အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဆီးကျိတ်ပြဿနာ၊ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတာတွေက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက ဘယ်လိုအကြံပေးထားလဲဆိုတာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့

ခေါင်းစဉ်ကို ဖတ်ပြီး နည်းနည်းများ ထူးဆန်းသွားသလား။ သွေးဆုံးတာက အမျိုးသမီးတွေမှာပဲ ဖြစ်တာပါ။ အမျိုးသားတွေမှာ ဖြစ်လို့လားပေါ့။ ဟုတ်ပါတယ်။ သွေးဆုံးတာက အမျိုးသမီးတွေမှာပဲ ဖြစ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ သွေးဆုံးတာကို menopause လို့ ခေါ်ပြီး အမျိုးသားတွေမှာ သွေးဆုံးတာကိုတော့ andropause လို့ ခေါ်ပါတယ်။ ဒီတစ်ခေါက် ပြောပြချင်တာကတော့ အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့ လုပ်ဆောင်ပေးလို့ ရမယ့် နည်းလမ်းလေးတွေပါ။ အမျိုးသားများ သွေးဆုံးခြင်း [သို့မဟုတ်] Andropause အမျိုးသားတွေမှာ သွေးဆုံးတယ်ဆိုတာက အသက်အရွယ်ကြောင့် တက်စတိုစတုန်းဟော်မုန်း ထုတ်လုပ်မှု နည်းသွားတာကို ဆိုလိုတာပါ။ အသက်အရွယ်အလိုက် ဟော်မုန်း ပြောင်းလဲတာက အမျိုးသားတွေ နဲ့ အမျိုးသမီးတွေမှာ ကွာခြားနိုင်ပါတယ်။ အမျိုးသမီးတွေမှာ သားဥကြွေတာ အဆုံးသတ်သွားတာဖြစ်ပြီး ဒီလို ကာလတိုအတွင်းမှာ […]

အမျိုးသားကျန်းမာရေးဆိုင်ရာများ ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုတ်ပို့ပြွန်လိမ်ခြင်း

အမျိုးသားတွေမှာအဖြစ်အများဆုံးပြဿနာတွေထဲက တစ်ခုဖြစ်ပြီး ရုတ်တရတ်ပြင်းပြင်းထန်ထန်နာကျင်စေတဲ့ အခြေအနေတစ်ခုဖြစ်တယ်။ သုတ်ပိုးလွှတ်တဲ့ပြွန်လိမ်ခြင်းကြောင့် ကပ်ပယ်အိတ်ဆီသို့ သွေးစီးခြင်းရပ်တန့်သွားတယ်။ အများစုမှာတစ်ဖက်ထဲသာဖြစ်တတ်ပြီး နှစ်ဖက်လုံးလိမ်တာတော့ ရှားပါတယ်။ ဆယ်ကျော်သက်တွေမှာအဖြစ်များတယ်ဆိုပေမယ့် တခါတလေမှာလည်းအသက်ကြီးသူတွေအပြင် မမွေးခင်မှာလည်းဖြစ်တတ်ပါတယ်။ အကြောင်းအရင်းများ မွေးရာပါအကြောင်းမဲ့ဖြစ်နိုင်သလို ပေါင်ခြံထိခိုက်ခြင်းကြောင့်လည်းဖြစ်နိုင်တယ်။ မွေးရာပါ ပါလာသူတွေမှာလည်း အခြေအနေဆိုးလာမှ သတိထားမိတတ်ပါတယ်။ သာမန်အခြေအနေတွေမှာ သုတ်ထုတ်အင်္ဂါဟာ ဘေးပတ်လည်က မာကြောတဲ့တစ်သျူးတွေကြောင့် ကယ်ပယ်အိတ်ထဲမှာ သီးသန့်မလှုပ်၇ှားနိုင်ပါဘူး။ သုတ်ပို့ပြွန်လိမ်ခြင်းကတော့ ထိုတစ်သျှူးတွေအားနည်းသွားသောကြောင့် ကပ်ပယ်အိတ်ထဲမှာ သုတ်ထုတ်အင်္ဂါလွတ်လွတ်လပ်လပ်ရွေ့သွားတာကြောင့် ဖြစ်တယ်။ ထိုသို့လှုပ်ရှားနိုင်တဲ့အခါ သုတ်ပို့ပြွန်လိမ်နိုင်ချေများတယ်။ ဒါ့အပြင် အားကစားတွင်ထခိုက်ခြင်း၊ ပြင်းထန်သောလှုပ်ရှားမှုများ သို့ အိပ်ပုံမှားခြင်းတို့ကြောင့်လည်း သုတ်ပို့ပြွန်လိမ်သွားနိုင်တယ်။ လက္ခဏာများ တွေ့ရအများဆုံးလက္ခဏာတွေကတော့ ကပ်ပယ်အိတ်ထဲမှာ နာကျင်ခြင်းဖြစ်တယ်။ နာကျင်ရုံအပြင်ကပ်ပယ်အိတ်ရောင်ရမ်းနိုင်ပါတယ်။ နာကျင်မှုဟာ သာမန်ကနေ ပြင်းပြင်းထန်ထန်ထိဖြစ်နိုင်တယ်။ တခြားလက္ခဏာတွေကတော့ - ဗိုက်နာခြင်း ပျို့ခြင်း၊ အန်ခြင်း သုတ်ထုတ်အင်္ဂါနေရာမြင့်နေခြင်း သို့ ပုံစံမမှန်ခြင်း ဆီးသွားရာတွင်နာခြင်း ဖျားခြင်း ကပ်ပယ်အိတ်တွင်အလုံးတွေ့ခြင်း သုတ်ရည်တွင်သွေးပါခြင်း ကုသမှု သုတ်ပို့ပြွန်လိမ်ပါက ခွဲစိတ်ရန်လိုပါတယ်။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ပိုကြည့်ကောင်းလာအောင် နှင့် ပိုနေလို့ကောင်းအောင် ကူညီပေးနိုင်မည့် အမျိုးသားကျန်းမာရေး နည်းလမ်း ၁၀ မျိုး

