ကလေးမွေးဖွားခြင်း

ကိုးလလွယ် ဆယ်လဖွားရမယ့် ဘေဘီလေးကို မွေးဖွားရတော့မယ် အချိန် နီးကပ်နေပြီလား။ ဒါဆိုရင် ဘေဘီလေးကို လွယ်လွယ်ကူကူနဲ့ ဘေးကင်းချောမွေ့စွာ မွေးဖွားနိုင်စေဖို့အတွက် ဘာတွေများ လုပ်ဆောင်ရမလဲလို့ သိချင်နေပြီလား။ ဒီကဏ္ဍလေးမှာ ဖတ်ရှု့နိုင်ပါတယ်။ ဘေဘီလေးက မေမေ့မျက်နှာကို ​ကြည့်ဖို့ မကြာခင် လူ့လောကကြီးထဲကို ရောက်လာတော့မှာပါ။

ကျန်းမာရေးဗဟုသုတ

ကလေးမွေးဖွားခြင်း

ခွဲမွေးပြီးရင် ရိုးရိုးပြန်မွေး လို့ ရမရ

ခွဲမွေးထားတဲ့ မေမေတွေအနေနဲ့ နောက်တစ်ခါကိုယ်ဝန်ဆောင်တဲ့အခါ ဘယ်လိုမွေးရင် ကောင်းမလဲဆိုတာ ကြိုတင်ပြင်ဆင်ထားရမှာပါ။ ရှေ့တစ်ခေါက်က အကြောင်းအမျိုးမျိုးကြောင့် ခွဲမွေးလိုက်ရပေမယ့် ဒီတစ်ခေါက်မှာ ရိုးရိုးပြန်မွေး ရင် အဆင်ပြေမလားဆိုတာက တစ်ယောက်ချင်းစီအပေါ်မှာ မူတည်ပါတယ်။ သားအိမ်မှာ အမာရွတ်တစ်ခုရှိပြီးသား ဖြစ်တဲ့အတွက် နောက်တစ်ခါမွေးရင် ဒီအမာရွတ်ကိုပါ ထည့်စဉ်းစားရတော့မှာပါ။ ရိုးရိုးပြန်မွေး ရန်  စမ်းသပ်ခြင်း အရင်ကတော့ ခွဲမွေးပြီး ရိုးရိုးပြန်မွေး တာကို Vaginal birth after cesaren (VBAC)လို့ ခေါ်ပါတယ်။ နောက်ပိုင်းကျတော့ ဒီတိုင်း မွေးတာမဟုတ်တော့ဘဲ စမ်းပြီး မွေးကြည့်တာဖြစ်တဲ့အတွက် Trial of labor after cesarean (TOLAC) လို့ ခေါ်ကြပါတယ်။ ဆိုလိုတာက ရိုးရိုးမွေးကြည့်ပြီး မရဘူး။ အခြေအနေတစ်ခုခု ပေါ်လာတယ်ဆိုရင် အရေးပေါ် ခွဲမွေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါကို ပစ္စည်းကိရိယာ […]

ကလေးမွေးဖွားခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးမွေးဖွားခြင်း ကို ရှာဖွေမည်။

ကလေးမွေးဖွားခြင်းအကြောင်း

ဗိုက်အရမ်းမနာစေဘဲ မီးဖွားလို့ရစေတဲ့ Epidural Analgesia (EA) ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ။ ။

