ကလေးမွေးဖွားခြင်း

ကိုးလလွယ် ဆယ်လဖွားရမယ့် ဘေဘီလေးကို မွေးဖွားရတော့မယ် အချိန် နီးကပ်နေပြီလား။ ဒါဆိုရင် ဘေဘီလေးကို လွယ်လွယ်ကူကူနဲ့ ဘေးကင်းချောမွေ့စွာ မွေးဖွားနိုင်စေဖို့အတွက် ဘာတွေများ လုပ်ဆောင်ရမလဲလို့ သိချင်နေပြီလား။ ဒီကဏ္ဍလေးမှာ ဖတ်ရှု့နိုင်ပါတယ်။ ဘေဘီလေးက မေမေ့မျက်နှာကို ​ကြည့်ဖို့ မကြာခင် လူ့လောကကြီးထဲကို ရောက်လာတော့မှာပါ။

ကျန်းမာရေးဗဟုသုတ

ကလေးမွေးဖွားခြင်း

ခွဲမွေးပြီးရင် ရိုးရိုးပြန်မွေး လို့ ရမရ

ခွဲမွေးထားတဲ့ မေမေတွေအနေနဲ့ နောက်တစ်ခါကိုယ်ဝန်ဆောင်တဲ့အခါ ဘယ်လိုမွေးရင် ကောင်းမလဲဆိုတာ ကြိုတင်ပြင်ဆင်ထားရမှာပါ။ ရှေ့တစ်ခေါက်က အကြောင်းအမျိုးမျိုးကြောင့် ခွဲမွေးလိုက်ရပေမယ့် ဒီတစ်ခေါက်မှာ ရိုးရိုးပြန်မွေး ရင် အဆင်ပြေမလားဆိုတာက တစ်ယောက်ချင်းစီအပေါ်မှာ မူတည်ပါတယ်။ သားအိမ်မှာ အမာရွတ်တစ်ခုရှိပြီးသား ဖြစ်တဲ့အတွက် နောက်တစ်ခါမွေးရင် ဒီအမာရွတ်ကိုပါ ထည့်စဉ်းစားရတော့မှာပါ။ ရိုးရိုးပြန်မွေး ရန်  စမ်းသပ်ခြင်း အရင်ကတော့ ခွဲမွေးပြီး ရိုးရိုးပြန်မွေး တာကို Vaginal birth after cesaren (VBAC)လို့ ခေါ်ပါတယ်။ နောက်ပိုင်းကျတော့ ဒီတိုင်း မွေးတာမဟုတ်တော့ဘဲ စမ်းပြီး မွေးကြည့်တာဖြစ်တဲ့အတွက် Trial of labor after cesarean (TOLAC) လို့ ခေါ်ကြပါတယ်။ ဆိုလိုတာက ရိုးရိုးမွေးကြည့်ပြီး မရဘူး။ အခြေအနေတစ်ခုခု ပေါ်လာတယ်ဆိုရင် အရေးပေါ် ခွဲမွေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါကို ပစ္စည်းကိရိယာ […]

ကလေးမွေးဖွားခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးမွေးဖွားခြင်း ကို ရှာဖွေမည်။

