ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

နေအိမ်တွင်းမှာရှိတဲ့ အင်းဆက်တွေ ကပေးတဲ့ ဝေဒနာ

နေအိမ်လေး ကို သန့်သန့်ရှင်းရှင်းထားပါ။ရောဂါကင်းတယ်ဆိုတဲ့ စကားက အလကားပြောနေတာမဟုတ်ပါဘူး။ လိုအပ်တဲ့ ကျန်းမာရေးဂရုစိုက်မှုတွေထဲက တစ်ခုဖြစ်နေတာကြောင့် လူကြီးတွေကပြောရတာပါ။နေအိမ်သန့်ရှင်းမှာ နေအိမ်လေး ထဲမှာ ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့ အင်းဆက်ပိုးမွှားတွေ ကင်းစင်တော့မပေါ့။ နေအိမ်မသန့်ရှင်းတာကြောင့် မဖိတ်ခေါ်ဘဲရောက်လာနိုင်တဲ့ ဧည့်သည်တွေ [သို့မဟုတ်] အင်းဆက်တွေ နေအိမ်လေး မသန့်ရှင်းတဲ့အခါ နေအိမ်တွင်း နဲ့ နေအိမ် ပတ်ဝန်းကျင်မှာ မဖိတ်ခေါ်ဘဲရောက်လာနိုင်တဲ့ ဧည့်သည်တွေက ဒုနဲ့ဒေးပါ။ အင်းဆက်တွေ ပေါ့။ သူတို့ကရောက်လာပြီးရင် ဒီတိုင်းနေမှာ မဟုတ်ပါဘူး။ ရောဂါဆိုတဲ့ လက်ဆောင်ကြီးကိုပေးခဲ့မှာနော်။ ခြင် ယင်ကောင် ပိုးဟပ် ခြ သန်း ဂျပိုး ကြွက် ပုရွက်ဆိတ်စတာတွေပေါ့။ မလိုချင်ဘဲရလိုက်မယ့် လက်ဆောင်တွေကရော ဘာတွေများလဲ...... နေအိမ်လေး အတွင်းမှာရှိတဲ့ အင်းဆက်တွေကပေးတဲ့ ဝေဒနာတွေက ဘာတွေများ ဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ ခြင် နေအိမ်တိုင်းက ခြင်ကင်းဖို့ဆိုတာ မလွယ်ကူမှန်းတော့ သိပါတယ်။ ဒါပေမယ့် […]


