သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

သွားနှင့် ခံတွင်း သန့်ရှင်းရေး

သင့်သွားတွေကို သေချာထိန်းသိမ်းပါ၊ ဒီသွားတွေက နောက်တစ်ကြိမ်အခွင့်အရေး ပြန်မရနိုင်ပါဘူး

အပြုံးတစ်ပွင့်ကို လူတိုင်းနှစ်သက်ကြပါတယ်။ အပြုံးဟာ ချစ်ခင်ရင်းနှီးမှုရဲ့သင်္ကေတဖြစ်ပါတယ်။ ကျွန်တော်တို့ ပြုံးပြလိုက်တဲ့အခါ ကျွန်တော်တို့ရဲ့အတွင်းစိတ်ကိုသာမက သွားတွေကိုပါလှစ်ဟဖော်ပြလိုက်ပါတယ်။ သွားလေးတွေ ဖြူစင်ဝင်းပနေမယ်ဆိုရင် သင့်အပြုံးကပိုလို့တောင် လှသွားမှာဖြစ်တာမို့ ဒီဆောင်းပါးမှာ သင့်ရဲ့သွားတွေကိုထိန်းသိမ်းဖို့ နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ သွားတွေရှိနေတုန်းတော့ သွားတွေရဲ့တန်ဖိုးကို သိပ်မသိကြပါဘူး။ သွားမရှိတော့မှာ စားချင်တိုင်းစားမရတဲ့အခါ စိတ်ညစ်စရာတွေ ဖြစ်လာတာကိုခံစားကြရတာပါ။ သွားတွေမရှိတော့တဲ့အထိ မတွေးနဲ့ဦး သွားကိုက်တဲ့အခါ သွားနာတဲ့အခါမှာဆိုရင်တောင် ဘယ်လောက်နေရခက်လိုက်လဲ။ ဒီတော့ အစားပြန်မရတော့တဲ့အနေအထားမျိုးဆိုရင် ဘယ်လိုပြောရမလဲ။ ပြောဖွယ်ရာမရှိနော်။ ဒီတော့ အစားပြန်မရနိုင်တဲ့သွားလေးတွေကို သေချာဂရုစိုက်ပေးပါ။ အချို့အခွင့်အရေးခံစားခွင့်တွေက နှစ်ကြိမ်ပြန်မရနိုင်ပါဘူး။ အစားပြန်မရနိုင်တဲ့ သွားကို ဒီနည်းလေးတွေအတိုင်း ဂရုစိုက်ပေးပါနော် တစ်နေ့ နှစ်ခါသွားတိုက်ပါ။ သွားခဏခဏတိုက်လေ ပါးစပ်ကပိုပြီးသန့်ရှင်းလေလို့ လူအများစုက ယူဆထားကြပါတယ်။ ဒါဟာမှားပါတယ်။ တော်တော်ကြီးကို မှားတာပါ။ တစ်နေ့ကို သွားနှစ်ကြိမ်တိုက်တာဟာ အသင့်တော်ဆုံးပဲလို့ သိပ္ပံပညာရှင်တွေက သက်သေပြထားပြီးဖြစ်ပါတယ်။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ နူးညံ့တဲ့သွားပွတ်တံကိုအသုံးပြုပြီး […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

