အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဆီးကျိတ်ပြဿနာ၊ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတာတွေက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက ဘယ်လိုအကြံပေးထားလဲဆိုတာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့

ခေါင်းစဉ်ကို ဖတ်ပြီး နည်းနည်းများ ထူးဆန်းသွားသလား။ သွေးဆုံးတာက အမျိုးသမီးတွေမှာပဲ ဖြစ်တာပါ။ အမျိုးသားတွေမှာ ဖြစ်လို့လားပေါ့။ ဟုတ်ပါတယ်။ သွေးဆုံးတာက အမျိုးသမီးတွေမှာပဲ ဖြစ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ သွေးဆုံးတာကို menopause လို့ ခေါ်ပြီး အမျိုးသားတွေမှာ သွေးဆုံးတာကိုတော့ andropause လို့ ခေါ်ပါတယ်။ ဒီတစ်ခေါက် ပြောပြချင်တာကတော့ အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့ လုပ်ဆောင်ပေးလို့ ရမယ့် နည်းလမ်းလေးတွေပါ။ အမျိုးသားများ သွေးဆုံးခြင်း [သို့မဟုတ်] Andropause အမျိုးသားတွေမှာ သွေးဆုံးတယ်ဆိုတာက အသက်အရွယ်ကြောင့် တက်စတိုစတုန်းဟော်မုန်း ထုတ်လုပ်မှု နည်းသွားတာကို ဆိုလိုတာပါ။ အသက်အရွယ်အလိုက် ဟော်မုန်း ပြောင်းလဲတာက အမျိုးသားတွေ နဲ့ အမျိုးသမီးတွေမှာ ကွာခြားနိုင်ပါတယ်။ အမျိုးသမီးတွေမှာ သားဥကြွေတာ အဆုံးသတ်သွားတာဖြစ်ပြီး ဒီလို ကာလတိုအတွင်းမှာ […]

အမျိုးသားကျန်းမာရေးဆိုင်ရာများ ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေ ဘာလို့ အတွင်းခံဘောင်းဘီကို ပုံမှန်လဲသင့်တာလဲ

အမျိုးသားတွေဟာ အမြဲ နေပူထဲ သွားလာပြီး အလုပ်လုပ်နေရတာ၊ အားကစား၊ လေ့ကျင့်ခန်း အပြင်းအထန် လုပ်နေရတာကြောင့် အမျိုးသမီးတွေထက် ပိုပြီး ချွေးထွက်ပါတယ်။ အင်္ကျီ၊ ဘောင်းဘီတွေကတော့ တစ်ကြိမ်ထက် ပိုပြီး ဝတ်ဆင်တာ ပြဿနာ သိပ်မရှိပေမယ့် အတွင်းခံဘောင်းဘီတွေကိုတော့ အမြဲ လဲပေးဖို့ လိုအပ်ပါတယ်။ ကျန်တဲ့ နေရာတွေထက် ချိုင်းကြား၊ ပေါင်ခြံနေရာတွေဟာ ပိုပြီး ချွေးထွက်များပြီး အဝတ်အစားနဲ့ အမြဲထိကပ်နေတာကြောင့် ချွေးနံ့အပြင် ဘက်တီးရီးယားပိုးများစွာ ခိုအောင်းနေတတ်ပါတယ်။ အတွင်းခံဘောင်းဘီကို ပုံမှန်မလျှော်တဲ့အခါ ဘာတွေ ဖြစ်နိုင်လဲ။ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းတဲ့ အမျိုးသားတွေဟာ အတွင်းခံဘောင်းဘီကို ကြိမ်ဖန်များစွာ ဝတ်ဆင်ပြီးမှ လျှော်ဖွပ်တတ်ပါတယ်။ ဒါဟာ အရေပြားနဲ့ လိင်တံကျန်းမာရေးအတွက်လည်း မကောင်းတဲ့အပြင် အနံ့အသက်ဆိုးတွေ ဖြစ်စေနိုင်တဲ့ အဓိကတရားခံပါပဲ။ ဒါကြောင့် တည်ကြည်ခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ ယောက်ျားသားတွေ ဖြစ်ဖို့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ပေါင်ခြံနေရာတဝိုက် အူကျွံခြင်း

