သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

နှုတ်ခမ်းတွင် ပေါက်သော ရေယုန်နာ (Cold Sore)

ပါးစပ်မှာဖြစ်တဲ့ ရေယုန်နာသည် ရေယုန်ဗိုင်းရပ်စ် (HSV-1) နှင့် (HSV-2) ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ နှုတ်ခမ်းနဲ့ ပါးစပ်တစ်ဝိုက်တင်မကဘဲ လိင်အင်္ဂါမှာပါ အနာပေါက်တတ်ပါတယ်။ အနာဖြစ်နေချိန်မှာ အခြားသူတစ်ဦးကို ကူးစက်ဖို့ အလွန်လွယ်ကူလျင်မြန်ပါတယ်။ ရေယုန်နာသည် ကုသပျောက်ကင်းနိုင်သလား။ အနာသည် ရေယုန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ကုသပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ထဲက ရေယုန်ဗိုင်းရပ်စ်ပိုးကိုတော့ လက်ရှိအချိန်ထိ ကုသလို့ရတဲ့ ဆေးဝါးများ ပေါ်ထွက်ခြင်းမရှိသေးပါဘူး။ ဒီအတွက် ရေယုန်နာ ပျောက်သွားတဲ့တိုင်အောင် ကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုးကတော့ ကျန်နေဦးမှာပါ။ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။ ပထမအဆင့် = ယားယံခြင်းနှင့် အသားထဲက စူးသလို ခံစားရခြင်း အနာစတင် မဖြစ်ခင်မှာ အနာဖြစ်မယ့် နှုတ်ခမ်းတစ်ဝိုက်တွင် အမည်ဖော်မရတဲ့ ယားယံခြင်းမျိုး၊ အသားထဲက ရုတ်တရက် စူးသလို၊ တစ်ခုခုက ထိုးသလို ခံစားရပါတယ်။ ပူစပ်ပူလောင်ဖြစ်ခြင်းလည်း တွေ့ရတတ်ပါတယ်။ ဒါဟာ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

သွားတိုက်တံ လေးတွေကို သန့်ရှင်းအောင်၊ပိုးကင်းစင်အောင် ဘယ်လိုဂရုစိုက်ကြမလဲ။

သွားတိုက်တံ လေးတွေဟာ ကျွန်ုပ်တို့ရဲ့ သွားကို ကျန်းမာအောင် နေ့စဉ်ကူညီဆောင်ရွက်ပေးနေတဲ့ အရေးကြီးပစ္စည်းလေးတွေဖြစ်ပါတယ်။ သွားနဲ့ သွားကြားထဲက အညစ်အကြေးတွေ၊ အစာအကြွင်းအကျန်တွေနဲ့ ပိုးမွှားတွေကို တိုက်ထုတ်ဖယ်ရှားပေးဖို့ သွားတိုက်ဆေးလေးတွေနဲ့ ပူးပေါင်းပြီး ကူညီပေးနေတဲ့ လက်နက်လေးလို့လည်း ဆိုလို့ရပါတယ်။ ဒါပေမယ့် များသောအားဖြင့် နေ့စဉ်သွားတိုက်ပြီးတဲ့အခါမှာ သွားတိုက်တံလေးကို သန့်စင်အောင်၊ ပိုးမွှားကင်းစင်အောင် ထိန်းသိမ်းပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးလေးမှာတော့ သွားကျန်းမာရေးအတွက် သွားပွတ်တံလေးတွေကို ဘယ်လို ထိန်းသိမ်းဂရုစိုက်ကြမလဲဆိုတဲ့ အချက်လေးတွေကို မျှဝေပေးသွားချင်ပါတယ်။ ဘာ့ကြောင့် သွားတိုတ်တံ ကို သန့်ရှင်းအောင်ထားဖို့ လိုအပ်သလဲ။ အရှေ့မှာ ဖော်ပြခဲ့တဲ့အတိုင်း သွားတိုက်လိုက်တဲ့အခါ ကျွန်ုပ်တို့ဆီက ပိုးမွှားတွေ၊ အညစ်အကြေးတွေဟာ သွားပွတ်တံလေးဆီကို ပါသွားပြီး သေချာသန့်ရှင်းရေးမလုပ်ခဲ့မိရင် အဲဒီ ပိုးမွှားတွေ၊ အကြွင်းအကျန်တွေဟာ သွားတိုက်တံရဲ့ အမျှင်လေးတွေကြားထဲမှာ ကျန်ရှိနေကြပါတယ်။ ဒါ့အပြင် သွားတိုက်တံကို ထားတဲ့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားမတိုက်ရင် ကင်ဆာဖြစ်မယ် သတိထား

သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် အခြေခံအကျဆုံး လုပ်ဆောင်ပေးရမယ့် အချက်က သွားတိုက်တာပါပဲ။ တစ်နေ့ကို ၂ ကြိမ်လောက် ပုံမှန်သွားတိုက်ပေးဖို့ လိုအပ်ပါတယ်။ ခံတွင်းဆိုတာ လူ့ကျန်းမာရေးရဲ့ အဓိကအကျဆုံး နေရာလို့ ဆိုကြတယ်။ ခန္ဓာကိုယ်အတွက် အားဖြစ်စေမယ့် အစာအာဟာရအားလုံးဟာ ခံတွင်းကနေတဆင့် ကိုယ်တွင်းကို ဝင်ကြရတယ်မဟုတ်လား။ ဒီတော့ စားလိုက်သောက်လိုက်တိုင်းမှာ ကပ်ညိကျန်ခဲ့တဲ့ သွားကြားက အစားအစာအကြွင်းအကျန်တွေကို သွားတိုက်တဲ့ နည်းလမ်းနဲ့ ဖယ်ရှားကြရတာပါ။ ဒီလို ပုံမှန်မဖယ်ရှားပေးရင် ခံတွင်းတစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက်သွားစေမှာဖြစ်ပါတယ်။ သွားပုံမှန်မတိုက်တဲ့အခါ သွားဖုံးသွေးယိုတာ၊ သွားပိုးစားတာနဲ့ ခံတွင်းအနံ့ဆိုးတာအပါအဝင် ဆိုးကျိုးတွေ အများကြီးကြုံရနိုင်ပါတယ်။ အဆိုးဆုံး ကျန်းမာရေး ပြဿနာကတော့ ပါးစောင်ကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေဖြစ်စေတာပါပဲ။ သွားမတိုက်လို့ ဖြစ်တဲ့ ကင်ဆာ ပုံမှန်သွားမတိုက်ခြင်းဟာ ကင်ဆာဖြစ်နိုင်ခြေကို တိုးပွားစေတယ်လို့ နှစ်ပေါင်း ၂၀ ကြာ သုတေသနပြု လေ့လာချက်တွေကို အခြေခံပြီး ဘော်စတွန်တက္ကသိုလ်က ထုတ်ပြန်လိုက်ပါတယ်။ အဓိကဖြစ်စေနိုင်တဲ့ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ကြက်သွန်နံ့ကို ဘယ်လိုဖျောက်မလဲ

ကြက်သွန်နီ ကြက်သွန်ဖြူဟာ အစားအသောက်ထဲမှာ အနံ့အရသာကောင်းအောင် ထည့်သွင်းနိုင်တဲ့ စားစရာဖြစ်ပြီး ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း များစွာပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ဆိုးတာက အစိမ်းစားလိုက်ရင် အနံ့မကောင်းတော့တာပါပဲ။ သင်စကားပြောရင် ခံတွင်းကနေ အနံ့ဆိုးတွေထွက်နေမှာ အသေအချာပါပဲ။ ဒီလိုအနံ့ဆိုးထွက်ရခြင်းဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမှာ ဆာလဖာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေ ရှိနေလို့ ဖြစ်ပါတယ်။ ဒီအနံ့ဟာ နာရီနဲ့ချီပြီး စွဲနေတတ်ပါတယ်။ အဆိုပါအနံ့တွေကို ပျောက်အောင်၊ လျော့ကျအောင်လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အောက်ပါနည်းလမ်းတွေ ကြိုးစားကြည့်ပါ။ ၁။ ရေသောက်ပါ အစာစားပြီးချိန်ရေသောက်လိုက်ခြင်းဟာ ခံတွင်းထဲက ကြက်သွန်အကြွင်းအကျန်တွေကို ဖယ်ရှားနိုင်ပါတယ်။ ဒါ့အပြင် တံတွေးထွက်လာအောင်လည်း လှုံ့ဆော်နိုင်တာမို့ ခံတွင်းထဲက အနံ့ထွက်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပြီးသား ဖြစ်သွားပါတယ်။ ၂။ သွားတိုက်ပါ၊ သွားကြားထိုးပါ သွားကြားသွားဖုံးကြားမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေနဲ့ ကြက်သွန်အကြွင်းအကျန်တွေ ထိတွေ့လာရင် အနံ့ပိုဆိုးလာတတ်ပါတယ်။ အစာစားပြီး သွားကြားထိုးခြင်း၊ သွားပွတ်ကြိုးသုံးခြင်းဟာ […]


