သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

ကလေးသွားကျန်းမာ​ရေး

ကလေးများ၏သွားကျန်းမာရေးအတွက်စားသင့်သောအစားအစာ(၅)မျိုး

သင့်ကလေးဟာ သူတို့ရဲ့သွား ကောင်းမွန်စွာဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့အာဟာရလုံလောက်စွာ ရရှိဖို့လိုအပ်ပါတယ်။ ထို့ကြောင့်မိဘများအနေနှင့် ကလေးပထမအသက်သုံးနှစ်အရွယ်တွင် ကလေး၏သွားကျန်းမာရေးကိုအထူးဂရုစိုက်သင့်ပါသည်။ မနက်စာ၊နေ့လည်စာ၊ ညစာ ထိုသုံးနပ်အပြင် အခြားအစားအစာများ ထပ်ကျွေးခြင်းက ကလေးရဲ့သွားကျန်းမာရေးအတွက် လိုအပ်တဲ့သတ္တုဓါတ် ၊ဗီတာမင် ၊ အမျှင်နှင့်ကျန်းမာသောအဆီများကိုရရှိစေပါသည်။ ကလေးသွား ဖွံဖြိုးဖို့အတွက် အာဟာရဓါတ်ပြည့်ဝပြီး အရသာရှိသော အစာ ၅ မျိုးကို အောက်တွင် ဖော်ပြသွားပါမည်။ ၁။ ကြွပ်ဆတ်သောဟင်းသီးဟင်းရွက်များ အကယ်၍ သဘာဝအလျောက်ရရှိသော ဝါးစား၍ရသည့်ကြွပ်ဆတ်သော အစားအစာကို သင်၏ကလေးကိုကျွေးလိုပါက မုန်လာဥ၊ပန်းပွင့်၊ဗိုလ်စားပဲ စသော ကြွပ်ဆတ်သော ဟင်းသီးဟင်းရွက်များကိုကျွေးနိုင်ပါသည်။ ထိုဟင်းသီးဟင်းရွက်များတွင် ကလေးများသွားတိုက်ပြီးနောက် ကျန်ရှိနေနိုင်သည့်သွားပေါ်ရှိ သွားချီး များကိုဖယ်ရှားပေးသည့်အစွမ်းသတ္တိရှိပါသည်။ မိဘများသည်ကလေးများပုံမှန်ဝါးစားနိုင်ရန်အတွက် ဟင်းသီးဟင်းရွက်သွားရည်စာ(သို့) ဟင်းသီးဟင်းရွက်အချိုပွဲများကိုကျွေးသင့်ပါသည်။ ၂။ ဗီတာမင်စီပြည့်ဝသော သစ်သီးဝလံများ ကလေးပါးစပ်ထဲတွင်ရှိသော ဘက်တီးရီးယားပိုးမွှားပေါင်းများစွာကြောင့်ဖြစ်ပွားနိုင်တဲ့ သွားဖုံး ရောင်ခြင်းကိုကာကွယ်နိုင်ဖို့အတွက် သင့်ကလေး ၏ နေ့စဉ်အစားအစာ တွင်ဗီတာမင်စီကြွယ်ဝသောအသီးများ ပါသင့်ပါသည်။ ဗီတာမင်စီကြွယ်ဝသောအစားအစာများစွာရှိပါသည်။ဥပမာ- […]


