အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဆီးကျိတ်ပြဿနာ၊ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတာတွေက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက ဘယ်လိုအကြံပေးထားလဲဆိုတာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့

ခေါင်းစဉ်ကို ဖတ်ပြီး နည်းနည်းများ ထူးဆန်းသွားသလား။ သွေးဆုံးတာက အမျိုးသမီးတွေမှာပဲ ဖြစ်တာပါ။ အမျိုးသားတွေမှာ ဖြစ်လို့လားပေါ့။ ဟုတ်ပါတယ်။ သွေးဆုံးတာက အမျိုးသမီးတွေမှာပဲ ဖြစ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ သွေးဆုံးတာကို menopause လို့ ခေါ်ပြီး အမျိုးသားတွေမှာ သွေးဆုံးတာကိုတော့ andropause လို့ ခေါ်ပါတယ်။ ဒီတစ်ခေါက် ပြောပြချင်တာကတော့ အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့ လုပ်ဆောင်ပေးလို့ ရမယ့် နည်းလမ်းလေးတွေပါ။ အမျိုးသားများ သွေးဆုံးခြင်း [သို့မဟုတ်] Andropause အမျိုးသားတွေမှာ သွေးဆုံးတယ်ဆိုတာက အသက်အရွယ်ကြောင့် တက်စတိုစတုန်းဟော်မုန်း ထုတ်လုပ်မှု နည်းသွားတာကို ဆိုလိုတာပါ။ အသက်အရွယ်အလိုက် ဟော်မုန်း ပြောင်းလဲတာက အမျိုးသားတွေ နဲ့ အမျိုးသမီးတွေမှာ ကွာခြားနိုင်ပါတယ်။ အမျိုးသမီးတွေမှာ သားဥကြွေတာ အဆုံးသတ်သွားတာဖြစ်ပြီး ဒီလို ကာလတိုအတွင်းမှာ […]

အမျိုးသားကျန်းမာရေးဆိုင်ရာများ ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

ရေပူချိုးခြင်းက ယောက်ျားတွေမှာ မျိုးမအောင်ခြင်းကို ဘာကြောင့် ဖြစ်စေသလဲ

ယောက်ျားတွေရဲ့ မျိုးမအောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုက သုတ်ကောင်အရေအတွက် နည်းခြင်းပဲဖြစ်ပါတယ်။ သုက်ကောင်အရေအတွက်ကို နည်းစေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဲဒီထဲကမှ ရှောင်ရှားလို့ရတဲ့အချက်တစ်ခုကတော့ လွန်ကဲတဲ့အပူနဲ့ ထိတွေ့ခြင်းပဲ ဖြစ်ပါတယ်။ သုက်ကောင်လေးတွေကို ထုတ်လုပ်နိုင်ဖို့ အကောင်းဆုံးအပူချိန်ကတော့ ပုံမှန် လူ့ခန္ဓာကိုယ်အပူချိန်ထက် ၃-၄ ဒီဂရီ နိမ့်တဲ့ အပူချိန်ပဲ ဖြစ်ပါတယ်။ အပူချိန်မြင့်လာလေလေ သုက်ကောင်ထုတ်လုပ်တာကို အနှောင့်အယှက်ဖြစ်လေ ဖြစ်တဲ့အတွက် ရေပူနဲ့ မကြာခဏ ထိတွေ့ခြင်းက သုက်ကောင် အရေအတွက်လျှော့နည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဘယ်လို ပူနွေးမှုမျိုးမဆို အပူချိန် ၁ဒီဂရီတက်တိုင်း သုက်ကောင်အရေအတွက် ၄၀ ရာခိုင်နှုန်းခန့်ကို လျှော့ကျစေနိုင်ပါတယ်။ ချွေးထုတ်ခန်းသွားခြင်း၊ ရေနွေးကန်အသုံးပြုခြင်း နဲ့ ရေနွေးဖြင့်ရေချိုးခြင်းတွေက ခဏတာ ဝှေးစေ့ကို အပူလွန်စေတဲ့ အကြောင်းတွေမှာ ပါဝင်ပါတယ်။ တင်းကျပ်တဲ့ အောက်ခံဘောင်းဘီ ဝတ်ဆင်ခြင်းက […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

