သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

သွားဝါခြင်းဖြစ်စေနိုင်သော သင်မထင်ထားတဲ့ အကြောင်းရင်းများ

သွားဝါခြင်းဖြစ်စေနိုင်သောသင်မထင်ထားတဲ့ အကြောင်းရင်းများ လှပဖြူစင်တဲ့သွားတွေကို ပိုင်ဆိုင်နိုင်ဖို့ဟာ လူတိုင်းရဲ့အိပ်မက်ပါ။ ဒီလိုလှပဖြူစင်တဲ့ သွားတွေက ိုပိုင်ဆိုင်ရတာက ဈေးဝယ်သူတွေနဲ့ ဆက်ဆံရတဲ့အခါ၊ သို့မဟုတ် သင့်သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့အခါမျိုးတွေမှာ ကိုယ့်ကိုကိုယ်ပိုပြီး ယုံကြည်မှုရှိစေပါတယ်။ ကံမကောင်းစွာနဲ့ပဲအချို့သောစားစရာတွေနဲ့ အခြားသော ပြင်ပအကြောင်းအရာတွေကြောင့် သင့်သွားတွေဟာ သင်ထင်ထားသလောက် ဖြူစင်နေမှာမဟုတ်ပါဘူး။ ဒါတွေဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာနဲ့ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကို မသိသေးရင် ဒီစာလေးကသင့်ကို ကူညီနိုင်ပါလိမ့်မယ်။ ဖြစ်ရခြင်းအကြောင်းရင်းများ သင့်သွားတွေပျက်စီးသထက် ပျက်စီးလာစေနိုင်တဲ့ အကြောင်းရင်းတွေများစွာရှိတဲ့အထဲကမှ အချို့အကြောင်းအရာတွေကိုအောက်မှာဖော်ပြထားပါတယ်။ 1. ဆေးလိပ်သောက်ခြင်း စီးကရက်တွေနဲ့ ဆေးတံသောက်တဲ့ခါမှာ ထည့်ပေးရတဲ့ ဆေးရွက်ကြီး (tobacco products)တွေကို စွဲလမ်းနေပြီးပုံမှန်သောက်နေရင်တော့ ဒါတွေကသင့်သွားတွေကို အန္တရာယ်ပေးနိုင်ပါတယ်။ 2. ခံတွင်းသန့်ရှင်းမှုမရှိခြင်း သွားချေးတွေစုပုံလာမှုနဲ့ သွားချိုးတွေကိုဖ ယ်ရှားပစ်ဖို့အတွက် အစာစားပြီးတိုင်းမှာပုံမှန် သွားတိုက်တာ၊ ကြိုးကိုအသုံးပြုပြီး သွားကြားထိုးတာနဲ့ ပါးစပ်ဆေးတာ(အာလုပ်ကျင်းတာ)မလုပ်ဘူးဆိုရင် သင့်သွားတွေကို အရောင်ပြောင်းသွားစေပါမယ်။ 3. ဖျားနာခြင်း သွားအရောင်ပြောင်းလဲခြင်းဟာ တစ်ခါတလေမှာ ကင်ဆာဓါတုဆေးကုထုံး (သို့မဟုတ်) ကင်ဆာဓါတ်ရောင်ခြည်ဆေးကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွား၊သွားဖုံး ပြည်တည်နာ