ကလေးမွေးဖွားခြင်းအကြောင်း

အိမ်မှာမီးဖွားဖို့ စဉ်းစားရမယ့်အချက်များ

အိမ်မှာမီးဖွားဖို့ သင့်မသင့်ဆိုတာ စဉ်းစားသင့်တဲ့အချက် ဖြစ်ပါတယ်။ မိခင်ရော ကလေးပါ အန္တရာယ်ရှိနိုင်လား၊ သားဖွားဆရာမ ဒါမှမဟုတ် သားဖွားအကူလိုသလား၊ အခြေအနေဆိုးလာရင် နောက်တစ်မျိုးအတွက် ပြင်ဆင်ထားခြင်း ရှိသလား စတာတွေ စဉ်းစားရပါမယ်။ ဒီဆောင်းပါးကတော့ အိမ်တွင်းမီးဖွားခြင်းမှာ ဆုံးဖြတ်ချက်ချဖို့အတွက် အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။ အိမ်မှာမီးဖွားနိုင်ခြေရှိသည့် အကြောင်းခြင်းရာများ - ကိုယ်ဝန်ဆောင်၏ ကျန်းမာရေးကောင်းမွန်ပြီး နောက်ဆက်တွဲပြသနာ သိပ်မရှိခြင်း။ - ခွဲစိတ်မှုမပြုဘဲ မွေးဖွားနိုင်တဲ့ ကိုယ်ဝန်ဖြစ်ခြင်း။ - မွေးဖွားချိန်မှာ လွတ်လွတ်လပ်လပ် ဖြစ်လိုခြင်း။ - မိမိနဲ့ အကျွမ်းဝင်တဲ့ မစိမ်းတဲ့ ဝန်းကျင်မှာ မွေးဖွားလိုခြင်း။ - ယဉ်ကျေးမှုအရ (သို့) ဘာသာရေးအရ စံသတ်မှတ်မှုများ ရှိနေခြင်း။ - အိမ်မှာပင် ချက်ချင်းကလေးနို့တိုက်နိုင်ခြင်း၊ ကလေးနှင့် အတူနေနိုင်ခြင်း မိခင်နို့စောစောတိုက်ခြင်းဟာ သားအိမ်ကနေ သွေးလွန်တာကို ကာကွယ်ပေးသလို ကလေးရဲ့ နှာခေါင်းနဲ့ ပါးစပ်က အချွဲတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကလေးရဲ့ ကိုယ်ခံအားကို […]


ကလေးမွေးဖွားခြင်းအကြောင်း

မိန်းမကိုယ်၊ မွေးလမ်းကြောင်းကနေ ကလေးမွေးခြင်းမှာ ဘယ်သူမှ မပြောကြတဲ့ အကြောင်းအရာ ၅ ခု

ကလေးမွေးဖွားခြင်းသည် အမျိုးသမီးတစ်ယောက်အတွက် တစ်ဘဝလုံး အမြဲအမှတ်ရနေမည့် အကြောင်းအရာတစ်ခုပင် ဖြစ်သည်။ ကလေးမွေးဖွားခြင်းတိုင်းသည် မိခင်တစ်ယောက်စီတိုင်းနှင့် ရင်သွေးအတွက် ထူးခြားသောအတွေ့အကြုံပင်ဖြစ်သည်။ ထို့ကြောင့် မိခင်တစ်ယောက်အနေနဲ့ ကောင်းမွန်သော မျှော်လင့်ချက်များ နှင့် အတွေ့အကြုံကောင်းများကို ရရှိနိုင်ပါသည်။ ဒီဆောင်းပါးတွင် မိန်းမကိုယ်၊ မွေးလမ်းကြောင်း မှ မွေးဖွားခြင်း၏ လျှို့ဝှက်ချက် ၅ ခုကို ဖေါ်ပြထားပါသည်။ မိန်းမကိုယ်၊ မွေးလမ်းကြောင်းကနေ ကလေးမွေးခြင်းမှာ ဘယ်သူမှ မပြောကြတဲ့ အကြောင်းအရာ ၅ ခု မိန်းမကိုယ်၊ မွေးလမ်းကြောင်းကနေ ကလေးမွေးခြင်းမှာ ၁။ တစ်ကိုယ်ရေ အညစ်အကြေးများစွာ ပါဝင်ခြင်း။ မွေးဖွားရန်အတွက်ပြင်ဆင်ချိန်တွင် ရင်သွေးငယ်နှင့် အတူ မည်သည့်အရာများက တူတူပါလာမည်ကို အနည်းဆုံး တစ်ကြိမ်တော့ တွေးမိတတ်ကြသည်။ ထင်ရှားသော အချက်အလက်အနေနှင့် စာအုပ်များ၊ ဆောင်းပါးများ (သို့) ကိုယ်ဝန်ဆောင်မိခင်၏ အမေပင်လျှင် မပြောပြသည့် အကြောင်းအရာမှာ ရင်သွေးကို […]