လိင်တံထိပ် အရေပြား ဖြတ်တောက်ဖယ်ရှားခြင်း

Circumcision (လိင်တံထိပ်အရေပြား ဖြတ်တောက်ဖယ်ရှားခြင်း) ဆိုတာဘာလဲ Circumcision ဆိုတာ လိင်တံထိပ်ရှိ အရေပြားအားဖြတ်တောက် ဖယ်ရှားခြင်းဖြစ်ပါတယ်။ Circumcisionကို အချို့နိုင်ငံတွေမှာ မွေးကင်းစယောက်ျားလေးတွေမှာ လုပ်လေ့ရှိပါတယ်။ Circumcision ကို မွေးမွေးပြီးချင်း မလုပ်လဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လုပ်ရတာ ပိုရှုပ်ထွေးလာပါလိမ့်မယ်။ ကလေးငယ်တွေကို လိင်တံထိပ် အရေပြားဖြတ်တောက်တာ ဘယ်လို အကျိုးကျေးဇူးတွေရလဲ လေ့လာကြတဲ့အခါမှာ အမျိုးမျိုးကွဲပြားနေတာကိုတွေ့ရပါတယ်။ လိင်တံထိပ် အရေပြားဖြတ်တောက်ခြင်းက - • ဆီးလမ်းကြောင်းပိုးဝင်ခြင်း • လိင်တံကင်ဆာ • HIV/AIDS အစရှိသော လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့ချပေးနိုင်သည်ဟုသိရပါတယ်။ လိင်တံထိပ်အရေပြားဖြတ်တောက်ခြင်း ရဲ့သိသာတဲ့ အကျိးကျေးဇူးကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို လျော့ချပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ပထမ ၃လ ကနေ ၆ လ အတွင်းမှာ ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေဟာ လိင်တံထိပ်အရေပြားမဖြတ်ထားတဲ့ ယောက်ျားလေးတွေမှာ ဖြတ်ထားသော ယောက်ျားလေးတွေထက် ဆယ်ဆပိုများပါတယ်။ မွေးကင်းစကလေးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းက […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ယောက်ျားများမြုံရခြင်း၏ အဓိကအကြောင်းရင်းများ

ယောင်္ကျားမျိုးမအောင်ခြင်းဆိုတာ အိမ်ထောင်သည်မိဘဖြစ်ရေးအတွက် အလွန်ဆိုးရွားတဲ့ အကျပ်အတည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီရောဂါအခြေအနေကို ကျန်းမာရေးအကြောင်းခံ၊ ပတ်ဝန်းကျင် အကြောင်းခံ နှင့် လူနေမှုပြသနာအနေနဲ့ သတ်မှတ်လို့ရပါတယ်။ ကျန်းမာရေး အကြောင်းခံများ ပထမဆုံးအနေနဲ့ ဝှေးစေ့ပိုင်းဆိုင်ရာ ပြသနာတွေဖြစ်တဲ့ varicocele ( သွေးပြန်ကြောဖူးရောင်ခြင်း) သို့ ဝှေးစေ့အောက်သို့အကျခြင်းတွေက ယောင်္ကျားမျိုးမအောင်ခြင်းကို ဦးတည်ဖြစ်ပေါ်စေပါတယ်။ varicocele ဟာ သုက်ပိုးအရေအတွက် ကျဆင်းခြင်းကို ဖြစ်စေပြီး ဝှေးစေ့အောက်သို့မကျခြင်းကအမျိုးသားတွေမှာ မျိုးမအောင်ဖို့ အခွင့်အလမ်းတွေကို ပိုဖြစ်စေပါတယ်။ ဒုတိယအနေနဲ့ ကူးစက်ရောဂါများ ဥပမာ လိင်ဆက်ဆံခြင်းမှ ကူးနိုင်သော ဂနိုရောဂါ ( gonorrhea ) သို့ HIV နှင့် ဝှေးစေ့ပြွန်ရောင်ရောဂါ ( epididymitis) သို့ ဝှေးစေ့ရောင်ခြင်း (orchitis) တို့ကလည်း ယောင်္ကျားမျိုးမအောင်ခြင်းကို ဖြစ်စေပါတယ်။ ထို့ပြင် နောက်ထပ်ဖြစ်နိုင်တာတွေကတော့ သုက်ပိုးတွေကို […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သင့်သုက်ပိုး ကို သေစေနိုင်သော အစားအစာများ

