သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

သွားဖုံးရောင်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်Gingivitis ဆိုတာဘာလဲ။ Gingivitis ဆိုတာ အဖြစ်များတဲ့ သွားဖုံးရောဂါအပျော့စားတစ်မျိုးပါ။ (periodontal disease) ။ ဒါက သွားဖုံးတွေ နာကျင်ရောင်ယမ်းပြီး နီရဲနေခြင်းတွေဖြစ်စေတတ်ပါတယ်။ gingivitis ဟာ အပျော့စားရောဂါဖြစ်တာကြောင့် သင့်မှာဖြစ်နေရင်တောင် သတိထားမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီရောဂါကို အလေးအနက်ထားပြီးလျင်မြန်စွာကုသဖို့အရေးကြီးပါတယ်။ ဒီအခြေအနေကနေပြီး ပိုပြီးပြင်းထန်တဲ့ သွားဖုံးရောဂါတွေ(periodontitis)ဖြစ်ပွားစေနိုင်သလို နောက်ပိုင်းမှာ သွားတွေပါကျွတ်ထွက်သွားနိုင်ပါတယ်။ Gingivitis ဖြစ်ရတဲ့ အဖြစ်များဆုံးအကြောင်းရင်းကတော့ ခံတွင်းသန့်ရှင်းမှုအားနည်းခြင်းပါ။ ခံတွင်းကျန်းမာရေးအတွက် ကောင်းစေတဲ့အလေ့အထမျိုး ဥပမာ တစ်ရက်သွား၂ကြိမ်တိုက်ခြင်း၊ နေ့စဉ်သွားကြားထိုးခြင်း(ကြိုးကိုသုံးပြီး) နဲ့ ပုံမှန်သွားကျန်းမာရေးစစ်ဆေးခြင်းတွေက ဒီရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လက္ခဏာများGingivitis ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ကျန်းမာတဲ့သွားဖုံးတွေဟာ ပန်းရောင်ဖျော့လေးဖြစ်တတ်ပြီး တင်းရင်းနေတတ်ပါတယ်။ တကယ်လို့သွားဖုံးက ရောင်နေမယ်၊ အနီရင့်ရောင်ဘက်ကဲနေမယ်၊ အလွယ်တကူသွေးထွက်နိုင်မယ်ဆိုရင် သင့်မှာGingivitis ရှိနေနိုင်ပါတယ်။ ဒီရောဂါဟာ သင့်ကိုဘယ်တော့မှ နာကျင်စေမှာမဟုတ်တာကြောင့် သင်မသိလိုက်ဘဲ gingivitis ဖြစ်နေနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ • […]


အခြားခံတွင်းရောဂါ ပြဿနာများ

မေးရိုးနာကျင်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်Jaw Pain (မေးရိုးနာကျင်ခြင်း) ဆိုတာဘာလဲ။ အရွယ်ရောက်ပြီးသားလူအတော်များများဟာ မျက်နှာနဲ့ မေးရိုးတွေ ကာလရှည်ကြာနာကျင်မှုကိုရင်ဆိုင်နေရပါတယ်။ အဖြစ်များတဲ့ ရောဂါလက္ခဏာအချို့မှာတော့ နားတစ်ဝိုက်သို့မဟုတ် နားတွင်းနာကျင်ခြင်း၊ မေးရိုးတင်းနေခြင်း၊ အစာကိုက်စားတဲ့အခါ နာကျင်ခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်း စတာတွေပါဝင်ပါတယ်။ မျက်နှာပိုင်းဆိုင်ရာနာကျင်မှုတွေဖြစ်စေတဲ့အကြောင်းတွေအများကြီးရှိတာကြောင့် ရောဂါအမည်တပ်ဖို့နဲ့ ကုသဖို့ ခက်ခဲတတ်ပါတယ်။ သွားဆရာဝန်ကတော့ ဓါတ်မှန်ရိုက်ခြင်းအပါအဝင် အခြားသောစမ်းသပ်ချက်တွေသုံးပြီး ဘာကနာကျင်မှုကိုဖြစ်စေတာလဲဆိုတဲ့ အကြောင်းရင်းကိုရှာဖွေပါလိမ့်မယ်။ လက္ခဏာများမေးရိုးနာကျင်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ မေးရိုးနာကျင်ခြင်း ရဲ့ ရောဂါလက္ခဏာတွေကတော့ • မေးရိုးနာကျင်ခြင်းသို့မဟုတ် တင်းကြပ်နေခြင်း • နားတွင်းနဲ့ နားတစ်ဝိုက်မှာ နာကျင်ကိုက်ခဲခြင်း • ဝါးရခက်ခဲခြင်း သို့မဟုတ် ဝါးနေစဉ် သက်တောင့်သက်သာမရှိခြင်း • မျက်နှာပိုင်းဆိုင်ရာ နာကျင်ခြင်း • မေးရိုးဆစ် ခိုင်သွားခြင်း၊ ပါးစပ်ဖွင့်ခြင်း ပိတ်ခြင်းကိုခက်ခဲစေခြင်း စတာတွေပါဝင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ သွားဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ ကာလရှည်ကြာ မေးရိုးမှာနာကျင်မှုနဲ့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားကျန်းမာရေး - အာခံတွင်း အဖြူကွက်