ကလေးမွေးဖွားခြင်းအကြောင်း

မီးဖွားစဉ် အထောက်အကူပြုမည့် လေ့ကျင့်ခန်း (3) ခု

ကိုယ်ဝန်ဆောင်စဉ် ပြုလုပ်ရမည့် လေ့ကျင့်ခန်းများကို အစီအစဉ်ချစဉ် မည်သည့် လေ့ကျင့်ခန်းများ ပြုလုပ်ရမည်ကို စိတ်ဝင်စားကြသည်။ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများသည် ခန္ဓါကိုယ် ကြံ့ခိုင်သန်စွမ်းမှုကို ပေးစွမ်းနိုင်သည်ကို ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် အားလုံးသိရှိကြသည်။ မီးဖွားရန်အတွက် ပြင်ဆင်ရန် ခန္ဓါကိုယ်ကို လေ့ကျင့်ခန်းများ ပြုလုပ်ရာတွင် Kegel, ထိုင်ထ နှင့် နောက်ကျောဆန့်ခြင်း ကဲ့သိုေ့သာ လေ့ကျင့်ခန်းများသည် အသုံးဝင်သည်။   Kegel လေ့ကျင့်ခန်း Kegel လေ့ကျင့်ခန်းသည် တင်ပဆုံအောက်ဘက် ကြွက်သားများ အတွက်ပြုလုပ်သော လေ့ကျင့်ခန်း အမျိုးအစားဖြစ်ပြီး မိန်မးကိုယ် ကြွက်သားများ၊ သားအိမ်၊ ဆီးအိမ် နှင့် စအိုကြွက်သားများကို အားကောင်းစေသော လေ့ကျင့်ခန်းဖြစ်သည်။ တင်ပဆုံအောက်ကြမ်းခင်း ကြွက်သားများ အားကောင်းစေခြင်းသည် ထိုအင်္ဂါများကို အထောက်အပံ့ဖြစ်စေပြီး ဆီးမနိုင်ခြင်းကို သက်သာပျောက်ကင်းစေခြင်း (သို့) ကြိုတင်ကာကွယ်ပေးသည်။ လေ့လာချက်များအရ တင်ပဆုံအောက်ဘက် ကြွက်သားများကို ကောင်းကောင်းထိန်းချုပ်နိုင်ခြင်းသည် မီးဖွားစဉ် ညှစ်ထုတ်ခြင်းကို […]


ကလေးမွေးဖွားခြင်းအကြောင်း

အရပ်ပုသောအမျိုးသမီးများ ဘာကြောင့် ခွဲမွေးဖို့ လိုအပ်သလဲ

အရပ်ပုသော အမျိုးသမီးများ (အရပ် ၁.၅ မီတာအောက်) သည် ကလေးမွေးသော အခါ ဘယ်လိုမွေးရမလဲဆိုတာကို စဉ်းစားကြလိမ့်မည်။ အများစုက သူတို့၏ အရပ်ကြောင့် ရိုးရိုးမွေးရမည့်အစား ခွဲမွေးရလိမ့်မည်ဟု ထင်နေကြသည်။ တကယ်တော့ သိပ္ပံနည်းကျ လေ့လာမှုများအရ အရပ်နှင့် မွေးဖွားမှုနည်းလမ်းကြား ဆက်နွယ်မှု အထောက်အထားများ မရှိပါ။ ထိုသို့ဆိုလျှင် အချို့အမျိုးသမီးများ ရိုးရိုးမမွေးဘဲ ဘာကြောင့် ခွဲမွေးရသလဲဆိုသော အကြောင်းရင်း အချို့ကို ဤဆောင်းပါးတွင် ရှင်းလင်းဖော်ပြထားပါသည်။ အရပ်ပုသော အမျိုးသမီးများ ခွဲမွေးဖို့ လိုအပ်သလား။ ခွဲမွေးဖို့ ရွေးချယ်ရသော ပထမဦးဆုံးအကြောင်းရင်းမှာ မိခင်တင်ပါးဆုံအရိုးကွင်း အရွယ်အစားနှင့် ကလေး အရွယ်အစား အချိုး မမျှတသောကြောင့် ဖြစ်သည်။ အရပ်ပုသော အမျိုးသမီးများသည် အများအားဖြင့် တင်ပါးဆုံးအရိုးကွင်း သေးပြီးကျဉ်းတတ်သည်။ ထို့ကြောင့် တင်ပါးဆုံးအရိုးကွင်း ကြီးပြီးကျယ်သော အမျိုးသမီးများထက် မွေးဖွားရ […]