ယခင်ခေတ်များမှာရော ယခုခေတ်မှာပါ ကိုယ်ဝန် မရနိုင်တဲ့ အကြောင်းရင်းက အမျိုးသမီးကြောင့်ပဲလို့ မှားယွင်းတဲ့ အယူအဆ ရှိတတ်ကြပါတယ်။ လက်တွေ့မှာတော့ အမျိုးသားများရဲ့ သုက်ပိုး ကလည်း တစ်စိတ်တပိုင်း ပါဝင်နေပါတယ်။ အမျိုးသား သုက်ပိုး အကောင်ရေ လုံလောက်မှ၊ အရည်အသွေး ကောင်းမှ ကိုယ်ဝန် ရနိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ သင့်သုက်ပိုး ကို သေစေနိုင်သော အစားအစာများ က ဘာတွေများ ဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ သင့်သုက်ပိုး ကို သေစေနိုင်သော အစားအစာများ သုက်ပိုး ကို သေစေနိုင်သော အစားအစာများ ကတော့ (၁) အရက် အရက် သောက်သုံးခြင်းက အသည်းကို ထိခိုက်နေရုံ သာမက ကိုယ်တွင်း လုပ်ဆောင်ချက်များ အထူးသဖြင့် ကာမ လုပ်ဆောင်နိုင်စွမ်းနဲ့ မျိုးပွား အင်္ဂါများကိုပါ ထိခိုက်စေပါတယ်။ အရက်ကြောင့် အသည်း ထိခိုက်လောက်တဲ့အထိ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ယောက်ျားတန်ဆာနှင့်ပတ်သက်၍ သင်မည်မျှသိသနည်း

ယောက်ျားတန်ဆာမှာ အဓိကကိစ္စနှစ်ရပ် ရှိပါတယ်။ လိင်မှုကိစ္စ ဆောင်ရွက်ဖို့နဲ့ ဆီးစွန့်ဖို့ ဖြစ်ပါတယ်။ ယောက်ျားတန်ဆာ၏ ဖြတ်ပိုင်းပုံ ယောက်ျားတန်ဆာဟာ ယောက်ျားလေးတွေအတွက် အရေးအပါဆုံး အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ သိထားပါသလဲ။ ယောက်ျားတန်ဆာမှာ အစိတ်အပိုင်းများစွာ ပါဝင်ပါတယ်။ တန်ဆာခေါင်း။ ထိပ်ပိုင်းအရေပြား မဖြတ်ထားသူတွေမှာ တန်ဆာထိပ်ပိုင်းကို mucosa လို့ခေါ်တဲ့ ပန်းရောင်ရှိပြီး စိုစွတ်တဲ့ အလွှာနဲ့ ဖွဲ့စည်းထားပါတယ်။ ဖုံးအုပ်နေတဲ့ အရေပြားကို foreskin (prepuce) လို့ ခေါ်ပါတယ်။ အရေပြားဖြတ်ထားသူတွေမှာတော့ foreskin ကို ခွဲစိတ်ဖြတ်တောက်ထားပြီး တန်ဆာခေါင်းဟာ ခြောက်သွေ့နေတတ်ပါတယ်။ Corpus cavernosum။ အစိတ်အပိုင်းနှစ်ခုနဲ့ တန်ဆာတလျှောက်ကို ဖွဲ့စည်းထားပါတယ်။ သွေးဝင်လာတဲ့အခါ တန်ဆာထောင်မတ်ခြင်းကို ဖြစ်စေပါတယ်။ Corpus spongiosum။ အခေါင်းပွပုံစံဖြစ်ပြီး တန်ဆာရှေ့ပိုင်းတလျှောက်မှာရှိပြီး တန်ဆာခေါင်းထိ ရှိပါတယ်။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေက သူတို့ကိုယ်သူတို့ ဘာလို့ ဂရုမစိုက်တာလဲ။

