အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဆီးကျိတ်ပြဿနာ၊ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတာတွေက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက ဘယ်လိုအကြံပေးထားလဲဆိုတာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့

ခေါင်းစဉ်ကို ဖတ်ပြီး နည်းနည်းများ ထူးဆန်းသွားသလား။ သွေးဆုံးတာက အမျိုးသမီးတွေမှာပဲ ဖြစ်တာပါ။ အမျိုးသားတွေမှာ ဖြစ်လို့လားပေါ့။ ဟုတ်ပါတယ်။ သွေးဆုံးတာက အမျိုးသမီးတွေမှာပဲ ဖြစ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ သွေးဆုံးတာကို menopause လို့ ခေါ်ပြီး အမျိုးသားတွေမှာ သွေးဆုံးတာကိုတော့ andropause လို့ ခေါ်ပါတယ်။ ဒီတစ်ခေါက် ပြောပြချင်တာကတော့ အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့ လုပ်ဆောင်ပေးလို့ ရမယ့် နည်းလမ်းလေးတွေပါ။ အမျိုးသားများ သွေးဆုံးခြင်း [သို့မဟုတ်] Andropause အမျိုးသားတွေမှာ သွေးဆုံးတယ်ဆိုတာက အသက်အရွယ်ကြောင့် တက်စတိုစတုန်းဟော်မုန်း ထုတ်လုပ်မှု နည်းသွားတာကို ဆိုလိုတာပါ။ အသက်အရွယ်အလိုက် ဟော်မုန်း ပြောင်းလဲတာက အမျိုးသားတွေ နဲ့ အမျိုးသမီးတွေမှာ ကွာခြားနိုင်ပါတယ်။ အမျိုးသမီးတွေမှာ သားဥကြွေတာ အဆုံးသတ်သွားတာဖြစ်ပြီး ဒီလို ကာလတိုအတွင်းမှာ […]

အမျိုးသားကျန်းမာရေးဆိုင်ရာများ ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုက်ရည်က ဘာကြောင့်အရောင်ပြောင်းသွားတာလဲ

ကျန်းမာတဲ့ အမျိုးသားတစ်ယောက်ရဲ့ သုက်ရည်က မီးခိုးနဲ့ အဖြူစပ်ကြားအရောင်ရှိတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒီသုက်ရည်ရဲ့ အရောင်ဟာ ကျန်းမာရေးအခြေအနေတွေပေါ်မူတည်ပြီး အရောင်ပြောင်းသွားနိုင်ပါတယ်။ တခြားပုံမှန်မဟုတ်တဲ့ လက္ခဏာတွေမရှိရင်၊ ခဏလေးပဲ အရောင်ပြောင်းပြီး နောက်ပိုင်း ပုံမှန်အရောင်အတိုင်း ပြန်ဖြစ်သွားရင်တော့ သိပ်ပြီး စိုးရိမ်ဖို့ မလိုပါဘူးခင်ဗျ။ သုက်ရည်က အရောင်ပြောင်းနိုင်သလား၊၊ ၁။ အဖြူရောင်၊ အကြည်ရောင်၊ မီးခိုးရောင်ဆိုရင် ကျန်းမာတယ်၊ ပုံမှန်သုက်ရည်အရောင်လို့ သတ်မှတ်နိုင်ပါတယ်။ ကယ်လ်စီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ ပိုတက်စီယမ်၊ အင်ဇိုင်း၊ ဖိုင်ဘရီနိုလိုင်စင် အစရှိတဲ့ ဓာတ်သတ္တုတွေကြောင့် ဒီလိုအရောင်မျိုး ထွက်လာရတာပါ။ ၂။ အဝါရောင်၊ စိမ်းဖန့်ဖန့်ရောင်ကတာ့ ဆီးလမ်းကြောင်းမှာကျန်နေခဲ့တဲ့ ဆီးနဲ့ သုက်ရည်ရောသွားတာ၊ အသည်းရောင် အသားဝါဖြစ်နေတာ၊ သုက်ရည်ထဲမှာ သွေးဖြူဆဲလ်တွေ များနေတာ၊ ဆီးကျိတ်ထဲ ပိုးဝင်တာ၊ အဝါရောင်ဆိုးဆေးတွေ ပါတဲ့ အစားအစာတွေ စားသုံးတာ၊ အရက်အလွန်အကျွံသောက်တာကြောင့် ဖြစ်နိုင်ပါတယ်။ ၃။ သုက်ရည်ထဲ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ပုရိသတို့ ကာမခွန်အား တိုးစေမယ့် သဘာဝနည်းလမ်းကောင်းများ