အဓိပ္ပါယ်ဖွင့်ဆိုချက်Leukoplakia (အာခံတွင်း အဖြူကွက်) ဆိုတာဘာလဲ။ Leukoplakia ဆိုတာ ပါးစောင်၊ သွားဖုံးနဲ့ လျှာတွေမှာ ထူပြီးအဖြူရောင်ရှိတဲ့အကွက်တွေဖြစ်နေတာပါ။ ဒီအကွက်တွေဟာ ဆဲလ်ကြီးထွားမှုက လိုအပ်သည်ထက်ပိုနေတာကြောင့်ဖြစ်ရတာဖြစ်ပြီး ဆေးရွက်ကြီးအသုံးပြုသူတွေမှာ အဖြစ်များပါတယ်။ သူတို့ဟာ သွားတု၊အံကပ်တပ်ထားတာအံမဝင်တာတွေ သို့မဟုတ် ပါးစောင်ထဲထည့်ပြီးဝါးနေတတ်တဲ့အလေ့အထတွေ ကြောင့်လည်းဖြစ်တတ်ပါသေးတယ်။ တစ်ခါတလေမှာ leukoplakia က ခံတွင်းကင်ဆာနဲ့လည်းဆက်စပ်နေတတ်ပါသေးတယ်။ အဖြူကွက်တွေက အတော်ကိုဆိုးရွားနေတဲ့ပုံပေါ်ရင်တော့ သွားဆရာဝန်က အသားစကို ဓါတ်ခွဲစမ်းသပ်စစ်ဆေးခိုင်းပါလိမ့်မယ်။ သွားဆရာဝန်က အနာနဲ့ ရလာတဲ့အသားစ စစ်ချက်ကို စစ်ဆေးပြီးတဲ့အခါမှာ ရောဂါကိုဘယ်လိုထိန်းချုပ်ရမလဲ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ကုသမှုတွေဟာ အနာဖြစ်စေတဲ့အချက်အလက်တွေကို ဖယ်ရှားခြင်းနဲ့ စတင်ရမှာပါ။ ဥပမာ-ဆေးရွက်ကြီးဖြတ်ခိုင်းခြင်းနဲ့ တပ်ထားတာအဆင်မပြေတဲ့ သွားတုတွေ အံကပ်တွေကိုပြန်လည်ပြင်ဆင်ပေးခြင်း စတဲ့အချက်တွေနဲ့ အစပြုပါလိမ့်မယ်။ လက္ခဏာများLeukoplakia (အာခံတွင်း အဖြူကွက်) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Leukoplakia ဟာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဖြစ်ပေါ်နိုင်ပါတယ်။ အပြောင်းအလဲတွေက များသောအားဖြင့် သွားဖုံး၊ ပါးစောင်၊ […]