အမျိုးသားတွေက သူတို့အသက်ငယ်စဉ်မှာ ဘာမဆိုလုပ်ဆောင်နိုင်ဖို့ ကျန်းမာ၊ကြံ့ခိုင်တယ်လို့ ထင်တတ်ကြတယ်။ ဒါကြောင့် အမျိုးသားတွေဟာ ကျန်းမာရေးကို ဂရုမစိုက်ဘဲ အန္တရာယ်များတဲ့ ရူးမိုက်မိုက်အလုပ်တွေကို လုပ်တတ်ကြတယ်။ သူတို့က HIVပိုး၊ အသည်းရောင်အသားဝါ စီ ပိုး ၊အဝလွန်ရောဂါနှင့် သေစေတတ်တဲ့ရောဂါတွေအကြောင်း ကြားဖူးတာနည်းတဲ့အပြင် ဒီရောဂါတွေက တခြားလူတွေမှာဖြစ်တတ်ပေမယ့် သူတို့မှာတော့ မဖြစ်တတ်ဘူးလို့ထင်တတ်ကြတယ်။ ဒီလိုကြားရတာ တစ်မျိုးဖြစ်နေပေမယ့် ဒါကအမှန်တရားပါပဲ။   အမျိုးသားတွေရဲ့ ပြဿနာတွေက ဘာလဲ။ ဖြစ်နိုင်တာကတော့ သူတို့ကိုဒုက္ခပေးနိုင်တဲ့ အရာတွေကို သတိမပြုမိတာပဲ ဖြစ်မယ်။ အချို့အမျိုးသားတွေဟာ ယောကျာ်းဆန်လွန်းတယ်။ သူတို့ဟာမိသားစုကို ကာကွယ်နိုင်တယ်၊ အရာအားလုံးလုပ်ဆောင်နိုင်တယ်လို့ ထင်ကြတယ်။ တချို့ဆို ကျိုးကြောင်းမစဉ်းစားဘဲ လုပ်လေ့ရှိတယ်။ အမျိုးသားတွေဟာ ဆရာဝန်နှင့် ပြသဖို့လမ်းညွှန်သောအခါတွင်လည်း မပြဘဲနေတတ်တယ်။ နိုင်ငံတကာအမျိုးသားကျန်းမာရေးအဖွဲ့၏ ဥက္ကဌ၊ နယူးယောက်မြို့ရှိ ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန် Dr.RRidwan Shabsigh က နယူးယောက် NBC […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေ ဂျိုင်းမွှေးဘာလို့ ရိတ်သင့်သလဲ

အမွှေးအမျှင်တွေ ရိတ်ဖို့ လိုမလိုကို ဆရာဝန်နဲ့ တိုင်ပင်စရာ မလိုပါဖူး။ ဒါဟာ သင်ကိုယ်တိုင်ဆုံးဖြတ်ရမဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလော လေ့လာချက်တွေအရ အမျိုးသားတွေ အနေနဲ့ အနည်းဆုံး ဂျိုင်းမွှေးကိုတော့ ရိတ်သင့်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ •ကြည့်လို့ပိုကောင်းအောင် ဒါမှမဟုတ် အနံ့အသက်ပိုကောင်းအောင် ဂျိုင်းမွှေးရှိတာဟာ ယောက်ျားပိုပီသစေတယ်လို့ အမျိုးသားအများအပြားက ယူဆထားကြပါတယ်။ ဒါကမှားတယ်လို့တော့လည်း မပြောသာပါဖူး။ ဒါပေမယ့် သင့်ဂျိုင်းကြားကို နောက်တခေါက်ထပ်ကြည့် ကြည့်ပါ။ တကယ်လို့ သင့်ဂျိုင်းကြားမှာ တောထနေပြီဆိုရင်တော့ သင့်အနေနဲ့ ပြန်စဉ်းစားဖို့လိုနေပါပြီ။ စစ်တမ်းတခုမှာ ဖော်ပြထားတာက အမျိုးသမီးအများအပြားဟာ ဂျိုင်းမွှေးတွေကို မကြိုက်ကြဖူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဘယ်လိုအမွှေးအမျှင်ပဲဖြစ်ဖြစ် ချွေးတွေအောင်းနိုင်လို့ အနံ့အသက်ကိုလည်း ဆိုးစေနိုင်ပါတယ်။ •မလိုလားအပ်တာတွေကို ဖယ်ရှားပစ်ပါ။ ချွေးတွေကိုထုတ်ပေးတဲ့ apocrine ဂလင်းတွေဟာ ဂျိုင်းကြားမှာ အများအပြားရှိနေပါတယ်။ အမျိုးသားတွေရဲ့ချွေးမှာ စတီးရွိုက်ဓါတ်တွေ၊အဆီဓါတ်တွေ၊ပရိုတင်းဓါတ်တွေ နဲ့ တခြားဓါတ်ပစ္စည်းတွေ ပါဝင်ပြီး […]