အမျိုးသားတိုင်းကတော့ ကာမခွန်အား တိုးချင်ကြတာပါပဲ။ အရင်ကထက် ပိုကောင်းတဲ့ ခံစားချက်မျိုး ရချင်တယ်။ ကိုယ့်ရဲ့ အဖော်ကိုလည်း ကိုယ်မှကိုယ် တမ်းတမ်းစွဲသွားလောက်တဲ့အထိ လိင်ပိုင်းဆိုင်ရာမှာ သန်စွမ်းတဲ့သူ တစ်ယောက်အဖြစ် မြင်စေချင်တယ်။ အမျိုးသားတွေ ကိုယ်တိုင် ကျန်းမာကြံ့ခိုင်နေမှ ကာမကိစ္စမှာ စွမ်းစွမ်းတမံ အားစိုက်ထုတ်နိုင်မှာပါ။ ဒီလို ကာမခွန်အား တိုးဖို့ ကြာဆေးတွေ၊ အားဆေးတွေသောက်တာထက် သဘာဝအတိုင်း နည်းမှန်လမ်းမှန် ကျင့်ကြံတာက ပိုမကောင်းဘူးလား။ ဒါဆိုရင် ကာမအတွက်ရော၊ အမျိုးသားတို့ရဲ့ အထွေထွေကျန်းမာရေးအတွက်ပါ အကျိုးရှိစေမယ့် သဘာဝနည်းလမ်းတွေကို ဒီဆောင်းပါးကနေ ပြောပြပေးချင်ပါတယ်။ ပုရိသတို့ ကာမခွန်အား တိုးစေမယ့် သဘာဝနည်းလမ်းကောင်းများ ပုရိသတို့ ကာမခွန်အား တိုးစေမယ့် သဘာဝနည်းလမ်းကောင်းများ ကတော့ ၁။ တက်တက်ကြွကြွနေပါ။ ယောက်ျားပီသချင်ရင် ထိုင်ခုံမှာပဲ အချိန်ပြည့်ထိုင်မနေဘဲ လှုပ်လှုပ်ရှားရှားနေပါ။ ကိုယ်ခန္ဓာက လှုပ်ရှားတက်ကြွနေတဲ့အခါ သွေးစီးဆင်းနှုန်းကလည်း ပိုကောင်းလာပြီး နှလုံးကို ကျန်းမာစေပါတယ်။ ကြွက်သားတွေကိုလည်း ပုံစံကျစေလို့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုက်ထွက်မြန်တဲ့ အမျိုးသားထုအတွက် အသုံးဝင်မယ့်နည်းလမ်းတချို့

