အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဆီးကျိတ်ပြဿနာ၊ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတာတွေက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက ဘယ်လိုအကြံပေးထားလဲဆိုတာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့

ခေါင်းစဉ်ကို ဖတ်ပြီး နည်းနည်းများ ထူးဆန်းသွားသလား။ သွေးဆုံးတာက အမျိုးသမီးတွေမှာပဲ ဖြစ်တာပါ။ အမျိုးသားတွေမှာ ဖြစ်လို့လားပေါ့။ ဟုတ်ပါတယ်။ သွေးဆုံးတာက အမျိုးသမီးတွေမှာပဲ ဖြစ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ သွေးဆုံးတာကို menopause လို့ ခေါ်ပြီး အမျိုးသားတွေမှာ သွေးဆုံးတာကိုတော့ andropause လို့ ခေါ်ပါတယ်။ ဒီတစ်ခေါက် ပြောပြချင်တာကတော့ အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့ လုပ်ဆောင်ပေးလို့ ရမယ့် နည်းလမ်းလေးတွေပါ။ အမျိုးသားများ သွေးဆုံးခြင်း [သို့မဟုတ်] Andropause အမျိုးသားတွေမှာ သွေးဆုံးတယ်ဆိုတာက အသက်အရွယ်ကြောင့် တက်စတိုစတုန်းဟော်မုန်း ထုတ်လုပ်မှု နည်းသွားတာကို ဆိုလိုတာပါ။ အသက်အရွယ်အလိုက် ဟော်မုန်း ပြောင်းလဲတာက အမျိုးသားတွေ နဲ့ အမျိုးသမီးတွေမှာ ကွာခြားနိုင်ပါတယ်။ အမျိုးသမီးတွေမှာ သားဥကြွေတာ အဆုံးသတ်သွားတာဖြစ်ပြီး ဒီလို ကာလတိုအတွင်းမှာ […]

အမျိုးသားကျန်းမာရေးဆိုင်ရာများ ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုက်လွှတ်စောခြင်းကို ကုသနည်း

အမျိုးသားအတော်များများဟာ သုက်လွှတ်စောခြင်းအကြောင်း ပြောဆိုဖို့ ရှက်ရွံ့တတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာ အလွန်အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာရောဂါ တစ်ခုဖြစ်ပြီး အမျိုးသား သုံးယောက်မှာ တစ်ယောက်က သူတို့တစ်သက်မှာ တစ်ချိန်ချိန်တော့ ခံစားရပါတယ်။ သင့်မှာ အချိန်မတန်ဘဲ သုက်လွှတ်တဲ့ ပြဿနာဖြစ်နေပြီဆိုရင် စိတ်ပူစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ ဒီပြဿနာဟာ ကုသပျောက်ကင်းနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ သင့်ရဲ့ ရှက်ရွံ့ခြင်းတွေကို ဘယ်လို ကျော်လွှားရမယ်ဆိုတာ ဖော်ပြထားပါတယ်။ အခြေအနေ အတော်များများမှာတော့ အချိန်မတိုင်ဘဲ သုက်လွှတ်ခြင်းဟာ သူ့ဘာသာ ပြန်ကောင်းနိုင်တဲ့အတွက် ကုသစရာ မလိုပါဘူး။ ဒါပေမယ့် မပျောက်ကင်းဘဲနဲ့ သင့်ဘဝကို ထိခိုက်နေပြီ ဆိုရင်တော့ အောက်ဖော်ပြပါ ကုသနည်းတွေကို တစ်ခုချင်း (သို့) နည်းတွေကို ပေါင်းစပ်ကုသခြင်း ပြုနိုင်ပါတယ်။ ဆေး ဆရာဝန်တွေဟာ အချိန်မတိုင်ဘဲ သုက်လွှတ်ခြင်း အတွက် clomipramine နဲ့ paroxetine အစရှိတဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများတွင်ကိုလက်စထရော (cholesterol) များခြင်း