လျှပ်စစ် သွားပွတ်တံတွေရဲ့ ကောင်းကျိုးဆိုးပြစ်တွေ

လျှပ်စစ်ပစ္စည်းတွေဟာ လူသားတွေရဲ့ နေ့စဉ်နေထိုင်မှုဘဝမှာ အင်မတန်မှကို အသုံးဝင်လှ၊ အရေးပါအရာရောက်လှပါတယ်။ ဒါပေမယ့် တချို့လျှပ်စစ်ပစ္စည်းတွေရဲ့လုပ်ဆောင်နိုင်စွမ်း၊ လိုအပ်မှုနဲ့လုံခြုံစိတ်ချရမှုတွေဟာ အခုချိန်ထိမေးခွန်းထုတ်စရာ ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။ ဒီလိုပစ္စည်းတွေထဲကတစ်ခုက လျှပ်စစ်သွားပွတ်တံဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ အဆိုပါလျှပ်စစ်သွားပွတ်တံရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။ သွားတိုက်ခြင်းဟာ သွားနဲ့သွားဖုံးမျက်နှာပြင်ပေါ်မှာရှိတဲ့ စားကြွင်းစားကျန်တွေ၊ အဖတ်တွေကို ထိရောက်စွာဖယ်ရှားပေးနိုင်တဲ့အတွက် အလွန်ပဲအရေးကြီးလှပါတယ်။ ဒါ့အပြင် သွားတိုက်ခြင်းဟာ သွားနဲ့ခံတွင်းကျန်းမာရေးအတွက်လည်း အရေးပါလှပါတယ်။ ဒါပေမယ့်လည်း လူတိုင်းဟာ မှန်ကန်သင့်တော်တဲ့ သွားပွတ်တံကို ရွေးချယ်နိုင်ခြင်းမရှိသေးပါဘူး။ အထက်မှာဖော်ပြခဲ့တဲ့ ပြဿနာအချို့ကြောင့်ရယ်၊ နည်းပညာထွန်းကားလာတာကြောင့်ရယ် လျှပ်စစ်သွားပွတ်တံတွေဟာ လူသိပိုများလာပြီး ပုံမှန်သွားပွတ်တံထက်လည်း တိုက်လို့ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လျှပ်စစ်သွားပွတ်တံမှာလည်း အကျိုးနဲ့အပြစ်တွေ ရှိနေခဲ့ပါတယ်။ ကောင်းကျိုးတွေ • သွားတိုက်တာ ပိုပြောင်ပြီး ပိုနှံ့ပါတယ်။ အစာဖတ်တွေကို ပိုပြီးမြန်မြန်နဲ့ကောင်းကောင်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် အထူးပြုလုပ်ထားတဲ့ပုံစံရှိတဲ့ သွားပွတ်တံတွေဆိုရင် ပုံမှန်သွားပွတ်တံတွေနဲ့ ရှင်းလင်းနိုင်ဖို့ခက်ခဲတဲ့နေရာတွေဖြစ်တဲ့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

Dry Mouth (အာခံတွင်းခြောက်သွေ့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dry Mouth (အာခံတွင်းခြောက်သွေ့ခြင်း) ကဘာလဲ။ အာခံတွင်းခြောက်သွေ့ခြင်း (dry mouth) ဆိုတာ သင့်ရဲ့အာခံတွင်း ရုတ်တရက်ခြောက်သွေ့လာခြင်းကို ခေါ်ပါတယ်။ ဒီလိုအခြေအနေဟာ သင်စိတ်လှုပ်ရှားတဲ့အချိန် သို့မဟုတ် တံတွေး အထွက်နည်းနေချိန် စတဲ့ရေဓါတ်ခမ်းခြောက်တဲ့ အချိန်တွေမှာ များသောအားဖြင့် ဖြစ်တတ်ပါတယ်။ Dry Mouth (အာခံတွင်းခြောက်သွေ့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDry Mouth (အာခံတွင်းခြောက်သွေ့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အာခံတွင်းခြောက်သွေ့ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါ လက္ခဏာတွေကတော့ • သင့်ရဲ့ ခံတွင်း၊ လည်ချောင်း၊ လျှာ စတာတွေမှာ ခြောက်သွေ့နေတယ်လို့ခံစားရခြင်း၊ • မကြာခဏ ရေဆာခြင်း ၊ • တံတွေးချွဲပျစ်ခြင်း၊ • ခံတွင်းအနံ့မကောင်းခြင်း နဲ့ • အစားအစာများ အရသာမြည်းစမ်းခြင်း၊ အစာဝါးစားခြင်း၊ အစာမြိုချခြင်း သို့မဟုတ် […]


