သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

သွားကျဉ်ခြင်း၏အဓိကအကြောင်းအရင်းများ

အကယ်၍ သင်သည် အေးသောအစားအစာများ စားခြင်းကို ရှောင်နေရလျှင် (သို့) အပူနှင့်ထိတွေ့ပါ က သင်၏သွားသည် နာကျင်မှုကို ခံစားနေရပြီဆို လျှင် သွားကျဉ်နေပြီဟု ပြောလို့ရပါသည်။ သင်၏ သွားကျန်းမာရေးအတွက် သိသင့်သော သွားကျဉ် ခြင်း အကြောင်းအရာများနှင့် ကုသနည်းများကို အောက်တွင်ဖော်ပြထားပါသည်။ သွားတိုက်ခြင်းအလေ့အကျင့် သွားကို အားအရမ်းသုံးပြီးတိုက်ခြင်း၊ သွားပွတ်တံအမာနှင့် တိုက်ခြင်းသည် သွား၏အပေါ်ယံကြွေလွှာကို ပျက်စီး စေပြီး သွားကျဉ်ခြင်းကို ဖြစ်ပေါ်စေပါသည်။ ထို့ ကြောင့် အအေး၊ အပူနှင့် အက်စစ်ဓါတ်ပါသော အစားအစာများကို စားသုံးသောအခါ သွားကျဉ်တာ ကို ခံစားရခြင်းဖြစ်ပါသည်။ ထိုအကြောင်းအရာအ တွက် ဖြေရှင်းနည်းကတော့ သွားပွတ်တံအပျော့နှင့် နည်းလမ်းတကျသွားတိုက်ခြင်းက ကောင်းမွန်သော နည်းလမ်း ဖြစ်ပါသည်။ သွားဖြူစေသော သွားတိုက်ဆေးသုံးခြင်း သွားဖြူစေသော သွားတိုက်ဆေးများသည် သွားကို ထိခိုက်စေနိုင်ပါသည်။ ကျွန်ုပ်တို့အများစုသည် သွားဖြူစေသော အာနိသင် […]


အခြားခံတွင်းရောဂါ ပြဿနာများ

မည်သည့်အချိန်တွင် အပူနှင့်အအေးကသင့်သွားကို နာကျင်စေသလဲ။

အကယ်၍ သင်သည် သင့်သွားနာသောကြောင့် ကော်ဖီပူပူတစ်ခွက်ကို မသောက်နိုင်လျှင် (သို့) ရေခဲမုန့်ကိုမစားနိုင်လျှင် ဒါကတကယ်ကို အနှောင့်အယှက်ဖြစ်စေမှာပါ။ အထူးသဖြင့် နေ့စဉ်လုပ်ငန်းများတွင်ဖြစ်သည်။ ဤဆောင်းပါးတွင် အထိမခံနိုင်သော သွားများ၏ အကြောင်းရင်းနှင့် ကုသမှုများကိုဖော်ပြထားပါတယ်။ သွားနာခြင်းကိုဖြစ်နိုင်သောအကြောင်းအရင်းများတွင် • သွားဆွေးခြင်း • သွားဖုံးရောဂါ • ပြင်းထန်သောသွားတိုက်ခြင်း • အက်စစ် ပါသောအစာများစားခြင်း • သွားကျိုးခြင်း • သွားဖာထားခြင်း • သွားကြိတ်ခြင်းတို့ ပါဝင်သည်။ ပုံမှန်တွင် သင့်သွား၏အပေါ်ပိုင်း(crown)ကို ကြွေလွှာဖြင့်ကာကွယ်ထားသည်။ crown သည် သွားဖုံးထက်မှ ပေါ်ထွက်နေသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သွားဖုံးလိုင်း၏ အောက်တွင် သွား၏အမြစ်ကို ကာကွယ်ပေးသောcementumအလွှာရှိသည်။ Dentinအလွှာသည် ကြွေလွှာနဲ့ cementumအလွှာ နှစ်ခုလုံး၏အောက်တွင် ရှိပြီး သွား၏အလယ်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ Dentinအလွှာကို ကြွေလွှာနှင့် cementumတို့မှ မကာကွယ်ပေးနိုင်လျှင် အပူ၊ အအေး အစားအစာများစားလျှင် နာကျင်စေပါသည်။ သင့်သွား အထိမခံနိုင်သောအကြောင်းပေါ်မူတည်၍ ကုသမှုအမျိုးအစားများကို သွားဆရာဝန်မှ အကြံပြုပါမည်။ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ပိုမိုဖြူဝင်းတောက်ပသောသွားများပိုင်ဆိုင်နိုင်ဖို့ လျှို့ဝှက်ချက်၁၀ခု

