သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

ကျိုင်းအနာ Canker sore

အဓိပ္ပါယ်ဖွင့်ဆိုချက်Canker sore (ကျိုင်းအနာ)ကဘာလဲ။ Aphthous ulcers လို့ခေါ်တဲ့ canker sores တွေဟာ သေးငယ်ပြီး တိမ်တဲ့အနာတွေဖြစ်ပြီး ခံတွင်းရဲ့ပျော့ပျောင်းတဲ့တစ်သျှူးတွေ (soft tissues)နဲ့ သွားဖုံးအောက်ခြေမှာဖြစ်တတ်ပါတယ်။ ဒီအနာတွေဖြစ်ရင် နာကျင်ပြီး စားသောက်ခြင်းနဲ့စကားပြောခြင်းတွေမှာ အခက်အခဲတွေ့ရတတ်ပါတယ်။ သူတို့ဟာ ထိတွေ့ရုံနဲ့ မကူးစက်နိုင်ဘဲ အနာတစ်ခုတည်းဖြစ်စေ အများကြီးဖြစ်စေ ပေါက်တတ်ပါတယ်။ Canker sore (ကျိုင်းအနာ)က ဘယ်လောက်အဖြစ်များသလဲ လူတိုင်းမှာ canker sores ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာ တွေ့ရတာပိုများပြီး အမျိုးသမီးတွေမှာပိုပြီးအဖြစ်များပါတယ်။ ရှုပ်ထွေးတဲ့canker sores (complex canker sores)တွေဟာ ရှားပါးပေမယ့် ရိုးရိုးကျိုင်းအနာဖြစ်ဖူးသူတွေမှာတော့ ဖြစ်နိုင်ချေပိုများပါတယ်။ လက္ခဏာများCanker sore (ကျိုင်းအနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ Canker sores တွေဟာ လုံးဝန်းတာသို့မဟုတ် ဘဲဥပုံရှိပြီး အလယ်မှာ အဖြူရောင်သို့မဟုတ် အဝါရောင်ဖြစ်နေကာ အနားသတ်တွေကတော့ နီရဲနေတတ်ပါတယ်။ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားပိုးပေါက်များ

အဓိပ္ပါယ်ဖွင့်ဆိုချက်သွားပိုးပေါက်ဆိုတာ ကဘာလဲ။ သွားပိုးပေါက် သို့မဟုတ် သွားပျက်စီးခြင်း ဆိုတာ သွားရဲ့မာကြောတဲ့အပေါ်ယံလွှာ ကြွေလွှာ ပျက်စီးခြင်းကိုဆိုလိုပါတယ်။ သွားပိုးပေါက်ဆိုတာကတော့ သွားထဲမှာ အပေါက်သေးသေးလေးဖြစ်နေတာပါ။ သွားပိုးပေါက် က ဘယ်လောက်အဖြစ်များသလဲ ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသားလူတွေထိ ဒီပြဿနာကို ကြုံနိုင်ပါတယ်။ လက္ခဏာများသွားပိုးပေါက်ရဲ့လက္ခဏာတွေကဘာတွေလဲ သွားပိုးပေါက်တွေရဲ့ လက္ခဏာနဲ့ သင်္ကေတတွေဟာ သူတို့ရဲ့တည်နေရာနဲ့ ဧရိယာပေါ်မူတည်ပြီးအမျိုးမျိုးကွဲပြားပါတယ်။ သွားပိုးပေါက်တွေစဖြစ်လာပြီဆိုရင်လည်း ဘာလက္ခဏာမှပြဦးမှာမဟုတ်သေးပါဘူး။ ပျက်စီးမှုတွေပိုကြီးလာပြီဆိုရင်တော့ အောက်ပါအချက်တွေဖြစ်နိုင်ပါတယ်။ • သွားနာခြင်း • သွားကို အထိမခံနိုင်ခြင်း • အချို ၊ အပူ သို့မဟုတ် အအေး တစ်ခုခု စားတဲ့အချိန်မှာ အနည်းငယ်နာကျင်တာကနေ စူးစူးရှရှနာကျင်တာမျိုးထိဖြစ်နိုင်ခြင်း • သွားမှာမြင်နိုင်တဲ့အပေါက်တွေရှိနေခြင်း • အညိုရောင်၊အမဲရောင် သို့မဟုတ် အဖြူရောင်အစွန်းများ သွားပေါ်တွင်ကျန်ရှိနေခြင်း • ကိုက်လိုက်တာနဲ့ နာကျင်မှုကိုခံစားရခြင်း အထက်မှာဖော်ပြထားတဲ့အချက်တွေမဟုတ်ဘဲ အခြားလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့သင့်မှာလက္ခဏာတစ်ခုခုရှိနေတယ်လို့ထင်နေရင် ဆရာဝန် သို့မဟုတ် ဆေးပညာဆိုင်ရာကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင်က သွားပိုးပေါက်တွေဖြစ်နေပြီဆိုတာ သိဦးမှာတော့မဟုတ်ပါဘူး။ ဒါကြောင့် ခံတွင်းက […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားကျန်းမာရေး - နှုတ်ခမ်းကွဲ၊အာခေါင်ကွဲခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်း ကဘာလဲ။ နှုတ်ခမ်းကွဲခြင်းဆိုတာ မွေးကတည်းက အပေါ်နှုတ်ခမ်း ၂ခြမ်းဟာ စေ့မနေဘဲ ကွဲနေတာကိုခေါ်ပါတယ်။ မမွေးဖွားလာခင်ကတည်းက ကွဲနေတာပါ။ အလားတူကိစ္စမျိုး အာခေါင်မှာလည်းဖြစ်တတ်ပါတယ်။ နှုတ်ခမ်းကွဲခြင်းနှင့် အာခေါင်ကွဲခြင်းဟာ တစ်ခုစီလည်းဖြစ်တတ်သလို လူတစ်ယောက်တည်းမှာ ၂မျိုးလုံးဖြစ်နေတာမျိုးလည်းရှိတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးဟာ အစောပိုင်းသန္ဓေသားဖွံ့ဖြိုးစဉ်ကာလမှာတည်းက ဖြစ်တာပါ။ ခုလို အင်္ဂါမစုံမှုဟာ မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်တတ်သလို ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်နဲ့ပတ်ဝန်းကျင်ဆိုင်ရာထိတွေ့မှုတွေ ထိခိုက်မှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လက္ခဏာများနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်း ရဲ့လက္ခဏာတွေကဘာတွေလဲ အများအားဖြင့်တော့ နှုတ်ခမ်းကွဲ အာခေါင်ကွဲတာတွေဟာ မွေးမွေးချင်းကိုသိနိုင်ပါတယ်။ အောက်ဖော်ပြပါ ပုံစံတွေအတိုင်း ဖြစ်ပေါ်နိုင်ပါတယ်။ • နှုတ်ခမ်းနဲ့အာခေါင်မှာဖြစ်နေတဲ့ကွဲကြောင်းဟာ မျက်နှာတစ်ခြမ်းတည်းမှာရော နှစ်ခြမ်းလုံးမှာပါ ဖြစ်နိုင်ပါတယ်။ • နှုတ်ခမ်းအကွဲကတော့ နှုတ်ခမ်းမှာVပုံသဏ္ဍာန်ကွဲကြောင်းအသေးလေးဖြစ်နိုင်သလို နှုတ်ခမ်းကနေ အပေါ်သွားဖုံးနဲ့ နှာခေါင်းအောက်ထိလည်းရှည်လျားနိုင်ပါတယ်။ • အာခေါင်ကွဲတာကတော့ မျက်နှာအသွင်အပြင်ကို မထိခိုက်နိုင်ပါဘူး အချို့ဖြစ်ရပ်အနည်းစုမှာ ကွဲကြောင်းဟာ အာခေါင်ပျော့ရဲ့ကြွက်သားတွေမှာပဲပေါ်တတ်ပါတယ်။ (submucous cleft palate)။ အာခေါင်ပျော့ဆိုတာကတော့ ပါးစပ်အနောက်နားမှာရှိတာပါ။ ဒီလိုကွဲတဲ့ပုံစံကတော့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ပါးစပ်နာ