ကိုရိုနာဗိုင်းရပ်စ်

ကိုယ်တွေနဲ့အတူ ဖေဖေမေမေတို့လည်း အသက်အရွယ်ကြီးရင့်လာတယ်ဆိုတာ မမေ့ပါနဲ့

ကိုယ်တွေအရွယ်ရောက်အသက်ကြီးလာတာနဲ့အတူဖေဖေမေမေတို့ကလည်း အသက်အရွယ်ကြီးရင့်လာကြတယ်ဆိုတာကိုမေ့မထားသင့်ပါဘူး။ ငယ်ငယ်က ကိုယ်လိုချင်တာကိုမေမေဖေဖေတွေက ဝယ်ပေးတယ်။ စားချင်တာရှိရင်မေမေဖေဖေတို့က ဝယ်ကျွေးတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ ကိုယ့်ဘက်က တစ်လှည့်ပြန်စောင့်ရှောက်ရတော့မှာပါ။ပြန်နားလည်စိတ်ရှည်ပေးရတော့မှာပါ။ ဒါကတော့ဖြစ်တတ်တဲ့လောကနိယာမတစ်ခုပဲလေလို့ ခပ်ပေါ့ပေါ့မတွေးလိုက်စေချင်ပါဘူး။ ဖေဖေမေမေတို့ကို နားလည်ကြင်နာပါ မှတ်မိကြသေးလား။ ငယ်ငယ်က ဘာမှမလုပ်နိုင်သေးခင် စကားတောင်မပြောနိုင်ခင်မှာမေမေက အမူအရာလေးကိုကြည့်ပြီး နို့ဆာတာလား၊ ရှုးပေါက်ထားတာလား၊ရေဆာတာလား၊ အိပ်ချင်တာလားဆိုတာကိုသေချာလေးဂရုစိုက်ပေးခဲ့တာကို။ဖေဖေကလည်း အိပ်ချင်တဲ့အခါချော့သိပ်ပေးခဲ့တာ၊ လိုချင်တာကိုဝယ်ပေးခဲ့တာ၊ သွားချင်တဲ့ဆီကို လိုက်ပို့ပေးခဲ့တာတွေကိုလေ။ အရွယ်ရောက်လာတာနဲ့အမျှ ကိုယ်ဆန္ဒရှိရာကို ကိုယ်လုပ်နိုင်တာများလာလေလေဖေဖေမေမေဆီက အကူအညီယူရတာနည်းလာလေလေဖြစ်တာကြောင့် ဒီအချက်လေးတွေကိုမေ့ကောင်းမေ့သွားနိုင်ပါတယ်။ ဒါပေမယ့် အခုလက်ရှိရရှိနေတဲ့အောင်မြင်မှုတွေ၊ အလုပ်ရာထူးတွေကကိုယ့်ကြိုးစားမှုတွေကြောင့်ရလာတာဆိုပေမယ့်မေမေဖေဖေတို့ရဲ့ ပျိုးထောင်စောင့်ရှောက်မှုတွေက တစ်စိတ်တစ်ပိုင်းက ပါနေတယ်ဆိုတာကိုမေ့ထားလို့မရပါဘူး။ အခုကိုယ်တောင် ကိုယ်ဆန္ဒရှိရာကို ကိုယ်တိုင်ဝယ်နိုင်ပြီ။ ဆန္ဒရှိရာနေရာကို ကိုယ်တိုင်သွားနေနိုင်ပြီဆိုရင်မေမေဖေဖေတို့ကလည်း အသက်အရွယ်ကြီးရင့်လာနေပြီပေါ့။ အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓါကိုယ်က စိတ်သွားတိုင်း ကိုယ်မပါတော့ပါဘူး။မေမေဖေဖေတို့က အရင်ကလောက် သွက်သွက်လက်လက်မလုပ်နိုင်တော့ဘူး။ ဒီအချိန်ကကိုယ်တွေကပြန်စောင့်ရှောက်ရမယ့်အချိန်ပါ။ ဖေဖေမေမေတို့ကို ဘယ်လိုစောင့်ရှောက်ပေးမလဲ........ ရင်ဖွင့်တာကိုနားထောင်ပေးပါ - တစ်နေ့တာမှာ အလုပ်တွေပင်ပန်းလာရင်တောင်မေမေဖေဖေတို့ရဲ့ တစ်နေ့တာအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ရင်ဖွင့်သံတွေကို နားထောင်ပေးပါ။ ငယ်ငယ်ကကျောင်းကပြန်လာရင် […]


အစားအသောက်မှကူးစက်သောရောဂါများ

စားစရာတွေကို ရေသေချာဆေးလိုက်တာနဲ့တင် သန့်ရှင်းပြီလား။ အခြားပိုးမွှားတွေ ကပ်နိုင်တဲ့ နည်းတွေရှိတာရော သိရဲ့လား။ ။

ဈေးကဝယ်လာတဲ့ အသီးအရွက်တွေ အသားငါးတွေကို ရေစင်အောင်ဆေးလိုက်မယ်၊ ဒိတ်ကုန်သွားတဲ့ နို့ဘူးတွေကို လွှင့်ပစ်လိုက်တာနဲ့တင် အစားအသောက်တွေ စိတ်ချရမှုကို သင်ကောင်းကောင်းနားလည်နေတယ်ဆိုရင် မှားသွားပါလိမ့်မယ်။ ရေဆေးရုံ မကောင်းတာကို လွှင့်ပစ်လိုက်ရုံနဲ့ အစားအသောက်တွေအားလုံး သန့်စင်သွားမယ်၊ စိတ်ချရမယ်လို့ မဆိုလိုပါဘူး။ ဒီတော့ ဘယ်နေရာမှာ မှားနေလဲ ဆိုတာကြည့်ရအောင်။ ။ ချက်တဲ့နေရာမှာလား သန့်စင်တဲ့နေရာမှာလား သိမ်းတဲ့နေရာမှာလား။ အသားစိမ်းတွေနဲ့ အခြား အသင့်စား အစားအစာတွေ ကို တစ်ပန်းကန်ထဲ ထားမိတဲ့အခါ။ ကိုယ်စားနေတဲ့အစားအသောက်တွေ မသန့်ရှင်းတာ၊ ပိုးဝင်တာတွေ အများဆုံးကို ဖြစ်နိုင်တာက အသားစိမ်းတွေနဲ့ ချက်ပြီးသား အသားတွေ တူတူသိမ်းထားမိတာမျိုးဖြစ်ပါတယ်။ ဒီလို တစ်ပန်းကန်ထဲ တူတူထားမိတဲ့အခါ အသားစိမ်းတွေမှာရှိတဲ့ ဘက်တီးရီးယားတွေ ချက်ပြီးသားအသားတွေထဲ အလွယ်တကူ ရောက်သွားနိုင်လို့ အစာအဆိပ်သင့်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ကို တစ်ပန်းကန်ထဲ မဟုတ်ဘဲ ခွဲထားဖို့ […]


အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများ

ဝက်တုပ်ကွေးအကြောင်း သင် ဘာတွေမေးမလဲ

ဝက်တုပ်ကွေးဆိုတဲ့ H1N1 အကြောင်း ကြားတာနဲ့ လူတိုင်းကြောက်ကြမှာပါပဲ။ ဒါပေမယ့်ကြောက်နေတာနဲ့ပဲ မပြီးပါဘူးနော်။ ငါတော့ ဝက်သားမစားဘူးဆိုတော့ မကူးနိုင်လောက်ဘူးဆိုတာတွေ၊ ကပ်ဘေးမသင့်အောင် ဟိုယတြာလေးချေ ဒီယတြာလေးချေ ဆိုတာတွေတွေးနေမယ့်အစားရောဂါအကြောင်းကို ဗဟုသုတလေ့လာပါ၊ ဖတ်ပါ၊ မှတ်ပါနော်။ ဒါမှ ရောဂါကို ကြောက်နည်းမှန်ပါတယ်။ ရောဂါကိုကြောက်ပြီးလေ့လာမှ မကူးစက်ခံရအောင်ဆောင်ရန်ရှောင်ရန်တွေကို ကြိုသိထားပြီး ကိုယ့်ကိုယ်ကိုယ်ရော မိသားစုနဲ့ချစ်သူခင်သူတွေကိုပါ ကာကွယ်စောင့်ရှောက်နိုင်မှာပါ။ ကဲ..ဝက်တုပ်ကွေးလို့ပြောလိုက်တာနဲ့ သင်ဘာတွေမေးချင်နေမလဲ။ Hello ဆရာဝန်က အကြားအမြင်နဲ့ ကြိုတွေးပြီးဖြေပေးလိုက်ပါမယ်နော်။ မေး- ဝက်သားစားတဲ့လူပဲ ကူးမှာလား ဖြေ - ဝက်တုပ်ကွေးဗိုင်းရပ်စ်က သန္ဓေပြောင်းပြီး လူတွေကိုကူးစက်တယ်၊ လူကနေလူကိုပြန့်ပွားတယ်။ပြောရရင် ဝက်တွေနဲ့ တိုက်ရိုက်ထိတွေ့မှုရှိတဲ့သူတွေကို ကူးစက်ရာက အစပြုခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ လူကနေလူကိုပဲ တဆင့်တဆင့် ကူးစက်ပြန့်ပွားစေတာမို့ ဝက်သားစားစား၊ မစားစား သက်သတ်လွတ်သမားတောင် ကူးစက်ခံရနိုင်ပါတယ်။ မေး - ဝက်သားပါသမျှ အကုန်ရှောင်ရမှာလား ဝက်တုပ်ကွေးက အစားအစာကနေကူးတာမဟုတ်ပါဘူး။ ရောဂါရှိနေတဲ့သူရဲ့ […]


အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများ

ချစ်ဖို့ကောင်းတဲ့ ငှက်ကလေး တွေဆီက ကြောက်စရာကောင်းတဲ့ ရောဂါများ

ငှက်ကလေး တွေဟာ အရောင်အသွေးစုံစုံလင်လင်နဲ့ ချစ်ဖို့ကောင်းပါတယ်။ အနီးစပ်ဆုံး တွေ့နေကျကတော့ ခိုလေးတွေပေါ့။ လူတွေနဲ့ ယဉ်လို့ လူတွေကလည်း ချစ်ကြတယ်။ ခိုစာကျွေးတာတွေ၊ ခိုအိမ်လေးတွေ ဆောက်ပေးထားတာတွေ လုပ်ကြတယ်။ အန္တရာယ်မရှိတဲ့ တိရိစ္ဆာန်လေးတွေလို့ ယူဆတော့ ကလေးတွေနဲ့လည်း နီးနီးကပ်ကပ်ပေးနေထားလေ့ရှိတယ်။ ဒီချစ်စရာကောင်းတဲ့ ငှက်ကလေး တွေက နေရာအနှံ့မှာ မစင်တွေ လျှောက်ပြန့်ကျဲနေတာလိုမျိုး စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတဲ့ အရာတွေအပြင် ကြောက်စရာကောင်းတဲ့ တခြားရောဂါဆိုးတွေလည်း ဖြစ်ပေါ်စေတယ်ဆိုတာကို သင်သိပါသလား။ အခု လူမှုကွန်ရက်မှာ လူသိများနေတဲ့ ကလေးငယ်လေးဆုံးပါးသွားရတဲ့ ဝမ်းနည်းစရာအဖြစ်အပျက်မျိုးဟာ ငှက်တွေကနေ သယ်ဆောင်နိုင်တဲ့ ရောဂါဆိုးတွေအကြောင်း သေချာဂရုပြုကာကွယ်တာတွေမလုပ်ဘူးဆိုရင် ထပ်ပြီး ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် ခိုအပါအဝင် ကိုယ့်အနီးအနားဝန်းကျင်မှာရှိတဲ့ ချစ်စရာကောင်းတဲ့ ငှက်ကလေးတွေကနေ ဘယ်လိုရောဂါဆိုးတွေ ကူးစက်ခံရနိုင်လဲဆိုတာကို လေ့လာပြီး ကာကွယ်ထားဖို့ လိုအပ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ ငှက်ကလေး တွေဆီက ကြောက်စရာကောင်းတဲ့ ရောဂါများ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

ဝက်သက်ဖြစ်နေတာလား ဒါတွေစားပေးပါ

ခုတလောဝက်သက်ြဖစ်တဲ့သတင်းတွေကိုနေရာတိုင်းလိုလိုမှာကြားနေရတယ်နော်။ ကလေးတွေရော လူကြီးတွေမှာပါ ဝက်သက်တွေဖြစ်နေကြတာပါ။ ဝက်သက်ဖြစ်တာနဲ့အတူ ခံစားရတာက ကိုယ်ပူပြီး အဖျားကြီးတာပါ။ ခန္ဓါကိုယ်မှာ အနီရောင်အဖုအပိမ့်တွေထွက်တာပါ။ အဖျားက ၄ ရက်ကနေ ၇ ရက်အထိကြာနိုင်ပါတယ်။ ဖျားနာမှုနဲ့အတူ နှာစေးတာ၊ မျက်လုံးတွေနီတာ၊ လည်ချောင်းနာတာ၊ ပါးစောင်ထဲမှာ အဖြူစက်တွေထွက်တာ မျိုးတွေခံစားရနိုင်ပါတယ်။ ဝက်သက်က ဆံစပ်တွေမှာ စဖြစ်တတ်ပြီး ဒီကနေမှတဆင့် လည်ပင်း၊ ရင်ဘတ်၊ခြေထောက်တွေ၊လက်တွေမှာပေါက်လာတတ်ပါတယ်။ ဒီလက္ခဏာတွေကရောဂါပိုးကူးစက်ခံရပြီး ၁၀ ရက်ကနေ ၁၄ ရက်အတွင်းမှာပြတတ်ပါတယ်။ ကာကွယ်ဆေးထိုးတာက တစ်ခုတည်းသောကာကွယ်မှုပါ။ ကုသမှုကတော့မရှိပါဘူး။ ပြင်ပလေထုမှာ နာရီပေါင်းများစွာ ရှင်သန်နေနိုင်တဲ့ ပိုးမွှားတွေက နှာချေ၊ချောင်းဆိုးတာကနေတောင် ကူးစက်နိုင်ပါတယ်။ ဒီလောက်ပြင်းထန်တဲ့ ဝက်သက်ကို ကာကွယ်တာကအကောင်းဆုံးဆိုပေမယ့် အခန့်မသင့်လို့ ကူးစက်ခံရပြီဆိုရင်တော့ ဒီအစားအစာလေးတွေက အထောက်အကူဖြစ်စေမှာပါ။ ဝက်သက်ပေါက်နေပြီ ဘာတွေစားရမလဲ ဝက်သက်အရမ်းပြင်းထန်နေပြီဆိုရင် အကောင်းဆုံးကတော့ သစ်သီးလေးတွေစားသုံးပေးတာ။ သစ်သီးဖျော်ရည်လေးေတွသောက်သုံးပေးတာပါ။ အဖျားကြီးနေတာကို သက်သာစေဖို့ ရေဓါတ်ပြည့်ဝနေအောင်ထောက်ပံ့ပေးဖို့ကအရေးကြီးပါတယ်။ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