ကလေးမွေးဖွားခြင်းအကြောင်း

ချက်ကြိုးနှင့် ပတ်သက်ပြီး ပြုလုပ်ရမည့်အချက်များနှင့် မပြုလုပ်ရမည့် အချက်များ

မွေးကင်းစကလေးများ၏ မိခင်များသည် သူတို့၏ကလေးကို ဂရုစိုက်စောင့်ရှောက်ရန် တာဝန်ကြီးတခုဖြစ်လာပါသည်။ အထူးသဖြင့် မွေးပြီးရက်အနည်းငယ်အတွင်းတွင် ကလေးကို ကျန်းမာပြီး ဘေးကင်းအောင်စောင့်ရှောက်ရန်မှာ အထူးအရေးကြီးပါသည်။ ကလေးစထွက်ထွက်လာချိန် ပထမဦးစွာ ဆရာဝန် သို့မဟုတ် သားဖွားဆရာမက ချက်ကြိုးဖြတ်ပေးရပါသည်။ ရက်သတ္တပတ်အနည်းငယ်ကြာလာသောအခါ ချက်ကြိုးဖြတ်ရာမှ ကျန်ရစ်ခဲ့သော အစလေးသည် တဖြေးဖြေး မဲပြီး ခြောက်သွားကာ နောက်ဆုံးတွင် ချက်ကြွေကျသွားပါလိမ့်မည်။ ယင်းသည် သဘာဝဖြစ်စဉ်တခုဖြစ်သော်လည်း ထိုဖြစ်စဉ် တလျှောက်တွင် ကလေး၏ချက်ကြိုးကို စောင့်ရှောက်ရန်မှာ အလွန်အရေးကြီးပါသည်။   ချက်ကြိုးကို စောင့်ရှောက်ရာတွင် ပြုလုပ်ရမည့်အချက်များ ကလေးမွေးပြီး ၃ ပတ်ခန့်အကြာတွင် သင့်ကလေး၏ ချက်ငုတ်တိုသည် တဖြေးဖြေး မဲပြီး ခြောက်သွားကာ နောက်ဆုံးတွင် ချက်ကြွေကျသွားပါလိမ့်မည်။ အောက်ပါတို့သည် ချက်ကြွေပြီးနောက် ပြုလုပ်ရမည့် သန့်ရှင်းရေးလုပ်ငန်းစဉ်များ ဖြစ်ပါသည် ချက်ငုတ်တိုကို ညင်သာစွာ သန့်ရှင်းပါ။ မိဘအများစုသည် ချက်ကြိုးတွင် ဘက်တီးရီးယားပိုးများကင်းစေရန် အရက်ပြန်ဖြင့် သန့်ရှင်းရေးလုပ်တတ်ကြသည်။ […]