ခေတ်ပေါ်လူမှုပတ်ဝန်းကျင်တွင် ပုံပန်းသဏ္ဍာန်သည် အရေးကြီးသော အပိုင်းတစ်ခုဖြစ်သည်။ လူအတော်များများသည် ပိုမိုဖြူစင်ပြီးသန်မာသောသွားများကို အလိုရှိကြသည်။ သင့်သွားက သင်မျှော်လင့်သလို ဖြစ်မနေဘူးလား။ စိတ်မပူပါနှင့်။ အောက်ပါဆောင်းပါးက သင့်သွားကိုဖြူဖွေးသွားစေရန် ဈေးမကြီးဘဲထိရောက်သောနည်းများကို လမ်းညွှန်ပေးပါမည်။ (၁) စားသောက်ပြီးသည့်အခါတိုင်းသွားတိုက်ပါ။ အရသာရှိသောအစားအစာ(သို့) အကြိုက်ဆုံးသောအဖျော်ယမကာ စားသောက်ပြီးသည့်အခါ နာရီဝက်စောင့်ပါ။ ထို့နောက်သွားတိုက်ပါ။ အစာစားပြီး သွားမတိုက်ခြင်းသည် သွားအစွန်းအထင်း ဖြစ်စေသည့် အဓိကအကြောင်းဖြစ်သည်။ (၂) ဆေးလိပ်သောက်ခြင်းမှရှောင်ကြဉ်ပါ။ ဆေးလိပ်သောက်ခြင်းသည်အဆုတ် ၊ အရေပြားအပါအဝင် ခန္ဓါကိုယ်တစ်ခုလုံးအပေါ် ဆိုးကျိုးများသက်ရောက်စေသည်။ အဆိုးဆုံးကတော့ သွားများပေါ်တွင်ဖြစ်သည်။ (၃) ကော်ဖီနှင့်လက်ဖက်ရည် ရှောင်ပါ။ လက်ဖက်ရည်နှင့်ကော်ဖီကို လူအများစုနှစ်သက်ကြသည်။ မည်သို့ဖြစ်စေ ၎င်းတို့က သွားတွင်မနှစ်မျို့ဖွယ် အရောင်များကျန်စေသည်။ ထို့ကြောင့် သင့်သွားများကိုတောက်ပြောင်စေချင်လျှင် ကော်ဖီနှင့်လက်ဖက်ရည်သောက်ခြင်းကိုရှောင်ပါ။ (၄) အုန်းဆီကိုအသုံးပြုပါ။ အုန်းဆီတွင်ပိုးမွှားသေစေသည့် ဂုဏ်သတ္တိများပါဝင်ပြီး သင့်သွားနှင့်သွားဖုံးကို ကာကွယ်ပေးသည်။ သင့်ပါးစပ်ထဲအုန်းဆီတစ်ဇွန်းထည့်ပြီးလျှင် ၅မိနစ်မှ၁၀မိနစ်အထိ ပလုတ်ကျင်းပေးပါ (သို့)သွားတိုက်တံပေါ်တွင် အစက်အနည်းငယ်ချ၍ သွားတိုက်ပေးပါ။ (၅) ပန်းသီးရှာလကာရည်ကိုသုံးပါ။ ပန်းသီးရှာလကာရည်တွင် အက်စစ်ဓါတ်ပါဝင်သောကြောင့် ကော်ဖီနှင့်နီကိုတင်းတို့ကြောင့်ဖြစ်သည့် […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ကော်ဖီနံ့နံသောခံတွင်းနံ့ကို ဘယ်လိုအနိုင်ယူမလဲ