မီးဖွားတဲ့ မိခင်တိုင်း နာကျင်မှု ဝေဒနာခံစားရတာဟာ သဘာဝတရားကြီးက ဖန်ဆင်းပေးထားပါ။ ဒါပေမယ့် ခုနောက်ပိုင်း မီးဖွားချိန်မှာ နာကျင်မှု လုံးဝမရှိအောင် လုပ်ပေးနိုင်တဲ့အထိ ဆေးပညာကြီးက အရမ်းတိုးတက်လာပါတယ်။ ဒါဟာ မီးဖွားလို့နာကျင်ရတဲ့ မိခင်တွေ အတွက် အနာသက်သာ စေမယ့် အားသာချက်တွေ ရှိသလို သဘာဝတရားကြီးကို ဆန့်ကျင့်ထားတာကြောင့် ဆိုးကျိုးတွေ လည်း ဖြစ်စေပါတယ်။ ဘယ်လိုမျိုးတွေ လဲဆိုတာ ကြည့်လိုက်ရအောင် ။ ။ ဗိုက်မနာစေဘဲ မီးဖွားလို့ရတဲ့ နည်းတွေထဲကမှ အသုံးအများဆုံးနဲ့ အထိရောက်ဆုံးလို့ လက်ခံထားတဲ့ နည်းကတော့ Epidural Analgesia (EA) လို့ခေါ်တဲ့ နည်းဖြစ်ပါတယ်။ သူက ခါးဆစ်ရိုးထဲ ထုံဆေးထိုးသွင်းပြီး နာကျင်ခြင်းအာရုံကြောကို ပိတ်ပေးကာ မီးဖွားချိန် နာကျင်ခြင်းကို မခံစားရစေတဲ့နည်းဖြစ်ပါတယ်။ ဒီတော့ သူ့ရဲ့ အားသာချက် အားနည်းချက်လေးတွေကို […]


ကလေးမွေးဖွားခြင်းအကြောင်း

အနာမခံရဘဲ မီးဖွားနိုင်တဲ့ Epidural Analgesia (EA) နည်းကို ရွေးတော့မယ်ဆိုရင် ။ ။

ဗိုက်မနာစေဘဲ မီးဖွားလို့ရစေမယ့် ခေတ်သစ်နည်းပညာ Epidural Analgesia (EA) နဲ့ ပက်သက်ပြီး သိထားသင့်တဲ့အချက်တွေ ။ ။ ဗိုက်ခွဲပြီး ကလေး မမွေးချင်ဘူး။ ရိုးရိုးပဲ မီးဖွားချင်တယ်၊ နာမှာလည်း ကြောက်တဲ့ မေမေတို့အတွက် ခုနောက်ပိုင်း ခေတ်စားလာတဲ့ အနာမခံရဘဲ ရိုးရိုးမီးဖွားတဲ့ နည်းက အားကိုးစရာဖြစ်လို့လာပါတယ်။ ဒီတော့ ဗိုက်မနာဘဲ မီးဖွားလို့ရတယ်ဆိုတာ ဘယ်လိုနည်းမျိုးလဲ။ သူက တကယ်ပဲ စိတ်ချရလို့လား ရွေးချယ်သင့်ရဲ့လားဆိုတာတွေနဲ့ ပက်သက်ပြီး ခုပြောပြမယ့်အချက်တွေကို သိဖို့လိုလိမ့်မယ်နော် ။ ။ အနာမခံရဘဲ မီးဖွားလို့ရတဲ့နည်းဆိုတာ ဘာလဲ ။ ။ ခုနောက်ပိုင်း အနာမခံရဘဲ မီးဖွားလို့ရတဲ့နည်းတွေထဲက အသုံးအများဆုံးကတော့ epidural injection လို့ခေါ်တဲ့ ခါးဆစ်ရိုးထဲ ထုံဆေးထိုးသွင်းပြီး နာကျင်တဲ့အာရုံကြောကို သွားပိတ်တဲ့နည်းဖြစ်ပါတယ်။ ဒီလိုနဲ့ အောက်ပိုင်းထုံလာပြီး ဗိုက်နာတဲ့ နာကျင်ခြင်းကို […]


