ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ကိုရိုနာ၊ တုပ်ကွေးနဲ့ အအေးမိ ဘယ်လိုခွဲခြားမလဲ။

COVID-19 ပြန့်နေတာက ထိန်းမနိုင်အောင်ဖြစ်နေတဲ့အချိန် လူတွေကြားထဲမှာလည်း အကြောက်တရားတွေ ပိုပြီးစိုးမိုးလာတယ်။ နှာစေး ချောင်းဆိုးတာ ဖျားတာဖြစ်တာနဲ့ကို သို့လောသို့လောတွေ ဖြစ်ကုန်ကြတယ်။ နှာစေးချောင်းဆိုးပြီး ဖျားတိုင်း ကိုရိုနာမဟုတ်နိုင်ဘူး။ သူ့ထက်အဖြစ်များတဲ့ အအေးမိနဲ့ တုပ်ကွေးရောဂါတွေ ဖြစ်နိုင်နေသေးတယ်။ ဒီတော့ ကိုရိုနာ၊ တုပ်ကွေးနဲ့ အအေးမိတာတွေကို ယေဘုယျအားဖြင့် ခွဲခြားလို့ရနိုင်မယ့်အချက်တွေ ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကနေ COVID-19 ရှိနေတဲ့ လူနာပေါင်း ၅၅၀၀၀ ကို စမ်းသပ်စစ်ဆေးပြီးတဲ့နောက် အဖြစ်အများဆုံး ရောဂါလက္ခဏာတွေနဲ့ ဘယ်လောက်ပမာဏမှာ ဒီလက္ခဏာတွေရှိလဲဆိုတာကို ထုတ်ပြန်ပေးထားပါတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့ ၁။ အဖျားရှိခြင်း (၈၈ ရာခိုင်နှုန်း) ၂။ ချောင်းခြောက်ဆိုးခြင်း (၆၈ ရာခိုင်နှုန်း) ၃။ နုံးချိခြင်း (၃၈ ရာခိုင်နှုန်း) ၄။ ချွဲသလိပ်များထွက်ခြင်း (၃၃ ရာခိုင်နှုန်း) ၅။ အသက်ရှူမဝခြင်း (၁၉ ရာခိုင်နှုန်း) ၆။ အရိုးအဆစ်များနာကျင်ခြင်း (၁၅ […]


ကိုရိုနာဗိုင်းရပ်စ်

ရာစုနှစ်ရဲ့ ကပ်ရောဂါ ဆိုးကြီးများ

မတ်လ ၁၁ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးCOVID-19 ကို PANDEMIC ကပ်ရောဂါ အဖြစ် ကြေညာလိုက်ပါပြီ။ တကယ်တော့ အေဒီနှစ်ကနေ ခု ၂၁ရာစုအထိ Pandemic လို့ သတ်မှတ်လို့ရတဲ့ ရောဂါများများစားစား မရှိသေးပါဘူး။ ဒီထဲမှာ COVID-19 ပါလာခဲ့ပါပြီ။ ဒါက ၂၁ရာစုရဲ့ တတိယမြောက် ကပ်ရောဂါပါ။ ကပ်ရောဂါလို့ ဘာကြောင့် သတ်မှတ်လဲ။ ရာစုနှစ်ရဲ့ ကပ်ရောဂါဆိုးတွေက ဘာတွေလဲ ဆိုတာ ဆက်ကြည့်ရအောင်။ Pandemic Pandemic ကပ်ရောဂါလို့ ခေါ်ဖို့ အတွက်ဆိုရင် လက်ရှိမှာ အဖြစ်များတဲ့ epidemic  ကူးစက်ရောဂါ တစ်ခုက နိုင်ငံပေါင်းများစွာ တိုက်ကြီးများစွာကို ကူးစက်ပြီး လူပေါင်းများစွာကို သေဆုံးစေရပါမယ်။ ဒါက အကြမ်းဖျင်း နားလည်အောင် ပြောပြတာပါ။ Epidemic ဆိုတာ ကတော့ ကူးစက်ရောဂါတစ်ခု ထင်တားတာထက် […]


