ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ဦးနှောက်အမြှေးရောင်ခြင်း

ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်း

ဦးနှောက်နဲ့ အာရုံကြောမကြီးရဲ့ ပတ်ပတ်လည်ကို ကာရံထားတဲ့ အမြှေးပါးကို ဦးနှောက်အမြှေးပါး လို့ခေါ်ပါတယ်။ ရောဂါပိုးတစ်ခုခု ဥပမာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို၊ ကပ်ပါးပိုးစသဖြင့် ပိုးတစ်မျိုးမျိုးကြောင့် ရောင်ရမ်းတာများပါတယ်။ တခြားအကြောင်းအရင်းတွေလည်းရှိပါတယ်။ ဦးနှောက်အမြှေးပါး ရောင်တာက သိပ်မဆိုးရင် သူ့အလိုလိုပျောက်သွားပေမယ့် တချို့ကျတော့လည်း  ပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဦးနှောက်အမြှေးပါးရောင်တာကပေါ့ဆသင့်တဲ့ကိစ္စမဟုတ်လို့ သတိထားရမယ့်လက္ခဏာတွေကို ပြောပြပေးလိုက်ပါတယ်။ ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်းရဲ့ လက္ခဏာများ ဦးနှောက်အမြှေပါး ရောင်တာက အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကလေးသေးသေးလေးကစပြီးလူကြီးအထိ အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကနဦး လက္ခဏာက တုပ်ကွေးနဲ့ ဆင်တူပါတယ်။ နောက်ပိုင်းကျရင်တော့ အသက်ကိုလိုက်ပြီး လက္ခဏာကွဲသွားပါတယ်။ အသက်၂နှစ်အထက်မှာဆိုရင် ရုတ်တရက်အဖျားတက်တာ ဇက်တောင့်တာ အရင်နဲ့မတူကဲ ဆိုးဆိုးဝါးဝါးခေါင်းကိုက်တာ ခေါင်းကိုက်တာအပြင် ပျို့အန်တာန သတိမကောင်းတာ၊ ကယောင်ကတမ်းပြောတာ တက်တာ အအိပ်များတာ အလင်းရောင်မခံနိုင်တာ အစာစားချင်စိတ်၊ ရေသောက်ချင်စိတ်မရှိတာ အနီကွက်တွေထွက်လာတာ (အထူးသဖြင့် […]


ကိုရိုနာဗိုင်းရပ်စ်

ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့နေချိန် မှာ မဖြစ်မနေ ခရီးသွား ရတော့မယ်ဆိုရင်

ကိုရိုနာဗိုင်းရပ်စ် ဟာ တရုတ်နိုင်ငံဝူဟန်မြို့ကအစပြုကာ နိုင်ငံပေါင်း(၁၈)နိုင်ငံကျော်ကို ပျံ့နှံ့လျှက်ရှိပါတယ်။ လူရာပေါင်းများစွာဟာ COVID-19 ဗိုင်းရပ်စ် ကြောင့် ပြင်းထန် အဆုတ်ရောဂါကို ခံစား ရပြီးသေဆုံးခဲ့ကြပါတယ်။ ဒီလိုသေဆုံးမှုတွေဟာ တရုတ်ပြည်မှာ ဖြစ်ပွားခဲ့တာပါ။ ဒီလိုအခြေ အနေမျိုးမှာ လူထူထပ်တဲ့နေရာကို အတတ်နိုင်ဆုံးရှောင်ရှားသင့်ပါတယ်။ဒါပေမယ့် ဒီလို ကြောက်စရာ အခြေအနေမှာ မဖြစ်မနေ ခရီးသွား ရတော့မယ်ဆိုရင် ဗိုင်းရပ်စ်မကူးစက်အောင်ကြိုတင်ကာကွယ်ရမယ့်နည်းလမ်းတွေကို သိထားသင့်ပါတယ်။ (၁)      ခရီးလမ်းမှာ ဖျားနာသူတွေကို ဝေးဝေးကရှောင်ရှားပါ။ ပြင်းထန်အဆုတ်ရောင်လက္ခဏာတွေဟာ သာမန်အ‌အေးမိတဲ့ လက္ခဏာ ‌တွေနဲ့ခပ်ဆင်ဆင်တူပါတယ်။ ဒါကြောင့် သင်ဟာ လေယာဉ်ဖြစ်စေ၊ ကားရထားဖြစ်စေနဲ့ ခရီးသွားလာနေချိန်မှာ သင့်ရဲ့အနီးအနားက ခရီးသွားဖော်တစ်စုံတစ်ယောက်မှာ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်း၊ အသက်ရှူရခက်ခဲခြင်းစတဲ့လက္ခဏာတွေတွေ့ရင်တော့ ဝေးဝေးကနေရှောင်ရှားလိုက်ပါ။ (၂)      လက်ကိုမကြာခဏဆေးကြော ပေးပါ။ လက်ဆေးခြင်းဟာ အလွန်အရေးကြီးတဲ့အချက်တစ်ချက်ပါ။ သင့်ရဲ့မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ် တို့ကိုထိတွေ့ခြင်းမှ ရှောင်ရှားပေးပါ။ လက်မဆေးခင်မကိုင်ပါနဲ့။ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ဆားစ်ကို ကျော်လွန်ခဲ့ပြီ