အခြားခံတွင်းရောဂါ ပြဿနာများ

လျှာအရသာ ဘာကြောင့် ပျက်ရသလဲ

ကျွန်ုပ်တို့ရဲ့ လျှာမှာ စားသုံးလိုက်တဲ့ အစားအစာတွေကို ချို၊ ချဉ်၊ ငံ၊ ခါး စသည်ဖြင့် အရသာခံပေးနိုင်တဲ့ taste buds လို့ခေါ်တဲ့ အဖုလေးတွေ အများကြီးရှိပါတယ်။ ဒါ့ကြောင့်လည်း စုံလင်လှတဲ့ အစားအစာတွေကို ခံစားပြီး အရသာရှိရှိစားသောက်နိုင်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို အရသာခံတဲ့ ဖြစ်စဉ်လေးတွေကို အနှောင့်အယှက်ပေးနိုင်တဲ့ အကြောင်းအရင်းလေးတွေ ရှိတာကြောင့် တစ်ခါတလေမှာ အရသာခံမရတာ၊ အရသာပြောင်းသွားတာမျိုးတွေ ခံစားရလေ့ရှိပါတယ်။ တချို့က ပါးစပ်ပျက်တယ် ဆိုပြီးလည်း ပြောလေ့ရှိပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ ဘယ်လိုအကြောင်းအရင်းတွေကြောင့် လျှာအရသာ ပျက်နိုင်လဲဆိုတာနဲ့ ပတ်သတ်ပြီး မျှဝေပေးသွားချင်ပါတယ်။ ၁။ ရောဂါပိုးဝင်ခြင်း အသက်ရှူလမ်းကြောင်းထဲသို့ ဘက်တီးရီးယား (သို့) ဗိုင်းရပ်စ်ပိုးဝင်ပြီး နေထိုင်မကောင်းဖြစ်တဲ့အခါ၊ တုပ်ကွေးဖြစ်တဲ့အခါတွေမှာ ဖျားနာ၊ နှာစေး၊ ကိုက်ခဲ၊ နှာရည်ယို၊ နှာပိတ်တာတွေအပြင် အရသာခံတဲ့ လုပ်ငန်းလည်း […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

အနံ့ပြင်းပြင်း စားစရာတွေကြောင့် ခံတွင်းနံ့ဆိုးတာကို သက်သာစေဖို့

တစ်ခါတလေမှာ ခံတွင်းနံ့ဆိုးတာက ခံတွင်း သန့်ရှင်းရေး အားနည်းလို့ မဟုတ်ဘဲ စားလိုက်တဲ့ အစားအစာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး အနံ့ပြင်းတဲ့ စားစရာတွေကြောင့် ခံတွင်းအနံ့ဆိုးတာကို သက်သာအောင် လုပ်ဆောင်လို့ရမယ့် နည်းလမ်းလေးကို ပြောပြပေးပါရစေ။ ခံတွင်း အနံ့ဆိုးစေတဲ့ စားစရာတွေက ဘာတွေလဲ။ ခံတွင်း အနံ့ဆိုးစေတဲ့ စားစရာတွေက ကော်ဖီ တညင်းသီး ဆူးပုတ်ရွက် ကြက်သွန်နီ ကြက်သွန်ဖြူ အယ်လ်ကိုဟော ရှီတာကီမှို စတာတွေပါ။ အစားအစာကြောင့် ခံတွင်းနံ့ဆိုးတာကို သက်သာစေဖို့ အစားအစာကြောင့် ခံတွင်းနံ့ဆိုးတာကို သက်သာစေဖို့ဆိုရင် ရေသောက်ပါ ခံတွင်းနံ့ဆိုးတာက ခံတွင်းခြောက်တဲ့အခါမှာ ပိုဆိုးတတ်ပါတယ်။ ဒါကြောင့် ခံတွင်းအနံ့ဆိုးတာ သက်သာစေဖို့ ရေများများ သောက်ပါ။ အရည်ရွှမ်းတဲ့ အသီးအနှံတွေ စားပါ ခံတွင်းအနံ့ဆိုးတာကို သက်သာစေဖို့ လုပ်လို့ရတဲ့ နောက်ထပ် နည်းလမ်းတစ်ခုက အရည်ရွှမ်းတဲ့ အသီးအနှံတွေ ဖြစ်ကြတဲ့ ဖရဲသီး၊ သခွားသီး၊ တရုတ်နံနံ၊ ဆလတ်ရွက်၊ ခရမ်းချဉ်သီး စတာတွေ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းကျန်းမာရေးအတွက် တံထွေးက ဘာလုပ်ပေးသလဲ။