ကော်ဖီသည် လူအများအတွက် အလွန်ကျော်ကြားသောသောက်စရာများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့ကိုနိုးကြားစေကာ လိုအပ်သောစွမ်းအင်ကိုပေးသည်။ သို့သော်ကော်ဖီတစ်ခွက်သောက်ပြီးလျှင် ခံတွင်းနံ့နံသည်ကိုသတိထားမိပါသလား။   ဘာကြောင့်ကော်ဖီကသင့်ခံတွင်းကိုအနံ့နံစေသလဲ။ ကျွန်ုပ်တို့ပါးစပ်ထဲထည့်သွင်းသည့် မည်သည့်အရာမဆိုခံတွင်းနံ့နံစေသည်။ မစားခင်ကတည်းက အနံ့နံသောအစားအစာသည် ခံတွင်းနံ့ကို ပိုဆိုးစေသည်။ ကော်ဖီတွင် ဆာ(လ်)ဖာဒြပ်ပေါင်းများစွာရှိခြင်းသည် ခံတွင်းနံ့နံစေသောတရားခံများထဲမှ တစ်ခုပင်ဖြစ်သည်။ ထို့ပြင်ကော်ဖီထဲရှိ ကဖိန်းဓါတ်သည် ပါးစပ်ကိုခြောက်သွေ့စေသည်။ သင့်ပါးစပ်မှ တံတွေးလုံလောက်စွာမထုတ်နိုင်လျှင် သင့်ပါးစပ်သည် နံလာမည်ဖြစ်သည်။ အကြောင်းမှာ တံတွေးကပါးစပ်ထဲရှိဘက်တီးရီးယားပိုးမွှားများကို သတ်နိုင်သောကြောင့်ဖြစ်သည်။ တံတွေးမရှိလျှင် ဘက်တီရီးယားပွားများကာ ခံတွင်းနံ့နံစေသည်။ တံတွေးကပုံမှန်သန့်ရှင်းပေးသော အစာအကြွင်းအကျန်များသည်လည်း တံတွေးမရှိသောအခါ ပြိုကွဲပြီးအနံ့နံစေသည်။ ကော်ဖီသောက်ခြင်းကြောင့် ခံတွင်းနံ့နံရသည့်နောက်ဆုံးအချက်တစ်ခုမှာ ကော်ဖီတွင်ပြင်းထန်းသောအနံ့ရှိခြင်းကြောင့်ဖြစ်သည်။ အခြားအနံ့နံစေသောအရာများနှင့်ပေါင်းစပ်ကာ ဆိုးရွားသောခံတွင်းနံ့ ဖြစ်စေသည်။ ဥပမာ ကော်ဖီထဲတွင် နို့ထည့်သောက်ခြင်းကလည်း ဖြစ်စေသည်။ ခံတွင်းနံ့မနံစေဘဲကော်ဖီသောက်ခြင်း အသိသာဆုံးမှာ သွားတိုက်ခြင်းသည် cappuccino သောက်ပြီးနောက် မိတ်ဆွေများနှင့် နီးနီးကပ်ကပ်နေနိုင်ဖို့အလျင်မြန်ဆုံးနည်းလမ်းဖြစ်သည်။ ပီကေလည်း ဝါးရမည်ဖြစ်သည်။ သင်သည် သွားကြားထိုးတံကို အနံ့သက်သာအောင်သုံးနိုင်သည်(သို့) စမုန်စပါးစေ့များ ဝါး၍ရသည်။ လက်ဖက်စိမ်း […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ခံတွင်းကျန်းမာရေး ထိန်းသိမ်းနည်း ၈ မျိုး