သင်စားသောအကျင့်က သင့်ကျန်းမာရေးနှင့်သင့်ပုံစံကိုများစွာသက်ရောက်မှုရှိသည်။ ထိုကြောင့် သင့်အစာပေါ်များစွာဂရုစိုက်သင့်သည်။ အောက်ပါဆယ်ချက်ကသင့်ကို ပိုကြည့်ကောင်းလာအောင် နှင့် ပိုနေလို့ကောင်းအောင် ကူညီပေးပါလိမ့်မယ်။ ၁။ ဒဏ္ဍာရီဆန်တာမျိုးကိုမယုံပါနှင့်။ မှော်ဆန်သောအစာ သို့မဟုတ် သင့်ခန္ဓါကိုယ်အတွက်လိုအပ်သည်ကိုတစ်ချက်နှင့်ပေးနိုင်သောအရာဆိုတာမျိုးမရှိပါ။ အမျိုးသမီးများကဲ့သို့ လူများက သူတို့၏အာဟာရကို အစားအသောက်အဖွဲ့မျိုးစုံမှရသည်။ ၂။ ရနိုင်သည့် ကျန်းမာသောအစာကိုအမြဲစားပါ။ သင်ရေခဲသေတ္တာကိုအသီးအရွက် အသား ပင်လယ်စာ အဆီနည်းသောဒိန်ချဉ် ကြက်ဥစသည်ဖြင့်အမြဲဖြည့်ထာပါ။ ၃။ ကောက်စပါးပြည့်ဝသောစပါးကိုစားပါ။ ကောက်စပါးတဝက်မဟုတ်သောအရာအစား ပြည့်ဝစွာပါသောအရာကိုစားပါ။ ပြည့်ဝကြောက်စပါးက ဗိုက်ဝစေရုံမက သင်အတွက်လိုအပ်သောအာဟာရများကိုပါပေးနိုင်သည်။ ပါမှန့်ဖြူ ဆန် နှင့် ပြန်တင်ထားသောစပါးများအစား ကောက်စပါးပြည့်ဝစွာပါသော ပါမှန့် ပါစတာ ဆန်အညို စသည်တို့ကိုစားနိုင်သည်။ ၄။ အဆီကိုမစားပါနှင့်။ အဆီများ သကြားထက်ထည့်ထားသောအစာများကိုရှောင်ပါ။ ကိတ် ကွတ်ကီး သကြာလုံရေခဲမှန့် စသည်တို့ကို မစားသင့်ပါ။ သေးသောပန်းကန်ဖြင့်စားပါ။ ၅။ ရေဓါတ်ပြည့်ဝအောင်နေပါ။ အချိုရည်သည် ယောက်ျားလေးများအစာတွင် တနေ့ ကယ်လိုရီ ၄၀၀ ထိတက်စေသည်။ ထို့ကြောင့် ကယ်လိုရီများသောအချိုရည် အရက်များကိုကန့်သတ်သောက်သင့်သည်။ သကြားများသောအရည်များကိုရှောင်ပါ။ ရေကိုသာသောက်သုံးသင့်သည်။ ၆။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ထိပ်ပြောင်ခြင်းသည် အမျိုးသားများတွင် နှလုံးရောဂါ ဖြစ်နိုင် ချေကို မြင့်တက်စေသည်။

