ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

ဆင်တုပ်ကွေးနဲ့ပတ်သက်လို့ မေးချင်နေမယ့် မေးခွန်းများ

ခုတလော လူတကာနှုတ်ဖျားမှာခေတ်စားနေတာက ဆင်တုပ်ကွေးလို့ခေါ်တဲ့ (Chikungunya) ပါ။ ဒီတုပ်ကွေးကို နာမည်သာကြားဖူးနေတယ်၊ ဘာရယ်လို့သေသေချာချာမသိဘူး ဆိုပြီးဖြစ်နေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ ဆင်တုပ်ကွေးနဲ့ပတ်သက်လို့ ဒါတွေကို ဇဝေဇဝါဖြစ်နေလား ဆင်တုပ်ကွေးက အခုတလောတော်တော်များများဖြစ်နေကြတာပါ။ခြင်ကနေတဆင့်ဖြစ်တဲ့ရောဂါပေါ့။ ကာကွယ်ဆေးထိုးထားရင် ဆင်တုပ်ကွေးမဖြစ်တော့ဘူးမှတ်လား........ ကာကွယ်ဆေးက ရာသီတုပ်ကွေးကိုပဲကာကွယ်နိုင်တာပါ။ ဆင်တုပ်ကွေးရောဂါပိုးကို မကာကွယ်နိုင်ပါဘူး။ ဒါကြောင့် တုပ်ကွေး ကာကွယ်ဆေးထိုးထားတာပဲဆိုပြီး ခပ်ပေါ့ပေါ့မနေစေချင်ပါဘူး။ လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်လား........ ဆင်တုပ်ကွေးကရောဂါပိုးသယ်ဆောင်ထားတဲ့ခြင်ကိုက်ခံရမှုကနေတဆင့်ပဲ ကူးစက်တာပါ။ရောဂါခံစားနေရတဲ့လူကို ကိုင်တွယ်ထိတွေ့မိတာကြောင့် မကူးစက်နိုင်ပါဘူး။ တုပ်ကွေးဆိုပေမယ့်လေထဲကနေ ကူးစက်တာမျိုးလည်း မရှိပါဘူး။ ဆင်တုပ်ကွေးဖြစ်ရင်ရေချိုးလို့ရလား...... ဆင်တုပ်ကွေးဖြစ်တဲ့အခါရေနွေးနွေးလေးနဲ့ချိုးပေးတာက ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အဆစ်တွေနဲ့ကြွက်သားတွေ နာကျင်ကိုက်ခဲမှုကို သက်သာစေမှာ အသေအချာပါ။ နို့တိုက်မေမေဆင်တုပ်ကွေးဖြစ်ရင်ဘေဘီလေးကိုနို့တိုက်လို့ရလား.... ဆင်တုပ်ကွေးရောဂါပိုးက မိခင်နို့ကနေတဆင့် မကူးစက်နိုင်ပါဘူး။ ဒါကြောင့် ဆင်တုပ်ကွေးရှိနေရင်တောင်ဘေဘီလေးကို မိခင်နို့ဆက်တိုက်ပါ။ ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အနီရောင်အဖုအပိမ့်တွေက သက်သာပါ့မလား....... ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အနီရောင်အဖုအပိမ့်တွေက အဖျားသက်သာမှုနဲ့အတူ တဖြည်းဖြည်းချင်းသက်သာသွားမှာပါ။ အဖျားပျောက်ပေမယ့် အဆစ်အမြစ်တွေကိုက်တာကကျန်ခဲ့မှာလား....... အဖျားပျောက်ပေမယ့် အဆစ်တွေကိုက်တာက လနဲ့ချီပြီး ကျန်ခဲ့နိုင်သလို အချို့တွေမှာဆိုရင် ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အဆစ်တွေနာကျင်မှုက တစ်နှစ်လောက်အထိကြာတာမျိုးတောင်ဖြစ်နိုင်ပါတယ်။ ဆင်တုပ်ကွေးကဘယ်လောက်ကြာရင်ပြန်ကောင်းမှာလဲ...... ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ရောဂါလက္ခဏာတွေက ၃ […]


အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

ဆင်တုပ်ကွေးဖြစ်ပြီးနောက် မြန်မြန်နာလန်ထူအောင် ဘာတွေစားရမလဲ

အခု အဖြစ်များနေကြတဲ့ ဆင်တုပ်ကွေး ခေါ် Chikungunya ဟာ ရောဂါပိုးသယ်ဆောင်လာတဲ့ခြင်ကိုက်တာခံရပြီး ၂ ရက်ကနေ ၇ ရက်အတွင်း လက္ခဏာတွေပေါ်လာတတ်ပါတယ်။ စစချင်းမှာ ကိုယ်ပူတာ၊ အဆစ်အမြစ်တွေကိုက်ခဲတာခံစားရတယ်၊နောက်တော့ နုံးတာ၊ ကြွက်သားနာကျင်တာ၊ခေါင်းကိုက်တာ၊ အရေပြားအနီကွက်ဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ပြဿနာကတော့ အဖျားပျောက်တာကြာနေတာတောင် အားနည်းတာ၊ ယားယံတာနဲ့ နာကျင်ကိုက်ခဲမှုတွေက ကျန်နေခဲ့တာပဲဖြစ်ပါတယ်။ အများစုကတော့ ၃ ရက်ကနေ ၁၀ ရက်အတွင်း လက္ခဏာတွေသက်သာပျောက်ကင်းသွားကြပါတယ်။ တချို့တွေမှာတော့ အဆစ်နာကျင်ကိုက်ခဲမှုအကြွင်းအကျန်တွေကို လနဲ့ချီ၊ နှစ်နဲ့ချီပြီး ခံစားရနိုင်ပါတယ်။Chikungunya ရဲ့နောက်ဆက်တွဲပြဿနာကြောင့်သေဆုံးမှုဖြစ်တာရှားပါတယ်။ ဒါပေမယ့် နာတာရှည်ရောဂါတွေရှိတဲ့ သက်ကြီးပိုင်းအရွယ်တွေမှာ တစ်ခါတလေရောဂါပိုပြင်းထန်တတ်ပါတယ်။ ဆင်တုပ်ကွေးဖြစ်လာပြီဆိုရင် - နားနားနေနေနေပါ။ ရေများများသောက်ပါ။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးကိုပဲသောက်ပါ။ ကိုယ်ထင်ရာအကိုက်အခဲပျောက်ဆေး၊အဖျားကျဆေးတွေမသောက်ပါနဲ့။ အာဟာရပြည့်ဝအောင်စားပါ။ Chikungunyaဖြစ်ပြီးပြီဆိုလည်းပေါ့ပေါ့ဆဆမနေပါနဲ့။ လက္ခဏာစတင်ပြီး တစ်ပတ်အတွင်းမှာခြင်ထပ်အကိုက်မခံရအောင် ဂရုစိုက်ပါ။နေမကောင်းဖြစ်နေတဲ့ကိုယ့်ကို ကိုက်သွားတဲ့ ခြင်ကတဆင့် ကိုယ့်မိသားစု သို့မဟုတ် တခြားသူတွေဆီ […]


အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

ဆင်တုပ်ကွေးအတွက် အိမ်တွင်းကုထုံး

ကာကွယ်ဆေးမရှိတဲ့ ဆင်တုပ်ကွေးကူးစက်ခံရပြီဆိုရင် ပဋိဇီဝဆေး တွေသောက်ပေမယ့်လည်း သိပ်တော့အဆင်ပြေလှတယ်မဟုတ်ပါဘူး။ ဒီတော့ ဆင်တုပ်ကွေးသက်သာစေဖို့ ဘာတွေလုပ်လို့ရမလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဆင်တုပ်ကွေးအတွက် အိမ်တွင်းကုထုံးများ ဆင်တုပ်ကွေးသက်သာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မယ့် အိမ်တွင်းကုထုံးလေးတွေကို ကြည့်လိုက်ရအောင်လား။ ဆားရည်စိမ်ပါ ဆားရည်စိမ်တာက ဆင်တုပ်ကွေးကြေင့်ဖြစ်တဲ့ အဆစ်တွေနာတာကို ထိထိရောက်ရေညက်သက်သာစေနိုင်သလို အရေပြားပေါ်က အဖုအပိမ့်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ ခန္ဓါကိုယ်ကိုသွေးလည်ပတ်မှုကောင်းစေမှာအသေအချာပါ။ နနွင်း နာကျင်ကိုက်ခဲတာတွေကို အထိရောက်ဆုံးသက်သာစေနိုင်သလိုရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ နနွင်းမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်နေတာကြောင့် အဖျားသက်သာစေနိုင်သလို နာကျင်ရောင်ရမ်းမှုတွေကို သိသိသာသာသက်သာစေနိုင်မှာပါ။ ချင်း (ဂျင်း) ချင်းပြုတ်ရည်သောက်ပေးတာကလည်း အဖျားကျစေနိုင်ပြီး အဆစ်တွေရောင်ရမ်းနာကျင်တာကို သိသိသာသာသက်သာစေမှာပါ။ အုန်းစိမ်းရည် အုန်းစိမ်းရည်သောက်ပေးတာကအသည်းကို ကျန်းမာစေနိုင်ပါတယ်။ အဖျားမြန်မြန်သက်သာစေနိုင်ပြီး ဆင်တုပ်ကွေးကြောင့် ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှုတွေကို အမြန်ဆုံး သက်သာစေနိုင်မှာပါ။ ပင်စိမ်းရွက် ပင်စိမ်းရွက်က ကိုယ်ပူကျစေနိုင်ပြီး ဓါတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေတာကြောင့် ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ပင်စိမ်းရွက်ကိုရေနွေးပူပူထဲခတ်သောက်တာဖြစ်ဖြစ်ရေစင်အော်ငဆေးပြီး ဝါးစားပေးတာဖြစ်ဖြစ်လုပ်ပေးလို့ရပါတယ်။ နေကြာစေ့နဲ့ပျားရည် နေကြာစေ့ကို ကြိတ်ခြေပြီး ပျားရည်နဲ့ရောစပ်လို့စားပေးပါ။နေကြာစေ့မှာ ဇင့်နဲ့ဗီတာမင် E ပါဝင်နေတာကြောင့် ကိုယ်ခံအားကိုကောင်းစေမှာပါ။ […]


အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

ဆင်တုပ်ကွေးဖြစ်နေပြီလား

မိုးလေးဆက်တိုက်ရွာလို့ ရာသီဥတု အေးတာနဲ့အတူ မဖိတ်ခေါ်ဘဲ အလည်ရောက်နေတာက ရာသီတုပ်ကွေးအပြင် ဆင်တုပ်ကွေးလည်း ပါတယ်နော်။ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးထားတာပဲ တုပ်ကွေးမဖြစ်တော့ဘူး ဒီတစ်နှစ်တော့လို့ ခပ်အေးအေးမနေလိုက်နဲ့နော်။ ဆင်တုပ်ကွေးက သတိထားဖို့လိုနေပါသေးတယ်။ ဆင်တုပ်ကွေးက တုပ်ကွေးကာကွယ်ဆေးထိုးထားရုံနဲ့ မကာကွယ်နိုင်ပါဘူး။ ဆင်တုပ်ကွေး ကူးစက်နေတယ်လို့ ဘယ်လိုသိနိုင်မလဲ.... ဆင်တုပ်ကွေးက လူတိုင်းမှာဖြစ်နိုင်ပါတယ်။ ဆင်တုပ်ကွေးက ကာကွယ်ဆေးမရှိပါဘူး။ ဒါပေမယ့် ဆင်တုပ်ကွေးက ရာသီတုပ်ကွေးနဲ့မတူတာက လူတစ်ယောက်ကနေ တစ်ယောက်ကို မကူးစက်နိုင်ပါဘူး။ ဆင်တုပ်ကွေးဗိုင်းရပ်စ်ကို သယ်ဆောင်ထားတဲ့ခြင်ကိုက်ခံရမှုကနေတဆင့်ဘဲရောဂါကူးစက်ခံရနိုင်ပါတယ်။ ရောဂါပိုးသယ်ဆောင်ထားတဲ့ခြင်ကိုက်ခံရပြီး ၃ ရက်ကနေ ၇ ရက်အတွင်းမှာရောဂါလက္ခဏာ တွေပြနိုင်ပါတယ်။ ဆင်တုပ်ကွေးကူးစက်ခံရမှုက သာမန်တုပ်ကွေးဖျားနာမှုနဲ့ ခပ်ဆင်ဆင်တူပေမယ့်ရောဂါလက္ခဏာတွေမှာတော့ ကွာခြားချက်ရှိနေပါတယ်။ ဆင်တုပ်ကွေးရဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ...... ဆင်တုပ်ကွေး ကူးစက်ခံရတဲ့အခါ အဖျားတက်မယ် ကြွက်သားတွေနဲ့ အဆစ်တွေကိုက်ခဲမယ် ချမ်းတုန်မယ် ခေါင်းကိုက်မယ် အရေပြားမှာ အနီရောင် အဖုအပိမ့်တွေထွက်မယ် ခါးနာမယ် နုံးချိနေမယ် အော့အန်မယ် မအီမသာဖြစ်မယ်စတဲ့ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