ကလေးမွေးဖွားခြင်းအကြောင်း

မွေးခါနီးထိ ဘေဘီလေးအနေအထားမမှန်တာကြောင့် စိတ်ညစ်နေရတဲ့ မေမေတို့အတွက်

ကိုယ်ဝန်ဆောင်ခြင်း ကအမျိုးသမီးတစ်ယောက်အတွက် ခက်ခဲတဲ့အချိန်တွေဖြစ်သလို စိတ်လှုပ်ရှားစရာအကောင်းဆုံး အချိန်ဆိုလည်း ဟုတ်ပါတယ်။နေ့ရက်တိုင်းမှာ စိန်ခေါ်မှုတွေအပြည့်နဲ့ကျော်ဖြတ်နေရတာပါ။ ဗိုက်ထဲကဘေဘီလေးကျန်းမာဖို့ကိုလည်း တစ်ချိန်လုံးတွေးပူရင်းဖြတ်သန်းနေရတာပါ။မေမေတို့တွေးပူတဲ့ထဲက အချက်လေးတစ်ချက်ဖြစ်တဲ့ဘေဘီလေးအနေအထားမမှန်တဲ့ကိစ္စကို ဒီဆောင်းပါးလေးကနေတဆင့်ဆွေးနွေးပါရစေ။ ဘေဘီလေးက ဗိုက်ထဲမှာ ဘယ်လိုအနေအထားနဲ့ရှိနေတတ်တာလဲ...... ဗိုက်ထဲမှာရှိနေတဲ့ဘေဘီလေးတွေရဲ့ ပုံစံကတစ်ယောက်နဲ့တစ်ယောက်သိပ်မတူကြပါဘူး။ occipito-anterior ( နောက်စေ့အရှေ့ရောက် အနေအထား)မွေးရင်တော့ခေါင်းနဲ့ပဲစဖွားမယ့်အနေအထားပါ။ occipito posterior ( နောက်စေ့ အနောက်ဘက်ရောက်အနေအထား)မွေးရင်တော့ခေါင်းနဲ့ပဲစဖွားမယ့်အနေအထားပါ။ breech delivery (တင်ပဆုံဖွား)မွေးရင် တင်ပဆုံကနေစဖွားမယ့်အနေအထားပါ။မွေးဖွားရခက်နိုင်တဲ့ အနေအထားပါ။ tranverse lie (ကန့်လန့်အနေအထား) ကလေးက ကန့်လန့်ခံနေပြီး မွေးလမ်းကြောင်းကို ပိတ်ထားတဲ့အနေအထားပါ။ ရိုးရိုးမွေးဖို့ မဖြစ်နိုင်ပါဘူး။ ခွဲမွေးမှရမှာပါ။ ဘယ်အချက်တွေကြောင့် ကလေးက အနေအထားမမှန်ဖြစ်ရတာလဲ................ ဘေဘီလေးတွေကမေမေ့ဗိုက်ထဲမှာနေရင်းမွေးဖွားရအဆင်မပြေလောက်တဲ့ အနေအထားမျိုးတွေဖြစ်ရတာက ဒီအချက်တွေကြောင့်ပါ။ ကလေးရဲ့ ဦးခေါင်းအရွယ်အစားက ကြီးနေပြီးမေမေရဲ့မွေးလမ်းကြောင်းက ကျဉ်းနေတာ ကလေးသားအိမ်ထဲမှာ လှုပ်ရှားပြီး အနေအထားပြောင်းနိုင်စေဖို့အတွက် လုံလောက်တဲ့ရေမြွာရည်ရှိမနေတာ ကလေးကရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်နည်းနေတာကြောင့် ကလေးကအနေအထားပြောင်းလဲဖို့ မလှုပ်ရှားနိုင်ဖြစ်နေတာ ဗိုက်ထဲကဘေဘီလေးလှုပ်ရှားစေဖို့မေမေက […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