ထိပ်ပြောင်သော အမျိုးသားများသည် နှလုံးရောဂါ ဖြစ်နိုင် ချေ ပိုပြီးမြင့်သည်ဟု သုတေသနအသစ်တစ်ခုက ဆိုသည်။ ကံကောင်းသည်မှာ ၎င်းသည် ခေါင်း၏ ထိပ်ပိုင်းတွင် ပြောင်ခြင်းကိုသာ ဆိုလိုခြင်း ဖြစ်သည်။ နဖူး ဆံပင်စပ်တွင် ပြောင်ခြင်း သည် ဖြစ်နိုင်ချေ မမြင့်ပါ။   ငယ်ရွယ်သူများသည် ဖြစ်နိုင်ချေ ပိုမြင့်သည်။ အမျိုးသားများတွင် ထိပ်ပြောင်ခြင်းနှင့် နှလုံးသွေးကြော ကျဉ်းရောဂါတို့အပေါ် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ ထို လေ့လာမှုများအနက် ၃ခုသည် ထိပ်ပြောင်သော အမျိုးသား များ၏ ကျန်းမာရေးကို အနည်းဆုံး ၁၁ နှစ်ကြာ စောင့်ကြည့် ခဲ့သည်။ ထိပ်ပြောင်သော အမျိုးသားများသည် ဆံပင်ပုံမှန်ရှိ သူများထက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေ ၃၂ ရာနှုန်း မြင့်တက်သည်ကို တွေ့ရသည်။ အသက် ၅၅-၆၀ အောက် အသက်အုပ်စုတွင် အံ့သြဖွယ်ကောင်းသော တွေ့ရှိမှု […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဖီးလိမ်းပြင်ဆင်ရာတွင် အမျိုးသားများ ပြုလုပ်တတ်သည့် အမှားများ

အမျိုးသား အများစုသည် အလှအပနှင့် ပတ်သက်ပြီး ခန္ဓါကိုယ်ကို ပုံမှန်ဂရုစိုက်ရန် လိုအပ်သည်ဟု မထင်ကြပါ။ ထို့အတူ ဖီးလိမ်းပြင် ဆင်ခြင်း၊ အသားအရေ ထိန်းသိမ်းခြင်းကိုလည်း ပုံမှန်ပြုလုပ်ရန် မလိုအပ်ဟု ထင်ကြပါသည်။ ကြည့်ကောင်းစေရန်၊ သန့်ရှင်းစေရန် အတွက် ဖီးလိမ်းပြင်ဆင်ခြင်းကို သေချာစွာ ဂရုစိုက်ရန် လိုအပ်ပါ သည်။ ဤဆောင်းပါးတွင် ဖီးလိမ်းပြင်ဆင်ခြင်းနှင့် ပတ်သက်၍ အများဆုံး ပြုလုပ်လေ့ ရှိသော အမှားများကို တင်ပြပါမည်။ ၁။ မျက်နှာကို ရေဓါတ်ဖြည့်ပေးသော အလှကုန်များ မသုံးခြင်း အမျိုးသားအများစုမှာ မျက်နှာ အရေပြားကို ဘာမှလိမ်းလေ့ မရှိပါ။ ထိုသို့ပြုလုပ်ခြင်းက အရေပြားကို ခြောက်သွေ့စေပြီး မျက်နှာကို တစ်ပြေးညီ ချောမွေ့စေခြင်း မရှိတော့ပါ။ ထိုအခါ အသားပတ်ပြီး ပုံမှန်ထက် အိုမင်း ရင့်ရော်စေပါသည်။ ထို့ကြောင့် ရေဓါတ်ပြန်လည် ဖြည့်တင်းပေးနိုင်သော […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကိုကိုတို့ ကြွက်သားတက်လာအောင်လေ့ကျင့်နေချိန်မှာ ဒါတွေစားပါ