Dental abscess (သွား၊သွားဖုံးပြည်တည်နာ) ဆိုတာ သွားတွေ၊သွားဖုံးတွေနဲ့ အရိုးတွေစတဲ့ ခံတွင်းထဲကနေရာတွေ ပိုးဝင်တဲ့အခါမှာဖြစ်တတ်ပြီး ပြည်တွေအစုလိုက်တည်တတ်ပါတယ်။ မှန်ကန်တဲ့ကုသမှုသာမရှိခဲ့ရင် ပြည်တည်နာ ဟာပိုဆိုးပြီး ပိုပြီးပျံ့နှံ့ လာကာ အခြားသောကျန်းမာရေးအခြေအနေတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကတော့ ပိုးဝင်နေတဲ့သွားကို မကုသဘဲထားမိတာ ခံတွင်းသန့်ရှင်းရေးညံ့တာ (ပုံမှန်သွားတိုက်သွားကြားထိုးခြင်းမပြုလုပ်ခြင်း) ဆေးလိပ်သောက်ခြင်း အရက်သောက်ခြင်း အစားအသောက်မညီမျှခြင်း အခြားကျန်းမာရေးအခြေအနေနဲ့ ဆေးဝါးကုသမှုများDental abscess (သွား၊သွားဖုံးပြည်တည်နာ) ရှိတဲ့သူတွေဟာ များသောအားဖြင့် ခံတွင်းထဲမှာနဲ့ မျက်နှာမှာတောင် နာကျင်မှုနဲ့ရောင်ရမ်းမှုတွေကိုခံစားရပါတယ်။ ပိုဆိုးလာတဲ့အခြေအနေမှာ ရောဂါဟာ အော့အန်ခြင်း၊ဖျားခြင်းနဲ့ ဝမ်းပျက်ခြင်း စတဲ့ ဝမ်းဗိုက်ပြဿနာတွေဖြစ်လာတတ်ပါတယ်။ အထက်ပါအချက်တွေသင်ခံစားနေရတယ်ဆိုရင် သွားဆရာဝန်ဆီသွားပြီး သွား၊သွားဖုံးပြည်တည်နာ အတွက်စစ်ဆေးမှုခံယူပါ။ ပုံမှန်ဆိုရင် သွးဆရာဝန်ဟာ ရုပ်ပိုင်းဆိုင်ရာဆန်းစစ်မှုနဲ့တင် ဆုံးဖြတ်လို့ရနိုင်ပါတယ်။ ပိုပြီးပြင်းထန်ရင်တာ့ အခြေအနေကိုလေ့လာဆန်းစစ်ဖို့ ဓါတ်မှန် တွေလိုကောင်းလိုနိုင်ပါလိမ့်မယ်။ ပြည်တည်နာ ကို အရောင်ကျဆေး ၊ နာကျင်မှုကိုပျောက်ကင်းစေတဲ့ဆေးတွေနဲ့ […]


ကလေးသွားကျန်းမာ​ရေး

ကလေးသွားပိုးစားခြင်း

ကလေးသွားပိုးစားခြင်း (Baby bottle tooth decay ) ဆိုတာဘာလဲ။ ကလေးများမှာ ဖြစ်လေ့ရှိတဲ့ သွားပိုးစားခြင်းကို baby bottle tooth decay ကလေးသွားပိုးစားခြင်းလို့ခေါ်ပါတယ်။ အချိုအရသာ ထည့်သွင်းထားသော ဖျော်ရည်များ၊ နွားနို့၊ အသီးဖျော်ရည် အစရှိတဲ့ သဘာဝ အချိုဓါတ်ပါဝင်သော အရည်များ သောက်သုံးသောအခါထိုအချိုဓါတ်များသည် ကလေးများ၏ သွားများကြားထဲတွင် အချိန်အတော်ကြာတည်ရှိခြင်းဖြင့် ထိုသွားပိုးစားခြင်း (baby bottle tooth decay)ကို ဖြစ်ပေါ်စေတတ်ပါတယ်။ ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေဟာ ထိုအချိုဓါတ်တွေနဲ့ အာဟာရပြုပြီး အက်စစ်တွေ ထုတ်လုပ်ခြင်းအားဖြင့် သွားများကို ထိခိုက်စေနိုင်ပါတယ်။ ရလဒ်ကတော့ ကလေးတွေမှာ ပြင်းထန်တဲ့ သွားပိုးစားခြင်း (baby bottle tooth decay) ကို ဖြစ်စေတော့တာပါပဲ။   ရောဂါလက္ခဏာများ ကလေးသွားပိုးစားခြင်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ လူကြီးတွေသွားပိုးစားတာနဲ့ မတူညီတာကတော့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားကျန်းမာရေး - ခံတွင်းနံ့ဆိုးခြင်း