အခြားခံတွင်းရောဂါ ပြဿနာများ

အဖြစ်များသော ခံတွင်းပြဿနာများ

အာခံတွင်းထဲမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ နာကျင်မှုတွေကို သင်ခံစားဖူးပါသလား။ ဒါမှမဟုတ် တစ်ခါတလေ နှုတ်ခမ်းခြောက်တာမျိုးဖြစ်ဖူးပါသလား။ ဒါတွေကို ယေဘုယျအားဖြင့်တော့ ခံတွင်းပြဿနာတွေလို့ ခေါ်ကြပါတယ်။ လူတိုင်းဟာ တစ်ချိန်မဟုတ် တစ်ချိန်တော့ ခံတွင်းပြဿနာတွေဖြစ်ကြတာပါပဲ။ ဒါကမထူးဆန်းတဲ့ကိစ္စပါ။ လျှာ၊ သွားဖုံး၊ နှုတ်ခမ်း၊ သွားတွေ နဲ့ အာခေါင်တွေမှာလည်း ပြဿနာရှိနိုင်ပါတယ်။ ခံတွင်းနံ့ဆိုးခြင်းကိုလည်း ခံတွင်းပြဿနာလို့ယူဆနိုင်ပါတယ်။ အဖြစ်များတဲ့ ခံတွင်းရောဂါနဲ့ ပြဿနာအချို့ကို အောက်မှာဖော်ပြထားပါတယ်။ ကံကောင်းစွာနဲ့ပဲ ဖော်ပြပါအခြေအနေတွေက သူတို့ဘာသာ ပျောက်ကင်းသွားတတ်ကြတယ်လေ။ နာကျင်စေတတ်တဲ့ ရောဂါတွေ (နှုတ်ခမ်းနဲ့ နှာခေါင်းတွေမှာ နီရဲရောင်ရမ်းနာကျင်နေတတ်တဲ့ ပါးစပ်နာ နဲ့ကျိုင်းအနာလို့ခေါ်တဲ့ canker sore) ဟာ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်လာရတာပါ။ သင်က မတော်တဆ လျှာနဲ့ နှုတ်ခမ်းတွေကို ကိုက်မိရင် ကိုက်မိတဲ့နေရာတစ်ဝိုက်က နာကျင်ခြင်းတွေက ပိုဆိုးလာနိုင်ပါတယ်။ Cold sore တွေကတော့ နှုတ်ခမ်းလိုနေရာမျိုးတစ်ဝိုက်မှာအများဆုံးဖြစ်ပေါ်တတ်ပြီး […]


အခြားခံတွင်းရောဂါ ပြဿနာများ

လှပသောနှုတ်ခမ်းများကို ပိုင်ဆိုင်နိုင်မယ့် နည်းလမ်းကောင်းများ

အမျိုးသမီးအများစုအတွက် နှုတ်ခမ်းလေးတွေဟာ အလွန်အရေးကြီးပြီး မျက်နှာရဲ့ တန်ဖိုးရှိတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းသားတွေကို သဘာဝအတိုင်း ပန်းရောင်သန်းပြီး ပျော့ပြောင်းနေစေဖို့ နည်းလမ်းလေးတွေကို ဖေါ်ပြပေးလိုက်ပါတယ်။ ၁။ ရေ အမြောက်အမြားသောက်ပါ။ လူတိုင်း တစ်နေ့ကို ရေနှစ်လီတာလောက် သောက်ဖို့ လိုအပ်ပါတယ်။ ရေအလုံအလောက်သောက်ခြင်းဟာ တစ်နေ့တာလုံး လန်းဆန်းနေရုံသာမက နှုတ်ခမ်းနဲ့ အသားအရေ အတွက်လည်း ရေဓါတ်ဖြည့်တင်းပေးပါတယ်။   ၂။ နှုတ်ခမ်းကို လျှာနဲ့ လျက်တဲ့ အကျင့်ကို ချက်ခြင်း ရပ်လိုက်ပါ။ နှုတ်ခမ်းခြောက်လာရင် လူတွေဟာ သူတို့ရဲ့ နှုတ်ခမ်းကို လျှာနဲ့ လျက်တတ်ကြပါတယ်။ ဒါဟာ နှုတ်ခမ်းသားပျော့ပြောင်းစေဖို့အတွက် အကျိုးမရှိတဲ့အပြင် နှုတ်ခမ်းသားကို ကာကွယ်ပေးတဲ့ အလွှာတစ်လွှာကို ပျက်စီးစေပြီး ခြောက်သွေ့စေတယ်လို့ Robert Brodell က ပြောပါတယ်။ ဒီလိုလုပ်မယ့်အစား နှုတ်ခမ်းအဆီ အသုံးပြုခြင်းနဲ့ ရေလုံလောက်စွာ သောက်ခြင်းဟာ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းအနာဖြစ်ခြင်းကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။

