ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

COVID-19 ဗိုင်းရပ်စ်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ Mask

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ တစ်ဆင့် ကမ္ဘာ့နိုင်ငံတော်တော်များများကို COVID-19 ဗိုင်းရပ်စ်က ပျံ့နှံ့နေပါပြီ။  အခုဆိုရင် အပြင်မှာ  ကြိုတင်ကာကွယ်တဲ့အနေနဲ့ Mask တွေကို အသုံးပြုလာကြပါပြီ။ ဒီဆောင်းပါးမှာတော့ ပြည်သူလူထုကြား အမေးများနေတဲ့ ရိုးရိုး Surgical Mask နဲ့ N95 Mask ဘာက ပိုအာနိသင်ကောင်းလဲ၊ ဒီ COVID-19 ဗိုင်းရပ်စ်ကို အကောင်းဆုံး ကာကွယ်ပေးနိုင်တာက ဘယ် Mask လဲ၊ ဘယ်လိုအသုံးပြုရမှာလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြပေးချင်ပါတယ်။ N95 Mask အခုဖြစ်နေတဲ့အခြေအနေအတွက်တော့ N95 Mask ဟာ အကောင်းဆုံးဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ဝူဟန်ကိုရိုနာပိုးသည် နှာချေ ချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်အမွှားတွေကနေ ကူးတတ်တဲ့ ဗိုင်းရပ်စ်ဖြစ်ပြီး N95 Mask ဟာ  ဒီအမှုန်တွေ ရောဂါပိုးတွေကို အဓိက ကာကွယ်ပေးနိုင်တာကြောင့်ပါပဲ။ N95 […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 အဆုတ်ရောင်ရောဂါ နှင့် နာတာရှည်ရောဂါရှင် များ

COVID-19 အဆုတ်ရောင်ရောဂါ ကဒီတလောမှာ ခေတ်စားလာပြီး လူအများစိတ်ဝင်စားလာတဲ့ ရောဂါပါ။ သေနှုန်း သိပ်မများပေမယ့် နေ့စဉ်နဲ့အမျှ ရောဂါကူးစက်ခံရသူတွေ၊ သေဆုံးတဲ့သူတွေ တက်နေတဲ့အတွက် ကြောက်ရွံ့နေကြတာပါ။ ဒီထဲမှာ အထူးဂရုစိုက်ရမယ့်သူတွေကတော့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေ၊ နာတာရှည်ရောဂါရှင် တွေ၊ ကိုယ်ခံအားနည်းတဲ့သူတွေပဲ ဖြစ်ပါတယ်။ ရောဂါကူးစက်ဖို့ အခွင့်အလမ်းလည်းများသလို နာလန်ထူဖို့လည်းခက်လို့ပါ။ နာတာရှည်ရောဂါရှင် ဆိုတာ ဘယ်သူတွေလဲ။ အဆုတ်မကောင်းတဲ့သူတွေ အရင်ကတည်းက အဆုတ်နဲ့ ပတ်သတ်တဲ့ ရောဂါတစ်ခုခုရှိတဲ့သူတွေ (တီဘီ၊ ပန်းနာရင်ကြပ်၊ အဆုတ်ပွ)က အဆုတ်အားနည်းတဲ့အတွက် အသက်ရှူလမ်းကြောင်းရောဂါပိုးတွေ (ဥပမာ ကိုရိုနာဗိုင်းရပ်စ်ပိုး) ဝင်နိုင်ပါတယ်။ ဆီးချိုရှိတဲ့သူတွေ ဆီးချိုရောဂါရှိတဲ့သူတွေက ခုခံအားမကောင်းတာ အားလုံးသိပြီးသားပါ။ သူတို့တွေက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာကနေမဆို ရောဂါပိုးဝင်လွယ်ပါတယ်။ AIDS နာမည်ကိုက ခုခံအားကျဆင်းမှုရောဂါဖြစ်တဲ့အတွက် ရောဂါပိုးအလွယ်တကူဝင်နိုင်တယ်ဆိုတာ သိသာပါတယ်။ ကင်ဆာ ကင်ဆာရောဂါရှင်တွေက ကင်ဆာဆေးတွေကြောင့်ပဲဖြစ်ဖြစ်၊ ဆေးဒဏ်၊ ရောဂါဒဏ်ကြောင့် အစားအသောက်ပျက်လို့ဖြစ်ဖြစ် ခုခံအားနည်းပြီး […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 အဆုတ်ရောင်ရောဂါ နဲ့ ကိုယ်ဝန်ဆောင် များ