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နောက်ဆုံးထုတ်ပြန်သတင်းများအရ ကိုရိုနာဗိုင်းရပ်စ်ပ် ပိုးကူးစက်ခံရသူဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ၄၀၇၁၀ ဦးအထိ ရှိနေပြီး သေဆုံးသူဟာ အနည်းဆုံး ၉၁၀ ဦးထိ ရှိနေပြီလို့ သိရပါတယ်။ ဒီသတင်းအရ ၂၀၀၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆားစ်ရောဂါ (သေဆုံးသူဦးရေ ၇၇၄ ဦး) ကို ကျော်လွန်သွားပါပြီ။ ကမ္ဘာ့ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့အစည်းကလည်း ဝူဟန်ဗိုင်းရပ်စ်ကို အရေးပေါ် အခြေအနေအဖြစ်သတ်မှတ်ထားပြီး ရောဂါပိုးကို အလျင်အမြန်ထိန်းချုပ်နိုင်ဖို့ ယခု ရက်သတ္တပတ်ထဲမှာ တရုတ်နိုင်ငံဆီသို့ ကျန်းမာရေးအဖွဲ့စေလွှတ်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ယခင်အပတ်က တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံအတွင်းသို့ ဝင်လာတဲ့ အပျော်စီးသင်္ဘောပေါ်မှာ ကိုရိုနာပိုးရှိသူ လူနာတစ်ဦးတွေ့ရှိခဲ့ရပြီးနောက် သင်္ဘောပေါ်မှာ ရှိတဲ့ ခရီးသည်နဲ့ ဝန်ထမ်းအားလုံးကို ထိန်းသိမ်းထားခဲ့ပါတယ်။ ယခု သင်္ဘောပေါ်မှာပဲ ပိုးကူးစက်ခံရသူ နောက်ထပ် အယောက် […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လုံးဝမယုံသင့်တဲ့ ချင်း (ဂျင်း) များ