ခံတွင်းအနာ (ပါးစပ်အနာ) ဟာ ခံစားနေရတဲ့သူမှာ ကျိန်းစပ်ခြင်း၊ ကသိကအောင့်ဖြစ်ခြင်းတွေကို ဖြစ်ပေါ်တယ်။ ထို့ကြောင့် ခံတွင်းအနာဖြစ်လာရင် ဘယ်လိုသက်သာအောင် ဖြေရှင်းနိုင်မလဲဆိုတဲ့အချက်အလက်တွေကို အောက်တွင်ဖော်ပြထားတာ ဖြစ်ပါတယ်။ ခံတွင်းအနာဖြစ်စေတဲ့ အကြောင်းအရင်းတွေကို တားဆီးပါ။ ခံတွင်းအနာဟာ မြောက်များစွာသော အကြောင်းအရင်းများကြောင့် ဖြစ်နိုင်ပါတယ်။ အကယ်၍ သင့်မှာ ခံတွင်းအနာ ခဏခဏဖြစ်နေရင် အောက်ပါအချက်အလက်များကို လိုက်နာရမှာဖြစ်ပါတယ်။ • သွားများကို ပျော့ပျောင်းသော သွားပွတ်တံနှင့် ညင်သာစွာတိုက်ပါ။ နေ့စဉ် အစားစားပြီးတိုင်း သွားကြားများကို သွားပွတ်ကြိုးနှင့် သန့်ရှင်းရေးလုပ်ဖို့ မမေ့ပါနှင့်။ • Sodium lauryl sulfate မပါတဲ့ သွားတိုက်ဆေးကို ပြောင်းသုံးပါ။ Sodium lauryl sulfote ပါတဲ့ သွားတိုက်ဆေးဟာ ခံတွင်းအနာကို ကြိမ်ဖန်များစွာ ဖြစ်ပွားစေနိုင်ပါတယ်။ • ကျောင်းစာ (သို့) အလုပ်မှ စိတ်ဖိစီးမှုများကို လျှော့ချပါ။ စိတ်ဖိစီးမှုရှိနေတဲ့အချိန် (သို့) […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားများကို ပျက်စီးစေနိုင်သော အကြောင်းအရာ ၁၀ ချက်

သွားများကို ပျက်စီးစေနိုင်သော အကြောင်းအရာ ၁၀ ချက် နေ့စဉ်ပုံမှန်ပြုလုပ်နေကျဖြစ်သော အရာအချို့ဟာသင့်ရဲ့သွားများကို ပျက်စီးယိုယွင်းစေနိုင်ပါတယ်။ ဒီလိုမဖြစ်စေဖို့ ဘယ်လိုအကြောင်းအရာ၊ အမူအကျင့်တွေကို ရှောင်ကြဉ်သင့်သလဲဆိုတဲ့ အချက်အလက်များကိုဖော်ပြပေးမှာဖြစ်ပါတယ်။ • ရေခဲကိုဝါးစားခြင်း ရာသီဥတုအရမ်းပူပြင်းနေတဲ့အချိန်မှာ ရေခဲဝါးစားခြင်းဟာ လွန်စွာစွဲမက်စရာကောင်းပြီး နေသာထိုင်သာရှိလှပါတယ်။ ဒါပေမယ့် ကြာလာတဲ့အခါ သင့်ရဲ့သွားတွေကို ဆိုးဆိုးရွားရွားထိခိုက်စေပြီး အက်ကွဲစေတဲ့ အထိဖြစ်စေနိုင်ပါတယ်။ • သွားစွပ် (Mouth guard) မပါဘဲကြမ်းတမ်းသော အားကစားများအပြင်းအထန်ကစားခြင်း (ဥပမာ- လက်ဝှေ့ထိုးခြင်း)၊ သွားမရှိတဲ့ အပြုံးကိုမပိုင်ဆိုင်လိုရင် ပြင်းထန်တဲ့အားကစားလုပ်တိုင်း သွားစွပ်ကိုအမြဲတပ်ဆင်ပါ။ • နို့ဘူးသောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ ညစဉ်ညတိုင်း နို့ဘူးစုပ်သောက်ခြင်းဟာသွားများကိုပုံပန်းပျက်စေပါတယ်။ • ပါးစပ်တွင် အပေါက်ဖောက်ပြီး အလှတန်ဆာဆင်ခြင်းကို ရှောင်ကြဉ်ပါ။ ပါးစပ်ကိုအပေါက်ဖောက်ပြီး အလှတန်ဆာဆင်သူများဟာ ယခုအခါ ပေါများလာပါတယ်။ ဒါပေမယ့် ဒီလိုဖောက်ခြင်းဟာ ကူးစက်ရောဂါဖြစ်ပွားခြင်း၊ သွားများအထိမခံနိုင်အောင်ဖြစ်ခြင်းနှင့် သွားဖုံးထိခိုက်ခြင်းတို့ ဖြစ်ပွားစေနိုင်ပါတယ်။ • စေးကပ်သောဂျယ်လီများ ၊ ကပ်စေးနှဲများစားသုံးခြင်းကိုလျှော့ချပါ။ အများစုသောလူများဟာ ထိုအစားအစာများကို […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းအနာ ပျောက်ကင်းအောင်ဘယ်လိုကုသမလဲ။

