သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

သွားပြဿနာများ

သွားထိန်း လေးတွေတပ်ထားပြီး သွားဖုံးရောင်လာတဲ့အခါ

ယနေ့ခေတ်ကြီးမှာ အပြုံးလေးတွေလှလာဖို့၊ သွားလေးတွေညီဖို့ ဆိုပြီး braces လို့ခေါ်တဲ့ သွားထိန်း စွပ်လေးတွေ တပ်ဆင်တာလေးတွေ ခေတ်စားလာကြပါတယ်။ သွားထိန်းစွပ်လေးတွေ တပ်တာက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သွားထိန်းစွပ်လေးတွေ တပ်ထားရင်း သွားနာတာ၊ သွားဖုံးလေးတွေ ရောင်လာတာ၊ စားချင်တာတွေမစားရတာ၊ သေသေချာချာဂရုစိုက်ပေးရတာမျိုးတွေ အများကြီးရှိပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ သွားထိန်းစွပ်လေးတွေတပ်ထားတဲ့ သူတွေမှာ အဖြစ်များတဲ့ သွားဖုံးရောင်ခြင်းပြသနာ အကြောင်းကို မျှဝေပေးသွားမှာပါ။ သွားထိန်း တပ်ထားတဲ့ သူတွေမှာ ဘာလို့ သွားဖုံးရောင်တာတွေ အဖြစ်များလဲ။ ၁။ သန့်ရှင်းမှုပိုင်းမှာ အားနည်းတာကြောင့်။ များသောအားဖြင့် သွားထိန်း လေးတွေရှိနေတာကြောင့် သွားကို သေသေချာချာသန့်ရှင်းရေးလုပ်ဖို့ မလွယ်ကူတာကြောင့် အဖြစ်များပါတယ်။ သွားကို သန့်ရှင်းရေး ကောင်းကောင်းမလုပ်နိုင်တဲ့အခါ သွားချေးတွေ၊ အစာအကြွင်းအကျန်တွေ စုပုံလာပြီး ဘက်တီးရီးယားပိုးမွှားလေးတွေ ပေါက်လာနိုင်ပါတယ်။ ၂။ သွားလေးတွေ နေရာအနည်းငယ်ရွေ့သွားတာကြောင့်။ Braces လေးတွေက သွားလေးတွေကို […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းအနံ့က ပြောပြနေတဲ့ သင့်ရဲ့ ကျန်းမာရေးအခြေအနေများ

လူတစ်ယောက်ရဲ့ ပါးစပ်ကနေ အနံ့ဆိုး တစ်စုံတစ်ရာ ထွက်နေပြီဆိုရင် လူတော်တော်များများက မသိမသာလေး ကျဉ်သွားကြပါတယ်။ ထုတ်ပြောလို့ကလည်း အားနာစရာ၊ အနားမှာ နေဖို့ကလည်း အဆင်မပြေနဲ့မဟုတ်လား။ တကယ်တော့ ခံတွင်းအနံ့ဆိုးထွက်နေတဲ့ လူတစ်ယောက်နဲ့စကားပြောဖြစ်နေပြီဆိုရင် သူ့ကို အသိပေးလိုက်ပါ။ ဒါက သူ့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုခြင်းတစ်မျိုးဖြစ်သလို သူ့ကို ကူညီရာလည်း ရောက်ပါတယ်။ ခံတွင်းအနံ့ဆိုးတာဟာ ယျေဘုယျအားဖြင့် ခံတွင်းမသန့်ရှင်းလို့၊ အနံ့ပြင်းတဲ့အစားအစာတွေ မှီဝဲစားသောက်ထားလို့၊ အရက်သေစာနဲ့ ဆေးလိပ်မှီဝဲထားလို့လည်းဖြစ်နိုင်သလို ကျန်းမာရေးပြဿနာတစ်စုံတစ်ရာ ရှိနေတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါတင်မကပါဘူး။ ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေရဲ့ နိမိတ်လက္ခဏာတွေလည်းဖြစ်နေနိုင်တာကို သိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ခံတွင်းနံ့ဆိုးဖြစ်စေတဲ့ ကျန်းမာရေးပြဿနာတွေကို အောက်မှာ စုစည်းဖော်ပြပေးထားပါတယ်။ Morning Breath လူတစ်ယောက် အိပ်ပျော်နေချိန်မှာ ဟောက်တတ်တာကို သဘာဝဖြစ်စဉ်တစ်ခုအဖြစ် အတော်များများက မှတ်ယူတတ်ကြတယ်။ တကယ်တမ်းကတော့ ဟောက်တာဟာ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ အိပ်နေစဉ်ဟောက်တာဟာ Sleep […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