အူကျွံခြင်းဆိုတာ ဘာကို ပြောတာပါလဲဆရာ။ အူကျွံခြင်း (hernia) ဆိုသည်မှာခန္ဓာကိုယ်တွင်းရှိ အူ သို့မဟုတ် ကလီစာ တစ်ခုခုသည် ထို ကလီစာရှိနေသည့် ခန္ဓာကိုယ် နံရံ မှ တဆင့် ကျွံထွက်လာခြင်းဖြစ်သည်။ အူကျွံခြင်း သည် ခန္ဓာကိုယ် ၏ အစိတ်အပိုင်း နေရာများတွင် အမျိုမျိုးဖြစ် နိုင်သော်လည်း ပေါင်ခြံ တဝိုက်နေရာတွင် အူကျွံခြင်း မှာ အဖြစ်များဆုံးဖြစ်သည်။ ပေါင်ခြံတဝိုက် နေရာတွင် အူကျွံခြင်း မှာ ပေါင်ခြံ အထက်နှင့် အောက် (Inguinal and Femoral hernia) ဟူ၍ ၂ မျိုး ရှိပေသည်။ ထို ၂မျိုး လုံးတွင် ပုံတွင်ပြထားသည့်အတိုင်း ဖောင်းနေသည့်နေရာ များသို့ အူသော်လည်းကောင်း ဝမ်းတွင်းအဆီပြင် (omentum) သော်လည်းကောင်း ကျွံဝင်နေနိုင်ပါသည်။ သို့ရာတွင်မြန်မာစကားအနေနှင့် မည်သည့်အမျိုးအစားကို မဆို အူကျွံခြင်း […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေအတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုရဲ့ အရေးပါပုံ

ကျန်းမာရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုဟာ လူသားတိုင်းအတွက် အလွန်အရေးကြီးပါတယ်။ လူအများနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ အမျိုးသားတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေဖို့နဲ့ တစ်နေ့တာလုံး တက်ကြွရွှင်လန်းနေစေဖို့ ပိုပြီးတောင် ကိုယ့်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးထားဖို့ လိုအပ်ပါတယ်။ ခေါင်းအစ ခြေအဆုံး သန့်ရှင်းသပ်ရပ်တဲ့ အမျိုးသားတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လန်းဆန်းတက်ကြွလာမယ်။ လုပ်ငန်းခွင်မှာ အောင်မြင်မှုရနိုင်တဲ့အပြင် ဆန့်ကျင်ဘက်လိင်ကိုပါ ဆွဲဆောင်မှု ရှိစေတယ်။ မိမိကိုယ်ကို ယုံကြည်မှု ရှိစေလို့ အလုပ်အကိုင်တွေ အဆင်ပြေချောမွေ့စေတယ်။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေပြီး အားအင်တွေ အပြည့် ရှိနေမှာပါ။ ဒါဆိုရင် အမျိုးသားတွေအတွက် အလွန်အရေးကြီးပြီး မေ့ထားလို့ မဖြစ်တဲ့ နေ့စဉ် တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ ၁။ အမွှေးနံ့သာ အသုံးပြုပါ။ ခုခေတ်မှာတော့ အမျိုးသားတော်တော်များများ အမွှေးနံ့သာတွေကို အသုံးပြုလာကြပါတယ်။ ဆံသားနဲ့ မျက်နှာအတွက်သာမက ရေမွှေး၊ ချိုင်းလိမ်းဆီ၊ ကိုယ်ခန္ဓာအတွက် ဖျန်းတဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေ ဘာလို့ ကယ်လ်စီယမ်ဓါတ် လိုအပ်တာလဲ