အမျိုးသားကျန်းမာရေး

ယောက်ျားကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုနေမလဲ။

ယောက်ျားကောင်းတစ်ယောက်ဖြစ်နိုင်ဖို့ဆိုတာ ကမ္ဘာပေါ်မှာအမျိုးသားတွေလုပ်လိုတဲ့ အရေးအကြီးဆုံးအလုပ်တွေထဲက တစ်ခုပါပဲ။ လူတွေကတော့ ယောက်ျားကောင်းတစ်ယောက်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကို အတွေ့အကြုံတွေ ဥပမာ-သား၊ ညီအစ်ကို ၊သူငယ်ချင်း၊ ချစ်သူ၊ခင်ပွန်း အစရှိသဖြင့် ဒီလိုရင်းနှီးမှုတွေပေါ်မူတည်ပြီး အဓိပ္ပါယ်ဖွင့်ဆိုလေ့ရှိပါတယ်။ အောက်ဖော်ပြပါအချက်တွေကတော့ ယောက်ျားကောင်းတစ်ယောက်ဖြစ်လာဖို့သင်လုပ်နိုင်မယ့်အချက်တွေပါ။ ဒါပေမယ့် သင်ကယောက်ျားတစ်ယောက်ဖြစ်နေတယ်ဆိုရင် သင်ဘယ်သူနဲ့ နေချင်တာလဲဆိုတာထက် သင်ဘယ်လိုလူမျိုးဖြစ်ချင်တာလဲဆိုတာကို စဉ်းစားတွေးတောနိုင်ဖို့ အားပေးပါလိမ့်မယ်။ ၁.ယောက်ျားကောင်းတစ်ယောက်က စွမ်းဆောင်နိုင်တဲ့အရာတွေ အများကြီးရှိပါတယ်။ ယောက်ျားကောင်းတစ်ယောက်ဖြစ်ဖို့လေ့ကျင့်နေတဲ့ အမျိုးသားတစ်ယောက်မှာ လုပ်စရာတွေအများကြီးရှိပါတယ်။ ဒါဟာ ကျွန်တော်တစ်ဦးတည်းရဲ့ ပုဂ္ဂလအမြင်ဖြစ်တာကြောင့် သင်လက်မခံနိုင်ဘူးဆိုရင် ကျော်သွားပေးပါ။ ဒါဆိုရင် ယောက်ျားကောင်းတစ်ဦးဟာ အသားကင်တစ်ပန်းကန်နဲ့ အာလူးသုပ်တစ်ပန်းကန်ကိုယူပြီး အိမ်နီးချင်းဆက်ဆံရေးကို အဆင်ပြေအောင်လုပ်ယူနိုင်ပါတယ်။ ယောက်ျားကောင်းတစ်ဦးဟာ သူမရဲ့ခွေးကိုလည်း ယုယကြင်နာပြနိုင်ရမှာဖြစ်ပြီး သူ့အိတ်ထဲမှာ ဝက်သားပြားအချို့ကိုလည်း ဖွက်ယူသွားနိုင်ပါတယ်။ သူဟာ အိမ်နီးချင်းရဲ့ မြက်တွေကို ရိတ်ပေးနိုင်သလို သူ့အနီးနားပတ်ဝန်းကျင်မှာရှိတဲ့သူအားလုံးကို ကူညီပေးလိုစိတ်လည်း ရှိရပါဦးမယ်။ သူ့ရဲ့သနားညှာတာစိတ်ကြောင့်လည်း ငွေတင်မကအခြားအရာတွေကိုပါ လှူနိုင်ပါသေးတယ်။ သူဟာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကပ္ပါယ်အိတ် နာကျင်ခြင်းအကြောင်း သိကောင်းစရာ