သွားပြဿနာများ

Tooth Ache (သွားကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tooth Ache (သွားကိုက်ခြင်း) ကဘာလဲ။ အဓိကအားဖြင့်ယိုယွင်းပျက်စီးနေတဲ့ သွားကြောင့် သွားနဲ့ မေးရိုးတစ်ဝိုက် နာနေခြင်းဖြစ်ပါတယ်။ သွားကိုက် ဝေဒနာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ချက်ချင်းနာပြီးပျောက်သွားနိုင်သလို ရက်တွေအကြာကြီးလည်း ဖြစ်နိုင်ပါတယ်။ မသိမသာ နာရာကနေ ပြင်းပြင်းထန်ထန် ဆိုးဆိုးရွားရွားနာတာမျိုလည်း ရှိနေနိုင်ပါတယ်။ ရုတ်တရက် စူးခနဲကိုက်တတ်ပြီး ညအခါတွေနဲ့ အထူးသဖြင့် လဲလျောင်းနေတဲ့အချိန်တွေမှာ ပိုဆိုးလာနိုင်ပါတယ်။ Tooth Ache (သွားကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များတဲ့ ဝေဒနာ တစ်ခုဖြစ်ပါတယ်။ ဘယ်အရွယ်မဆို ဖြစ်နိင်ပါတယ်။ ဖြစ်နိုင်တဲ့အကြာင်းတွေကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ သိလိုသည်တို့ကို သင့်ရဲ့ဆရာဝန်နဲ့ သွားရောက်ဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများTooth Ache (သွားကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ယေဘုယျလက္ခဏာတွေကတော့ • ဆစ်ခနဲစူးခနဲကိုက်ခြင်း၊ တမြည့်မြည့်ကိုက်ခြင်း၊ အစာစားသည့်အခါမှသာကိုက်ခြင်း • သွားဖုံး၊ခံတွင်း၊ ပါးအနီးအနားတစ်ဝိုက် ရောင်နေခြင်း • ဖျားခြင်း၊ ခေါင်းကိုက်ခြင်း • ပျက်စီးနေတဲ့သွားကနေအရည်ပုပ်တွေထွက်လာခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ […]


အခြားခံတွင်းရောဂါ ပြဿနာများ

Bruxism (သွားကြိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်သွားကြိတ်တယ်ဆိုတာဘာလဲ။ နေ့အချိန်မှာဖြစ်ဖြစ်၊ ညအိပ်ပျော်နေတုန်းမှာပဲ ဖြစ်ဖြစ် သင်မသိလိုက်ဘဲ အလိုအလျောက် သွားကိုကြိတ်ချေနေတာ၊ ဝါးနေတာကို သွားကြိတ်တယ်လို့ခေါ်ပါတယ်။ အိပ်နေရင်း သွားကြိတ်တာဟာ အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ မူမမှန်လှုပ်ရှားမှုတမျိုးပဲ ဖြစ်ပါတယ်။ ဒီလိုအိပ်နေရင်း သွားကြိတ်လေ့ရှိသူတွေဟာ တခြားအိပ်စက်ခြင်းဆိုင်ရာ မူမမှန်ပြဿနာတွေ ဖြစ်တဲ့ ဟောက်တာ ဒါမှမဟုတ် အိပ်နေရင်း ခေတ္တ အသက်ရှုရပ်ရပ်သွားတာတွေကိုပါ ခံစားရနိုင်ချေ များပါတယ်။ သွားကြိတ်တာ သိပ်မပြင်းထန်ဘူးဆိုရင် ကုသစရာမလိုအပ်ပေမယ့် တချို့လူတွေမှာဆိုရင် သွားကြိတ်တာဟာအကြိမ်ရေစိပ်လာပြီး ပြင်းပြင်းထန်ထန်လည်း ကြိတ်လာတတ်တဲ့အတွက် မေးရိုးပြဿနာ၊ ခေါင်းကိုက်တာနဲ့ သွားထိခိုက်တာတွေအပါအဝင် တခြားပြဿနာတွေကိုပါ ရင်ဆိုင်လာရစေပါတယ်။ နောက်ဆက်တွဲ ပြဿနာတွေ မပေါ်ပေါက်ခင်ထိ သွားကြိတ်တတ်မှန်း မသိဖြစ်နေတတ်တဲ့အတွက် သွားကြိတ်ခြင်းရဲ့လက္ခဏာတွေကို သိရှိနားလည်ပြီး သွားဆရာဝန်နဲ့ ပုံမှန် ပြသဖို့ဟာ အထူးအရေးကြီးလှပါတယ်။ လက္ခဏာများသွားကြိတ်တာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ • သင့်ဘေးမှာအတူအိပ်နေတဲ့သူကိုလန့်နိုးစေလောက်အောင်ကျယ်လောင်တဲ့အသံနဲ့သွားကြိတ်ခြင်း • သွားတွေ ပြားနေခြင်း၊ကျိုးပဲ့နေခြင်း၊နဲ့နေခြင်း။ • သွားကြွေလွှာတွေပျက်စီးနေခြင်း • သွားကအထိမခံနိုင်ဖြစ်နေခြင်း • မေးရိုးဒါမှမဟုတ်မျက်နှာနာကျင်ကိုက်ခဲခြင်း • မေးရိုးကြွက်သားတွေညောင်းနေခြင်းဒါမှမဟုတ်တောင့်တင်းနေခြင်း • နားကိုက်တယ်လို့ထင်ရတဲ့ဝေဒနာခံစားရလိမ့်မယ်။ […]