အဓိပ္ပါယ်ဖွင့်ဆိုချက် ပါးစပ်နာ (Cold sore) ဆိုတာဘာလဲ။ Cold sore (ပါးစပ်နာ) ဆိုတာက ပါးစပ်မှာအနာဖြစ်ခြင်း ဖြစ်ပါတယ်။ သူ့ကို fever blister အပူဖု လို့ လည်း ခေါ်ကြပါတယ်။ ဒီရောဂါက ရေယုန်ဗိုင်းရပ်စ် အမျိုးအစား ၁ ကူးစက်မှုကြောင့်ဖြစ်ပွားခြင်းဖြစ်ပါတယ်။ သင့်မှာဒီ ဗိုင်းရပ်စ်မျိုးရှိနေပြီဆိုရင် သူကသင်နဲ့အကြာကြီးနေတော့မှာပါ။ ပါးစပ်နာ တွေက ထိတွေ့ဆက်ဆံခြင်းကနေ ကူးစက်နိုင်တဲ့ရောဂါပါ။ ရောဂါလက္ခဏာတွေကို ချက်ချင်းမပြဘဲ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ရက်အနည်းငယ်ကြာမှပြတတ်ပါတယ်။ ရောဂါကုသပျောက်ကင်းသွားပြီးရင်တောင်မှ သင့်ဘဝတစ်လျှောက်လုံးမှာ ခဏခဏပြန်ပေါ်လာနိုင်ပါတယ်။ လက္ခဏာများပါးစပ်နာ (Cold sore) ရဲ့လက္ခဏာတွေကဘာတွေလဲ ပါးစပ်နာ တွေဟာများသောအားဖြင့် အဆင့်လိုက် ကြီးထွားလာတာပါ။ • နှုတ်ခမ်းတစ်ဝိုက်မှာ ယားယံခြင်းသို့မဟုတ် တဆစ်ဆစ်ဖြစ်နေခြင်းကိုခံစားနေရပါလိမ့်မယ်။ • ရက်အနည်းငယ်ကြာတဲ့အခါမှာ သေးငယ်မာကြောပြီး နာကျင်စေတဲ့ဖုလေးတွေထွက်ပေါ်လာပါလိမ့်မယ်။ များသောအားဖြင့်ဒါက ပါးစပ်တစ်ဝိုက်မှာသာဖြစ်တတ်ပြီး တစ်ခါတလေမှာတော့ နှာခေါင်းနဲ့ပါးတွေမှာပါဖြစ်တတ်ပါတယ်။ အချို့တွေက စုပေါက်နေပြီးအရည်ကြည်တွေဖြစ်နေတတ်ပါတယ်။ • အဖုလေးတွေဟာ ရက်အနည်းငယ်အကြာ သို့မဟုတ် […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားကျန်းမာရေး - သွားကြွေလွှာ ပျက်စီးခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်သွားကြွေလွှာ ပျက်စီးခြင်း (dental erosion) ကဘာလဲ။ Erosion (တိုက်စားခြင်း)ဆိုတာ အက်ဆစ်ကြောင့် သွားကြွေလွှာတွေပျက်စီးခြင်းကိုခေါ်ပါတယ်။ ကြွေလွှာဆိုတာ မာကြောပြီး သွားကို ကာကွယ်ပေးနေတဲ့အလွှာပါ။ ဒီအလွှာက သူ့အောက်မှာရှိတဲ့ ထိခိုက်မခံတဲ့ သွားအလွှာ(dentine)ကိုကာကွယ်ပေးပါတယ်။ ဒီကြွေလွှာပျက်စီးသွားပြီဆိုရင် အောက်အလွှာဖြစ်တဲ့ dentine ကိုထိခိုက်စေမှာဖြစ်ပြီး နာကျင်မှုနဲ့ အထိခိုက်မခံနိုင်မှု စတာတွေကိုဖြစ်စေနိုင်ပါတယ်။ လက္ခဏာများသွားကြွေလွှာ ပျက်စီးခြင်း (dental erosion) ရဲ့လက္ခဏာတွေကဘာတွေလဲ သွားကြွေလွှာ ပျက်စီးခြင်း ရဲ့ လက္ခဏာတစ်ရပ်ကတော့ ချောမွတ်တောက်ပြောင်တဲ့ သွားရဲ့အလွှာဆုံးရှုံးသွားတာပါပဲ။ သွားကြွေလွှာ ပျက်စီးခြင်း ဟာ သွားအမြစ်တွေကိုလည်း အပူတွေ အအေးတွေနဲ့ထိတွေ့မခံနိုင်အောင် ပြုလုပ်ပါသေးတယ်။ နောက်ဘက်အံသွားတွေမှာ သွားကြွေလွှာ ပျက်စီးခြင်း ဖြစ်တဲ့အခါ သွားရဲ့ကိုက်ဝါးတဲ့မျက်နှာပြင်တွေပျက်စီးစေပါတယ်။ ပတ်ဝန်းကျင်က သွားမျက်နှာပြင်တွေဟာ တိုက်စားမှုကြောင့် ပျော်ဝင်သွားတဲ့အခါမှာ သွားဖာခြင်း က ပိုပြီးသင့်တော်လာပါတယ်။ ကြွေလွှာပျက်စီးသွားတဲ့အခါမှာ သွားပိုးပေါက်တွေပိုပြီးဖြစ်လာနိုင်သလို သွားပျက်စီးနိုင်ချေလည်း ပိုများလာပတယ်။ သွားပျက်စီးမှုတွေဟာ မာကြောတဲ့ကြွေလွှာထဲဝင်လာပြီးတဲ့အခါမှာတော့ သွားရဲ့အဓိကကိုယ်ထည်ထဲကို […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းခြောက်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်Dry Mouth (ခံတွင်းခြောက်ခြင်း) ကဘာလဲ။ Xerostomia လို့ခေါ်တဲ့ခံတွင်းခြောက်ခြင်းဟာ တံတွေးအထွက်နည်းခြင်းကြောင့်ဖြစ်ရတာပါ။ ဒါဟာရောဂါတစ်ခုတော့မဟုတ်ပေမယ့် ကျန်းမာရေးအခြေအနေတစ်ခုခုရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်သလို antihistamines၊ နှာပိတ်သက်သာဆေး၊ အကိုက်အခဲပျောက်ဆေး၊ဆီးဆေး နဲ့အခြားသောဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်နိုင်ပါတယ်။ တံတွေးဟာ သွားတွေမပျက်စီးအောင်နဲ့ ပါးစပ်ထဲမှာရှိတဲ့ နူးညံ့တဲ့တစ်သျှူးတွေ၊ မာကျောတဲ့တစ်သျှူးတွေ စတာတွေကို ကျန်းမာနေစေဖို့ ထိန်းညှိပေးတဲ့ ခံတွင်းရဲ့အခြေခံတိုက်စစ်လည်းဖြစ်ပါတယ်။ တံတွေးဟာ အစာတွေနဲ့ အခြားသောအပိုင်းအစတွေကိုဖယ်ရှားရှင်းလင်းပေးပြီး ပါးစပ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကထုတ်လွှတ်လိုက်တဲ့ အက်ဆစ်တွေကို ဓါတ်ပြယ်စေပါတယ်။ ဒါတင်မကပါဘူး ရောဂါတွေကိုတိုက်ဖျက်နိုင်တဲ့အရာတွေကိုလည်း ပါးစပ်ထဲမှာထုတ်ပေးတဲ့အပြင် ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေဝင်ရောက်လာမှုနဲ့ကြီးထွားလာမှုတို့ကို ရှေ့တန်းက ကာကွယ်ပေးနေတာပါ။ ခံတွင်းခြောက်တာနဲ့ဆက်စပ်နေတဲ့ အဖြစ်များတဲ့ပြဿနာတွေကတော့ လည်ချောင်းကြာရှည်နာခြင်း၊ ပူလောင်နေသလိုခံစားရခြင်း၊ စကားပြောရ ဒုက္ခရောက်ခြင်း၊ မြိုချရခက်ခြင်း၊ အသံဝင်ခြင်း၊သို့မဟုတ် နှာခေါင်းလမ်းကြောင်းခြောက်သွေ့ခြင်း စတာတွေပါဝင်ပါတယ်။ အချို့အခြေအနေတွေမှာ ခံတွင်းခြောက်ခြင်းဟာ Sjőgren’s syndrome (ရှိုးဂရင်း ရောဂါ) ရဲ့လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါသေးတယ်။ Sjőgren’s syndrome ဆိုတာဟာ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားနှုတ်ပြီးနောက်ကျန်ခဲ့သော သွားဖုံးပေါက်နှင့် သွားဖုံးရိုး ရောင်ရမ်းနာကျင်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်သွားနှုတ်ပြီးနောက် ကျန်ခဲ့သော သွားဖုံးပေါက် နှင့် သွားဖုံးရိုး ရောင်ရမ်းနာကျင်ခြင်း (Dry Socket ) ဆိုတာဘာလဲ။ Dry socket ဆိုတာ သွားနှုတ်ပြီးတဲ့အချိန်တစ်ခါတစ်ရံမှာဖြစ်လေ့ရှိတဲ့ နာကျင်စေတဲ့ အခြေအနေတစ်ခုပါ။ သွားနှုတ်ပြီးကျန်ထားတဲ့သွားဖုံးပေါက်ထဲမှာရှိတဲ့ သွေးခဲလေးကပျောက်သွားပြီး အရိုးနဲ့ နာ့ဗ်ကြောတွေကိုထိခိုက်စေတဲ့အခါမှာဖြစ်လေ့ရှိပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် သွားဆရာဝန်ကို အသိပေးပါ။ Dry socket ဟာ သွားနှုတ်ပြီးတဲ့နောက်ဖြစ်တတ်တဲ့ပြဿနာတွေထဲမှာ အဖြစ်အများဆုံးပါပဲ။ ဥပမာ နေရာမမှန်တဲ့အံဆုံးတွေကိုဖယ်ရှားလိုက်တဲ့အခါမျိုးပေါ့။ သင်ဟာ dry socket ဖြစ်တော့မယ်ဆိုရင် သွားနှုတ်ပြီး ၃ရက်ကနေ ၄ရက်အတွင်းမှာ နာကျင်မှုကိုခံစားရမှာပါ။ လက္ခဏာများDry Sockeet ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ သွားနှုတ်ထားတဲ့နေရာကိုကြည့်လိုက်မယ်ဆိုရင် ခြောက်သွေ့နေပုံပေါ်တဲ့ သွားဖုံးအပေါက်ကို သင်မြင်တွေ့ရနိုင်ပါတယ်။ သွေးခဲအမဲရှိရမဲ့အစား အဖြူရောင်အရိုးပဲရှိနေတာမျိုး ဖြစ်တတ်ပါတယ်။ သွားနှုတ်ပြီး ၂ရက်လောက်မှာ စပြီးနာကျင်လာပါလိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ ပိုပြီးပြင်းထန်လာပြီး နာကျင်မှုဟာ နားကိုပါရိုက်ခတ်နာကျင်စေပါလိမ့်မယ်။ • Dry socket […]


အခြားခံတွင်းရောဂါ ပြဿနာများ