ခံတွင်းအနာအများစုဟာ ၁၀ရက် ၁၄ရက်အတွင်း သူ့ဘာသာအနာကျက်သွားတဲ့အတွက် သီးသန့်ကုသစရာမလိုပါ။ ဒါပေမယ့် ခံတွင်းအနာဆိုးဆိုးရွားရွားနှင့် အရမ်းနာကျင်နေပြီး နေ့စဉ်လုပ်ငန်းဆောင်တာများ (ဥပမာ- အစားစားသောက်ခြင်း) ကိုအနှောင့်အယှက်ပြုပြီဆိုရင်တော့ ကုသမှုခံယူရမှာဖြစ်ပါတယ်။ အကယ်၍ခံတွင်းအနာဟာ ရောဂါအခံတစ်ခုခုကြောင့် ဖြစ်တယ်လို့ထင်ရင်တော့အထူးကုဆရာဝန်ဆီမှာ ဆက်လက်ကုသမှုခံယူရမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်ပြုလုပ်နိုင်သော နည်းလမ်းများ ခံတွင်းအနာလေးရှိရုံမျှရှိတယ်ဆိုရင် မြန်မြန်ဆန်ဆန်ကျက်စေဖို့ သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အဆင့်တွေရှိပါတယ်။ • သွားတိုက်တဲ့အခါသွားပွတ်တံအပျော့စားကို အသုံးပြုပါ။ • ခံတွင်းအနာမကျက်မချင်း မာကြောပြီး အပူအစပ်များသော၊ အက်စစ်ပမာဏများသော အစားအသောက်များကို ရှောင်ကြဉ်ပါ။ ကြေညက်စွာ ဝါးရလွယ်သော အစားအစာ ပျော့ပျော့လေးများကိုသာ စားသုံးပါ။ • သင့်ကို စိတ်ကျေနပ်ဖွယ်၊ စိတ်အပန်းဖြေဖွယ်ပေးနိုင်သော အားကစားများ (ဥပမာ-ယောဂ၊ တရားထိုင် (သို့) လေ့ကျင့် ခန်းပြုလုပ်ခြင်း) များနှင့် စိတ်ဖိစီးမှုကို လျှော့ချပါ။ • စိတ်ဖိစီးမှုလျော့ကျစေရန် စိတ်သက်သာရစေသော နည်းလမ်းများကို ရှာဖွေဖတ်ရှုပါ။ ချွန်ထက်သောသွား (သို့) ချွန်ထက်သော စားကြွင်းစားကျန်များကြောင့် ခံတွင်းအနာဖြစ်ခဲ့ရင် […]


