သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

သွားပြဿနာများ

အရောင်တွေနဲ့ ခံစားချက်များ

“When in doubt, wear Red” - ဒွိဟတွေနဲ့ ဝေခွဲမရဖြစ်နေရင် အနီရောင်ကို ဝတ်ပါ။ ဒီ စကားကို အားလုံး ကြားဖူးကြလိမ့်မယ် ထင်ပါတယ်။ အနီရောင်ဟာ တက်ကြွခြင်း၊ လတ်ဆတ် နုပျိုခြင်း၊ ရဲရင့်ခြင်း စတာတွေရဲ့ ပြယုဂ်ပါ။ အနီရောင်လိုပဲ တခြားအရောင်တွေကလည်း စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေအပေါ် လွှမ်းမိုးမှုတွေ ရှိပါတယ်။ ဒါကို စိတ်ပညာအရ Color Psychology လို့ ရိုးရှင်းစွာ သုံးနှုန်းထားပါတယ်။ အရောင်တွေက ကလေးဘဝ အမှတ်တရတွေ၊ ခံစားချက်တွေနဲ့ အများကြီး ဆက်နွှယ်နေပါတယ်။ ဥပမာအားဖြင့် သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ အနီရောင် တောက်တောက်ကို အမေက ဆင်ပေးလိုက်တယ်။ သူငယ်ချင်းတွေနဲ့တွေ့လို့ ဝိုင်းရယ်တာ ခံရတဲ့အခါမှာ အနီရောင်ကို မုန်းသွားတာမျိုးပေါ့။ သင့်အကြိုက်ကို လိုက်ပြီး တစ်ခါတလေမှာ […]


သွားပြဿနာများ

သွားပိုးပေါက်တွေ မဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းများ

သွားပိုးပေါက်တွေဟာ ကလေးငယ်တွေမှာရော၊ အရွယ်ရောက်ပြီးသူတွေမှာပါ အဖြစ်များတဲ့ သွားပြဿနာတစ်ခုဖြစ်ပါတယ်။ အချိုစားများခြင်း၊ သွားကို သန့်စင်မှုအားနည်းခြင်း၊ သွားကြားတွင် အစာများ ကြွင်းကျန်နေခြင်း၊ ဗီတာမင် D ချို့တဲ့ခြင်းနဲ့ အခြား ကျန်းမာရေးအခြေအနေတွေကြောင့် အက်ဆစ်ဓာတ်တွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်လာပြီး သွားပိုးပေါက်တွေကို ဖြစ်လာစေပါတယ်။ သွားပိုးပေါက်တွေ ဖြစ်လာတဲ့အခါ အမြင်မလှရုံသာမက နာကျင်ကိုက်ခဲခြင်း၊ အစာစားရခက်ခဲခြင်း၊ သွားဖုံးရောင်လာပြီး ပြည်တည်နာဖြစ်လာခြင်း စတဲ့ ပြဿနာတွေအပြင် အချိန်ကြာတာနဲ့အမျှ ဆွေးမြေ့လာပြီး သွားတွေဆုံးရှုံးသွားတဲ့ထိ ဖြစ်လာနိုင်တာကြောင့် မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့က အရမ်းအရေးကြီးပါတယ်။ ဒါ့အပြင် သွားတွေဟာ ကျွန်ုပ်တို့ နေ့စဉ်အစာစားတဲ့အခါ မဖြစ်မနေအသုံးပြုရတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် သွားပိုးပေါက်ဖြစ်ခြင်းကို ကြိုတင်ကာကွယ်နိုင်ကြဖို့ tips လေးတွေကို ဒီဆောင်းပါးလေးကနေ မျှဝေပေးလိုက်ပါတယ်။ သွားပိုးပေါက်တွေကို ဘယ်လိုကာကွယ်ကြမလဲ။ ၁။ သွားပုံမှန်တိုက်ပါ။ သွားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အနည်းဆုံး တစ်နေ့ကိုနှစ်ကြိမ် ပုံမှန်တိုက်ပေးရပါမယ်။ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားပိုးဝင်ရာမှ ကိုယ်ခန္ဓာအခြားနေရာများသို့ ပျံ့နှံ့ခြင်း