ယောကျာ်းလေးတော်တော်များများ လက်မောင်းကြွက်သား၊ ရင်အုပ်ကြွက်သားတွေ ထွက်လာတာကို သဘောကျနှစ်ခြိုက်ကြပါတယ်။ ဒီလိုမျိုး ကြွက်သားတွေဖြစ်လာဖို့ကိုလည်း တချို့တွေကတော့ gym မှာ သွားဆော့ကြသလို အိမ်မှာပဲလေ့ကျင့်ခန်း လုပ်ကြတဲ့သူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဆော့ဆော့ ကြွက်သားတွေ အမြန်ထွက်လာအောင် လုပ်လို့ရမယ့် နည်းလမ်းတွေထဲမှာ အစားအစာတွေ စားပေးလို့ ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ စားပေးရမယ့် အစားအစာတွေကိုဖော်ပြပေးလိုက်ပါတယ်။ ကြက်ဥ ကြက်ဥစားရင် အားရှိတယ်ဆိုတာ သိထားပြီးဖြစ်မှာပါနော်။ ကြက်ဥစားသုံးတာက ကိုလက်စထရောတွေကို ထိန်းညှိထားပေးပြီး နှလုံးကျန်းမာရေးကိုလည်းကောင်းစေပါတယ်။ ကြက်ဥဟာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အစားအစာဖြစ်ပြီး အထူးသဖြင့်တော့ ကြွက်သားတွေ တည်ဆောက်ရာမှာ ပိုပြီး အားကောင်းစေတာပါ။ ကြက်ဥမှာ ပါဝင်တဲ့ ကိုလက်စထရောဟာ ကြွက်သားတွေ တည်ဆောက်ဖို့ အားပေးတာကြောင့် များများ စားပေးသင့်ပါတယ်။ အစေ့အဆန် အစေ့အဆန်လေးတွေကလည်း ကြွက်သားတွေမြန်မြန်ထွက်လာစေဖို့ အကူအညီပေးပါတယ်။ ဗာဒံစေ့ (၁)အောင်စမှာ (၁၅၀) ကယ်လိုရီ ပါဝင်ပါတယ်။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေ အသားအရေ ဘယ်လိုထိန်းသိမ်းမလဲ

အသားအရေ ထိန်းသိမ်းတာက မိန်းကလေးတွေပဲ လုပ်ရမှာ မဟုတ်ဘူးနော်။ ယောက်ျားလေးတွေလည်း အသားအရေထိန်းသိမ်း ဖို့ လိုပါတယ်။ ဒါမှ ကျန်းမာလှပပြီး ကြံ့ခိုင်တဲ့ ယောက်ျားလေးတစ်ဦးဖြစ်မှာပါ။ ယောက်ျားလေး တော်တော်များများကတော့ အသားအရေကို အရမ်းဂရုမစိုက်ကြပါဘူး။ တကယ်တော့ လိုအပ်တဲ့အရာမို့ ဘာတွေ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ဆက်လက်ဖတ်ရှုပေးပါဦးနော်။ မျက်နှာသစ်တဲ့အခါမှာ ရေအေးအေးလေး သုံးပြီး သစ်ပေးပါ။ တချို့ယောက်ျားလေးတွေက ဆပ်ပြာနဲ့ပဲ မျက်နှာသစ်ကြပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ အသားအရေကိုလိုက်ပြီး သင့်တော်တဲ့ မျက်နှာသစ်ဆပ်ပြာကို ရွေးချယ်သုံးစွဲရမှာပါ။ ဆဲလ်သေတွေဖယ်ရှားပြီး ဆဲလ်အသစ်ပြန်လည်ဖြစ်တည်ဖို့ လှုံ့ဆော်ပေးနိုင်တဲ့ မျက်နှာသစ်ဆပ်ပြာ ဖြစ်ရင် ပိုကောင်းပါတယ်။ မျက်နှာနဲ့ ခန္ဓာကိုယ်အသားအရေ ကောင်းမွန်နေဖို့အတွက် ရေများများသောက်ဖို့ လိုပါတယ်။ အရက်နဲ့ ကော်ဖီက ရေဓာတ်ဆုံးရှုံးစေတာမို့ အသားအရေ ခြောက်နိုင်ပါတယ်။ အကယ်လို့ ကိုယ်က ကော်ဖီနဲ့ အရက်သောက်လေ့သောက်ထ ရှိတယ်ဆိုရင် ရေ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဘာကြောင့် ယောင်္ကျားလေးတွေ အပြာကား ကြိုက်ကြတာလဲ