ခံတွင်းနံ့ဆိုးခြင်းဆိုတာဘာလဲ။ ခံတွင်းနံ့ နံခြင်း ဆိုတာ ရှက်ဖွယ်ကောင်းပြီး စိတ်မချမ်းမြေ့ဖွယ်အခြေအနေတစ်ခုပါ။ သင်က ခံတွင်းနံ့ဆိုးနေတယ်ဆိုရင် သွားဆရာဝန်ကို သွားပြပါ။ ခံတွင်းနံ့ဆိုးခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး အကြောင်းရင်းကိုရှာဖွေနိုင်မှသာ အကောင်းဆုံးကုသနည်းကို ဆုံးဖြတ်နိုင်ပါတယ်။ ခံတွင်းနံ့ဆိုးခြင်းရဲ့ သင်္ကေတနဲ့ လက္ခဏာတွေကဘာတွေလဲ။ ခံတွင်းနံ့ဆိုးခြင်းဟာ ဖြစ်ရတဲ့အကြောင်းရင်းပေါ်မူတည်ပြီး အနံ့အမျိုးမျိုးကွဲပါတယ်။ အချို့လူတွေက သူတို့မှာ ခံတွင်းနံ့မရှိပေမယ့် သိပ်ပြီးစိုးရိမ်ပူပန်တတ်ကြပါတယ်။ အချို့လူတွေကတော့ ခံတွင်းနံ့ဆိုးနေပေမယ့် သူတို့ကိုယ်တိုင် မသိကြပါဘူး။ ကိုယ့်ခံတွင်းနံ့ဘယ်လိုရှိလဲဆိုတာ ကိုယ်ကိုယ်တိုင်အနံ့ခံလို့မရနိုင်ဘူးလေ။ ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက် သို့မဟုတ် ဆွေမျိုးတစ်ယောက်ကို သင့်ခံတွင်းနံ့အကြောင်းမေးမြန်းနိုင်ပါတယ်။ အထက်မှာဖော်ပြထားတာတွေအပြင် အခြားလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့သင့်မှာ လက္ခဏာတွေပြနေခဲ့ရင် ဆရာဝန် သို့မဟုတ် ဆေးပညာကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ကုသမှု · ဘာလုပ်သင့်သလဲ။ ခံတွင်းနံ့ဆိုးတဲ့ပြဿနာအများစုကို အိမ်မှာပဲဖြေရှင်းလို့ရပါတယ်။ အချို့သော အိမ်မှာသုံးနိုင်တဲ့နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။ တစ်ရက်မှာ အနည်းဆုံး၂ကြိမ် သွားတိုက်ခြင်းနဲ့ လျှာကိုသန့်စင်ခြင်းအပြင် တစ်ရက်မှာအနည်းဆုံးတစ်ကြိမ် သွားပွတ်ကြိုးသုံး၍ သွားကြားထိုးခြင်းဖြင့် ခံတွင်းသန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။ ဆေးရွက်ကြီးပါဝင်ပစ္စည်းများကိုရှောင်ကြဉ်ပါ။ အနံ့ပြင်းတဲ့စားစရာ ဥပမာ ကြက်သွန်ဖြူ၊ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သင့်သွားတွေကို ပိုမိုဖြူဖွေး တောက်ပလာစေဖို့ အိမ်မှာပဲလုပ်လို့ရတဲ့ သဘာဝနည်းလမ်း သုံးသွယ်