အီဘိုလာ (Ebola) ဆိုသည်မှာ

အီဘိုလာဆိုတာ ဗိုင်းရပ်စ်ပိုးတစ်မျိုးရဲ့ နာမည်ဖြစ်ပြီး အီဘိုလာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါကိုတော့ Ebola virus disease (EVD) (သို့) Ebola hemorrhagic fever (EHF) လို့ ခေါ်ပါတယ်။ အီဘိုလာရောဂါလို့ အလွယ်ခေါ်ပါတယ်။ ၁၉၇၆ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပြီး တောင်ဆူဒန်နိုင်ငံနဲ့ DR ကွန်ဂိုနိုင်ငံက ရွာတွေမှာ စပြီးပျံ့နှံ့ခဲ့ပါတယ်။ အီဘိုလာမြစ်အနီးမှာ စတင်ဖြစ်ပွားတာမို့ အီဘိုလာဆိုတဲ့ နာမည်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ စတင်တွေ့ရှိခဲ့ချိန်ကနေ ယနေ့ထိ အစုလိုက်အပြုံလိုက်ဖြစ်ပွားမှု ၂၄ကြိမ်ခန့် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ရောဂါလက္ခဏာများ ရောဂါလက္ခဏာတွေအနေနဲ့ ဖျားနာခြင်း၊ အဆစ်အမြစ်များကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ အားနည်းခြင်း၊ မောပန်းသလိုခံစားရခြင်း၊ အစားအသောက်ပျက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကြို့ထိုးခြင်း စတာတွေဖြစ်နိုင်ပါတယ်။ ဝမ်းပျက်ခြင်းနဲ့ ပျို့အန်ခြင်းတွေကြောင့် […]


ကိုရိုနာဗိုင်းရပ်စ်

အမြွှာလေး လိုချင်တယ်ဆိုတဲ့ မေမေတို့အတွက်

အမြွှာလေး တွေချစ်တယ်။ အမြွှာကိုယ်ဝန်ဆောင်ချင်တယ်။ အမြွှာကိုယ်ဝန်ရအောင်လုပ်လို့ရလား၊ ဘယ်လိုအချက်တွေက အမြွှာကိုယ်ဝန်ဆောင်နိုင်ခြေပေါ်မှာ မူတည်နေတာလဲဆိုတာကို သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေး ဖတ်ကြည့်စေချင်ပါတယ်။ အမြွှာလေး တွေကို ကိုယ်ဝန်ဆောင်နိုင်ဖို့ သက်ရောက်နေတဲ့ အချက်တွေက ဘာတွေများလဲ..... အမြွှာကိုယ်ဝန်ရရှိနိုင်ခြေပေါ်ကို သက်ရောက်နေတဲ့အချက်က တစ်ချက်မကရှိနေနိုင်ပါတယ်။ မျိုးရိုးရှိတာ မိဘမျိုးရိုးထဲမှာ အမြွှာကိုယ်ဝန်ရရှိဖူးတာမျိုးရှိမယ်ဆိုရင် အခြားသူထက် အမြွှာကိုယ်ဝန်ရရှိနိုင်ခြေက ပိုများပါတယ်။ မိခင်အသက်က ၃၅ နှစ်ကျော်နေတာ ကိုယ်ဝန်ဆောင်မေမေရဲ့ အသက်က ၂၅ နှစ်အောက်ဆိုရင် အမြွှာကိုယ်ဝန်ဆောင်နိုင်ခြေက ၂ ရာခိုင်နှုန်းလောက်ပဲရှိပြီး ကိုယ်ဝန်ဆောင် မေမေရဲ့အသက်က ၃၅ နှစ် ကနေ ၃၉ နှစ်အတွင်းဆိုရင်တော့ အမြွှာကိုယ်ဝန်ရရှိနိုင်ခြေက ၅ ရာခိုင်နှုန်းအထိရှိပါတယ်။ အသက်၄၀ အထက်ဆိုရင် အမြွှာကိုယ်ဝန်ရရှိနိုင်ခြေက ၇ ရာခိုင်နှုန်းအထိရှိပါတယ်။ မိခင်အရပ်က ၅ပေ ၅ လက်မဝန်းကျင်ရှိနေတာ တကယ်လို့ သင်က ပုံမှန်ထက် အရပ်ပိုမြင့်တဲ့သူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ အမြွှာကိုယ်ဝန်ရရှိနိုင်ခြေကလည်း ပိုများနေနိုင်ပါတယ်။ အရပ် ၅ပေ ၅ […]