လိင်ကျန်းမာရေးလို့ဆိုရာမှာ အမျိုးသားတွေရော အမျိုးသမီးတွေရော သူ့ပြဿနာနဲ့ သူတော့ ရှိတတ်ပါတယ်။ အမျိုးသားတွေမှာဆိုရင်လည်း လိင်တံကောင်းစွာ မထောင်မတ်နိုင်တာ၊ သုက်လွှတ်မြန်တာ၊ သုက်လွှတ်ဖို့ ကြာလွန်းတာ၊ မျိုးမအောင်တာ အစရှိသဖြင့်ပေါ့။ ဒီနေ့မှာတော့ အမျိုးသားထုကြီး မကြာခဏမေးတတ်ကြတဲ့ သုက်လွှတ်မြန်တဲ့ ပြဿနာကို ဖြေရှင်းဖို့ လုပ်ကြည့်လို့ ရတဲ့ နည်းလမ်းတချို့ကို ဝေမျှပေးချင်ပါတယ်။ ၁။ ဖြည်းဖြည်းချင်းပဲ စပါ။ ပြီးပြီးရောဆိုပြီး စကတည်းက အင်နဲ့အားနဲ့ ဝင်လိုက်ရင်တော့ ကိုယ့်အတွက်ရော ကိုယ့်အဖော်ကိုပါ အပြည့်အဝ အားရကျေနပ်စိတ် ဖြစ်စေမှာ မဟုတ်ပါဘူး။ လိင်မှုကိစ္စဆိုတာလည်း ပန်းချီကားတစ်ချပ်လိုပါပဲ။ သေချာခံစားကြည့်တတ်ဖို့ လိုပါတယ်။ ဒါကြောင့် ဖြည်းဖြည်းချင်းပဲ စပါ။ ထိုးသွင်းဆက်ဆံဖို့ကို မလောပါနဲ့။ ကိုယ့်အတွက်ရော၊ ကိုယ့်အဖော်အတွက်ပါ နှစ်ဦးနှစ်ဖက်လုံး ဆန္ဒအထွတ်အထိပ်ရောက်တဲ့အထိ နှိုးဆွကြည့်ပါ။ စစချင်း ထိုးသွင်းဆက်ဆံတဲ့အခါ ဖြည်းဖြည်းချင်းစီ သူ့စည်းချက်နဲ့သူ မျောပါသွားပါ။ အားမထည့်ပါနဲ့။ ၂။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ပုံမှန်မဟုတ်တဲ့ သုက်ရည်စိမ့်ထွက်ခြင်းဆိုတာဘာလဲ။

သုက်ရည်ထွက်တယ်ဆိုတာ ကျန်းမာတဲ့ အမျိုးသားတွေအတွက်တော့ အထူးတဆန်းကိစ္စတစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်က တစ်ကိုယ်ရေ အာသာဖြေထားတာ၊ လိင်ပိုင်းဆိုင်ရာ အတွေးတွေ တွေးနေတာမျိုးလည်း မလုပ်ဘဲ ဆီးသွားနေတဲ့အချိန်၊ ဒါမှမဟုတ် အလုပ်လုပ်နေရင်း သုက်ရည်စိမ့်ထွက်တာမျိုး ခဏခဏ ဖြစ်နေပြီဆိုရင်တော့ နည်းနည်းစဉ်းစားဖို့လိုပါပြီ။ ပုံမှန်မဟုတ်တဲ့ သုက်ရည်စိမ့်ထွက်ခြင်းကို ဘာတွေကဖြစ်စေတာလဲ။ မကြာခဏ လိင်စိတ်အာသာဖြေတဲ့အကြောင်း တွေးမိတာအပြင် ညဘက်တွေမှာ လိင်ဆက်ဆံနေတဲ့ အိပ်မက် (Wet Dream) မက်တာ သောက်နေတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဆီးကျိတ်နဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ အာရုံကြော ထိခိုက်မိတာ အစရှိတဲ့အကြောင်းရင်းတွေဟာ ပုံမှန်မဟုတ်တဲ့ သုက်ရည်စိမ့်ထွက်မှုကို ဖြစ်စေနိုင်ပါတယ်။ ၁။ ညဘက်တွေမှာ လိင်ဆက်ဆံနေတဲ့ အိပ်မက်မက်ခြင်း လူပျိုဖော်ဝင်ကာစ အရွယ်၊ အသက် ၂၀နဲ့ ၃၀ကြား အမျိုးသားတွေ ညဘက်အိပ်တဲ့အခါ လိင်အာသာဖြေအိပ်မက် (Wet Dreams) မက်တာမျိုး […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ပုရိသများနှင့် သုက်ထွက်ရန်ကြာလွန်းတဲ့ ပြဿနာ