သင်ဘာလို့ ခံတွင်းအနံ့ဆိုးရွားနေတာလဲ

ခံတွင်းကနေ အနံ့ဆိုးတွေ ထွက်တာ (Bad Breath or Halitosis or Oral Malodor) ကို လူတိုင်းကြုံဖူးကြပါတယ်။ အနံ့ပြင်းတဲ့အစားအစာတွေစားသောက်တာ၊ ခံတွင်းကို သန့်ရှင်းအောင် မထားတာတွေကြောင့် ခံတွင်းအနံ့ဆိုးထွက်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် ခံတွင်းအနံ့ဆိုးထွက်တာတိုင်းက ဒီလိုအချက်တွေကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး။ တခြားသောအကြောင်းအရင်းတွေကြောင့်လည်း ခံတွင်းအနံ့ဆိုးတွေ ထွက်လာနိုင်ပါတယ်။ တစ်ခါတစ်ရံမှာဆိုရင် နာတာရှည်ခံတွင်းအနံ့ဆိုးထွက်တဲ့ရောဂါ (Chronic Halitosis) လည်းဖြစ်နေနိုင်ပါတယ်။ ယေဘုယျအားဖြင့် ခံတွင်းအနံ့ဆိုးတွေ ထွက်ပေါ်လာစေတဲ့ အကြောင်းအရင်း အမြောက်အများ ရှိပါတယ်။ အဓိက အကျဆုံးအချက်ကတော့ ၁၀ ချက်ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီအချက် ၁၀ ချက်ကို ဖော်ပြပေးသွားမှာပါ။ ခံတွင်းသန့်ရှင်းရေး အခြေအနေ အခြေခံအကျဆုံး အချက်ဖြစ်ပါတယ်။ သွားပုံမှန်မတိုက်တာ၊ တိုက်ဖြစ်ရင်တောင်မှ လျှာနဲ့ အာခံတွင်း တစ်ခုလုံးကို သန့်စင်အောင် မသန့်ရှင်းတာတွေက သင့်ကို ခံတွင်းအနံ့ဆိုးစေနိုင်ပါတယ်။ ဒီအချက်ကြောင့် သွားဖုံးရောင်တာ၊ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ပူပူလောလော စားမိရင်း လျှာကျက်သွားတဲ့အခါ

ပူပူလောလော စားမိရင်း လျှာကျက်သွားတဲ့အခါ ဟင်းရည် ပူပူလေး သောက်မိတာ၊  လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်း စတာတွေကို ပူပူလောလော သောက်မိလိုက်တဲ့အခါ ပြန်ထွေးထုတ်ဖို့ ခက်ပြီး လျှာကျက်သွားတာမျိုး တော်တော်များများ ဖြစ်ဖူးမယ် ထင်ပါတယ်။ လျှာကျက်တာက ကြီးကြီးမားမား ကျန်းမာရေးပြဿနာ မဟုတ်ပေမယ့် အစားအစာတွေကို သေချာ အရသာခံလို့မရဘဲ စားရသောက်ရ အရသာ မရှိတာမျိုး ခံစားရနိုင်ပါတယ်။ ဒီ ပြဿနာကို မြန်မြန် သက်သာအောင် ဘယ်လို ဖြေရှင်းမလဲ ဆိုတာ ဒီဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။ လျှာကျက်တယ်ဆိုတာ ဘာလဲ............ လျှာကျက်တယ် ဆိုတာက နေ့စဉ် ဖြစ်နေကျ မတော်တဆ ထိခိုက်မှု တစ်ခုလို့တောင် ဆိုလို့ရတဲ့ အရာပါ။ လူတော်တော်များများ ဖြစ်ဖူးကြတဲ့ ပြဿနာ တစ်ခုပေါ့။ အရမ်းပူနေတဲ့ မုန့်စားမိတာ၊ ဟင်းရည်ကို ပူပူလောလော သောက်မိတာ၊ […]