အဓိပ္ပါယ်ဖွင့်ဆိုချက်ဝှေးစေ့ တဖက် ဒါမှမဟုတ် နှစ်ဖက်လုံးမှာ နာကျင်တဲ့ အခြေအနေမျိုးကို ဆိုလိုပါတယ်။ ဝှေးစေ့ မှာ နာကျင်တာဟာ ဗိုက်အောက်ပိုင်းအထိပါ ပျံ့နှံ့သွားနိုင်ပါတယ်။ ဝှေးစေ့ ဘာလို့ နာကျင်ရတာလဲ။ ဖြစ်နိုင်ချေတွေ အများကြီးရှိပါတယ်။ ဝှေးစေ့ တွေဟာ အရမ်းနူးညံ့တာမို့ အနည်းအပါး ထိမိခိုက်မိရင်တောင် နာကျင်တာ၊မသက်မသာဖြစ်တာမျိုး ခံစားရလေ့ရှိပါတယ်။ ဝှေးစေ့ နာကျင်ခြင်းခံစားရတာဟာ ဝှေးစေ့ ကိုယ်နှိုက်က နာကျင်တာဖြစ်နိုင်သလို coiled tube လို့ခေါ်တဲ့ ပြွန်လေးတွေကြောင့် ဒါမှမဟုတ် ဝှေးစေ့အနောက်ဖက်မှာရှိတဲ့ ထောက်မပေးထားတဲ့တစ်ရှူးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တခါတလေကျရင် ပေါင်ခြံ၊ဗိုက် ဒါမှမဟုတ် တခြားနေရာက ပြဿနာတွေကြောင့်လည်း ဝှေးစေ့နာကျင်တတ်ပြန်ပါသေးတယ်(ဥပမာ ကျောက်ကပ်မှာ ကျောက်တည်တာနဲ့ အူကျတဲ့ တချို့လူနာတွေမှာ ဝှေးစေ့ နာတတ်ပါတယ်)။ ရှားရှားပါးပါးဆိုသလို ဘာကြောင့်မှန်းမသိဘဲ နာနေတာမျိုးတွေလည်း ရှိပြန်ပါသေးတယ်။ အကြောင်းရင်းများဝှေးစေ့နာကျင်မှုကို ဘာတွေကဖြစ်စေသလဲ ဝှေးစေ့နာကျင်မှုကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေကတော့ • ထိခိုက်ဒါဏ်ရာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများရဲ့ မျိုးအောင်နိုင်စွမ်းကို တိုးတက်ကောင်းမွန်စေသော ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များ

အမျိုးသားများရော အမျိုးသမီးများတွင်ပါ ကလေးရနိုင်စွမ်းဟာ ဘဝနေထိုင်မှု ပုံစံနဲ့ များစွာဆက်စပ်နေပါတယ်။ အမျိုးသားများရဲ့ သုက်ပိုး အရည်အသွေးကို အကြီးမားဆုံး ထိခိုက်စေနိုင်တဲ့ အရေးကြီးဆုံး ဘဝနေထိုင်မှုဆိုင်ရာ အချက်တစ်ခုကတော့ ကျွန်ုပ်တို့နေ့စဉ်စားသောက်နေတဲ့ အစားအသောက်ပဲ ဖြစ်ပါတယ်။ မျိုးအောင်ခြင်းကို အားပေးတဲ့ အစားအသောက်တွေဟာ သင့်ရဲ့ သုက်ပိုးတွေ ပိုမိုကောင်းမွန်တဲ့ မျိုးရိုးဗီဇ ဖြစ်လာစေဖို့ရာမှာ ကူညီပေးရုံသာမကပဲ ချစ်တင်းနှောလိုစိတ်ကိုလည်း တိုးတက်စေကာ သင့်တို့စုံတွဲတွေကို ကိုယ်ဝန်ရလွယ်ကူစေနိုင်ပါတယ်။ ယခုဖော်ပြပါ ဆောင်းပါးမှာ အမျိုးသားများ ကလေးရနိုင်စွမ်းအတွက် ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစာအာဟာရတွေ အကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဇင့်ဓာတ် ဇင့်ဓာတ်ဟာဆိုရင် သုက်ပိုးအရည်အသွေးကို ကောင်းမွန်စေရုံသာမက ခုခံအားစနစ်ကိုပါ တိုးတက်စေတဲ့ မရှိမဖြစ် အရေးကြီးသော အာဟာရတစ်ခု ဖြစ်ပါတယ်။ ဇင့်ဓာတ်ချို့ယွင်းမှုဟာ အမျိုးသားအများစုမှာ ဖြစ်လေ့ရှိပြီး testosterone ဟော်မုန်းပမာဏကို လျော့ကျစေနိုင်ပါတယ်။ ၎င်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း