ကလေးသွားကျန်းမာ​ရေး

သွားကြိတ်ခြင်း -ဘာကြောင့်သွားကြိတ်ရသလဲ၊ အဲဒီအတွက်သင်ဘာလုပ်နိုင်မလဲ

သွားကြိတ်တာဟာ ကလေးတွေမှာအဖြစ်များပြီး များသောအားဖြင့် ကြီးလာရင်တော့ ပျောက်သွားကြတယ်လို့ ပညာရှင်တွေဆိုကြတယ်။ ကလေး ၁၀ ယောက်မှာ ၂ ယောက်၊ ၃ ယောက် လောက်ကတော့ သွားကြိတ်တတ်တဲ့ အကျင့်လေးတွေရှိတတ်ပါတယ်။ သွားကြိတ်ရခြင်းအကြောင်းအရင်း သွားကြိတ်တာဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ တချို့ကလေးတွေမှာ အပေါ်သွားနဲ့ အောက်သွား မညီလို့သွားကြိတ်တာလည်းဖြစ်နိုင်တယ်။ တချို့ ကလေးတွေမှာဆိုရင် နားကိုက်ခြင်း၊ သွားပေါက်ခြင်း သို့မဟုတ် ကြွက်သားတချို့ ရောင်ရမ်းရာမှ နာကျင်မှုကို သက်သာစေဖို့ သွားကြိတ်တာလည်းဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းအရာတွေကြောင့်ဆိုရင်တော့ ကလေးတွေကြီးလာတဲ့အခါ ထိုအကျင့်ပျောက်သွားတတ်ပါတယ်။ ကလေးတွေသွားကြိတ်ရခြင်းရဲ့ တခြားအကြောင်းအရာတွေကတော့ စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှုတွေ ဒေါသတွေလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ တကယ်လို့သင်တို့ကလေးလေးတွေမှာ ကျောင်းမှာတစ်ယောက်ယောက်နဲ့ စကားများတာမျိုး၊ ဒါမှမဟုတ် စာမေးပွဲတွေ၊ အဆင့်တွေ၊ သူငယ်ချင်းပြဿနာတွေလိုမျိုး ကျောင်းမှာတစ်ခုခုဖြစ်လာခဲ့ရင်လည်း ညအိပ်တဲ့အခါ သွားကြိတ်တာမျိုးရှိနိုင်ပါတယ်။ ငြိမ်ငြိမ်မနေနိုင်အောင် သွက်လွန်းတဲ့ကလေးတွေ၊ ဒါမှမဟုတ် ရောဂါတစ်ခုခုခံစားနေရတာဖြစ်ဖြစ် ဆေးဝါးတစ်မျိုးမျိုးကိုသုံးစွဲနေရတဲ့ […]