ကိုလက်စထရောဟာ လူ့ခန္ဓါကိုယ်ရဲ့ အစာခြေစနစ်အတွက်လိုအပ်ပါတယ်။ သူဟာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်ရရှိဖို့အတွက် အဆီကိုဖြိုခွင်းပြီး ဟော်မုန်းနဲ့ ဗီတာမင်ဓါတ်တွေကို ထုတ်လုပ်ရာမှာ ကူညီပေးပါတယ်။ ဒါပေမယ့် ကိုလက်စထရောဓါတ်များလွန်းခြင်းဟာ လေဖြတ်ခြင်းနဲ့ အခြားနှလုံးရောဂါ ပြဿနာတွေကို ဖြစ်ပွားမှုကို မြင့်တတ်စေပါတယ်။   ပထမဦးစွာ ကိုလက်စထရောနဲ့ ပတ်သက်တဲ့ အခြေခံကျတဲ့အချက်တွေကို လေ့လာကြည့်ကြပါစို့။ ခြုံပြောရရင် လူ့ကိုယ်ခန္ဓါလည်ပတ်ဖို့ ကိုလက်စထရောကိုလိုအပ်ပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ သူဟာ အစာခြေခြင်းနဲ့ အာဟာရ စုပ်ယူခြင်း လုပ်ငန်းဆောင်တာတွေမှာ အရေးကြီးပါတယ်။ ခန္ဓါကိုယ်က ကိုလက်စထရောကို အသည်းနဲ့ တခြား ဆဲလ်တွေက ပြုလုပ်ရရှိပြီးတော့ အသားနဲ့ ဥ စသည်တို့က စုပ်ယူရရှိပါတယ်။ ကိုလက်စထရောမှာ LDL နဲံ HDL ဆိုပြီး အမျိုးအစားနှစ်ခုရှိပါတယ်။ ပထမ အမျိုးအစားကိုတော့ Low density lipoprotein (LDL) လို့ ခေါ်ပြီး နောက်တစ်မျိုးကို […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

စိုးရိမ်ပူပန်မှုများသောအမျိုးသားများသည် ကင်ဆာရောဂါကြောင့်သေဆုံးနိုင်ခြေများပါတယ်

အမျိုးသားများ၏ သေဆုံးခြင်းနှင့်ပတ်သက်သောစိုးရိမ်မှုသည် အမျိုးသမီးများနှင့်မတူပေ။ လွန်ကဲစွာစိုးရိမ်တတ်ခြင်းက ကင်ဆာရောဂါဖြစ်၍သေဆုံးနိုင်ခြေကိုနှစ်ဆတိုးစေသည်။ စိုးရိမ်ပူပန်မှုများသော အမျိုးသားများသည် အခြားအမျိုးသားများထက် ကင်ဆာရောဂါဖြစ်၍ သေဆုံးနိုင်ခြေ ၂ဆများခြင်းကိုလေ့လာမှုတစ်ခုကတွေ့ရှိထားသည်။ သို့သော် စိတ်ကျန်းမာရေးချို့တဲ့သောအမျိုးသားများတွင်တော့ထူး၍ အန္တရာယ်မမြင်ပါဟုသုတေသနကဆိုသည်။ စိုးရိမ်မှုများသော အမျိုးသားများသည် ထိုစိုးရိမ်မှုကိုလျှော့ချရန် ဆေးလိပ်နှင့်အရက်တို့ကိုသောက်သုံးတက်ခြင်းကြောင့်ကင်ဆာဖြစ်နိုင်ခြေပိုမိုမြင့်မားရသည်။ အမျိုးသမီးများက ရောဂါဖြစ်လျှင်ဆရာဝန်နှင့်စောစီးစွာပြတတ်သဖြင့် ရောဂါကိုဆောလျင်စွာသိရှိပြီးကုသမှုလုပ်ရလွယ်ကူစေသည်။ လေ့လာမှုတစ်ခုက ဗြိတိန်နိုင်ငံသား ၁၅၉၃၈ ယောက်တွင် စိုးရိမ်ပူပန်သောကခံစားနေရသည်ဟုဆိုသည်။ ထိုရောဂါ၏ သဘာဝမှာ ဘဝနှင့်ပတ်သက်သောအတွေးအမြင်များတွင် လိုအပ်သည်ထက်ပိုမို၍ အထိန်းအကွပ်မဲ့ပူပန်တတ်မှုပင် ဖြစ်သည်။ ရောဂါလက္ခဏာများမှာ ကြွက်သားများနာကျင်ခြင်း ၊ အိပ်မပျော်ခြင်း ၊ အာရုံစူးစိုက်ရခက်ခြင်း နှင့် ဂနာမငြိမ်ခြင်းတို့ဖြစ်သည်။ လေ့လာမှုတွင် အမျိုးသား ၁၂၆ ယောက် (ပါဝင်သောလူဦးရေ၏ ၁.၈ %) နှင့် အမျိုးသမီး ၂၁၅ ယောက် (ပါဝင်သော လူဦးရေ၏ ၂.၄% )သည် ထိုရောဂါခံစားနေရသည်ကိုတွေ့ရှိရသည်။ ၁၅ နှစ်ကြာစောင့်ကြည့်ကုသရာတွင် စိုးရိမ်လွန်ရောဂါခံစားရသောအမျိုးသားများသည် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားမျိုးပွားအင်္ဂါစနစ်