ဖလိုရွိုက်ဓါတ်များခြင်းကြောင့်သွားကြွေလွှာ စွန်းထင်းပျက်စီးခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်Fluorosis (ဖလိုရွိုက်ဓါတ်များခြင်းကြောင့် သွားကြွေလွှာ စွန်းထင်းပျက်စီးခြင်း ) ဆိုတာဘာလဲ။ Enamel fluorosis (ဖလိုရွိုက်ဓါတ်များခြင်းကြောင့် သွားကြွေလွှာ စွန်းထင်းပျက်စီးခြင်း ) ဆိုတာ ရောဂါတစ်ခုမဟုတ်ပေမယ့် သွားတွေရဲ့အသွင်အပြင်ကို သက်ရောက်စေနိုင်တဲ့အရာတစ်ခုပါ။ အတော်ကြီးတဲ့ အခြေအနေတွေမှာတောင် ဒီပြဿနာဟာ သတိမထားမိနိုင်တဲ့ အဖြူရောင်လိုင်းတွေ သွားကြွေလွှာပေါ်မှာ ပေါ်တတ်ပြီး သွားရဲ့ကျန်းမာရေးနဲ့ လုပ်ဆောင်မှုတွေကို အန္တရာယ်ဖြစ်စေမှာမဟုတ်ပါဘူး။ တကယ်တမ်း ကိစ္စအတော်များများမှာ ဒီဖြစ်ရပ်ဟာ သိသာထင်ရှားလှတာမဟုတ်တာကြောင့် များသောအားဖြင့် သွားဘက်ဆိုင်ရာကျွမ်းကျင်သူကသာ စမ်းသပ်မှုတွေလုပ်တဲ့အခါ သတိထားမိနိုင်တာပါ။ Enamel fluorosis ဟာ သွားတွေက သွားဖုံးတွေအောက်မှာပဲရှိနေတဲ့အခြေအနေမျိုးမှာပဲ ဖြစ်လေ့ရှိပါတယ်။ သွားဖုံးတွေကိုဖောက်ထွက်လာပြီဆိုရင်တော့ ဒီပြဿနာဖြစ်နိုင်တော့မှာမဟုတ်ပါဘူး။ လက္ခဏာများFluorosis (ဖလိုရွိုက်ဓါတ်များခြင်းကြောင့် သွားကြွေလွှာ စွန်းထင်းပျက်စီးခြင်း ) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Fluorosis ရဲ့ရောဂါလက္ခဏာတွေဟာ သတိမပြုမိနိုင်တဲ့ သေးငယ်တဲ့အဖြူရောင်အစင်းကြောင်းတွေကနေပြီး အညိုရင့်ရောင်အစွန်းအထင်းတွေနဲ့ ရှင်းလင်းရခက်တဲ့ ကြမ်းတမ်းဖုထစ်နေတဲ့ကြွေလွှာတွေအထိ အမျိုးမျိုးရှိပါတယ်။ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ပန်းရောင်နှုတ်ခမ်း ဖြစ်စေမယ့် သဘာဝဆေးနည်း (၈) မျိုး

ပန်းရောင်နှုတ်ခမ်း လေးရဲ့ နူးညံ့ပျော့ပြောင်းမှုဟာ ဆွဲဆောင်မှုအားကောင်းတဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုပါ။ အထူးသဖြင့်မိန်းကလေးတွေနဲ့ အမျိုးသမီးတွေအတွက်ပေါ့။ အမျိုးသမီးအများစုဟာ ခြောက်သွေ့ မှိုင်းညစ်ပြီး အလှပျက်စေတဲ့နှုတ်ခမ်းတွေကိုပိုင်ဆိုင်ထားကြဆဲပါ။ ဒီလိုနှုတ်ခမ်းတွေက ကြည့်ရတာရော ခံစားရတာပါ မကောင်းလှပါဘူး။ ဒါပေမယ့် နှုတ်ခမ်းသားလေးတွေအရောင်ပြန်စိုလာဖို့နဲ့ ပြန်ပြီးတောက်ပလာဖို့ နည်းလမ်းအမျိုးမျိုးကို သုံးနိုင်ပါတယ်။ သင့်နှုတ်ခမ်းလေးတွေ နူးညံ့ပြီး ပန်းရောင်သန်းလာစေဖို့ လွယ်ကူတဲ့နည်းလမ်း၈မျိုးကိုဖော်ပြပေးထားပါတယ်။ ၁။ ပျားရည်-သံပုရာ ကုသမှု ပျားရည်နဲ့သံပုရာအရောဟာ နှုတ်ခမ်းအတွက် ဗီတာမင်ပြန်ဖြည့်ပေးတဲ့ကုသမှုတွေထဲကအကောင်းဆုံးတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ ဒါက နှုတ်ခမ်းကိုသန့်စင်ပေးနိုင်တဲ့အပြင် နက်ရှိုင်းစွာရေဓါတ်ဖြည့်ပေးနိုင်ပြီး နှုတ်ခမ်းကို နူးညံ့သန့်စင်ပြီးပန်းရောင်ဖြစ်အောင်လုပ်ပေးနိုင်ပါတယ်။ ပျားရည်-သံပုရာအရောကိုရဖို့ ခွက်တစ်လုံးထဲကို ၂မျိုးလုံးဆတူထည့်ပြီး မွှေပါ။ ရလာတဲ့အရောကို နှုတ်ခမ်းပေါ်လိမ်းပြီး ၁နာရီခန့်ထားပါ။ ပြီးရင်တော့ နှုတ်ခမ်းကို ရေနဲ့ဆေးကြောပါ။ ရလဒ်အနေနဲ့ နှုတ်ခမ်းက ပိုပြီးချောမွေ့ပြီး ပန်းရောင်သန်းလာမှာပါ။ ဒီကုသမှုက နှုတ်ခမ်းနေလောင်ထားတာကိုပါ ပျောက်ကွယ်သွားစေနိုင်ပါတယ်။ ပန်းရောင်နှုတ်ခမ်း လေးအဖြစ် အမြန်ဆုံးသိသာလာစေဖို့ တစ်ရက်ကို အကြိမ်ပေါင်းများစွာပြုလုပ်နိုင်ပါတယ်။ ၂။ Glycerin (ဂလစ်စရင်း အလှဆီ) ခြောက်သွေ့ခြင်းဟာ နှုတ်ခမ်းတွေမဲနေတယ်လို့မြင်ရစေတာကြောင့် […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားများအား အရောင်စွန်းထင်းစေနိုင်သည့် အစားအစာ ၈ မျိုး

ကျွန်တော်တို့ နေ့စဉ် စားသောက်နေတဲ့ အစားအစာများဟာ ကျွန်တော်တို့သွားတွေကို အရောင်စွန်းထင်းစေနိုင်တယ်ဆိုတာ သင်သတိထားမိပါသလား။ တကယ်တော့ ကျွန်တော်တို့ဟာ သွားတွေကို အထောက်အကူပြုပစ္စည်းများ အသုံးပြုခြင်း၊ ဒါမှမဟုတ် သွားကျန်းမာရေးနဲ့ ပတ်သက်တဲ့ အလေ့အကျင့်ကောင်းများ မွေးမြူခြင်းဖြင့် ဂရုစိုက်နိုင်ပါတယ်။ ပြီးပြည့်စုံတဲ့ အပြုံးတစ်ခုကို ပိုင်ဆိုင်ဖို့ဆိုရင်တော့ ကျွန်တော်တို့ သွားတွေဟာ ဖြူဖွေးသန့်စင်ပြီး ကျန်းမာဖို့ လိုအပ်ပါတယ်။ ယခုအကြောင်းအရာမှာ ကျွန်တော်တို့သွားတွေကို အရောင်စွန်းထင်းစေနိုင်တဲ့ အစားအသောက် ၈မျိုးကို ဖော်ပြသွားမှာပါ။ လှပတဲ့အပြုံးတစ်ခုကို ပိုင်ဆိုင်ချင်ရင်တော့ အောက်မှာရေးသားထားတဲ့စာတွေကို ဖတ်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။   ဘယ်ရီ ဘယ်ရီသီးတွေဟာ အရည်ရွှမ်းပြီး အဟာရရှိပေမယ့် သူ့မှာပါဝင်တဲ့ ရောင်ခြယ်ပစ္စည်းတွေကတော့ သင့်သွားတွေရဲ့ ကြွေလွှာပေါ်မှာ ကပ်ကျန်ခဲ့ပြီး သင့်သွားပေါ်မှာ ပါးလွှာတဲ့ အလွှာပါးလေးတစ်ခုလို ဖြစ်ပေါ်လာစေပါတယ်။ သင်ဟာ ဘယ်ရီသီးဖျော်ရည်သောက်သုံးမယ်ဆိုရင် ပိုက်ကို အသုံးပြုသင့်ပါတယ်။ ပိုက်တွေက ဖျော်ရည်နဲ့ သင့်သွားတွေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း