အခြားခံတွင်းရောဂါ ပြဿနာများ

မက် အင်ဖက်တမင်း/ယာဘ စိတ်ကြွဆေးကြောင့်ဖြစ်သော ခံတွင်းပြဿနာများ

အဓိပ္ပါယ်ဖွင့်ဆိုချက်Meth Mouth (မက်အင်ဖက်တမင်း ယာဘ စိတ်ကြွဆေးကြောင့် ဖြစ်သော ခံတွင်း ပြဿနာ) ဆိုတာဘာလဲ။ Meth Mouth ဆိုတာ တရားဝင်မဟုတ်ဘဲ ပြင်းထန်စွာစွဲလမ်းစေတတ်တဲ့ ဆေးတစ်မျိုးဖြစ်တဲ့ methamphetamine (မက်အင်ဖက်တမင်း ယာဘဆေး) ကြောင့်ဖြစ်တဲ့ သွားနဲ့ခံတွင်း ကျန်းမာရေးပျက်စီးခြင်းလို့သတ်မှတ်လို့ရပြီး ဒါက ဆေးသုံးစွဲသူတွေကို ပေးနိုင်တဲ့ ဆိုးရွားတဲ့ဆိုးကျိုးသက်ရောက်မှုတွေထဲက တစ်ခုပါပဲ။ Methamphetamine ဆိုတာ ဗဟိုအာရုံကြောစနစ်ကို ပိုပြီးတက်ကြွအောင်လှုံ့ဆော်ပေးနိုင်တဲ့စွမ်းအင်ပြည့် စိတ်ကြွဆေးတစ်မျိုးဖြစ်ပြီး အသက်ရှူမဝခြင်း၊ ကိုယ်အပူချိန်မြင့်မားခြင်း၊ အော်ကလီဆန်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ နှလုံးခုန်နှုန်းပုံမှန်မဟုတ်ခြင်း၊ သွေးဖိအားမြင့်မားခြင်း၊ ရာသက်ပန်ဦးနှောက်ပျက်စီးခြင်း နဲ့ သွားပျက်စီးနိုင်ခြင်း စတာတွေဖြစ်စေတတ်ပါတယ်။ လက္ခဏာများMeth Mouth ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Methamphetamine (မက်အင်ဖက်တမင်း ယာဘ စိတ်ကြွဆေး) သုံးစွဲခြင်းဟာ ခံတွင်းကိုဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ မှတ်တမ်းတွေမှာတော့ ငယ်စဉ်ကလေးဘဝတုန်းက သွားပိုးစားတဲ့ပုံစံမျိုး ခုချိန်မှာလည်းသွားပိုးစားခြင်းကပြန့်နှံ့နေရင် […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းအနာများ

အဓိပ္ပါယ်ဖွင့်ဆိုချက်။Mouth Sores (ခံတွင်းအနာ) ဆိုတာ ဘာလဲ။ • ခံတွင်းကျန်းမာရေးဆိုတာ သွားတွေအတွက်ပဲရည်ရွယ်တာမဟုတ်ပါဘူး။ ပါးစပ်တစ်ဝိုက် သို့မဟုတ် အတွင်းထဲမှာလည်း အနာတွေဖြစ်ပေါ်တတ်ပါတယ်။ ကံကောင်းတာကတော့ သူတို့ဟာ ရက်သတ္တ တစ်ပတ် သို့မဟုတ် ၂ပတ်အတွင်းမှာ အလိုလိုပျောက်ကင်းသွားနိုင်တာပါပဲ။ ခံတွင်းနာကျင်မှုတွေဟာ အမျိုးမျိုးကွဲပြားနိုင်ပြီး အကြောင်းရင်းတွေကလည်း အမျိုးမျိုးရှိနိုင်ပါတယ်။ • ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုတွေမှ ကူးစက်ခြင်း • လျော့ရိလျော့ရဲဖြစ်နေသော သွားညှိ နန်းကြိုးတွေကြောင့် နာကျင်ခြင်း၊ သွားတု သို့မဟုတ် အံကပ်က အံဝင်ခွင်ကျမဖြစ်ခြင်း သို့မဟုတ် သွားအကျိုးသို့မဟုတ် ဖာထားတဲ့သွားရဲ့ ထက်ရှတဲ့အစွန်းတွေကြောင့် နာကျင်ခြင်း • ရောဂါတစ်ခုခုရဲ့ လက္ခဏာ စတဲ့အကြောင်းရင်းတွေပါဝင်ပါတယ်။     လက္ခဏာများခံတွင်းအနာများ ၏ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အောက်ပါအချက်တွေ သင့်မှာဖြစ်နေပြီဆိုရင် ခံတွင်းထဲမှာအနာရှိနေပါပြီ။ • နာကျင်နေတဲ့ အနာ သို့မဟုတ် ပါးစပ်ထဲမှာ၊ လျှာပေါ်မှာ၊ အာခေါင်ပျော့မှာ ၊ဒါမှမဟုတ် ပါးအတွင်းဘက်မှာ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းကင်ဆာ