ကျန်းမာရေးမှမဟုတ်ပါဘူး။ ဘယ်လိုမျိုး ရေပန်းစားနေတဲ့ သတင်းမျိုးမဆို နောက်ကနေ သတင်းအမှားတွေ၊ ဂျင်းသတင်းတွေ ဖြန့်တဲ့သူတွေက အမြဲတမ်းရှိတတ်ပါတယ်။ ပုံမှန်ကိစ္စတွေမှာတော့ ပြဿနာမရှိပေမဲ့ ဒီလိုမျိုး ကမ္ဘာ့ကပ်ဆိုက် ရောဂါတွေနဲ့ပတ်သက်လာရင်တော့ တွေ့သမျှ ဂျင်းတိုင်းကို အယုံလွယ်ပြီး လျှောက်မလုပ်ဖို့ ထပ်ပြီးတိုက်တွန်းပါရစေ။ ဒီဆောင်းပါးမှာ အခုတလော လူမှုကွန်ယက်တွေမှာ ပျံ့နေတဲ့ COVID-19 ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ ဂျင်းသတင်း ၃ခုကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဂျင်း (၁) = အိမ်မွေးတိရစ္ဆာန်တွေကို ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ပြီး သူတို့တွေကနေတစ်ဆင့် လူတွေကို ပြန်ကူးနိုင်တယ်။ ဒါကတော့ ကျွန်တော်တို့နိုင်ငံမှာ မဟုတ်ပေမဲ့ တရုတ်နိုင်ငံမှာ ဟိုတလောကမှ ဖြစ်သွားတဲ့ကိစ္စပါ။ ဝူဟန်ဗိုင်းရပ်စ်က တိရစ္ဆာန်တွေမှာ တွေ့ရတယ်ဆိုတဲ့ အချက်ကို အခြေခံပြီး အိမ်မွေးတိရစ္ဆာန်တွေမှာလည်း ဝူဟန်ပိုးကို တွေ့ရနိုင်တယ်၊ ဒီပိုးက သူတို့ကို ကူးစက်နိုင်ပြီး အဲ့ကနေ လူတွေကို ပြန်ကူးသွားနိုင်တယ်ဆိုတဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ဗိုင်းရပ်စ်က တစ်ချိန်က ဆားစ်ရောဂါထက် ပိုဆိုးသွားနိုင်လား

တစ်ချိန်က ကမ္ဘာအနှံ့မှာရှိတဲ့ ပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့ရတဲ့ ဆားစ်ရောဂါ (SARS) ကို လူတော်တော်များများ မှတ်မိကြမယ်ထင်ပါတယ်။ ဆားစ်ရောဂါဟာလည်း အခုဖြစ်နေတဲ့ COVID-19 ဗိုင်းရပ်စ်လိုပဲ တရုတ်နိုင်ငံကနေပဲ စတင်လာခဲ့တာဖြစ်ပါတယ်။ ဆားစ်ရောဂါတုန်းက လပိုင်းအနည်းငယ်အတွင်း ဥရောပတိုက်၊ မြောက်အမေရိကတိုက်၊ တောင်အမေရိကတိုက်၊ အာရှတိုက်မှာ ရှိတဲ့ နိုင်ငံပေါင်း ၂၀ နဲ့အထက်ကို ပျံ့နှံ့သွားခဲ့ပြီး လူပေါင်း ၈၀၀၀ ကျော် ကူးစက်ခံရပြီး ၈၀၀ ကျော် အသက်သေဆုံးခဲ့ရပါတယ်။ ထိုစဉ်က ရောဂါပိုးတုံ့ပြန်မှုနဲ့ပတ်သက်ပြီး ဝေဖန်အပြစ်တင်ခံရတဲ့ တရုတ်အစိုးရအနေနဲ့ ဒီတစ်ခေါက် COVID-19 ကိုရိုနာဗိုင်းရပ်စ်ကိုတော့ လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ COVID-19 ဗိုင်းရပ်စ်သည်လည်း ဆားစ်ရောဂါကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါကို ဖြစ်စေပြီး ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းအပြင် သေဆုံးသည်အထိ ပြင်းထန်နိုင်ပါတယ်။ လက်ရှိမှာလည်း ကမ္ဘာ့ကုလသမဂ္ဂ […]


ကိုရိုနာဗိုင်းရပ်စ်

ဖေ့ဘုတ်ခ်ပေါ် က Coronavirus သတင်းအမှားတွေကြောင့် စိတ်ပူနေပြီလား..........