လူအတော်များများဟာ ဓါတုဗေဒပစ္စည်းတွေကို မသုံးချင်ကြတဲ့အတွက် သဘာဝနည်းလမ်းတွေနဲ့ သွားတွေကို ဖြူဖွေးတောက်ပအောင်လုပ်တာဟာ လူတွေကြားမှာ ရေပန်းစာလားပါတယ်။ ပိုမိုတောက်ပတဲ့ အပြုံးပိုင်ရှင်ဖြစ်စေဖို့ အောက်ပါနည်းလမ်းတွေကို စမ်းကြည့်လိုက်ပါ။ မုန့်ဖုတ်ဆိုဒါ နဲ့ သံပုရာရည် ပေါင်းထားတဲ့ သဘာဝသွားတိုက်ဆေး မုန့်ဖုတ်ဆိုဒါ ဆိုလို့လည်း လန့်မသွားကြပါနဲ့ဦး။ ဆိုဒီယမ်ဘိုင်ကာဗွန်နိတ် လို့ ဓါတုဗေဒ အမည်ရတဲ့ မုန့်ဖုတ်ဆိုဒါဟာ အရမ်းကြီးမပြင်းဘဲ သွားတွေမှာရှိတဲ့ ဂျိုးတွေ၊အညစ်အကြေးတွေကို အသာအယာဖယ်ရှားပေးပြီး နဂိုမူလ သွားဖြူဖြူလေးတွေ ပြန်ဖြစ်စေပါတယ်။ ဒါ့အပြင် ဒီဆိုဒါဟာ အယ်လ်ကာလိုင်းဓါတ်များတဲ့အတွက် (အက်ဆစ်ရဲ့ ပြောင်းပြန်) သင်ဟာ အက်ဆစ်ဓါတ်ပါတဲ့ အစားအစာတွေကို စားလေ့ရှိသူတယောက် ဖြစ်မယ်ဆိုရင် ဆိုဒါကို အသုံးပြုခြင်းအားဖြင့် pHလို့ခေါ်တဲ့ ဓါတုဗေဒညွှန်းကိန်း တခုမှာ အက်ဆစ်ဘက်ရောက်မသွားအောင် (အက်ဆစ်ဓါတ်မများအောင်) ထိန်းပေးပါလိမ့်မယ်။ အက်ဆစ်ဓါတ်ဟာ သွားရဲ့ကြွေလွှာတွေတွေကို ဖျက်ဆီးပစ်တဲ့ အတွက် အယ်လ်ကာလိုင်းပါတဲ့ မုန့်ဖုတ်ဆိုဒါကို သုံးခြင်းအားဖြင့် […]


အခြားခံတွင်းရောဂါ ပြဿနာများ

Laryngitis (အသံအိုး ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Laryngitis (အသံအိုး ရောင်ခြင်း) ကဘာလဲ။ အသံအိုးရောင်ခြင်း (Laryngitis) ဆိုသည်မှာလည်မျိုတွင်ရှိသောအသံအိုးရောင်ရမ်းခြင်းကို ဖြစ်စေသည့် အခြေအနေတစ်ခု ဖြစ်သည်။ အသံအိုးအတွင်းတွင် အမြှေးပါး နှစ်ထပ်နဲ့ အသံကြိုး နှစ်ခုရှိသည်။ ပုံမှန်အားဖြင့် သင်၏အသံသည် တုန်ခါခြင်းကြောင့်ဖြစ်ပေါ်လာသည်။ ထိုအမြှေးပါးများရောင်ရမ်းနေပါကသင့်အသံသည် ကွဲအက်ခြင်း၊ အသံမထွက် ခြင်းတို့ ဖြစ်လာပါသည်။ အသက်ရှူရခက်ခြင်းနှင့် ချောင်းဆိုးရာတွင် နာကျင်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ရောင်ရမ်းခြင်းသည် စကားပြောများခြင်း၊ ရောဂါပိုးဝင်ခြင်း နှင့် ယားယံခြင်းတို့ကြောင့် ဖြစ်သည်။ အသံအိုးရောင်ခြင်းသည် ယာယီသို့မဟုတ် အချိန်အတန်ကြာ ဖြစ်နိုင်ပါသည်။ ရောဂါ လက္ခဏာများ ကြာရှည်နေပါကအသံအိုးရောင်ခြင်းသည် အခြားပိုပြင်းထန်သောအရာတစ်ခုကြောင့် ဖြစ်နိုင်သည်။ ဆရာဝန်နှင့် သွားရောက်စစ်ဆေးရန် အရေးကြီးပါသည်။ Laryngitis (အသံအိုး ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသံအိုးရောင်ခြင်းသည် အတော်တန် အဖြစ်များသောရောဂါတစ်ခုဖြစ်သည်။ အဆိုတော်များလူထုနှင့် စကားပြောရသူများစသောအသံကိုနေ့စဉ် အစဉ်အမြဲအသုံးပြုနေရသူများတွင် ပို၍အဖြစ်များပါသည်။ အအေးမိသူများလည်ချောင်းနာသူများတွင်လည်းအဖြစ်များပါသည်။ အန္တရာယ်ရှိသောအချက်များကိုလျော့ချခြင်း ဖြင့် အသံအိုးရောင်ခြင်းကိုထိန်းချုပ်နိုင်ပါသည်။ ပိုမိုသောအချက်အလက်များအတွက် […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