အမျိုးသားတွေ ခန္ဓါကိုယ်ကြံ့ခိုင်သန်စွမ်းဖို့နဲ့ အရိုးတွေ သန်မာစေဖို့ ကယ်လ်စီယမ်ဓါတ်ကို နေ့စဉ် မရှိမဖြစ် လုံလောက်အောင် စားသုံးပေးဖို့ လိုအပ်ပါတယ်။ ကလေးအရွယ်ကတည်းက အာဟာရပြည့်ဝစုံလင်စွာ စားသုံးပေးမှ ယောက်ျားလေးတွေ အရွယ်ရောက်တဲ့အခါမှာ ကျန်းမာကြံ့ခိုင်ပြီး တက်ကြွလန်းဆန်းနေလို့ ဘဝအခက်အခဲတွေကို အလွယ်တကူ ကျော်ဖြတ်နိုင်မှာပါ။ ကယ်လ်စီယမ်ဓါတ်ရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။ အရိုးတွေ သန်စွမ်းကျန်းမာစေဖို့ ကယ်လ်စီယမ်ဓါတ်က အထောက်အကူပေးပါတယ်။ အားကစားလိုက်စားသူတွေ အထူးသဖြင့် ယောက်ျားပီသတဲ့ ခန္ဓါကိုယ်အချိုးအစားနဲ့ အရိုးအဆစ်ကို ပိုင်ဆိုင်လိုတဲ့ အမျိုးသားတွေအတွက် ကယ်လ်စီယမ်ဓါတ်ဟာ အလွန်အရေးကြီးပါတယ်။ ကယ်လ်စီယမ်ဓါတ်ဟာ နှလုံးကြွက်သားနဲ့ ဦးနှောက်အာရုံကြောတွေကို ကောင်းစွာ အလုပ်လုပ်စေဖို့ ကူညီပေးပါတယ်။ အရိုးကျန်းမာရေးအပြင် ဆီးချို၊ သွေးတိုးနဲ့ ကင်ဆာရောဂါတွေကို ကာကွယ်ပေးတဲ့နေရာမှာလည်း ကယ်လ်စီယမ်ဓါတ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကယ်လ်စီယမ်ဓါတ် မလုံလောက်တဲ့အခါ ဘာတွေ ဖြစ်နိုင်လဲ။ အရိုးကျန်းမာရေးအတွက် မရှိမဖြစ် အရေးကြီးတဲ့ ကယ်လ်စီယမ်ဓါတ် နည်းတဲ့သူတွေမှာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ထိပ်ပြောင်တာနဲ့ ပက်သက်လို့ အမျိုးသားထုကြီး မေးချင်နေတဲ့ အရာများ။ ။

Q ဘာကြောင့် ထိပ်ပြောင်ရတာလဲ။ ။ ဘာလို့ ငါ့ကျမှ ထိပ်ပြောင်ရတာလဲဆိုရင်တော့ ကိုယ့်ရဲ့ မျိုးရိုးကိုသာ အပြစ်တင်ပေတော့။ ထိပ်ပြောင်ခြင်း အများစုဟာ မျိုးရိုးလိုက်တတ်တာမျိုးပါ။ dihydrotestosterone (DHT)လို့ခေါ်တဲ့ ကျားဟော်မုန်းက ဆံပင်အမြစ်အိတ်ကို သွားပေါင်းပြီး အမြစ်တွေကို ရှုံ့အောင်လုပ်လိုက်တာကြောင့် ဆံပင်တွေ မသန်၊ မထွက်တော့တာဖြစ်ပါတယ်။ အနီးစပ်ဆုံးပြောရရင် အဖေက ထိပ်ပြောင်နေရင် သားဖြစ်သူလည်း တစ်နေ့ ထိပ်ပြောင်ဖို့ အလားအလားများပါတယ်။ ။ Q အသက်ဘယ်လောက်ဆို ထိပ်စပြောင်တတ်လဲ။ ။ ၂၀ ရာခိုင်နှုန်းသော အမျိုးသားတွေဟာ သူတို့ အသက်၂၀ ဝန်းကျင်လောက်မှာ ထိပ်ပြောင်တာကို စသတိထားမိတတ်ကြပါတယ်။ အသက် ၅၀ လောက်မှာ ထိပ်ပြောင်တဲ့ အမျိုးသားတွေက ၅၀ ရာခိုင်နှုန်းလောက်ရှိပြီး အသက် ၇၀ အရွယ်မှာ ထိပ်ပြောင်တဲ့ အမျိုးသား ၇၀ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ တစ်ကိုယ်ရည်အာသာဖြေ ခြင်းရဲ့ ကောင်းကျိုးနဲ့ ပြစ်ချက်တွေ