ဒီပြဿနာဟာ သွားကိုက်ရာကနေ စပါတယ်။ နာကျင်ခြင်း၊ တစစ်စစ်ကိုက်ခြင်း စတာတွေ ကြုံရပါမယ်။ ဒီပြဿနာကို သေချာစွာ မကုသဘဲထားရင် ရောဂါပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ ဒီထက်ဆိုးရင် ကိုယ်ခန္ဓာရဲ့တခြားနေရာတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။ လက္ခဏာများ သွားပိုးဝင်ခြင်းရဲ့လက္ခဏာတွေကတော့ - သွား တစစ်စစ် ကိုက်နေခြင်း - မေးရိုး၊ နားနှင့် လည်ပင်းပါ နာကျင်ကိုက်ခဲနေခြင်း (များသောအားဖြင့် ကိုက်တဲ့သွားနဲ့ တဖက်တည်းပါပဲ) - လှဲနေသည့်အချိန်တွင် ပိုကိုက်ခြင်း - ပါးစပ်ကို အထိမခံနိုင်ခြင်း - ပါးရောင်ခြင်း - လည်ပင်း အကျိတ်များရောင်ပြီး နာနေခြင်း - အဖျားတက်ခြင်း - အသက်ရှူလျှင် အနံ့မကောင်းခြင်း - ပါးစပ်အတွင်း အရသာ မကောင်းခြင်း စတာတွေ ဖြစ်ပါတယ်။ တခြားနေရာတွေကို ပျံ့သွားရင် ဘာဖြစ်နိုင်သလဲ ရောဂါပိုးဝင်ပြီး သွားကိုက်နေခြင်းကို ဂရုမစိုက်ဘဲနေရင် တခြားနေရာတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။ ကိုယ်ခန္ဓာရဲ့ တခြားနေရာတွေကိုပါ ကူးစက်သွားရင် တွေ့နိုင်တဲ့လက္ခဏာတွေကတော့ - ခေါင်းကိုက်ခြင်း - မူးဝေခြင်း - အားအင်ကုန်ခမ်းခြင်း - အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း - […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

အစပ်အလွန်အကျွံစားရင် ဖြစ်တတ်တဲ့ Glossitis လျှာရောင်ရမ်းနာ

Glossitis ဆိုတာက ခံတွင်းကျန်းမာရေးပြဿနာတစ်မျိုးဖြစ်ပြီးတော့ လျှာရောင်းရမ်းနာ တစ်မျိုးပါ။ ခံစားရခက်ပြီးတော့ ဖြစ်ပွားချိန်လည်း ကြာမြင့်တဲ့ ဝေဒနာ တစ်မျိုးဖြစ်ပါတယ်။ ပူတဲ့စပ်တဲ့ အစားအစာတွေကို အလွန်အကျွံ စားတတ်သူတွေမှာ အဖြစ်များတတ်ပါတယ်။ လျှာတစ်လျှောက်မှာ ကြမ်းတမ်းနေတာ၊ နာကျင်ရောင်ရမ်းနေတာ၊ အနီပြင်တွေထွက်တာ၊ အရောင်ပြောင်းလဲတာ၊ စကားပြောဆိုတာ-အစာစားတာ-မျိုချတာတွေမှာ ခက်ခဲနေတတ်တာနဲ့ လျှာဖောရောင်နေတာမျိုးတွေဖြစ်တတ်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပြီး ခံစားရခက်တဲ့ ဝေဒနာတစ်မျိုးလို့ ဆိုရမှာပါ။ လျှာဟာ အစာမျိုချတာနဲ့ စကားပြောဆိုရာမှာ အရေးပါတဲ့ ကြွက်သားအစိတ်အပိုင်းတစ်မျိုးဖြစ်တာကြောင့် Glossitis ဖြစ်ပြီဆိုတာနဲ့ အစာစားတာမှာရော၊ စကားပြောဆိုရမှာပါ ပြဿနာရှိလာမှာဖြစ်ပါတယ်။ အစာစားချိန်၊ စကားပြောဆိုချိန်တွေမှာ ပြင်းထန်စွာ နာကျင်နေတာမျိုးဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် Glossitis ရောဂါအမျိုးအစား ၃ မျိုးရှိပါတယ်။ ဓာတ်မတည့်မှုကြောင့် ဖြစ်လေ့ရှိတဲ့ Acute glossitis နာတာရှည်ဖြစ်တတ်တဲ့ Chronic glossitis နဲ့ လျှာအရောင်ကိုပြောင်းလဲစေတဲ့ Atrophic glossitis တို့ပါပဲ။ ရောဂါတစ်ခါဖြစ်ပြီဆိုရင်လည်း […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