အမျိုးသားတွေနဲ့ လိင်ကျန်းမာရေးအကြောင်း ပြောမယ်ဆိုရင် လူတော်တော်များများက ပန်းသေပန်းညှိုးပြဿနာနဲ့ သုက်ထွက်မြန်တဲ့ အကြောင်းတွေကို ပိုပြီး မြင်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖြစ်များတဲ့ ပြဿနာတွေကိုး။ ဒီနေ့ ကျွန်တော်ပြောပြပေးမယ့် အကြောင်းအရာကတော့ တချို့အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ သုက်ထွက်ဖို့ ကြာလွန်းတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ဘယ်လိုအခြေအနေကို သုက်ထွက်ဖို့ ကြာတယ်လို့ သတ်မှတ်လို့ရလဲ။ ပုံမှန်အမျိုးသားတစ်ယောက်ရဲ့ ထိုးသွင်းဆက်ဆံနေစဉ် သုက်ထွက်ရန်ကြာချိန်ကို အတိအကျပြောလို့ မရဘူးဆိုပေမဲ့ မိနစ် ၃၀ထက် ပိုအချိန်ယူနေရတယ်ဆိုရင်တော့ သုက်ထွက်တာ ကြာတယ်လို့ ဆိုနိုင်ပါတယ်။ ဒီပြဿနာကို ဆေးပညာအရ Delayed Ejaculation (DE) လို့လည်း ခေါ်ကြပါတယ်။ DE ကို ဖြစ်စေတဲ့ အကြောင်းရင်းများစွာထဲမှာ အဖြစ်အများဆုံး တရားခံကတော့ စိတ်ကျန်းမာရေးပြဿနာပါပဲ။ တစ်ခါတစ်ရံမှာ သုက်လုံးဝ မထွက်တော့တဲ့အခြေအနေထိပါ ဖြစ်တတ်ပါတယ်။ ခဏတာလောက်ပဲ ဝေဒနာခံစားရတဲ့သူတွေလည်း ရှိသလို နှစ်ရှည်လများစွာ ကြာပြီး […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်းဆိုတာ ဘာလဲ

အမျိုးသားအများစုဟာ အသက်ကြီးလာတာနဲ့အမျှ ဆီးကျိတ်ဂလင်းတွေ ကြီးလာတဲ့ပြဿနာနဲ့ ရင်ဆိုင်တတ်ကြပါတယ်။ ဆီးကျိတ်ကင်ဆာနဲ့ မတူဘဲ ဆီးကျိတ်ကြီးနေတဲ့ ရောဂါကို Benign Prostatic Hyperplasia (BPH) - ကင်ဆာမဟုတ်သော ဆီးကျိတ်ကြီးခြင်းလို့ ခေါ်ပါတယ်။ ဆီးအိမ်ရဲ့ အောက်နားမှာရှိနေတဲ့ ဆီးကျိတ်ဂလင်းက ကြီးလာတာနဲ့အမျှ ဆီးစွန့်ပြွန်ကနေ ထွက်လာတဲ့ ဆီးတွေကို ပိတ်ဆို့လိုက်ပါတယ်။ ဒီအခါမှာ ဆီးသွားရတာ အဓိကပြဿနာဖြစ်လာပါတယ်။ အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ ဟော်မုန်းမျှခြေ မငြိမ်တော့တာ၊ ဟော်မုန်းအပြောင်းအလဲများလာတာဟာ ဆီးကျိတ်ကြီးစေတဲ့ အဓိကတရားခံဖြစ်ပါတယ်။ အမြန်ဆုံး ကုသမှုခံယူမှသာ ဆီးအိမ်၊ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်မှာ နောက်ဆက်တွဲဆိုးကျိုးတွေ ကာကွယ်ပေးနိုင်မှာပါ။ ဆီးကျိတ်ကြီးနေပြီလားဆိုတာကို ဘယ်လိုစစ်ဆေးကြမလဲ။ အဓိက ဆီးလမ်းကြောင်းနဲ့ ဆက်စပ်နေတာ ဖြစ်တဲ့အတွက် ဆီးသွားနေတဲ့အချိန်၊ သုက်လွှတ်တဲ့အချိန်မှာ ပြောင်းလဲမှု တစ်စုံတစ်ရာကို တွေ့လာမှာပါ။ ဒီပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေမှာ ၁။ မကြာခဏ ဆီးသွားချင်စိတ်ဖြစ်တာ ရေအများကြီးသောက်ရင်တော့ ဆီးသွားချင်တာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အူကျွံတဲ့ ရောဂါနဲ့ ပက်သက်လို့ သိထားသင့်တဲ့ အချက်တွေ ။ ။