အဓိပ္ပါယ်ဖွင့်ဆိုချက်ခံတွင်းကင်ဆာဆိုတာဘာလဲ။ ခံတွင်းကင်ဆာဆိုတာ လျှာ၊ ပါးစပ်၊ နှုတ်ခမ်း သို့မဟုတ် သွားဖုံးမျက်နှာပြင်တွေကနေ အကြိတ်တွေထွက်လာခြင်းကိုခေါ်ပါတယ်။ ဒီအကြိတ်တွေဟာ တံတွေးဂလင်းတွေ၊ tonsils တွေနဲ့ pharynx (ပါးစပ်ကနေ လေပြွန်ထိရှိတဲ့ လည်ချောင်းအစိတ်အပိုင်း)တွေကနေလည်း ထွက်ပေါ်လာတတ်ပေမယ့် ဒါတွေက အဖြစ်နည်းပါတယ်။ လက္ခဏာများခံတွင်းကင်ဆာရဲ့ သင်္ကေတနဲ့ လက္ခဏာတွေကဘာတွေလဲ။ ခံတွင်းကင်ဆာရဲ့ ရောဂါလက္ခဏာတွေကတော့ • လည်ချောင်းနာ မပျောက်တာ • နှုတ်ခမ်းအနားသတ်မှာရှိတဲ့အသားတွေထူလာခြင်း၊ ဖောင်းလာခြင်း • ပါးစပ်တွင်းမှာ အဖြူရောင် သို့မဟုတ်အနီရောင်အကွက်တွေဖြစ်နေခြင်း • သွားကျွတ်ခြင်း • သွားတု၊ အံကပ်များ လျော့ရဲလာခြင်း • လျှာနာခြင်း • မေးရိုးနာကျင်ခြင်း သို့မဟုတ် တင်းကြပ်နေခြင်း • ဝါးရာမှာခက်ခဲခြင်း သို့မဟုတ် နာကျင်ခြင်း • မြိုချရာမှာ ခက်ခဲခြင်း သို့မဟုတ် နာကျင်ခြင်း • လည်ချောင်းနာခြင်း • လည်ချောင်းထဲ တစ်ခုခုတစ်နေသလို ခံစားရခြင်း တို့ပါဝင်ပါတယ်။ အထက်ဖော်ပြပါအချက်တွေမဟုတ်ဘဲ အခြားလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ လက္ခဏာတစ်ခုခုရှိတယ်ထင်ရင် ဆရာဝန်သို့မဟုတ် ဆေးပညာကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ။ သွားဆရာဝန်ကို ဘယ်အချိန်တွေသွားပြသင့်သလဲ။ သင့်မှာပြနေတဲ့ လက္ခဏာတွေက […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်း မှက္ခရု

အဓိပ္ပါယ်ဖွင့်ဆိုချက်ခံတွင်း မှက္ခရု (oral thrush) ဆိုတာဘာလဲ။ ခံတွင်းမှိုပိုးဝင်ခြင်း(ခံတွင်း မှက္ခရု)ဟာ Candida albicans လို့ခေါ်တဲ့ မှိုတစ်မျိုးက သင့်ရဲ့ပါးစပ်နံရံတွေမှာပေါက်ဖွားကပ်တွယ်နေတဲ့အခြေအနေမျိုးပါ။ Candida ဆိုတာ ကတော့ ပါးစပ်တွင်းမှာရှိတဲ့ ပုံမှန်အင်္ဂါတစ်ခုဖြစ်ပြီး တစ်ခါတလေမှာ ပိုပြီးကြီးထွားလာတတ်ကာ ရောဂါလက္ခဏာတွေဖြစ်စေပါတယ်။ ဒီရောဂါဟာ ခရင်မ်နဲ့တူတဲ့အဖြူရောင် အနာ တွေကို လျှာပေါ်နဲ့ ပါးစောင်တွေမှာအများအားဖြင့်ဖြစ်ပေါ်စေတတ်ပါတယ်။ တစ်ခါတလေမှာ ဒီရောဂါဟာ အာခေါင်၊သွားဖုံး သို့မဟုတ် အာသီး တွေ သို့မဟုတ် လည်ချောင်းအနောက်ဘက်ကိုတောင် ကူးစက်ပြန့်နှံ့နိုင်ပါသေးတယ်။ လူတိုင်းမှာ ခံတွင်း မှက္ခရု ဖြစ်နိုင်သော်လည်း ကလေးငယ်တွေ၊သက်ကြီးပိုင်းတွေနဲ့ ခုခံအားကျဆင်းနေတဲ့သူတွေ သို့မဟုတ် ကျန်းမာရေးမကောင်းသူ သို့မဟုတ် ဆေးသောက်နေရသူတွေမှာ အဖြစ်များပါတယ်။ ခံတွင်း မှက္ခရု ဆိုတာ သင်ကျန်းမာရေးကောင်းနေရင်တော့ မှုလောက်စရာပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် သင်ကကိုယ်ခံအားနည်းနေမယ်ဆိုရင်တော့ ဒီရောဂါရဲ့ လက္ခဏာတွေဟာ ပိုပြီးပြင်းထန်မှာဖြစ်ပြီး ထိန်းချုပ်ရလည်းခက်ခဲပါလိမ့်မယ်။ ရောဂါလက္ခဏာများခံတွင်း မှက္ခရု […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုခံယူပြီးနောက်ပိုင်း ဖြစ်လာနိုင်တဲ့ ပြဿနာများ