ပါးစပ်ထဲမှာရှိတဲ့ တံထွေးတွေက ခန္ဓာကိုယ်အတွက် အကျိုးများ ပြုရဲ့လား ညစ်ပတ်တယ်။ ရွံစရာကောင်းတယ် လို့ပဲ အမြဲတွေးနေမိလား။ ဒါဆိုရင်တော့ တံထွေးက ဘာတွေ လုပ်ပေးလဲ ဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ တံထွေး ဆိုတာ တံထွေးဆိုတာက ပါးစပ်ထဲမှာရှိတဲ့ ဂလင်း ပေါင်းများစွာကနေ ထုတ်လွှတ်လိုက်တဲ့ အရည်ကြည် တစ်မျိုးပါ။ တံထွေးမှာ antibodies နဲ့ အင်ဇိုင်းတွေ ပါဝင်နေပါတယ်။ တံထွေးက ကျန်းမာတဲ့ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပါ။ များသောအားဖြင့်ကတော့ ရေနဲ့ ဖွဲ့စည်းထားတာပါ။ ဒါပေမယ့် တံထွေးက အစာခြေဖို့နဲ့ သွားတွေကို ခိုင်မာစေဖို့ လိုအပ်တဲ့ အရေးကြီးတဲ့ အရာတွေ ပါဝင်နေပါတယ်။ တံထွေးက အရေးကြီးတယ်လို့ ပြောရတဲ့ အကြောင်းအရင်း တံထွေးက အရေးကြီးတယ်လို့ ပြောရတာက တံထွေးက ပါးစပ်ကို ကို စိုစွတ်စေတယ် ပါးစပ်ကို […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

သွားနဲ့ ခံတွင်း ကျန်းမာနေတယ်ဆိုတဲ့ လက္ခဏာ (၇) ရပ်

ခံတွင်းဆိုတာ လူ့ကျန်းမာရေးရဲ့ အဓိကအကျဆုံး နေရာလို့ ဆိုကြတယ်။ ခန္ဓာကိုယ်အတွက် အားဖြစ်စေမယ့် အစာအာဟာရအားလုံးဟာ ခံတွင်းကနေတဆင့် ကိုယ်တွင်းကို ဝင်ကြရတယ်မဟုတ်လား။ ဒီတော့ ခံတွင်းမကျန်းမာတဲ့အခါ အစားအသောက်ပါ တစ်ခါတည်းပျက်ရပါတယ်။ ဒါမှမဟုတ် ဆာနေလျက်နဲ့ မစားရတာမျိုးလည်းဖြစ်တတ်ပါသေးတယ်။ ဒီလိုအရေးကြီးလှတော့ မိမိရဲ့ သွားနဲ့ ခံတွင်း ကျန်းမာရေးဟာ လူတိုင်းအတွက် အထူးအရေးပါနေတော့တာပေါ့။ လူတစ်ယောက်အနေနဲ့ မိမိရဲ့ ခံတွင်း ကျန်းမာလား မကျန်းမာလားဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် တစ်ချက်ကတော့ အားနည်းနေတဲ့၊ ချို့ယွင်းနေတဲ့ နေရာကို ကုစားဖို့ဖြစ်ပြီးတော့ နောက်တစ်ချက်ကတော့ ကျန်းမာနေတယ်ဆိုရင် ဂုဏ်ယူဖို့အတွက်ပါပဲ။ လူအများစုဟာ သွားနဲ့ ခံတွင်းဆိုင်ရာ ပြဿနာ တစ်စုံတစ်ရာအမြဲရှိနေတတ်တာမို့ တကယ်လို့ ကိုယ်ကကျန်းမာနေတယ်ဆိုရင် အရမ်းကို ဂုဏ်ယူဖို့ ကောင်းနေပြီလေ။ ကဲ သင့်ရဲ့ သွားနဲ့ ခံတွင်း ကျန်းမာရဲ့လားဆိုတာကို အောက်ကအချက်တွေနဲ့ ကိုက်ညှိပြီး ဆန်းစစ်ကြည့်ရအောင် […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