Q - အူကျွံတယ်ဆိုတာဘာလဲ ။ ။ အူကျွံတယ်ဆိုတာ ဗိုက်ထဲက အားလျော့နေတဲ့ ကြွက်သားနေရာကနေ အူအစိတ်အပိုင်းတချို့ ထွက်လာပြီး ဗိုက်ထဲကနေ ပေါင်ခြံနေရာကို ရောက်သွားတာကိုခေါ်တာပါ။ အမျိုသားတွေ မှာအဖြစ်များပြီး ကျွံတဲ့အူက ကပ္ပာယ်အိတ်ထဲ ဝင်ရာကနေ ကပ္ပာယ်အိတ်ကြီးလာတတ်ပါတယ်။ Q - အူကျွံနေတာကို ဘယ်လိုခံစားသိရှိနိုင်သလဲ ။ ။ အလေးအပင်မလိုက်တဲ့အခါ ၊ ချောင်းဆိုးလိုက်တဲ့အခါမှာ တင်းကနဲဖြစ်ပြီး ကျွံနေတဲ့ နေရာက ဖောင်းဖောင်းပြီး နာလာရင် အူကျွံတာဖြစ်နေနိုင်ပါတယ်။ အပေါက်ရှိနေတာကြောင့် အိပ်လိုက်ရင် ဗိုက်ထဲပြန်ဝင်သွားတတ်ပြီး ချောင်းဆိုးလိုက်ရင် ပြန်ဆင်းလာတတ်ပါတယ်။ Q - အူကျွံတာ ဘယ်နှစ်မျိုးရှိသလဲ ။ ။ အူကျွံတာက ပေါင်ခြံတစ်ဘက်တည်းရော၊ နှစ်ဘက်စလုံးမှာရော ဖြစ်တတ်ပါတယ် ။ အူကျွံတာ ၂ မျိုးရှိပါတယ်။ ၁ - Indirect inguinal hernia - မွေးရာပါ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများနှင့် ပေါင်ခြံတစ်ဝိုက် ချွေးအလွန်အကျွံထွက်ခြင်း

ပုရိသယောက်ျားသားတွေအတွက် အမြဲတမ်း ချွေးတွေထွက်နေတတ်တာ သဘာဝပါပဲ။ အထူးသဖြင့် ခုလို ပူလွန်းအိုက်လွန်းတဲ့ ရာသီဥတုမှာ အပြင်ထွက်ပြီး သွားလာနေရတာ၊ လေ့ကျင့်ခန်း၊ အားကစား ပြင်းပြင်းထန်ထန်လုပ်ပြီးတဲ့အချိန်ဆို ပေါင်ခြံတစ်ဝိုက်မှာ ချွေးတွေ ရွှဲနေတော့တာပေါ့။ ဘာကြောင့် ချွေးတွေ အလွန်အကျွံထွက်လာတာလဲ။ အပြင်က အပူချိန်ကို ကိုယ်ခန္ဓါက တုံ့ပြန်တဲ့အနေနဲ့ ချွေးပေါက်တွေကနေ ချွေးတွေ အများအပြားထွက်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေ၊ လိင်အင်္ဂါ၊ ပေါင်ခြံ၊ တင်ပါး၊ ချိုင်းနေရာတွေမှာ ချွေးပိုပြီး ထွက်နိုင်ပါတယ်။ ချွေးထွက်တာဟာ စိုးရိမ်စရာကိစ္စမဟုတ်ပေမဲ့ သူ့နောက်ကနေ ယားယံတာ၊ ပွန်းရှတာ၊ နေရထိုင်ရခက်တာ၊ အောက်သိုးသိုး ညှီတဲ့အနံ့တွေ ထွက်လာပြီဆိုရင်တော့ နည်းနည်းလေး စဉ်းစားစရာ ဖြစ်လာပါပြီ။ ပေါင်ခြံတစ်ဝိုက်မှာ ချွေးအလွန်အကျွံထွက်စေတဲ့ အကြောင်းရင်းတွေ ယေဘုယျအားဖြင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီး ချွေးထွက်တဲ့ ပမာဏများပါတယ်။ ပုံမှန်ထက် ချွေးထွက်များနေပြီဆိုရင်တော့ ဒီအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ ၁။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဝှေးစေ့ နဲ့ လိင်အင်္ဂါတစ်ဝိုက် ယားနေတာ စိုးရိမ်စရာရှိလား