ခုတလောဖြစ်နေတဲ့ COVID-19 အဆုတ်ရောင်ရောဂါ နဲ့ပတ်သတ်ပြီး သူသူကိုယ်ကိုယ်စိုးရိမ်နေကြပါတယ်။ တကယ်တော့ ဒီရောဂါက ခုခံအားလည်းကေင်းမယ်။ ရောဂါမကူးအောင် ဆောင်ရန်ရှောင်ရန်တွေကို သေသေချာချာလိုက်နာမယ်ဆိုရင် ရောဂါဖြစ်ဖို့ အခွင့်အလမ်းနည်းပါတယ်။ ဒါပေမယ့် ရောဂါကူးနိုင်တာခြင်းအတူတူ သေချာ‌စောင့်ရှောက်ပေးရမယ့် လူတစ်စုရှိပါတယ်။ သူတို့က ကိုယ်ဝန်ဆောင် တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေပါ။ သူတို့က ကိုယ်ခံအားမကောင်းတဲ့အတွက် သာမန်လူတွေထက်ပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။ ဘာဖြစ်လို့ ကိုယ်ဝန်ဆောင် တွေအတွက်အရေးကြီးတာလဲ။ ကိုယ်ဝန်ဆောင်တွေက သဘာဝကိုက ကိုယ်ဝန်ရှိရင် ဒီကလေးလေးကို ခန္ဓာကိုယ်က လက်ခံဖို့အတွက် ခုခံအားချပေးရပါတယ်။ ဒါ့ပြင် ဟော်မုန်းအပြောင်းအလဲကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေမှာ သွေးသားပြောင်းလဲမှုတွေဖြစ်ပါတယ်။ ဒါ့ပြင် ၂ယောက်ဖြစ်လာတဲ့အတွက် လုံလုံလောက်လောက်မစားဘူးဆိုရင် အာဟာရချို့တဲ့တာ၊ သွေးအားနည်းတာတွေဖြစ်လာနိုင်ပါတယ်။ ဒါတွေက ကိုယ်ခံအားနည်းရတဲ့အ‌ကြောင်းရင်းတွေပါပဲ။ COVID-19 အဆုတ်ရောင်ရောဂါ ရောဂါလက္ခဏာများ ရောဂါလက္ခဏာတွေကတော့ တခြားသူတွေလိုပါပဲ။ ဖျားမယ်။ ချောင်းဆိုးမယ်။ မောမယ်။ အသက်ရှူရခက်မယ်။ ဒီထက်ပိုဆိုးလာရင်တော့ အဆုတ်ရောင်မယ်။ ကျောက်ကပ်ပျက်စီးမယ်။ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ဗိုင်းရပ်စ် မပျံ့နှံ့အောင်ထိန်းချုပ်ခြင်း (Coronavirus Quarantine)