သွားနဲ့ခံတွင်းဆိုင်ရာ ကုသမှုတွေခံယူပြီးရင် လူတွေဟာအများအားဖြင့်တော့ သွားဘက်ဆိုင်ရာပြဿနာတွေဖြစ်တတ်ကြပါတယ်။ အဖြစ်အများဆုံးကတော့ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ သွားအိမ်ခြောက်သွေ့ခြင်း၊ အရိုးတွင်း ပိုးဝင်ခြင်း၊ သွေးထွက်ခြင်းနဲ့ မေးရိုးတစ်သျှူးပျက်စီးသေဆုံးခြင်း စတာတွေဖြစ်ပါတယ်။ ကြည့်လိုက်ကြရအောင် ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်း အချို့သော သွားဘက်ဆိုင်ရာကုထုံးတွေလုပ်ပြီးသွားရင် ရောင်ရမ်းခြင်းဖြစ်တတ်ကြပါတယ်။ အထူးသဖြင့် သွားနှုတ်ခြင်းနဲ့ သွားခွဲစိတ်ခြင်း စတာတွေလုပ်ပြီးရင်ပေါ့။ ရောင်ရမ်းခြင်းမဖြစ်အောင် ကာကွယ်နိုင်ဖို့ သို့မဟုတ်လျှော့ချနိုင်ဖို့အတွက် ရောင်ရမ်းနေတဲ့မျက်နှာပြင်ကို ရေခဲကပ်ပေးပါ။ ရေခဲအိတ်ကို မျက်နှာပေါ်မှာ ၂၅မိနစ်ခန့်ထားသင့်ပြီး ၅မိနစ်ခန့်ဖယ်ရှားလိုက်ပါ။ ဒါကိုပဲထပ်ခါ ထပ်ခါပြန်လုပ်ပါ။ ဒီနည်းလမ်းက ပထမ ၁၈နာရီအတွင်းမှာအသုံးပြုလို့ရပါတယ်။ ၃ရက်ကြာပြီးတဲ့နောက်မှာမှ ရောင်ရမ်းခြင်းက မလျော့သွားသေးဘူး သို့မဟုတ် မပျောက်သွားသေးဘူးဆိုရင် ကုသမှုခံယူထားတဲ့နေရာမှာ ပိုးဝင်နေတာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်ဆီသွားပြီး စစ်ဆေးကြည့်သင့်ပါပြီ။ သွားအိမ်ခြောက်သွေ့ခြင်း (dry socket) Dry socket ဆိုတာ သွားနှုတ်လိုက်ပြီးရင်ခံစားရမယ့် နာကျင်တဲ့အခြေအနေမျိုးပါ။ ဒီအခြေအနေက သွားဖယ်ရှားလိုက်ပြီးတဲ့အခါမှာ ကျန်ခဲ့တဲ့အပေါက်အတွင်းက […]