အမျိုးသားမျိုးပွားအင်္ဂါစနစ်ဟာ မျိုးဆက်ပွားနိုင်မယ့် အင်္ဂါအစိတ်အပိုင်းတွေ နဲ့ပါဝင်ဖွဲ့စည်းထားပါတယ်။ ၎င်းအစိတ်အပိုင်းတွေက သုက်ရည်ထွက်ရှိခြင်း နဲ့သယ်ယူပို့ဆောင်ခြင်း၊သုက်ပိုးထုတ်လွှတ်ခြင်းနဲ့ ဟော်မုန်းထုတ်လုပ်ခြင်းတို့ကို လုပ်ဆောင်ပေးပါ တယ်။ အမျိုးသမီးမျိုးပွားအင်္ဂါစနစ်နဲ့ယှဉ်ရင် အမျိုးသားမျိုးပွားအင်္ဂါစနစ်ဟာ လိင်တံ၊ကပ်ပယ်အိတ်၊ နဲ့ ဝှေးစေ့တို့အပါအဝင် ခန္ဓါကိုယ်ပြင်ပမှာ အများဆုံး အခြေခံပါတယ်။   ၁။ လိင်တံ လိင်တံဟာ လိင်မှုကိစ္စမှာအသုံးပြုရတဲ့အစိတ်အပိုင်း ဖြစ်ပါတယ်။ အခြေခံအားဖြင့် ၎င်းမှာအပိုင်း ၃ ပိုင်းရှိပါ တယ်- ဝမ်းဗိုက်နဲ့တစ်ဆက်တည်းရှိတဲ့ အရင်းပိုင်း၊ ကိုယ်ထည်နဲ့ အာရုံကြောများစုဝေးရာ အဖျားပိုင်း တို့ ဖြစ်ပါတယ်။ လိင်တံရဲ့ အဆုံးမှာ သုက်ပိုးနဲ့ဆီးကို ထုတ်ပေးတဲ့ပြွန်တစ်ခုရှိပါတယ်။ ထို သုက်ပို့ပြွန် တနည်းအားဖြင့် ဆီးစွန့်ပြွန်ကနေတဆင့် သုက်ပိုးတွေ ထုတ်ပေးတဲ့လုပ်ငန်းစဉ်ကို သုက်ပိုးထုတ်လွှတ်ခြင်း လို့ခေါ်ပါတယ်။   ၂။ ကပ်ပယ်အိတ် ကပ်ပယ်အိတ်ဆိုတာ ဝှေးစေ့၊ အာရုံကြောနဲ့ သွေးကြောတွေကို အတူတကွ ထိန်းသိမ်းထားတဲ့ အရေပြားအိတ်တစ်ခုဖြစ်ပါတယ်။ ၎င်းက ဝှေးစေ့တွေ ကို ကာကွယ်ပေးရုံတင်မက […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားမျိုးပွားအင်္ဂါစနစ်

အမျိုးသားမျိုးပွားအင်္ဂါစနစ်ဟာ မျိုးဆက်ပွားနိုင်မယ့် အင်္ဂါအစိတ်အပိုင်းတွေ နဲ့ပါဝင်ဖွဲ့စည်းထားပါတယ်။ ၎င်းအစိတ်အပိုင်းတွေက သုက်ရည်ထွက်ရှိခြင်း နဲ့သယ်ယူပို့ဆောင်ခြင်း၊သုက်ပိုးထုတ်လွှတ်ခြင်းနဲ့ ဟော်မုန်းထုတ်လုပ်ခြင်းတို့ကို လုပ်ဆောင်ပေးပါ တယ်။ အမျိုးသမီးမျိုးပွားအင်္ဂါစနစ်နဲ့ယှဉ်ရင် အမျိုးသားမျိုးပွားအင်္ဂါစနစ်ဟာ လိင်တံ၊ကပ်ပယ်အိတ်၊ နဲ့ ဝှေးစေ့တို့အပါအဝင် ခန္ဓါကိုယ်ပြင်ပမှာ အများဆုံး အခြေခံပါတယ်။   ၁။ လိင်တံ လိင်တံဟာ လိင်မှုကိစ္စမှာအသုံးပြုရတဲ့အစိတ်အပိုင်း ဖြစ်ပါတယ်။ အခြေခံအားဖြင့် ၎င်းမှာအပိုင်း ၃ ပိုင်းရှိပါ တယ်- ဝမ်းဗိုက်နဲ့တစ်ဆက်တည်းရှိတဲ့ အရင်းပိုင်း၊ ကိုယ်ထည်နဲ့ အာရုံကြောများစုဝေးရာ အဖျားပိုင်း တို့ ဖြစ်ပါတယ်။ လိင်တံရဲ့ အဆုံးမှာ သုက်ပိုးနဲ့ဆီးကို ထုတ်ပေးတဲ့ပြွန်တစ်ခုရှိပါတယ်။ ထို သုက်ပို့ပြွန် တနည်းအားဖြင့် ဆီးစွန့်ပြွန်ကနေတဆင့် သုက်ပိုးတွေ ထုတ်ပေးတဲ့လုပ်ငန်းစဉ်ကို သုက်ပိုးထုတ်လွှတ်ခြင်း လို့ခေါ်ပါတယ်။   ၂။ ကပ်ပယ်အိတ် ကပ်ပယ်အိတ်ဆိုတာ ဝှေးစေ့၊ အာရုံကြောနဲ့ သွေးကြောတွေကို အတူတကွ ထိန်းသိမ်းထားတဲ့ အရေပြားအိတ်တစ်ခုဖြစ်ပါတယ်။ ၎င်းက ဝှေးစေ့တွေ ကို ကာကွယ်ပေးရုံတင်မက […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