တစ်ကိုယ်ရည်အာသာဖြေ တယ်ဆိုတာ ကိုယ့်ရဲ့ လိင်အင်္ဂါကို လက်နဲ့ဖြစ်စေ၊ အရာဝတ္ထုတစ်ခုနဲ့ ဖြစ်စေ နှိုးဆွပြီး လိင်စိတ်ပြီးမြောက်အောင် နှိုးဆွပေးတာ ဖြစ်ပါတယ်။ လိင်စိတ်တအားထကြွနေတဲ့အချိန်၊ စိတ်ဖိစီးမှုများနေတဲ့အချိန်မျိုးမှာ တစ်ကိုယ်ရည် အာသာဖြေခြင်းဖြင့် ကိုယ့်ရဲ့ စိတ်ကို ပေါ့ပါးလန်းဆန်းစေပါတယ်။ တကယ်တော့ တစ်ကိုယ်ရည်အာသာဖြေ တဲ့ကိစ္စဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ အပြုအမူမျိုးပါ။ အမျိုးသားအများစုဟာ ပုံမှန် တစ်ကိုယ်ရည် အာသာဖြေတတ်ကြပြီး အမျိုးသမီးတွေမှာလည်း တစ်ခါတစ်ရံ လိင်စိတ်ဖြေဖျောက်တာမျိုး လုပ်တတ်ကြပါတယ်။ အမျိုးသားတွေ တစ်ကိုယ်ရည်အာသာဖြေ လို့ ဘာကောင်းကျိုးတွေ ဖြစ်စေလဲ။ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးတယ်။ စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းတာတွေကို ဖြေလျှော့ပေးနိုင်တယ်။ စိတ်ကို ပြန်လည်တက်ကြွလာစေတယ်။ စိတ်ကျရောဂါ မဖြစ်အောင် တားဆီးပေးနိုင်တယ်။ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ အထောက်အကူပေးတယ်။ လိင်ဆက်ဆံတဲ့အခါမှာ လိင်စိတ်အထွဋ်အထိပ်ရောက်ဖို့ ကြာစေတယ်။ ထိုးသွင်းဆက်ဆံရာကနေတစ်ဆင့် ကူးစက်တတ်တဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ရှက်စရာကောင်းတဲ့ ပြဿနာများ

အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ရှက်စရာကောင်းတဲ့ ပြဿနာများ အလှအပဆိုတာ ကျား၊မ မဟူ လူတိုင်းကြိုက်ကြပါတယ်။ အမျိုးသားတွေအနေနဲ့လည်း ကိုရီးယားမင်းသားလေးတွေလို မိတ်ကပ်တွေ ဖုံနေအောင်လိမ်း၊ နှုတ်ခမ်းနီတွေ ဆိုးထားရမယ်လို့ မဆိုလိုပေမယ့် မိမိနဲ့ တွေ့ဆုံဆက်ဆံပြောဆိုရသူတွေရဲ့အမြင်မှာ ဆိုးဆိုးရွားရွား ဖြစ်မနေစေဖို့အတွက် ခန္ဓာကိုယ်ကို ထိန်းသိမ်းသင့်တာလေးတွေ ထိန်းသိမ်းရပါမယ်။ ဒီဆောင်းပါးမှာတော့ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ရှက်စရာကောင်းတဲ့ ပြဿနာများနဲ့ အဆိုပါပြဿနာများကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာ မျှဝေတင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ (၁) နောက်ကျောအမွေးအမျှင်များ ပေါက်ခြင်း သင် လူလတ်ပိုင်းရောက်လာချိန်မှာ ကျောကုန်းအမွေးအမျှင် အခြေအနေကို သိနိုင်ပါပြီ။ အမွေးမရှိသလောက် နည်းလား၊လုံးဝမရှိဘူးလား၊အသင့်အတင့်ရှိနေသလား သို့တည်းမဟုတ် တောထနေပြီလား။ ဘရက်ဒလေကူးပါးလို ရင်ဘတ်မွှေးက အမျိုးသမီးတွေကို ဆွဲဆောင်နိုင်ပေမယ့် ကျောကုန်းမှာ တောထနေတဲ့ အမွေးအမျှင်တွေကတော့ သင့်ကို ဆက်ဆီကျစေမယ် မထင်ပါဘူး။ လေဆာနည်းပညာကို အသုံးပြုပြီး အမွေးအမျှင်ရှင်းလင်းခြင်းဟာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းက ယောက်ျားမိန်းမ မရွေး နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ ဒုက္ခအတော်ပေးတယ်ဆိုပြီး သိထားကြပြီးသားပါ။ ဒါပေမယ့် ခုဆောင်းပါးမှာ အမျိုးသားတွေ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုသာ ဖော်ပြသွားမှာပါ။ ဒါဆိုရင် ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ဘာလဲ၊ ဘာအန္တရာယ်တွေ ရှိလဲ၊ ဘယ်လို ကာကွယ်မလဲ၊ ကုသမှုတွေက ဘာတွေလဲ။ အောက်မှာဖော်ပြထားတဲ့ ဆောင်းပါးက အဲ့ဒီအကြောင်းအရာတွေရဲ့ အချက်အလက်များကို ပေးသွားမှာပါ။   ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection) ဆိုတာ ဘာလဲ။ ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ သင့်ဆီးလမ်းကြောင်းထဲကို ဘက်တီးရီးယားပိုး ဝင်ရောက်ပြီးနောက်ဆက်တွဲ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ သင်ဆီးသွားတဲ့အခါ သင့်ဆီးလမ်းကြောင်းထဲကို ဝင်ထားတဲ့ ဘက်တီးရီးယား အများစုက ထုတ်ပစ်ခြင်းခံလိုက်ရပါတယ်။ ဒါပေမယ့် ကျန်ခဲ့တယ့် တချို့ဘက်တီးရီးယားတွေကြောင့် Urinary Tract Infection (UTI) ဖြစ်တာပါ။ UTI ရဲ့ အန္တရာယ်တွေက ဘာတွေလဲ။ အကယ်၍ သင်က […]