အခြားခံတွင်းရောဂါ ပြဿနာများ

အမွေးထူပြီး မဲနေသော လျှာ

အဓိပ္ပါယ်ဖွင့်ဆိုချက်အမွေးထူပြီး မဲနေသော လျှာဆိုတာ ဘာလဲ။ Black hairy tongue (အမွေးထူပြီး မဲနေသော လျှာ) ဆိုတာ အန္တရာယ်မရှိတဲ့ ခံတွင်းပိုင်းဆိုင်ရာ ယာယီပြဿနာတစ်ခုပါ။ အဲဒီအခြေအနေမှာ သင့်လျှာဟာ မည်းမှောင်တဲ့အမွှေးမျှင်တွေနဲ့ ဖုံးအုပ်ထားသလိုမျိုး ဖြစ်နေပါလိမ့်မယ်။ ဖြစ်ပေါ်စေတဲ့အကြောင်းအရင်းကတော့ သင့်လျှာပေါ်မှာ ရှိတဲ့အဖုလေးတွေအပေါ်မှာ (ရသာခံဖုလေးတွေ အပါအဝင်) အများအပြားပေါ်ထွက်လာတဲ့ ဆဲလ်အသေလေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ ပုံမှန်ထက် အနည်းငယ်ပိုရှည်နေတဲ့ အဖုလေးတွေပေါ်မှာ ဆေးရွက်ကြီး၊ ဘက်တီးရီးယားနဲ့ အမြှုပ်တွေဟာ ပုံမှန်ထက် ကြာမြင့်စွာ တည်ရှိတတ်ပါတယ်။ Black hairy tongue ရဲ့ပုံစံဟာ အန္တရာယ်များသလို ထင်ရပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ များသောအားဖြင့် သင်ဟာ နာကျင်မှုတောင် မခံစားရပါဘူး။ ဒီပြဿနာဟာ အများအားဖြင့် ကုသမှုခံယူစရာ မလိုဘဲ အလိုအလျောက် ပျောက်ကင်းလေ့ရှိပါတယ်။ လက္ခဏာများBlack hairy tongue (အမွေးထူပြီး […]


အခြားခံတွင်းရောဂါ ပြဿနာများ

ပါးစပ် အပူလောင်သလို ခံစားရသော ပြဿနာစု

အဓိပ္ပါယ်ဖွင့်ဆိုချက်Burning Mouth Syndrome ကဘာလဲ။ Burning Mouth Syndrome ဆိုတာ လူနာအများစုက သူတို့ပါးစပ်တွေအပူလောင်နေသလိုခံစားနေရတယ်လို့ဖော်ပြလေ့ရှိပြီး ပါးစပ်တွင်း ပုံမှန်ခံစားမှုမရှိခြင်းလို့ သတ်မှတ်ကြတဲ့ အဖြစ်များတဲ့ အခြေအနေတစ်ခုပါ။ များသောအာဖြင့် ဒီလိုခံစားမှုဟာ ပါးစပ်ရဲ့အရှေ့ပိုင်းမှာဖြစ်လေ့ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ နှုတ်ခမ်းအတွင်းသားမျက်နှာပြင်တွေမှာ၊ အာခေါင်ပေါ်မှာ နဲ့ လျှာထိပ်နဲ့ဘေးတွေမှာ ခံစားရလေ့ရှိပါတယ်။ အချို့လူနာတွေက လျှာမှာပဲဖြစ်တတ်ပေမယ့် ဖော်ပြပါနေရာတွေအားလုံးမှာဖြစ်ကြတာမျိုးလည်း တွေ့ရတတ်ပါတယ်။ အချို့လူနာတွေကတော့ အရသာခံအာရုံဆုံးရှုံးသွားတတ်တာ သို့မဟုတ် အရသာပြောင်းပြီးရနေတာမျိုး (ခါးတာလို သို့မဟုတ် ဆားငန် တာလိုအရသာမျိုး) ဖြစ်တတ်ပါတယ်။ အခြားလူနာတွေကတော့ သူတို့ပါးစပ်ဟာ ခြောက်ကပ်နေတာ ဒါမှမဟုတ် ကပ်စေးစေးဖြစ်နေတယ်လို့ ခံစားရတတ်ပါတယ်။ ဒီလိုမျိုးတွေခံစားနေရပေမယ့်လည်း ပါးစပ်နံရံတွေကတော့ ပုံမှန်အတိုင်းလိုဖြစ်နေမှာပါ။ လက္ခဏာများBurning Mouth Syndrome ရဲ့လက္ခဏာတွေကဘာတွေလဲ ဒီရောဂါအဖြစ်များတဲ့လူတွေကတော့ သွေးဆုံးပြီးအမျိုးသမီးတွေပါ။ သင့်မှာလည်း လျှာ၊အာခေါင်၊နှုတ်ခမ်း၊ သွားဖုံးတွေ သို့မဟုတ် ပါးစောင်တွေမှာ ပူလောင်နေတဲ့ခံစားချက်မျိုးရနေတာလည်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း