ကလေးမွေးဖွားခြင်းအကြောင်း

ကလေးမမွေးဖွားမီ သီချင်းနားထောင်ခြင်း၏ အကျိုးကျေးဇူးများ

ကိုယ်ဝန်ဆောင်ချိန်သည် အမျိုးသမီးတစ်ယောက်အတွက် စိတ်ဖိစီးမှုကို လျှော့ချရန်နှင့် ကလေး၏ ဦးနှောက်ဖွံ့ဖြိုး စေရန် ကုသမှုအမျိုးမျိုး ခံယူရန် လိုအပ်သော အချိန်ဖြစ်သည်။ နည်းလမ်းများစွာ ရှိသည့်အနက် မမွေးဖွားမီ သီချင်းနားထောင်ခြင်းသည် သင့်ကလေးအား တေးဂီတနှင့် ကျွမ်းဝင်စေပြီး မိခင်နှင့်ကလေးကြား ခိုင်မာသော သံယောဇဉ် ကို ဖြစ်ပေါ်စေသော နည်းလမ်းတစ်ခု ဖြစ်သည်။ မမွေးဖွားမီ တွင် ဘယ်လိုနည်းလမ်းဖြင့် အံ့သြဖွယ်ဆောင်ရွက်ပါသလဲ။ မိခင်အတွက် ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်သည် စိတ်ဖိစီးနေပါက ဘာဖြစ်နိုင်သလဲ။ ကိုယ်ဝန်ဆောင်ခြင်းသည် စိတ်ဖိစီးမှုများသည်မှာ အမှန်တရားဖြစ်သည်။ စိတ်ဖိစီးခြင်းသည် သင့်ကလေးကို ထိခိုက် စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် မမွေးဖွားသေးသော ကလေးသည် ကော်တီစော (စိတ်ဖိစီးမှု ဟော်မုန်း)၊ ကြွက်သား တင်းမာခြင်းနှင့် စိတ်ခံစားမှုဆိုင်ရာ စိုးရိမ်ပူပန်ခြင်း တို့ဖြင့် ထိတွေ့သောကြောင့်ဖြစ်သည်။ ကိုယ်ဝန်ဆောင်စဉ် ကျန်းမာရေး မကောင်းပါက ရောင်ရမ်းခြင်း ဖြစ်နိုင်သည်။ […]


ကလေးမွေးဖွားခြင်းအကြောင်း

Breech Birth (ဆုံပိုင်းမွေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Breech Birth (ဆုံပိုင်းမွေးခြင်း) ကဘာလဲ။ သင်ကိုယ်ဝန်ဆောင်ထားချိန်မှာ သင့်သားအိမ်ဟာ သန္ဓြေသားလေးပုံစံအမျိုးမျိုးပြောင်းနေဖို့ လုံလုံလောက်လောက်ကျယ်ဝန်းပါတယ်။ ပုံမှန်နဲ့ အန္တရာယ်ကင်းကင်းမွေးနိုင်ဖို့အတွက်ကတော့ ကိုယ်ဝန်ပတ် ၃၆ ပတ်လောက်ကတည်းက သန္ဓြေသားဟာ မွေးလမ်းကြောင်းဆီ ခေါင်းစိုက်နေတဲ့ အနေအထားဖြစ်နေရပါမယ်။ ဆံပိုင်းဆိုတာကတော့ ခေါင်းစိုက်မနေနဲ့ ကလေးအောက်ပိုင်းဦးတည်နေတဲ့ အခြေအနေဖြစ်တယ်။ နေ့စေ့လစေ့ကိုယ်ဝန်သည်တွေရဲ့ ၃-၅ ရာခိုင်နှုန်းလောက်ဟာ ဆုံပိုင်းမွေးရလေ့ရှိတယ်။ ဆုံပိုင်းကလေးအများစုကို အန္တရာယ်ကင်းကင်းဖြစ်ဖို့က ခွဲမွေးခြင်းသာအကောင်းဆုံးဖြစ်တယ်။ ဆုံပိုင်းအနေအထားသုံးမျိုးရှိတယ် – မွေးလမ်းကြောင်းကို ကလေးတင်ပါးက ဦးတည်ထားပြီး ခြေထောက်နှစ်ချောင်းက အပေါ်ကိုဦးတည်ပြီး ဆန့်လျက်အနေအထားဖြစ်တယ်။ တွေ့ရအများဆုံးပုံစံဖြစ်တယ်။ အပြည့်အဝဆုံပိုင်းဖြစ်ခြင်း – မွေးလမ်းကြောင်းကို ကလေးတင်ပါးဦးတည်ပြီး ဒူးကွေးလျက် အနေအထားဖြစ်တယ်။ ခြေထောက်တစ်ချောင်း သို့ နှစ်ချောင်းစလုံး တွဲလျက်ကျနေသောအနေအထားဖြစ်တယ်။ မွေးဖွားတဲ့အခါ ခြေထောက်အရင်ထွက်လာတာဖြစ်တယ်။ Breech Birth (ဆုံပိုင်းမွေးခြင်း) က ဘယ်လောက်အဖြစ်များသလဲ မွေးဖွားမှု ၁၀၀ မှာ ၄ ခါလောက်ကတော့ ဆုံပိုင်းဖြစ်နေတတ်ပါတယ်။ အသေးစိတ်သိဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ လက္ခဏာများBreech Birth (ဆုံပိုင်းမွေးခြင်း) […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

