ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

နိုဗယ်လ် ကိုရိုနာ ဗိုင်းရပ်စ် မြန်မာပြည်ကို ရောက်လာနိုင်သလား

ယနေ့ကမ္ဘာပေါ်မှာ လူပြောသူပြောများနေပြီး အရမ်းကို အန္တရာယ်ပေးနေတဲ့ 2019 Novel Corona virus (နိုဗယ်လ် ကိုရိုနာ ဗိုင်းရပ်စ်) လို့ ခေါ်တဲ့ ထူးဆန်းတဲ့ အဆုတ်ရောင် ရောဂါဗိုင်းရပ်စ်ဟာ လူ့အသက်တွေကိုပါ ချိန်းခြောက် အန္တရာယ်ပေးလာနေပြီဖြစ်ပါတယ်။ ဒီလို အန္တရာယ်ပြုနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပြင်းထန် အဆုတ်ရောင်ရောဂါဟာ မိမိတို့ရဲ့ အိမ်နီးချင်းတိုင်းပြည်တစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားနေတာဖြစ်ပြီးတော့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံကိုလည်း ရောက်ရှိလာနေပြီဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့တိုင်းပြည်ကိုရော ဒီရောဂါ ရောက်လာနိုင်မလား? ဘယ်လို တားဆီးကာကွယ်ကြမလဲဆိုတာကို လေ့လာကြည့်ရအောင် ကိုရိုနာဗိုင်းရပ်စ်ဆိုတာဘာလဲ အရင်ဆုံး ဒီရောဂါနဲ့ ဗိုင်းရပ်စ်အကြောင်းကို ပြောချင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ်မျိုးနွယ်စုဖြစ်ပြီးတော့ မျိုးစိတ်အများအပြားရှိပါတယ်။ ဗိုင်းရပ်စ်အမျိုးအစားပေါ်မူတည်ပြီး သာမန်အအေးမိခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်းစသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားလေ့ရှိပြီး ပြင်းထန်သော လူနာများတွင် အဆုပ်ရောင်ရောဂါ (Pneumonia) […]


ကိုရိုနာဗိုင်းရပ်စ်

Coronavirus ကို ဘယ်လိုကာကွယ်ကြမလဲ ......

မကြာသေးခင်က တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါပိုး (Coronavirus) ဟာအခုချိန်မှာဆိုရင် အိမ်နီးချင်းနိုင်ငံတွေဆီ အထိပြန့်နှံ့နေပြီပဲဖြစ်ပါတယ်။ အခုနောက်ဆုံး ထိုင်းနိုင်ငံမှာ Coronavirus ကူးစက်ခံထားရသူတစ်ဦး နဲ့ ဂျပန်မှာ ရောဂါပိုး ကူးစက်ခံထားရသူတစ်ဦးတို့ကို တွေ့ရှိခဲ့ရပါတယ်။ ဒီလိုတွေ့ရှိပြီးနောက်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကမ္ဘာတလွှားကို ဒီရောဂါပိုးနဲ့ ပတ်သက်ပြီး သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ အစောပိုင်းက ဒီရောဂါပိုးဟာ တိရစ္ဆာန်ကနေတဆင့် ကူးစက်တာလို့သိထားကြပေမယ့် အခုနောက်ဆုံးတွေ့ရှိခဲ့ရတာက ဒီရောဂါပိုးဟာ လူလူချင်းကူးစက်တာဖြစ်နိုင်တယ်၊ လို့ တွေ့ရှိခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်ကတရုတ်နိုင်ငံမှာ ဒီရောဂါကူးစက်ခံရသူ ၄၁ ဦးရှိခဲ့ပြီး ဒီလူတွေထဲက ၁ ဦးက သေဆုံးခဲ့ပါတယ်။ ဒီရောဂါပိုးဟာ တရုတ်နိုင်ငံကနေ စတင်ခဲ့ပြီး အခုလက်ရှိမှာ အိမ်နီးချင်းနိုင်ငံတွေဆီပြန့်နှံ့လာတာကြောင့် စိုးရိမ်စရာအနေအထားကိုရောက်ရှိလာပြီဖြစ်ပါတယ်။ အခုလက်ရှိမှာ ဒီဗိုင်းရပ်စ်က တရုတ်ကနေ ဂျပန်ကိုပြန့်နှံ့သွားတာကြောင့် လေဆိပ်မှာ စောင့်ကြည့်စစ်ဆေးမှုတွေလုပ်နေကြပါတယ်။ Coronavirus ဗိုင်းရပ်စ်ဆိုတာက ဘာလဲ...... Coronavirus က […]