မီးဖွားပြီးနောက် အမျိုးသားနဲ့ အတူပြန်နေတဲ့အခါ သွေးဆင်းခြင်း

မီးဖွားတယ်ဆိုတာ အမျိုးသမီးတွေအတွက်တော့ အပြောင်းအလဲကြီးတစ်ခုနဲ့ ရင်ဆိုင်ရတဲ့ ကိစ္စပါပဲ။ ကိုယ်ဝန်စလွယ်တည်း မီးဖွားချိန် နဲ့နောက်ပိုင်း မီးဖွားပြီးတဲ့အချိန်တွေအထိ ပြောင်းလဲမှုတွေနဲ့ချည်း ရင်ဆိုင်ရတာပါ။ ဒီအထဲမှာ မီးဖွားပြီးနောက်ပိုင်း အမျိုးသားနဲ့ အတူနေတဲ့ ကိစ္စလည်းပါတာပေါ့။ မီးဖွားပြီးနောက် အိမ်ထောင်သည်အမျိုးသမီးတိုင်း ကြုံတွေ့ရတဲ့ ကိစ္စတွေထဲမှာ အမျိုးသားနဲ့ အတူနေတဲ့အချိန် သွေးဆင်းတဲ့ ပြဿနာဟာ စိတ်ညစ်စရာ အကောင်းဆုံးပါ။ ဘာ့ကြောင့် ဖြစ်ရတာလဲ။ စိုးရိမ်ရလားပေါ့။ မီးဖွားပြီးနောက် အမျိုးသားနဲ့ အတူနေတဲ့အခါ ဘာ့ကြောင့် သွေးဆင်းရတာလဲ။ မီးဖွားပြီးနောက် ဘယ်အချိန်အမျိုးသားနဲ့အတူပြန်နေသင့်တာလဲ ဆိုတာကို အရင်သိထားဖို့လိုပါတယ်။ မီးဖွားပြီး ၄၅ ရက်နောက်ပိုင်းမှသာ အမျိုးသားနဲ့အတူပြန်နေသင့်ပါတယ်။ ဒီမတိုင်ခင် အတူပြန်နေတဲ့အခါ နောက်ကိုယ်ဝန် ထပ်ရသွားနိုင်သလို နုနယ်နေတဲ့ သားအိမ်အတွက်လည်း အန္တရာယ်ရှိပါတယ်။ ဒီတော့ မီးဖွားပြီးနောက်ပိုင်း အမျိုးသားနဲ့ အတူပြန်နေတဲ့ခါ သွေးဆင်းရတာ ဘာ့ကြောင့်လဲ။ ( ၁ ) မီးဖွားပြီးနောက်ပိုင်း ပုံမှန်ဆင်းတဲ့သွေး […]


ကလေးမွေးဖွားခြင်းအကြောင်း

မီးဖွားရလွယ်ခြင်းခက်ခြင်းရဲ့ အရေးအပါဆုံး ကလေးအနေအထား တွေ အကြောင်း ။ ။

ကိုယ်ဝန်စရှိလာတဲ့အချိန်တည်းက တစ်နေ့ပြီးတစ်နေ့ ဗိုက်ထဲမှာ ကိုယ့်အသွေးအသားလေးက တစတစ ကြီးထွားလာနေတာကို အားလုံးသိကြမှာပါ။ စပြီး သန္ဓေတည်တုန်းကတော့ သေးသေးလေးဆိုတော့ သားအိမ်ထဲမှာ ဟိုလှည့်ဒီလှည့် ကြိုက်သလိုနေရာကနေ မီးဖွားခါနီးအချိန်လည်း ရောက်ရော ကြီးလာတဲ့ ရင်သွေးလေးနဲ့ သားအိမ်နဲ့က အပြည့်ဖြစ်နေတတ်ပါတယ်။ ဒီနေရာမှာ မီးဖွားရခက်မှာလား၊ ဖွားရလွယ်မှာလားဆိုတာကို စကားအပြောဆုံးကတော့ သားအိမ်ထဲက ကလေး အနေအထား ပဲ ဖြစ်ပါတယ်။ ဒီတော့ ရင်သွေးလေးတွေက သားအိမ်တွေထဲ ဘယ်လို ပုံစံမျိုးတွေနဲ့ နေနေကြလဲဆိုတာ သိထားဖို့လိုပါတယ်။ ကိုယ့်ရင်သွေးလေးတွေ ဗိုက်ထဲမှာ ဘယ်လို အနေအထား မျိုးတွေနဲ့ နေနေကြတာလဲ ။ ။ ( ၁ ) Anterior position ဒီလို အနေအထား မျိုးမှာ ကလေးရဲ့ နောက်စေ့က မိခင်ရဲ့ ဗိုက်ဘက်မှာရှိပြီး ကလေးရဲ့မျက်နှာကတော့ မိခင်ရဲ့ ကျောဘက်ကို […]