ကြီးမှပေါက်တဲ့ ဝက်သက်

ဝက်သက်လို့ပြောရင် ကလေးတွေမှာပဲပေါက်တာလေလို့များတွေးနေလား၊ မဟုတ်ပါဘူးနော်။ အသက်ကြီးမှလည်း ဝက်သက်ပေါက်နိုင်ပါတယ်။ ကြီးမှပေါက်တဲ့ ဝက်သက်က ပိုခံရခက်ပါတယ်။ ဝက်သက်က အရွယ်မရွေးပေါက်နိုင်တဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။ အခုတစ်ခေါက်တော့ အသက်ကြီးမှပေါက်တဲ့ ဝက်သက်အကြောင်းလေးနည်းနည်းလောက်ပြောပြပါရစေလား။ ဝက်သက်ဆိုတာက ဘာလဲ ဝက်သက်ဆိုတာက အသက်ရှုလမ်းကြောင်းစနစ်မှာ ပိုးဝင်ကူးစက်တဲ့ရောဂါတစ်မျိုးပေါ့။ ကူးစက်မြန်တဲ့ရောဂါတစ်မျိုးပါ။ရောဂါပိုးရှိနေတဲ့ ချွဲသလိပ်တွေ၊တံထွေးတို့နဲ့ထိမိရင်ဖြစ်ဖြစ်ရောဂါပိုးရှိတဲ့လူကနှာချေလိုက်တဲ့အခါချောင်းဆိုးလိုက်တဲ့အခါမှာရောဂါပိုးတွေပြန့်နှံ့ပြီး ကူးစက်နိုင်ပါတယ်။ ဒီရောဂါပိုးဟာပြင်ပလေထုနဲ့ ပစ္စည်းတွေပေါ်မှာ အချိန်အတော်ကြာရှင်သန်နေနိုင်ပါတယ်။ရောဂါပိုးရှိတဲ့သူနဲ့ နီးနီးကပ်ကပ်နေရင်ဖြစ်ဖြစ်၊ရောဂါပိုးတွေကပ်ငြိနေတဲ့နေရာကို ထိတွေ့မိရင်ဖြစ်ဖြစ် ဝက်သက်ရောဂါကူးစက်ဖြစ်ပွားနိုင်ပါတယ်။ရောဂါပိုးရှိသူနဲ့ တစ်ခွက်တည်းအတူတူသောက်မိတာ၊အသုံးအဆောင်တွေအတူတူမျှသုံးတာတွေကြောင့် ဝက်သက်ရောဂါကူးစက်ခံရနိုင်ပါတယ်။ ဝက်သက်က ကလေးငယ်တွေကိုအသက်ဆုံးရှုံးစေတဲ့ အဓိကအကြောင်းအရင်းပါ။ ၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာတလွှားမှာ ဝက်သက်ရောဂါကြောင့် ကလေးငယ် ၁၁၄၉၀၀ ဦးအထိရှိခဲ့တာပါ။ အသက် ၅ နှစ်အောက်ကလေးငယ်တွေဟာ ဝက်သက်ရောဂါကြောင့် အသက်ဆုံးရှုံးနေရပါတယ်။ ဝက်သက်က ဒီလောက်ထိကြောက်ဖို့ကောင်းတာပါ။ ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ ဝက်သက်ရောဂါပိုးက ကူးစက်ခံထားရပြီး ၁၀ ရက်ကနေ ၁၄ ရက်အတွင်းမှာရောဂါလက္ခဏာပြတတ်ပါတယ်။ ဝက်သက်ကူးစက်ခံထားရပြီဆိုရင် အဖျားတက်မယ် ချောင်းခြောက်ဆိုးမယ် နှာစေးမယ် လည်ချောင်းနာမယ် မျက်လုံးတွေရောင်မယ် မျက်လုံးတွေနီရဲနေမယ် […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