Quarantine လုပ်တယ်ဆိုတာ ဘာလဲ။ ဒီနေရာမှာ Quarantine အကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော်နည်းနည်းလောက် ရှင်းပြပေးချင်ပါတယ်။ Quarantine လုပ်တယ်ဆိုတာ ရောဂါပိုးတွေကို ပြန့်ပွားမှုနှုန်း နည်းနိုင်သမျှ နည်းစေဖို့အတွက် ထိန်းချုပ်ခြင်းပါပဲ။ ဒီလိုထိန်းချုပ်တဲ့အခါမှာ ရောဂါစတင်ပြန့်တယ်လို့ သံသယရှိတဲ့ ဒေသ၊ နိုင်ငံအတွင်းမှာ နေထိုင်တဲ့သူအကုန်လုံးကို လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်းကနေ ပြည်ပထွက်ခွင့် ပိတ်ပင်တားမြစ်ရပါတယ်။ ရောဂါပိုးရှိနေတဲ့သူတွေ၊ ရှိနေတယ်လို့ သံသယရှိတဲ့သူတွေအားလုံးကိုလည်း နေကောင်းနေတဲ့သူတွေနဲ့ ထိတွေ့ဆက်ဆံမှုမရှိစေဖို့နဲ့ ရောဂါထိန်းချုပ်ဖို့အတွက် သီးသန့်ဖွင့်ထားတဲ့ အထူးကြပ်မတ်ဆောင် ဆေးရုံတွေမှာ ထိန်းသိမ်းထားရပါတယ်။ ဒီလိုထိန်းချုပ်မှုတွေအားလုံးလုပ်နေတဲ့အချိန်မှာ သက်ဆိုင်ရာ ဆေးပညာဌာန၊ ကျန်းမာရေးဝန်ကြီးဌာနမှာ လုပ်ကိုင်နေတဲ့ သိပ္ပံပညာရှင်တွေ၊ ဆရာဝန်တွေ၊ ကျန်းမာရေးစောင့်ရှောက်သူတွေအားလုံးဟာ ရောဂါပိုးကို အမြန်ဆုံးထိန်းချုပ်နိုင်ဖို့ နည်းလမ်းတွေ၊ ကုသနိုင်ဖို့ ဆေးဝါးတွေ၊ ရောဂါကို ဘယ်ကနေ စတင်တွေ့ရှိတာလဲ၊ ဘယ်လိုပျံ့နှံ့တာလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ကူးစက်နိုင်တာလဲ၊ သီးသန့်ဖြစ်ပေါ်လာတဲ့ ရောဂါပိုးလား၊ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 အဆုတ်ရောင်ရောဂါ နှင့်သက်ကြီးရွယ်အိုများ

၂၀၂၀ ဇန်နဝါရီ ၂၈ရက်ထိ သတင်းတွေအရဆိုရင် COVID-19 အဆုတ်ရောင်ရောဂါ ဟာ တရုတ်အပါအဝင် နိုင်ငံပေါင်း၁၇နိုင်ငံကိုပျံ့နှံ့သွားပြီး ကူးစက်ခံရသူ ၄၃၁၄ယောက်၊ သေဆုံးသူ၁၀၆ယောက်အထိ မြင့်တက်သွားပါပြီ။ သေဆုံးသူတွေရဲ့ အသက်ကို ကြည့်မယ်ဆိုရင် ၄၈-၈၉နှစ်ကြားပါ။ အငယ်ဆုံးကတော့ ၃၆နှစ်လို့ဆိုပါတယ်။ အသေအပျောက်အများဆုံးကတော့ ၇၅နှစ် ပတ်ချာလည်တွေပါ။ ဆိုလိုတာက သက်ကြီးပိုင်းတွေမှာ သေဆုံးတာပိုများနေပါတယ်။ ဒါဆိုရင် အိမ်မှာရှိတဲ့ လူကြီးတွေအတွက်ရော စိုးရိမ်ရမလား။ ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲဆိုတာ ပြောပြပေးပါမယ်။ ဘာလို့သက်ကြီးပိုင်းတွေမှာ COVID-19 အဆုတ်ရောင်ရောဂါ ပိုဖြစ်တာလဲ။ ခုခံအား အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က တဖြည်းဖြည်းကျလာပါတယ်။ ဒါဟာ ပုံမှန်ပါပဲ။ ဒါကြောင့် ငယ်ငယ်တုန်းကလို ခံနိုင်ရည်မရှိတော့ပါဘူး။ တစ်ခုခုဆို ဖျားလွယ် နာလွယ်ပါတယ်။ ဖျားနာပြီးရင်လည်း နာလည်ထဖို့ အချိန်ယူရပါတယ်။ ရောဂါအခံ ကိုရိုနာ အဆုတ်ရောင်ရောဂါမှာ သေဆုံးခဲ့တဲ့သူတွေကို ကြည့်မယ်ဆိုရင် ရောဂါအခံတစ်ခုခုရှိတဲ့သူတွေပိုများပါတယ်တဲ့။ ရောဂါအခံရှိတယ်ဆိုတာ […]