ကိုရိုနာဗိုင်းရပ်စ်

ရာသီဥတု ပူရင် ကိုရိုနာ မကူးစက်နိုင်တော့ဘူးလား

နွေ ဘက်ကို ကူးလာတဲ့ ရာသီမှာ အပူဒဏ်က အတော်လေး သိသာလာပါတယ်။ ဒီလို ပူလာဖို့ကိုလည်း စောင့်မျှော်နေကြသူတွေ ရှိပါတယ်။ သူတို့ပြောကြတာက ကိုရိုနာ ဗိုင်းရပ်စ်လို့ ခေါ်ကြတဲ့ COVID- 19 ဟာ အပူဒဏ်ကို မခံနိုင်ပါဘူးတဲ့လေ။ COVID- 19 ဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်တွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ်အသစ် ဖြစ်သလို အခုချိန်မှာ တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာအဆင့်ကို ရောက်နေပါပြီ။ အမှန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ COVID- 19 ဟာ အပူပိုင်းဒေသ အပါအဝင် နယ်မြေဧရိယာအားလုံးမှာ ဘယ်လိုရာသီဥတု ဖြစ်ပါစေ ကူးစက်ပြန့်ပွားနိုင်တဲ့ ပိုးဖြစ်ပါတယ်။ ဒါပေမယ့် - ဒီရောဂါကို မြန်မာနိုင်ငံမှာ မကူးစက်နိုင်ဘူး၊ ဒီကလူတွေက ကိုယ်ခံအား ရှိပြီးသား၊ ရာသီဥတုပူရင် ရောဂါပိုးက […]


ကိုရိုနာဗိုင်းရပ်စ်

ဘယ်လိုလူတွေမှာ Covid-19 ဗိုင်းရပ်စ် ကူးစက်နိုင်သလဲ

တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 လို့ခေါ်ဆိုတဲ့ ပြင်းထန် အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေဟာ ပိုမိုဆိုးရွားလာနေတယ်လို့ WHO က ကြေညာခဲ့ပါတယ်။ ဒါကြောင့်လည်း Epidemic အခြေအနေကနေ Global Pandemic ကပ်ဘေးအခြေအနေလို့ ပြောင်းလဲ ကြေညာခဲ့တာဖြစ်ပါတယ်။ တချို့သောတိုင်းပြည်တွေမှာ ဘားတွေ၊ တက္ကသိုလ်တွေ၊ ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ ရုံးတွေ၊ ဘဏ်တွေကို ပိတ်ထားတာမျိုးအထိရှိနေပါတယ်။ ကမ္ဘာကျော် စီးရီးအေ ဘောလုံးပြိုင်ပွဲကို ရပ်နားထားသလို၊ ပရီးမီးယားလိဂ်ပြိုင်ပွဲကိုလည်း ကွင်းပိတ်ကစားဖို့ စီစဉ်နေပါပြီ။ လက်ရှိမှာ ရောဂါပိုးကူးစက်ခံရသူ ၁၂၆၃၀၀ ကျော်အထိရှိနေပြီဖြစ်ပြီးတော့ သေဆုံးသူဦးရေဟာလည်း ၄၆၃၃ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရောဂါပိုးကူးစက်ခံထားရာကနေ ပြန်လည်သက်သာလာသူကလည်း ၆၈၂၈၅ ဦးအထိ တိုးတက်လာနေပါတယ်။ လက်ရှိမှာ သိပ္ပံပညာရှင်တွေနဲ့ ဆေးဝါးပညာရှင်တွေကတော့ ရောဂါကိုထိန်းချုပ်နိုင်ဖို့နဲ့ ကုသနိုင်ဖို့ကြိုးပမ်းနေကြဆဲဖြစ်ပေမယ့် အလုံးစုံအောင်မြင်မှုတော့ မရရှိကြသေးပါဘူး။ ဒါပေမယ့် တစ်ဖက်မှာလည်း […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