လျှာကျန်းမာစေဖို့ လိုက်နာသင့်တဲ့အချက်အချို့

အရွယ်အစားသေးငယ်ပေမယ့် ခန္ဓါကိုယ်မှာတော်တော်လေးအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုရှိပါတယ်။ ဒါကတော့ လျှာပါ။ လျှာက အရသာခံပေးတယ်၊ စကားပြောလို့ရအောင်လုပ်ပေးတယ်။ အရွယ်အစားကသေးငယ်ပေမယ့် မရှိလို့မဖြစ်တဲ့ အစိတ်အပိုင်းလေးတစ်ခုပေါ့။ ဒီတော့ လျှာလေးကျန်းမာနေအောင်ဂရုစိုက်ဖို့ကလည်းမေ့ထားလို့မဖြစ်တဲ့အချက်တွေထဲကတစ်ခုပေါ့။ ဒီတော့လျှာကျန်းမာနေအောင် ဘယ်လိုဂရုစိုက်ရမလဲသိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကို တူတူဖတ်ကြည့်ရအောင်လား.............. လူတော်တော်များများမေ့လျော့နေတဲ့ ခံတွင်းအစိတ်အပိုင်းတစ်ခု လူတော်တော်များများက ခံတွင်းကျန်းမာရေးဂရုစိုက်ပါလို့ပြောလိုက်တိုင်း အရင်ပြေးမြင်မိတာက သွားနဲ့ သွားဖုံးပါ။ လျှာကိုတော့မေ့နေတတ်ကြတာများပါတယ်။ တကယ်တော့ လျှာကျန်းမာရေးကလည်းမေ့ထားလို့မဖြစ်ပါဘူး။ လျှာလေးကျန်းမာနေစေဖို့ အမြဲမပြတ်လုပ်ပေးသင့်တဲ့ အလေ့အထလေးတွေရှိနေပါတယ်။ လျှာကျန်းမာရေးအတွက် လုပ်ဆောင်သင့်တဲ့အချက်တွေက ဘာတွေလဲ.................. လျှာကို တိုက်ပေးပါ သွားတိုက်တဲ့အခါ အများစုက သွားကြိုသွားကြားတွေကိုသာ သတိထားတိုက်တတ်ကြပြီး လျှာကိုတိုက်ဖို့တော့မေ့နေတတ်ကြပါတယ်။ အမှန်ကတော့ သွားတိုက်တဲ့အခါတိုင်း လျှာကို သွားပွတ်တံလေးနဲ့တိုက်ပေးသင့်ပါတယ်။ ဒါမှလျှာပေါ်မျာ ကပ်ငြိနေတဲ့ အရာတွေ။ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ ဘက်တီးရီးယားလေးတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာပါ။ အာဟာရမျှတအောင်စားပေးပါ လျှာကကြွက်သားအစိုင်အခဲလေးတစ်ခုပေါ့။ ဒါကြောင့် အခြားကြွက်သားတွေလိုပဲ ကျန်းမာသန်စွမ်းနေစေဖို့အတွက် အာဟာရကိုလိုအပ်မှာ အသေအချာပါ။ ဒါကြောင့် လျှာကျန်းမာနေစေဖို့အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