ကလေးမွေးဖွားခြင်းအကြောင်း

ခွဲမမွေးဘဲ ရိုးရိုးပဲ ကလေးမွေးမယ် လို့ ဆုံးဖြတ်ထားတဲ့ မေမေတို့ သိသင့်တဲ့ အချက်များ

ကလေးမွေးမယ် ဆိုတာ မိခင်တိုင်းရဲ့ အသက် တစ်ဝက်လောက်ကို ပေးထားပြီး စွန့်စားရတဲ့ ကိစ္စကြီးတစ်ခုပါ။ ခေတ်အရ ခွဲမွေးတဲ့ ကိစ္စဟာ ခေတ်စားလာပေမယ့် သဘာဝဖြစ်တဲ့ ရိုးရိုးမွေးခြင်းကို ခုထိ ပြိုင်နိုင်တဲ့အရာ မပေါ်သေးပါဘူး။ ခွဲမမွေးဘဲ ရိုးရိုးပဲ ကလေးမွေးမယ် လို့ ဆုံးဖြတ်ထားတဲ့ မေမေတို့ သိသင့်တဲ့ အချက်များ ဗိုက်နာတတ်တဲ့ ကိစ္စတစ်ခုပဲ ပြောစရာရှိပြီး ကလေးထွက်သွားရင် ၃ ရက်လောက်နဲ့ သာမာန်လူလို ပြန်ဖြစ်သွားတဲ့အတွက် ရိုးရိုးမွေးတာကို ကြိုက်တဲ့သူတွေလည်း တစ်ပုံကြီးပါ။ ဒီတော့ ကိုယ်ကလည်း ရိုးရိုးမွေးမယ်လို့ ဆုံးဖြတ်ထားရင် ဒီ ၁၀ ချက်ကို သိထားဖို့တော့ လိုပါတယ်။ ( ၁ ) ကလေးမီးဖွားတဲ့ အကြိုသင်တန်းတွေ တက်ကြည့်ပါ။ မီးမဖွားခင် အကြိုသင်တန်းတွေ တက်ထားတဲ့အခါကျတော့ တကယ်လည်း မွေးခန်းထဲလည်းရောက်ရော ကလေးကို ဘယ်လိုညှစ်ရတယ် […]


ကလေးမွေးဖွားခြင်း

မီးဖွားပြီး နောက်ပိုင်း ဘယ်အချိန်မှာ သန္ဓေတားဖို့ စလုပ်သင့်သလဲ ။ ။

ပထမ ကလေးမွေးပြီးတာ သိပ်မကြာသေးဘူး။ နောက်ထပ်ကိုယ်ဝန်ရသွားတဲ့ အဖြစ်မျိုးတွေ ကြားဖူးမှာပါ။ ပထမကလေးကလည်း ငယ်သေး နောက်ကိုယ်ဝန်လည်း ထပ်ရှိတော့ အကုန်လုံး ဗျာများရတော့တာပေါ့။ ဒါတွေအားလုံးဟာ မီးဖွားြပီးနောက်ပိုင်း အချိန်သိပ်မခြားဘဲ နောက်ကိုယ်ဝန်မရအောင် ဘယ်လိုတားရလဲဆိုတာနဲ့ ပက်သက်တဲ့ အကြောင်းလေး မသိကြသေးလို့ ဖြစ်ရတာပါ။ ကိုယ်ဝန်တားချင်ပေမယ့် ဘယ်အချိန်ဆို တားဆေး၊ ထိုးဆေး သောက်လို့ ထိုးလို့ရပြီလဲဆိုတာကို မသိကြတဲ့သူတွေလည်းရှိတာကြောင့် ဒီဆောင်းပါးလေးကို ဖတ်ကြည်စေချင်ပါတယ်။ ။ ကလေးမွေးပြီးပြီးချင်း ကိုယ်ဝန်ရသွားတာမျိုး ဖြစ်တတ်လား ။ ။ ကလေးမွေးပြီး နို့တိုက်လား၊ နို့ဘူးတိုက်လားဆိုတာပေါ်မူတည်ပြီး ရာသီ ပေါ်တာ အပြောင်းအလဲရှိတတ်ပါတယ်။ ကိုယ်ဝန်ရရှိခြင်းရဲ့ အဓိက ဇာတ်လိုက်ဖြစ်တဲ့ သားဥက ရာသီမလာခင် ၂ ပတ်လောက်အလိုမှာ ကြွေတတ်တာကြောင့် ကိုယ်ဝန်ရသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ကလေးမွေးပြီးနောက်ပိုင်း ၄၅ ရက် မရှောင်မိလိုက်တဲ့အခါ ကလေးနို့တိုက်နေရင်တောင် ၊ […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

