အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဆီးကျိတ်ပြဿနာ၊ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတာတွေက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက ဘယ်လိုအကြံပေးထားလဲဆိုတာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့

ခေါင်းစဉ်ကို ဖတ်ပြီး နည်းနည်းများ ထူးဆန်းသွားသလား။ သွေးဆုံးတာက အမျိုးသမီးတွေမှာပဲ ဖြစ်တာပါ။ အမျိုးသားတွေမှာ ဖြစ်လို့လားပေါ့။ ဟုတ်ပါတယ်။ သွေးဆုံးတာက အမျိုးသမီးတွေမှာပဲ ဖြစ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ သွေးဆုံးတာကို menopause လို့ ခေါ်ပြီး အမျိုးသားတွေမှာ သွေးဆုံးတာကိုတော့ andropause လို့ ခေါ်ပါတယ်။ ဒီတစ်ခေါက် ပြောပြချင်တာကတော့ အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့ လုပ်ဆောင်ပေးလို့ ရမယ့် နည်းလမ်းလေးတွေပါ။ အမျိုးသားများ သွေးဆုံးခြင်း [သို့မဟုတ်] Andropause အမျိုးသားတွေမှာ သွေးဆုံးတယ်ဆိုတာက အသက်အရွယ်ကြောင့် တက်စတိုစတုန်းဟော်မုန်း ထုတ်လုပ်မှု နည်းသွားတာကို ဆိုလိုတာပါ။ အသက်အရွယ်အလိုက် ဟော်မုန်း ပြောင်းလဲတာက အမျိုးသားတွေ နဲ့ အမျိုးသမီးတွေမှာ ကွာခြားနိုင်ပါတယ်။ အမျိုးသမီးတွေမှာ သားဥကြွေတာ အဆုံးသတ်သွားတာဖြစ်ပြီး ဒီလို ကာလတိုအတွင်းမှာ […]

အမျိုးသားကျန်းမာရေးဆိုင်ရာများ ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဇင့်ဓါတ်နဲ့ အမျိုးသားကျန်းမာရေး

ကျွန်တော်တို့ ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်၊အင်မ်ဇိုင်းတွေ ပုံစံတမျိုးမှ တမျိုး ပြောင်းလဲခြင်း၊ဆဲလ်အတွင်းသို့ အစာအာဟာရများစုပ်ယူခြင်း နဲ့ ပရိုတင်းဓါတ်ကို ဖြိုခွဲခြင်း အစရှိတဲ့ လုပ်ငန်းဆောင်တာတွေမှာ ဇင့်ဓါတ်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဇင့်ဟာ အမျိုးသားအားကို တိုးပွားစေပြီး မျိုးအောင်မှုကို အားပေးကူညီပေးပါသေးတယ်။ ကျွန်တော်တို့ ခန္ဓါကိုယ်အတွင်းမှာ ဇင့်ဓါတ်ကို သိုမှီးထားနိုင်ခြင်းမရှိတဲ့အတွက် နေ့စဉ်လိုအပ်တဲ့ ဇင့်ဓါတ်ပမာဏကို ပြည့်မှီစွာ ရရှိနိုင်ဖို့ အစားအစာ ဒါမှမဟုတ် ဖြည့်စွက်စာတွေကတဆင့် ဖြည့်တင်းပေးရမှာ ဖြစ်ပါတယ်။ မြေပဲ၊ကမာ၊ချောကလက်အမည်း၊အနီရောင်အသားတွေနဲ့ ကိုကာအမှုန့်တွေဟာ ဇင့်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ သုတ်ကောင်တွေအပေါ်မှာ ဇင့်ဓါတ်က ဘယ်လိုအကျိုးသက်ရောက်မှု ရှိသလဲ။ အမျိုးသမီးတွေရဲ့ ခန္ဓါကိုယ်အတွင်းရှိ မျိုးပွားဟော်မုန်းတွေ ဖြစ်တဲ့ estrogen နဲ့ progesterone တို့ကို သုံးစွဲဖြိုခွဲပစ်ဖို့ ဇင့်ဓါတ်က ကူညီပေးပါတယ်။ ဇင့်ဓါတ်ချို့တဲ့ တဲ့အခါ ခန္ဓါကိုယ်အတွင်းမှာရှိတဲ့ ဟော်မုန်းပမာဏတွေ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သင့်ရဲ့သုက်ပိုးများကို ဒုက္ခပေးတတ်သော အစားအစာများ

ကလေးရယူဖို့ ကြိုးစားတဲ့အခါ အနှောင့်အယှက် ဖြစ်စေတဲ့ အရာတွေ အများကြီးရှိပါတယ်။ မျိုးဥ အရည်အသွေး မကောင်းခြင်း၊ သုတ်ပိုး အရည်အသွေး မကောင်းခြင်း စတာမျိုးတွေ ဖြစ်ပါတယ်။ သုတေသနအချို့ရဲ့ အဆိုအရ ကလေးမရနိုင်ခြင်းရဲ့ ၃၀%ခန့်ဟာ ယောက်ျားလေးကြောင့် ဖြစ်ပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေဟာလည်း အကြောင်းအရင်းထဲ ပါဝင်ပါတယ်။ သင့်ရဲ့ သုတ်ပိုးများကို ဒုက္ခပေးတတ်တဲ့ အစားအစာတွေကို လေ့လာပြီး ဘေးကင်းအောင် ရှောင်ကြဉ်ပါ။ စည်သွပ်စားစရာများ စည်သွပ်စားစရာများဟာ BPA ဓါတ်ရဲ့ အကြီးဆုံး ရင်းမြစ်တခုဖြစ်ပါတယ်။ အဲဒီဓါတ်ကို စည်သွပ်ဗူး ထုတ်လုပ်ရာမှာ သုံးပါတယ်။ ဆီးထဲမှာ BPA ပမာဏ မြင့်တက်ခြင်းဟာ အမျိုးသားများရဲ့ သုတ်ပိုး ပုံမှန် စွမ်းဆောင်ရည်ထက် ကျဆင်းခြင်းနဲ့ ဆက်စပ်နေပါတယ်။ စည်သွပ်စားစရာတွေကို လုံး၀ ရှောင်ကြဉ်စရာတော့ မလိုပါဘူး။ သင့်တင့်ရုံလောက်ပဲ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

Low Sperm Count (သုတ်ပိုးနည်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Low Sperm Count (သုတ်ပိုးနည်းခြင်း) ကဘာလဲ။ အမျိုးသားတစ်ယောက် ကာမဆက်ဆံတဲအချိန်မှာ ထုတ်လွှတ်လိုက်တဲ့ သုတ်ရည်ထဲမှာ ပါဝင်တဲ့သုတ်ပိုးပမာဏ ပုံမှန်ထက်နည်းနေခြင်းကိုဆိုလိုပါတယ်။ သုတ်ပိုးနည်းခြင်းကို oligospermia ဟုခေါ်တတ်ပြီး သုတ်ပိုးလုံးဝမပါခြင်းကိုတော့ azoospermia လို့ခေါ်ပါတယ်။ တကယ်လို့ သုတ်ရည်တစ်မီလီမီတာမှာ သုတ်ပိုး ၁၅ မီလီယံထက် နည်းနေရင် သုတ်ပိုးနည်းတယ်လို့ဆိုနိုင်ပါတယ်။ သုတ်ပိုးနည်းခြင်းဟာ အမသားဥနဲ့ သားဖောက်နိုင်ချေကိုနည်းစေပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သုတ်ပိုးနည်းနေလည်း အဖေဖြစ်နိုင်ချေတော့ရှိပါသေးတယ်။ Low Sperm Count (သုတ်ပိုးနည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုဖြစ်တတ်ပြီး အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ရန်အားပေးသော အခြေအနေများကိုရှောင်ကြဉ်ခြင်းဖြင့် ဖြစ်နိုင်ချေကိုထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။ လက္ခဏာများLow Sperm Count (သုတ်ပိုးနည်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့လက္ခဏာတွေကတော့ – ကာမဆက်ဆံရာတွင် အခက်အခဲဖြစ်ခြင်း ၊ ဆန္ဒနည်းခြင်း နာကျင်ခြင်း၊ ယောက်ျားအင်္ဂါတဝိုက်တွင် အဖုအကျိတ်ပေါ်ခြင်း ဟော်မုန်းပုံမှန်မဟုတ်ခြင်းအနေနဲ့ မျက်နှာ၊ ခန္ဓါကိုယ်အမွှေးအမျှင်များနည်းသွားခြင်း။ ဖော်ပြထားသော လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်သေးတာကြောင့် သိလိုသည်များရှိပါက […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

Andropause (အမျိုးသားများသွေးဆုံးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Andropause (အမျိုးသားများသွေးဆုံးခြင်း) ကဘာလဲ။ အမျိုးသားများသွေးဆုံးခြင်းဆိုတာအမျိုးသမီးများသွေးဆုံးခြင်းကဲ့သို့ပဲဖြစ်ပါသည်။ အမျိုးသားများအသက်ကြီးလာသောအခါ ကျားဟော်မုန်း (testosterone) လျော့နည်းလာခြင်းကိုခေါ်ပါသည်။ အမျိုးသမီးများကဲ့သို့ အချိန်ကာလတိတိကျကျတစ်ခုတွင် သွေးဆုံးခြင်းမျိုးမဟုတ်ပဲအသက်ကြီးလာသည်နှင့်အမျှ ကျားဟော်မုန်းလျော့နည်းလာခြင်းကြောင့် အချို့ဆရာဝန်များကကျားဟော်မုန်းပမာဏနည်းသွားခြင်းဟုလဲခေါ်ကြပါသည်။ ပုံမှန်အားဖြင့် အသက်ကြီးလာမှသာကျားဟော်မုန်းထုတ်လုပ်မှုကျဆင်းတတ်သော်လဲဆီးချိုကဲ့သို့သောရောဂါများဖြစ်လျှင်လဲကျားဟော်မုန်းလျော့နည်းလာတတ်ပါသည်။ အသက်ကြီးလာသည်နှင့်အမျှ ကျားဟော်မုန်းပမာဏကျဆင်းလာပါသည်။ Mayo ဆေးခန်း၏တွေ့ရှိချက်အရအမျိုးသားအများစုသည် အသက် ၂၀ကျော်အရွယ်တွင် ကျားဟော်မုန်းထုတ်လုပ်မှု အများဆုံးဖြစ်ပြီးအသက် ၃၀/၄၀ ကျော်လာလျှင် ကျားဟော်မုန်းထုတ်လုပ်မှုသည် တစ်နှစ်လျှင် ၁% လောက်ကျဆင်းသွားပါသည်။ အသက် ၇၀ လောက်ရောက်လျှင် ကျားဟော်မုန်းပမာဏသည် ထုတ်လုပ်မှုအများဆုံးအချိန်ကပမာဏ၏ ၅၀% လောက်သာကျန်ပါတော့သည်။ ထိုသို့ ဟော်မုန်းပမာဏအပြောင်းအလဲဖြစ်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာနှင့် မှတ်ဉာဏ်ပိုင်းဆိုင်ရာပြောင်းလဲမှုများဖြစ်စေနိုင်ပါသည်။ အမျိုးသားများသွေးဆုံးခြင်းသည် အမျိုးသမီးများသွေးဆုံးခြင်းနှင့် ခြားနားချက်များစွာရှိပါသည်။ တစ်ချက်မှာအမျိုးသားတိုင်းသွေးဆုံးခြင်းကိုမခံစားရပါ။ နောက်တစ်ချက်မှာမျိုးပွားအင်္ဂါများအားလုံးအလုပ်မလုပ်တော့ခြင်းလဲမဟုတ်ပါ။ သို့သော်လည်းကျားဟော်မုန်းပမာဏကျဆင်းလာမှုကြောင့်လိင်ပိုင်းဆိုင်ရာဆိုးကျိုးများရှိတတ်ပါသည်။ Andropause (အမျိုးသားများသွေးဆုံးခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်ကြီးသောအမျိုးသားများတွင် ပိုအဖြစ်များပါသည်။ သွေးဆုံးခြင်းပိုမိုဖြစ်ပွားစေနိုင်သောအကြောင်းရင်းများကိုလျှော့ချခြင်းပြုလုပ်နိုင်ပါသည်။ အချက်အလက်များပိုမိုရှိနိုင်ရန်အတွက် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။ လက္ခဏာများAndropause (အမျိုးသားများသွေးဆုံးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များသောလက္ခဏာများမှာ အားမရှိခြင်း စိတ်ဓါတ်ကျခြင်း၊ဝမ်းနည်းခြင်း စိတ်တက်ကြွမှုနည်းခြင်း မိမိကိုယ်ကိုယုံကြည်မှုကျခြင်း အာရုံစူးစိုက်ရခက်ခဲခြင်း အိပ်မပျော်ခြင်း၊ အိပ်ပျော်ရန်ခက်ခဲခြင်း ခန္ဓါကိုယ်တွင်အဆီများလာခြင်း ကြွက်သားများလျော့နည်းလာခြင်း၊ ခန္ဓါကိုယ်ကြံ့ခိုင်မှုနည်းလာသည်ဟုခံစားရခြင်း ရင်သားများကြီးလာခြင်း အရိုးများကြံ့ခိုင်မှုနည်းလာခြင်း ပန်းသေပန်းညှိုးဖြစ်ခြင်း လိင်စိတ်နည်းပါးလာခြင်း ကလေးမရနိုင်ခြင်း ရင်သားများဖောင်းလာ၊ နာလာခြင်း၊ လိင်အင်္ဂါသေးသွားခြင်း၊ ခန္ဓါကိုယ်ရှိအမွှေးများနည်းသွားခြင်း၊ ပူလိုက်အေးလိုက်ဖြစ်ခြင်းတို့ကိုလဲခံစားရနိုင်ပါသည်။ အမျိုးသားများသွေးဆုံးခြင်းသည် ကျားဟော်မုန်းနည်းသွားခြင်းကြောင့် အရိုးပွခြင်းနှင့်လည်းဆက်စပ်နေပါသည်။ အရိုးပွခြင်းဆိုသည်မှာအရိုးများအားနည်းပြီးကြွတ်ဆတ်လာခြင်းဖြစ်ပါသည်။ ဤအချက်များကတော့ တွေ့ရနည်းပါသည်။ အမျိုးသမီးများသွေးဆုံးသည့် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဘယ်ဆေးတွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းပေါ် အကျိုးသက်ရောက်နေတာလဲ

တကယ်လို့ သင်က ကလေးရနိုင်ဖို့ ကြိုးစားနေတဲ့သူဆိုရင် မျိုးအောင်နှုန်းကို သက်ရောက်နေတဲ့ အကြောင်းရင်းတွေအများကြီးရှိနေတယ်ဆိုတာကို သိထားဖို့က အရေးကြီးပါတယ်။ အားလုံးထဲက အကြီးမားဆုံး အကြောင်းရင်းကတော့ ဆေးဝါးကုသမှုခံယူနေရတာပါပဲ။ ကိုယ်ဝန်ရနိုင်ချေ မြင့်မားလာဖို့အတွက် ဘယ်လိုဆေးဝါးတွေကို