သွားပြဿနာများ

သွားထပ် လေးတွေက သင့်ရဲ့ ထူးခြားမှုတစ်ခုပါ။

သွားတွေ ထပ်နေလို့ ကြည့်လို့ မကောင်းဘူး ထင်နေတာလား။ အရင်ဆုံး သိရမှာက သွားထပ် တာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကလေးတွေရော လူကြီးတွေရော သွားထပ်တတ်ပါတယ်။ ပြီးတော့ သွားထပ်တာကို မဖြစ်မနေ ပြန်ပြင်စရာ မလိုပါဘူး။ သွားထပ်လေးတွေက သင့်ရဲ့ ချစ်မွှေးပါ။ တချို့ဆို သွားထပ်လေးတွေနဲ့ သိပ်ကို ချစ်စရာကောင်းပြီး ဆွဲဆောင်မှု ရှိပါတယ်။ သင့်ကို ထူးခြားစေတဲ့ အမှတ်အသား တစ်ခုပါပဲ။ လူတွေက သွားထပ်ကြောင့် ကိုယ့်ကိုယ်ကိုယ် မလှဘူးထင်ရင်၊ စကားပြောရတာ အဆင်မပြေရင်၊ တခြား သွားနဲ့ ခံတွင်း ရောဂါတစ်ခုခု ဖြစ်လာမှပဲ ပြန်ညှိကြတာပါ။ ဒီတိုင်းထားလိုက်တာများပါတယ်။ ကိုယ့်ရဲ့ ထူးခြားတဲ့ သွားထပ်လေးတွေက ဘယ်ကဘယ်လို ဖြစ်လာတာလဲ။ တစ်ချိန်ချိန်မှာ စိတ်ကူးပြောင်းသွားလို့ ပြင်ချင်တယ်ဆိုရင် ဘယ်လို ကုသမှုတွေ […]


သွားပြဿနာများ

သွားကျဲ လို့ စိတ်ညစ်နေပြီလား

အားရပါးရ ပြုံးလိုက်မယ်လို့ ကြံလိုက်ကာမှ သွားကျဲ နေလို့ အသာလေး ပါးစပ်ပိတ်နေလိုက်ရသူတွေ ရှိလား။ သွားကျဲတာက သွားပြဿနာချည်းပဲ မဟုတ်ပါဘူး။ ဘယ်သူမှ မပြောပေမယ့် ကိုယ့်ဟာကိုယ်တော့ ယုံကြည်မှုနည်းတာပေါ့။ ရှေ့သွားကျဲနေရင် ပိုဆိုးသေး။ စကားတောင် ခပ်ဟဟ မပြောရဲဘူး။ ငါ ဘာတွေများ လုပ်မိလို့ သွားကျဲရတာလဲလို့ရော တွေးဖူးလား။ ငယ်ငယ်ကတော့ လူကြီးတွေက သွားကျိုးရင် သွားဖုံးကို လျှာနဲ့ သွားမထိုးနဲ့၊ သွားခေါလိမ့်မယ်လို့ ပြောဖူးတယ်မလား။ ဒီလိုမျိုးတွေ လုပ်မိလို့ သွားကျဲတာလား။ ဒီလို ကျဲတဲ့အတိုင်းပဲထားရမှာလား။ ဘာမှလုပ်လို့ မရတော့ဘူးလားဆိုတာ ကြည့်ကြည့်ရအောင်။ သွားကျဲတာက ဘယ်သွားမှာမဆို ဖြစ်တတ်ပါတယ်။ ဒါပေမယ့် လူတွေက ရှေ့သွားကျဲမှပဲ ဂရုစိုက်ကြတာပါ။ ဘာလို့ဆို ကြည့်လို့မကောင်းဘူး ထင်တာကိုး။ သွားကျဲတာကို ဆေးပညာအရ Diastemaလို့ ခေါ်ပါတယ်။ ကလေးမှာရော၊ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ကိုယ်သုံးနေတဲ့ သွားပွတ်တံက ကိုယ်နဲ့ အဆင်ပြေရဲ့လား ဘယ်လိုသိနိုင်မလဲ...........