သွားဖုံးရောင်ခြင်းအတွက် အိမ်တွင်းကုထုံးအချို့

သွားဖုံးတွေရောင်နေလို့ ဘာမှမစားနိုင်ဘူး။ ခံရတော်တော်ခက်နေတယ်ဆိုတဲ့သူလေးတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါနော်။ သွားဖုံး ဘာကြောင့်ရောင် သွားဖုံးရောင်ရတဲ့အကြောင်းအရင်းက တစ်ချက်မကရှိပါတယ်။ ဒီထဲမှာမှ ကိုယ်သွားဖုံးရောင်ရတာက ဘာကြောင့်ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်အဖြေရှာကြည့်လိုက်နော်။ ခံတွင်းသန့်ရှင်းမှုအားနည်းတာ - ပုံမှန် ခံတွင်းသန့်ရှင်းမှုမရှိတာ။ သွားချေးတွေစုပုံပြီး ပိုးပေါက်ဖွားတာကြောင့်ဖြစ်တာ - သွားပုံမှန်မတိုက်တာ၊ သွားကိုသေချာမတိုက်တာကြောင့် သွားချေးတွေမှာပိုးတွေပေါက်ဖွားမှုကြောင့် သွားဖုံးရောင်တာဖြစ်စေနိုင်ပါတယ်။ ဟော်မုန်းပြောင်းလဲတာ - ကိုယ်တွင်းမှာဟော်မုန်းပြောင်းလဲတာတွေဖြစ်စေတဲ့ အပျိုဖော်ဝင်တာ၊ သွေးဆုံးတာ၊ ကိုယ်ဝန်ဆောင်တာလိုမျိုး ဟော်မုန်းအပြောင်းအလဲတွေကြောင့်လည်း သွားဖုံးရောင်နိုင်ပါတယ်။ ရောဂါအခြေအနေတွေကြောင့် - ကင်ဆာ၊ ဆီးချိုနဲ့ ခုခံအားကျဆင်းမှုကူးစက်ရောဂါတွေခံစားနေရတာကြောင့်လည်း သွားဖုံးရောင်နိုင်ပါတယ်။ သောက်သုံးနေတဲ့ဆေးဝါးတွေ​ကြောင့် - အချို့သောဆေးဝါးတွေက သွားဖုံးကတစ်ရှုးတွေကိုထိခိုက်စေပြီး သွားဖုံးရောင်တာကိုဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာကြောင့် - ဆေးလိပ်သောက်သုံးမှုက သွားနဲ့ခံတွင်းကျန်းမာရေးကိုထိခိုက်စေပြီး သွားဖုံးရောင်တာကိုဖြစ်စေနိုင်ပါတယ်။ အသက်အရွယ်ကြောင့် - အသက်အရွယ်ကြီးရင့်လာမှုကလည်း သင့်ကို သွားဖုံးရောင်ဝေဒနာခံစားရစေနိုင်တဲ့ အချက်တွေထဲက တစ်ခုပါ။ အာဟာရပြည့်ဝအောင်မစားတာကြောင့် - စားသုံးတဲ့အစားအစာတွေထဲမှာ ဗီတာမင် C ပါဝင်မှုနည်းနေတာကလည်း သွားဖုံးတွေကိုရောင်ရမ်းစေနိုင်ပါတယ်။ မျိုးရိုးလိုက်တာ - မျိုးရိုးလိုက်တာကြောင့်လည်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း