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လူအများကြားမှာစိုးရိမ်မှုမြင့်တက်စေနေတဲ့ ဝူဟန်မြို့ကနေအစပြုခဲ့တဲ့Coronavirus နဲ့ ပတ်သက်ပြီး ဖေ့ဘုတ်ခ်ပေါ်မှာ ထွက်ပေါ်နေတဲ့ သတင်းအမှားတွေကို ဆိုရှယ်မီဒီယာတွေအသုံးပြုပြီး ဖြေရှင်းမှုတွေလုပ်ဆောင်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဟာ အချိန်နဲ့အမျှ Coronavirus နဲ့ပတ်သက်ပြီး လူအများကြားမှာ ပြန့်နှံ့နေတဲ့ သတင်းအမှားတွေကို အကောင်းဆုံးဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ 2019-nCoV နဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ အများဆုံး ပြန့်နှံ့နေတဲ့ သတင်းတစ်ခု ဆိုရှယ်မီဒီယာပေါ်မှာ2019-nCoV ကိုကာကွယ်တဲ့နည်းလမ်းတွေနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ သတင်းပေါင်းများစွာပြန့်နှံ့နေ ပါတယ်။ ဒီထဲကမှ ဆိုရှယ်မီဒီယာပေါ်မှာ အများဆုံး ပြန့်နှံ့နေတဲ့ သတင်းတစ်ခု မီးပန်းတွေ၊ ဗြောက်အိုးတွေကနေထွက်တဲ့ မီးခိုးငွေ့တွေက 2019-nCoV ကို ကာကွယ်ပေးနိုင်သလား…..ဆိုတဲ့ အမေးပါ။ အဖြေကတော့ ရှင်းပါတယ်။ ဒီမီးခိုးတွေက မျက်လုံးတွေ၊ လည်ချောင်းနဲ့ အဆုတ်ကို ထိခိုက်စေတာကလွဲလို့ လုံးဝမကာကွယ်ပေးနိုင်ဘူးဆိုတာပါ။ 2019-nCoV နဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ အမေးအများဆုံး မေးခွန်းတွေက (၁) antibiotics တွေက coronavirus […]


ကိုရိုနာဗိုင်းရပ်စ်

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ လက်သန့်ဆေးရည် နဲ့ လက်ဆေးတာ စိတ်ချရပါ့မလား

ကိုရိုနာပဲဖြစ်ဖြစ် ဘာဗိုင်းရပ်စ်ပဲလာလာ ကြိုတင်ကာကွယ်မှုအခြေခံအဆင့်အဖြစ် လက်ဆေးဖို့ သတိပေးကြပါတယ်။ ဒါပေမယ့် လက်ထဆေးဖို့ ပျင်းတဲ့အခါ အလွယ်သုံးဖို့၊ လက်ဆေးဖို့မလွယ်တဲ့ အနေအထားတွေမှာ သုံးဖို့၊ သွားရင်းလာရင်း အရေးပေါ်သုံးဖို့ အိတ်ထဲအလွယ်ဆောင်ထားလို့ရတဲ့ လက်သန့်ဆေးရည် ကို အားကိုးကြတယ်ဟုတ်။ ရေမလိုဘဲ လက်ထဲထည့်ပြီးပွတ်လိုက်ရုံပဲ ဆိုပြီးတော့လေ။ အခုလို ရောဂါပိုးကူးစက်ခံရမယ့်ဘေး စိုးရိမ်နေကြတဲ့အချိန် အရေးကြီးတာက ထိရောက်တဲ့ကာကွယ်မှုပါပဲ။ မကြာခဏလက်တော့ဆေးပါတယ်၊ လက်ကို ရေဆွတ်ရုံဆေးတာ၊ ဆေးနည်းမမှန်လို့ မပြောင်စင်တာ၊ ရေကမသန့်တာ စတဲ့ အမှားအယွင်းတွေကိုလည်း ထည့်တွက်သင့်ပါတယ်။ ဆပ်ပြာနဲ့ ရေ သုံးပြီးဆေးကြောတာတောင် ဒီအချက်တွေကိုမူတည်ပြီး ကာကွယ်မှု၊ ထိရောက်မှုတွေ ကွာခြားနိုင်သေးတာ ရေမပါတဲ့ လက်သန့်ဆေးရည်နဲ့ လက်ကိုဆွတ်တာ ပိုပြီး တွေးစရာများပါတယ်။ လက်သန့်ဆေးရည် (Hand Gel/ Hand Sanitizer) တွေက ကာကွယ်မှုထိရောက်ရဲ့လား ထိရောက်ပါတယ်။ ဒါပေမယ့် လူသုံးများတဲ့ လက်သန့်ဆေးရည် […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ဗိုင်းရပ်စ်ကြောင့် စိတ်ပူနေသူတွေထဲ သင်ရော ပါနေပြီလား