အစားအသောက်မှကူးစက်သောရောဂါများ

ပုဇွန်အစိမ်းသုပ် ကြိုက်တတ်သူဆို သိထားသင့်တဲ့အချက်လေးတွေ

ရှိသေးလားဗျ...ဆိုင်လေးများ သွားစားကြပြီဆို ပုဇွန်အစိမ်းသုပ်ချဉ်စပ်စပ်လေး မှာမိတတ်တဲ့သူတွေ။ အထူးသဖြင့် ထိုင်းအစားအစာဆိုင်မှာဆို ဒါပဲ တန်းမှာမိတာပေါ့။ ကိုယ်တွေက သံပရာသီးနံ့လေးသင်းနေတဲ့ ပုဇွန်အစိမ်းသုပ်ရဲ့အရသာလေးကို စွဲနေတာကိုး။ ပုဇွန်အကွေး၊ ငါးအနွေး လို့ဆိုပြီး ပုဇွန်နဲ့ငါးရဲ့ ချက်ရလွယ်ပုံ၊ ချက်ရမြန်ပုံကို ရှေးလူကြီးတွေ တင်စားတတ်ကြတယ်။ အပူပေးလို့ ခဏဆို စားလို့ရပြီပေါ့။ ဒါပေမယ့် ခုနောက်ပိုင်းကမ္ဘာအနှံ့မှာ ပင်လယ်စာနဲ့ အသားလွှာအစိမ်းတွေကို စားသုံးသူများလာပါတယ်။ ပုဇွန်ဆို နူးညံ့ပြီး ချိုတဲ့အသားမို့ စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ နည်းအမျိုးမျိုးနဲ့ပြင်ဆင်ထားတဲ့ဟင်းလျာတွေရှိပါတယ်။ ဒါပေမယ့် ပုဇွန်အစိမ်း စားလို့ ဘေးကင်းရဲ့လား... ဘယ်အသားငါးမှ အစိမ်းစားလို့ဘေးမကင်းပါဘူး။ စားနေတာပဲ ဘာမှမဖြစ်ဘူးလို့ပြောနေသူတွေဟာ တကယ်တော့ ဘာမှမဖြစ်သေးလို့ပါ။ အတည်ပြောတာပါနော်။ လူတိုင်းမဖြစ်၊ စားတိုင်းမဖြစ်ပေမယ့် ဆိုးကျိုးဖြစ်လာခဲ့ရင်လည်း မသက်သာလှဘူးဆိုတာလေး မမေ့စေချင်ပါဘူး။ ပုဇွန်အစိမ်းကိုနေရာဒေသအတော်များများမှာ စားသုံးနေကြသလို ဂျပန်မှာဆို လတ်ဆတ်တဲ့ပုဇွန်အစိမ်းကိုမှ ဆာရှိမိလုပ်ပြီးစားကြပါတယ်။ တရုတ်နဲ့တောင်ကိုရီးယားမှာတော့ ပုဇွန်ကို အရှင်တောင် အချဉ်နဲ့တို့စားကြတာပါ။ ဒါပေမယ့် […]


