ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

အစားအသောက်မှကူးစက်သောရောဂါများ

Listeriosis (လစ်စတီရီရိုးစစ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Listeriosis (လစ်စတီရီရိုးစစ်) ကဘာလဲ။ Listeriosisဆိုသည်မှာဘတ်တီးရီးယားများဖြင့် ညစ် ညမ်းနေသောအစာများကိုစားခြင်းကြောင့် ဖြစ်ပွားသောပြင်းထန်သောရောဂါကူးစက်မှုတစ်မျိုး ဖြစ်ပါသည်။ ထိုဘတ်တီးရီးယားသည် မကျက်တကျက် ချက်ထားသောအသား နှင့် နို့ထွက်ပစ္စည်းများတွင် တွေ့ရလေ့ရှိပါသည်။ Listeriosisသည် ပြင်းထန်သောကူးစက်ရောဂါ တစ်မျိုး ဖြစ် သော်လည်းအဖြစ်မများပါ။ Listeriosis (လစ်စတီရီရိုးစစ်) က ဘယ်လောက်အဖြစ်များသလဲ မည်သူမဆို ဖြစ်နိုင်ပါသည်။ သို့သော်လည်းကိုယ်ဝန် ဆောင် အမျိုးသမီးများ၊ သန္ဓေသားစသည်တို့တွင် ဖြစ်နိုင်ချေ ပိုမြင့်ပါသည်။ Listeriosisသည် လမစေ့ဘဲမွေး ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးဖွားပြီးမကြာမီပင် ကလေးသေဆုံးခြင်းတို့ကို ဖြစ်စေပါသည်။ မမွေးဖွားခင် ရောဂါကူးစက်ခံရပါကကလေးငယ်များသည် ပြင်းထန်စွာဖျားနာခြင်း ဖြစ်လာနိုင်ပါသည်။ ကိုယ်ခံအားစနစ် အားနည်းသောသူများသည် လည်းရောဂါဖြစ်နိုင်ပါသည်။ ဥပမာ- ကင်ဆာရှိသူများ၊ AIDS ၊ ကိုယ်အင်္ဂါအစားထိုးခြင်း နှင့် အသက်ကြီးသူများ လက္ခဏာများListeriosis (လစ်စတီရီရိုးစစ်) ရဲ့လက္ခဏာတွေကဘာတွေလဲ အချို့လူများတွင် အဖျားတက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှော ခြင်း […]