သင့်ပါးစပ်ထဲရှိ ဘက်တီးရီးယားသန်းပေါင်းများစွာသည် ရောင်ရမ်းစေသည့်အပြင် အခြားကိုယ်အင်္ဂါများကို ထိခိုက်မှုရှိနိုင်သည်။ ဆွီဒင်ပညာရှင်၏လေ့လာချက်အရ ကျွမ်းကျင်သူများက သွားချေးများသောသူသည် သန့်ရှင်းသောသွားရှိသူထက် မုန့်ချိုအိတ်ကင်ဆာပို၍ဖြစ်နိုင်သည်ဟု ဖော်ပြထားသည်။ ထို့ပြင် ဖင်လန်နိုင်ငံမှလေ့လာမှုအရ သိပ္ပံပညာရှင်များက သွားချိုးရှိသည့်နိုင်ငံသားများသည် နှလုံးရောဂါဖြစ်နိုင်ချေ ၂ ဆပိုများသည်ဟု ဖော်ပြထားသည်။ ထိုကြောင့် သင့်ပါးစပ်မှစ၍ တစ်ကိုယ်လုံးကျန်းမာရေးကို ထိန်းသိမ်းသင့်သည်။ သွား၊လျှာနှင့် ပါးစောင်အတွင်းသားများကိုတိုက်ပါ။ သွားကြားရှိချေးများ၊ အစာများဖယ်ရှားရန် သွားတိုက်ခြင်းသည် လွယ်ကူလျင်မြန်ဆုံးနည်းဖြစ်သည်။ သွားချေးနည်းသည်ဆိုသည်မှာ သင့်ပါးစပ်ထဲတွင် ဘက်တီးရီးယားနည်းလာသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သို့ရာတွင် သွားကိုဂရုစိုက်ရုံနှင့် မလုံလောက်ပေ။ ပါးစပ်၏အခြားနေရာဖြစ်သည့် လျှာနှင့် ပါးစောင်မျာကိုလည်း အာရုံစိုက်ရမည်။ သွားပွတ်ကြိုးသုံးခြင်း သွားပွတ်ကြိုးဖြင့် သွားကြားမှန်မှန်သန့်ရှင်းပေးခြင်းက ပို၍ကောင်းသည်။ အဓိကမှာ သွားနှင့်သွားပွတ်ကြိုး ကိုက်နေရမည်ဖြစ်သည်။ သင့်တွင်ကြမ်းတမ်းသောသွားပေါက်များရှိပါက ဖယောင်းပါသည့် သွားပွတ်ကြိုးကိုသုံးနိုင်သည်။ သင့်သွားတွေကျဲနေပါက အမွေးပါသည့်သွားပွတ်ကြိုး သုံးနိုင်သည်။ ပုံမှန်သွားဖြစ်လျှင် ဖယောင်းမပါသည့် သွားပွတ်ကြိုးသုံးပေးနိုင်သည်။ ဖလိုရိုဒ်ပါသည့် သွားတိုက်ဆေးနှင့် ပလုပ်ကျင်းဆေးသုံးပေးပါ။ ဖလိုရိုဒ်သည် သဘာဝသတ္တုဓါတ်ဖြစ်ပြီး […]