ကလေးမွေးပြီးနောက် သွေးသွန်ခြင်း

ကိုယ်ဝန်ဆောင်မိခင်များသည် ကလေးမွေးပြီးချိန်တွင် အချင်းကွာကျခြင်းကြောင့် သွေးသွန်နိုင်ချေရှိပါသည်။ ဗိုက်ခွဲမွေးသူများသည် ရိုးရိုးမွေးသူများထက်ပိုပြီး သွေးသွန်နိုင်ချေများပါသည်။ သို့သော် ကံကောင်းစွာဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် သာမန်ချိန်ထက် ကိုယ်ထဲရှိသွေးပမာဏသည် ၅၀ % မြင့်တက်လာခြင်းကြောင့် သွေးဆုံးရှုံးမှုကို အတန်သင့် ခံနိုင်ရည်ရှိစေပါသည်။ သို့သော် အချင်းအရှေ့ရောက်ခြင်း၊ အချင်းအပိုရှိသည့် ကိုယ်ဝန်ဆောင်များသည် သွေးသွန်နိုင်ချေများသည့်အတွက် အထူးကုသမှုများလိုအပ်ပါသည်။ ၆% သော အမျိုးသမီးများသည် ကလေးမွေးပြီးလျှင် သွေးသွန်နိုင်ချေရှိကြောင်းတွေ့ရသည်။   ကလေးမွေးပြီးနောက် သွေးသွန်ခြင်းကိုဖြစ်စေမည့် အကြောင်းတွေက ဘာတွေလဲ။ အချင်းကွာကျပြီးနောက် သွေးသွန်စေနိုင်သောအကြောင်းများမှာ မွေးလမ်းကြောင်းပြဲသွားခြင်း မိန်းမကိုယ်နှင့် စအိုတဝိုက်တွင် ပြဲသွားခြင်း မွေးလမ်းကြောင်းချဲ့ရာတွင် လွန်သွားခြင်း သားအိမ်ကွဲထွက်ခြင်း၊ သားအိမ်အတွင်းနှင့် အပြင် ပြောင်းပြန် ဖြစ်သွားခြင်း သွေးမတိတ်ခြင်း တို့ဖြစ်ပါသည်။ (သွေးမတိတ်ခြင်းသည် မျိုးရိုးကြောင့်သော်လည်းကောင်း၊ ကိုယ်ဝန်ဆောင်နေချိန်တွင် အချင်းစောကွာခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်းနှင့် အသည်းကိုထိခိုက်စေသော HELLP ရောဂါစု စသည့် ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်သော နောက်ဆက်တွဲရောဂါများကြောင့်သော်လည်းကောင်းဖြစ်တတ်သည်။)   ကလေးမွေးပြီးနောက် သွေးသွန်ခြင်းကို […]