ရှောင်ရှားသင့်တာလဲ။   အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို အနှောက်အယှက်ဖြစ်စေသော ဆေးများ အောက်ပါ အမျိုးအစားတွေမှာတော့ အမျိုးသားတွေရဲ့ မျိုးပွားမှုနဲ့ သုက်ပိုးတွေရဲ့ အရည်အသွေးတွေ၊ မျိုးအောင်ခြင်းနဲ့ ဆက်စပ်နေတဲ့ဟော်မုန်းတွေ( ဥပမာ gonadotropin ထုတ်လွှတ်ပေးတဲ့ ဟော်မုန်း၊ follicleကို လှုံ့ဆော်ပေးနိုင်တဲ့ဟော်မုန်းတွေ သို့မဟုတ် luteinizing ဟော်မုန်းတွေ) ပေါ်ကို ဆိုးကျိုးတွေဖြစ်စေတဲ့ဆေးဝါးတွေပါဝင်နေပါတယ်။   Testosterone ဒီကုထုံးဟာ အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒကိုတိုးတက်လာစေတာမှန်ပေမယ့်လည်း ဒီ testosterone ဖြည့်စွက်ဆေးတွေကို မှီခိုနေရသူတွေမှာတော့ သုက်ရည်ထုတ်လွှတ်မှုထဲမှာ သုက်ပိုးပါဝင်မှုနည်းနေတာ ဒါမှမဟုတ် သုက်ပိုးလုံးဝမပါလာတာတွေဖြစ်နိုင်ပါတယ်။ ဆရာဝန်တွေကတော့ ဒါဟာ သူတို့ရဲ့ခန္ဓါကိုယ်က testosterone ဟာ လူလုပ်ပစ္စည်း (သဘာဝမဟုတ်တာ)ကို မသိလို့ဖြစ်နိုင်ပြီး ဒါကြောင့်လည်း […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ၏ ကျန်းမာရေးအတွက် အထူးကောင်းမွန်သော အစားအစာ ၆ မျိုး

အမျိုးသားများ၏ ကျန်းမာရေးအတွက် အထူးကောင်းမွန်သော အစားအစာ ၆ မျိုး သင်တို့ သိထားကြတဲ့အတိုင်း ကျန်းမာရေးအတွက် ကောင်းတဲ့ အစာတွေစားဖို့က အလွန် အရေးကြီးပါတယ်။ ဒါပေမယ့် ဒီလို နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ လုံလောက်တဲ့ အာဟာရတွေရမယ်လို့ ထင်ပါသလား။ အမျိုးသားတွေရဲ့ ကျန်းမာရေး ပြဿနာတွေကို ဝေးဝေးရှောင်နိုင်ဖို့ ဘယ်လို အစားအစာတွေ စားသင့်တယ်ဆိုတာ ရှာဖွေကြည့်ကြပါစို့။   ခရု ကမာများ တခြား အစားအစာတွေ ထက်စာရင် ခရု ကမာတွေမှာ ဇင့် (zinc) ပိုပါ ပါတယ်။ ဇင့် (zinc) ဆိုတာ ဆီးကျိတ် ကျန်းမာရေးအတွက် အရေးကြီးတဲ့ သတ္တုဓါတ်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့ကြောင့် Zinc ပမာဏ နည်းသွားခြင်းဟာ ဆီးကျိတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေနဲ့ မျိုးပွားမှု ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ကျွန်ုပ်တို့ ခန္ဓါကိုယ်မှာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေမြုံရခြင်း အကြောင်းရင်းများ