အခြားခံတွင်းရောဂါ ပြဿနာများ

ထိခိုက်လွယ်သော သွားများ

အဓိပ္ပါယ်ဖွင့်ဆိုချက်Sensitive teeth (ထိခိုက်လွယ်သော သွားများ) ဆိုတာ ဘာလဲ။ သင့်မှာ ထိခိုက်လွယ်သော သွားတွေရှိနေခဲ့ရင် သွားတိုက်ခြင်း၊ သွားကြားထိုးခြင်း၊ စားသောက်ခြင်း စတဲ့ လုပ်ငန်းဆောင်တာလေးတွေကတောင်မှ သွားမှာယာယီ စူးရှနာကျင်တဲ့ခံစားမှုမျိုးကို ပေးစွမ်းနိုင်ပါတယ်။ ဒီပြဿနာဟာ သွားကြွေလွှာပျက်စီးခြင်း ၊သွားပိုးပေါက်ရှိခြင်း ၊သွားပဲ့ခြင်း၊ လတ်တလော သွားဖာထားခြင်း သို့မဟုတ် အခြားသွားကျန်းမာရေးဆိုင်ရာလုပ်ဆောင်ချက် (ဥပမာ သွားချေးချွတ်ခြင်း) တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်နိုင်ပါတယ်။ လက္ခဏာများSensitive teeth (ထိခိုက်လွယ်သော သွားများ)ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ထိခိုက်လွယ်သော သွားများမှာ ရောဂါလက္ခဏာတွေအများကြီးရှိပါတယ်။ ခံတွင်းနာကျင်မှုနဲ့ သက်တောင့်သက်သာမရှိမှုတွေအပါအဝင်ပေါ့။ ဒါတွေက သင့်သွားဟာ အချို၊ အချဉ် သို့မဟုတ် အက်ဆစ်ပါဝင်တဲ့စားစရာ (ချိုချဉ်လုံး သို့မဟုတ် ရှောက်သီး စတဲ့ စားစရာတွေ) အပူဓါတ် နဲ့ အအေးဓါတ် တွေ(ရေခဲမုန့်၊ လေအေးကိုရှူသွင်းခြင်း သို့မဟုတ် ကော်ဖီပူပူ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားကျန်းမာရေးဆိုင်ရာ ရှိုးဂရင်း ရောဂါစု

အဓိပ္ပါယ်ဖွင့်ဆိုချက်သွားကျန်းမာရေးဆိုင်ရာ ရှိုးဂရင်း ရောဂါစု (Sjőgrens syndrome) ဆိုတာဘာလဲ။ Sjőgrens syndrome ဆိုတာ ခုခံအားစနစ် ကမောက်ကမဖြစ်သွားတဲ့ ဖြစ်ရပ်ပါ။ ဒီအခြေအနေကို အဖြစ်များတဲ့ လက္ခဏာတွေဖြစ်တဲ့ မျက်လုံးခြောက်ခြင်းနဲ့ ခံတွင်းခြောက်ခြင်း ၂မျိုးနဲ့ အတည်ပြုလေ့ရှိပါတယ်။ ဒီရောဂါဟာ များသောအားဖြင့် အခြားခုခံအားစနစ်ပြဿနာတွေနဲ့တွဲပြီးဖြစ်လေ့ရှိပါတယ်။ သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာစတဲ့ ရောဂါတွေနဲ့တွဲပြီးဖြစ်လေ့ရှိတာပါ။ ဒီရောဂါဖြစ်ရင်င် မျက်လုံးနဲ့ ပါးစပ်ထဲမှာရှိတဲ့ အကျိအချွဲတွေထုတ်ပေးနိုင်တဲ့ အမြှေးပါးနဲ့ အစိုဓါတ် စတဲ့ ဂလင်းတွေဟာ ဦးဆုံးရောဂါသက်ရောက်မှုဒဏ်ခံရတာပါ။ ရလဒ်ကတော့ မျက်ရည်နဲ့ တံတွေးထုတ်လုပ်မှုနည်းသွားတာပါပဲ။ သင်ဟာဘယ်အသက်အရွယ်ပဲရောက်ရောက်ဒီရောဂါဖြစ်နိုင်ပေမယ့် အများဆုံးကတော့ ဒီရောဂါဖြစ်တဲ့အချိန်မှာ အသက်၄၀အထက်မှာရှိနေကြတာပါ။ ဒီအခြေအနေကို အမျိုးသမီးတွေမှာပိုပြီးတွေ့ရများပါတယ်။ ကုသမှုတွေကတော့ ရောဂါလက္ခဏာတွေ သက်သာသွားစေဖို့ပဲ ဖြစ်ပါတယ်။ လက္ခဏာများသွားကျန်းမာရေးဆိုင်ရာ ရှိုးဂရင်း ရောဂါစု (Sjogren Syndrome) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဒီရောဂါရဲ့အဓိက လက္ခဏာ၂ခုကတော့ • မျက်လုံးခြောက်တာ။ သင့်မျက်လုံးတွေပူနေတာ၊ယားနေတာ သို့မဟုတ် […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားကြိတ်ခြင်း