ဝက်သက်နဲ့ပတ်သက်ပြီး မှားတတ်တဲ့အတွေးများ

ဝက်သက်ရောဂါက ကူးစက်ပြန့်ပွားနှုန်းမြင့်မားလိုက်ပုံများချောင်းဆိုးတာ၊ နှာချေတာလောက်နဲ့လေထဲကနေကူးနိုင်တာပါ။ ဝက်သက်လက္ခဏာတွေက ဖျားတယ်၊ချောင်းဆိုးတယ်၊ နှာစေးတယ်၊ မျက်စိတွေနီတယ်၊ လည်ချောင်းနာတယ်။ ခုချိန်မှာ ကူးစက်မှုကိုထိန်းထားနိုင်ပေမယ့် အရင်ကဆို ဝက်သက်ပေါက်တယ်ဆိုတာ တစ်သက်မှာတစ်ခါကြုံကိုကြုံဖူးကြမယ့် အခြေအနေတစ်ခုအဖြစ် လူကြီးတွေပြောလေ့ရှိပါတယ်။ ကလေးတွေမှာ ဝက်သက်ပေါက်မယ်၊ ရေများများချိုးပေးမယ်၊ ငယ်တုန်းတစ်ကြိမ် ပေါက်ပြီးရင်ပြီးရော၊ တစ်သက်လုံးအေးဆေးပဲ သူတို့အပြောက။ ဒါပေမယ့် ဝက်သက်မပေါက်အောင်ကာကွယ်တာပိုကောင်းတယ်ဆိုတာ၊ ဝက်သက်က အခန့်မသင့်ရင် အသက်ဆုံးရှုံးရနိုင်တယ်ဆိုတာ လူတိုင်းသိဖို့လိုပါတယ်။နောက်ပြီးတော့ရော ဘာတွေအသိမှားနေသေးလဲ။ ဟိုးအရင်တည်းက အဖြစ်များတဲ့ အတွေးမှားတချို့ကို ဒီကနေပြောပြမယ်နော်။ (၁) ဝက်သက်က ကလေးတွေမှာပဲဖြစ်တတ်တယ် ဖြစ်နိုင်ခြေနည်းတယ်ဆိုပေမယ့်လူကြီးတွေမှာလည်းဖြစ်တတ်ပြီး ပိုပြင်းထန်တတ်ပါတယ်။ ကာကွယ်ဆေးမထိုးထားဘဲ ငယ်စဉ်မှာလည်း ဝက်သက်မပေါက်ဖူးသေးဘူးဆိုရင် အသက်ကြီးမှ ကူးစက်ခံရတဲ့အခါ ခံစားရတာပိုပြင်းထန်ပြီး အသက်အန္တရာယ်ပါရှိနိုင်ပါတယ်။   (၂) သဘာဝနည်းတွေနဲ့ ကြိုကာကွယ်လို့ရတယ်၊ ကာကွယ်ဆေးမလိုဘူး ဝက်သက်ကိုဝေဒနာသက်သာစေမယ့်နည်းတွေရှိကောင်းရှိမယ်၊ လုံးဝကြိုတင်ကာကွယ်နိုင်ဖို့ကတော့ လုံလောက်နိုင်မှာမဟုတ်ပါဘူး။ ကာကွယ်ဆေးထိုးခြင်းကသာလျှင် ကူးစက်မခံရအောင် ကာကွယ်တားဆီးနိုင်ဖို့လုပ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကလေးတွေကိုကာကွယ်ဆေးထိုးဖို့အရေးမှာ မိဘတွေဘက်က အကြောင်းအမျိုးမျိုးကြောင့်( အခြေအနေမပေးလို့၊ […]


ကူးစက်ရောဂါများ

တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ ကပ်ရောဂါတွေကို ခုခေတ်ကလေးတွေ မသိဘူး မဖြစ်ရလေအောင်။ ။