ကလေးသွားကျန်းမာ​ရေး

ကလေးကို ဘယ်လို သွားတိုက်ပေးမလဲ

ကလေးငယ်တွေအတွက် ငယ်သွားလေးတွေဟာ အလွန်အရေးကြီးလှပါတယ်။ ငယ်သွားတွေဟာ သိပ်မကြာခင်မှာပဲ လူကြီးသွားတွေနဲ့ အစားထိုးရသော်လည်း သူတို့တွေဟာ ကလေးငယ်တွေ အစာကို ဝါးစားနိုင်ဖို့ကူညီပေးပါတယ်။ ထို့ပြင် စကားပြောရာတွင် ပီသပြတ်သားဖို့ အထောက်အကူ ပြုသကဲ့သို့ လူကြီးသွားတွေပေါက်လာချိန်မှာလည်း နေရာတကျဖြစ်ဖို့ ဆောင်ရွက်ပေးပါတယ်။ ဒီလို အဖိုးတန်တဲ့ ငယ်သွားလေးတွေကို ဘယ်လိုထိန်းသိမ်းကြမလဲ။   ကလေးငယ်ရဲ့ သွားတွေကို ဘယ်အချိန်မှာ စတင်ထိန်းသိမ်းကြမလဲ။ ကလေးငယ်တွေမှာ သွားတွေ မပေါက်မီကပင် သွားနှင့်ခံတွင်း ထိန်းသိမ်းမှုကိုပြုလုပ်ကြရမှာပါ။ ကလေးငယ်ကို အစာကျွေးပြီးတိုင်း ပါးစပ်နှင့်သွားဖုံးတို့ကို ဂရုတစိုက် သန့်စင်ပေးရပါမယ်။ ဒါမှ ကလေးငယ်ရဲ့ သွားဖုံးအောက်ခြေနားမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားကပ်တွယ်ခြင်းမှ ကာကွယ်နိုင်မှာပါ။ ဘက်တီးရီးယားတွေဟာ သတိမပြုလိုက်မီမှာပဲ ကလေးငယ်ရဲ့ပေါက်ခါစသွားလေးတွေကို အကြီးအကျယ်ပျက်စီးစေနိုင်ပါတယ်။ ကလေးငယ်ရဲ့ သွားနှင့်ခံတွင်းကို စိုစွတ်ပျော့ပျောင်းတဲ့အဝတ်စ သို့ ပဝါပါးလေးနဲ့သန့်စင်ပေးနိုင်ပါတယ်။ ထိုသို့သန့်စင်ပေးခြင်းကို တစ်နေ့လျှင် အနည်းဆုံးနှစ်ကြိမ် ဖြစ်နိုင်ရင် အစာကျွေးပြီးတိုင်း ပြုလုပ်ပေးသင့်ပါတယ်။ […]


ကလေးသွားကျန်းမာ​ရေး

ကလေးများတွင်အဖြစ်များသောသွားပြဿနာများနှင့် ဖြစ်ရသည့်အကြောင်းအရင်းများ

ကလေးများ၏ သွားကျန်းမာရေးကို ဖြစ်ပွားစေသောအကြောင်းအရင်းများစွာရှိပါသည်။ ငယ်သွားများသည် နောက်ဆုံးတွင် ကြီးသွားများနှင့် အစားထိုးသည် ဆိုသော်လည်းပဲ ကလေးငယ်သွားဘဝထဲက ကျန်းမာသောသွားများ ရရှိနိုင်အောင် ထိန်းသိမ်းထားခြင်းသည် ကလေး၏ကျန်းမာရေးအတွက် အရေးပါပါသည်။ ၁။ သွားပိုးစားခြင်း သွားပိုးစားခြင်းသည်ကာကွယ်နိုင်သောရောဂါတစ်ခုဖြစ်သည်။ ကလေး၏သွားများသည် ချိုသောအစားအစာများ၊အချိုရည်များနှင့် တောက်လျောက်ထိတွေ့နေသောအခါတွင် သွားပိုးစားတတ်သည်။ ကလေးများ၏ပါးစပ်ထဲတွင်ရှိသော ဘက်တီးရီးယားများသည် သကြားများစားသုံးကာ ကြီးထွားလာကြသည်။ ထို့နောက်သွားပိုးစားခြင်းကိုဖြစ်ပွားစေနိုင်သည်။ ကလေးများကိုစားချိန်တန်စားသောက်ချိန်တန်သောက်ခိုင်းပါ။ အဓိကသည် တစ်နေ့လုံးနှင့်ညအိပ်ခါနီးတိုင်း ရေသောက်ရန်ဖြစ်သည်။   ၂။ လက်မစုပ်ခြင်း လက်မစုပ်ခြင်းသည်သဘာဝအလျောက်ဖြစ်လေ့ဖြစ်ထရှိသောကိစ္စရပ်တစ်ခုဖြစ်သည်။ များသောအားဖြင့်စိုးရိမ်ရန်မလိုပါ။ သို့သော်အသက်ငါးနှစ်ကျော်သည်အထိ ကလေးသည်လက်မစုပ်နေမည်ဆိုလျှင် တော့ ကြီးသွားများပေါက်လာချိန်တွင်သွားပိုင်းဆိုင်ရာပြဿနာများဖြစ်လာနိုင်ပါသည်။ လက်မစုပ်ခြင်းသည် သွားစီစီရီရီရှိမှု၊ မေးရိုးများ၊ပါးစပ်၏အာခေါင်ဖြစ်ပေါ်လာပုံ၊စကားပြောခြင်းများစသည်တို့နှင့်ပက်သက်ပြီးပြဿနာများဖြစ်ပွားစေနိုင်ပါသည်။ သွားဖုံးမောက်ခြင်း သွားခေါခြင်းများဖြစ်ပွားစေနိုင်ပါသည်။   ၃။ နုတ်ခမ်းသပ်ခြင်း နှုတ်ခမ်းသပ်ခြင်းဆိုသည်မှာ အောက်နှုတ်ခမ်းကိုအပေါ်သွားနှင့်အောက်သွားအကြား ထားပြီးနှုတ်ခမ်းကိုလျက်ခြင်းဖြစ်သည်။ နှုတ်ခမ်းသပ်သောကလေးများသည် လက်မပါစုပ်တတ်ကြောင်းတွေ့ရသည်။ နှုတ်ခမ်းသပ်ခြင်းအားဖြင့် သွားများညီညာမှုမရှိတော့ဘဲ စကားပြောရာတွင်အခက်အခဲတွေ့နိုင်သည်။   ၄။ လျှာထုတ်ခြင်း လျှာထုတ်ခြင်းသည်လည်းနုတ်ခမ်းသပ်ခြင်း၊လက်မစုပ်ခြင်းကဲ့သို့ပင်အတွေ့ရများသောပြဿနာတစ်ခုပင်ဖြစ်သည်။ လျှာထုတ်ခြင်းအားဖြင့်သွားများညီညာမှုမရှိစေဘဲ သွားခေါခြင်းသွားဖုံးမောက်ခြင်းများဖြစ်စေသည်။ စကားပြောရာတွင် အခက်အခဲဖြစ်စေနိုင်သည်။   ၅။ သွားစောစောကျိုးုခြင်း ကလေးများတွင်သွားပိုးစားခြင်း၊ဒဏ်ရာရခြင်း၊စသည်တို့ကြောင့်လည်းသွားကျိုးနိုင်ကြသည်။ ကြီးသွားများမပေါက်သေးခင်ငယ်သွားများကျိုးခြင်းကျွတ်ခြင်းဖြစ်ပေါ်ပါက အနီးအနားရှိသွားများသည်ယိုင်ခြင်းစောင်းခြင်းများဖြစ်ပွားနိုင်သည်။ […]