ဝှေးစေ့ ၊ ပေါင်ခြံနဲ့ လိင်အင်္ဂါပတ်လည်မှာ ယားယံနေသလို ခံစားနေရတယ်ဆိုတာ အမျိုးသားတွေမှာ မကြာခဏ တွေ့ရတတ်တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ မနက်ခင်း အပြင်ထွက်လမ်းလျှောက်တဲ့အခါ၊ အားကစားလုပ်တဲ့အခါမျိုးမှာ ဝှေးစေ့နဲ့ ပေါင်ခြံတစ်ဝိုက်မှာ ချွေးအလွန်အကျွံ ထွက်တာကြောင့် တစ်ခါတစ်လေ အရေပြား ယားယံသလို ဖြစ်နိုင်ပါတယ်။ ရေပုံမှန်မချိုးတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ဒီလိုနေရာတွေမှာ ယားယံနေခြင်းဟာ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းတဲ့ အမျိုးသားတွေ၊ အဝတ်အစားတွေကို ပုံမှန်မလျှော်ဖွပ်ဘဲ ဝတ်ပြီးသားအဝတ် နောက်နေ့ပြန်ဝတ်တတ်တဲ့ အကျင့်ရှိသူတွေမှာ ဖြစ်တာ များပါတယ်။ ပုံမှန်အားဖြင့်တော့ စိုးရိမ်စရာ ကိစ္စမဟုတ်ပေမယ့် ယားနေတာ ကြာလာပြီဆိုရင်တော့ ကျန်းမာရေးနဲ့ အရေပြားမှာ ပြဿနာရှိနေတာ ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို သံသယဝင်နေပြီ ဒါမှမဟုတ် ရေဘယ်လောက်ချိုးချိုး ယားတဲ့ ဝေဒနာ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှု […]


အမျိုးသားကျန်းမာရေး

ယောက်ျားလေးတွေ ဆီးခုံမွေး ပုံမှန်ရိတ်ပေးဖို့ လိုအပ်လား

လိင်တံပတ်လည်မှာ ရှိတဲ့ ဆီးခုံမွေးတွေကို ရိတ်ဖို့ လိုအပ်လားဆိုတာ ယောက်ျားလေးတွေ မကြာခဏ မေးတတ်ကြတဲ့ မေးခွန်းတွေထဲက တစ်ခုပါပဲ။ ကျန်းမာရေးအရ ကြီးမားတဲ့ ပြောင်းလဲမှုမျိုး၊ ကောင်းကျိုးများစွာ မရှိပေမယ့် တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးထားတယ်ဆိုရင်တော့ ရိတ်လို့ ရပါတယ်။ အရေပြား အလွန်နူးညံ့ပြီး ထိခိုက်လွယ်တဲ့ လိင်အင်္ဂါနားကို ဘလိတ်ဓားကိုင်ပြီး အမွေးရိတ်ဖို့ဆိုတာ တော်ရုံအမျိုးသားတွေအတွက်တော့ တွေးမိရုံနဲ့တင် အသည်းယားစရာ ကိစ္စ ဖြစ်မှာပါ။ နေ့စဉ် ရေပုံမှန်ချိုးပေးမယ်။ လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့သူတွေဆိုရင် အရေပြားအတွင်းကို ဆပ်ပြာ၊ ရေနဲ့ အမြဲ ဆေးကြောသန့်ရှင်းပေးမယ်ဆိုရင်တော့ အမွေးရိတ်ဖို့ မလိုအပ်ဘူးလို့သာ ပြောချင်ပါတယ်။ ဒါဆိုရင် ဆီးခုံမွေးရိတ်လို့ ဘာကောင်းကျိုး ရနိုင်လဲ။ ဘာလို့ တချို့ယောက်ျားလေးတွေက အရဲစွန့်ပြီး လိင်အင်္ဂါတစ်ဝိုက်က အမွေးအမျှင်တွေကို ရိတ်နေကြတာလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ဆီးခုံမွေး ရိတ်ခြင်းဆိုသည်မှာ လူပျိုဖြစ်တဲ့အချိန် လိင်အင်္ဂါအပေါ်ဘက်မှာ အမွေးအမျှင်တွေ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း