ဖြူဖွေးသန့်စင်နေတဲ့ သွားတွေ၊ အနံ့အသက်ကင်းတဲ့ ခံတွင်းနံ့တို့က သင့်ကို ယုံကြည်မှု တိုးစေတဲ့အရာတွေဟုတ်။ ဒီခံတွင်းနံ့ သန့်ရှင်းစေဖို့ အထောက်အပံ့ပေးနေတဲ့ အရာလေးတွေ ရှိပါတယ်။ ဒါကတော့ ကောင်းမွန်တဲ့ သွားတိုက်ဆေးရယ် သွားနဲ့ အဆင်ပြေသင့်တော်တဲ့ သွားပွတ်တံရယ်ပါ။ သွားနဲ့ခံတွင်း ကျန်းမာစေဖို့ သွားတိုက်ဆေးက အရေးပါတယ်ဆိုပေမယ့် သွားတိုက်ဆေး ဘယ်လောက်ကောင်းကောင်း သွားပွတ်တံက အရည်အသွေးမကောင်းဘူးဆိုရင် သွားနဲ့ခံတွင်းကျန်းမာရေးကို ထိထိရောက်ရောက် မထောက်ပံ့ပေးနိုင်ပါဘူး။ ဒီတော့ ခံတွင်းကျန်းမာဖို့ဆိုရင် မဖြစ်မနေ ဂရုစိုက်ရမှာက သွားပွတ်တံပါ။ သွားပွတ်တံရဲ့ ဇစ်မြစ်  သွားကို သန့်ရှင်းရေးလုပ်ပေးတဲ့ အရာတွေက ဘီစီ ၃၅၀၀ နောက်ပိုင်းမှာ စတင်ပေါ်ထွက်ခဲ့တယ်။ ဘေဘီလုံလူမျိုးတွေနဲ့ အီဂျစ်လူမျိုးတွေက သစ်ခက်လေးတွေရဲ့ တစ်ဖက်ကို ဖွာနေအောင်လုပ်ပြီး ဖွာနေတဲ့အစွန်းဘက်နဲ့ သွားကို သန့်ရှင်းကြတာပါတဲ့။ ၁၆၀၀ ဘီစီမှာတော့ တရုတ်လူမျိုးတွေက ခံတွင်းအနံ့ဆိုးကင်းစေဖို့အတွက် မွှေးကြိုင်တဲ့ သစ်ပင်တွေရဲ့အစိတ်အပိုင်းတွေကို ဝါးပြီး […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

အုန်းဆီကို သွားကျန်းမာရေးအတွက် ဘယ်လိုအသုံးပြုမလဲ

အုန်းဆီဟာ အသားအရေကို စိုပြေဝင်းမွတ်လာစေတဲ့ သဘာဝအဆီတွေထဲမှာ ပါဝင်ပါတယ်။ အုန်းသီးရဲ့ အသားဖတ်ကနေ ထုတ်ယူထားပြီး အရေပြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပြည့်ဝဆီအဖြစ်လည်း သတ်မှတ်ထားပါတယ်။ ဘာကြောင့် အုန်းဆီဟာ သွားကျန်းမာရေးအတွက် ကောင်းတာလဲ။ အုန်းဆီရဲ့ ၅၀ ရာခိုင်နှုန်းမှာ ပါဝင်တဲ့ လောရစ်အက်ဆစ် (Lauric Acid) မှာ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ ဘက်တီးရီးယားပိုး၊ မှိုပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ အရေပြား အလှအပအတွက်ဖြစ်ဖြစ်၊ အစာအာဟာရ အနေနဲ့ ဖြစ်ဖြစ်၊ကိုယ်တွင်းအင်္ဂါတွေမှာရှိတဲ့ ပိုးတွေ သေဖို့အတွက် ဖြစ်ဖြစ် သုံးလို့ရသလို သွားနဲ့ ခံတွင်းအတွက်လည်း အသုံးပြုလို့ ရပါတယ်။ ဒါ့အပြင် နောက်ထပ် ခံတွင်းအတွက် ဘာတွေ အကျိုးထူးစေနိုင်လဲဆိုတော့ • သွားကို ဖြူစေတယ် • သွားကြားထဲထိ သန့်စင်ပေးနိုင်တယ် • သွားပိုးပေါက်တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ် • […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