ကိုရိုနာဗိုင်းရပ်စ်

ပြင်းထန် အဆုတ်ရောင်ရောဂါပိုး (2019 Novel Coronavirus (2019-nCoV)) ကနေ ဘယ်လိုကာကွယ်မလဲ......

အခုတလော လူတော်တော်များများ စိုးရိမ်နေတာက တရုတ်နိုင်ငံ ဝူဟန်မြို့ကနေစတင်ဖြစ်ပွားလာတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus (2019-nCoV)  ကူးစက်ခံရမှာကိုပါ။  ဒီတော့ ဒီဗိုင်းရပ်စ်ကဘာလဲ ဘယ်လိုကာကွယ်ကြမလဲဆိုတာ ပြောပြပေးမယ်နော်။ Coronavirus ဗိုင်းရပ်စ်ဆိုတာက ဘာလဲ...... 2019 Novel Coronavirus (2019-nCoV) ဆိုတာက ပြင်းထန်ကူးစက်ရောဂါပိုး တစ်မျိုးပါ။ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်မှာ  စတင်ဖြစ်ပွားခဲ့တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးပါ။ စတင်ဖြစ်ပွားမှုဟာ ပင်လယ်စာ နဲ့ တောရိင်း တိရစ္ဆာန်တွေကိုရောင်းချတဲ့ ဈေးကနေစတင်ပြန့်ပွားခဲ့တယ်လို့သိခဲ့ရပြီး တိရစ္ဆာန်ကနေတဆင့် လူကိုကူးစက်တယ်လို့ယူဆခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာ​တော့ ဒီဈေးနဲ့ ထိတွေ့မှုမရှိတဲ့ လူတွေမှာလည်း ကူးစက်မှုတွေရှိခဲ့တာကြောင့် ဒီရောဂါပိုးဟာ လူအချင်းချင်းကူးစက်နိုင်တယ်လို့ ယူဆဖို့ အကြောင်းရှိလာပါတယ်။ ဒီ Coronavirus ဟာ Severe Acute Respiratory Syndrome (SARS) နဲ့ Middle East […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ဗိုင်းရပ်စ် ကို ရင်ဆိုင်ရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုများ

တရုတ်နိုင်ငံ ဝူဟန်မြို့ရဲ့ သားငါး ပင်လယ်စာဈေးတစ်ခုမှ အခြေခံကာ နိုင်ငံပေါင်း ၁၀ နိုင်ငံ လောက်ထိ ပျံ့နှံ့လျက်ရှိပြီး လူ ၂၇၀၀ ကျော်ကူးစက်ခြင်းခံနေရတဲ့ ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကိုCOVID-19 ဗိုင်းရပ်စ် ဟု အမည်ပေးခဲ့ပြီးဖြစ်ပါတယ်။ ၂၀၀၂ မှာဖြစ်ပွားခဲ့ပြီး သေဆုံးမှုနှုန်း ၁၅ ရာခိုင်နှုန်းထိရှိခဲ့တဲ့ SARS (ပြင်းထန်အဆုတ်ရောင်ရောဂါပိုး) နှင့် ၂၀၁၂ မှာဖြစ်ပွားခဲ့ပြီး သေဆုံးမှုနှုန်း ၃၆ ရာခိုင်နှုန်းရှိခဲ့တဲ့ MERS (အရှေ့လယ်ပိုင်းဒေသ ပြင်းထန်အဆုတ်ရောင်ရောဂါပိုး) တို့နှင့် အုပ်စုတူပြီး ကူးစက်မှုနှုန်းပိုမိုမြန်ဆန်သည်ဟု ယူဆထားခြင်းခံရပါတယ်။ ဒီ ဗိုင်းရပ်စ်ဟာ စတင်တွေ့ရှိတဲ့ ၂၀၁၉ နှစ်ကုန်ကနေ ယခုချိန်ထိ သေဆုံးသူ ၈၀ ဦးရှိသွားပြီဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်မျိုးနွယ်စုထဲမှဖြစ်သော်လည်း မျိုးရိုးဗီဇအသစ်ဖြစ်တဲ့အတွက် သိပ္ပံပညာရှင်များ၊ ဆရာဝန်များ အခက်တွေ့နေရခြင်းမှာ တိကျသေချာတဲ့ ရင်းမြစ်၊ ရောဂါလက္ခဏာနှင့် ရောဂါကိုရှာဖွေ […]


ကိုရိုနာဗိုင်းရပ်စ်

၂၀၀၀ခုနှစ်နောက်ပိုင်း ကမ္ဘာကိုကိုင်လှုပ်ခဲ့သော ကူးစက်ရောဂါ များ

ဟိုးအရင်ကတည်းက ကမ္ဘာပေါ်မှာ လူတွေကို အစုလိုက် အပြုံလိုက် သေစေခဲ့တဲ့ ကူးစက်ရောဂါ တွေ အများကြီးရှိပါတယ်။ အခုအခါမှာ ကိုရိုနာဗိုင်းရပ်စ်ကလည်း အဖြစ်များနေတဲ့အတွက် ၂၀၀၀ခုနှစ်ကစပြီးတော့ ကမ္ဘာမှာဖြစ်ခဲ့တဲ့ လူအများကြီးကို သေစေတဲ့ ကူးစက်ရောဂါ တွေနဲ့နှိုင်းယှဉ်ပြီး ပြောပြသွားပါမယ်။ ၂၀၀၃ ဆားစ်ရောဂါ (SARS) SARSရောဂါဟာ ယခုလက်ရှိဝူဟန်ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲပါ။ SARS-CoVလို့ခေါ်ပါတယ်။ ၂၀၀၂ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ တရုတ်နိုင်ငံ ဂွမ်ဒေါင်းမြို့မှာ စတွေ့ခဲ့ပါတယ်။ ကြောင်ကတိုးကနေစပြီးကူးစက်ခဲ့ပါတယ်။ လူလူချင်းလည်းကူးစက်ပါတယ်။ အသက်ရှူလမ်းကြောင်းကနေရော မစင်ကနေပါကူးစက်ပါတယ်။ ၂၀၀၂ခုနှစ် နိုဝင်ဘာ ၁ရက်နေ့မှ ၂၀၀၃ခုနှစ် ဇူလိုင်လ ၁၁ရက်နေ့အထိ တင်ပြချက်များအရ နိုင်ငံပေါင်း ၂၉နိုင်ငံကို ပျံ့နှံ့သွားပြီး လူပေါင်း၈၀၀၀ကျော် ကူးစက်ခံရပါတယ်။ လူပေါင်း၈၀၀ခန့်လည်း သေဆုံးခဲ့ပါတယ်။ သေနှုန်း case fatality rateကတော့ ၉.၆ရာခိုင်နှုန်းပါ။ အခုထက်ထိ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ဗိုင်းရပ်စ် ထက် ပိုကြောက်စရာကောင်းတဲ့အရာ?