ညတိုင်းလိုလိုမှာ ဇနီး ဖြစ်သူ ကိတ်တစ်ယောက် အိပ်ရာဝင်သွားတာနဲ့ Tom တစ်ယောက် Internet မှာ အပြာရုပ်ရှင်ကားတွေကို ရှာဖွေလှန်လှောကြည့်ရှုပါတော့တယ်။ ဒါကိုလည်း ကိတ်က သူတို့လင်မယား စုံတွဲကုသမှု ဒုတိယ အကြိမ်မှာမှ သိခဲ့တာ ဖြစ်ပါတယ်။ တွမ်ကတော့ ဒီလို ညဘက်မှာ အပြာ ဇာတ်ကားတွေ ကြည့်ရှုတာက သူတို့ ဇနီးမောင်နှံရဲ့ လိင်မှုဘဝနဲ့ ဘာမှ ပတ်သတ်မှုမရှိဘူးလို့ဆိုပေမဲ့ ကိတ်ကတော့ တွမ်တစ်ယောက် သူမထက် အပြာရုပ်ရှင် ဇာတ်ကားတွေကိုပိုပြီး စွဲလန်းသွားမလားလို့ စိုးရိမ်နေမိပါတယ်။ ဒါက အမျိုးသမီးတွေရဲ့ ပုံမှန်တုံ့ပြန်ချက်ပါပဲ။ " အဖော်ဖြစ်သူ က အပြာဇာတ်ကားတွေကို စိတ်ဝင်စားနေတယ်ဆိုရင် တခြားတစ်ယောက်က ဒါဟာ ပြဿနာ လို့ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလို ပြဿနာ ဖြစ်တာမျိုးက တော်တော်ရှားပါတယ်။ လေ့လာချက်တွေအရတော့ အပြာကားကြည့်ရှုသူ ၅ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားလိင်အင်္ဂါရဲ့ ဘဝသက်တမ်း

အမျိုးသားလိင်အင်္ဂါရဲ့ ဘဝသက်တမ်း ကမ္ဘာကြီးမှာ သက်ရှိ၊ သက်မဲ့အရာတွေအားလုံး အချိန်သက်တမ်းတစ်ခုကို ကျော်လွန်လာတာနဲ့အမျှ ပြောင်းလဲတတ်ကြပါတယ်။ ဒီလိုပဲ အမျိုးသားလိင်အင်္ဂါကလည်း ဘဝသက်တမ်းတစ်လျှောက် အဆင့်အမျိုးမျိုးပြောင်းလဲပါတယ်။ ဒီပြောင်းလဲမှု အဆင့်တစ်ဆင့်ချင်းစီတိုင်းကို ခန္ဓါကိုယ်ရဲ့ တက်စတိုစတီရုန်း ဟော်မုန်း (testosterone)ပမာဏ က ထိန်းချုပ်ပေးထားတာပါ။ အသက် ၉ နှစ် ကနေ ၁၅ နှစ်ကြား အချိန်အတွင်း ပီကျူထရီ ဂလင်း (Pituitary) လို့ခေါ်တဲ့ ခန္ဓါကိုယ်ကြီးထွားမှုကို ထိန်းချုပ်ထားတဲ့ ဂလင်းက တက်စတိုစတီရုန်း ဟော်မုန်း စတင်ထုတ်လုပ်ဖို့ ခန္ဓါကိုယ်ကို အမိန့်ပေးတဲ့ ဟော်မုန်းတစ်မျိုး ထုတ်လုပ်လိုက်ပါတယ်။ အဲ့လို ပီကျူထရီဂလင်းက အမိန့်ပေးတဲ့ အချိန်မှာ လူပျိုဖော် စဝင်ပြီး ခန္ဓါကိုယ်ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်ပါတယ်။ ဝှေးစေ့၊ ကပ်ပယ်အိတ်၊ လိင်တံနဲ့ ဆီးခုံအမွှေးတွေက အဲ့အချိန်ကစလို့ စတင်ကြီးထွားလာပါတော့တယ်။ တက်စတိုစတီရုန်း ဟော်မုန်းပမာဏဟာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အာသာဖြေခြင်း နဲ့ပတ်သတ်ပြီး အမှန်၊ အမှား သိကြစေဖို့