Epididymitis (သုက်ပို့ပြွန်ရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Epididymitis (သုက်ပို့ပြွန်ရောင်ရမ်းခြင်း) ကဘာလဲ။ သုက်ပို့ပြွန်ဆိုသည်မှာ သင့်ရဲ့ ဝှေးစေ့ကနေ ဆီးစွန့်ပြွန်ဆီကို သုက်ကောင်တွေကို ပို့ပေးတဲ့ဝှေးစေ့ရဲ့ အနောက်မှာရှိတဲ့ပြွန် တစ်ခုပဲဖြစ်ပါတယ်။ သုက်ပို့ပြွန်ရောင်ရမ်းခြင်း ဆိုသည်မှာ ပိုးဝင်၍ဖြစ်စေ အခြားအခြေအနေ အကြောင်းတစ်ခုခုကြောင့်ဖြစ်စေ သုက်ပို့ပြွန်ရောင်ရမ်း ခြင်းဖြစ်ပါတယ်။ အများဆုံးဖြစ်စေတဲ့ အကြောင်း အရာကတော့ ဘက်တီးရီးပိုးဝင်ခြင်းနဲ့ လိင်ဆက်ဆံခြင်း မှတစ်ဆင့် ရောဂါ ကူးစက်ခြင်းပဲဖြစ်ပါတယ်။ ဝှေးစေ့ ဟာလည်းကူးစက်ခံရပြီးရောင်ရမ်းလာနိုင်ပါတယ်။ ဒါကိုတော့ သုက်ပို့ပြွန်နှင့်ဝှေးစေ့ရောင်ရမ်းခြင်း (epididymo-orchitis) လို့ခေါ်ကြပါတယ်။ Epididymitis (သုက်ပို့ပြွန်ရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ သုက်ပို့ပြွန်ရောင်ရမ်းခြင်းဟာယောက်ျားလေးတွေမှာအဖြစ်များပါတယ်။ အသက်၁၉ နှစ်ကနေ ၂၅နှစ်နဲ့ ၃၅နှစ်အထိမှာ အဖြစ်အများဆုံးဖြစ်ပြီး ဖြစ်ပွားနိုင်ချေကို မြင့်မားစေတဲ့ အရာတွေကိုလျှော့ချခြင်းဖြင့် ဒီလို ရောင်ရမ်းတာကနေ ကာကွယ်နိုင်ပါတယ်။ ဒီထက်အသေးစိတ် သိလိုလျှင်တော့ ဆရာဝန်နဲ့ ကိုယ်တိုင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများEpididymitis (သုက်ပို့ပြွန်ရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးလက္ခဏာတွေကတော့ • သုက်ပို့ပြွန်ရောင်ပြီးနာနေခြင်း • အဖျားအနည်းငယ်ရှိခြင်း • ချမ်းတုန်ခြင်း […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