အမျိုးသားကျန်းမာရေး

မိမိဝှေးစေ့ကို မိမိကိုယ်တိုင် စမ်းသပ်စစ်ဆေးခြင်း

မိမိဝှေးစေ့ကို မိမိကိုယ်တိုင် စမ်းသပ်စစ်ဆေးခြင်းဆိုတာ ဘာလဲ ဝှေးစေ့ကင်ဆာအများစုကို အစောပိုင်းအဆင့်မှာတင် စစ်ဆေးသိရှိနိုင်ပါတယ်။ အချို့အမျိုးသားတွေမှာ ကနဦးအဆင့်မှာကတည်းက လက္ခဏာပြတဲ့အတွက် စောစောစီးစီး ဆေးကုသမှုခံယူကြတာကို တွေ့နိုင်ပါတယ်။ များသောအားဖြင့် အစောဆုံးပြလေ့ရှိတဲ့ လက္ခဏာကတော့ ဝှေးစေ့မှာ အလုံးအကျိတ်ပေါ်လာခြင်းဖြစ်ပြီး တစ်ခါတရံမှာ အလုံးအကျိတ်မပေါ်ဘဲ ဝှေးစေ့ရောင်ရမ်းခြင်း၊ အရွယ်အစားကြီးလာခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အချို့အမျိုးသားတွေဟာ ကင်ဆာအဆင့်မြင့်လာပြီး အခြားကိုယ်အင်္ဂါများဆီ ပျံ့နှံ့သွားတဲ့အထိ ရောဂါရှိနေမှန်းမသိဘဲ ဖြစ်တတ်ပါတယ်။ အမျိုးသားများကို ယေဘုယျကျန်းမာရေးစစ်ဆေးမှု ပြုလုပ်တဲ့အခါ ဝှေးစေ့များကိုပါ စစ်ဆေးဖို့လိုအပ်ကြောင်း ဆရာဝန်အများစုက သဘောတူလက်ခံထားပါတယ်။ ကင်ဆာဆိုင်ရာ စမ်းသပ်စစ်ဆေးမှု ပြုလုပ်တိုင်း ဝှေးစေ့များကိုပါ စစ်ဆေးဖို့ အမေရိကန်ကင်ဆာအဖွဲ့အစည်း (ACS) က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ACS က အမျိုးသားများကို ဝှေးစေ့ကင်ဆာအကြောင်း သတိပြုကြဖို့နဲ့ ဝှေးစေ့မှာ အလုံးအကျိတ်တစ်စုံတစ်ရာ စမ်းသပ်မိရင် ဆရာဝန်ဆီ ချက်ချင်းသွားရောက်ပြသဖို့ အကြံပြုထားပါတယ်။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