တံတွေးဂလင်းပိုးဝင်ခြင်း

တံတွေးဂလင်းပိုးဝင်ခြင်း (Salivary Gland Infection) ဆိုတာကတော့ ဘက်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးတမျိုးမျိုးဟာ တံတွေးဂလင်း ဒါမှမဟုတ် တံတွေးထွက်ရာလမ်းကြောင်းအတွင်းကို ဝင်ရောက်ကူးစက်ခြင်း ဖြစ်ပါတယ်။ တံတွေးထွက်ရာလမ်းကြောင်းမှာ ရောင်ရမ်းခြင်း၊ ပိတ်ဆို့ခြင်း စတာတွေကြောင့် တံတွေးထွက်တဲ့ အခြေအနေလျော့ကျသွားရင် ရောဂါပိုးဝင်ရောက်ခြင်း ဖြစ်နိုင်ပါတယ်။ လူတယောက်မှာ တံတွေးဂလင်းဟာ အဓိကအားဖြင့် သုံးစုံရှိပါတယ်။ မျက်နှာရဲ့တဖက်တချက်မှာ ရှိကြပါတယ်။ အကြီးဆုံးဂလင်းကတော့ ပရော့တစ်ဂလင်းဖြစ်ပြီး ပါးတဖက်စီမှာ နားရွက်ရဲ့ရှေ့ပိုင်းမှာ ရှိပါတယ်။ အဆိုပါ ဂလင်းများကို ပိုးဝင်ပြီး ရောင်ရမ်းရင်တော့ ပါးချိတ်ရောင်ခြင်းဖြစ်ပေါ်စေပါတယ်။ တံတွေးဟာ အစာချေဖျက်ခြင်းနဲ့ ခံတွင်းသန့်ရှင်းရေးအတွက် အရေးပါပါတယ်။ ဘက်တီးရီးယားများနဲ့ စားကြွင်းစားကျန်များကို သန့်ရှင်းရာမှာ အထောက်အကူပြုပါတယ်။ ခံတွင်းအတွင်းမှာ အကျိုးပြုဘက်တီးရီးယားများနဲ့ ဆိုးကျိုးပေးတဲ့ဘက်တီးရီးယားတွေကို ဟန်ချက်ညီအောင် ထိန်းသိမ်းပေးပါတယ်။ အကယ်၍ ပါးစပ်အတွင်းကို တံတွေးလုံလောက်စွာ ထွက်မလာတဲ့အခါ ဘက်တီးရီးယားများနဲ့ အစာအကြွင်းအကျန်များကို ကောင်းစွာဖယ်ရှားနိုင်ခြင်းမရှိတော့ဘဲ […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

သွားတွေ ဘာကြောင့် ဝါသလဲ၊ သွားမဝါအောင် ဘယ်လိုလုပ်ကြမလဲ

သွားဝါတယ်၊ သွားအရောင်ပြောင်းတယ်ဆိုတာ ကြည့်ရဆိုးတဲ့ ပြဿနာတစ်ခုပါ။ မျက်နှာရဲ့ အလှအပကို ပေါ်လွင်စေမယ့် သွားတွေ ဝါကျင်ကျင်ဖြစ်နေတာကို လူတိုင်းမြင်ဖူးကြတယ်မဟုတ်လား။ ကြည့်ရဆိုးရဲ့နော်။ ခုဆောင်းပါးမှာတော့ သွားဝါတာမျိုးမဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြသွားမှာပါ။ ဒီနေရာမှာ သိထားသင့်တာက ခြုံငုံပြီးသွားဝါတယ်လို့ ခေါ်ဆိုကြပေမယ့် တကယ်တမ်းမှာတော့ သွားအရောင်ပြောင်းလဲတာကိုဆိုလိုတာဖြစ်ပြီး သွားဟာ အဝါ၊ အညို၊ အမည်း၊ မီးခိုး၊ ပန်းရောင်နဲ့ fluoride လွန်ကဲပြီး ဖြူလွန်းနေတာမျိုးတွေ ပါဝင်ပါတယ်။ ဘာလို့ သွားဝါတာလဲ သွားဝါစေတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဓိကဖြစ်စေတဲ့ အချက်တွေကတော့ ဆေးလိပ်သောက်သုံးတာနဲ့ ပုံမှန်စားသုံးနေတဲ့အစားအစာတွေကြောင့်ပါပဲ။ သွားဝါခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကို ပြောပြချင်ပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။ နီကိုတင်းဓာတ် - ဆေးလိပ်-ဆေးပေါ့လိပ်-ဖက်ကြမ်း-စီးကရက်စတာတွေ သောက်သုံးတာ၊ ဆေးရွက်ကြီးငုံတာ၊ ကွမ်းစားတာ စတာတွေအားလုံးက သွားရဲ့မူလအရောင်ကို ပြောင်းလဲစေပါတယ်။ ဒီအရာတွေရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ဆေးရွက်ကြီးထဲက နီကိုတင်းဓာတ်ကြောင့်ပါ။ အစားအစာ - ကော်ဖီ၊ […]