နေ့စဉ် အမှတ်တမဲ့လုပ်မိနေနိုင်တဲ့ ရောဂါကူးစက်ခံရနိုင်တဲ့ အလေ့အထတွေ

ခုတလော ရောဂါတွေက ဆန်းပြားလာသလို ပြင်းထန်လာကြပါတယ်။ တိုးတက်လာမှုနဲ့အတူ ရောဂါကူးစက်ခံရနိုင်ခြေတွေကလည်း တော်တော်လေး များလာပါတယ်။ အခုတလော လူတွေကြားမှာ စိုးရိမ်ထိတ်လန့်မှုကိုဖြစ်စေတဲ့ coronavirus (Covid-19) ကလည်း တစ်ခုအပါအဝင်ပေါ့။ ဒီတော့ နေ့စဉ် အမှုမဲ့အမှတ်မဲ့လုပ်မိနေတဲ့ အပြုအမူတွေကြောင့် Covid-19 အပါအဝင် အခြား ကူးစက်ရောဂါတွေ မခံစားရစေဖို့ ဒီဆောင်းပါးလေးကနေ သတိပေးပါရစေ။ ကူးစက်ရောဂါပိုးတွေ ဘယ်လို ကူးစက်ကြသလဲ.......... ကူးစက်ရောဂါတွေက အမျိုးမျိုးရှိသလို ကူးစက်တဲ့ပုံစံကလည်း အဖုံဖုံပါ။ လေထဲကနေတဆင့်ကူးတာ၊ ရောဂါပိုးရှိနေသူတွေရဲ့ နှာရည်၊တံထွေး စတာတွေကနေ ကူးစက်တာ၊ ရောဂါပိုးရှိသူရဲ့ ချွေး၊ သွေး နဲ့ ခန္ဓာကိုယ်ကနေ ထွက်တဲ့ အရည်တွေကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဒီတော့ ကိုယ်တွင်းကို ရောဂါပိုးတွေ မကူးစက်စေဖို့ဆိုရင် ကိုယ်တိုင်က သေချာလေး ကာကွယ်မှုတွေလုပ်ဖို့လိုပါမယ်။ ရောဂါပိုးတွေ ကူးစက်နိုင်တဲ့ အခြေအနေတွေက ဘာတွေများလဲ............. နေ့စဉ် လှုပ်ရှားသွားလာနေမှုတွေအတွင်း […]


ကိုရိုနာဗိုင်းရပ်စ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမှာလဲ

၂၀၁၉ ဒီဇင်ဘာကတည်းက တရုတ်နိုင်ငံကနေ စဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ သုံးလကြာအပြီးမှာလည်း အရှိန်လျော့သွားတဲ့ လက္ခဏာမပြဘဲ ဆက်ပြီး ကူးစက်ပျံ့နှံ့နေသေးတယ်။ အခုဆိုရင် ကမ္ဘာ့နိုင်ငံပေါင်း ၅၅နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောက်ရှိနေတယ်။ လူပေါင်း ရှစ်သောင်းကျော်ကူးစက်ခံထားရပြီး သေဆုံးသူ ၃၀၀၀ ကျော်ရှိနေပါပြီ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း ကလည်း ဒီကူးစက်ပျံ့နှံ့မှုကို ကမ္ဘာတစ်ခုလုံးမှာ အမြင့်ဆုံးခြိမ်းခြောက်မှုအဖြစ် ပြောင်းလဲသတ်မှတ်ထားပါတယ်။ ဒီရောဂါဟာ ဘာလို့ကြောက်ဖို့ကောင်းနေတာလဲ။ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရရင် ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲ ဖြစ်ပေါ်လာမှာလဲ၊ ဘာတွေခံစားရမလဲဆိုတာကို ဒီဆောင်းပါးမှာ ပြောပြထားပါတယ်။ အဆုတ် အသက်ရှူလမ်းကြောင်းကနေ ကူးစက်တဲ့ရောဂါဆိုတော့ ပထမဆုံးထိခိုက်မယ့် အစိတ်အပိုင်းက အဆုတ်ပါ။ ရောဂါပိုးရှိတဲ့ သူတစ်ယောက်က ချောင်းဆိုး၊နှာချေလိုက်တာကနေ ဗိုင်းရပ်စ်တွေက သူ့ရဲ့ နှာရည်၊ တံတွေးတို့မှာပါသွားပြီး တခြားတစ်ယောက်ကို ကူးစက်နိုင်တယ်။ ပထမဆုံးစပြီး ဖြစ်မယ့် လက္ခဏာတွေကတော့ ရိုးရိုးတုပ်ကွေးမိတဲ့လက္ခဏာတွေဖြစ်တဲ့ ဖျားတာ၊ […]