ကလေးသွားကျန်းမာ​ရေး

ကလေးများသွားပိုးစားခြင်း

ကလေးများသွားပိုးစားခြင်းဆိုသည်မှာ သင့်တော်သောကုသမှုမခံယူပါက နာကျင်ခြင်းနှင့် ပိုးဝင်ခြင်းများကိုခံစားရစေနိုင်ပါသည်။ ကလေးများသွားပိုးစားခြင်းဆိုသည်မှာ အစားအစာထဲတွင်ပါဝင်သော သကြားဓါတ်များသည် ကလေး၏သွား အတွင်း ကပ်တွယ်နေသောအခါတွင် ဖြစ်ပွားတတ်ပါသည်။ ပါးစပ်ထဲတွင်ရှိသောဘတ်တီးရီးယားပိုးများသည် ကလေးငယ်များစားသော အစာမှသကြားများကို စားသုံးသည်။ ထို့နောက် အက်ဆစ်များထုတ်လုပ်ကာ သွားများကိုဖျက်ဆီးပစ်သည်။ ထိုအခြေအနေသည် အရှေ့သွားများတွင်ဖြစ်လေ့ဖြစ်ထရှိသော်လည်း အခြားသွားများတွင်လည်းဖြစ်ပွားနိုင်သည်။ အကယ်၍ သွားပိုးစားခြင်းကို မကုသဘဲထားပါက အစာစားနည်းခြင်း စကားပြောရာတွင် အခက်အခဲဖြစ်ခြင်းနှင့် ကြီးသွားများ မညီမညာဖြစ်ခြင်းတို့ ဖြစ်လာနိုင်ပါသည်။ ထိုကြောင့်သင့်ကလေးတွင်သွား၌အမဲစက်များပေါ်ခြင်းစသောသွားပိုးစားလက္ခဏာများသတိထားမိပါက သင်သည်သင့်ကလေးကိုကုသမှုခံယူနိုင်ရန် အနီးစပ်ဆုံးသောသွားဆရာဝန်ထံခေါ်သွားသင့်ပါသည်။ ကံကောင်းသည်က သင့်ကလေးသွားပိုးစားခြင်းကိုကာကွယ်နိုင်မည့် နည်းလမ်းများစွာရှိပါသည်။ အကောင်းဆုံးနည်းလမ်းကတော့ စောစောစီးစီးကပင် ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အထများကို လေ့ကျင့်ပေးခြင်းဖြစ်ပါသည်။ ၎င်းတို့မှာ ကလေးကိုနို့တိုက်ပြီးသောအခါတွင် ကလေး၏သွားဖုံးများကို နူးညံ့စွာသုတ်ပေးပါ။ ကလေး၏သွားများစပေါက်လာကတည်းကသွားစတိုက်ပေးပါ။(ဖလိုရိုက်မပါသောသွားတိုက်ဆေးနှင့်တိုက်ပေးပါ။) သွားကြားများထဲကို အပ်ချည်မျှင်များဖြင့် သန့်စင်ပေးပါ။ သွားကိုသာမကသွားဖုံးများကိုပါသန့်စင်ပေးပါ။ သင့်ကလေးတွင် ဖလိုရိုက်ပြည့်ဝစေရန် ပြုလုပ်ပေးပါ။ သင့်ကလေး၏ ပထမဆုံးမွေးနေ့မှစပြီး သွားဆရာဝန်ထံပုံမှန်သွားပြပေးပါ။(သင့်ကလေးသွားပိုးစားခြင်းမှ […]