ဗိုက်ခွဲကလေးမွေးပြီး ခါးနာရတာ ဘာကြောင့်လဲ ။ ။

ဗိုက်ခွဲပြီး ကလေးမွေးဖူးတဲ့ မိခင်တွေရှိကြမှာပါ။ ရိုးရိုးမွေးရင် နာမှာကြောက်လို့၊ ရိုးရိုးမွေးလို့မရလို့ဆိုပြီး ဗိုက်ခွဲပြီး ကလေးမွေးဖူးတဲ့သူတွေရှိမှာပါ။ ကလေးမွေးတဲ့အချိန်မှာတော့ အားမစိုက်ရဘဲ သက်သက်သာသာ ကလေးမွေးသွားတယ်ဆိုပေမယ့် ခွဲမွေးပြီးချိန်မှာတော့ ခံစားရမယ့် ဝေဒနာတွေ က အများကြီးပါ။ ချုပ်ရိုးကနာတာတစ်မျိုး၊ ခွဲထားလို့ဆီးမသွားနိုင်တာကတစ်မျိုး၊ ထုံဆေးကြောင့် ရတဲ့ ဘေးထွက်ဆိုးကျိုးတွေကတစ်မျိုး နဲ့ အမျိုးမျိုးခံစားရမှာပါ။ ဒီလို ဗိုက်ခွဲမွေးပြီးနောက်ပိုင်း ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာ ခါးနာတာ အဆိုးဆုံးနဲ့ အဖြစ်အများဆုံးပါ။ ဒီဆောင်းပါးထဲမှာတော့ ဗိုက်ခွဲမွေးပြီးတဲ့သူတွေ ဘာကြောင့် ခါးနာရတာလဲဆိုတဲ့ အကြောင်းကို ပြောပြပေးတော့မှာပါ။ ဗိုက်ခွဲမွေးပြီးနောက် ခါးနာတာ ဘာကြောင့် ဖြစ်ရတာလဲ ။ ။ ဗိုက်ခွဲမွေးတယ်ဆိုရင် အသားပေါ်ဓားတင်တဲ့ အနာဒဏ်ကို ခံနိုင်ဖို့အတွက် ခါးဆစ်ရိုးထဲကို ထုံဆေးပေးလေ့ရှိကြပါတယ်။ ထုံဆေးအပ်ဟာ အသား၊ ကြွက်သား၊ ခါးဆစ်ရိုးအရွတ်နဲ့ အာရုံကြောတို့ကို ဖြတ်ပြီး သွားရတာကြောင့် […]