အစားအသောက်မှကူးစက်သောရောဂါများ

အစာအဆိပ်သင့်စေနိုင်တဲ့ ဆေးယဉ်ပါး Salmonella အန္တရာယ်

ခုရက်ပိုင်း ရန်ကုန်မြို့က ကြက်သားအစိမ်းတချို့မှာ Salmonella ပိုးတွေ တွေ့ရှိရတယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေးသုတေသနစာတမ်းတစ်စောင်က ဖော်ပြတဲ့သတင်း တွေ့ကြပြီးပြီဟုတ်။ ဒီပိုးတွေကို ဆက်ပြီးစစ်ဆေးတဲ့အခါ Ampicillin၊ Tetracycline၊ Levofloxacin နဲ့ Ciprofloxacin အပါအဝင် ပဋိဇီဝဆေးဝါးသုံးမျိုးနဲ့အထက် ဆေးယဉ်ပါးနေတာ တွေ့ရတယ်လို့ စာတမ်းမှာ ပါရှိပါတယ်။ Salmonella ဆိုတာ ဘာလဲ Salmonella ဆိုတာ အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားတစ်မျိုးပါ။ အစားအသောက်ကနေ ကူးတယ်၊ အိမ်မွေးတိရစ္တာန်ကနေ ကူးတယ်၊ ရောဂါပိုးပါတဲ့ ကြက်ဘဲ၊ ဝက်၊ အမဲသား၊ ဥနဲ့ နို့တွေစားသောက်မိရာကနေ Salmonella ပိုးကိုရရှိနိုင်ပြီး သူတို့နဲ့ အတူထားမိတဲ့ အသီးအရွက်တွေစားမိရင်လည်း ကူးစက်ရရှိနိုင်ပါတယ်။ အစားအသောက်ကနေ ကူးစက်ရရှိနိုင်တာဖြစ်ပေမယ့် ဒီဘက်တီးရီးယားရှိတဲ့အရာကို ထိတွေ့မိပြီး လက်သေချာမဆေးမိတဲ့အခါလည်း လူကနေလူကို လက်ကတဆင့် ဆက်ပြန့်ပွားနိုင်ပါတယ်။ Salmonella ကြောင့် အစာအဆိပ်သင့်ရင် လက္ခဏာတွေ ရှိလဲ အများအားဖြင့်တော့ […]


ကိုရိုနာဗိုင်းရပ်စ်

လတ်တလော စိုးရိမ်နေကြတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ

အခုရက်ပိုင်းတရုတ်နိုင်ငံမြို့တော်တော်များများမှာ လူပေါင်းများစွာဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကို ခံစားနေကြရပါတယ်။ အခုထိလည်း ဒီရောဂါပိုးအမျိုးအစားကို အဖြေထုတ်နိုင်ဖို့ ကြိုးစားနေဆဲပါ။ အခုလက်ရှိအချိန်အထိ ရောဂါပိုး ကူးစက်ခံထားရသူ ၄၄ ဦးရှိနေပြီး ၁၁ ဦးကတော့ ရောဂါအခြေအနေပြင်းထန်ပါတယ်။ ဘယ်ကစဖြစ်တာလဲ…. အခုဖြစ်ပွားမှုဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ရဲ့ ပင်လယ်စာရောင်းတဲ့ဈေးဝန်ထမ်းတွေကနေ စတင်ခဲ့တာပါ။ ဒီဖြစ်ပွားမှုကြောင့် စင်္ကာပူနှင့် ဟောင်ကောင်လေဆိပ်တွေမှာ ခရီးသွားလာသူတွေကို စစ်ဆေးမှုတွေပြုလုပ်နေကြပါတယ်။ အခုလက်ရှိမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကစောင့်ကြည့်နေဆဲပါ။ ဘယ်လိုကူးစက်နိုင်လဲ… ဒီ ပြင်းထန်အဆုတ်ရောင်ရောဂါ ဟာ • ရောဂါပိုးရှိသူနဲ့ ထိတွေ့မှုကနေ ကူးစက်နိုင်တယ်။ • ရောဂါပိုးရှိသူနဲ့ နီးနီးကပ်ကပ်နေထိုင်သူ • ရောဂါပိုးရှိသူကို ပြုစုစောင့်ရှောက်ပေးနေရသူ • အသက်ရှုလမ်းကြောင်းကနေတဆင့် • ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေကနေတဆင့် ကူးစက်နိုင်ပါတယ်လို့ လေ့လာသူတွေက ယူဆထားကြပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး တွေ့ရှိထားမှုအရကတော့ လက်ရှိဖြစ်ပွားနေတဲ့ Mystery Pneumonia ဟာ လူတစ်ဦးကနေ တစ်ဦးကို ထိတွေ့ရုံနဲ့ မကူးစက်နိုင်ဘူးဆိုတာပါ။ ဘယ်လိုလက္ခဏာတွေရှိလဲ… ဒီရောဂါခံစားရတဲ့အခါ • အဖျားက ၁၀၀.၄ […]