ကလေးသွားကျန်းမာ​ရေး

လမ်းလျှောက်တတ်စ ကလေးငယ်များအတွက် အကျိုးရှိစေမည့်သွားတိုက်နည်း ခြောက်သွယ်

ကလေးငယ်များ အထူးသဖြင့်လမ်းလျှောက်တတ်စအရွယ်များသည် သွားတိုက်ခြင်းကို နှစ်မြို့လေ့မရှိကြပေ။ သွားတိုက်ချိန်များတွင် သင်၏ကလေးနှင့် နပန်းလုံးနေရသကဲ့သို့ အချို့ရက်များတွင် အော်ဟစ်ငိုယိုခြင်း ဝုန်းဒိုင်းကြဲခြင်းဖြင့် သင်၏ရေချိုးခန်းအား ရှုပ်ပွညစ်ပတ်စေလိမ့်မည်။ ကလေးများသည် သွားမတိုက်လိုကြပေ။ အချို့ရက်များတွင်တော့ သင်သွားတိုက်ပေးတာမခံလိုဘဲ သူတို့ဘာသာသွားတိုက်ဖို့ တောင်းဆိုလိမ့်မည်။ သင်ခွင့်ပြုလိုက်လျှင်တော့ သင်ထင်မှတ်မထားလောက်အောင် ရေချိုးခန်းတစ်ခုလုံး ရေများ သွားတိုက်ဆေးများနှင့် ပွပေနေသည်ကို တွေ့ရပေမည်။ ကဲ ဒီလိုဆို သင့်ကလေး၏ သွားတိုက်ချိန်ကို ပျော်စရာကောင်းပြီး သွားတွေစင်ကြယ်အောင်တိုက်ပေးနိုင်မည့် အချိန်လေးဖြစ်အောင် ဘယ်လိုပြောင်းလဲကြမလဲ။ ၁။ သွားတိုက်တံကို ကလေးကိုယ်တိုင် ရွေးချယ်ခိုင်းပါ။ ပထမဆုံးအကြိမ်တွင် ကလေးများကို မိမိနှစ်သက်ရာသွားတိုက်တံနှင့်သွားတိုက်ဆေးရွေးချယ်ခိုင်းပါ။ မိမိကလေး၏ အသက်ပေါ်မူတည်ပြီး သင့်တော်သောသွားတိုက်တံတွေထဲမှာမှ သူအနှစ်သက်ဆုံးသွားတိုက်တံကိုရွေးချယ်ခိုင်းပါ။ ကလေးငယ်သည် သူကြိုက်သော သွားတိုက်တံ အပိုင်ရပြီဆိုတာနှင့် ညမနက်သွားတိုက်ချိန်များမြန်မြန်ရောက်ချင်နေလိမ့်မည်။ ၂။ ဖြည်းဖြည်းချင်း သင်ပေးပါ။ ကလေးများကို သွားဘယ်လိုတိုက်ရမလဲဆိုတာကို ချက်ချင်း အတင်းအကြပ်ပြသပြီး တွန်းအားမပေးပါနှင့်။ ဖြည်းဖြည်းချင်းသာ သင်ပေးပါ။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း