ကလေးမွေးဖွားခြင်းအကြောင်း

မီးဖွားချိန်မှာ မေမေတို့ အကြုံများတဲ့ ပြဿနာတွေ။ ။

ကလေးမီးဖွားတယ်ဆိုတဲ့ ဖြစ်စဉ်ဟာ သဘာဝ တရားကြီးက ဖန်တီးထားတာဖြစ်လို့ သူ့အလိုအလျောက် အချိန်တန်ရင် မီးဖွားတယ်ဆိုပေမယ့် မီးဖွားရခက်တာမျိုး၊ မိခင်ရော ကလေးကိုရော ဒုက္ခပေးနိုင်တဲ့ကိစ္စမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါဆို မီးဖွားရင် ဘယ်လို ပြဿနာတွေ မေမေတို့ အများဆုံး ကြုံတွေ့ရလဲဆိုတာ ဆက်ကြည့်ရအောင်။ ။ ၁ ။ ချက်ကြိုးကလေး လည်ပင်းကို ပတ်နေတာ ။ ။ ချက်ကြိုးဆိုတာ ကလေးကို အာဟာရတွေ ပေးနေတဲ့အရာဖြစ်ပြီး ကလေး ဗိုက်နားမှာပဲ ရှိနေသင့်တဲ့အရာတစ်ခုပါ။ တစ်ခါတစ်လေ ကံမကောင်းစွာနဲ့ပဲ ကလေးလည်ပင်းမှာ ပတ်နေပြီး ပြန်မပြေတတ်တာမျိုး ဖြစ်နေတတ်ပါတယ်။ ဒီလို အခြေအနေကို ကြိုသိမထားဘူး၊ မီးဖွားချိန်မှာ ရိုးရိုးပဲမွေးပြီးအမေက အားနဲ့ညှစ်တဲ့အချိန်မှာ ကလေးကို ချက်ကြိုးက ပတ်ပြီး လည်ပင်းညှစ်နေတတ်သလိုဖြစ်နေတတ်ပါတယ်။ ကလေးက လည်ပင်းလည်းအစ် အောက်ကို လည်း ဆက်မဆင်းနိုင်၊ […]


ကလေးမွေးဖွားခြင်းအကြောင်း

မီးဖွားခြင်း အဆင့်ဆင့်

ဒီစာလုံးလေးဟာ အင်မတန်ရိုးရှင်းသလို လူတိုင်းလူတိုင်း သိရှိပြီးသား စာလုံးလေး ဖြစ်ပါတယ်။ မီးဖွားခြင်း မှာ (ယောနိမှတဆင့်) ရိုးရိုးမွေးခြင်းနဲ့ ဗိုက်ခွဲမွေးခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ အသေးစိတ် ထပ်ခွဲရမယ်ဆိုရင်တော့ ရိုးရိုးမွေးခြင်းမှာ ဘယ်လိုပစ္စည်းကိရိယာ အကူအညီမှမပါဘဲ မွေးခြင်း၊ လေစုပ်ခွက် အသုံးပြုမွေးခြင်း၊ ညှပ်ဆွဲမွေးခြင်း ဆိုပြီး ထပ်ခွဲထားပါသေးတယ်။ ဒီဆောင်းပါးလေးမှာတော့ ဘယ်လိုမျိုး အထူးအခြား ကိရိယာကိုမှ မသုံးဘဲ လုံးဝသမရိုးကျ မွေးဖွားပုံအကြောင်းကို အဆင့်လေးတွေ ခွဲပြီး ဗဟုသုတအလို့ငှာ မျှဝေပေးသွားပါမယ်။ ဒါဆိုရင် မိခင်လောင်း၊ ဖခင်လောင်းတွေအနေနဲ့ ကြုံတွေ့လာရမယ့် အခြေအနေတွေကို ကြိုတင်သိရှိထားနိုင်မှာပဲ ဖြစ်ပါတယ်။ မီးဖွားခြင်း အဆင့် ဘယ်နှဆင့် ရှိသလဲ ယေဘုယျအားဖြင့် မီးဖွားခြင်း အဆင့်သုံးဆင့်ရှိပြီး အစကနေ အဆုံးထိဆိုရင် ၁၂ - ၂၄ နာရီလောက် ကြာမြင့်တတ်ပါတယ်။ ဒါဟာ သားဦးအတွက် ဆိုလိုခြင်းဖြစ်ပြီး […]

ad iconကြော်ငြာ
ad iconကြော်ငြာ





ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း