နောက်ဆုံးရသတင်းများအရ COVID-19 ဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝန်းမှာ လူ ၂၇၀၀ ကျော်ကူးစက်ခံနေရပြီး သေဆုံးသူအရေအတွက်မှာ ၈၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံအသီးသီးက အုပ်ချုပ်ရေး၊ ကျန်းမာရေး အကြီးအကဲတွေဟာ ရောဂါပိုးကို ထိန်းသိမ်းနိုင်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေကြတဲ့အချိန်မှာ COVID-19  ဗိုင်းရပ်စ်နဲ့ယှဉ်ပြီး ကြောက်စရာကောင်းတဲ့ အရာတစ်ခုကိုပါ ပူးတွဲ ရင်ဆိုင်နေရပါတယ်။ ဒါကတော့ infodemic လို့ခေါ်တဲ့ သတင်းစကားအမှားတွေ ချဲ့ကားခြင်း ပြဿနာပါ။ Epidemic ဆိုတာကတော့ ကူးစက်မြန်၊ ထိန်းချုပ်ဖို့ ခက်ခဲတဲ့ ကပ်ရောဂါတစ်ခု အချိန်ကာလ တစ်ခုမှာ ဖြစ်ပွားတာကို ဆိုလိုတာဖြစ်ပြီးတော့ သူနဲ့ ဆင်တူတဲ့ အသုံးအနှုန်း infodemic ကတော့ ပြဿနာတစ်ခုပေါ် အခြေခံပြီး ချဲ့ကားလာတဲ့ သတင်းစကားတွေကြောင့် ရှိရင်းစွဲ ပြဿနာကိုပါ ဖြေရှင်းဖို့ ပိုခက်ခဲလာနိုင်တဲ့ အခြေအနေတစ်ခုကို ခေါ်ပါတယ်။ ကိစ္စတစ်ခုဖြစ်လာတိုင်း ကောလဟာလတွေလည်း ယှဉ်ပြီးပါလာတယ်ဆိုတာ ထူးဆန်းတာတော့ မဟုတ်ပေမဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသော ပြင်းထန်အဆုတ်ရောင်ရောဂါ (Novel coronavirus)အကြောင်းသင်သိသင့်သမျှ

Coronavirus ဆိုတာ ဘာလဲ။ လူမှာတွေ့ရတဲ့ corona virusတွေကို ၁၉၆၀နှစ်လယ်ပိုင်းလောက်က စတွေ့ခဲ့တာပါ။ လူကို ကူးစက်နိုင်တဲ့ corona virus တွေကတော့  229E (alpha coronavirus)  NL63 (alpha coronavirus) OC43 (beta coronavirus) HKU1 (beta coronavirus)  MERS-CoV (မားစ်ဖြစ်စေသော ဗိုင်းရပ်စ်)  SARS-CoV  (ဆားစ်ဖြစ်စေသော ဗိုင်းရပ်စ်)  2019 Novel coronavirus (2019-nCoV) (တရုတ်ပြည် ဝူဟန်မြို့တွင် တွေ့ရသည့် ပြင်းထန်အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်) တွေပဲဖြစ်ပါတယ်။ ​ဒါတွေထဲက ယခုလက်ရှိဖြစ်ပွားနေတဲ့ 2019-nCoVအကြောင်းကို ဆက်ပြောပါမယ်။ 2019-nCoV အဆုတ်ရောင်ရောဂါဗိုင်းရပ်စ်ရဲ့ နောက်ဆုံးသတင်း ၂၀၁၉ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အမည်မသိ ပြင်းထန်အဆုတ်ရောင်ရောဂါ တစ်မျိုးဖြစ်ခဲ့ကြပါတယ်။ စုံစမ်းကြည့်လိုက်တော့ ဝူဟန်မြို့မှာရှိတဲ့ သားငါးနဲ့ ပင်လယ်စာလက်ကားစျေးနဲ့ထိတွေ့ခဲ့သူတွေဖြစ်တယ်လို့ သိရတဲ့အတွက် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း