အစားအသောက်မှကူးစက်သောရောဂါများ

အစာအဆိပ်သင့် နေတာလား.......

အစာအဆိပ်သင့် တယ် ဆိုတာက တစ်ခါတလေမှာ ကိုယ်တိုင်တောင်မိသလိုက်ဘဲဖြစ်နေတတ်တဲ့ရောဂါတစ်မျိုးပါ။ လူတော်တော်များများလည်းခံစားရလေ့ရှိကြပြီးသေချာလေးကုသမှုခံယူဖို့ လိုအပ်တဲ့ရောဂါတစ်မျိုးပါ။ အခုတစ်ခေါက်တော့ အစာအဆိပ်သင့်တာကို အမှုမဲ့အမှတ်မဲ့ထားမိရာကနေ မလိုအပ်တဲ့နောက်ဆက်တွဲပြဿနာတွေမဖြစ်စေဖို့ ဒီဆောင်းပါးေးလကနေတဆင့်ပြောပြပေးပါရစေ။ အစာအဆိပ်သင့် တယ် ဆိုတာ အစာအဆိပ်သင့်တယ်ဆိုတဲ့ စကားကတော်တော်လေး ကျယ်ပြန့်သလို ဒီအထဲမှာ ကူးစက်ရောဂါအမျိုးမျိုးပါဝင်နေပါတယ်။ရောဂါပိုးအမျိုးမျိုးကြောင့်ဖြစ်နိုင်သလို ခံစားရတဲ့ရောဂါလက္ခဏာတွေကလည်း အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ ကူးစက်ခံရတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တွေကွာခြားမှုအလျောက် ခံစားရတဲ့ရောဂါလက္ခဏာတွေကွာခြားနိုင်သလို ခန္ဓါကိုယ်က တုံ့ပြန်မှု ကွာခြားတဲ့အလျောက်လည်းရောဂါလက္ခဏာတွေကလည်း မတူနိုင်ပါဘူး။ အစာအဆိပ်သင့်တာကို အဓိကဖြစ်စေတဲ့ အကြောင်းအရင်းက ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေ နဲ့ ဗိုင်းရပ်စ်တွေပါဝင်နေတဲ့ အစားအစာတွေကို စားမိတာကြောင့် အများဆုံးဖြစ်ရတာပါ။ ဒီရောဂါပိုးတွေကသေချာကျက်အောင် ချက်လိုက်တဲ့အချိန်မျိုးမှာသေသွားပြီး ခန္ဓါကိုယ်ကို အန္တရာယ်မပြုနိုင်တော့ပါဘူး။ အစာအဆိပ်မသင့်အောင်ဘာတွေ ဂရုစိုက်ရမလဲ............ အစာအဆိပ်သင့်ရခြင်းရဲ့ အဓိကအကြောင်းအရင်းက သန့်ရှင်းမှုအားနည်းခြင်းပါ။ ဒီတော့ ဆင်ခြင်ဖို့ဆိုရင် ဒီအချက်လေးတွေကို သတိထားဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။ လက်ကိုသန့်စင်အောင်ဆေးကြောပါ။ အစားအစာတွေကိုသေချာကျက်အောင်ချက်ပြုတ်ပါ။ အသားစိမ်း၊ ငါးစိမ်းတွေ […]