ကလေးသွားကျန်းမာ​ရေး

ကလေးများ သွားနှုတ်ပြီးလျှင်ဘယ်လိုဂရုစိုက်ရမလဲ

ငယ်သွားတစ်ချောင်းပြီးတစ်ချောင်း လဲလာတာနှင့်အမျှ သင့်ရဲ့ကလေးဟာ တဖြည်းဖြည်းကြီးပြင်းလာပါတယ်။ ဒါပေမယ့် ကလေးများဟာ ငယ်ရွယ်ပြီး ဗဟုသုတမပြည့်စုံသေးတဲ့အတွက် သူတို့ရဲ့သွားကျန်းမာရေးကို ဂရုပြုရာမှာအထူးသဖြင့်သွားနှုတ်တဲ့အချိန်မှာ မိသားစုအကူအညီကို လိုအပ်ပါတယ်။ အောက်ဖော်ပြပါ စာတမ်းဟာ ကလေးများ ငယ်သွားလဲခြင်း (သွားနှုတ်ခြင်း) နှင့်ပတ်သက်ပြီးသိလိုတဲ့အချက်အလက်တွေကို ဖော်ပြမှာ ဖြစ်ပါတယ်။ အဆင့် (၁) သွားနှုတ်ပြီးလျှင် သင့်ကလေးကိုခေါင်းကိုမြှင့်ထားပါ။ ပြင်းထန်သောလှုပ်ရှားမှုများ ပြုလုပ်ခြင်းကိုတားမြစ်ပါ။ လှုပ်ရှားမှု ပြုလုပ်သောအခေါက်အရေအတွက်များကို လျှော့ချပါ။ အဆင့် (၂) သွားနှုတ်ပြီး သွေးတိတ်နည်းစေရန် သွားနှုတ်ထားသောနေရာကို ပိုးမွှားသန့်စင်ထားသောဂွမ်းစကိုခေါက်ပြီး ဖိကိုက်ထားခိုင်းပါ။ သွားနှုတ်ပြီး ၄၅ မိနစ်ခန့် သွေးထွက်နိုင်ချေရှိ၍ ဂွမ်းစကိုကလေးအား ညင်သာစွာဖိကိုက်ထားခြင်းဖြင့် သွေးတိတ်ခြင်းကိုလျင်မြန်စေပါတယ်။ အဆင့် (၃) သင့်ရဲ့ခွဲစိတ်ဆရာဝန် (သို့) သွားဆရာဝန်က သင့်ကလေးကို အနာသက်သာစေဖို့ ဆေးပေးလိုက်ရင် သင့်ကလေးကို သေချာစွာအချိန်မှန်မှန် ဆေးပမာဏတိတိကျကျ တိုက်ကျွေးဖို့ လိုအပ်ပါတယ်။ အဆင့် (၄) သွားနှုတ်ပြီး (၂၄) နာရီအတွင်း ပလုတ်ကျင်းခြင်းကို ရှောင်ကြဉ်ရမှာ […]


အခြားခံတွင်းရောဂါ ပြဿနာများ

အပြုံးလေးများ လှပစေဖို့ ဂရုစိုက်သင့်တဲ့အချက်အချို့

နှစ်လိုဖွယ်ကောင်းသောအပြုံးသည် လူ၏စိတ်ဝင်စားမှုကို ရရှိနိုင်ပြီး၊ ကောင်း သောအမှတ်လက္ခဏာတစ်ခုကို ထင်ကျန်စေနိုင်ပါသည်။ အပြုံးလေးတွေ လှပအောင်လုပ်ဖို့ကတော့ သိပ်တော့ မလွယ်ကူလှပါဘူး။ သင်ဟာ နှစ်လိုဖွယ်အပြုံးကို ရရှိနိုင်ဖို့ အောက်ပါအချက် (၁၀)ချက်ကို လိုက်နာဖို့ လိုပါတယ်။ ပြုံးလိုက်တိုင်းလှစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးပါ သွားကြားထဲမှာရှိတဲ့ အစာများကို သွားပွတ်ကြိုးဖြင့် နေ့စဉ် ရှင်းပါ သွားတိုက်ခြင်းသည် သွားကြားထဲတွင်ရှိသော အစာနှင့် သွားချေးအားလုံးကို မဖယ်ရှားနိုင်ပါဘူး။ သို့ပေမယ့် သွားပွတ်ကြိုးကတော့ ကူညီဖယ်ရှားနိုင်ပါတယ်။ ထိုသို့ နေ့စဉ်သွားကြားထဲရှိ အစာများကိုရှင်းလင်းခြင်းသည် သွားတွင် ကျောက်တည်ခြင်းကြောင့် ဖြစ်ပေါ်လာသော သွားနှင့်ပတ်သက်သော ရောဂါများ (ဥပမာ သွားဖုံးရိုးပျက်ဆီးခြင်း၊သွားကျိုးခြင်း၊သွားဖုံးရောင် ခြင်း)တို့ကို ကာကွယ်နိုင်ပါတယ်။ တစ်နေ့ကို သွားနှစ်ကြိမ်တိုက်ပါ သွားနှင့်သွားဖုံးများ ဖြူဖွေးကျန်းမာစေဖို့အတွက် တစ်နေ့ကို အနည်းဆုံး သွား (၂)ကြိမ်တိုက်သင့်ပါသည်။ သွားဆရာဝန်နှင့် တစ်နှစ် (၂)ကြိမ်ပြပါ သွားတွင်ကပ်ငြိနေသော အညစ်အကြေးနှင့် အစွန်းအထင်းများကို ဖယ်ရှားဖို့အတွက် သွားဆရာဝန်နှင့် တစ်နှစ် […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