သွားကြိတ်ခြင်း ဆိုတာဘာလဲ။ သွားကြိတ်ခြင်း ဆိုတာ သင့်သွားတွေကို ကြိတ်ခြင်း သို့မဟုတ် အံကြိတ်ခြင်း အခြေအနေမျိုးကိုခေါ်ပါတယ်။ တကယ်လို့သင်ဟာ သွားကြိတ်တတ်သူဆိုရင် နေ့ခင်းဘက်မှာ သတိလက်လွတ် အံကြိတ်နေတတ်တာမျိုး သို့မဟုတ် ညဘက်ကို သွားကြိတ်နေတတ်တာမျိုး တွေဖြစ်တတ်ပါတယ်။ ဒီရောဂါကိုတော့ အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့လှုပ်ရှားမှု မူမမှန်ခြင်းလို့ သတ်မှတ်ပါတယ်။ အိပ်စက်တဲ့အချိန်သွားကြိတ်တတ်သူတွေဟာ အခြားအိပ်စက်ခြင်းဆိုင်ရာမူမမှန်ခြင်းတွေ ဥပမာ ဟောက်ခြင်း သို့မဟုတ် အိပ်နေစဉ် အသက်ရှူခဏရပ်ခြင်း စတာတွေလည်း ရှိနေတတ်ပါတယ်။ မပြင်းထန်တဲ့ သွားကြိတ်ခြင်း တွေကတော့ ကုသဖို့မလိုပါဘူး။ ဒါပေမယ့် အချို့လူတွေမှာ ဒီပြဿနာဟာ မကြာခဏဖြစ်တတ်ပြီး မေးရိုးပြဿနာ၊ခေါင်းကိုက်ခြင်း၊သွားပျက်စီးခြင်းနဲ့ အခြားပြဿနာတွေဖြစ်လာနိုင်တဲ့ထိ ပြင်းထန်ပါတယ်။ သင့်မှာ အိပ်တဲ့အခါသွားကြိတ်တဲ့အကျင့်ရှိနေရင်တောင် အခြားပြဿနာတွေ ပေါ်မလာခင်အထိ သင်သတိထားမိမှာ မဟုတ်သေးပါဘူး။ ဒါကြောင့်သွားကြိတ်ခြင်း ရဲ့ရောဂါလက္ခဏာကိုသိဖို့နဲ့ ပုံမှန်သွားကျန်းမာရေးကို ဂရုစိုက်ဖို့က အရေးကြီးတာပါ။ သွားကြိတ်ခြင်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ သွားကြိတ်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ • သင်နဲ့အတူအိပ်စက်တဲ့လူ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားကျန်းမာရေး - ဦးခေါင်းခွံနဲ့ မေးရိုးကို ဆက်ပေးထားသော မေးရိုးဆစ်မူမမှန်ပြဿနာ