ရှေးတုန်းက ကပ်ရောဂါလို့ ခေါ်ခဲ့ကြတဲ့ ရောဂါတော်တော်များများကို ခေတ်သစ်ဆေးပညာက အနိုင်တိုက်နိုင်ခဲ့တယ်ဆိုတာ သင်သိပါသလား။ ရှေးခေတ်က လူတော်တော်များများကို အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ ကပ်ရောဂါတွေကို ခုခေတ်ဆေးပညာက အမြစ်ပြတ်အောင် တိုက်ထုတ်ကုသလို့ ရခဲ့ပါပြီ။ ဘယ်ရောဂါတွေကို အမြစ်ပြတ်အောင် ကုသလို့ ရနိုင်ခဲ့သလဲ။ ရှေးခေတ်လူကြီးတွေကသာ သိပေမယ့် ခုခေတ်လူငယ်တွေ မသိဘူး မဖြစ်ရလေအောင်လို့ ဒီဆောင်းပါးလေးကို ရည်ရွယ်ရေးသားလိုက်ရတာပါ။ ။ ပိုလီယိုရောဂါ ။ ။ ပိုလီယို ရောဂါ ဆိုတာတစ်ချိန်တုန်းက လူတိုင်းကြားလိုက်ရင် ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ တစ်သက်လုံး မသန်မစွမ်း ဖြစ်အောင် လုပ်နိုင်တဲ့ ကပ်ရောဂါတစ်ခုပါ။ ဒီကပ်ရောဂါက ဖြစ်ပြီးသွားရင် ဘယ်လိုမှ ပြန်ကုသလို့မရတော့ပေမယ့် မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရတဲ့ ကာကွယ်ဆေးတော့ရှိပါတယ်။ ဒီ ပိုလီယိုကာကွယ်ဆေးကို တီထွင်ခဲ့တဲ့ Jonas Salk ကို ကျွန်မတို့ ကျေးဇူးတင်ရမှာပါ။ […]


အစားအသောက်မှကူးစက်သောရောဂါများ

မာကျူရီ (ပြဒါး) များတဲ့ အစားအသောက်တွေစားမိပြီး မာကျူရီ အဆိပ်သင့်တယ်ဆိုတာ ဘာလဲ

မာကျူရီ အဆိပ်သင့်ခြင်းဆိုတာကို အားလုံးကြားဖူးကြမယ်လို့ ထင်ပါတယ်။ ကြားဖူးပေမယ့် ဘယ်ကနေ ဘယ်လို ဒီလို အဆိပ်သင့်တာဖြစ်ရသလဲဆိုတာကိုတော့ အလုံးစုံ သိတဲ့သူတွေ သိပ်မရှိသေးတာမို့ ဒီဆောင်းပါးလေးမှာ မာကျူရီအဆိပ်သင့်တဲ့ အကြောင်းပြောပြပေးချင်ပါတယ်။ မာကျူရီ အဆိပ်သင့်( ပြဒါး အဆိပ်သင့်) တယ်ဆိုတာ ဘာလဲ။  မာကျူရီအဆိပ်သင့်ခြင်းဆိုတာ မာကျူရီအဆိပ်ဓာတ်ပါနေတဲ့ အစားအသောက် တွေကို စားမိရာက စတာပါပဲ။ မာကျူရီဆိုတာ အဆိပ်ရှိတဲ့ သတ္တုပစ္စည်းတစ်ခုဖြစ်ပြီး ပင်လယ်စာတွေမှာ အတွေ့များပါတယ်။ နည်းနည်းလေးစားမိရင် ကျန်းမာရေးကို မထိခိုက်စေတတ်ပေမယ့် မသိလိုက်ဘဲ အများကြီးစားလိုက်မိရင်တော့ မာကျူရီအဆိပ်သင့်ခြင်း စတင်ဖြစ်တော့တာပါပဲ။ မာကျူရီ အဆိပ်သင့်( ပြဒါး အဆိပ်သင့်)ခြင်းရဲ့ လက္ခဏာများ မာကျူရီအဆိပ်ဟာ သင့်ရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို အဓိက ပြဿနာဖြစ်စေပါတယ်။ မာကျူရီပါတဲ့ အစားအသောက်တွေ နည်းနည်းချင်းစီစားမိနေတဲ့သူတစ်ယောက်ဟာ ကြာလာရင် ခြေတွေ လက်တွေ ထုံကျင်လာမယ် မှတ်ဉာဏ်ပိုင်းစွမ်းရည်တွေ ကျဆင်းလာမယ် စိုးရိမ်မှုတွေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း