ခုတလော သတင်းထဲမှာ ထိပ်ဆုံးက ရေပန်းစားနေတဲ့ သတင်းဆိုရင် COVID-19ဗိုင်းရပ်စ်အကြောင်းပဲ ပြောရမှာပါ။ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ အစပျိုးလိုက်ရာမှာ အခုဆိုရင် တစ်ကမ္ဘာလုံး နေရာအနှံ့မှာ ကူးစက်ခံရသူ အရေအတွက်လည်း များလာနေပြီနော်။ အဲ့တော့ ငါတို့ကိုရော ကူးသွားမလားဆိုပြီး စိုးရိမ်ပူပန်နေကြတဲ့ မိဘပြည်သူတွေအတွက် ကိုရိုနာဗိုင်းရပ်စ်အကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။ COVID-19 ဗိုင်းရပ်စ်ဆိုတာ ဘာလဲ။ တိရစ္ဆာန်မျိုးစိတ်ပေါင်းများစွာမှာ တွေ့ရတတ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး ယခင်ကတော့ လူတွေကို ကူးစက်နိုင်ခဲ့ခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီလ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ပြီး အသက်ရှူလမ်းကြောင်းတွင်း ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းနောက်မှာမှ တဖြည်းဖြည်း ကူးစက်ခံရသူ၊ သေဆုံးသူ အရေအတွက်ပါ များလာရခြင်း ဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ တိရစ္ဆာန်တွေကနေ ကူးစက်တဲ့ ပိုးအဖြစ်သာ သိထားပြီး ဘယ်တိရစ္ဆာန်လဲဆိုတာ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ကူးစက်ခံရပြီး […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

ကြက်ငှက်တုပ်ကွေး H5N1 ပြန်လာပြီလား

ဝူဟန်အဆုတ်ရောင်ရောဂါက မပြီးသေးဘူး။ ခုတစ်ခါ ကြက်ငှက်တုပ်ကွေး က ရောက်လာပြန်ပါပြီ။ ဖြစ်တာကလည်း တရုတ်မှာပါပဲ။ ၂.၂.၂၀၂၀သတင်းတွေအရ တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ဆောင်ယန်မြို့က ကြက်ခြံမှာ ကြက်ကောင်ရေ ၇၈၅၀ကနေ ၄၅၀၀လောက် ရုတ်တရက်သေဆုံးခဲ့ကြပါတယ်။ စစ်ဆေးကြည့်လိုက်တဲ့အခါ H5N1 ကြက်ငှက်တုပ်ကွေးကြောင့်လို့ သိရတဲ့အတွက် တာဝန်ရှိသူတွေက နောက်ထပ်ကြက်ကောင်ရေ ၁၇၈၂၈ကို သုတ်သင်ခဲ့ကြပါတယ်။ ရှေ့အပတ်တွေကလည်း အိန္ဒိယမှာ ကြက်ငှက်တုပ်ကွေးဖြစ်တယ်ဆိုတဲ့သတင်းကြားလိုက်ရပါသေးတယ်။ ဆိုတော့ ဒီအခြေအနေမှာ ဝူဟန်ကိုပဲမည်းမနေဘဲ ကြက်ငှက်တုပ်ကွေး ကိုလည်း ဂရုစိုက်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ရှေ့ရာဇဝင်တွေအရ သေဆုံးနှုန်းက ၅၀ရာခိုင်နှုန်းကျော်ပါတယ်။ ဒီတော့ သူ့အကြောင်းနည်းနည်းလောက်လေ့လာကြည့်ရအောင်။ ကြက်ငှက်တုပ်ကွေး ဆိုတာဘာလဲ။ တကယ်တော့သူကလည်း တုပ်ကွေးဗိုင်းရပ်စ်(influenza virus)အမျိုးအစားပါပဲ။ A, B, C, Dဆိုပြီး၄မျိုးရှိတဲ့အထဲမှာ ငှက်တွေမှာ တွေ့ရတာက Aအမျိုးအစားပါ။ Hတွေ Nတွေဆိုတာက ဗိုင်းရပ်စ်မှာရှိတဲ့ ပရိုတိန်းအမျိုးအစားပါ။ H […]