ကြိုတင်ပြင်ဆင်ခြင်း

ဆေးရုံစောင့်မယ့် ဖခင်လောင်းတွေ ဘာတွေယူသွားရမလဲ။

မိခင်လောင်း တစ်ယောက်အတွက် ကလေးမွေးတော့မယ်ဆိုရင် ဆေးရုံကို ယူသွားရမယ့် ပစ္စည်း၊ အထုပ်တွေ အသင့်ရှိပြီးသားပါ။ ဒါက မိခင်ပဲ လိုတာ မဟုတ်ပါဘူး။ မိခင်နဲ့ အတူရှိနေပြီး ဆေးရုံစောင့်မယ့် ဖခင်လောင်းတွေ လည်း ကိုယ့်အထုပ်ကို ပြင်ထားသင့်ပါတယ်။ ဒါမှ မွေးတော့မယ်ဆိုတာနဲ့ အထုပ်ဆွဲပြီး သွားနိုင်မှာပါ။ ဒါ့ကြောင့် ဖခင်အလောင်းအလျာတွေအတွက် သူ့ရဲ့ လက်တွဲဖော် မွေးခန်းဝင်ရင် ဆေးရုံကို ဘာတွေယူသွားသင့်လဲဆိုတာ ဒီမှာ ကြည့်ကြတာပေါ့။ ဒါတွေက တော်တော် အခြေခံကျပြီး သတိပြုမိကောင်းပါတယ်။ အရေးကြီးတဲ့ အချိန်ကျ အဆင်သင့် ထုတ်ပိုးပြီးသား ဖြစ်တာပေါ့။ ဆေးရုံစောင့်မယ့် ဖခင်လောင်းတွေ ဘာတွေယူသွားရမလဲ။ ဆေးရုံစောင့်မယ့် ဖခင်လောင်းတွေ ဒါတွေယူသွားဖို့ မမေ့ပါနဲ့။ ခေါင်းအုံး ဆေးရုံ ရက်အနည်းငယ်နေဖို့ လိုမှာဖြစ်တဲ့အတွက် ဆိုဖာ၊ ထိုင်ခုံ၊ ပုံစံမကျတဲ့ ခေါင်းအုံးတွေပေါ်မှာ မသက်မသာ အိပ်မယ့်အစား ကိုယ့်ခေါင်းအုံး ကိုယ်ယူလာတာက […]


ကလေးမွေးဖွားခြင်း

ကလေး ဘယ်လိုမွေးဖွားသလဲ

သင့်ရဲ့ ဒုက္ခတွေကုန်ဆုံးတော့မှာပါ။ ဒါပေမယ့် အဆုံးသတ်ကိုရောက်ဖို့ တွန်းအားအနည်းငယ်တော့ လိုအပ်ပါလိမ့်မယ်။ ဒီနေရာကို မရောက်မချင်း ကလေး မမွေးပြီးမချင်း ဘယ်အရာကိုမှ မြန်မြန်ဆန်ဆန် လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အရာအားလုံး ပြောင်းလဲချိန်တန်ပါပြီ။ သားအိမ်ဝချဲ့ပြီးတဲ့အခါမှာတော့ ကလေးကို မွေးလမ်းကြောင်းတစ်လျှောက် တွန်းထုတ်ဖို့ပဲ ကျန်ပါတော့တယ်။ ကလေး ဘယ်လိုထွက်လာသလဲ။ လူတွေရဲ့ တင်ပါးဆုံကွင်းဟာ ရှုပ်ထွေးတဲ့ပုံစံရှိပြီး သင့်ကလေးက ဗိုက်ထဲကထွက်လာနိုင်ဖို့ အလုပ်နည်းနည်းလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ သင့်ရဲ့ တင်ပါးဆုံကွင်းဟာ အပေါ်ပိုင်းမှာ ဘေးကို အကျယ်ဆုံးဖြစ်ပြီး အောက်ပိုင်းမှာတော့ ရှေ့နောက် အကျယ်ဆုံးဖြစ်ပါလိမ့်မယ်။ ကလေးရဲ့ခေါင်းဟာ ရှေ့နောက်မှာ အကျယ်ဆုံးဖြစ်ပြီး ပုခုံးတွေကတော့ ဘေးဘက်ကို ကျယ်တာပါ။ ရလဒ်အနေနဲ့ သင့်ကလေးက လှည့်ကိုလှည့်ရမှာဖြစ်ပြီး မွေးလမ်းကြောင်းနဲ့တည့်အောင် ပြုပြင်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ မိခင်တိုင်းလိုလိုရဲ့ တင်ပါးဆုံကွင်းဟာ အဝင်ဝမှာ ဘေးဘက်ကိုအကျယ်ဆုံးဖြစ်ပြီး ကလေးအများစုက တင်ပါးဆုံကွင်းထဲကို ဘယ်ဘက် သို့မဟုတ် ညာဘက်ကိုလှည့်ပြီး ဝင်တတ်ကြပါတယ်။ တင်ပါးဆုံကွင်းရဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ





ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း