ရေယုန်

နှုတ်ခမ်းတဝိုက်က ရေယုန် အတွက် အိမ်တွင်းကုထုံး

စားချင်တာမစားရဘဲ ပါးစပ်တဝိုက်မှာပေါက်တဲ့ ရေယုန်ကြောင့် စိတ်ညစ်နေရသူတွေရှိလား။ ဒါဆိုရင်တော့ နေ့စဉ်ဘဝရဲ့ လုပ်ဆောင်မှုတွေမှာ အနှောင့်အယှက်ဖြစ်နေတဲ့ ရေယုန် ကို သက်သာအောင်လုပ်ဆောင်လို့ရမယ့် အိမ်တွင်းကုထုံးလေးတွေအကြောင်းပြောပြပေးမယ်နော်။ နှုတ်ခမ်းတဝိုက်က ရေယုန် ဆိုတာ ဘာလဲ..... ပါးစပ်တဝိုက်မှာပေါက်တတ်သလို ခန္ဓာကိုယ်ရဲ့ နေရာတော်တော်များများမှာလည်း ပေါက်နိုင်ပါတယ်။ Herpes simplex virus (HSV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့်ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပေါ့။ ရောဂါပိုးက အရေပြားကိုထိလိုက်မိတာနဲ့ အတွင်းလွှာဆီကို အလွယ်တကူ ကူးစက်သွားနိုင်ပါတယ်၊၊ ရေယုန်အမျိုးအစားတွေ အမျိုးမျိုးရှိပေမယ့် နှုတ်ခမ်းတဝိုက်မှာဖြစ်တဲ့ ရေယုန်ကတော့ အဖြစ်များပါတယ်။ ဘယ်လိုလက္ခဏာတွေရှိလဲ.... တော်တော်များများက ကူးစက်ခံရတာကိုတောင်မသိလိုက်တာမျိုးရှိနိုင်ပါတယ်။ နှုတ်ခမ်းတဝိုက်မှာ အရည်ကြည်ဖုလေးတွေဖြစ်လာပြီး နာမယ်။ နှုတ်ခမ်းမှာ အရည်ကြည်ဖုလေးတွေဖြစ်လာပြီး နာနေမယ်ဆိုရင်တော့ ရေယုန်ဖြစ်ဖို့ များပါတယ်။ လိင်အင်္ဂါတဝိုက်မှာဖြစ်တတ်တဲ့ ရေယုန် တွေကလည် ဒီလိုပါပဲ၊၊   စအိုတဝိုက်မှာ နာကျင်တဲ့ အရည်ကြည်ဖုလေးတွေကနေ စဖြစ်တာပါ။ ဘယ်လိုသက်သာအောင်လုပ်မလဲ....... နှုတ်ခမ်းနဲ့ နှုတ်ခမ်းတဝိုက်မှာဖြစ်တဲ့ ရေယုန် တွေကို […]


သွေးလွန်တုပ်ကွေး

သွေးလွန်တုပ်ကွေး ရောဂါ

မင်္ဂလာပါ Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခါ ဆွေးနွေးပေးမှာကတော့ အခုတလော လူကြီးတွေ ဖြစ်နေတတ်တဲ့ သွေးလွန်တုပ်ကွေး ရောဂါ အကြောင်းပါ ။ သွေးလွန်တုပ်ကွေး ရောဂါက မိုးရာသီမှာ အဖြစ်များတယ်ဆိုတာ လူတိုင်းသိပါတယ် ။ လူတွေသိကြတာတော့ သွေးလွန်တုပ်ကွေးရောဂါဟာ ကလေးတွေမှာ ပိုဖြစ်တတ်ကြတာပါ ။တကယ်တော့ သွေးလွန်တုပ်ကွေး ရောဂါပိုး သယ်ဆောင်လာတဲ့ Aedes ခြင်မ ကိုက်ခံရတဲ့ ဘယ်သူမဆို ရောဂါဖြစ်နိုင်ပါတယ် ။ ဒါပေမဲ့ လူအချင်းချင်း ကူးစက်တဲ့ရောဂါ မဟုတ်ပါဘူး ။ ရောဂါလက္ခဏာတွေကရော သွေးလွန်တုပ်ကွေးရောဂါမှာ အဖြစ်များတတ်တဲ့ လက္ခဏာတွေကတော့ ရုတ်တရက် အဖျားတက်ခြင်း ခေါင်းထိုးကိုက်ခြင်း မျက်လုံးအောင့်ခြင်း အရိုးအဆစ်များ ကိုက်ခဲခြင်း ကြွက်သားနာကျင်ခြင်း မူးဝေ အော့အန်ခြင်း အရေပြားမှာ အကွက်ထွက်ခြင်း ( ရောဂါဖြစ်ပြီး ၅ရက်နှင့် […]