အစားအသောက်မှကူးစက်သောရောဂါများ

အစာအဆိပ်သင့်မှုကို သက်သာစေမယ့် သဘာဝနည်းလမ်းများ

အစာအဆိပ်သင့်တယ်ဆိုတာဟာ မတည့်တဲ့ အစားအစာတွေကို တွဲဖက်စားသုံးမိတာကြောင့် ဖြစ်နိုင်သလို ကျန်းမာရေးအခြေအနေ၊ ဘက်တီးရီယားကူးစက်မှု စတာတွေကြောင့်လည်း ဖြစ်ပွားနိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ တစ်ခါတလေမှာ ကိုယ်တိုင်တောင် ဘာကြောင့်ဖြစ်မှန်း ရေရေရာရာ မသိလိုက်ဘဲဖြစ်နေတာမျိုးလည်း ဖြစ်နေတတ်ပါသေးတယ်။ ဒီဝေဒနာမျိုးဟာ လူတော်တော်များများ ကြုံဆုံရလေ့ရှိပြီး အလွန်အမင်း ပြင်းထန်ရင်တော့ အချိန်မှီကုသနိုင်ဖို့ လိုအပ်ပါတယ်။ အစာအဆိပ်သင့်တာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းက ခန္တာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေပါဝင်နေတဲ့ အစားအစာတွေ၊ အဖျော်ယမကာတွေကို စားမိတာကြောင့်ဖြစ်ပါတယ်။ ဒီအချက်ဟာ အဖြစ်အများဆုံး အကြောင်းအရင်းဖြစ်ပါတယ်။ အစာအဆိပ်သင့်စေတဲ့ ရောဂါပိုးတွေထဲက အများစုဟာ သေချာကျက်အောင် ချက်ပြုတ်လိုက်ချိန်မှာ သေသွားလေ့ရှိပြီး အဲ့ဒီလိုအနေအထားမှာ လူကို အန္တရာယ်မပြုနိုင်ပါဘူး။ အစားအသောက်ကို သေချာကျက်အောင် မချက်ပြုတ်ထားတဲ့ အခါမျိုး၊ တွဲဖက်စားသောက်လို့ မတည်တဲ့ အစားအစာတွေကို ရောစပ်စားသုံးမိတဲ့ အခါမျိုးတွေမှာ အစာအဆိပ်သင့်မှုဖြစ်လာရပါတယ်။ အစာအဆိပ်သင့်မှုဟာ အကြောင်းအရင်းအမျိုးမျိုး၊ ဘက်တီးရီးယားအမျိုးမျိုးကြောင့် […]


ဦးနှောက်အမြှေးရောင်ခြင်း

ဦးနှောက်အမြှေးရောင်ခြင်းနဲ့ ဆောင်ရန်။ ရှောင်ရန်များ

အခန့်မသင့်ရင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ဖို့ပဲဖြစ်ဖြစ် ခံစားနေရတာကြောင့် သတိထားကုသဖို့ပဲဖြစ်ဖြစ် သိထားချင်တဲ့ အချက်လေးတွေရှိရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဦးနှောက်အမြှေးရောင်ခြင်း ဦးနှောက်အမြှေးရောင်တယ်ဆိုတာက ဦးနှောက်နဲ့ အာရုံကြောမကြီးကို ဖုံးအုပ်ထားတဲ့ အ​မြှေးပါး နဲ့ ဦးနှောက်အတွင်းမှာရှိတဲ့ အရည်တွေထဲကို ပိုးဝင်ကူးစက်မှုကြောင့်ဖြစ်လာတဲ့ ရောင်ရမ်းမှုကို ဆိုလိုတာပါ။ ဦးနှောက်အမြှေးရောင် ရောဂါက အရမ်းအဖြစ်များလှတဲ့ ရောဂါတော့မဟုတ်ပါဘူး။ ဦးနှောက်အမြှေးရောင်ရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းက တစ်ချက်မက ရှိနေပါတယ်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်တာက အသက်အန္တရာယ် ထိခိုက်စေနိုင်ပြီး လူတစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံမှုကနေတဆင့် ကူးစက်ပြန့်နှံ့နိုင်ပါတယ်။ ဦးနှောက်အမြှေးရောင်တာက ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များပြီး ဗိုင်းရပ်စ်​ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်တာက သိပ်မပြင်းထန်ပါဘူး။ တစ်ခါတလေမှာ ကုသမှုမခံယူဘဲ သူ့အလိုလို ပြန်သက်သာသွားတာမျိုးတောင်ရှိနိုင်ပါတယ်။ မှိုပိုးကူးစက်တာကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်တာက ဖြစ်ခဲတဲ့အခြေအနေတစ်ရပ်ပါ။ ဒီအမျိုးအစား […]