အမျိုးသားတွေမြုံရတဲ့ အကြောင်းကို လေ့လာခြင်း အမျိုးသားတွေ မြုံတယ်ဆိုတာ ကိုယ်ဝန်ရစေနိုင်ရန် လိုအပ်တဲ့ စွမ်းရည် မရှိတဲ့ သုက်ကောင်ကိုသာရှိတဲ့ အခြေအနေကို ဆိုလိုတာပါ။ သားသမီးမရကြတဲ့ စုံတွဲတွေရဲ့ ၂၀ ရာခိုင်နှုန်းမှာ အမျိုးသားတွေ မြုံတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုလိုတာက ဒီမြုံတဲ့ ကိစ္စဟာ အမျိုးသားတွေအတွက် ကြီးမားတဲ့ ပြဿနာဖြစ်လာပီလို့ ဆိုတာပါ။ တကယ်တော့ အမျိုးသားတွေကို ဒီလိုဖြစ်စေတဲ့ အကြောင်းတရားတွေ ရှိပါတယ်။ ဆေးဘက်ဆိုင်ရာ အခြေအနေများ သုက်လွှတ်ခြင်း အမျိုးသားတစ်ယောက်က သူအထွတ်အထိပ်ရောက်ချိန်မှာ သုက်ကောင်တွေက မျိုးပွားအင်္ဂါထိပ်ဆီမသွားဘဲ ဆီးအိမ်ထဲ ရောက်ရှိတတ်ပါတယ်။ အဲဒါက ပြောင်းပြန်သုက်လွှတ်ခြင်းကို ဦးတည်စေနိုင်ပါတယ်။ ဒါဟာ ဆီးချိုရောဂါ၊ ကျောရိုးထိခိုက်မှု၊ ဆေးဝါးသုံးစွဲမှု၊ ဆီးအိမ်၊ ဆီးကျိတ်၊ ဆီးလမ်းကြောင်းခွဲစိတ်မှုတွေကြောင့် ဖြစ်တတ်ပါတယ်။ တချို့ အခြေအနေတွေမှာ အမျိုးသားတွေဟာ မျိုးကောင်ထုတ်လုပ်နိုင်ပေမယ့် ကျောရိုးနာဗ်ကြောထိခိုက်ထားခြင်း ဒါမှမဟုတ် တခြားရောဂါတွေကြောင့် သုတ်လွှတ်ခြင်းတော့ မတတ်စွမ်းပါဘူး။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ယောက်ျားစွမ်းဆောင်ရည်တိုးစေတဲ့ ဗီတာမင်များ

သင့်ရဲ့ယောက်ျားတန်ဆာ အရွယ်အစားကို စိတ်တိုင်းမကျလို့ သဘာဝအလျောက်ကြီးထွားလာဖို့ နည်းလမ်းတွေ ရှာဖွေနေပါသလား။ သင်တယောက်ပဲ မဟုတ်ပါဘူး။ အမှန်တော့ ယောက်ျားအများစုဟာ သူတို့ရဲ့ လိင်အင်္ဂါအရွယ်အစားကို စိတ်တိုင်းမကျပါဘူး။ အဲဒီအထဲမှာ ပုံမှန်အရွယ်အစားထက် ကြီးမားသူတွေတောင် ပါဝင်တတ်ပါတယ်။ တကယ်တော့ ယောက်ျားတွေဟာ သူတို့တန်ဆာကို အရွယ်အစားပိုကြီးစေချင်ကြတာဟာ ကျိုးကြောင်း ဆီလျော်တဲ့ ကိစ္စထက်စာရင် စိတ်ပိုင်းဆိုင်ရာ ပြသနာတစ်ခုသာ ဖြစ်ပါတယ်။ ဒီဆန္ဒကိုဖြည့်ဆည်းဖို့ ယောက်ျားများဟာ နည်းမျိုးစုံကို သုံးကြပါတယ်။ တချို့က ထိရောက်ပေမယ့် တချို့ကတော့ အချိန်ကုန်ငွေကုန် ဖြစ်ရုံသာရှိပါတယ်။ အောက်ပါအချက်အလက်များကတော့ ယောက်ျား တန်ဆာကို ပိုပြီးဖွံ့ဖြိုးကြီးထွားအောင် ကြိုးစားရာမှာ ထည့်သွင်းစဉ်းစားနိုင်မယ်မယ့် အချက်တွေပဲ ဖြစ်ပါတယ်။ ဗီတာမင် အီး ဗီတာမင်အီး ဟာ သင့်ယောက်ျားတန်ဆာကို များစွာ အကျိုးပြုပါတယ်။ အထူးသဖြင့် တန်ဆာတောင့်တင်း လာတဲ့အခါ ကွေးကောက်သွားတတ်သူတွေအတွက် သင့်တော်ပါတယ်။ ဒီလိုကွေးကောက်ရခြင်းဟာ တန်ဆာအတွင်းပိုင်းမှာ ပုံမှန်မဟုတ်တဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