အစားအသောက်မှကူးစက်သောရောဂါများ

ကာလဝမ်းရောဂါကို ကာကွယ်ဖို့ လိုက်နာသင့်တဲ့ အချက်

ကာလဝမ်းရောဂါဆိုတာက Vibrio cholera လို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်တဲ့ ပြင်းထန်တဲ့ ရောဂါတစ်မျိုးပါ။ ဒီဘက်တီးရီးယားကို များသောအားဖြင့် သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေနဲ့ ရေတွေထဲမှာတွေ့ရတတ်ပါတယ်။ လက်ကိုပုံမှန်ဆေးကြောသန့်စင်မယ်။ သန့်ရှင်းတဲ့သောက်သုံးရေကို သောက်သုံးမယ်။ သေချာကျက်အောင်ချက်ပြုတ်ထားတဲ့ အစားအစာတွေကို စားသုံးမယ်။ ကာကွယ်ဆေးကြိုတင် ထိုးနှံတာတွေလုပ်ထားမယ်ဆိုရင်တော့ ကာလဝမ်းရောဂါဘေးကနေ ကာကွယ်ပြီးသားဖြစ်မှာပါ။ ကာလဝမ်းရောဂါက သေချာမကုသဘဲထားမယ်ဆိုရင်နာရီပိုင်းအတွင်းမှာတင် ကျန်းမာနေတဲ့လူကို သေစေနိုင်တဲ့ အထိပြင်းထန်ပါတယ်။ နှစ်စဉ် ကမ္ဘာတလွှားမှာ ကာလဝမ်းရောဂါကူးစက်ဖြစ်ပွားသူ ၂.၉ သန်းရှိပြီး ရောဂါခံစားရသူ ဦးရေရဲ့ ၉၅ ၀၀၀ ကအသက်ဆုံးရှုံးတဲ့အထိခံစားကြရပါတယ်။ ကာလဝမ်းရောဂါကို ခပ်ပေါ့ပေါ့ မတွေးသင့်ပါဘူး။ ကာလဝမ်းရောဂါဖြစ်ရတဲ့ အဓိကပြဿနာကတော့ သန့်ရှင်းတဲ့သောက်သုံးရေမရရှိတာ၊ သင့်တော်ကောင်းမွန်တဲ့ ရေဆိုးနုတ်စနစ်မရှိတာတွေနဲ့ သဘာဝဘေးအန္တရာယ်ဒဏ်သင့်ထားတဲ့အခြေအနေတွေနဲ့ တွေ့ကြုံနေရတာကြောင့်ပါ။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ကာလဝမ်းရောဂါကို ကာကွယ်ထားတာကထိရောက်တဲ့နည်းလမ်းတစ်ခုပါ။ ဒီဆောင်းပါးထဲမှာ ကာလဝမ်းရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်မယ့်နည်းလမ်းတွေကိုပြောပြပေးထားပါတယ်။ ကာလဝမ်းရောဂါကို ဒီလိုကာကွယ်ပါ လက်တွေကို သေချာဆေးကြောပါ နေမကောင်းတဲ့လူကို ပြုစုပေးပြီးချိန်မှာဖြစ်ဖြစ် ညစ်ပေတဲ့အရာတွေကို ကိုယ်တွယ်ထိတွေ့ပြီးချိန်မှာဖြစ်ဖြစ် […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Leptospirosis ရောဂါအကြောင်း