အခြားခံတွင်းရောဂါ ပြဿနာများ

လျှာအရောင်က ပြောပြနေတဲ့ ကျန်းမာရေး

ပါးစပ်ထဲက လျှာ အစားအစာကို အရသာခံတာထက် ပိုပါတယ်။ ဒါဆို စကားပြောဖို့ အသုံးဝင်တာလားလို့ မပြောနဲ့နော်။ လျှာက စကားပြောဖို့၊ အရသာသိဖို့အပြင် အနံ့လည်း ခံစားနိုင်စွမ်းရှိပါတယ်။ ဒါတင်မကသေးတဲ့ လျှာရဲ့ နောက်ထပ် လုပ်ငန်းစဉ်တစ်ခုက ကျန်းမာရေး အခြေအနေတွေကို ဖော်ပြပေးနေသေးတာပါ။ လျှာအရောင်အလိုက် ကျန်းမာရေးအခြေအနေတွေက အမျိုးမျိုးပါ။ ဒီတော့ ကိုယ်တိုင် လျှာလေးကို စစ်ဆေးကြည့်လိုက်နော်။ ကျန်းမာတဲ့ လျှာ လူတစ်ယောက်ဟာ ကျန်းမာနေတယ်ဆိုရင် သူ့ရဲ့ လျှာက ပန်းရောင်သွေးသန်းပြီး အပေါ်မှာ အဖြူရောင် ခပ်ပါးပါးလေးး ရှိနိုင်ပါတယ်။ ပန်းရောင်က ရင့်တာ ရှိသလို ခပ်ဖျော့ဖျော့လည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က လျှာပေါ်မှာ အဖုလေးတွေရှိနေတာပါ။ အဖုအပိမ့်မဟုတ်ဘဲ လျှာပေါ်ကအရသာခံစားနိုင်တဲ့ အဖုသေးသေးလေးတွေ မြင်သာနေတဲ့ အနေအထားပါ။ လျှာအရောင်အလိုက် ကျန်းမာရေးအခြေအနေ လျှာအရောင်ကို​ကြည့်ပြီး ဘယ်လို ကျန်းမာရေးအခြေအနေတွေ ခံစားနေရတာလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်ရအောင်လား။ အနက်ရောင် လျှာ လျှာပေါ်မှာ keratin […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

သွားနှင့် ခံတွင်း ကျန်းမာရေးအကြောင်း

သွားနဲ့ ခံတွင်းကျန်းမာရေးဟာ လူတစ်ယောက်အတွက် မဖြစ်မနေ ဂရုစိုက်သင့်တဲ့ ကျန်းမာရေးကိစ္စတစ်ခုဖြစ်ပါတယ်။ လူတစ်ဦး ကျန်းမာနေစေဖို့အတွက် သွားနဲ့ ခံတွင်းက အရေးပါလှတယ်လို့ ဆိုရမှာပါ။ သွားနဲ့ ခံတွင်း သန့်ရှင်းကျန်းမာခြင်းမရှိဘူးဆိုရင် သွားပိုးစားတာ၊ သွားအခေါင်းပေါက်ဖြစ်တာနဲ့ သွားဖုံးနဲ့သက်ဆိုင်တဲ့ဝေဒနာတွေဖြစ်နိုင်သလို ဒီရောဂါတွေဟာ နှလုံးရောဂါ ကင်ဆာရောဂါနဲ့ သွေးတိုးရောဂါတွေနဲ့လည်း ဆက်စပ်နေပါတယ်။ သွားနဲ့ ခံတွင်းကို ကျန်းမာပြီး ကြံ့ခိုင်နေအောင် ထိမ်းသိမ်းစောင့်ရှောက်တာက တစ်သက်တာလုံး မပျက်မကွက်လုပ်ဆောင်ရမယ့် ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သွားနဲ့ ခံတွင်းကို ကျန်းမာစေဖို့ဆိုရင် မှန်ကန်တဲ့ ထိမ်းသိမ်းစောင့်ရှောက်မှုနည်းလမ်းတွေကို သိနားလည်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဥပမာ သွားတိုက်ဖို့၊ သွားကြားထဲက အစာတွေကို သန့်စင်ဖို့၊ သကြားကို လျှော့စားဖို့ စတာတွေပေါ့။ ဒီလိုဂရုမစိုက်ပေးရင်တော့ သင့်ရဲ့သွားလေးတွေဟာ အသက်အရွယ်အိုမင်းလာချိန်အထိ ကျန်းမာနေတော့မှာမဟုတ်ပါဘူး။ သွားနဲ့ ခံတွင်းအကြောင်း သိကောင်းစရာ အချက်များ သွားပိုးစားတာနဲ့ သွားဖုံးဆိုင်ရာရောဂါတွေက အရမ်းကို အဖြစ်များပါတယ်။ […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