အာသာဖြေခြင်း နဲ့ပတ်သတ်ပြီး အမှန်၊ အမှား သိကြစေဖို့ အာသာဖြေခြင်း ဆိုတာ ကျွန်တော်တို့ တစ်ယောက်တည်းရှိနေတဲ့အချိန် လုပ်လေ့ရှိတတ်ကြတဲ့ Sex ပုံစံ တစ်မျိုးဖြစ်ပါတယ်။ လူတိုင်းနီးပါး အာသာဖြေခြင်းကို အသက်အရွယ်တစ်ခု ရောက်ရင်လုပ်တတ်ကြပေမဲ့ လူအများစုက ဒီအချက်နဲ့ ပတ်သတ်ပြီး မပြတ်မသား ရှက်ကြောက်တတ်ကြပါတယ်။ ရှက်ရွံ့ရခြင်းအကြောင်းရင်းကတော့ ငယ်ငယ်က သူတို့ အာသာဖြေရင်း မိဘတွေ မိသွားတဲ့အချိန် အဆူခံခဲ့ရတာကြောင့်တာပဲဖြစ်ဖြစ်၊ အာသာဖြေခြင်းကို မလုပ်သင့်တဲ့ အချက်ဖြစ်ကြောင်း သူတို့ကိုယ်၌က ခံစားနေကြလို့လည်း ဖြစ်ပါတယ်။ တကယ့် အဖြစ်မှန်ကတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းဆိုတာ ဘယ်အသက်အရွယ်မှာပဲ လုပ်လုပ် ပုံမှန်ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ကလေးအရွယ်တုန်းကတော့ လိင်ပိုင်းဆိုင်ရာခံစားမှု အနည်းငယ်ကို ရချင်လို့ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ အပျိုပေါက်၊ လူပျိုပေါက် ဖြစ်လာချိန်ကြတော့ အဖော်ဖြစ်သူနဲ့ နှစ်ဦးနှစ်ဖက် အပေးအယူမျှအောင်နဲ့ အဖော်ဖြစ်သူနဲ့ လက်တွဲပြီး ကိုယ်အိုးကိုယ်အိမ်ထူထောင်ချင်စိတ်ကို […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသား လိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့ အချက် (၁၀) ချက်

ကျွန်တော်တို့ယောက်ျားလေးအများစုဟာ ကျွန်တော်တို့ရဲ့ လိင်အင်္ဂါ နဲ့ လုပ်ဆောင်ချက် အများစုကို သိပြီးသားဖြစ်ပေမဲ့ ကျွန်တော်တို့ လိင်အင်္ဂါနဲ့ ပတ်သတ်ပြီး လူသိနည်းတဲ့ အချက်အလက်တွေရှိနေပါသေးတယ်။ ကျွန်တော်တို့ မြန်မာစကားမှာလည်း ယောက်ျားလေး လိင်အင်္ဂါကို နာမည်အမျိုးမျိုးနဲ့ ခေါ်နေကြသလို အင်္ဂလိပ်စကားမှာလည်း todger, wang, willy, dangler စသဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြပါတယ်။ လိင်အင်္ဂါတွေဟာ တစ်ခြား အင်္ဂါတွေလိုပုံမှန်မဟုတ်သလို ထင်ရပေမဲ့ ကျွန်တော်တို့ လူသားမျိုးနွယ်စု ရှင်သန်ရေးအတွက် အဓိကကျတဲ့ ခန္ဓါကိုယ်အစိတ်ပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လိင်အင်္ဂါတွေဟာ ဆင့်ကဲ့ဖြစ်စဉ်ထဲမှာ ကောင်းကောင်းပါဝင်ခဲ့တဲ့ အင်္ဂါတွေ ဖြစ်ပြီး လူသားမျိုးနွယ်အစကနေ ယခုလက်ရှိအချိန်ထိ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေဆဲ ဖြစ်ပါတယ်။ လူသားမျိုးနွယ်အစ ဆိုတာနဲ့ပတ်သက်ပြီး ကမ္ဘာပေါ်မှာ အစောဆုံး အထီး လိင်အင်္ဂါဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၂၅ သန်းခန့် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း