အံကပ်တပ် ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

အသက်ကြီးလို့ သွားတွေ မကောင်းတော့ဘူးဆိုရင် စားဖို့၊ စကားပြောဖို့ အခက်အခဲရှိလာတတ်ပါတယ်။ ခုခေတ်မှာ ဆေးပညာတွေ တိုးတက်နေပြီဆိုတော့ ဒါဟာ ပြသနာ တစ်ခု မဟုတ်တော့ပါဘူး။ အသက်ကြီးတော့ သွားမကောင်းတော့ရော ဘာဖြစ်လဲ။ ဆေးပညာနဲ့ ပြုပြင်လိုက်ရင် အရင်လိုပဲ စားလို့ သောက်လို့ ရသွားတာပေါ့။ ဒီလို လွယ်ကူအောင် လုပ်ပေးတဲ့ထဲမှာ အံကပ်တပ် တာလည်း အပါအဝင်ပါပဲ။ ခုခေတ် ဘိုးဘိုးဘွားဘွားတွေ အတွက်တော့ အံကပ်တပ်တာဟာ မထူးဆန်းတော့တဲ့ ကိစ္စပါပဲ။ ဒါကြောင့် အိမ်က ဘိုးဘိုးဘွားဘွားတွေကို အံကပ်တပ်ပေးဖို့ အစီအစဉ်ရှိတယ်ဆိုရင် သူ့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို အရင်လေ့လာကြည့်ရအောင်ပါ။ အံကပ်တပ် ခြင်းရဲ့ ကောင်းကျိုးများ အစာစားရလွယ်လာတယ်။ အံကပ်တပ်ရတဲ့ အကြောင်းရင်းကလည်း ဒါကြောင့်ပါပဲ။ ငယ်ငယ်တုန်းကလို ကြက်ပေါင်တုံးကြီးကို မကိုက်နိုင်သည့်တိုင်အောင် ပုံမှန်စားတာ သောက်တာလောက်တော့ ကောင်းကောင်း လုပ်နိုင်ပါတယ်။ […]


သွားပြဿနာများ

ဘိုးဘိုးဘွားဘွားတွေအတွက် အံကပ် သန့်ရှင်းရေးလုပ်နည်း

အသက်လေးကြီးလာလို့ စားလို့ ဝါးလို့ မကောင်းတော့ရင်၊ သွားတွေ မစုံတော့ဘူးဆိုရင် သွားစိုက်မှာလား၊ အံကပ် တပ်မှာလား စဉ်းစားလာကြပါပြီ။ ဒီထဲမှာ အံကပ်တပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ ဘိုးဘိုးဘွားဘွားတွေများရှိရင် ဒီအံကပ်ကို ဘယ်လို သန့်ရှင်းရေး လုပ်ရမလဲဆိုပြီး စဉ်းစားနေကြမှာပါ။ အံကပ်ဆိုတာ ကိုယ့်ရဲ့ မွေးစားသွားတွေပါပဲ။ ဒါကြောင့် ကိုယ်ပိုင်သွားတွေလိုပဲ ဂရုစိုက်ရမှာပါ။ သွားတိုက်ဖို့လိုသလို အံကပ်တွေကိုလည်း ပုံမှန် သန့်ရှင်းရေး လုပ်ဖို့ လိုပါတယ်။ သွားဆရာဝန်က သေသေချာချာ ရှင်းပြလိုက်ပေမယ့် ဘိုးဘိုးဘွားဘွားတွေက အကုန်မှတ်မိချင်မှ မှတ်မိမှာပါ။ ဒါကြောင့် အိမ်မှာရှိတဲ့ သားသမီးတွေ မြေးတွေက အံကပ်သန့်ရှင်းရေးလုပ်နည်းကို သေသေချာချာ ပြန်ရှင်းပြနိုင်ဖို့ လိုပါတယ်။ အံကပ် တွေကို ကြာကြာလည်းတပ်ချင်တယ်၊ သန့်သန့်ရှင်းရှင်းလည်း ထားချင်တယ်ဆိုရင် အစာစားပြီးတိုင်း အံကပ်ကို ဖြုတ်ပြီး ဆေးပေးပါ။ ဘေစင်အောက်မှာ ရေဖွင့်ပြီး ရေနိုင်နိုင်နဲ့ ဆေးပေးတာက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း