ရွှေမြန်မာတို့ သိထားသင့်တဲ့ ခံတွင်းအနံ့ဆိုးအကြောင်း

ခံတွင်းကနေ မခံမရပ်နိုင်အောင် အနံ့ဆိုးထွက်တဲ့ ကိစ္စက တော်တော်လေး ရှက်ဖို့ကောင်းသလို မိမိကိုယ်ကို ယုံကြည်မှုကိုလည်း ထိခိုက်စေနိုင်တဲ့ ကိစ္စတစ်ခုပါ။ ဒီခံတွင်းအနံ့ဆိုးကိုပဲ အာရုံစိုက်မိနေတဲ့အခါကျ တခြားသူနဲ့ စကားပြောရင်လည်း ပါးစပ်က မပွင့်တပွင့်ဖြစ်နေတာ၊ ပါးစပ်ကို လက်နဲ့အုပ်ပြီး စကားပြောနေရတာ၊ မျက်နှာချင်းဆိုင်ပြီး စကားမပြောဘဲ မျက်နှာကို ရှောင်ဖယ်ရှောင်ဖယ် လုပ်နေတာက တော်တော်လေးကို ကြည့်ရဆိုးပါတယ်။ မြန်မာတို့နဲ့ ခံတွင်းအနံ့ဆိုးပြဿနာ မြန်မာလူမျိုးတွေဟာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အခြေခံဗဟုသုတနည်းသလို အပြင်ပန်းက မဟုတ်တဲ့ ပြဿနာတွေကိုလည်း သိပ်ပြီး ဂရုမစိုက်တတ်ကြပါဘူး။ ဒီလို ခံတွင်းအနံ့ဆိုးတယ်ဆိုတာ ကိုယ့်အတွက်ရော ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေအတွက်ပါ မကောင်းပါဘူး။ ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်လည်း ခံတွင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ပိုဖြစ်စေတယ်။ ကိုယ့်ရဲ့ ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေ ရှိသင့်တာထက် ပိုများတယ်ဆိုတာကို ဖော်ပြနေတယ်။ ဒါကြောင့် ဒီပြဿနာနဲ့ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ခံတွင်းကျန်းမာရေးအတွက် ဒိန်ချဉ်တစ်ခွက်

ဒိန်ချဉ်နဲ့ ပတ်သက်ပြီး ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရှိတဲ့အကြောင်း သိကြမယ်ထင်ပါတယ်။ ဒိန်ချဉ်ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေတယ်။ ကိုယ်ခန္ဓာထဲမှာ ရှိတဲ့ မကောင်းတဲ့ ဘက်တီးရီးယား ရောဂါပိုးတွေကို နှိမ်နင်းဖို့အတွက် အကျိုးပြုဘက်တီးရီးယား (Probiotics) တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဝမ်းချုပ်တတ်သူတွေအတွက်လည်း ဝမ်းကို ပုံမှန်အတိုင်း သွားစေပြီး ဝမ်းပျော့စေနိုင်ပါတယ်။ ဒါတင်ပဲ ကောင်းကျိုးရှိတာလားဆိုတော့ မဟုတ်ပါဘူးနော်။ သုတေသီတွေရဲ့ လေ့လာချက်အရ ဒိန်ချဉ်ဟာ ခံတွင်းကျန်းမာရေးအတွက်ပါ အများကြီး အထောက်အကူပေးနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ လေ့လာတွေ့ရှိချက်တွေထဲမှာ ၁။ ဒိန်ချဉ်ဟာ သွားတွေကို ခိုင်ခံ့စေတယ်။ ဒိန်ချဉ်မှာ ကယ်လ်စီယမ်ဓာတ် အများအပြား ပါဝင်လို့ သွားနဲ့ အရိုးတွေကို ခိုင်ခံ့စေနိုင်ပြီး အသက်အရွယ်ကြောင့် သွားများ ဆွေးမြေ့လာတာ၊ သွားကျိုးလွယ်တာကို ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေ ငယ်စဉ်ကနေ ဒိန်ချဉ်ပုံမှန်သောက်ပေးမယ်ဆိုရင် သွားများ ညီညာခိုင်ခံ့စေပြီး သွားရဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း