ကိုရိုနာဗိုင်းရပ်စ်

ဒူးနာတတ်သူတွေအတွက် ဓါတ်စာ

နေ့တိုင်း စိတ်ရှိတိုင်း သွားလာနိုင်စေဖို့ လုပ်ဆောင်ပေးနေတဲ့ အစိတ်အပိုင်းတစ်ခု ရှိတယ်နော်။ လမ်းလျှောက်ဖို့၊ ထိုင်ဖို့၊ ထဖို့ ပြေးလွှားနိုင်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနေတာက ဒူးခေါင်းပါ။ ဒူးခေါင်းက ကျန်းမာမှ စိတ်သွားတိုင်း ကိုယ်ပါမှာပါ။ ဒူးနာတဲ့အခါ ထိုင်ရထရခက်သလို စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပါဘူး။ ဒီတစ်ခေါက်တော့ ဒူးနာနေတာကို သက်သာစေ ဖို့အတွက် စားပေးသင့်တဲ့ အစားအစာလေးတွေကို ပြောပြပေးပါရစေနော်။ ဒူးနာသက်သာစေဖို့အတွက် စားပေးသင့်တဲ့ အစားအစာတွေ ဒူးနာ သက်သာစေဖို့ ဘာတွေ စားကြမလဲ....... မုန်လာဥနီ မုန်လာဥနီစားပေးတာက ဒူးနာတာကို သက်သာစေနိုင်တယ်၊လို့ တရုတ်လူမျိုးတွေက ရှေးယခင်ကာလတွေကတည်းက လက်ခံယုံကြည်ခဲ့ကြတာပါ။ မုန်လာဥနီမှာ နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်တဲ့ ဘီတကယ်လ်ရိုတင်းနဲ့ ဗီတာမင် A တို့ပါဝင်နေပါတယ်။ ဒါကြောင့် ဒူးနာတတ်တယ်ဆိုရင် မုန်လာဥနီကို ချက်ပြီးဖြစ်ဖြစ်၊ အစိမ်းဖြစ်ဖြစ် စားပေးလို့ရပါ တယ်။ တစ်နေ့ကို မုန်လာဥနီ အရွယ်တော် နှစ်လုံးလောက်စားပေးတာက […]


အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

ဆင်တုပ်ကွေးနဲ့ပတ်သက်ပြီး ဒါတွေသိထားပြီးပြီလား.........

မိုးရာသီက စိုက်ပျိုးရေးကို အဓိကအားထားရတဲ့မြန်မာနိုင်ငံအတွက် အရေးပါတယ်ဆိုပေမယ့်ကောင်းကျိုးနဲ့ ဆိုးပြစ်ကဒွန်တွဲနေပါတယ်။ မိုးဖွဲဖွဲလေးက ရှင်သန်နိုးထမှုကိုများစွာကိုဖြစ်စေပါတယ်။ မိုးရေနဲ့အတူ သစ်ပင်ပန်းမန်တွေနိုးထလာသလို စိုက်ခင်းလေးတွေလည်း အသက်ဝင်လာတယ်လေ။ ဒါတင်ပဲမဟုတ်ပါဘူး။အေးမြတဲ့ရာသီဥတုနဲ့အတူ နိုးထလာတဲ့အထဲမှာ တုပ်ကွေးဗိုင်းရပ်စ်လည်းပါတယ်နော်။ အရာရာတိုင်းမှာ အကောင်းနဲ့အဆိုးက ဒွန်တွဲနေမြဲကိုး။ ယခုနှစ်မိုးနဲ့အတူနိုးထလာခဲ့တဲ့တုပ်ကွေးတွေကဘာတွေများလဲ........... ဇွန်လရဲ့ မိုးစက်တွေနဲ့အတူ နိုးထလာခဲ့တဲ့ တုပ်ကွေးတွေက တစ်ခုမကရှိနေပါတယ်။ ဒါတွေကတော့ ရာသီတုပ်ကွေး (H1N1) ဆင်တုပ်ကွေး (Chikungunya) သွေးလွန်တုပ်ကွေး (Dengue Fever) တို့ပေါ့။ အခုလောလောဆယ်တော့ ဒီတုပ်ကွေး ၃ မျိုးက အဖြစ်အများဆုံးပါ။ ဆင်တုပ်ကွေးနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိထားလဲ.......... အခုတလောအဖြစ်များနေတဲ့ တုပ်ကွေးတစ်မျိုးက ဆင်တုပ်ကွေးပါ။ ဒီတုပ်ကွေးနဲ့ပတ်သက်လို့ Hello ဆရာဝန်ပရိသတ်ကြီးရော ဘယ်လောက်ထိသိထားပြီးပြီလဲ ဆိုတာ ဒီဆောင်းပါလေး ဖတ်ရင်းဆန်းစစ်ကြည့်ရအောင်လား။ ဆင်တုပ်ကွေးက လူအချင်းချင်းကူးနိုင်လား....... ဆင်တုပ်ကွေးက လူတစ်ယောက်ကနေတစ်ယောက်ကို ကိုင်တွယ်ထိတွေ့မိရုံ၊ နီးနီးကပ်ကပ်နေရုံနဲ့ မကူးစက်နိုင်ပါဘူး။ ဆင်တုပ်ကွေးရဲ့ ထူးခြားချက်ကရောဂါပိုးရှိတဲ့ လူကို ကိုက်ထားတဲ့ခြင်ကိုက်ခံရမှ ဆင်တုပ်ကွေးရောဂါပိုး […]


အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

ဆင်တုပ်ကွေး (Chikungunya) ဆိုတာ တုပ်ကွေးကာကွယ်ဆေးထိုးထားလည်း ကူးစက်ခံရနိုင်ပါတယ်

မိုးရာသီဆို တုပ်ကွေးလေးတွေတန်းစီ လို့ပြောရမလိုပဲနော်။ တုပ်ကွေးမျိုးစုံဖြစ်ကြတဲ့အထဲမှာ ဆင်တုပ်ကွေး(ဆင်ဖြူတော်တုပ်ကွေးလို့လည်းခေါ်ကြတယ်) လို့သိကြတဲ့Chikungunya ကလည်း ခုနောက်ပိုင်း နေရာဝင်ယူလာပါတယ်။ခြင်တွေကလည်းပေါလာတာကိုး။ Chikungunya ဟာသွေးလွန်တုပ်ကွေးခြင်လို့သိကြတဲ့Aedes aegyptiနဲ့Aedes albopictusခြင်မျိုးစိတ်တွေကတဆင့် လူတွေဆီကူးစက်တာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ ဆင်တူတဲ့ရောဂါလည်းဖြစ်ပါတယ်။ လူလူချင်းမကူးနိုင်ပေမယ့် ဒီတုပ်ကွေးဖြစ်နေသူကို ကိုက်ခဲ့တဲ့ခြင်ကနောက်တစ်ယောက်ဆီ ကူးစက်ပေးတာပါ။ ဆင်တုပ်ကွေးဖြစ်ရင် စစချင်းမှာ ကိုယ်ပူတာ၊ အဆစ်အမြစ်တွေကိုက်ခဲတာခံစားရတယ်၊နောက်တော့ နုံးတာ၊ ကြွက်သားနာကျင်တာ၊ခေါင်းကိုက်တာ၊ အရေပြားအနီကွက်ဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။ ရောဂါပိုးသယ်ဆောင်လာတဲ့ခြင်ကိုက်တာခံရပြီး ၂ ရက်ကနေ ၇ ရက်အတွင်း ဆင်တုပ်ကွေးရဲ့ လက္ခဏာတွေပေါ်လာတတ်ပါတယ်။ ကာကွယ်ဆေး မရှိ Chikungunya ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးမရှိသလို သူ့အတွက်သီးသန့်ကုသတဲ့ဆေးမရှိပါဘူး။ အခုထိုးနေကြတဲ့ ကာကွယ်ဆေးတွေနဲ့လည်း မကာကွယ်နိုင်ပါဘူးတဲ့။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့ ပဋိဇီဝဆေးတွေလည်းသောက်လို့မထူးပါဘူး။ဖြစ်လာခဲ့ရင် သူ့အချိန်အတိုင်းအတာတစ်ခုအတွင်း သက်သာပျောက်ကင်းသွားတတ်ပြီးနောက်ဆက်တွဲပြဿနာဆိုးဆိုးတွေဖြစ်ခဲပါတယ်။ စိုးရိမ်ရလား အများစုကတော့ ၃ ရက်ကနေ ၁၀ ရက်အတွင်း လက္ခဏာတွေသက်သာပျောက်ကင်းသွားကြပါတယ်။ တချို့တွေမှာတော့ အဆစ်နာကျင်ကိုက်ခဲမှုအကြွင်းအကျန်တွေကို လနဲ့ချီ၊ နှစ်နဲ့ချီပြီး ခံစားရနိုင်ပါတယ်။Chikungunya ရဲ့နောက်ဆက်တွဲပြဿနာကြောင့်သေဆုံးမှုဖြစ်တာရှားပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း