Epididymitis And Epididymo-Orchitis (သုက်ပို့ပြွန်ရောင်ခြင်း နဲ့ သုက်ပို့ပြွန်နှင့်အတူဝှေးစေ့ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Epididymitis And Epididymo-Orchitis (သုက်ပို့ပြွန်ရောင်ခြင်း နဲ့ သုက်ပို့ပြွန်နှင့်အတူဝှေးစေ့ရောင်ခြင်း) ကဘာလဲ။ သုက်ပို့ပြွန်ဆိုသည်မှာ ဝှေးစေ့များမှ ဆီးစွန့်ပြွန်ဆီသို့ သုက်ကောင်များကို သယ်ဆောင်ပေးသော ပြွန်ဖြစ်ပြီး ဝှေးစေ့ အနောက်တွင် ရှိသည်။ သုက်ပို့ပြွန်ရောင်ခြင်းသည် ရောဂါပိုး ကူးစက်ခြင်း သို့မဟုတ် အခြား အခြေအနေများကြောင့် သုတ် ပို့ပြွန် ရောင်သော အခြေအနေတစ်ခု ဖြစ်သည်။ သုက်ပို့ပြွန်ရောင်ခြင်းသည် ဘတ်တီးရီးယား ကူးစက်ခြင်း သို့မဟုတ် လိင်မှတစ်ဆင့် ရောဂါပိုးကူးစက်မှု ကြောင့် အများ ဆုံး ဖြစ်ပွားပါသည်။ ဝှေးစေ့ကိုပါ ကူးစက်ခံရပြီး ၎င်းကို သုက်ပို့ပြွန် နှင့်အတူ ဝှေးစေ့ရောင်ခြင်း ဟုခေါ်သည်။ Epididymitis And Epididymo-Orchitis (သုက်ပို့ပြွန်ရောင်ခြင်း နဲ့ သုက်ပို့ပြွန်နှင့်အတူဝှေးစေ့ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ သုက်ပို့ပြွန်ရောင်ခြင်းသည် အမျိုးသားများတွင် အလွန် အဖြစ်များပါသည်။ ၎င်းသည် အသက် ၁၉-၃၅ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

Varicocele (ကပ်ပယ်အိတ်တွင်း သွေးပြန်ကြောထုံးရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Varicocele (ကပ်ပယ်အိတ်တွင်း သွေးပြန်ကြောထုံးရောဂါ) ကဘာလဲ။ Varicocele ဆိုသည်မှာ ကပ်ပယ်အိတ် အတွင်း သွေးပြန် ကြောများ ဆန့်ကားခြင်း ဖြစ်သည်။ ခြေထောက်ရှိ သွေးပြန် ကြောများ ဖောင်းခြင်းနှင့် ဆင်တူ သည်။ ကပ်ပယ်အိတ် ဆိုသည်မှာ လိင်တံအောက်ရှိ အရေ ပြားအိတ်တစ်ခုဖြစ်ပြီး ဝှေးစေ့များ ပါဝင်သည်။ ကပ်ပယ်အိတ် သည် ညာဖက်နှင့် ဘယ်ဖက်ဟူ၍ နှစ်ဖက်ရှိပါသည်။ သွေးပြန်ကြောများသည် ဆဲလ်များနှင့်တစ်ရှူးများမှ သွေးများကို နှလုံးသို့ သယ်ဆောင် ပေးသည်။ နှလုံးတွင် သွေးဆဲလ်များ သည် အောက်စီဂျင်ကို ရရှိသည်။ Varicocele သည် တစ်ဖက်ထဲ သို့မဟုတ် နှစ်ဖက်စလုံးတွင် ဖြစ်နိုင်သည်။ ရောဂါသည် များသော အားဖြင့် ဘယ်ဖက်တွင် ဖြစ်ပေါ်သည်။ အဘယ်ကြောင့် ဆိုသော် သွေးပြန်ကြောများ သည် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း