ကိုရိုနာဗိုင်းရပ်စ်

နှာခေါင်းစည်း တပ်ထားရုံနဲ့ COVID-19 ကာကွယ်ဖို့လုံလောက်ပြီလား

ဘယ်တော့များ သတင်းကြားရမလဲ စိုးထိတ်နေကြတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ဂယက်ထသွားခဲ့ရတာက နှာခေါင်းစည်း (mask)စျေးကွက်ပါပဲ။ ကူးစက်ခံရမှာကို ကြောက်လန့်ပြီး တတ်နိုင်သလောက်ကာကွယ်ဖို့ နှာခေါင်းစည်းတွေ အပြေးအလွှားလုဝယ်ကြရာက ဆေးဆိုင်မှာတင်မက အွန်လိုင်းကမှာယူမှုတွေပါ ပစ္စည်းပြတ်၊ စျေးတက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် တစ်ခုသတိထားဖို့ရှိတာက နှာခေါင်းစည်း တစ်မျိုးတည်းကို အားကိုးပြီး တခြားကာကွယ်မှုတွေကို မေ့လျော့နေကြမှာကိုပါ။ တရုတ်နိုင်ငံမှာ လူအများစုမှာ နှာခေါင်းစည်းတပ်ထားရင်းကို ကူးစက်ခံရတာတွေရှိနေတာ သတိပြုပါ။ ဘာ့ကြောင့်လဲ နှာခေါင်းစည်း တပ်ဖို့က လိုအပ်ပါတယ်။ သို့သော် လုံလောက်တဲ့အကာအကွယ်လို့တော့ တသမတ်တည်း မမှတ်ယူစေချင်ပါဘူး။ ရောဂါပိုးပါတဲ့ အမှုန်အမွှားတွေ၊ အရည်အစက်တွေကို ကာကွယ်ပေးနိုင်လို့ အရေးပါတဲ့ အကာအကွယ်တစ်ခုဖြစ်ပေမယ့် သူ့မှာလည်း ကန့်သတ်ချက်တွေရှိပါတယ်။ အသုံးပြုနည်းမှန်ရဲ့လား လူပြောများတဲ့ နည်းအမှားတွေကလည်း ပျံ့နှံ့နေတာမို့ နှာခေါင်းစည်းတပ်နည်းအမှန်ကို ယုံကြည်စိတ်ချရတဲ့ ကျွမ်းကျင်သူတွေဆီကနေ လေ့လာပါ။ အတိုချုံးပြောရရင် နှာခေါင်းစည်းကို အရောင်ပါတဲ့ဘက်ကို အပြင်မှာထားပါ၊ သံချောင်းပျော့လေးပါတဲ့ထိပ်ကို အပေါ်မှာထားပြီးတပ်ပါ၊ နှာခေါင်းနဲ့ပါးစပ်ကိုလုံအောင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း