ကိုရိုနာဗိုင်းရပ်စ်

ကိုရိုနာဗိုင်းရပ်စ်ပိုး ကိုယ်ခန္ဓာတွင်း စတင်ဝင်ရောက်ခြင်းဖြစ်စဉ်

ပြီးခဲ့တဲ့ ဇန်နဝါရီလ တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားလာခဲ့တဲ့ ဝူဟန်ကိုရိုနာ အဆုတ်ရောင်ရောဂါဟာ ယခုဆိုရင် ကမ္ဘာလုံးကပ်ဆိုက် အရေးပေါ် အခြေအနေအဖြစ် ရောက်ရှိနေပါပြီ။ ကူးစက်ခံရသူပေါင်း ၇၅၀၀၀ နဲ့ အထက်၊ သေဆုံးသူပေါင်း ၂၀၀၀ နဲ့အထက်ထိ ရှိတဲ့အထိ ရောဂါပိုးဟာ ပြင်းထန်သလို ကူးစက်ခံရနှုန်းဟာလည်း ထိန်းလို့မရအောင် လျင်မြန်တယ်လို့ ဆိုထားပါတယ်။ နှာချေ ချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်အမွှားတွေကနေတစ်ဆင့် လူအချင်းချင်းကို ကူးစက်နိုင်တဲ့  ဝူဟန်ကိုရိုနာဗိုင်းရပ်စ်အတွက် ကုသရန် ဖြေဆေးရှာတွေ့ဖို့ကိုလည်း တစ်ကမ္ဘာလုံးက ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေအားလုံး ဝိုင်းဝန်းကြိုးပမ်းလျက်ရှိနေပါတယ်။ ဒီဆောင်းပါးမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်တွင်းမှာ ဘာတွေပြောင်းလဲထိခိုက်နေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ အဓိက အဆုတ်ကို ဒုက္ခပေးတယ်။ အအေးမိတုပ်ကွေး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါတွေဖြစ်တဲ့ ဆားစ်ရောဂါ၊ မားစ်ရောဂါကဲ့သို့ အဆုတ်ရောင်ရောဂါအနွယ်ဝင်ဖြစ်တဲ့အတွက် အရင်ဆုံး ထိခိုက်စေတာက အဆုတ်ပါ။ အစပိုင်းမှာ အဖျားတက်မယ်၊ ချောင်းဆိုးမယ်၊ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ရောဂါဖြစ်စဉ် အချိန်ဇယား

ဝူဟန်မြို့ကနေစတင်ခဲ့တဲ COVID-19 အဖျားရောဂါဟာ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကျးန်မာရေးဆိုင်ရာ ပြဿနာဆိုးတစ်ခုဖြစ်လို့နေပါတယ်။ COVID-19 အဖျားရောဂါပိုးဟာ SARS နွယ်ဝင် ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီးတော့ လင်းနို့တွေကနေ စတင်ပေါက်ပွားတယ်လို့ ယူဆခြင်းခံထားရပါတယ်။ လူဦးရေ ၁၁ သန်းကျော်နေထိုင်တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ ပင်လယ်စာဈေးတစ်ခုကနေစတင်ခဲ့တဲ့ ဒီရောဂါဆိုးဟာ လက်ရှိမှာ ကမ္ဘာ့နိုင်ငံအများအပြားမှာ သေဆုံးမှုတွေ ပြင်းထန်ရောဂါကူးစက်မှုတွေ ဖြစ်ပွားနေစေတဲ့ လက်သည်တစ်ခုဖြစ်လို့နေပါတယ်။ COVID-19 ရောဂါပိုး ကူးစက်ခံရသူတွေဟာ တုပ်ကွေးနဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာတွေ ကြုံတွေ့ရမှာဖြစ်ပြီးတော့ အသက်အရွယ်အကြီးရင့်သူတွေနဲ့ ကိုယ်ခံအားနည်းပါးသူတွေအတွက်တော့ အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဖျားတက်တာ၊ နှာချေတာ၊ ချောင်းဆိုတာ၊ လည်ချောင်းနာတာနဲ့ ခေါင်းကိုက်တာတွေဖြစ်နိုင်ပါတယ်။ ရောဂါပိုးကူးစက်ပြီး ၁၄ ရက်အတွင်း ရောဂါလက္ခဏာတွေ ပြသလေ့ရှိပါတယ်။ ယခုအောက်မှာ ဆက်လက်ဖော်ပြမယ့် အချက်တွေကတော့ ဒီကူးစက်ရောဂါကြီးရဲ့ လက်ရှိအချိန်အထိ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ ဖြစ်စဉ် အတက်အကျတွေကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း