်ကူပါတယ။် […]


ကလေးမွေးဖွားခြင်းအကြောင်း

ကလေးမွေးဖွားစဉ်မွန်းခြင်း

မွေးဖွားစဉ်ကလေးမွန်းခြင်းဆိုသည်မှာအဘယ်နည်း? ကလေးမွန်းခြင်းဆိုသည်မှာ လုံလောက်သောအောက်ဆီဂျင် ထောက်ပံ့မှုမရရှိခြင်းဖြစ်သည်။ အ ကယ်၍ကလေးမမွေးစဉ်၊မွေးနေစဉ်နှင့်မွေးပြီးအချိန်တွင်ကလေးသည် လုံလောက်သော အောက်ဆီဂျင်မရရှိဘူးဆိုပါက ထိုအခြေအနေကိုကလေးမွေးဖွားစဉ်မွန်းခြင်းဟုခေါ်ပါသည်။ မွေးဖွားစဉ်မွန်းခြင်းတွေကိုဖြစ်ပွားစေသည့်အကြောင်းအရင်းများသည်မည်သည်တို့ဖြစ်သနည်း။ ကလေးမွေးဖွားစဉ်မွန်းခြင်းဖြစ်ပွားရသည့်အကြောင်းအရင်းများမျာ မိခင်သွေးထဲတွင်အောက်ဆီဂျင်ပါဝင်မှုနည်းပါခြင်း အချင်းစောကွာခြင်း ကလေးမွေးရခက်ခဲခြင်း ချက်ကြိုးပြဿနာများ မိခင်သို့မဟုတ်ကလေးတွင်ပိုးဝင်ခြင်း ကလေးမွေးစဉ်မိခင်တွင်ဖိအားများခြင်းသို့မဟုတ်ဖိအားနည်းခြင်း ကလေးတွင်အသက်ရှူခြင်းဆိုင်ရာပုံမမှန်မှုများဖြစ်ပေါ်နေခြင်း ကလေးသွေးအားနည်းခြင်း မွေးဖွားစဉ်ကလေးမွန်းလျှင်ကလေးကိုမည်သို့သက်ရောက်မှုရှိနိုင်ပါသလဲ? နေ့စေ့လစေ့မွေးသောကလေးအယောက်တစ်ထောင်အနက်လေးယောက်သည်မွေးဖွားစဉ်မွန်းခြင်းကိုခံစားရတတ်ပါသည်။ လမစေ့ဘဲမွေးသောကလေးများသည်မွေးဖွားစဉ်မွန်းခြင်းကိုခံစားရနှုန်းပိုများသည်။ မွေးဖွားစဉ်မွန်းခြင်းကြောင့် ထိခိုက်ပျက်စီးမှုသည် အောက်စီဂျင်ဘယ်လောက်များများ ပြတ်လပ်သွားသလဲ သို့မဟုတ် အောက်စီဂျင်ဘယ်လောက်ကြာကြာ ပြတ်လပ်သွားသလဲသို့မဟုတ် ကလေးသည်သင့်လျော်သော ကုသမှုကိုဘယ်လောက်မြန်မြန်ရသလဲစသည့်အချက်များပေါ်မူတည်ပါသည်။ ကလေးမွန်းခြင်းမိနစ်အနည်းငယ်ဖြစ်ပေါ်ပါက အောက်စီဂျင်နှင့်သွေးထောက်ပံ့မှုမရရှိခြင်းသည် ဆဲလ်ပျက်စီးမှုကိုဖြစ်စေပါသည။် ဦးနှောက်သို့သွေးနှင့်အောက်စီဂျင်ထောက်ပံ့မှုပြန်လည်ရရှိပြီးနောက်တွင် သွေးရုတ်တရက်ပြန်လည်စီးဆင်းခြင်းထိခိုက်မှုကြောင့် ပျက်စီးသွားသောဆဲလ်များမှ အဆိပ်အတောက်များ ထုတ်လွှတ်ခြင်းကြောင့် သွေးပြန်လည်စီးဆင်းခြင်းဒဏ်ရာရမှုဖြစ်ပွားနိုင်သည်။ အနည်းငယ်သို့မဟုတ် တော် သင့်ရုံမွန်းကျပ်ခြင်းသည် သေရာပါပျက်စီးမှုကို မဖြစ်ပွားစေနိုင်သော်လည်း မွန်းကျပ်ခြင်းကြာရှည်စွာဖြစ်ပါက ကလေး၏ဦးနှောက်နှလုံးနှင့်အခြားအရေးကြီးသောအင်္ဂါများသို့ သေရာပါမည့်ဒဏ်ရာမျိုးဖြစ်ပွားစေနိုင်ပါသည်။ နေ့မစေ့လမစေ့ဘဲမွေးသောကလေးများတွင်မွန်းခြင်းသည် ကလေးများတွင်ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာများ၊ ဦး နှောက်နှင့်ပက်သက်သောပုံမမှန်သည့်ပြဿနာများ၊အာရုံစူးစိုက်၍မရသောအလွန်အမင်းအတက်ကြွလွန်ပုံမမှန်မှုများ သို့မဟုတ် အမြင်ဆိုင်ရာပုံမမှန်မှုများဖြစ်ပွားစေပါသည်။ ဆိုးဝါးသေားမွန်းခြင်းသည်ကိုယ်အင်္ဂါများ ပုံမှန် လုပ်ဆောင်နိုင်မှုလျော့ကျခြင်းနှင့်သေဆုံးခြင်းကိုပါဖြစ်ပွားစေနိုင်ပါသည်။ မွေးဖွားစဉ်မွန်းခြင်း၏လက္ခဏာတွေကဘာတွေလဲ။ ကလေးတစ်ယောက်သည် အောက်ပါလက္ခဏာများရှိပါက မွေးဖွားစဉ်မွန်းကြပ်ခြင်းကို ခံစားနေရ သည် […]

ad iconကြော်ငြာ
ad iconကြော်ငြာ





ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း