စိတ်ဖိစီးမှုကြောင့် သွားနဲ့ ခံတွင်းကို ထိခိုက်နိုင်ပါတယ်

စိတ်ဖိစီးမှုများတဲ့အခါ ပြင်ပရောဂါဝေဒနာတွေရဲ့ အန္တရာယ်တွေလည်း အလွယ်တကူ သက်ရောက်လာနိုင်တယ်ဆိုတာကို လူတော်တော်များများသိကြပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုဟာ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ လူသိနည်းပါတယ်။ ခံတွင်းနံ့ဆိုးတာလိုပြဿနာမျိုးတွေကနေ သွားဖုံးသွေးယိုတာအထိ ခံတွင်းနဲ့သက်ဆိုင်တဲ့ ဝေဒနာအများအပြားဟာ စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေပါတယ်။ မိမိမှာ စိတ်ဖိစီးမှုပြဿနာကြီးကြီးမားမား ရင်ဆိုင်လာနေရပြီဆိုရင် အောက်ပါ သွားနဲ့ ခံတွင်းဆိုင်ရာ ဝေဒနာမျိုးတွေကို ခံစားရနိုင်ပါတယ်။ သွားအရောင်တောက်ပမှု လျော့ပါးလာတာ သွားအရောင်တောက်ပမှု လျော့ကျတာလို ရေတိုပြဿနာတွေဟာ ပုံမှန်ကျန်းမာရေး အခြေအနေတွေနဲ့သာမကပဲ စိတ်ဖိစီးမှုများနေတာနဲ့လည်း သက်ဆိုင်နေလေ့ရှိတယ်လို့ သွားကျန်းမာရေးပညာရှင်တွေကဆိုထားပါတယ်။ လေ့လာချက်တွေအရ ဒီလိုသွားအရောင်မတောက်ပတော့တာဟာ စိတ်ဖိစီးမှုနဲ့ ၇၀% လောက်အထိ သက်ဆိုင်မှုရှိနေတယ်လို့ ဆိုပါတယ်။ သွား၊ မေးရိုးကိုက်ခဲတာ သွားကိုက်တာဟာ အကြောင်းအရာင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်တဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ၃၀% လောက်ကတော့ စိတ်ဖိစီးမှုကြောင့်ပါ။ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ သွားကိုက်ဝေဒနာကို Temporomandibular Disorder (TMD) ဒါမှမဟုတ် Myofascial […]


သွားပြဿနာများ

အိပ်နေစဉ် သွားကြိတ် ခြင်း

တချို့လူတွေက နိုးနေတုန်းပဲ ဖြစ်ဖြစ်၊ အိပ်နေတုန်းပဲ ဖြစ်ဖြစ် သွားကြိတ် တတ်တဲ့ အကျင့်ရှိပါတယ်။ ဆေးပညာအရ Bruxism လို့ ခေါ်ပါတယ်။ အခြေအနေသိပ်မဆိုးရင် သွားကြိတ်တာက ကုစရာမလိုပါဘူး။ ဒါပေမယ့် အကျင့်တစ်ခုလို ဖြစ်လာမယ်။ သွားနဲ့ မေးရိုးတွေ ထိခိုက်လာမယ်။ ခေါင်းတွေကိုက်လာတဲ့အထိ ဆိုးလာရင်တော့ ကုသမှု ခံယူရပါမယ်။ သွားကြိတ်တာနဲ့ ပတ်သက်ပြီး အသေးစိတ်လေ့လာကြည့်ရအောင်။ ဘာလို့ သွားကြိတ် တာလဲ။ ဘာကြောင့် သွားကြိတ်တာလဲဆိုတာ ပြောရခက်ပါတယ်။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ မျိုးဗီဇကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ သွားကြိတ်တာကို ၂မျိုး ခွဲလို့ရပါတယ်။ နိုးနေစဉ် သွားကြိတ်ခြင်း (Awake bruxism) - ဒါက စိတ်ခံစားချက်တွေ ဖြစ်တဲ့ စိတ်လှုပ်ရှားတာ၊ ဒေါသထွက်တာ၊ စိတ်ရှုပ်တာ၊ စိတ်တင်းကြပ်လာရင် ဖြစ်တတ်ပါတယ်။ တချို့တွေကလည်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း