လမ်းကြောင်းမှားသုတ်လွှတ်ခြင်း

လမ်းကြောင်းမှားသုတ်လွှတ်ခြင်းဟာ ကာမဆက်ဆံစဉ်မှာ သုတ်လွှတ်စဉ်သုတ်ရည်များလမ်းကြောင်းမှားကာ ဆီးအိတ်ထဲဝင်သွားခြင်းဖြစ်တယ်။ ကာမသာယာမှုမှာအနှောင့်အယှက်မဖြစ်သော်လည်း သုတ်ရည်မထုတ်နိုင်ဘဲဖြစ်ရပါတယ်။   အကြောင်းအရင်း လမ်းကြောင်းမှားသုတ်လွှတ်ရခြင်းအမျိုးမျိုးရှိတယ်။ ပထမဆုံးကတော့ ဆီးအိတ်နဲ့ပတ်သတ်တဲ့ခွဲစိတ်ခြင်း ဥပမာ ဆီးကျိတ်ခွဲစိတ်ခြင်း၊ တင်ပါးဆုံးရိုးနဲ့ပတ်သတ်ပြီးခွဲစိတ်ခြင်း တို့ရဲ့ နောက်ဆက်တွဲပြဿနာဖြစ်တယ်။ ဆီးလမ်းကြောင်းကိုဖြတ်ပြီး ဆီးကျိတ်ခွဲစိတ်ခြင်းဟာ သုတ်ရည်လမ်းကြောင်းမှားစေဖို့ ၁၀ မှ ၁၅ ရာနှုန်းထိရှိပါတယ်။ အူမကြီးကင်ဆာ၊ ဝမ်းအိတ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နဲ့ အမျိုးသားအင်္ဂါကင်ဆာတို့မှာ ပြုလုပ်ရတတ်တဲ့ တင်ပါးဆုံရိုးတဝိုက်ခွဲစိတ်မှုတွေကြောင့်လည်း လမ်းကြောင်းမှားသုတ်ရည်လွှတ်ခြင်းဖြစ်ရတတ်တယ်။ တချို့သောရောဂါတွေကြောင့်အာရုံကြောထိခိုက်မှုတွေလည်းဖြစ်နိုင်တယ်၊ ဥပမာ မကုသသောနာတာရှည်ဆီးချိုးသွေးချိုသမား များမှာဖြစ်တတ်ပါတယ်။ နောက်ဆုံးအချက်ကတော့ ဆေးတချို့ရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်တယ်။ စသည်ဖြင့် ဆီးကျိတ်ကြီးခြင်းအတွက်ဆေးများ၊ စသည့် စိတ်ဓါတ်ကျခြင်းအတွက်ဆေးများ၊ စိတ်ရောဂါအတွက် ဆေးများဟာလည်း လမ်းကြောင်းမှားသုတ်လွှတ်ခြင်းဖြစ်စေတယ်။ ကုသမှု အကြောင်းအရင်းပေါ်မူတည်ပြီးကုသမှုကွဲပါတယ်။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်ပါက ဆရာဝန်ကထိုဆေးကိုပြောင်းလိမ့်မယ်။ ခွဲစိတ်မှုနောက်ဆက်တွဲဆိုးကျိုးကြောင့်ဖြစ်ပါက ကဲ့သို့ဆီးအိတ်အဝင်လမ်းမှကြွက်သားများသန်မာစေမယ့်ဆေးမျိုး မှီဝဲရနိုင်တယ်။ ဒါ့အပြင် ထိုသို့ လမ်းကြောင်းမှားသုတ်ရည်လွှတ်ရောဂါရှိသော အမျိုးသားများ ကလေးလိုချင်ပါက မျိုးပွားခြင်းဆိုင်ရာကျွမ်းကျင်သူက သုတ်ပိုးများစုပြီး သန္ဓြေတည်ခြင်းဖန်တီးပေးလိမ့်မယ်။ သားအိမ်တွင်းသုတ်ပိုးတိုက်ရိုက်ထည့်ခြင်းနည်း နဲ့ ဖန်ပြွန်သန္ဓြေသားနည်းတို့ဟာ အသုံးအများဆုံးနည်းဖြစ်တယ်။ လမ်းကြောင်းမှားသုတ်လွှတ်ခြင်းကိုဘယ်လိုကာကွယ်နိုင်မလဲ ဆီးကျိတ်ကြီးခြင်းခွဲစိတ်မှုတွေမှာ တတ်နိုင်သမျှသေးငယ်သောခွဲစိတ်နည်းသုံးခြင်းဟာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း