သင်မသိသေးသည့် ခံတွင်းအနံ့ဆိုးစေသော အကြောင်းရင်း ၁၀ချက်

ခံတွင်းအနံ့ဆိုးခြင်းသည် လူတိုင်းကို စိတ်ကသိကအောက် ဖြစ်စေနိုင်သည်။ မည်သူမျှ ခံတွင်းနံခြင်းကို ကြိုက်နှစ်သက်လိမ့်မည် မဟုတ်ပါ။ အထူးသဖြင့် သင်သည် လူအများနှင့် တွေ့ဆုံရန် လိုအပ်သောအချိန်အခါတွင် ခံတွင်းနံ့နံခြင်းကို နည်လမ်းအမျိုးမျိုး (သွားတိုက်ခြင်း၊ အာလုပ်ကျင်းခြင်း၊ သွားပွတ်ကြိုးဖြင့် အစာများကိုရှင်းခြင်း) ဖြင့် ဖယ်ရှားနိုင်ရန် ကြိုးစားပါလိမ့်မည်။ သို့သော်လည်း မပျောက်ကင်းနိုင်ဘဲ ကျွန်ုပ်တို့ကို စိတ်ကသိကအောက် ဖြစ်စေလိမ့်မည်။ သိပ္ပံပညာရှင်များသည် ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်စေသောအကြောင်းအရာများနှင့် ဖြေရှင်းနည်းများကို ရှာဖွေလျက်ရှိရာ ၎င်းတို့ကို အောက်တွင် ဖော်ပြထားသည်။ အရက် အရက်သောက်ခြင်းသည် ခံတွင်းနံ့ကို ဆိုးစေသည်။ သုတေသနပညာရှင်များ၏ ပြောကြားချက်အရ အရက်သောက်ခြင်း သည် ခံတွင်းကိုခြောက်သွေ့စေပြီး ဘက်တီးရီးယားပိုးများပေါက်ခြင်းကို အားပေးကာ ခံတွင်းအနံ့ကို ဆိုးစေနိုင်သည်။ ခံတွင်းခြောက်ခြင်းသည် ညအိပ်ပြီး မိုးလင်းသောအခါ ခံတွင်းအနံ့ဆိုးရခြင်း အကြောင်းရင်းတစ်ချက်လည်း ဖြစ်သည်။ ကဖီးဓါတ်ပါဝင်သော အချိုရည်များ၊ စပ်သောအစားအစာ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းသန့်စင်ဆေးရည် နဲ့ ဆေးသင့်၊မဆေးသင့်။

ကျွန်ုပ်တို့အားလုံးသည် မွှေးပျံ့ချစ်ခင်ဖွယ်ကောင်းသောခံတွင်းရနံ့ကို နှစ်သက်ကြပါသည် ။ နေ့စဉ်ခံတွင်းကျန်းမာသန့်ရှင်းရေးအတွက် သွားတိုက်ခြင်းနှင့် သွားပွတ်ကြိုးဖြင့် သွားကြားထဲရှိအစာများကို သန့်ရှင်းခြင်းက လိုအပ်တယ်ဆိုတာကိုတော့ ပြောစရာမလိုပါဘူး။ ဒါပေမယ့် ခံတွင်းဆေးခြင်းကလည်း လိုအပ်တယ်ဆိုတာကိုတော့ ကျွန်ုပ်တို့ တော်တော်များများ မသိကြပါဘူး။ ခံတွင်းဆေးခြင်းက ခံတွင်းရနံ့ကို ပြောင်းလဲစေရုံသာမက ခံတွင်းကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ခံတွင်းသန့်စင်ဆေးရည် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ သွားပေါက်များမဖြစ်အောင် ကာကွယ်ခြင်း ဖလိုရိုက်ဒ် (Fluoride ) ပါသော ခံတွင်းသန့်စင် ဆေးရည်ကတော့ သွားပေါက်များ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သွားမျက်နှာပြင်သည် အညစ်အကြေးနှင့် ကပ်ညှိနေသောအခါ ဖလိုရိုက်ဒ်ဓါတ်သည် သွားမျက်နှာပြင်ထဲသို့ စိမ့်ဝင်သွားပြီး အပေါ်ယံကြွေလွှာကို အား ဖြည့်ပေးပါတယ်။   သွားဖုံးရောဂါများ မဖြစ်အောင် ကာကွယ်ပေးခြင်း သွားဖုံးနှင့် သွားဖုံးပေါက် များသည် သွားကြားထဲရှိ အစာများ ကြောင့် ပျက်စီးနိုင်ပါတယ်။ အယ်လ်ကိုဟော (သို့) ကလိုဟက်စီဒင်း (chlorhexidine) […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း