အဓိပ္ပါယ်ဖွင့်ဆိုချက်။TMJ disorder ( ဦးခေါင်းခွံနဲ့မေးရိုးကို ဆက်ပေးထားသော မေးရိုးဆစ် မူမမှန်ပြဿနာ) ဆိုတာဘာလဲ။ Temporomandibular Joints လို့ခေါ်တဲ့ TMJတွေဟာ သင့်ပါးစပ်ကို ဖွင့်လို့ပိတ်လို့ရအောင်လုပ်ပေးတဲ့ မေးရိုးဆစ် (ဦးခေါင်းခွံနဲ့မေးရိုးကို ဆက်ပေးထားသောအဆစ်) နဲ့ကြွက်သားတွေပါ။ ခေါင်းရဲ့တစ်ဖက်တစ်ချက်စီမှာရှိပြီး သင်ဝါးတဲ့အချိန်၊ စကားပြောချိန် သို့မဟုတ် မြိုချတဲ့အချိန်တွေမှာ TMJက တစ်ပြိုင်နက်အလုပ်လုပ်ပေးပြီး သူ့မှာ ကြွက်သားတွေ၊ အရွတ်တွေနဲ့ မေးရိုးတွေပါဝင်ပါတယ်။ သူတို့တွေဟာ အောက်မေးရိုး (mandible)ကိုထိန်းချုပ်ပြီး ရှေ့ကို၊နောက်ကိုနဲ့ဘေးတိုက်တွေရွေ့လျားစေပါတယ်။ TMJတစ်ခုချင်းစီရဲ့ အံခွက်(socket)နဲ့ ဂုံညင်းကြားမှာ (ball) ချပ်ပြား(disc)လေးတစ်ခုစီရှိပါတ်ယ။ ဒီdisc လေးက မေးကိုအကျယ်ကြီးဖွင့်နိုင်ဖို့ နဲ့ ရွေ့လျားနိုင်ဖို့ သက်ရောက်လာတဲ့ ဝန်တွေကို ခံပေးပါတယ်။ ကြွက်သားတွေ၊ အရွတ်တွေ၊ discs တွေနဲ့ အရိုးတွေရဲ့ ရှုပ်ထွေးတဲ့စနစ်တွေနဲ့ ပုံမှန်စနစ်တကျအလုပ်လုပ်နေတာကိုတားဆီးလိုက်တဲ့ ဘယ်ပြဿနာမဆို နာကျင်စေတဲ့ TMJ မူမမှန်ပြဿနာကိုဖြစ်စေနိုင်ပါတယ်။ လက္ခဏာများTMJ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ပြင်းထန်သွားဖုံးပိုးဝင်ရောင်ရမ်းခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်Trench Mouth (ပြင်းထန်သွားဖုံး ပိုးဝင်ရောင်ရမ်းခြင်း) ဆိုတာဘာလဲ။ Trench Mouthဆိုတာ ပြင်းထန်စွာ သွားဖုံးရောင်ခြင်းတစ်မျိုးဖြစ်ပြီး နာကျင်စေခြင်း၊ ပိုးဝင်ခြင်း၊ သွားဖုံးသွေးထွက်ခြင်းနဲ့ အဖုအကြိတ်ပေါက်ခြင်း စတာတွေဖြစ်စေနိုင်ပါတယ်။ ဒီရောဂါကတော့ ဒီနေ့ခေတ်ရဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဖြစ်တာရှားသွားပါပြီ။ အာဟာရလုံလောက်မှုမရှိဘဲ ဆင်းရဲတဲ့ လူနေထိုင်မှုဘဝတွေရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာအဖြစ်များပါတယ်။ Necrotizing Ulcerative gingivitis (NUG) လို့သိကြတဲ့ ပြင်းထန်တဲ့သွားဖုံးရောင်နာဟာ သူ့ရဲ့ဒီနာမည်ပြောင်ကို ရလာခဲ့တဲ့အကြောင်းရင်းလည်းရှိပါတယ်။ ပထမကမ္ဘာစစ်တုန်းက ကတုတ်ကျင်း (trench) ထဲပိတ်မိနေတဲ့ စစ်သားတွေဟာ သူတို့သွားတွေကို သေချာဂရုမစိုက်တာကြောင့် ဒီရောဂါပြန့်ပွားခဲ့ရာက ဒီနာမည်ရလာခဲ့တာပါ။ ဒီရောဂါကတော့ အချင်းချင်းထိတွေ့ကိုင်တွယ်ရာကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါမျိုးမဟုတ်ပါဘူး။ လက္ခဏာများTrench Mouth (ပြင်းထန်သွားဖုံး ပိုးဝင်ရောင်ရမ်းခြင်း) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Trench Mouth ရဲ့ ရောဂါလက္ခဏာတွေထဲမှာ • ပြင်းထန်တဲ့သွားဖုံးနာကျင်မှု • အနည်းငယ်ဖိမိတာတောင်မှ သွားဖုံးကသွေးထွက်ခြင်း • နီရဲနေတဲ့ သို့မဟုတ် ရောင်ရမ်းနေတဲ့ သွားဖုံး • […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း