Hydrocele (မုတ္တရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hydrocele (မုတ္တရောဂါ) ကဘာလဲ။ hydrocele (မုတ္တရောဂါ)ဆိုသည်မှာ ဝှေးစေ့တစ်လုံး သို့ နှစ်ဖက်လုံး ပတ်လည်တွင် နာကျင်ခြင်းမရှိ ရေများစုဝေးပြီး ကပ်ပယ်အိတ် သို့ ပေါင်ခြံနေရာတွင် ဖောင်းလာစေတဲ့ ရောဂါဖြစ်ပါတယ်။ ၎င်းရောဂါဟာ ကြည့်ရဆိုးပြီး နေရခက်သော်လည်း ပုံမှန်အားဖြင့် နာကျင်မှုမရှိသလို အန္တရာယ်လည်း မရှိနိုင်ပါဘူး။ Hydrocele (မုတ္တရောဂါ) က ဘယ်လောက်အဖြစ်များသလဲ မုတ္တရောဂါ အများစုဟာ မွေးတဲ့အချိန်မှာ ရှိတတ်ပါတယ်။ မွေးကင်းစ ၁ ရာခိုင်နှုန်း မှ ၂ ရာခိုင်နှုန်း လောက်မှာ မုတ္တရောဂါ ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ မုတ္တရောဂါ ကို အသက် ၄၀ နောက်ပိုင်းတွေမှာ အဖြစ်များပါတယ်။ လက္ခဏာများHydrocele (မုတ္တရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ hydrocele က လက္ခဏာမပြတတ်ပေမဲ့ ကပ်ပယ်အိတ် ကြီးလာတာတော့ သတိပြုမိမှာပါ။ ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ နာခြင်း၊ ရောင်ခြင်း သို့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

Klinefelter's Syndrome ()

အဓိပ္ပါယ်ဖွင့်ဆိုချက်Klinefelter’s Syndrome ကဘာလဲ။ Klinefelter’s syndrome ဆိုသည်မှာ အမျိုးသားများ ဖြစ် သော မျိုးရိုးလိုက်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ ၎င်းသည် ဖွံ့ဖြိုးမှု၏ အဆင့်တိုင်းတွင် ထိခိုက်စေပါသည်။ ခန္ဓါကိုယ်၊ ဘာသာစကား နှင့် လူမှုဆက်ဆံရေး စသည်တို့ ဖြစ်သည်။ ပုံ မှန် အမျိုးသား လိင်ပိုင်းဆိုင်ရာ ဝိသေသများ မဖွံဖြိုးပါ။ Klinefelter’s Syndrome က ဘယ်လောက်အဖြစ်များသလဲ Klinefelter’s syndrome သည် အမျိုးသား အယောက် ၄၀၀ တွင် ၁ယောက်မှ အယောက် ၁၀၀၀ တွင် ၁ယောက် အထိ ဖြစ်နိုင်ပါသည်။ လက္ခဏာများKlinefelter’s Syndrome ရဲ့လက္ခဏာတွေကဘာတွေလဲ ဆယ်ကျော်သက်လူငယ် များနှင့် အမျိုးသားများတွင် ခန္ဓါ ကိုယ်နှင့် နှိုင်းယှဉ်ပါက ခြေ၊ လက်များ ရှည်ခြင်း ဖြစ်နိုင်သည်။ ဆယ်ကျော်သက်များသည် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

Hernia (အူကျခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hernia (အူကျခြင်း) ကဘာလဲ။ အူကျွံခြင်းသည် ကိုယ်တွင်းအင်္ဂါ သို့မဟုတ် တစ်ရှူးများ ( အူအခွေ စသော) သည် သူတို့နှင့် မသက်ဆိုင်သော နေရာများသို့ တိုးထွက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ကြွက်သား နံရံရှိ အပေါက် သို့မဟုတ် ပျော့သောနေရာများကို တိုးပြီး အလုံးအဖြစ် ထွက်ပေါ်လာပါသည်။ အူကျွံခြင်းသည် ဖိအား စိုက်ထားသော အချိန်တွင်သာ ဖြစ် ပါက ပြန်သွင်း၍ ရသည်ဟုခေါ်ပြီး အန္တရာယ် မများလှပါ။ အပေါက်ထဲတွင် တစ်ရှူးများ ပိတ်မိပြီး ပြန်ဆွဲ၍ မရခြင်းကို ချုပ်နှောင်ထားသော အူကျွံခြင်းဟုခေါ်ပြီး ဆိုးရွားသော ပြဿ နာဖြစ်ပါသည်။ အန္တရာယ်အများဆုံး အူကျွံခြင်းမှာ လိမ်ညစ် ခြင်းဖြစ်သည်။ ပိတ်မိသော တစ်ရှူးများသည် သွေးထောက်ပံ့မှု မရဘဲ သေဆုံးပါသည်။ Hernia (အူကျခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကလေးငယ်များတွင် အဖြစ်အများဆုံးမှာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း