ရေယုန်

Oral Herpes (ပါးစပ်ရေယုန်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Oral Herpes (ပါးစပ်ရေယုန်) ကဘာလဲ။ ပါးစပ်တွင်ပေါက်သောရေယုန်ဆိုသည်မှာ ရေယုန်ဗိုင်း ရပ်စ်ကြောင့် ဖြစ်သော ပါးစပ်၊ နှုတ်ခမ်း သို့မဟုတ် သွားဖုံး တွင် ရောဂါပိုးကူးစက်ခြင်း တစ်မျိုးဖြစ်သည်။ ရောဂါသည် ပါးစပ်နှင့် သွားဖုံးပတ်လည်တွင် အဖုများအဖြစ် စတင်ပေါ် လာသည်။ ထိုဗိုင်းရပ်စ်သည် ရေကျောက်၊ shingles, ပါးစပ် အနာများ နှင့် mononuclear leukemia တို့ကိုဖြစ်စေသော ဗိုင်းရပ်စ်နှင့် မျိုးနွယ်တူ ဖြစ်သည်။ ငယ်ရွယ်စဉ်တွင် ထိတွေ့ မှုဖြင့် ကူးစက်ခြင်းဖြစ်ပြီး အရွယ်ရောက်ပြီးသူများ၏ ၈၀ ရာ ခိုင်နှုန်းသည် ရေယုန်ဗိုင်းရပ်စ် အမျိုးအစား ၁ ကို ကူးစက်ခံ ရပါသည်။ ရေယုန်အမျိုးအစား ၂ သည် လိင်ဆက်ဆံရာမှ ကူးစက်ပါသည်။ Oral Herpes (ပါးစပ်ရေယုန်) က ဘယ်လောက်အဖြစ်များသလဲ ပါးစပ်တွင်ပေါက်သောရေယုန်သည် […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Tetanus (မေးခိုင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tetanus (မေးခိုင်ရောဂါ) ကဘာလဲ။ မေးခိုင်ရောဂါသည် Clostridium tetaniဟုခေါ်သောဘတ်တီးရီးယားတစ်မျိုးကြောင့်ဖြစ်ပွားပါသည်။ ထိုဘတ်တီးရီးယားသည် ကမ္ဘာအနှံ့ရှိပြီးအဓိကအားဖြင့် မြေကြီးထဲတွင် တွေ့ရပါသည်။ ဘတ်တီးရီးယားသည် အာရုံကြောပျက်စီးမှု ကိုဖြစ်စေသောအဆိပ်အတောက်များကိုထုတ်လွှတ်ပါသည်။ အာရုံကြောများကထိန်းချုပ်ထားသော ကြွက်သားများသည် တောင့်တင်းလာပြီးထုံထိုင်းလာပါသည်။ လျင်မြန်စွာမကုသပါကအသက်ရှုမှုကို ပြုလုပ်ပေးသော ကြွက်သားများအလုပ် လုပ်ခြင်းရပ်ကာလူနာသေစေနိုင်ပါသည်။ မေးခိုင်ခြင်းအမျိုးအစားတွင် ခန္ဓါကိုယ်အနှံ့၊ တစ်နေရာတည်း နှင့် မွေးကင်းစဟူ၍ ရှိပါသည်။ မေးခိုင်ရောဂါသည် ကူးစက်ပျံ့နှံ့ခြင်းမရှိပါ။ ကာကွယ်ဆေးလည်းရှိပါသည်။   Tetanus (မေးခိုင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ မေးခိုင်ရောဂါသည် အထူးသဖြင့် ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများတွင် ကာကွယ်ဆေးမထိုးထားသောသူများတွင် ဖြစ်ပွားလေ့ရှိပါသည်။ ကလေးငယ်များ နှင့် လူငယ်များတွင် ရောဂါ ဖြစ်နိုင်ချေ ပိုမြင့်ပါသည်။ လက္ခဏာများTetanus (မေးခိုင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ခန္ဓါကိုယ် မေးခိုင်ရောဂါသည် အဖြစ်အများဆုံးအမျိုးအစား ဖြစ်သည်။ ထိခိုက်မှု သို့မဟုတ် ရောဂါပိုးဝင်ပြီး ၇ရက် အတွင်းသင်၏ ကြွက်သားများသည် တင်းမာလာပြီးနာကျင် သောတက်ခြင်းတို့ဖြစ်နိုင်ပါသည်။ […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Cat Scratch Disease (ကြောင်ကုတ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cat Scratch Disease (ကြောင်ကုတ်ရောဂါ) ကဘာလဲ။ ကြောင်ကုတ်ရောဂါဆိုသည်မှာ ကြောင်လက်သည်းတွင် ရှိသော ဘတ်တီးရီးယားကြောင့်ဖြစ်သည်ဟု ယူဆရသော ရောဂါကူးစက်မှုတစ်မျိုးဖြစ်ပါသည်။ ရောဂါပိုးသည် ကုတ်ရာ နှင့် အနီးဆုံးရှိသော ပြန်ရည်ကြောအဖုများသို့ ပျံ့နှံ့သွားပါ သည်။ ပြန်ရည်ကြော ဂလန်းများသည် တစ်ရှူး အစုအဝေး များဖြစ်ပြီး ရောဂါပိုးကူးစက်မှုကို တိုက်ခိုက်သော ကိုယ်ခံ အားစနစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ် ပါသည်။ ကြောင်ကုတ်ရောဂါသည် အတော်အတန် ရှားပါသည်။ အများစုသည် အစောပိုင်း ဆောင်းဦးရာသီနှင့် ဆောင်းရာသီ အလယ်တွင် ဖြစ်ပွားပါသည်။ Cat Scratch Disease (ကြောင်ကုတ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ကလေးငယ်များနှင့် အရွယ်ရောက်ပြီးလူငယ်များတွင် ပို၍ အဖြစ်များပါသည်။ ရောဂါဖြစ်ပွားမှု၏ ၈၀ရာခိုင်နှုန်းမှာ အ သက် ၂၁နှစ်အောက်လူများ ဖြစ်ပါသည်။ အများစုမှာ ၃နှစ်နှင့် ၁၂နှစ်ကြား ဖြစ်ပါသည်။ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Rubella (ဂျိုက်သိုး ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Rubella (ဂျိုက်သိုး ရောဂါ) ကဘာလဲ။ ဂျာမန်ဝက်သက် သို့မဟုတ် သုံးရက်ဝက်သက် ဟုလည်း ခေါ်သော ဂျိုက်သိုး ရောဂါသည် ဗိုင်းရပ်စ်ကူးစက်မှု တစ်မျိုး ဖြစ်ပြီး အနီရောင်အဖုအပိမ့်များ ထွက်စေပါသည်။ ဂျိုက်သိုး ရောဂါသည် ကလေးများတွင် အလွန်အဖြစ်များပါသည်။ ကျန်းမာရေး ဝန်ကြီးဌာနမှ ကလေးများအားလုံးအား ဝက် သက်၊ ပါးချိတ်ရောင်ခြင်း၊ ဂျိုင်းသိုးရောဂါတို့အတွက် ကာကွယ်ဆေးများ သုံးရန် ညွှန်ကြားပြီးသောအခါ ဖြစ်ပွားမှု နည်းပါးသွားပါသည်။ ဂျိုက်သိုးရောဂါသည် အနီစက်များ ထွက်သော်လည်း ဝက်သက်ရောဂါ နှင့်မတူပါ။ ဂျိုက်သိုးရောဂါသည် ဝက်သက် ဖြစ်စေသော ဗိုင်းရပ်စ်နှင့် မတူသော အခြားဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး ဝက်သက်ကဲ့သို့ မကူးစက်၊ မပြင်းထန်ပါ။ Rubella (ဂျိုက်သိုး ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ လူတိုင်းတွင် ဂျိုက်သိုးရောဂါဖြစ်နိုင်ပါသည်။ အရွယ် ရောက်ပြီးသူများရော ကလေးများတွင်ပါ ဖြစ်သော ဂျိုက်သိုး ရောဂါသည် […]