မင်္ဂလာပါ ‌ဟယ်လိုဆရာဝန် စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက် တင်ပြပေးမယ့် အကြောင်းအရာကတော့ Leptospirosisလို့ ခေါ်တဲ့ ကြွက်သေးပန်းရောဂါအကြောင်း ဖြစ်ပါတယ် ။ မှန်ပါတယ် ဒီရောဂါက အဖြစ်နည်းသေးတဲ့ရောဂါ တစ်ခုဖြစ်တဲ့အတွက် လူတော်တော်များများ ကြားဖူးကြမှာ မဟုတ်ပါဘူး။ ဒီရောဂါရဲ့ မူလအစကတော့ တိရစ္ဆာန်တွေမှာ မြစ်ဖျားခံပါတယ်။ တိရစ္ဆာန်တွေရဲ့ဆီး (အထူးသဖြင့် ကြွက်သေး) ကတဆင့် ကူးစက်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ် ။ ကြွက်နဲ့ အခြားသော တိရစ္ဆာန်တွေရဲ့ ဆီးကို ထိတွေ့မိတဲ့အရေပြားမှာ အပေါက်အပြဲတွေ ရှိရင် ပိုပြီး ကူးစက်လွယ်ပါတယ် ။ အများအားဖြင့် ကြွက်သေးတွေက ရေထဲမှာပါလာတတ်ပြီး ရေဆိုးရေညစ်တွေနဲ့ အမြဲလိုလိုထိတွေ့နေရတဲ့  မိုင်းလုပ်သားများ ၊ စည်ပင်လုပ်သားများ ၊ စစ်သားများ ၊ လယ်သမားတွေမှာ ပိုပြီး ဖြစ်နိုင်ချေ များပါတယ်။ တိရစ္ဆာန် […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

အီဘိုလာ ရှာပုံတော်

အချိန်က ၁၉၇၆ ခုနှစ် နေရာက ဘယ်ဂျီလ်ယံနိုင်ငံ၊ အန်းဝပ်မြို့။ အပူပိုင်းဆေးပညာတက္ကသိုလ်တွင် အဏုမြူဗေဒပညာရှင် ဒေါက်တာပီတာပွိုင်းရော့ တစ်ယောက် သူ၏ဓာတ်ခွဲခန်းထဲဝယ် တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။ အကြောင်းက အာဖရိကတိုက်တွင်တာဝန်ထမ်းဆောင်နေသော ဘယ်လ်ဂျီယမ်ဆရာဝန်တစ်ယောက် မှ သူ့ဆီပို့လိုက်သော သွေးနမူနာတစ်ခုကို စမ်းသပ်စစ်ဆေးဖို့ ပြင်ဆင်နေခြင်းဖြစ်သည်။ သို့သော်စိတ်ရှုပ်စရာကိစ္စတစ်ခုက ပို့လိုက်သော နမူနာပစ္စည်းဘူးတွေက မသေမသပ်၊ ကြာရှည်ခံအောင် ရေခဲစိမ်ထားသော ရေခဲများကပျော်နေပြီး စမ်းသပ်ရမည့် သွေးနမူနာကိုလည်း ကော်ဖီခွက်သာသာ ဘူးထဲထည့်ပေးလိုက်သေးသည်။ သို့ပေမဲ့လည်း သူ့တာဝန်အတိုင်း ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး မိုက်ခရိုစကုပ်ပေါ် နမူနာတွေကို ကြည့်လိုက်ချိန်တွင်မတော့ ကမ္ဘာကြီးအတွက် စောင့်ကြည့်စရာရောဂါပိုးတစ်ကောင် ထွက်ပေါ်လာပါတော့သည်။ ၂၀၁၄ တုန်းက အတော်လေး ဟိုးလေးတကျော်ဖြစ်ခဲ့သည့် အီးဘိုလာ အကြောင်းကို မှတ်မိကြဦးမည် ထင်ပါသည်။ အာဖရိကတိုက် ဂီနီနိုင်ငံကစပြီး တစ်ကမ္ဘာလုံးကို ရုတ်ရုတ်သဲသဲဖြစ်သွားစေသည့် အီးဘိုလာရောဂါပိုးကို ပထမဆုံးစတင်တွေ့ရှိခဲ့တာ အာဖရိကတိုက်က ဇိုင်ရဲ (အခုခေတ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း