ကူးစက်ရောဂါများ

မြန်မာနိုင်ငံမှာအဖြစ်များတဲ့ ခြင်ကတဆင့်ကူးစက်တတ်သောရောဂါတွေကို ဘယ်လိုကာကွယ်မလဲ

ခြင်ဆိုတာ တဝီဝီအသံနဲ့အနှောင့်အယှက်ပေးရုံမက အကိုက်ခံရရင်လည်း ယားစပ်စပ်ဖြစ်ကျန်ခဲ့တဲ့ခံစားချက်ကနေရခက်ပါတယ်။ ခြင်ကပေးတဲ့ပြဿနာက ဒါတင်မကပါဘူး။ခြင်ကသယ်ဆောင်လာတဲ့ရောဂါပိုးတွေကလည်း မနည်းမနောပါပဲ။နောက်ဆက်တွဲအန္တရာယ်ကြီးမားတဲ့ရောဂါပိုးတွေကိုခြင်ကိုက်ခံရတဲ့အချိန်မှာ ကူးစက်ရရှိတတ်ပါတယ်။ နေရာဒေသနဲ့ ခြင်အမျိုးအစားအလိုက် ကူးစက်ရရှိနိုင်တဲ့ရောဂါတွေကအမျိုးမျိုးရှိပေမယ့် အာရှဒေသဖြစ်တဲ့မြန်မာနိုင်ငံမှာတော့ ဒီရောဂါတွေ အဖြစ်များပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ Aedesခြင်အကိုက်ခံရတဲ့သူ ရဲ့သွေးထဲကိုရောဂါပိုးဝင်ရောက်ပြီးကူးစက်ခံရတာဖြစ်ပေမယ့် ကလေးတွေမှာပိုအဖြစ်များပါတယ်။ တစ်ခါတရံမှာ လက္ခဏာတွေကအပျော့စားဖြစ်ပြီး တုပ်ကွေး သို့မဟုတ် တခြားရောဂါလက္ခဏာတွေအဖြစ် အထင်မှားတတ်ကြပါတယ်။ ဒါပေမယ့်သွေးလွန်တုပ်ကွေးဆိုရင်တော့ ဒီအတိုင်းမသက်သာနိုင်ဘဲ ပိုပြင်းထန်လာနိုင်ပါတယ်။ ရောဂါသိတာနောက်ကျရင် ပြင်းထန်တဲ့dengue hemorrhagic feverဖြစ်လာပြီး အဖျားတက်ခြင်း၊သွေးကြောတွေထိခိုက်ခြင်း၊ နှာခေါင်းနဲ့သွားဖုံးသွေးယိုခြင်း၊အသည်းကြီးခြင်းနဲ့သွေးလည်ပတ်မှုစနစ်ချို့ယွင်းခြင်းတို့ခံစားရပြီး နောက်ဆုံးမှာ အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ်။ Chikungunya (ဆင်တုပ်ကွေး)ရောဂါ ဆင်တုပ်ကွေးလို့ ခေါ်ကြတဲ့ Chikungunya ရောဂါဟာလည်းAedes ကနေပဲ ကူးစက်ရရှိနိုင်တဲ့အမျိုးအစားဖြစ်ပါတယ်။ သူ့ကို ကူးစက်ရရှိပြီး (၂ )ရက်ကနေ (၁၂ )ရက်အတွင်းမှာ ရောဂါအစပျိုးတတ်ပြီး လက္ခဏာတွေကတော့ အဖျားတက်ခြင်းနဲ့အရိုးအဆစ်နာကျင်ကိုက်ခဲခြင်း၊ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အဆစ်ရောင်ခြင်းနဲ့အရေပြားနီမြန်းခြင်းတို့ပါဝင်ပါတယ်။ ဂျပန်ဦးနှောက်ရောင်ရောဂါ ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese encephalitis) ဟာCulexခြင်အကိုက်ခံရပြီးနောက် ကူးစက်ရရှိနိုင်တဲ့ရောဂါဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်း၊အဖျားတက်ခြင်း၊ပျို့အန်ခြင်း၊စိတ်ရှုပ်ထွေးခြင်း၊လှုပ်ရှားရခက်ခဲခြင်း စတဲ့လက္ခဏာတွေကတော့ (၅) […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း